အခန်း ၉၅၀
Vol. 64 Ch. 950
အပိုင်း ( ၉၅၀ ) လမ်းချော်ခြင်း
ယာဉ်တန်းနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတော့.. အဝေးပြေးလမ်းမကြီး ကို သတ္တုစပ်နံရံ အမြင့်ကြီးတစ်ခုက ပိတ်ဆို့ထားခဲ့တယ်..။ နေရာတစ်ခုလုံးက ဖရိုဖရဲ ပျက်စီးခြင်း မြင်ကွင်းတွေ ဝန်းရံနေခဲ့ပြီး.. စုတ်ပြဲနေတဲ့ သတ္တု အပိုင်းအစတွေနဲ့ ဧရာမ ကွန်ကရစ်တုံးကြီးတွေက လမ်းမပေါ်မှာ ရှုပ်ထွေးစွာ ရှိနေခဲ့ကြပါတယ်..။
ဆန်နီ က သူမြင်နေရတဲ့အရာကို နားလည်ဖို့ ကြိုးစားရင်း မျက်မှောင်ကျုတ်လိုက်တယ်..။ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်လောက် ကြည့်ပြီးတဲ့နောက်မှာတော့ သူက တိုးတိုးလေး ကျိန်ဆဲလိုက်ပါတော့တယ်..။
သူတို့ရဲ့ရှေ့မှာရှိတဲ့ အဝေးပြေးလမ်းမကြီးနဲ့ ရထားလမ်းအကြားက အတားအဆီးဟာ အပိုင်းပိုင်းအစစ ကြေမွနေခဲ့ပါပြီ..။ သတ္တုစပ်နံရံလို့ သူထင်ခဲ့တဲ့ အရာက တကယ်တမ်းမှာ ဘေးစောင်းလဲနေတဲ့ ရထားတွဲတစ်တွဲရဲ့ ခေါင်းမိုး ဖြစ်နေခဲ့တယ်..။ သံချပ်ကာ ရထားကြီးတွေထဲက တစ်စီးဟာ အတိတ်တုန်းက ဒီနေရာမှာလမ်းချော်ခဲ့ပုံရပြီး.. အဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုလုံးကို ကွန်ကရစ်တွေ နဲ့ ပျက်စီးနေတဲ့ သတ္တုစပ် တွေနဲ့ အိပ်မက်ဆိုး
တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်..။
‘ချီးတဲ့မှပဲ…’
ဆန်နီ ဟာ အရင်တုန်းက သံချပ်ကာရထား
စီးနင်းခဲ့ဖူးတာကြောင့် ဒီလို ရွေ့လျားခံတပ်ကြီးတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သိထားခဲ့ပါတယ်..။ ဒီလို သတ္တုစပ်သားရဲကြီးကို ဘယ်အရာကများဖျက်ဆီးနိုင်ခဲ့တာလဲ..။ ငလျင်တစ်ခုက ရထားကြီးကို လမ်းချော်အောင် လုပ်နိုင်လားဆိုတာ သူ သေချာမသိပေမယ့်.. ဒါက သူတွေးမိသမျှထဲမှာတော့ အကျိုးအကြောင်း အရှိဆုံး သီအိုရီတစ်ခု ပါပဲ..။
ဘာပဲဖြစ်ဖြစ် ဆန်နီ မှာ ပျက်စီးသွားတဲ့ ရထားရဲ့ ကံကြမ္မာကို ခန့်မှန်းနေတာထက် ပိုပြီး အရေးကြီးတဲ့ ပြဿနာတွေ ရှိနေခဲ့တယ်..။သူက
ယာဉ်တန်းကို အရှိန်လျှော့ခွင့် မပေးနိုင်ပါဘူး..။ သူတို့ ဖန်တီးထားနိုင်ခဲ့တဲ့ မျှခြေက ယာဉ်တန်းဟာ ဆက်လက် ရွေ့လျားနေရမယ်ဆိုတဲ့ အချက်ပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေတာ ဖြစ်ပါတယ်..။တကယ်လို့ သူတို့ရဲ့ အရှိန်သာလျော့သွားခဲ့ရင် သို့မဟုတ် ပိုပြီး ဆိုးရွားစွာ ရပ်တန့်သွားခဲ့ရင် သေခြင်းတရားကနေ လွတ်မြောက်နိုင်စရာ လမ်းမရှိတော့ပါဘူး..။ သူတို့တွေ အိပ်မက်ဆိုး သတ္တဝါတွေအောက်မှာတင် နစ်မြုပ်သွားကြမှာပါ..။
“ဆမ် နဲ့ ချီတင်.. ထပ်တူညီမူတွေ ကို ရိုင်နို ဆီ ပြန်ဆုတ်ခိုင်းလိုက်..”
