← Chapters

အခန်း ၉၅၁

Vol. 64 Ch. 951

အခန်း ၉၅၁

Vol. 64 Ch. 951

အပိုင်း ( ၉၅၁ ) ကင်းလှည့်သူ

အိပ်မက်ဆိုး ဟာ ပြေးလွှားနေတဲ့ သားရဲအုပ်ကြီးနဲ့ မီတာတစ်ရာလောက် ဝေးတဲ့ အဝေးပြေးလမ်းမကြီးရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး.. အရှိန် လုံးဝမလျှော့ဘဲ ရှေ့ကို ဒုန်းစိုင်းပြေးသွားခဲ့တယ်..။ မြင်းနက်ကြီးရဲ့

ခွာသံတွေက အေးစက်တဲ့ ကွန်ကရစ်ပေါ်မှာ မြည်ဟည်းနေစဉ်မှာပဲ.. လေပြင်းတွေက ဆန်နီ ရဲ့ နားထဲမှာ တဝူးဝူး အော်ဟစ်နေခဲ့ပါတယ်..။

ဆန်နီ ရဲ့ မျက်နှာပေါ်မှာရက်စက်တဲ့ အပြုံးတစ်ခုက သူ့အလိုလို ပေါ်ပေါက်လာခဲ့တယ်..။

‘ငါ အသိစိတ်လွတ်သွားတာပဲ ဖြစ်ရမယ်…’

ရာနဲ့ချီတဲ့ အိပ်မက်ဆိုး သားရဲလှိုင်းကြီးထဲကိုခေါင်းစိုက်ပြီး တိုးဝင်ရတာက ပျော်စရာ ကိစ္စမဟုတ်ပေမယ့်.. ဘာကြောင့်မှန်းမသိ သူ စိတ်လှုပ်ရှားမှုကို ခံစားနေရပါတယ်..။ ဒါက သူ့ကို သိမ်မွေ့စွာ လွှမ်းမိုးနေတဲ့ ကျိန်စာသင့်ကျောက်စိမ်းဓားရဲ့ တီးတိုးသံတွေ ကြောင့် ဖြစ်နိုင်သလို..

ဒါမှမဟုတ်.. သတ်ဖြတ်မူတွေကို ထိတွေ့ချင်နေတာက အိပ်မက်ဆိုး တစ်ကောင်တည်း မဟုတ်တာကြောင့်လည်း ဖြစ်နိုင်တယ်..။ LO49 မှာ ကတည်းက ဆန်နီ အတွက် ဘာတစ်ခုမှ အဆင်မပြေခဲ့ပါဘူး..။ အရာအားလုံးရဲ့ ခါးသီးတဲ့ ဖိအားတွေက သူ့ကို စိတ်ပျက်မှုတွေ ဒေါသတွေနဲ့ လောင်မြိုက်စေခဲ့ပြီး.. အဲဒီဒေါသတွေကလည်း ထွက်ပေါက်တစ်ခုကို တမ်းတနေခဲ့တာ ဖြစ်ပါတယ်..။

အခုတော့.. သူက အဲဒီဒေါသတွေကို ဒီသောက်ကျိုးနဲ သားရဲတွေ အပေါ်မှာ ဖွင့်ချပစ်တော့မှာလား..။

“သေကြစမ်း..”

သေဆုံးခြင်း ဆန္ဒ ရဲ့ ဆွဲဆောင်မှုကြောင့် ရူးသွပ်သွားတဲ့ အိပ်မက်ဆိုး သတ္တဝါတွေထဲက ပထမဆုံးတစ်ကောင်ဟာ လေထဲကို ခုန်အုပ်လာခဲ့တယ်။.. သူ့ရဲ့ အစွယ်တွေက လရောင်အောက်မှာ လင်းလက်နေခဲ့ပါတယ်..။ ဆန်နီ က ဒီသားရဲကို ပိုင်းဖြတ်ပစ်ဖို့ ရှေ့ကို ကိုင်းညွတ်လိုက်ပေမယ့်.. သူ ဒီလို မလုပ်နိုင်ခင်မှာပဲ အိပ်မက်ဆိုး ရဲ့ သွားတွေက အတင်းကိုက်ခဲလိုက်ပြီး သားရဲရဲ့ လည်ချောင်းကို ဆွဲဖြဲပစ်လိုက်ပါတယ်..။ မြင်းနက်ကြီးက သူ့ရဲ့လည်ပင်းကို အပြင်းအထန် လွှဲယမ်းလိုက်တာကြောင့် တုန်ခါနေတဲ့ သားရဲရဲ့ ခန္ဓာကိုယ်ဟာ သားရဲတွေရဲ့ အုပ်စုထဲကို လွင့်စင်သွားခဲ့တယ်..။

