← Chapters

လျိုမေနဲ့ ချန်းဖန်

Vol. 009 Ch. 413

လျိုမေနဲ့ ချန်းဖန်

Vol. 009 Ch. 413

ဝမ်လင်းက အလင်းတံခါး ရှေ့၌ ရပ်၏။ သူက ပလ္လင်ထက်၌ ပြန်ပေါ်လာသည့်အခါ သည်နေရာတွင် ရှိနှင့်နေသာလူများသည် အကုန်ထွက်သွားကြပြီ ဖြစ်နေ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူတစ်ယောက်သာရှိနေသည်ကို သူ တွေ့လိုက်ရသည်။

လေထဲ၌ ကျောက်စိမ်းပြားတစ်ခုက မျောလွင့်နေပြီး ညင်သာသော တောက်ပမှုတစ်ခုကို ထုတ်လွှတ်နေ၏။

ဝမ်လင်းက လက်ရှေ့ယမ်း၍ ထိုကျောက်စိမ်းပြားကို ဖမ်းယူ၏။ သူက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်ရာ မြေပုံတစ်ခုကို တွေ့လိုက်၏။ သည်မြေပုံက ဟင်္သာပြဒါးတောင်သို့ လမ်းညွှန်သည့် မြေပုံဖြစ်သည်။

သူက အနည်းငယ်စဉ်းစားနေပြီး ကြာပွင့်သဏ္ဌာန်ထိုင်၏။ သူက အနီရောင် လိပ်ပြာနှင့်တိုက်ပွဲ၌ ရခဲ့သော ဒဏ်ရာများကြောင့် မတည်မငြိမ်ဖြစ်နေဆဲပင်။ ဆေးလုံးများဖြင့်ပင် သူက အနည်းငယ် သက်သာရုံသာ ရှိပြီး သည်ဒဏ်ရာများက အချိန်အတိုအတွင်း ပြန်မကောင်းနိုင်ချေ။ သူက လုံးဝပြန်ကောင်းလိုလျှင် တံခါးပိတ်ကျင်ကြံရန်လို၏။

အချိန်အတန်ကြာသည့်အခါ ကောင်းကင်က မှောင်လာခဲ့၏။ ဝမ်လင်းက မတ်တတ် ထရပ်သည်။ သူက သိုလှောင်အိတ်ထဲက ခြင်သားရဲကို ဆင့်ခေါ်ပြီး ၎င်း ကျောပေါ်သို့ တက်သည်။ သည့်နောက် ခြင်သားရဲကို ညွှန်ကြားချက်တစ်ခုပေးပို့၍ ဆက်လက်ကျင့်ကြံနေသည်။

ခြင်သားရဲ၏ပျံသန်းမှုက ပို၍ သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။ ၎င်းက ဝမ်လင်းညွှန်ကြားထားသည့် ဦးတည်ရာသို့ ပျံသန်းနေခဲ့၏။

ဟင်္သာပြဒါးနိုင်ငံ၏ညက လွန်စွာတိတ်ဆိတ်နေ၏။ ကောင်းကင်ထက်၌ လမင်း ထိန်ထိန်သာနေခဲ့ပြီး လရောင်က မြေပြင်ကို ပက်ဖြန်းထား၏။

သုံးရက်ကြာပြီးနောက် ဟင်္သာပြဒါး တောင်အနောက်ဘက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ဟင်္သာပြဒါးတောင်က ဟင်္သာပြဒါးနိုင်ငံ၏ တော်ဝင်နေရာဖြစ်သည်။ ဟင်္သာပြဒါးနိုင်ငံ၏ အရှေ့ဘက်တွင် ဟင်္သာပြဒါးနန်းတော်တည်ရှိ၍ အနောက်ဘက်၌ ဟင်္သာပြဒါးတောင် တည်ရှိသည်။ သည်နေရာနှစ်ခုလုံးက ခွင့်ပြုချက်ရှိမှသာ ဝင်ရောက်နိုင်သည့် နေရာနှစ်ခု ဖြစ်ကြသည်။

တောင်အနောက်ဘက်က သိပ်ပြီး မကြီးမားလှချေ။ ၎င်းက လိုဏ်ဂူခပ်ကြီးကြီး တစ်ခုသာ ရှိ၏။

သည်လိုဏ်ဂူကို လေးလွှာပိုင်းခြားထားသည်။ ဒုတိယအလွှာ၌ နက်ရှိုင်းသော ရေကန်နှစ်ခုရှိ၏။

