← Chapters

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈

Vol. 64 Ch. 948

အပိုင်း ( ၉၄၈ )ကြောက်မက်ဖွယ် မာရသွန်ပြိုင်ပွဲ

ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးရဲ့ ပြန့်ပြူးနေတဲ့ မျက်နှာပြင်ပေါ်မှာ တစ်ရေးတစ်မော အိပ်စက်ဖို့ ဆုံးဖြတ်ထားပုံရတဲ့ အိပ်မက်ဆိုး သတ္တဝါမျိုးစုံ ရှိနေခဲ့ကြတယ်..။ သားရဲတွေရဲ့ ပါးစပ်ကြီးတွေက ရက်စက်စွာ ပွင့်ဟလာခဲ့ပြီး.. ထက်မြက်တဲ့ မေးရိုးတွေကနေ ချွဲပြစ်တဲ့ တံတွေးတွေ စီးကျနေခဲ့ပါတယ်..။သူတို့ရဲ့ ချွန်ထက်နေတဲ့ လက်သည်းတွေ.. ကွေးညွတ်နေတဲ့ အရိုးဓားတွေနဲ့ ဆန်နီ ဘယ်လို ဖော်ပြရမှန်းတောင် မသိတဲ့ သေမင်းတမန် လက်နက်မျိုးစုံဟာ ယာဉ်တန်းဆီကို ဦးတည်ပျံသန်းလာနေပြီး စက္ကန့်တိုင်းမှာ ပိုမို နီးကပ်လာနေခဲ့ကြပါတယ်..။

ယာဉ်တွေက ပိုပြီး မြန်မြန်မောင်းလေ.. သားရဲတွေက သူတို့ဆီကို ပိုပြီး မြန်မြန် ရောက်ရှိလာလေပါပဲ..။

‘သောက်ကျိုးနဲပဲ…’

ဆန်နီ က ရိုင်နို ရဲ့ တုန်ခါနေတဲ့ ခေါင်းမိုးပေါ်မှာ မတ်တတ်ရပ်နေပြီး မော်ဂန်ရဲ့ စစ်ပွဲလေး ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွတင််နေခဲ့တယ်..။သူက တိုတောင်းတဲ့ အချိန်အပိုင်းအခြားအတွင်းမှာတင် မြှားမိုးရွာသွန်းသလို ပစ်ခတ်နေခဲ့တာကြောင့် အနည်းဆုံး ချဉ်းကပ်လာတဲ့ အိပ်မက်ဆိုး သတ္တဝါ ဒါဇင်ဝက်လောက်ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်..။ ညှာတာမှုမရှိတဲ့ အမြန်နှုန်းကြောင့်

သူ့ရဲ့ ကြွက်သားတွေက နာကျင်မှုကို အော်ဟစ်နေခဲ့ရတယ်။.. သူ့ရဲ့ အရိပ် လေးခုလုံးနဲ့အားဖြည့်ထားတာကြောင့် ဒီပစ်ခတ်မှုနှုန်းကို ပိုပြီး ကြာရှည်စွာ ထိန်းထားနိုင်တယ်ဆိုတာ ဆန်နီ သိနေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် တိုက်ပွဲက အခုမှ အစပဲ ရှိပါသေးတယ်..။ ယာဉ်တန်းဆီကို ပြေးဝင်လာတဲ့ သားရဲအုပ်ကြီးက ထိတ်လန့်စရာ ကောင်းပြီး အန္တရာယ်များပုံရပေမယ့်.. ဒါတွေက အိပ်မက်ဆိုး ချိန်းကြိုးကြီး ရဲ့ အကြွင်းအကျန်မျှသာ ဖြစ်ပါတယ်..။ သူတို့က ပိုမိုကြီးမားတဲ့ သားရဲအုပ်ကြီးတွေဆီကနေ ကွဲထွက်လာတဲ့ တစ်ကောင်တည်း သို့မဟုတ် အုပ်စုငယ်လေးတွေသာ ဖြစ်တာကြောင့် စစ်မှန်တဲ့ ခြိမ်းခြောက်မှုတစ်ခု မဟုတ်သေးပါဘူး..။

လောလောဆယ်တော့ သူတို့က ယာဉ်တန်းကို အရှေ့တည့်တည့်ကနေသာ တိုက်ခိုက်နေခဲ့ကြတယ်..။ မကြာခင်မှာပဲ ဆန်နီ နဲ့ သူ့လူတွေဟာ အရပ်မျက်နှာအနှံ့ကနေ ဝန်းရံပိတ်ဆို့ခံရပြီးတိုက်ခိုက်မှုတွေကို အတင်းအကျပ် ခုခံရတော့မှာပါ..။