…နောက်တစ်စက္ကန့်မှာတော့.. သူတို့က သားရဲအုပ်ကြီးထဲကို တိုးဝင်သွားခဲ့ကြပါပြီ..။

နှစ်သိမ့်ခြင်းပြစ်ဒဏ် ဟာ သတ္တဝါတွေကို တစ်ကောင်ပြီးတစ်ကောင် ပိုင်းဖြတ်နေခဲ့တယ်..။ အရိပ်တွေ ရစ်ပတ်ထားတဲ့ ဆန်နီ ဟာ အံ့ဩဖွယ် အရှိန်အဟုန်တွေ..တိကျမှုတွေနဲ့ တိုက်ခိုက်နေခဲ့ပြီး.. အနားကို ကပ်ဖို့ ကြိုးစားတဲ့ ဘယ်လို သားရဲတွေကိုမဆို တစ်စစီ ဖျက်ဆီးပစ်ခဲ့ပါတယ်..။ သူ့ပုံစံက လေဆင်နှာမောင်းတစ်ခုနဲ့ ဝန်းရံထားသလိုမျိုး ဖြစ်နေခဲ့တယ်..။ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ အသားတွေဟာ လှပတဲ့ဓားရှည် ရဲ့ အဖြူရောင် ဓားသွားပေါ်မှာ ရေလိုမျိုး ပြတ်တောက် သွားခဲ့ကြပါတယ်..။

အိပ်မက်ဆိုး ကလည်း ထိုနည်းတူစွာ အန္တရာယ်ရှိနေခဲ့တယ်..။ မြင်းနက်ကြီးက အရှေ့ကို ဒုန်းစိုင်းပြေးလွှားရင်း သတ္တဝါတွေကို သူ့ရဲ့အစွယ်တွေ.. ဦးချိုတွေ.. ခွာတွေနဲ့ သတ်ဖြတ်နေခဲ့ပါတယ်..။ အချို့က ဆွဲဖြဲခံလိုက်ရပြီး.. အချို့ကတော့ မြေပြင်ပေါ် လဲကျကာ နင်းခြေခံရပြီး သေဆုံးသွားခဲ့ကြတယ်..။ အချို့ကတော့ မြင်းကြီး ရဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ်နဲ့ ပြင်းထန်စွာ တိုက်မိပြီး ကျိုးပဲ့နေတဲ့ ရုပ်သေးရုပ်တွေလို ဘေးကို လွင့်စင်သွားခဲ့ကြပါတယ်..။ သူက သားရဲအုပ်ကြီးထဲကို ကြောက်ရွံ့မူ နိမိတ် တစ်ခုလိုမျိုး တိုးဝင်သွားခဲ့ပြီး.. သူ့ရဲ့နောက်ကွယ်မှာ သွေးစွန်းတဲ့ လမ်းကြောင်းတစ်ခုသာ ချန်ထားခဲ့တယ်..။

ဆန်နီ့ အတွက်တော့ အိပ်မက်ဆိုး ဟာအထူးသဖြင့် ဒီနေ့မှာ ပိုပြီး အသက်အန္တရာယ် ပေးနိုင်စွမ်း ရှိနေသလိုမျိုး ခံစားရပါတယ်..။ ဒါဟာ မြင်းနက်ကြီးရဲ့ ရှည်လျားတဲ့ အိပ်စက်ခြင်းကြောင့် ဖြစ်နိုင်သလို.. တိုးမြှင့်မူ တွေ..ဂဏ္ဍစွမ်းရည်တွေ.. နဲ့ စွမ်းရည်တွေရဲ့ အားကောင်းတဲ့ ပေါင်းစပ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဒါတွေက ကျယ်ပြန့်တဲ့ ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးကို ပြီးပြည့်စုံတဲ့ စစ်တလင်းတစ်ခု ဖြစ်စေခဲ့တာပါ..။