သည်ရေကန်နှစ်ခုလုံးက အဖြူရောင် အခိုးအငွေ့များ ထုတ်လွှတ်လျက် ရှိသည်။ သို့ရာတွင် သည်ရေကန်နှစ်ခုမှ ထွက်ပေါ်လာသည့် အဖြူရောင်အခိုးငွေ့က ဂူမျက်နှာကြက်သို့ ရောက်သည့်အခါ မတူကွဲပြားစွာ ပြုမူ၏။

ရေကန်တစ်ခုမှ ထွက်ပေါ်လာသော အဖြူရောင်အခိုးအငွေ့က နှင်းခဲအသွင်ပြောင်း၍ ပျံ့နှံ့သည်။ နောက်ထပ် ရေအိုင်တစ်ခုမှ ထွက်ပေါ်လာသည့် အဖြူရောင်အခိုးအငွေ့ကတော့ အနီရောင်ရေစက်များအဖြစ်သို့ ပြောင်း၍ မျက်နှာကြက်၌ ပျောက်ကွယ်သွားသည်။

ရေကန်တစ်ခုက အအေး၊နောက်တစ်ခုက အပူ ပင်ဖြစ်ချေ၏။

နှင်းခဲရေကန်က ကောင်းကင်ဘုံနှင်းခဲ ဂြိုဟ်ထံက ရရှိသော နှစ်သုံးသောင်းသက်တမ်းရှိသည့် ရေအေးများပါဝင်သည်။ ဟင်္သာပြဒါးနိုင်ငံက ၎င်းအတွက် ကြီးမားသောတန်ဖိုးကို ပေးခဲ့ရသည်။

မီးတောက်ရေကန်ကတော့ စဦးမီးဂြိုဟ်မှ ရရှိခဲ့သော နှစ်သုံးသောင်း သက်တမ်းရှိသည့် မီးများ ပါဝင်နေသည်။ ဟင်္သာပြဒါးနိုင်ငံက ထိုအရာအတွက်လည်း ကြီးမားသောတန်ဖိုးကို ပေးအပ်ခဲ့ရသည်။

သည်ရေကန်နှစ်ခုပတ်လည်၌ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး ၉၉ ခုနှင့် ဖန်တီးထားသည့် မတူညီသော အစီအရင်များ ရှိနေသည်။ သည်ရေကန်နှစ်ခုက ပတ်လည်ရှိ အစီအရင်များထံကနေ တိုင်းတာ၍မရသော စိတ်ဝိညာဉ်စွမ်းအင် မြောက်မြားစွာ ထုတ်လွှတ်လျက်ရှိသည်။

ထိုအခိုက်တွင် ရေကန်နှစ်ခု၏ အလယ်ဗဟိုချက်တွင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့ ထိုင်နေလျက်ရှိကြသည်။

အမျိုးသားက မီးတောက်ရေကန်ထက်၌ ထိုင်နေပြီး အမျိုးသမီးက နှင်းခဲရေကန်ထက်၌ ထိုင်နေ၏။ သူတို့နှစ်ယောက်လုံးက ပါးလွှာသော အဝတ်များကိုသာ ဝတ်ဆင်ထားပြီး ကျင့်ကြံနေလျက် ရှိသည်။

အမျိုးသားက အလွန်ချောမောခြင်း မရှိချေ။ သို့သော် သူ့ထံမှ မကောင်းဆိုးဝါးအငွေ့အသက် အော်ရာအချို့ ထုတ်လွှတ်နေ၏။ သို့ရာတွင် သည်မကောင်းဆိုးဝါး အငွေ့အသက်က လူများကို မအီမသာခံစားမှု မဖြစ်စေချေ။ ထိုအစား ၎င်းအငွေ့အသက်က လူများကို သူ့အား ရင်းနှီးလိုမှုကို သာ ဖြစ်စေ၏။

အမျိုးသမီး၏ အလှကတော့ အနီရောင်လိပ်ပြာထက် တစ်စက်မျှ နိမ့်ကျခြင်း မရှိချေ။ သည့်အပြင် အနီရောင်လိပ်ပြာနှင့် နှိုင်းယှဉ်လျင် သူမက အနည်းငယ်ပို၍ စွဲငင်အား ပိုကောင်းနေသေး၏။

