← Chapters

အခန်း ၉၄၇

Vol. 64 Ch. 947

အခန်း ၉၄၇

Vol. 64 Ch. 947

အပိုင်း ( ၉၄၇ ) ငရဲသို့ ဦးတည်ထားသော အဝေးပြေး လမ်းမကြီး

ယာဉ်တန်းငယ်လေးဟာ အနောက်ဘက်ကို ကွေ့လိုက်ပြီး တောင်တန်းတွေပေါ်ကနေတဆင့်ကျဉ်းမြောင်းတဲ့ လမ်းအတိုင်း မောင်းနှင်လာခဲ့ကြတယ်..။ ဒီလမ်းက နောက်ဆုံးမှာတော့ ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးနဲ့ သွားပြီး ဆုံတွေ့ခဲ့ပါတယ်..။ ရိုင်နို က ယာဉ်တန်းရဲ့ အရှေ့ဆုံးကနေ ဦးဆောင်မောင်းနှင်နေပြီး သူ့နောက်မှာတော့ ကျန်တဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ် လေးစီးက ကပ်လိုက်လာခဲ့ကြတယ်..။အနောက်ဘက်မှာတော့ ယိုယွင်းနေတဲ့ စစ်ဘက်ဆိုင်ရာယာဉ် သုံးစီးက လိုက်ပါလာခဲ့ကြပါတယ်။

ဒါကတော့ နောက်ထပ် ခြောက်နာရီလောက်အထိ ဝန်းရံတိုက်ခိုက်မူတွေကို ခုခံမယ့် ဆန်နီ ရဲ့ တပ်ဖွဲ့ပါ။

ဆာဂျင် ဂီရီ ရဲ့ လက်အောက်မှာ ရှိတဲ့ သံချပ်ကာယာဉ် သုံးစီးမှာတော့ ကျည်ဆံအချို့ ကျန်ရှိနေပါသေးတယ်..။ဒါက ဆန်နီ မျှော်လင့်ထားသလိုမျိုး ကမ်းရိုးတန်းလမ်းမကြီးပေါ်မှာ အခြေအနေတွေ ဆိုးရွားလာခဲ့ရင် အီရီဘတ် ကွင်းပြင် ဆီ ရောက်တဲ့အထိ ကာကွယ်ဖို့ လုံလောက်ရုံသာ ရှိနေခဲ့တာပါ။

အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေက ကြံ့ခိုင်မှု မရှိရုံတင်မကဘဲ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် ကာကွယ်ရေးစနစ်တွေလည်း မရှိကြပါဘူး..။ ဒါပေမယ့် သူတို့ကို သေလော​က်အောင် ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုက ကာကွယ်ပေးထားခဲ့တယ်..။ အဲဒါကတော့ အထူးတပ်ဖွဲ့ ဝင်တွေပါပဲ..။

ဆမ်မာရာ က နောက်ဆုံးယာဉ်ရဲ့ ခေါင်းမိုးပေါ်မှာ သေနတ်ပစ်စင်တစ်ခု ပြုလုပ်ပြီး သူမရဲ့ ရိုင်ဖယ်သေနတ်ကို အဆင်သင့် ပြင်ထားခဲ့ပါတယ်..။နိုးထသူ လက်ဖြောင့်စနိုက်ပါသမားအနေနဲ့ အဝေးက ရန်သူတွေကို လွတ်လွတ်လပ်လပ် ပစ်ခတ်နိုင်ဖို့အတွက် ချီတင် က သူမရဲ့ ဘေးမှာ ရှိနေပေးခဲ့တယ်..။ သူကတော့ အနားကို ကပ်လာတဲ့ ဘယ်အိပ်မက်ဆိုး သားရဲကိုမဆို ခုတ်ပိုင်းပစ်ဖို့ သူ့ရဲ့ ဓားနဲ့ ဒိုင်းကို အဆင်သင့် ပြင်ထားခဲ့ပါတယ်..။