ယင်းနောက်မှာတော့ သူက မျက်လုံးတွေကို ခနလောက် မှိတ်လိုက်ပြီး သူ့ရဲ့ အာရုံခံစားမှုတွေကို အရှေ့ဘက်ဆီ ဆန့်တန်းလိုက်ပါတယ်..။
မာစတာ တစ်ဦး ဖြစ်လာပြီးတဲ့နောက် နဲ့ အန္တာတိက ကို မလာခင်အချိန်အထိ ဆန်နီ အနေနဲ့
အရိပ်ရုပ်သွင်ဖော်ခြင်း ရဲ့ ကန့်သတ်ချက်တွေကို တိုက်ပွဲထဲမှာ စမ်းသပ်ဖို့ အခွင့်အရေး မရခဲ့ပါဘူး..။ အခုတော့ သူ့ရဲ့ တက်ရောက်သူ စွမ်းရည်က သူထင်ထားတာထက် ပိုပြီး အားကောင်းတယ်ဆိုတာ သိလိုက်ရပြီ ဖြစ်တာကြောင့်..
ဒီစွမ်းရည်ကို ထပ်မံ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
ယာဉ်တန်းက ပျက်စီးနေတဲ့ အပိုင်းအစတွေဆီ မရောက်ခင်မှာပဲ.. တောင်စောင်းပေါ်က အရိပ်တွေက သက်ဝင်လှုပ်ရှားလာခဲ့ပြီး အရှေ့ကို စီးဆင်းသွားကာ ရှည်လျားတဲ့ လက်ချောင်းတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ဒီ လက်ချောင်းတွေက မှောက်ခုံလဲနေတဲ့ ရထားတွဲရဲ့ သတ္တုစပ်တွေကို အတင်းဆွဲကိုင်လိုက်ကာ.. ကြီးမားလှတဲ့ ရထားတွဲကြီးကို ဘေးဘက်ကို ဆွဲဖယ်လိုက်ကြပါတယ်..။ ကွန်ကရစ်ပေါ်မှာ သတ္တုချင်း ပွတ်တိုက်သွားတဲ့ နားကွဲမတတ် အသံကြီးက လေထုထဲမှာ ပြည့်နှက်သွားခဲ့တယ်..။
‘လုပ်စမ်း.. လုပ်စမ်း..’