ဝမ်လင်းသာ သည်နေရာတွင် ရှိလျှင် သူက သည်အမျိုးသမီးကို ရင်းနှီးသည်ဟု ခံစားမိပေမည်။

ထိုအခိုက်တွင် အနီရောင်အလင်း ဖုံးလွှမ်းနေသော အဘိုးအိုတစ်ယောက်က လိုဏ်ဂူထဲသို့ ဝင်လာ၏။ သည်အဘိုးအိုက ဝမ်လင်းကို ကောက်ရိုးဦးထုပ်ပေးခဲ့သော ညစ်ပတ်သည့်အဘိုးအိုနှင့် ချွတ်စွပ်တူနေ၏။ သို့ရာတွင် သူတို့၏ အော်ရာကတော့ ခြားနားသည်။ ရှင်းလင်းစွာပင် သူက အခြားလူတစ်ယောက်လို ဖြစ်နေခဲ့သည်။

အချိန်အတန်ကြပြီးနောက် အဘိုးအိုက ဖြည်းညင်းစွာ ပြော၏။ “ချန်းဖန် … ”

မီးတောက်ရေကန်ထဲ၌ ထိုင်နေသော အမျိုးသားက မျက်လုံးဖွင့်လာခဲ့သည်။ သူ့ပတ်လည်ရှိ မကောင်းဆိုးဝါးအော်ရာက ပို၍ အားကောင်းသွား၏။ သူက အဘိုးအိုကို တည်ငြိမ်စွာ ကြည့်သည်။ “ချန်းဖန်က ဘိုးဘေးကို နှုတ်ဆက်ပါတယ် … ”

“အနီရောင်လိပ်ပြာက လျှို့ဝှက်ခန်းထဲမှာ။ သူ့ရှိသွားပြီး သူ့အသိစိတ်နဲ့ နယ်ပယ်ကို ဝါးမျိုခဲ့ … ”

အဘိုးအိုအသံက အိုမင်းမှုများဖြင့် ပြည့်နေ၏။

သူ့မျက်လုံးက ဖျတ်ခနဲ ဖြစ်သွားပြီး သူက ဆက်ပြောလိုက်သည်။

“အနီရောင်လိပ်ပြာ … ။ ဒါပေမဲ့ သူက ရွှမ်ယွဲ့ရဲ့ ကောင်းကင်သမီးတော်လေ … ”

သူက ကောင်းကင်သမီးတော်ဟု စကားလုံးကို ပြောလိုက်သည့်အခါတွင် သူ့နှုတ်ခမ်းကို သပ်မိသွားပြီး သူ့မျက်နှာ၌လည်း အထင်သေးခြင်းများဖြင့် ပြည့်နေ၏။

အဘိုးအိုက ဖြည်းညင်းစွာ ဆက်ပြောသည်။

“ စန်နူးနဲ့တိုက်ပွဲမှာ သူမရဲ့ ခံစားချက်မဲ့နယ်ပယ်က အဆင့်ချိုးဖျက်သွားတယ်။ ဒါ့ကြောင့် သူမနယ်ပယ်ရဲ့ ပထမပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားလုနီး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူမက ဒါကို ခုထိမသိသေးဘူး။ မင်းကသာ သူမကို ဝါးမျိုပစ်ရင် မင်းက သူ့နယ်ပယ်ကို ရရှိလိမ့်မယ်။ အဲ့အခါကျရင် မင်းအတွက် အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိဖို့ အခွင့်ရေးက အနည်းငယ် တိုးတက်သွားလိမ့်မယ်။ ငါက ဒီမိန်းကလေးက အချိန်အကြာကြီး ရှာဖွေခဲ့ရတာ … ”

အမျိုးသားက မတ်တတ် ထရပ်၏။ သူက ထိုသို့မတ်တတ် ရပ်သည်နှင့် သူ့ခန္ဓာကိုယ်မှ အဖြူရောင် အခိုးငွေ့များ ထုတ်လွှတ်လာသည်။ သူ့မျက်လုံးထဲ၌လည်း မကောင်းဆိုးဝါး အကြည့်များ ဖြစ်ပေါ်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“စန်နူး … ငါ့စွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်းအသုံးပြုထားတဲ့ တိုက်ချက်တစ်ချက်ကို မင်းရဲ့ ခုကျင့်ကြံမှုအဆင့်နဲ့ ခုခံနိုင်မလား ငါသိ ချင်မိတယ် … ”