ကင်မ် ကတော့ နောက်ထပ်ယာဉ်တစ်စီးရဲ့ ခေါင်းမိုးပေါ်မှာ ရောက်နေပြီး သူမရဲ့ ကာဘိုင်သေနတ်အတွက် စွမ်းအင်ဖြည့်ထားတဲ့ ကျည်ကတ် ဒါဇင်ဝက်လောက်ကို ကြိုတင် ပြင်ဆင်ထားပါတယ်..။အမည်မသိတဲ့

အိပ်စက်သူ ကလည်း လေးတစ်စင်း၊ အဆိပ်လူးမြှားတွေ ပါတဲ့ မြှားကျည်တောက်တစ်ခုနဲ့အတူ သူမရဲ့ ဘေးမှာ ရှိနေခဲ့တယ်..။

ဘယ်လီ နဲ့ ဒွန်း တို့ကတော့ ကျန်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ် နှစ်စီးကို ကာကွယ်ပေးနေခဲ့ကြတယ်..။ သူတို့ နှစ်ယောက်လုံးမှာ အဝေးကနေ တိုက်ခိုက်နိုင်တဲ့ မှတ်သားမူ တွေ ရှိကြပေမယ့် လက်ဖြောင့် စနိုက်ပါသမားတွေတော့ မဟုတ်ကြပါဘူး..။ သူတို့ရဲ့ အဓိက တာဝန်က သားရဲတွေက ဒုက္ခသည်တွေကို တိုက်ရိုက်

မတိုက်ခိုက်နိုင်အောင် တားဆီးဖို့ပဲ ဖြစ်ပါတယ်..။ ဒါကြောင့် သူတို့ တာဝန်ကျတဲ့ ယာဉ်တွေရဲ့ ခေါင်းမိုးပေါ်မှာ အများကြီး လှုပ်ရှားရမယ်ဆိုတာကို သိနေတာကြောင့်..တိုက်ခိုက်ရေးသမား နှစ်ယောက်က ယာဉ်တွေပေါ်မှာ အကာအကွယ် စနစ်တွေ တပ်ဆင်ဖို့ကို ဂရုမစိုက်တော့ပေ..။

သယ်ယူပို့ဆောင်ရေးယာဉ် လေးစီးလုံးကို စစ်သားတွေ တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားခဲ့ကြတာပါ..။ ယာဉ်တွေရဲ့

ဘေးဖက်တွေမှာ သံချပ်ကာပြားတွေနဲ့ သတ္တုဆူးချွန်တွေကို တပ်ဆင်ထားသလို အရှေ့ဖက်မှာလည်း ရိုင်နို ကို အတုယူပြီး ပြုလုပ်ထားတဲ့ တိုက်ခိုက်ရေး လက်နက်တွေ တပ်ဆင်ထားခဲ့ကြတယ်..။

…ပြီးတော့ နောက်ဆုံးအနေနဲ့ လေးလံတဲ့ သံချပ်ကာယာဉ်ကြီး ကိုယ်တိုင် ရှိနေခဲ့ပါတယ်..။ သူတော်စင် မရှိတော့တာကြောင့် ဆန်နီ က ယာဉ်ရဲ့ ခေါင်းမိုးပေါ်မှာ ထိုင်နေပြီး လက်ထဲမှာမော်ဂန်ရဲ့ စစ်ပွဲလေး ကို ကိုင်ထားခဲ့တယ်..။ အေးစက်တဲ့ လေပြင်းတွေ တိုက်ခတ်နေပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဒရီနယ်လင်တွေ စီးဆင်းနေတာကြောင့် ချမ်းအေးမှုကို လုံးဝ မခံစားရပါဘူး..။ သူ့ရဲ့ ခန္ဓာကိုယ်ကို [ထာဝရချိန်း ] ရဲ့ မဟူရာ သံမဏိ တွေက ဖုံးအုပ်ထားပြီး ပေါ့ပါးတဲ့ ရင်ဘတ်အကာအောက်မှာတော့ [သေဆုံးခြင်း ဆန္ဒ] ကို ဝှက်ထားခဲ့ပါတယ်..။