ရထားတွဲက ချဉ်းကပ်လာနေတဲ့ ရိုင်နို အတွက် လမ်းပွင့်ရုံမျှသာ ဘေးကို ရွေ့လျားသွားခဲ့ပါတယ်..။ သံချပ်ကာယာဉ်ကြီးက ကွန်ကရစ်အတားအဆီး အပိုင်းအစအချို့ကို သူ့ရဲ့ တိုက်ခိုက်ရေးအရှေ့ဖက်ပိုင်း နဲ့ မှုန့်မှုန့်ညက်ညက် ခြေမွရင်း လမ်းကြောင်းကို ရှင်းလင်းလိုက်တယ်။ယင်းနောက်.. ဘေးဘက်ကို လှည့်ပြီး ပျက်စီးနေတဲ့ သတ္တုစပ်နံရံကြီး ဘေးကနေ ဖြတ်သန်း မောင်းနှင်သွားခဲ့ပါတယ်..။
အဝေးပြေးလမ်းမကြီးက ဆိုးဆိုးရွားရွားကို ပျက်စီးနေတာကြောင့် ရိုင်နို ကို ပျက်စီးနေတဲ့ သတ္တုအစုတွေ ကြားကနေ ဖြတ်မောင်းဖို့ဆိုတာ အတော်လေး ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်..။ လူစတာ ကတော့ ဒီလိုလုပ်ဖို့ အကိုက်ညီဆုံး လူပါပဲ..။ သူက ကြီးမားတဲ့ အတားအဆီး အားလုံးကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွားခဲ့ပြီး အရှိန် လုံးဝမလျှော့ခဲ့ပေ။ ဖျက်ဆီးပစ်နိုင်တဲ့ အရာတွေကိုတော့ ဝင်တိုက်ပြီး မောင်းနှင်သွားခဲ့ပါတယ်..။
ကျန်တဲ့ ယာဉ်တွေက သံချပ်ကာယာဉ်ကြီးလောက် မကြီးမားတာကြောင့် အနောက်ကနေ လိုက်ပါဖို့ သိပ်ပြီး မခက်ခဲခဲ့ပါဘူး..။
သားရဲအချို့က ယာဉ်တန်းကို ခုန်အုပ်ဖို့အတွက် ရထားအကြွင်းအကျန်တွေထဲကနေ ထွက်လာခဲ့ကြပေမယ့် မြှားတွေနဲ့ အဆိပ်လူးကျည်ဆံတွေရဲ့ ဖောက်ဝင်ခြင်းကို လျင်မြန်စွာ ခံလိုက်ကြရတယ်..။
မကြာခင်မှာပဲ ယာဉ်တန်းက ပျက်စီးနေတဲ့ နေရာကနေ ထွက်ခွာနိုင်ခဲ့ပေမယ့်.. ဆန်နီ ကတော့ စိတ်သက်သာရာရမယ့်အစား အံကိုသာ ကြိတ်ထားခဲ့ပါတယ်..။
သံချပ်ကာရထားရဲ့ အကြွင်းအကျန်တွေကြောင့် မမြင်တွေ့ရတဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်ကြီး နောက်တစ်အုပ်က သူတို့အရှေ့မှာ ရှိနေခဲ့တာပါ..။ ဒီတစ်အုပ်က ယခင်အုပ်စုတွေအားလုံးထက် အများကြီး ပိုကြီးမားကာ အန္တရာယ်လည်း ပိုများပါတယ်..။ ပိုပြီး ဆိုးတာက သူတို့ အဲဒါကို နောက်ကျမှ သတိပြုမိတာကြောင့် သားရဲတွေကို အဝေးပစ်တိုက်ခိုက်မှုတွေနဲ့ အရေအတွက် လျှော့ချဖို့ အချိန်သိပ်မရတော့ပါဘူး..။
ယာဉ်တန်းက စစ်မှန်တဲ့ ခြိမ်းခြောက်မှုအောက်ကို ရောက်ရှိသွားခဲ့ပါပြီ..။
‘ချီးပဲ…’
ဆန်နီ ဟာ သူ့လက်ထဲက အနက်ရောင်လေးကိုလှမ်းကြည့်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ လေးရဲ့ စွမ်းအားတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးဆိုတာကို သိနေခဲ့တယ်..။ အခြေအနေက အတော်စိုးရိမ်ရပါတယ်..။ …ဒါက စစ်ကူတွေကို ခေါ်ရမယ့် အချိန်ရောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ..။