အိပ်မက်ဆိုး ရဲ့ အရှိန်.. ခွန်အား.. နဲ့ ခံနိုင်ရည်တွေက အမှောင်ထု နဲ့ အရိပ်တွေ ဝန်းရံထားတဲ့အချိန်မှာ ပိုမို အားကောင်းလာတတ်ပြီး..ဝင်ရိုးစွန်း ညဥ့်အချိန်​က ဒီနှစ်ခုလုံးကို အလုံအလောက် ပေးစွမ်းထားခဲ့တယ်..။အနက်ရောင် မြင်းရိုင်းကြီးရဲ့ စွမ်းအားက ကြောက်ရွံ့ခြင်း ခံရလေလေ ပိုမို ကြီးထွားလာလေလေ ပါပဲ.. ။လက်ရှိမှာတော့ သူ့ရဲ့ ကိုယ်ပိုင် ခြောက်လှန့်ခြင်း စွမ်းရည်နဲ့ နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ [ကြောက်ရွံ့မူ နိမိတ်] တိုးမြှင့်မူ နှစ်ခုလုံးက ရာနဲ့ချီတဲ့ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ စိတ်တွေကို မသိသာတဲ့ ထိတ်လန့်မှုတွေနဲ့ အဆိပ်ခတ်နေခဲ့ ပါတယ်..။

ဖြစ်နိုင်ချေ အရှိဆုံး အချက်ကတော့.. အိပ်မက်ဆိုး စွမ်းရည်က မြင်းနက်ကြီး အောင်နိုင်ခဲ့တဲ့ အိပ်မက်ဆိုးတွေ များပြားလာလေလေ ပိုမို အားကောင်းလာစေတာ ဖြစ်နိုင်ပါတယ်။.. အခုအချိန်မှာတော့ သူ့ရဲ့ အစေခံတွေအဖြစ် အသုံးတော်ခံနေတဲ့ အောင်နိုင်ပြီးသား အိပ်မက်ဆိုးတွေက ရာနဲ့ချီ ရှိနေခဲ့ပါပြီ..။

ဒီအချက်တွေ အားလုံးကို ကြည့်လိုက်ရင်.. ယာဉ်တန်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ သားရဲအုပ်ကြီးအနေနဲ့ ဒုက္ခပင်လယ်ဝေတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ပါပဲ..။

…ဒါပေမယ့်.. ဒါက မလုံလောက်သေးပါဘူး..။

ရွံရှာဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်တွေကို တစ်ခုပြီးတစ်ခု ဖျက်ဆီးတာတောင်.. ဆန်နီ က သူတို့ရှေ့မှာ သားရဲတွေ အများကြီး ရှိနေသေးတာကို မြင်နေခဲ့ရတယ်..။ လောလောဆယ်မှာတော့ အိပ်မက်ဆိုး နဲ့ သူက အရှိန်မပျက်ဘဲ သူတို့ရဲ့ သွေးစွန်းတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့ပေမယ့်.. လုံလောက်တဲ့ သားရဲပမာဏသာ ထပ်ရောက်လာမယ်ဆိုရင် ဒါက ပြောင်းလဲသွားဖို့ သေချာနေခဲ့ပါတယ်..။

သောင်းကျန်းနေတဲ့ မြင်းကြီး ရပ်တန့်သွားတာနဲ့.. သားရဲအုပ်ကြီးက သူတို့နှစ်ယောက်လုံးရဲ့ အပေါ်ကနေ မြှုပ်နှံပြီး လွှမ်းမိုးသွားနိုင်ခြေ ရှိနေခဲ့တယ်..။ ဆန်နီ နဲ့ အိပ်မက်ဆိုး ကတော့ ဒီလို ထောင်ချောက်ထဲကနေ အရိပ်တွေအဖြစ် ပြောင်းလဲပြီး လွတ်မြောက်နိုင်စွမ်းရှိပါတယ်။