သူက တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့ပါပြီ..။

ကမ်းရိုးတန်းလမ်းမကြီးကို တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်သန်းပြီး ယာဉ်တန်းအနားကို ချည်းကပ်လာတဲ့ ဘယ်အရာကိုမဆို သတ်ဖြတ်ပစ်ဖို့က သူတို့ရဲ့ စစ်ဗျူဟာပါပဲ..။

သို့ပေမယ့် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်လို့ ဆန်နီ အပြည့်အဝ မမျှော်လင့်ထားခဲ့ပေ..။

ဘလက်ကီ နဲ့သားရဲကြီး တို့က ယာဉ်တန်းရဲ့ အရှေ့ကနေ ကင်းထောက်တွေအဖြစ် ပြေးလွှားနေကြပြီး အိပ်မက်ဆိုး ကတော့ သူ့ရဲ့ ဝိဥာဥ် အနက်ရှိုင်းဆုံးထဲမှာ အိပ်စက်နေတုန်းပဲ ရှိပါသေးတယ်..။ အနက်ရောင် မြင်းရိုင်းကြီးက ဆင့်ခေါ်ဖို့အတွက် ဒဏ်ရာတွေ သက်သာနေပြီ ဖြစ်ပေမယ့် အခြေအနေတွေ အမှန်တကယ် ဆိုးရွားလာမှ သူ့ကို ခေါ်ထုတ်ဖို့ ဆန်နီ စီစဥ်ထားခဲ့တာပါ။

‘အခြေအနေတွေက ဆိုးလာမှာပဲ… ငါ သေချာပေါက် သိနေတယ်…’

တောင်ပေါ်ကနေ ဆင်းလာရတာက တောင်တွေကို ဖြတ်ကျော်ဖို့ ကြိုးစားရတာထက် ပိုပြီး လွယ်ကူတာကြောင့်..ယာဉ်တန်းက ကမ်းရိုးတန်းလမ်းမကြီး မရောက်ခင် နောက်ဆုံး လမ်းပိုင်းဆီ ရောက်ဖို့ အချိန်အများကြီး မကြာလိုက်ပါဘူး..။ မြေပြင် အနေအထားက ပိုမို ညီညာလာခဲ့ပြီး

လုံးဝ ပြန့်ပြူးသွားခဲ့တယ်..။ နောက်ဆုံးမှာတော့ ရိုင်နို ဆီကနေ ထွက်ပေါ်လာတဲ့ မီးဆိုင်းတွေက ပျက်စီးနေတဲ့ ကွန်ကရစ်လမ်းမကြီးကို လင်းထိန်သွားစေခဲ့တယ်။… လမ်းရဲ့ မလှမ်းမကမ်းမှာတော့ အနက်ရောင် လှိုင်းလုံး ကြီးတွေက တက်လိုက်ကျလိုက် ဖြစ်နေခဲ့ပါတယ်..။

ဒီအဝေးပြေးလမ်းမကြီးက ရိုင်နို အရွယ်အစားရှိတဲ့ သံချပ်ကာယာဉ် ဆယ်စီးလောက် ဘေးချင်းယှဉ်မောင်းနိုင်လောက်အောင် ကျယ်ပြန့်ပေမယ့် လမ်းရဲ့ အစိတ်အပိုင်းတစ်ခုကိုတော့ အတားအဆီးတစ်ခုနဲ့ ခွဲခြားထားခဲ့ပါတယ်..။ အဲဒီအတားအဆီးရဲ့ နောက်ဘက်.. တောင်စောင်းတွေရဲ့ အနီးမှာတော့ သံချပ်ကာရထားတွေ သွားလာဖို့အတွက် မြောက်ဘက်နဲ့ တောင်ဘက်ဆီ ဆန့်တန်းနေတဲ့ ရထားလမ်းတစ်ခု ရှိနေခဲ့တာပါ..။ကျန်ရှိနေတဲ့လမ်းက သူတို့လှုပ်ရှားဖို့အတွက် နေရာအလုံအလောက် ပေးထားဆဲ ဖြစ်ပေမယ့် ယာဉ်တန်းကို ပင်လယ်ပြင်နဲ့ ပိုပြီး နီးကပ်သွားစေခဲ့ပါတယ်..။

