အခန်း ၉၄၆
Vol. 64 Ch. 946
အပိုင်း ( ၉၄၆ ) ကမ်းရိုးတန်း လမ်းကြောင်း
ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီး… အဲတာက သောက်ကျိုးနဲ အရာပဲ..။
ကမ်းရိုးတန်းလမ်းမကြီးကို သုံးပြီး သွားတာကလည်း ရွေးချယ်စရာ တစ်ခုပဲ ဆိုတာကို ဆန်နီ သိပြီးသားပါ..။ လမ်းက ကျယ်ပြန့်တယ်..ညီညာပြန့်ပြူးတယ်.. ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်.. ပြီးတော့ တောင်တန်းတွေနဲ့ ပင်လယ်ပြင်ကြားထဲကကုန်းမြေ တစ်ခုလုံးကို ပတ်ပြီး အန္တာတိက အလယ်ပိုင်းရဲ့ မြောက်ဘက်စွန်းထိအောင် ဆန့်တန်းနေတာ ဖြစ်လို့ အံ့ဩစရာ ရွေးချယ်စရာ တစ်ခု ဖြစ်နေခဲ့ပါတယ်..။
ဒါပေမယ့် အဲဒါကပဲ ပြဿနာ ဖြစ်နေတာပါ..။ ကမ်းရိုးတန်း တစ်လျှောက်မှာ ဆောက်လုပ်ထားတာ ဖြစ်လို့ ရေနဲ့ အရမ်း နီးကပ်နေသလို အကာအကွယ်လည်း ဘာမှ မရှိပါဘူး..။ တောင်တန်းတွေမှာဆိုရင် သူတို့က နယ်မြေအနေအထားကို အသုံးပြုပြီး အိပ်မက်ဆိုး သတ္တဝါတွေရဲ့ မျက်စိကနေ အကာအကွယ် ရနေကြတာပါ..။ အပြင်ဘက် ကမ်းရိုးတန်းမှာတော့ သူတို့ကို အိပ်မက်ဆိုး သတ္တဝါအုပ်လိုက်ကြီးတွေဆီက ဘယ်အရာကမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး.. ။ကုန်းပေါ်မှာ ရှိတဲ့ သတ္တဝါတွေရော.. ရေအောက်မှာ ပုန်းနေတဲ့ ကောင်တွေရော အကုန်ပါပဲ..။
ဆာဂျင် ဂီရီ နဲ့ ယာဉ်တန်းကြီးရဲ့ အသက်ရှင် ကျန်ရစ်သူတွေက ကမ်းရိုးတန်းလမ်းမကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကို သက်သေပြနိုင်ပါတယ်..။ သူတို့က အဲဒီလမ်းကနေ ထွက်ပြေး လွတ်မြောက်ခဲ့ဖူးပြီး အဲဒီတုန်းက သယ်ယူပို့ဆောင်ရေး ယာဉ်တွေ အကုန်လုံးနီးပါး ဆုံးရှုံးခဲ့ရသလို နိုးထသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစောင့်အရှောက်တွေလည်း အကုန်လုံး သေဆုံးခဲ့ရတာပါ..။
အမှန်တကယ်ပဲ.. လူစတာ ရဲ့ အကြံပေးချက်ကြောင့် အဖွဲ့သားတွေက အတော်လေး လေးနက်သွားခဲ့ကြတယ်..။
“လေးစားစွာနဲ့ပဲ ပြောရရင် ...မင်းက ဘာကိုပြောနေတာလဲ ဆိုတာ မသိဘူးပဲ....။ အဲ့နေရာက… သေမင်းထောင်ချောက် တစ်ခုပဲ..။ ငါတို့ထဲက လူနည်းစုပဲ အဲဒီလမ်းထက် ပိုတိုတဲ့ ခရီးကို ဖြတ်ပြီး လွတ်မြောက်လာခဲ့တာ.. ။အဲဒါတောင်မှ အံ့ဩစရာ ကောင်းလောက်တဲ့ ကံကောင်းမူ တစ်ခုဖြစ်နေပြီ..”