ဒါပေမယ့်.. ဆန်နီ က နောက်ဆုံးမှာ သားရဲအားလုံးကို သတ်ပစ်နိုင်ရင်တောင်.. ဒါက အချိန်အများကြီး ပေးရမှာပါ..။ ပိုဆိုးတာက နောက်ထပ် အိပ်မက်ဆိုး သတ္တဝါတွေက ဒီရှုပ်ထွေးမှုထဲကို မလွဲမသွေ ရောက်လာမှာ ဖြစ်သလို.. ယာဉ်တန်းကလည်း သားရဲအုပ်ဆီ ရောက်ဖို့ ဆယ်စက္ကန့်ထက်မနည်းတော့တာပါပဲ..။

သူ့ရဲ့ ရည်ရွယ်ချက်က လမ်းမှာ ပိတ်ရပ်နေတဲ့ မုန်းတီးစရာ သတ္တဝါတွေကို သတ်ဖြတ်ဖို့ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကို ပြန်သတိပေးနေခဲ့ရတယ်..။ သူ့ရဲ့ ရည်မှန်းချက်က ပျက်စီးနေတဲ့ ယာဉ်တန်းကြီးအတွက် လမ်းရှင်းပေးဖို့ ဖြစ်ပြီး.. ခရီးသည်တွေအားလုံးကလည်း ဘေးကင်းရာဆီ ပို့ဆောင်ပေးဖို့ သူ့အပေါ်မှာပဲ မှီခိုနေကြတာပါ။

‘ချီးပဲ…’

အခုအချိန်မှာတော့ သားရဲအုပ်ရဲ့ အစိတ်အပိုင်း အများစုဟာ သေဆုံးခြင်း ဆန္ဒ ရဲ့ ဆွဲဆောင်မှုအောက်မှာ ရှိနေကြပါပြီ..။ သူတို့ အားလုံးရဲ့ စိတ်ထဲမှာ ဆန်နီ ကို တစ်စစီ ဆွဲဖြဲပစ်ဖို့ ဆိုတဲ့ အလိုဆန္ဒတစ်ခုပဲ ရှိနေခဲ့ကြတယ်..။သူက ဒါကို အခွင့်ကောင်းယူပြီး အိပ်မက်ဆိုး ကို ဘယ်ဘက်ကို ကွေ့ဖို့ အမိန့်ပေးလိုက်ကာ.. သမုဒ္ဒရာနဲ့

ပိုနီးကပ်တဲ့ နေရာဆီ ဦးတည်လိုက်ပါတယ်..။

မြင်းနက်ကြီးက တစ်ပတ်လှည့်လိုက်ပြီး သူ့ရဲ့ သတ်ဖြတ်ခြင်း လမ်းကြောင်းကို ပြောင်းလဲလိုက်ပေမယ့်.. မကြာခင်မှာပဲ လက်သည်းတွေ.. အစွယ်တွေ.. စုပ်ခွက်လက်ချောင်းတွေ.. နဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေရဲ့ ပိတ်ဆို့ထားတဲ့ နံရံကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ်..။

ဆန်နီ ဟာ နှစ်သိမ့်ခြင်းပြစ်ဒဏ် နဲ့ သားရဲတွေကို တစ်ကောင်ပြီးတစ်ကောင် ရှင်းလင်းနေခဲ့ပေမယ့်.. သူတို့အရှေ့က သားရဲထုကြီးကတော့ အလွန်အမင်းကို များပြားလွန်းနေသလိုပါပဲ..။

ဒါပေမယ့် အိပ်မက်ဆိုးရဲ့ အတွေးအခေါ် ကတော့ ကွဲပြားပုံရပါတယ်..။ သူက တူညီတဲ့ အရှိန်နဲ့ ရှေ့ကို ဆက်သွားရင်း.. နှာမှုတ်လိုက်ပြီးအားပြင်းတဲ့ ခုန်ကျော်မူတစ်ခုကို လုပ်ဆောင်လိုက်တယ်..။ သူ့ရဲ့ ခွာတွေက သားရဲအုပ်ကြီးထဲကို ကျရောက်သွားခဲ့ပြီး ဦးခေါင်းအချို့ကို နင်းခြေလိုက်တယ်။ပြီးတာနဲ့.. အဲဒီ သွေးစွန်းနေတဲ့ အသားစတွေကိုပဲ ဒုတိယအကြိမ် ခုန်ပျံဖို့အတွက် ခြေကုပ်ယူကာ အသုံးပြုလိုက်ပါတယ်..။