ဒီအခြေအနေကို အချိန်ဆွဲထားဖို့အတွက်

ဆမ်မာရာ က နောက်ဆုံးမှာ သေနတ်ကို စတင်ပစ်ခတ်ခဲ့တယ်..။ လမ်းမကြီးပေါ်က အိပ်မက်ဆိုး သားရဲ အများစုက သယ်ယူပို့ဆောင်ရေးယာဉ်တွေ နဲ့ ရိုင်နို ရဲ့ ကြီးမားတဲ့ ပုံသဏ္ဌာန်ကြောင့် သူမရဲ့ အမြင်အာရုံကနေ ကွယ်နေခဲ့ပေမယ့်.. တောင်စောင်းတွေပေါ်ကနေ ပြေးဆင်းလာကြတဲ့ သားရဲတွေကိုတော့ သူမ သေချာ မြင်တွေ့နေရပါတယ်..။

တောက်ပတဲ့ ကျည်ဖူးတစ်ခုက လေထုထဲကို ဖြတ်သန်းသွားခဲ့တဲ့ အချိန်မှာပဲ အဝေးမှာရှိတဲ့

ပုံရိပ်တစ်ခုက ပေါက်ကွဲထွက်သွားခဲ့တယ်။.. ပျက်စီးသွားတဲ့ အကြွင်းအကျန်တွေကတော့ မတ်စောက်တဲ့ တောင်စောင်းအတိုင်း လိမ့်ဆင်းလာခဲ့ပါတယ်..။ ပထမဆုံး ပစ်ခတ်မူရဲ့ ပဲ့တင်ထပ်သံက အေးစက်တဲ့ လေထုထဲမှာ ပျံ့နှံ့နေတုန်းမှာပဲ အားကောင်းတဲ့ ရိုင်ဖယ် သေနတ်ကနေ ဒုတိယ ပစ်ခတ်သံ ထပ်မံ ထွက်ပေါ်လာခဲ့တယ်။

‘ငါ သူတို့ အကုန်လုံးကို သတ်ဖို့ အချိန်မမီဘူး…’

လောလောဆယ်တော့ ဆန်နီ က သူ့ရဲ့ ဝိဥာဥ်အဆီအနှစ်ကို ချွေတာနေခဲ့တယ်..။ သူက လေးရဲ့ တိုးမြှင့်မူ တွေထဲကမှ ဝိဥာဥ်အဆီအနှစ်တွေ အများကြီး မလိုတဲ့ [ဝိဥာဥ်မြား] တွေကို အသုံးပြုနေခဲ့တာပါ..။ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေဆီကနေ သားရဲတွေရဲ့ အာရုံကို လွှဲပြောင်းဖို့ မလိုအပ်သေးတာကြောင့် [သေဆုံးခြင်း ဆန္ဒ] ကလည်း လောလောဆယ် အလုပ်မလုပ်သေးပါဘူး..။

သူက မိုးကြိုးလျှပ်စီး ကို ဆင့်ခေါ်ဖို့ ခနလောက် စဉ်းစားလိုက်ပြီးမှ မလုပ်ဖို့ ပြန်လည် ဆုံးဖြတ်လိုက်တယ်..။ အီရီဘတ် ကွင်းပြင် ဆီကို ဦးတည်နေတဲ့ သူတို့ရဲ့ ခရီးက မာရသွန်ပြိုင်ပွဲတစ်ခု ဖြစ်ပြီး အိုလံပစ် အပြေးပြိုင်ပွဲ မဟုတ်ပါဘူး..။ သူတို့ရဲ့ စွမ်းအားတွေ နဲ့ အရင်းအမြစ်တွေကို ဘယ်လို သုံးစွဲရမလဲဆိုတာ သေချာသိထားရပါမယ်..။

ချဉ်းကပ်လာတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကို လျှပ်စီး နဲ့ ဖျက်ဆီးပစ်မယ့်အစား.. သူက အန္တရာယ်ရှိတဲ့ ဦးစားပေးပစ်မှတ်တွေကိုသာ အရင်ဆုံး ရှင်းလင်းဖို့ အာရုံစိုက်လိုက်တယ်..။ထပ်တူညီမူ သားရဲ က ရန်သူအုပ်ကြီးထဲကို

မကြောက်မရွံ့ ခုန်ဝင်သွားခဲ့ပြီး ရက်စက်တဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကို တိုက်ခိုက်လိုက်တယ်..။ ဒီပထမလှိုင်းထဲမှာ ကျရှုံးမူအဆင့် သတ္တဝါတွေ အလွန်နည်းပါးတာကြောင့်.. အများစုက ထပ်တူညီမူ ထက် အများကြီး ပိုပြီး အားနည်းကြပါတယ်..။