အဘိုးအိုက သက်ပြင်းချ၏။

“ဒါဟာ အနီရောင်လိပ်ပြာအတွက်တော့ နည်းနည်း စိတ်မကောင်းစရာပဲ။ ဒီကောင်မလေး … အာ … ငါက အသက်ကြီးနေပြီ။ ငါက တချို့အရာတွေကို ပါဝင်မဆောင်ရွက်နိုင်တောဘူး … ။ ထားလိုက်ပါတော့လေ … မင်းသွား … သွားတော့ … ”

အမျိုးသားကျင့်ကြံသူက ဖျော့တော့စွာပြုံး၍ ပြော၏။

“ဘိုးဘေး … ဘိုးဘေးက အမြဲတမ်း စိတ်ထိခိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဟင်္သာပြဒါးနိုင်ငံရဲ့ ခေါင်းစီးကို အပြင်လူတစ်ယောက်ထိ မကမ်းလှမ်းပေးနိုင်ဘူးမလား။ ဒီခေါင်းစီးက ငါ ဒါမှမဟုတ် ဂျူနီယာညီမလေး ပဲ ဖြစ်လာရလိမ့်မယ် … ”

ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ်က မှိန်ဖျော့၍ ပျောက်ကွယ်သွားလေ၏။

လျှို့ဝှက်ခန်းတစ်ခု၌ အနီရောင်လိပ်ပြာက မျက်လုံးမှိတ်၍ ဒဏ်ရာများပြန်လည် ကောင်းမွန်အောင် ကျင့်ကြံလျက်ရှိသည်။ သူမက မျက်လုံးဖွင့်၍ ပြောလိုက်သည်။

“စန်နူး … နောက်တစ်ကြိမ်ကျရင် နင့်ကို ငါ သေချာပေါက်သတ်မယ်”

ညင်သာသောအသံက အခန်းထဲကနေ ထွက်ပေါ်လာ၏။

“ငါက နင့်ဆန္ဒကို နင့်အစား ထောက်ခံပေးပါ့မယ် … ”

“ဘယ်သူလဲ … ”

အနီရောင်လိပ်ပြာ၏ မျက်လုံးများက အလေးအနက်ဖြစ်သွား၏။

မကောင်းဆိုးဝါးနှင့်ဆင်တူသည့် လူငယ်တစ်ယောက်က လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြီး အနီရောင်လိပ်ပြာကို ပြောလိုက်၏။

“ငါက ချန်းဖန်ပါ … ”

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက လက်ညွှန်လိုက်၏။

အနီရောင်လိပ်ပြာ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူမက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ အနီရောင်အလင်းတန်းတစ်ခုက သူမခန္ဓာကိုယ်ထံကနေ ထုတ်လွှတ်လာ၏။

လူငယ်က ခေါင်းရမ်း၍ လှောင်ပြုံးပြုံးသည်။ သူ့လက်ချောင်းများက အနီရောင် အလင်းတန်းကို ပြန့်ကျဲစေပြီး အနီရောင်လိပ်ပြာ၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည်။

အနီရောင်လိပ်ပြာ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူမက ရုန်းကန်ချင်၏။ သို့သော် သည်လက်ချောင်းက တောင်တစ်ခုအလား ထင်မှတ်ရသည်။ သူမက ခုခံရန်မစွမ်းသာတော့ချေ။

“သင် … ဒါဘာလုပ်တာလဲ … ”

အနီရောင်လိပ်ပြာက သူမကိုယ်သူမ မနည်းအားတင်း၍ တည်ငြိမ်အောင်လုပ်သည်။

ချန်းဖန်၏မျက်လုံးများက အလွန်တရာ မကောင်းဆိုးဝါးဆန်လှ၏။ သူက အနီရောင် လိပ်ပြာအား ခပ်တိုးတိုးလေး ပြောလိုက်သည်။

“ငါက မင်းရဲ့ နယ်ပယ်နဲ့ ဒြပ်စင်စိတ်ဝိညာဉ်တွေကို ယူချင်ရုံပါပဲ … ”

အနီရောင်လိပ်ပြာ၏ဆရာက သူမသည် ကပ်ဘေးတစ်ခု ကြုံရမည်ဟု တွက်ချက်ခဲ့ဖူးသည်။ သို့ရာတွင် သူမက လူမှား၍ သွားခဲ့၏။ သူမထင်နေသည်မှာ ဝမ်လင်းဖြစ်၏။ တကယ်တော့ သူမအတွက် ကပ်ဘေးက သည်ချန်းဖန်ဆိုသည့်လူပင် ဖြစ်နေခဲ့သည်။

