← Chapters

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂

Vol. 64 Ch. 952

အပိုင်း ( ၉၅၂ )ပုန်းကွယ်နေတဲ့ သားရဲကြီး

မှောင်မိုက်ပြီး လူသူကင်းမဲ့နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာတော့.. အနက်ရောင် မြင်းရိုင်းကြီးနဲ့ မြင်းစီးသူဟာ အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ ကြံ့ခိုင်လှတဲ့ ခွာသံတွေက ကွန်ကရစ်လမ်းပေါ်မှာ မြည်ဟည်းနေစဉ်မှာပဲ.. သူတို့ဟာ ကျဆင်းနေတဲ့ နှင်းပွင့်တွေကြားထဲကနေ ဒုန်းစိုင်းပြေးလွှားနေခဲ့ပါတယ်။ယင်းနောက် ပျက်စီးယိုယွင်းနေတဲ့ ယာဉ်တန်းလေးဆီကို မကြာခင်မှာပဲ မှီသွားခဲ့ကြတယ်..။

ဆန်နီက သယ်ယူပို့ဆောင်ရေးယာဉ်တွေကို

တစ်စီးပြီးတစ်စီး ကျော်တက်ရင်း.. သူတို့ရဲ့ အခြေအနေကို အကဲခတ်လိုက်တယ်..။ ယာဉ်တန်းဟာ သူတို့သွားရမယ့် ခရီးစဉ်ရဲ့ တစ်ဝက်လောက်ကို ရောက်ရှိနေပြီဖြစ်ပြီး.. ဘယ်ယာဉ်မှတော့ ပျက်စီးသွားတာမျိုး မရှိသေးပါဘူး..။ အခြေအနေကတော့ အခုထိ အဆင်ပြေနေဆဲပါပဲ..။ ယာဉ်တိုင်းက အသားကြိတ်စက်ထဲ ဖြတ်သန်းလာခဲ့ရသလိုမျိုး ပျက်စီးနေပေမယ့်.. စက်ပြင်ဆရာတွေ ရဲ့ ကြိုးပမ်းမူတွေကြောင့်လမ်းမပေါ်မှာ ဆက်လက် မောင်းနှင်နိုင်အောင် ထိန်းထားပေးနိုင်ခဲ့ပါတယ်..။

ဒီအတိုင်းပဲ ဆက်ပြီး အဆင်ပြေသွားဖို့ သူ မျှော်လင့်နေခဲ့မိတယ်..။

သူ့ရဲ့ စစ်သည်တွေကလည်း အိပ်မက်ဆိုး သတ္တဝါတွေကို ခုခံကာကွယ်တဲ့နေရာမှာ အလုပ် ကောင်းကောင်းလုပ်နေကြပါတယ်..။ သူ မရှိတဲ့အချိန်မှာ ယာဉ်တန်းကို ဘယ်အရာကမှ တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါဘူး..။ ဒုက္ခသည်တွေအားလုံးလည်း ဘေးကင်းကြပါတယ်..။

ဆန်နီဟာ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကို လှမ်းကြည့်ရင်း..ဂီရီ ဆီကို ဆက်သွယ်လိုက်တယ်..။

“ခင်ဗျားတို့ဆီမှာ ခဲယမ်း ဘယ်လောက်ကျန်သေးလဲ ဆာဂျင်..”

ဝင်ရောက်စွက်ဖက်နေတဲ့ အသံတွေကြားထဲကနေ တုံ့ပြန်မှု ရောက်ရှိလာခဲ့တယ်..။

“ကပ္ပတိန်.. ပြန်ရောက်လာတာ.. ဝမ်းသာ.. ပါတယ်.. လုံလောက်.. ဒါမှမဟုတ်.. နှစ်ခု.. ကုန်သလောက်.. ဖြစ်နေပါပြီ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။ဆက်သွယ်ရေးစနစ်ရဲ့ အရည်အသွေး ပိုမိုဆိုးရွားလာတာက အဓိပ္ပာယ် တစ်ခုပဲ ရှိနိုင်ပါတယ်..။ သူတို့က အားကောင်းတဲ့ ထွက်ပေါက် တစ်ခုနားကို ချဉ်းကပ်နေကြတဲ့ ပုံပါပဲ..။

သူက ခေါ်သံ ကို အာရုံခံဖို့အတွက် ခနလောက် အာရုံစိုက်လိုက်တဲ့အခါမှာတော့ အဲ့အသံက တဖြည်းဖြည်းနဲ့ ပိုမိုကျယ်လောင်လာတာကို ခံစားလိုက်ရပါတယ်..။

‘ချီးတဲ့မှပဲ…’

ဆန်နီ စိတ်ပျက်လက်ပျက်နဲ့ အိပ်မက်ဆိုး ကို ရှေ့ကို သွားခိုင်းလိုက်တယ်။.. မကြာခင်မှာပဲ

ရိုင်နို နဲ့ ယှဉ်တွဲပြီး ယာဉ်တန်းရဲ့ ရှေ့ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်..။ သူက သံချပ်ကာယာဉ်ကို အာရုံစိုက် မောင်းနှင်နေတဲ့ လူစတာ ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး.. အရှေ့ဘက်က အမှောင်ထုထဲကို စူးစိုက်ကြည့်လိုက်ပါတယ်..။