သူက ရိုင်နို ရဲ့ အနားမှာ အိပ်မက်ဆိုး ကို ဆင့်ခေါ်လိုက်ပြီး ရုပ်ရှင်တွေထဲက စွမ်းအားရှင် သူရဲကောင်းတွေလိုမျိုး ခေါင်းမိုးပေါ်ကနေ ကုန်းနှီးပေါ်ကို ခန့်ညားစွာ ခုန်ချဖို့ ခနလောက် စဉ်းစားလိုက်ပေမယ့် အဲဒီလို ဟန်ပန်အမူအရာတွေကို မလုပ်ဖို့ ပြန်လည် ဆုံးဖြတ်လိုက်တယ်..။
ဒါက ဆန်နီ အနေနဲ့ မောင်းနှင်နေတဲ့ ယာဉ်ပေါ်ကနေ အရှိန်နဲ့ ပြေးနေတဲ့ မြင်းရဲ့ ကျောပေါ်ကို
မဆင်းသက်နိုင်တာကြောင့် မဟုတ်ပါဘူး..။အိပ်မက်ဆိုးရဲ့ ကုန်းနှီးက မှတ်သားမူ တစ်ခု ဖြစ်ပြီး မြင်းနက်ကြီးကို ဆင့်ခေါ်တိုင်း လက်နဲ့ပဲ သေချာ တပ်ဆင်ရတာကြောင့် ဖြစ်ပါတယ်..။
အခုအချိန်မှာ ဆန်နီ က ကုန်းနှီးမပါဘဲ သူ့မြင်းကို စီးနင်းနိုင်ပြီ ဖြစ်ပေမယ့် ကုန်းနှီးနင်းကွင်း မပါဘဲနဲ့တော့ ဘယ်လို လက်နက်မျိုးကိုမဆို
ထိရောက်စွာ အသုံးပြုဖို့က မဖြစ်နိုင်သလောက်ပါပဲ..။ နင်းကွင်းတွေက မပြောပလောက်ဘူးလို့ ထင်ရပေမယ့် မြင်းစီးတိုက်ပွဲ အတွက်တော့ မရှိမဖြစ် လိုအပ်ပါတယ်..။
သူ သက်ပြင်းချလိုက်တယ်..။
‘ငါကတော့ ခန့်ညားတဲ့ လူတစ်ယောက် ဖြစ်မလာနိုင်ဘူး ထင်တယ်…’
ယင်းနောက်မှာတော့ ဆန်နီ က အိပ်မက်ဆိုး ကို ရိုင်နို ရဲ့ ခေါင်းမိုးပေါ်ကို တိုက်ရိုက် ဆင့်ခေါ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပဲ နှစ်သိမ့်ခြင်းပြစ်ဒဏ် နဲ့ [စျေးကြီးသောကုန်းနှီး] ကိုလည်း ခေါ်ယူလိုက်ပါတယ်..။
မကြာခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်းနက်ကြီးက သူ့ရှေ့မှာ မတ်တတ်ရပ်နေခဲ့ပြီး သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ရက်စက်တဲ့ မီးတောက်တွေနဲ့ တောက်လောင်နေခဲ့တယ်..။ အိပ်မက်ဆိုး က ဟိန်းဟောက်လိုက်တာကြောင့် ဝံပုလွေတစ်ကောင်ရဲ့ သွားတွေနဲ့ တူလှတဲ့ သတ္တုအစွယ် နှစ်တန်းက ပေါ်ထွက်လာခဲ့ပါတယ်..။ သူက အိပ်ရေးဝနေခဲ့ပုံရပြီး အခုတော့ သားရဲအချို့ကို ဆွဲဖြဲပစ်ဖို့ ဆာလောင်နေခဲ့တာပါ..။
မြင်းရိုင်းကြီးရဲ့ မာကျောတဲ့ ဦးချိုတွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ လရောင်က လင်းလက် နေခဲ့တယ်..။
“မစိုးရိမ်နဲ့.. မင်း သောင်းကျန်းဖို့ အခွင့်အရေးက ခနနေရင် ရတော့မှာ..”