အိပ်မက်ဆိုး သတ္တဝါတွေက မြင်းနက်ကြီးရဲ့ ဝမ်းဗိုက်ကို မဆွဲဖြဲနိုင်ခင်မှာပဲ.. သူတို့ နှစ်ယောက်လုံးက သားရဲအုပ်ရဲ့ အပြင်ဘက်.. အဝေးပြေးလမ်းမကြီးနဲ့ လှိုင်းလုံးကြီးတွေကြားက ကျဉ်းမြောင်းတဲ့ မြေကွက်လပ်ပေါ်ကို ရောက်နေကြပါပြီ..။

ဆန်နီဟာ တုန်လှုပ်မှုကို ထိန်းချုပ်ရင်း.. အိပ်မက်ဆိုး ကို သမုဒ္ဒရာနဲ့ ပိုမိုနီးကပ်တဲ့ နေရာဆီ သွားခိုင်းလိုက်တယ်။.. ရေတိမ်ပိုင်းနားအထိ ရောက်သွားခဲ့တာကြောင့် မြင်းနက်ကြီးရဲ့ ခြေလှမ်းတိုင်းမှာ အေးစက်တဲ့ ရေပန်းတွေက လွင့်စင်နေခဲ့ပါတယ်..။

မျှော်လင့်ထားတဲ့အတိုင်းပဲ.. သားရဲအုပ်ကြီးက ကြောက်မက်ဖွယ် မြင်းနက်ကြီးနဲ့ သူ့ရဲ့ မြင်းစီးသူနောက်ကို အပြင်းအထန် လိုက်လံ တိုက်ခိုက်ခဲ့ကြတယ်..။ သားရဲအုပ်ကြီးက အဝေးပြေးလမ်းမကြီးပေါ်ကနေ ဆင်းလာပြီး သူတို့ကို ပြန်လည် ဝိုင်းရံဖို့အတွက် ရှေ့တွေ နောက်တွေကို ရောက်လာခဲ့ကြပါတယ်..။

…စီစဉ်ထားတဲ့အတိုင်းပဲ..။

ဒီလောက်များပြားတဲ့ သားရဲတွေက လမ်းပေါ်ကနေ ထွက်ခွာသွားတာကြောင့်.. ယာဉ်တန်းဖြတ်သန်းဖို့အတွက် အခွင့်အရေး ရရှိသွားခဲ့တယ်..။ လူစတာ က ရိုင်နို ကို ရထားလမ်းနဲ့ လမ်းမကြီးကို ပိုင်းခြားထားတဲ့ အတားအဆီးကို ဝင်တိုက်ခိုင်းလိုက်ပြီး.. တောင်စောင်းတွေအတိုင်း ရှေ့ကို ဆက်လက် မောင်းနှင်လိုက်တယ်။သူက. ကျန်ရှိနေတဲ့ သားရဲအချို့ကိုလည်း ဝင်တိုက် သွားခဲ့ပါသေးတယ်..။ ယာဉ်တန်းကြီးက နောက်ကနေ လိုက်ပါသွားခဲ့ပြီး.. အထူးတပ်ဖွဲ့ တွေကလည်း သူတို့ တတ်နိုင်သမျှ လမ်းကြောင်းရှင်း ပေးခဲ့ကြပါတယ်..။

ဆန်နီ ညာဘက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ သားရဲအုပ်ကြီးရဲ့ နောက်ကွယ်မှာရှိတဲ့ သံချပ်ကာယာဉ်ကြီးရဲ့ ပုံရိပ်က အရှိန်ပြင်းပြင်း မောင်းနှင်သွားတာကို တွေ့မြင်လိုက်ရပါတယ်..။ သူ သက်ပြင်းချလိုက်ပြီး.. သားရဲတွေ သူတို့အပေါ်မှာပဲ အာရုံစိုက်နေစေဖို့ နဲ့ ယာဉ်တန်း အေးအေးဆေးဆေး ကျော်တက်နိုင်ဖို့အတွက် အိပ်မက်ဆိုး ကို အရှိန်လျှော့ခိုင်းလိုက်တယ်..။