လူစတာက သူ့ရဲ့ ခေါင်းနောက်ဖက်ကို ကုတ်လိုက်တယ်..။
“ဟုတ်ပါတယ်.. ဒါပေမယ့် အဲဒီတုန်းက အခြေအနေနဲ့ အခုက မတူဘူးလေ..”
ဂီရီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဘာလို့လဲ..”
လူငယ်လေးက သူ့ကို အံ့ဩစွာနဲ့ ကြည့်လိုက်ပြီး
“ကျွန်တော် ဆိုလိုတာက…ဒါက သိသာနေတာပဲမဟုတ်ဘူးလား..။ အဲဒီတုန်းက ခင်ဗျားဆီမှာကပ္ပတိန် မပါခဲ့ဘူးလေ.."
‘…ဘာလဲဟ…’
ဆန်နီ လူစတာ ကို ခနလောက် စိုက်ကြည့်နေမိတယ်..။ ဒီကောင် ရူးသွားတာလား..။
ဒါပေမယ့် ဆာဂျင် ဂီရီ ရဲ့ တုံ့ပြန်မှုကတော့
ဆန်နီ ထင်ထားတာထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်..။သူက လူစတာ ကို လှောင်ပြောင်မယ့်အစား အောက်ကို ငုံ့ကြည့်ပြီး ရှက်ရွံ့စွာနဲ့ လည်ချောင်းကို ရှင်းလိုက်တယ်..။
“အင်း… အဲဒါတော့ ဟုတ်ပါတယ်…”
ဆန်နီ မျက်တောင် တစ်ချက် နှစ်ချက်ခတ်လိုက်ပြီး..
“…အခုလို ယုံကြည်ပေးကြလို့ ကျေးဇူးတင်ပါတယ်.. ။ဒါပေမယ့် ငါကလည်း ဆန်းကျယ်မူတွေကို ဖန်တီးပေးနိုင်တဲ့သူ မဟုတ်ဘူးလေ..။ ငါလည်း ကမ်းရိုးတန်း လမ်းမကြီးကို ကြောက်တာပဲ မဟုတ်ဘူးလား..”
တောင်တန်းတွေကို ဖြတ်ပြီး ပိုရှည်လျား.. ပိုပင်ပန်းတဲ့ ခရီးကို ရွေးခဲ့တာက အကြောင်းရင်း ရှိပါတယ်..။ လမ်းမကြီးက ခရီးပေါက်တယ် ဆိုပေမယ့် အဲဒီလမ်းမှာ သူတို့ ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရာတွေနဲ့ တွေ့နိုင်ချေက ပိုများနေလို့ပါ..။ ဝါးမြိုခြင်း တိမ်တိုက်တွေလို အိပ်မက်ဆိုးသားရဲ အုပ်လိုက်ကြီးကနေ LO49 မှာ ရှိတဲ့ သက်ရှိ အားလုံးကို သတ်ဖြတ်ခဲ့တဲ့ ကြောက်မက်ဖွယ် တယ်ရာ အထိ..တစ်ခြားဘယ်သူမှ မသိတဲ့ ထိတ်လန့်စရာတွေ အများကြီး ရှိနေပါသေးတယ်..။
တိုက်တန် တစ်ကောင်နဲ့ တွေ့ဖို့ကလည်း မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး..။မြောက်ဘက် တစ်နေရာမှာ ဝင်းတား သားရဲ က သူတော်စင်
တိုင်းရစ် ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် စစ်တပ်က ဂိုလီယတ် လို့ သတ်မှတ်ထားတဲ့ သတ္တဝါရဲ့ တည်နေရာကိုတော့ ဘယ်သူမှ မသိကြသေးပါဘူး..။ ယာဉ်တန်းက အပြင်ဘက်မှာ ခရီးဆက်နေတဲ့ အချိန်မှာ အဲဒီသားရဲက မပေါ်လာနိုင်စရာ ဘာအကြောင်းမှ မရှိပေ..။
ဒါပေမယ့်..