မှောင်မိုက်နေတဲ့ ကောင်းကင်ယံမှာ လပြည့်ဝန်းက တောက်ပနေပြီး.. ဝင်ရိုးစွန်းအလင်းတန်းတွေရဲ့ လှုပ်ရှားမှုတွေကြားမှာ နစ်မြုပ်နေခဲ့တယ်..။ လမ်းမကြီးက လုံးဝ တိတ်ဆိတ်ငြိမ်နေပြီး

ဖြူဖျော့တဲ့ လရောင်အောက်မှာ တည်ရှိနေခဲ့ပါတယ်..။ တောင်တန်းတွေရဲ့ မှောင်မိုက်တဲ့ တောင်စောင်းတွေ၊ ကျယ်ပြန့်တဲ့ လမ်းမကြီး၊ ပြီးတော့ လမ်းရဲ့ တစ်ဖက်က အနက်ရောင် လှိုင်းလုံးကြီးတွေ အားလုံးက ထူးဆန်းပြီး နိမိတ်မကောင်းသလို ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့တာပါ..။

သို့ပေမယ့် ဆန်နီ မှာ ပတ်ဝန်းကျင်ကို ခံစားနေဖို့ အချိန်မရှိပါဘူး..။

‘…မြန်လိုက်တာ…’

မီတာ အနည်းငယ် အကွာမှာတော့ ထပ်တူညီမူ နှစ်ကောင်က အမှောင်ထုထဲမှာ ပုန်းကွယ်နေတဲ့ အိပ်မက်ဆိုး သားရဲတွေရဲ့ အနံ့ကို ရရှိနေခဲ့ကြပြီ ဖြစ်ပါတယ်..။သူတို့အတွက် ကံဆိုးတာက ဝင်ရိုးစွန်းညရဲ့ မှောင်မိုက်မှုထဲမှာ ဆန်နီ ရဲ့ အမြင်အာရုံကနေ ပုန်းကွယ်နိုင်တဲ့အရာက သိပ်မရှိပါဘူး။

သားရဲ က လမ်းပေါ်မှာ ရှိနေတဲ့ အနက်ရောင်

ပုံရိပ်တွေဆီကို မခုန်အုပ်နိုင်ခင်မှာတင်ပဲ အနက်ရောင် မြှားတစ်စင်းက ကောင်းကင်ကနေ ကျလာခဲ့တယ်။မြားက ကြေးခွံသားရဲ ဦးခေါင်းလို့ ထင်ရတဲ့ နေရာကို… ဖောက်ထွက်သွားခဲ့ပါတယ်..။

[သင်က နိုးထမူအဆင့် သားရဲ တစ်ကောင်ကို သတ်ဖြတ်ခဲ့ပါသည်…]

ခနအကြာမှာတော့ နောက်ထပ် သားရဲတစ်ကောင်ရဲ့ ကြေးခွံတွေကို ထပ်တူညီမူ ရဲ့ သန်မာလှတဲ့ မေးရိုးတွေက ကိုက်ဖြတ် ဖျက်ဆီးပစ်ခဲ့ပါတယ်။ဘလက်ကီ ကလည်း တတိယ တစ်ကောင်ဆီကို ခုန်အုပ်ကာ ကြီးမားတဲ့ မြေခွေးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို အတုယူဖို့ ကြိုးစားနေခဲ့တယ်..။ ဒုတိယမြောက် မြှားတစ်စင်းကတော့ သူ့ကို အလုပ်ကို အပြီးသတ်ဖို့ ကူညီပေးခဲ့ပါတယ်..။