သို့ပေမယ့် ဘလက်ကီ ကတော့ သေချာ ဂရုမစိုက်နိုင်ရင် အသတ်ခံရမယ့် အန္တရာယ် ရှိနေခဲ့တယ်..။ ပိုပြီး သေးငယ်တဲ့ ခွေးလေးက လမ်းမကြီးရဲ့ အစွန်းဘက်ကို ခွဲထွက်ပြေးသွားခဲ့ပြီး.. ပြေးဝင်လာတဲ့ သားရဲအုပ်ကြီးရဲ့ အပြင်ဘက်က ကောင်တွေကိုသာ အာရုံစိုက် တိုက်ခိုက်နေခဲ့ပါတယ်..။

‘အခုထိတော့ အဆင်ပြေနေသေးတယ်…’

ရိုင်နို ကို ခြိမ်းခြောက်နိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါအများစုကို ဆန်နီ သတ်ဖြတ်နိုင်ခဲ့ပေမယ့်.. သံချပ်ကာယာဉ်ကြီးက ပြေးဝင်လာတဲ့ တိုက်ခိုက်မူတွေနဲ့ မီတာအနည်းငယ်သာ ကွာဝေးတော့တာပါ..။

အမြင့်ဆုံးအရှိန်နဲ့ မောင်းနှင်နေတဲ့ ရိုင်နို ရဲ့ ကိုယ်ထည်ကြီးက ပြေးဝင်လာတဲ့ သားရဲကို ဝင်တိုက်လိုက်တာကြောင့်.. အဲဒီကောင်က သွေးနီရောင် တိမ်တိုက်တစ်ခုအဖြစ် မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့တယ်..။ ဒုတိယမြောက် သတ္တဝါကတော့ မျက်လုံးမှာ မြှားတစ်စင်း စိုက်လျက်သားနဲ့ ကွန်ကရစ်လမ်းပေါ်ကို လဲကျသွားခဲ့ပြီး.. အဲဒီနောက်မှာတော့ ယာဉ်တန်းဟာ စနစ်တကျမရှိတဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်ကြီးရဲ့ အလယ်ထဲကို ရောက်ရှိသွားပါတော့တယ်..။

သူတို့ထဲက အချို့က လမ်းကြောင်းပြောင်းပြီး အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေဆီ ပြေးဝင်ဖို့ ကြိုးစားကြပေမယ့်.. ကျန်တဲ့ကောင်တွေကတော့ နှေးကွေးလွန်းတာကြောင့် ယာဉ်တန်း ဖြတ်သန်းသွားတာကို ခွင့်ပြုလိုက်ကြရတယ်။သူတို့က ယာဉ်တွေကို လိုက်လံဖမ်းဆီးဖို့ အဖိုးတန်တဲ့ စက္ကန့်တွေကို ဖြုန်းတီးလိုက်ကြရတာပါ..။

စစ်ဘက်ဆိုင်ရာယာဉ်တွေရဲ့ သေနတ်မျှော်စင်တွေက မြည်ဟည်းလာခဲ့ပြီး.. သူတို့ကို မှီအောင် လိုက်နိုင်လောက်တဲ့ သားရဲတွေဆီကို အဆိပ်လူးကျည်ဆံတွေကို ပစ်လွှတ်လိုက်ကာ ကျန်တဲ့ကောင်တွေကိုတော့ လျစ်လျူရှုထားခဲ့ကြတယ်..။ ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးရဲ့ ကီလိုမီတာ ခြောက်ရာ တစ်လျှောက်လုံးမှာ ရှိတဲ့ အိပ်မက်ဆိုး သတ္တဝါတိုင်းကို သတ်ဖြတ်ဖို့က သူတို့ရဲ့ ပန်းတိုင် မဟုတ်သလို လက်တွေ့လည်း မကျပါဘူး..။ ဒါပေမယ့် သေချာ ပြန်ပြောရရင် အဲလိုလုပ်ဖို့ မလိုအပ်ပေ..။ သူတို့က ယာဉ်တန်းထက် ပိုပြီး မြန်မြန် ပြေးနိုင်တဲ့ကောင်တွေကိုသာ သတ်ဖို့ လိုတာပါ..။