မကြာခင်မှာပဲ.. သားရဲအုပ်ကြီးက သူတို့အပေါ်ကို ကျဆင်းလာခဲ့ကြပါတယ်..။ ဆန်နီ နဲ့ အိပ်မက်ဆိုး တို့ဟာ နတ်ဆိုး တွေလိုမျိုး တိုက်ခိုက်ခဲ့ကြပြီး သားရဲ အမြောက်အမြားကို သတ်ဖြတ်ခဲ့ကြတယ်..။ အရိပ် ကတော့ ကြောက်မက်ဖွယ် နည်းလမ်းနဲ့ သတ်ဖြတ်ခဲ့ပြီး.. သူ့ရဲ့ သခင်ကတော့ တောက်ပတဲ့ ကျောက်စိမ်းဓားသွား နဲ့ သတ်ဖြတ်ခဲ့တာပါ..။ ဖြည်းဖြည်းချင်း ဆိုသလိုပဲ သူတို့ရဲ့ ပတ်ပတ်လည်မှာ အလောင်းပုံကြီးက ကြီးထွားလာခဲ့တယ်။.. ရန်သူအသစ်တွေကတော့ သူတို့ဆီကို ခုန်အုပ်ဖို့ ခက်ခဲသွားစေခဲ့ပါတယ်..။

ဒီတိုက်ပွဲပြီးရင်တော့.. အိပ်မက်ဆိုး ဟာ နောက်ပိုင်းမှာ ရိတ်သိမ်းဖို့အတွက် ကြောက်ရွံ့မှုရဲ့ မျိုးစေ့ အမြောက်အမြားကို စိုက်ပျိုးနိုင်ခဲ့မှာပါ။ဒီအတွက်တော့.. ဆန်နီ လုံးဝ သံသယမရှိပါဘူး..။

သို့ပေမယ့် ဒီလိုဆိုရင်တောင်.. သူတို့ရဲ့ ကံကောင်းမူတွေက ကုန်ဆုံးသွားခဲ့ပါပြီ..။

အချိန်တစ်ခုမှာတော့.. သူတို့ကို ဖိနှိပ်ထားတဲ့ သားရဲအုပ်ကြီးက ပြန်လည် ခုခံဖို့အတွက် အရမ်းကို များပြားလာခဲ့တယ်..။ အလောင်းပုံကြီးက အန္တရာယ်ရှိစွာ ယိမ်းထိုးနေခဲ့ပြီး အိပ်မက်ဆိုး ရော ဆန်နီ ကိုပါ မြှုပ်နှံပစ်ဖို့ ခြိမ်းခြောက်နေခဲ့တာပါ။သတ္တဝါအသစ်တွေက သူတို့အပေါ်ကို ရေလွှမ်းမိုးမှု တစ်ခုလိုမျိုး ကျဆင်းလာနေခဲ့တယ်..။ သူတို့ရဲ့ နောက်ဘက်မှာတော့..အနက်ရောင် သမုဒ္ဒရာကြီးက တဝုန်းဝုန်း မြည်ဟည်းနေခဲ့ပြီး ဆုတ်ခွာမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ပါတယ်..။

အိပ်မက်ဆိုး သားရဲ့ လှိုင်းလုံးကြီးက

သူတို့အပေါ်ကို မကျရောက်ခင် အချိန်လေးမှာပဲ…မြင်း နဲ့ မြင်းစီးသူဟာ ပျောက်ကွယ်သွားခဲ့ကြတယ်။သူတို့က.. ဖမ်းဆုပ်ရခက်ခဲတဲ့ အရိပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြတာပါ။

သူတို့တွေက အမှောင်ထုရဲ့ ပွေ့ဖက်မှုနဲ့အတူ.. သားရဲအုပ်ကြီး ဘေးကနေ ဖြတ်သန်းသွားကြစဉ်မှာပဲ.. ရူးသွပ်ဖွယ် သံစဥ်တွေက ညအချိန်မှာ ထွက်ပေါ်လာပါတော့တယ်။

အပိုင်း ( ၉၅၁ ) ပြီး၏။

All Chapters