ရိုင်နို က အရှိန်မလျော့ပဲ ကြေးခွံသားရဲတွေရဲ့အလောင်းတွေကို ကြိတ်ကာ.. ကျန်ရှိတဲ့ ယာဉ်တန်းအတွက် လမ်းဖွင့်ပေးခဲ့တယ်..။ ဆန်နီရဲ့ သံချပ်ကာယာဉ်ကြီးက တဖြည်းဖြည်းနဲ့ အရှိန် ပိုရလာတာကြောင့် တုန်ခါနေတာကို ခံစားလိုက်ရပါတယ်..။ ကမ်းရိုးတန်းလမ်းမကြီးက ငလျင်လှုပ်ခတ်ထားတာတောင် အခြေအနေ ကောင်းမွန်နေပုံရတာကြောင့် ဘယ်အရာကမှ သူတို့ကို နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ပါဘူး..။ အခုအချိန်မှာတော့ အီရီဘတ် ကွင်းပြင် ဆီကို အချိန်မီ ရောက်ရှိနိုင်မယ့် အခွင့်အရေး ရှိနေသလိုပါပဲ..။

ဒါပေမယ့် သူက အဝေးမှာ ရှိနေတဲ့ နောက်ထပ် အိပ်မက်ဆိုး သတ္တဝါတွေကို မြင်တွေ့နေရပါပြီ..။ယာဉ်တန်းရဲ့ မီးရောင်တွေနဲ့ ဆူညံသံတွေက သူတို့ရဲ့ အာရုံကို ဆွဲဆောင်လိုက်တာကြောင့် သားရဲတွေရဲ့ ရူးသွပ်နေတဲ့ မျက်လုံးတွေက အန္တရာယ်ရှိတဲ့ မီးတောက်တွေလို တဖြည်းဖြည်း တောက်လောင်လာခဲ့ကြတယ်..။

တောင်စောင်းတွေပေါ်မှာလည်း မရေရာတဲ့ ပုံရိပ်တွေက လှုပ်ရှားနေပြီး အမှောင်ထဲကနေ ထွက်လာကာ လူသားတွေရဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ ဆင်းသက်လာနေကြပါတယ်..။

…ပိုပြီး စိုးရိမ်စရာ ကောင်းတာကတော့ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ယာဉ်တန်းရဲ့

ဘေးဘက်ကနေ ကမ်းခြေကို အဆက်မပြတ် ရိုက်ခတ်နေတဲ့ လှိုင်းလုံးကြီးတွေပါပဲ။ဒီလှိုင်းလုံး ကြီးတွေက သူတို့ရဲ့ မှောင်မိုက်တဲ့ ရေပြင်အောက်မှာ ပုန်းကွယ်နေတဲ့ ထိတ်လန့်စရာ အန္တရာယ်တွေ ကိုတော့ ထုတ်ဖော် ပြသခြင်း မရှိခဲ့ပါဘူး..။

ဆန်နီ အတွက်တော့ ဒီလို လှုပ်ရှားမှု မရှိတာကပဲ ချဉ်းကပ်လာနေတဲ့ သားရဲတွေထက် ပိုပြီး စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေပါတယ်..။

‘အဲတာက ဘာကောင် ပဲဖြစ်ဖြစ်..ဒီတိုင်း မြန်မြန်ထွက်လာလိုက်စမ်းပါ..’

ဘာတုံ့ပြန်မှုမှ မရှိပါဘူး..။

ဆန်နီ အံကိုကြိတ်လိုက်ပြီး ပင်လယ်ပြင်ကနေ မျက်နှာလွှဲကာ သူ့ရဲ့ လေးကို မြှောက်လိုက်ပါတယ်..။

အပိုင်း ( ၉၄၇ ) ပြီး၏။

All Chapters