ဆမ်မာရာ ကလည်း ဆန်နီ လိုပဲ ပိုပြီး အားကောင်းတဲ့ ပစ်မှတ်တွေကိုသာ အာရုံစိုက်ဖို့ ရွေးချယ်ပြီး ရိုင်ဖယ်သေနတ်ကို ဆက်လက် ပစ်ခတ်နေခဲ့တယ်..။ နောက်ထပ် အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးပေါ်မှာတော့ ကင်မ် က ယာဉ်တန်းအနားကို ကပ်လာနိုင်တဲ့ကောင်တွေကို ရှင်းလင်းဖို့အတွက် သူမရဲ့ ကာဘိုင်သေနတ်ကို အသုံးပြုနေခဲ့ပါတယ်။.. အမည်မသိတဲ့ အိပ်စက်သူ ကလည်း မြှားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေခဲ့တာပါ..။ ဘယ်လီ က အိပ်မက်ဆိုး သတ္တဝါတွေကို ကြောက်မက်ဖွယ်ကောင်းအောင် ပိုင်းဖြတ်နေခဲ့တယ်။ သူ့က လက်ထဲကို မှော်ဆန်စွာ ပြန်လည်ရောက်ရှိလာတဲ့ အဝေးပစ် ပုဆိန်လေးတစ်စင်းကို အသုံးပြုနေခဲ့တာပါ..။

ဒွန်း ကတော့ သူ့ရဲ့ ထူးကဲတဲ့ ခွန်အားနဲ့ ပစ်လိုက်ရင် ပိုပြီး ဖျက်ဆီးအား ပြင်းပုံရတဲ့ လှံတိုတစ်ခုကို လက်နက်အဖြစ် အသုံးပြုနေခဲ့ပါတယ်..။

ယာဉ်တန်းက ပထမဆုံး အိပ်မက်ဆိုး သတ္တဝါလှိုင်းကို ဖြတ်ကျော်သွားခဲ့ပြီး ပျက်စီးနေတဲ့ ခန္ဓာကိုယ်တွေနဲ့ သွေးထွက်သံယို အလောင်းတွေကို နောက်ကွယ်မှာ ချန်ထားရစ်ခဲ့တယ်..။ ယာဉ်တန်းရဲ့ အစောင့်အရှောက်တွေက သူတို့ရဲ့ ပစ်ခတ်မှုတွေကို ဆက်လက် ပြုလုပ်နေခဲ့ကြပြီး ယာဉ်တန်းရဲ့ အနောက်ဘက်ကနေ လိုက်ပါလာကြတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကို အပြတ်ရှင်းနေခဲ့ကြပါတယ်။

ဆန်နီ နောက်ကို လှည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကျုတ်ကာ.. နောက်ထပ် မြှားတစ်စင်းကို လေးကြိုးမှာ တင်ပြီး ခနလောက် ငြိမ်သက်သွားခဲ့တယ်..။သူက အဝေးကို စိုက်ကြည့်ရင်း အခြေအနေကို အကဲဖြတ်ဖို့ ကြိုးစားနေခဲ့တာပါ..။ သူ့ရဲ့ မျက်နှာက သုန်မုန်နေခဲ့တယ်..။

‘ချီးတဲ့မှပဲ…’

မီတာ အနည်းငယ် အကွာမှာတော့ အိပ်မက်ဆိုး သတ္တဝါအုပ်ကြီးက တောင်စောင်းပေါ်ကနေ လမ်းမကြီးဆီကို ဆင်းလာနေခဲ့ကြပြီ ဖြစ်ပါတယ်..။သူတို့ရဲ့ နောက်ဘက်မှာတော့ လမ်းအကျယ်တစ်ခုလုံးက သားရဲတွေရဲ့ ခန္ဓာကိုယ်တွေနဲ့ ပိတ်ဆို့နေခဲ့တယ်..။

…ဒီတစ်ကြိမ်မှာတော့ ဒါက စစ်မှန်တဲ့ သားရဲအုပ်ကြီး ဖြစ်ပါတယ်..။

ဒါက သူတို့ ဖြတ်ကျော် တိုက်ခိုက်ရမယ့် အရာတွေထဲက တစ်ခု ဖြစ်ဖို့ အလားအလာ အများဆုံးပါပဲ..။

ဆန်နီ က သားရဲအုပ်ကြီးကို စက္ကန့်ပိုင်းလောက် လေ့လာလိုက်ပြီးမှ ပင်လယ်ပြင်ဆီကိုလှမ်းကြည့်လိုက်တယ်..။

…အနည်းဆုံးတော့ အနက်ရောင် လှိုင်းလုံးကြီးတွေက ငြိမ်သက်နေဆဲပါပဲ..။

သူက သက်ပြင်းချမှုတစ်ခုနဲ့အတူပဲတောင်စောင်းရှိရာ အရပ်ဆီကို မြှားတစ်စင်း

ပစ်လွှတ်လိုက်ပြီး.. သူ့ရဲ့ လေးကို ထပ်မံ ဆွဲတင်လိုက်ပါတယ်..။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ လက်ချောင်းတွေဟာ ပိတ်လှောင်ခံထားရတဲ့ လျှပ်စီးကြောင်းရဲ့ အလင်းရောင် လိုပဲ လင်းထိန်နေခဲ့ပါတယ်..။

အပိုင်း ( ၉၄၈ ) ပြီး၏။

All Chapters