သူက အဆိုးဆုံးအခြေအနေတွေကို မျှော်လင့်ထားခဲ့တာတောင် တောင်တန်းတွေကို ဖြတ်သွားတာကလည်း ဆန်နီ မျှော်လင့်ထားတာထက် အများကြီး ပိုပြီး အန္တရာယ် များနေခဲ့ပါတယ်..။ အခုဆိုရင် လမ်းမကြီးကို မရွေးချယ်ခဲ့ပေမယ့် ဆိုးရွားတဲ့ အခြေအနေတွေထဲကို ရောက်အောင် ခေါ်လာခဲ့မိသလို ဖြစ်နေခဲ့တယ်..။
ရှေ့ဆက်ရမယ့် လမ်းကလည်း သွားလို့ မရတော့သလောက် ဖြစ်နေပြီး အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်တွေကလည်း တောင်ကုန်းတွေပေါ်မှာ ပိုပြီး အန္တရာယ်များလာနေပါပြီ။
ကင်မ် သက်ပြင်းချလိုက်တယ်..။
“တောင်းပန်ပါတယ်…ကျွန်မ လူစတာရဲ့ စကားကို ထောက်ခံရတာ မကြိုက်ပေမယ့်… ကျွန်မတို့နဲ့ အီရီဘတ် ကွင်းပြင် ကြားမှာ ကီလိုမီတာ ခြောက်ရာလောက် ရှိနေတယ်လေ..။ ဒါက
တစ်ဖြောင့်တန်းသွားရင်ပေါ့..။ တကယ်လို့ တောင်တန်းတွေကို ဖြတ်ပြီး လမ်းကြောင်းရှာရမယ်ဆိုရင်.. လမ်းတစ်လျှောက်လုံးမှာ အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရမယ် ဆိုရင်…ကျွန်မတို့ထဲက အများစုက အသက်ရှင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး..”
သူမ သက်ပြင်းချလိုက်ပြီး ဆန်နီ ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တယ်..။
“တကယ်လို့ ကျွန်မတို့သာ ကမ်းရိုးတန်း လမ်းမကြီးဆီ ဆင်းသွားပြီး အရှိန်အပြည့်နဲ့ မောင်းသွားမယ်ဆိုရင်… ဒီ ကီလိုမီတာ ခြောက်ရာကို နာရီပိုင်းအတွင်း ရောက်သွားနိုင်တယ်လေ..။ ဒါက အန္တရာယ်များတယ် ဆိုပေမယ့်..ဒီတောင်းတန်းတွေထဲမှာ ခေါင်းမာမာနဲ့ ဆက်တိုးနေတာက အန္တရာယ် မများဘူးလား။ဒါက လမ်းမှာ ရက်နဲ့ချီ.. ဒါမှမဟုတ် ရက်သတ္တပတ်နဲ့ချီ ပိတ်မိနေနိုင်တယ်လေ..”