ဆန်နီ က မြင်းနက်ကြီးရဲ့ ကျောပေါ်ကို ကုန်းနှီး အမြန်တင်ပြီး နေရာတကျ ဖြစ်အောင် ချည်နှောင်လိုက်ပါတယ်..။ အဲ့အချိန်မှာပဲ ဆမ်မာရာ ရဲ့ ရိုင်ဖယ်သေနတ်က မြည်ဟည်းသွားခဲ့ပြီး တောက်ပတဲ့ ကျည်တစ်တောင့်ကို အမှောင်ထုထဲ ပစ်လွှတ်လိုက်တယ်..။ သားရဲတွေရဲ့ အော်ဟစ်သံတွေကလည်း ပြန်လည်
ထွက်ပေါ်လာခဲ့ပါတယ်..။
သူ ကျိန်ဆဲလိုက်ရင်း နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ဓားရိုးကို ဆွဲကိုင်ကာ ကုန်းနှီးပေါ်ကို ခုန်တက်လိုက်တယ်..။
ဆန်နီ က မျက်လုံးတွေကို ခနလောက် မှိတ်လိုက်တဲ့ အချိန်မှာပဲ တီးတိုးသံတွေက သူ့ရဲ့ စိတ်ဝိဥာဉ်ကို တိုက်ခိုက်လာတာကို ခံစားလိုက်ရပါတယ်..။အထူးသဖြင့် ဒီနေ့မှာတော့ တီးတိုးသံတွေက ပိုပြီး ရှင်းလင်းနေခဲ့တာပါ..။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အရှေ့ကို စိုက်ကြည့်ကာ အိပ်မက်ဆိုး ကို အရှိန်ပြင်းပြင်း မောင်းနှင်လိုက်တယ်..။
မြင်းနက်ကြီးက အရှေ့ကို ခုန်တက်လိုက်ပြီး ရိုင်နို ရဲ့ ခေါင်းမိုးပေါ်ကနေ ခုန်ချလိုက်ပါတယ်..။
…သံချပ်ကာယာဉ်ကြီးရဲ့ အတွင်းထဲမှာတော့ လူစတာ က သူ့ခေါင်းပေါ်တည့်တည့်မှာ တုန်ခါသွားတဲ့ မာကျောတဲ့ ခွာသံတွေကြောင့် တွန့်ဆုတ်ခဲ့ရပြီး.. လည်ပင်းကို မော့ကာ ခုန်ပျံသွားတဲ့ မြင်းရဲ့ လျင်မြန်တဲ့ ပုံသဏ္ဌာန်ကို စိုက်ကြည့်လိုက်ပါတယ်..။
“အား.. ဘယ်လိုငရဲမျိုးလဲ..”
သူက ခနလောက် ငြိမ်သက်သွားပြီးမှ စိတ်လှုပ်ရှားတဲ့ အသံနဲ့ ထပ်ပြောလိုက်တယ်..။
“ချီးပဲ သောက်ရမ်း ခန့်ညားလွန်းတယ်..”
ဆန်နီကတော့ သားရဲအုပ်ကြီးဆီကို အရှိန်နဲ့ ကျဆင်းသွားစဉ်မှာပဲ နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ဓားရိုးကို ပိုပြီး တင်းကျပ်စွာ ဆွဲကိုင်လိုက်တယ်။ပြီးတာနဲ့..သေဆုံးခြင်း ဆန္ဒ ထဲကို ဝိဥာဉ်အဆီအနှစ်တွေ လောင်းထည့်ကာ သူ့ရဲ့ တစ်ခုတည်းသော တိုးမြှင့်မူ ကို အသက်သွင်းလိုက်ပါတယ်..။
‘ဒီကောင်တွေကို စစ်မှန်တဲ့ ကြောက်ရွံ့မူ က
ဘာလဲ ဆိုတာသိသွားအောင် သင်ပေးလိုက်ရအောင်.. အိပ်မက်ဆိုး..’
အပိုင်း ( ၉၅၀ ) ပြီး၏။