လိုဏ်ဂူအတွင်း၌ အဘိုးအိုက သက်ပြင်းချသည်။

“ကံမကောင်းစွာနဲ့ … ဟင်္သာပြဒါးဂြိုဟ်မှာ တစ်ယောက်ပဲ ရှိနေတယ် … ”

အဘိုးအို၏ အကြည့်က နှင်းခဲရေကန်၌ ထိုင်နေသော အမျိုးသမီးထံသို့ လှမ်း၍ ပြော၏။ “လျိုမေ … ”

နှင်းခဲရေကန်ထဲ၌ ထိုင်နေသည့်အမျိုးသမီးက မျက်လုံးဖွင့်လာခဲ့သည်။ သူမက အဘိုးအိုကို တည်ငြိမ်စွာကြည့်၏။

သည်အမျိုးသမီးကတော့ အတိတ်တုန်းက ဝမ်လင်းနှင့် တွေ့ခဲ့ဖူးသည့် ရွှမ်တောက်ကလန်မှ လျိုမေပင် ဖြစ်ချေ၏။

အဘိုးအိုက ပြောလိုက်သည်။

“နင်က ကောင်းကင်ဘုံရဲ့ ဥပဒေသတွေကို နားလည်ဖို့ အမျိုးမျိုးသော နိုင်ငံတွေရဲ့ ကလန်အသီးသီးမှာ ကိုယ်ပွားတစ်ထောက်ခွဲပြီး ကျင့်ကြံဖို့ သွားခဲ့တယ်။ သည်ကိုယ်ပွားထဲက တစ်ခုက ကျောက်နိုင်ငံ ရွှမ်တောက်ကလန်ကို ရောက်ခဲ့တယ်။ ဝမ်လင်းကို မှတ်မိသေးလား … ။ သူက ကျောက်နိုင်ငံက ဟုန်ယွီကလန်က တပည့်တစ်ယောက်လေ … ”

လျိုမေက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။

“တပည့်က တချို့တစ်ဝက် မှတ်မိပါတယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး … ”

“ခုစန်နူးက အဲ့ကျောက်နိုင်ငံ ဟုန်ယွီကလန်က ဝမ်လင်းပဲ … ”

လျိုမေမျက်လုံးထဲ၌ မည်သည့်တုန်လှုပ်မှုမှ မဖြစ်ပေါ်ခဲ့ချေ။ သူမက ခေါင်းညိတ်ပြပြီး မည်သည့်စကားမျှ မဆိုတော့ချေ။

“ပထမတုန်းက ငါပြင်ဆင်ထားတဲ့လူက ဒြပ်စင်ငါးခုကလန်က ကျောက်ရီပဲ ။ သူက ရူးသွပ်ခြင်းနယ်ပယ် ပိုင်ဆိုင်ထားတယ်။ နင်က သူ့တာအိုနှလုံးသားမှာ နင့်အမှတ်အသားကို ချန်နိုင်ရင် နင်က သူ့ရူးသွပ်ခြင်းနယ်ပယ်ကို ဝါးမျိုနိုင်လိမ့်မယ် … .။ ဒါပေမဲ့ ကံမကောင်းတာက ဒီလူက ကောင်းကင်ဘုံနယ်မြေထဲဝင်သွားပြီး ပျောက်ကွယ်သွားခဲ့တယ် … ”