ဆန်နီ မျက်နှာ ရှုံ့မဲ့သွားတယ်..။
ကင်မ် ပြောတာ အမှန်ပါပဲ..။ ကမ်းရိုးတန်း လမ်းမကြီးက အန္တရာယ် များသလို တောင်တန်းတွေကလည်း အန္တရာယ် များတာပါပဲ..။ ဒီမှာကအိပ်မက်ဆိုး သတ္တဝါတွေနဲ့ ပြည့်နှက်နေသလို ငလျင်ကြောင့်လည်း သွားလာဖို့ အခက်အခဲ ရှိနေခဲ့တာပါ..။
ဆန်နီ နဲ့ ပရော်ဖက်ဆာ အိုဘယ် ကလွဲရင် ဘယ်သူမှ သတိမထားမိတဲ့ အချိန် ဆိုတဲ့ ပြဿနာလည်း ရှိပါသေးတယ်..။ သူတို့က ပိုကြီးတဲ့ အခြေအနေကို မမြင်နိုင်ကြပါဘူး..။
ဆန်နီ မြင်သလောက်တော့ အခြေအနေက ကောင်းမွန် မနေခဲ့ပေ..။ ပထမ စစ်တပ်ကလည်း အောင်ပွဲ မရနိုင်သေးသလို.. အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာနေတာပါ..။ ကင်မ် ပြောတဲ့ ရက်တွေ.. ရက်သတ္တပတ်တွေက အကြောင်းပြချက် တစ်ခုထက်မက ပိုပြီး အရေးကြီးပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
…နောက်ဆုံးတော့ ရွေးချယ်စရာ နှစ်ခုလုံးက ကြောက်စရာ ကောင်းနေခဲ့တယ်..။ တောင်တန်းမှာ ဆက်နေတာက နည်းနည်း ပိုလုံခြုံပေမယ့် မျှော်လင့်ချက် မရှိသလောက်ပါပဲ..။ ကမ်းရိုးတန်း လမ်းမကြီးကို အရှိန်နဲ့ ထိုးဖောက်တာက ပိုပြီး အန္တရာယ် များပေမယ့် အသက်ရှင်ဖို့ ရာခိုင်နှုန်း ပိုများနေတာပါ..။
ဒါက အန်စာတုံး လှိမ့်တာနဲ့ အတူတူပါပဲ..။
‘…ဒီနေ့တော့ ကံကောင်းနိုင်မလား…’
သူ ခနလောက် ငြိမ်နေလိုက်ပြီး ပရိုဂျက်တာကို ပိတ်လိုက်ကာ ကွပ်ကဲမှုအခန်းထဲမှာ ရှိတဲ့ သူတွေကို ကြည့်လိုက်တယ်..။ လူတိုင်းက ဆန်နီ ဘာကိုဆုံးဖြတ်မလဲ ဆိုတာကို စောင့်ရင်း တောင့်တင်း နေခဲ့ကြပါတယ်..။
ဆန်နီ ပင်ပန်းစွာနဲ့ သူ့မျက်နှာကို ပွတ်လိုက်တယ်..။
“ယာဉ်တွေ အကုန်လုံး အရှိန်တင်ဖို့ ပြင်ဆင်ကြတော့.. အနည်းဆုံး ခြောက်နာရီလောက်ထိ မရပ်မနား အရှိန်အပြည့် မောင်းနိုင်အောင် လုပ်ပေးရမယ်..။ အစွမ်းကုန် ကြိုးစားကြ.. ပြီးရင် အဲဒီ ယာဉ်တွေ ပျက်စီးသွားရင်လည်း ဂရုစိုက်စရာ မလိုတော့ဘူး။လမ်းမှာ ဘာမှ မဖြစ်ဖို့ပဲ အရေးကြီးတယ်..။ဘာပဲဖြစ်ဖြစ် ဒါက ဒီယာဥ်တွေအတွက် နောက်ဆုံး ခရီးစဉ် ဖြစ်နိုင်တာကြောင့်… ကောင်းကောင်း ပြင်ဆင်ထားကြပါ..။ ကျွန်တော်တို့ ကမ်းရိုးတန်း လမ်းမကြီးကနေပဲ သွားကြမယ်..”