လျိုမေက စဉ်းစားနေ၏။

အဘိုးအိုက လျိုမေကို ကြည့်၍ ပြောလိုက်ပြန်သည်။

“နင်က တံခါးပိတ်ကျင့်ကြံဖို့ ဟန်ပြင်နေတယ်။ ဒီစန်နူးက သိပ်မကြာခင် ဒီကို ရောက်လာတော့မှာ။ ဒါ့ကြောင့် နင်က သူ့ကို သွားပြီး နှုတ်ဆက်သင့်တယ်။ နင်က ဘာနည်းလမ်းပဲသုံးသုံး သူ့တာအိုနှလုံးသားအပေါ်မှာ နင့်အမှတ်အသားကို ထားခဲ့နိုင်ရမယ်။ ဒီလူကို နင့်ရဲ့ မီးပြင်းဖိုအဖြစ်အသုံးပြုမယ်ဆိုရင် နင့်နယ်ပယ်ကိုပိုပြီးတော့ ပြည့်စုံတဲ့အဆင့်ကို ရောက်အောင် ကူညီပေးလိမ့်မယ်။ နင်အောင်မြင်တာနဲ့ နင်က သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကို ထိန်းချုပ်နိုင်လိမ့်မယ်။ အဲ့ကျရင် နင်က ချန်းဖန်ထက်တောင် ဟင်္သာပြဒါးနိုင်ငံရဲ့ ခေါင်းစီး ဖြစ်ဖို့ အခွင့်ပိုများသွားလိမ့်မယ် … ”

လျိုမေက သက်ပြင်းချ၏။ သူက အောက်နှုတ်ခမ်းကို ကိုက်၍ စဉ်းစားနေ၏။

“အို … နင်က ဆန္ဒမရှိဘူးလား … ”

အဘိုးအို၏ မျက်လုံးများက အနီရောင်တောက်ပသွား၏။

လျိုမေက ခပ်တိုးတိုးပြောလိုက်သည်။

“တပည့် … နာခံပါ့မယ် … ”

အဘိုးအိုက ခေါင်းမော့၍ အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။ သူ့မျက်လုံးများက လိုဏ်ဂူကို ဖြတ်၍ ကြည့်နိုင်စွမ်းရှိပြီး အဆင့်တစ်နိုင်ငံရှိ ကြက်ခြေထောက်ကို စားနေသော အဘိုးအိုထံသို့ ရောက်ရှိသွား၏။

“ဂျူနီယာညီလေး … မင်းရွေးခဲ့တဲ့ လူလေးယောက်ထဲမှာ စန်နူးက အားအနည်းဆုံးပဲ။ ဒါ့ကြောင့် မင်း စိတ်မကွက်ဖူးလို့ ငါထင်ပါတယ် … ”

“ငါ တံခါးပိတ်လေ့ကျင့်ဖို့ သွားတော့မယ်။ ငါပြန်ထွက်လာတဲ့ အခါကျရင် နင်အောင်မြင်ပြီး ဖြစ်နေလိမ့်မယ်လို့ ငါ မျှော်လင့်တယ်..." အချိန်အတန်ကြာသော အခါ အဘိုးအိုက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ အနီရောင်အလင်းတန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားလေ၏။

လျိုမေက မတ်တတ် ထရပ်သည်။ သူမ၏ ပါးလွှာသော အဝတ်အစားလေးက သူမခန္ဓာကိုယ်၏ ပြီးပြည့်စုံသည် ကောက်ကြောင်းများကို ဖော်ပြလို့နေသည်။

သူမက ပန်းရောင်ဖျော့ဖျော့အောက်ခံဝတ်စုံကို ထပ်၍ အပေါ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ စွဲမက်ဖွယ်လည်တိုင်လေးကို လှစ်ဟပြနေ၏။

သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဆွတ်နေပြီး မျက်နှာပေါ်ရှိ ပါးနီနီလေးက သူမကို အလွန်စွဲဆောင်မှုရှိစေပြီး နူးညံ့သောအော်ရာကို ဖြစ်ပေါ်စေခဲ့၏။ သူမက လေတွင်ဝဲပျံနေသော လိပ်ပြာလေး တစ်ကောင်နှင့် ဆင်တူနေသလို တစ်ချိန်တည်းမှာလည်း ရေခဲတစ်မျှ အေးစက်လို့နေပြန်၏။

သူမက လျိုမေပင် ဖြစ်သည်။ ဝမ်လင်း သူမကို တွေ့ခဲ့ဖူးသည့် အချိန်တုန်းကနှင့် နှိုင်းယှဉ်လျှင် သူမက ပိုမိုဆွဲဆောင်မှုရှိပြီး ပို၍လည်း လှလာခဲ့၏။

“ဝမ်လင်း … သူက ဟုန်ယွီကလန်တုန်းက ဓားကြီးကြီးကိုင်ဆောင်တဲ့ တစ်ယောက် မဟုတ်လား။ ဟုတ်ပါတယ်။ ဒီလူက နှစ်ငါးရာအတွင်း ဘိုးဘေးရဲ့ မျက်စိကျတာ ခံရလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့် ထားမိဘူး … ။ ဒီလူက မရိုးရှင်းဘူးပဲ … ”

“ငါ့အမှတ်အသားကို သူ့တာအိုနှလုံးသားပေါ်မှာ ထားတာက သိပ်မခက်ခဲပါဘူး။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့နည်းလမ်း ရော ဟုတ်ပါ့မလား...”

လျိုမေအသွင်က စိတ်ရှုပ်ထွေးနေဟန် ဖြစ်ပေါ်သွား၏။

ထိုအခိုက်တွင် မကောင်းဆိုးဝါးနှင့်တူသည့် ချန်းဖန်ဆိုသည့်လူငယ်က လိုဏ်ဂူထဲသို့ လွင့်မျော၍ ပျံသန်းလာ၏။ သူ့နောက်တွင်တော့ အနီရောင်လိပ်ပြာ ရှိနေ၏။

သို့သော် အနီရောင်လိပ်ပြာ၏ မျက်လုံးများက တွင်းနက်ကြီးများကဲ့သို့ ရှိနေပြီး သူမခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့် အသက်ဓာတ်မျှ ရှိမနေခဲ့ချေ။ သူမက ရုပ်သေးတစ်ရုပ်ကဲ့သို့ ရှိလို့နေ၏။

လျိုမေက အနီရောင်လိပ်ပြာကို တည်ငြိမ်စွာ ကြည့်သည်။ သူမက မည်သည့်စကားမျှတော့ ဆိုခြင်းမပြုချေ။

ချန်းဖန်က လျိုမေနှင့်သုံးပေအကွာတွင် ရပ်တန့်၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ဂျူနီယာညီမလေး … နင် သွားတော့မလို့လား … ”

လျိုမေက ခေါင်းညိတ်၍ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

“ စီနီယာအစ်ကို ချန်းဖန် … နင့်နောက်ကလူက အနီရောင်လိပ်ပြာလား … ”

ချန်းဖန်က ရယ်မော၏။

“အနီ‌ရောင်လိပ်ပြာက သေသွားပါပြီ။ သူမက ငါ့ရဲ့ ကိုယ်လုပ်တော် မီးပြင်းဖိုတစ်ခု ဖြစ်သွားပြီ။ သူမကို နှလုံးမဲ့ လို့ခေါ်နိုင်တယ် … ”

လျိုမေက အနီရောင်လိပ်ပြာကို သေချာကြည့်နေ၏။ ထို့နောက် သူမက ဆက်၍မကြည့်တော့ချေ။ သူမက အနီရောင်လိပ်ပြာသည် သူမ၏ နယ်ပယ်နှင့်အသက်စွမ်းအင်များ ဆုံးရှုံးသွားပြီး ချန်းဖန်၏ရုပ်သေးတစ်ရုပ် ဖြစ်သွားခဲ့ပြီကို သိနေခဲ့၏။

သည်မျိုးဆက်၏ အလှထိပ်ခေါင်တစ်ယောက်က သည်လိုကံကြမ္မာမျိုး ကြုံခဲ့ရခြင်းက လျိုမေကို ဝမ်းနည်းမှု ခံစားမိစေသည်။ သူက ချန်းဖန်ဝါးမျိုခဲ့သော တတိယလူဖြစ်၏။ သူက တစ်စုံတစ်ယောက်ကို ခုလို ဝါးမျိုပြီးတိုင်း သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာလေ့ရှိသည်။

ဘိုးဘေးက ဟင်္သာပြဒါးနိုင်ငံကို နောက်တစ်ဆင့်မြှင့်နိုင်ရန် ရူးသွပ်စွာ လုပ်ဆောင်နေခဲ့ပေသည်။

ချန်းဖန်က လျိုမေကျောဘက်ကို မကောင်းဆိုးဝါးအကြည့်ဖြင့် ကြည့်၍ ခပ်တိုးတိုးပြောလိုက်၏။

“ဂျူနီယာ ညီမလေး … .တနေ့မှာ နင်က ငါ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာရမယ်..။ နှလုံးမဲ့ … နင်ဘယ်လိုထင်လဲ … ”

အနီရောင်လိပ်ပြာက သူ့နောက်၌ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်လို့နေ၏။ သူမမျက်လုံးထဲ၌လည်း မည်သည့်အလင်းဓာတ်မျှ ရှိမနေတော့ချေ။ သူက အလောင်းကောင်တစ်ကောင်နှင့်ပင် ဆင်တူလို့နေ၏။

***

All Chapters