အဲဒီနောက်မှာတော့ လူတိုင်း ရုတ်တရက် အလုပ်ရှုပ်သွားကြတယ်..။ ကမ်းရိုးတန်း လမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ထိုးဖောက်ဖို့ ပြင်ဆင်တာက မလွယ်ကူတဲ့ အလုပ်ဖြစ်သလို လမ်းတစ်လျှောက် တိုက်ပွဲတွေနဲ့ပဲ ဖြတ်သန်းရမယ့် ခရီးစဉ် ဖြစ်နေလို့ပါ..။
ဆန်နီ ကတော့ အလုပ်သိပ်မရှိတဲ့ သူတွေထဲက တစ်ယောက် ဖြစ်တာမို့ အပြင်ဘက်ကို ထွက်ကာ ညဘက် ကောင်းကင်ကို ငေးကြည့်နေလိုက်တယ်..။ လပြည့်ဝန်းကို မြင်ရတာက သူ့ကို ဧရာမ မျက်လုံးကြီး တစ်လုံးက စိုက်ကြည့်နေသလို ခံစားရပါတယ်..။
မီတာ အနည်းငယ် အကွာမှာတော့ ယာဉ်တန်းရဲ့ တစ်ဦးတည်းသော အိပ်စက်သူက စစ်သားတွေ ကျန်နေသေးတဲ့ ကျည်ဆံတွေကို အနက်ရောင် အဆိပ်တွေနဲ့ သုတ်နေခဲ့ပါတယ်..။ သူက သူ့ရဲ့ မြှားတွေကိုလည်း ဒီအတိုင်းပဲ လုပ်နေခဲ့တယ်..။
ဆန်နီ သိချင်စိတ်နဲ့ ဒီ လူငယ်လေးကို ခေါ်လိုက်တယ်..။
“ဟေး.. မင်း ဘယ်လို ထင်လဲ.. ငါတို့ လုပ်နိုင်ပါ့မလား..”
အိပ်စက်သူ က သူ့ကို မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်လာခဲ့တယ်..။ကပ္ပတိန် က သူ့ကို စကားပြောလာမယ်လို့ မထင်ထားခဲ့တဲ့ပုံပါပဲ..။
“ဗျာ.. ဟုတ်ပါတယ် ဆရာ။..သံသယ ဖြစ်စရာတောင် မလိုပါဘူး ဆရာ..”
ဆန်နီ ရယ်မောလိုက်တယ်..။
“ယုံကြည်မူ ရှိသားပဲ… အိုး.. ဟုတ်သားပဲ.. တစ်ခုလောက် မေးချင်လို့.. မင်း နာမည် ဘယ်လို ခေါ်လဲ..”
အိပ်စက်သူ က သူ့ကို ခနလောက် ငေးကြည့်နေပြီးမှ အောက်ကို ငုံ့ကာ တိုးတိုးလေး ပြောတယ်..။
“ချီးတဲ့မှပဲ..ဘယ်လိုငရဲမျိုးလဲ… တကယ်ကြီးလား..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဘယ်လို ဘာဖြစ်တယ်..”
အိပ်စက်သူ က တွန့်ဆုတ်သွားခဲ့တယ်..။
“အာ… တောင်းပန်ပါတယ်.. ကပ္ပတိန်.. ဒါက… ကျွန်တော့် နာမည်ကို ပြောပြတာ အကြိမ်နှစ်ဆယ်လောက် ရှိနေပြီ မို့လို့ပါ..။အဲဒါက ကျွန်တော့်ရဲ့ အားနည်းချက်ပါ..။လူတိုင်းက မေ့သွားတတ်ကြတယ်လေ..”
‘ဟင်’
ဆန်နီ သူ့ရဲ့ ခေါင်းနောက်ဖက်ကို ကုတ်လိုက်တယ်..။
“ကောင်းပြီလေ.. ဒါဆိုလည်း လုပ်စရာ ရှိတာ ဆက်လုပ်ပါ ..”
‘တကယ့်ကို ထူးဆန်းတဲ့ အားနည်းချက်ပဲ.. ဒါပေမယ့်လည်း အဆိုးကြီးတော့ မဟုတ်ပါဘူး…’
သူက အိပ်စက်သူ ကို တစ်ယောက်တည်း ထားခဲ့ပြီး ရှေ့ကို ဆက်လျှောက်သွားကာ ရိုင်နို ရှေ့မှာ ရပ်လိုက်တယ်..။ ဟင်းနောက် ကြွက်သားတွေကို ဆန့်လိုက်ပါတယ်..။ ရှေ့မှာ ရှိနေတဲ့ လမ်းကတော့ တိတ်ဆိတ်ပြီး မှောင်မိုက်နေတာပါ..။
‘ဒါက တကယ်ကို ခရီးကြမ်း…ဖြစ်လာတော့မှာပဲ..’
အပိုင်း ( ၉၄၆ ) ပြီး၏။