လောလောဆယ်မှာတော့ လမ်းပေါ်မှာ ပိတ်ဆို့နေတဲ့ သတ္တဝါတွေက မော်ဂန်ရဲ့ စစ်ပွဲလေး ကို ပြန်ခေါ်ရလောက်အောင် အများကြီး မရှိသေးပါဘူး..။ထပ်တူညီမူ သားရဲကြီး နဲ့ ဘလက်ကီတို့ တို့က သူတို့ကို ရှင်းလင်းဖို့အတွက် လုံလောက်ပါတယ်..။ သို့ပေမယ့် ကီလိုမီတာ အနည်းငယ်ဝေးကွာတဲ့.. ဝင်ရိုးစွန်း ညဥ့်ရဲ့ အမှောင်ထုထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုရဲ့ အရိပ်အယောင်ကို ဆန်နီ မြင်တွေ့လိုက်ရတယ်..။

အဲ့နေရာမှာတော့ လက်ရှိကမ္ဘာထဲမှာ အက်ကွဲကြောင်းတစ်ခု ရှိနေခဲ့ပြီး.. အဝေးကနေ ကြည့်ရင် သေးငယ်ပြီး အရေးမပါသလို ထင်ရပေမယ့် အနီးကပ်ဆိုရင်တော့ အတော်လေး ကျယ်ပြန့်ပြီး မြင့်မားနေခဲ့တယ်တယ်။ဒါက.. အဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်း အများစုကို ပိတ်ဆို့ထားခဲ့ပါတယ်..။

ဒါကတော့ အိပ်မက်ဆိုး ထွက်ပေါက် တစ်ခု ပါပဲ..။

မေးခွန်းကတော့.. ဒီထွက်ပေါက် ပေါ်လာတာ ဘယ်လောက်ကြာပြီလဲ ဆိုတာပါပဲ..။

ဒီအဖြေအပေါ် မူတည်ပြီး.. ထွက်ပေါက်ကနေ နိုးထခြင်းကမ္ဘာထဲကို ရောက်ရှိလာတဲ့ သားရဲတွေဟာ သားကောင်တွေကို ရှာဖွေဖို့ အဝေးကို လှည့်လည်သွားခဲ့ကြပြီလား.. ဒါမှမဟုတ် ဒီပတ်ပတ်လည်မှာပဲ ရှိနေသေးတာလား ဆိုတာ ကွဲပြားသွားစေမှာပါ.။

‘စမ်းကြည့်မှပဲ သိရတော့မှာပေါ့..’

ဆန်နီဟာ ရိုင်နို ရဲ့ အမိုးပေါ်ကို ပြန်တက်ဖို့ စိတ်မလောသေးတာကြောင့် ကုန်းနှီးပေါ်မှာပဲ ဆက်ရှိနေခဲ့တယ်။.သူ့ရဲ့ လက်တစ်ဖက်မှာတော့ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ကိုင်ဆောင်ထားခဲ့ပါတယ်..။ သူက လျင်မြန်စွာ ချဉ်းကပ်လာနေတဲ့ ထွက်ပေါက် ကို စိုက်ကြည့်ရင်း.. အဝေးပြေးလမ်းမကြီးပေါ်မှာ ဒါမှမဟုတ် အနီးနားက တောင်စောင်းပေါ်မှာ.. ဒါမှမဟုတ် မှောင်မိုက်တဲ့ သမုဒ္ဒရာရဲ့ အေးစက်တဲ့ ရေပြင်ထဲမှာ ပုန်းကွယ်နေနိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေ ရှိမရှိကိုသတိပြုမိဖို့ ကြိုးစားနေခဲ့ပါတယ်..။

ရေထဲမှာလည်း ရန်သူမရှိသလို.. လမ်းပေါ်မှာလည်း ရန်သူတစ်ကောင်မှ မရှိပါဘူး..။ သို့ပေမယ့် တောင်စောင်းတွေကတော့ ဘာကြောင့်မှန်းမသိ သူ့ကို လေးလံစေသလို ခံစားနေရပါတယ်..။ ဆန်နီ ဟာ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ပြီး သူ ဘာကို သတိမထားမိတာလဲဆိုတာကို နားလည်ဖို့ အဝေးပြေးလမ်းမကြီး အထက်က ကျောက်ဆောင်တွေကို လေ့လာလိုက်တယ်..။ သူတို့ရဲ့ ပုံသဏ္ဍာန်က အနည်းငယ် ပုံမှန်မဟုတ်ပေမယ့် ဘယ်လို လှုပ်ရှားမှုကိုမှ သူ မမြင်ရပါဘူး..။

ယင်းနောက်မှာတော့ ဒီတောင်စောင်းကြီးက လှုပ်ရှားလာပြီး ခြေလက်တွေကို ဆန့်ထုတ်ကာ အဝေးပြေးလမ်းမကြီးဘက်ကို မျက်နှာမူလာတာကို တွေ့လိုက်ရတယ်။

ဆန်နီ ကြောက်လန့်တကြားနဲ့ ကျိန်ဆဲလိုက်မိပါတယ်။

ဆယ်မီတာလောက် မြင့်မားတဲ့ ဒီသတ္တဝါကြီးက အတော်လေးကို ကြီးမားနေခဲ့တာပါ..။ သူ့ရဲ့ ကြမ်းတမ်းပြီး မညီညာတဲ့ ကြေးခွံက တောင်ပေါ်က ကျောက်တုံးတွေနဲ့ ဆင်တူပြီး.. သူ့ရဲ့ အဆစ်တွေပါတဲ့ ခြေထောက် ရှစ်ချောင်းကတော့ ကျယ်ပြန့်တဲ့ တိုင်လုံးကြီးတွေနဲ့ တူညီနေခဲ့တယ်..။ ဒီသတ္တဝါက ကျောကုန်းပေါ်မှာ ပျားအုံကြီးတစ်ခု ကပ်နေတဲ့ ပင့်ကူဘီလူးကြီး တစ်ကောင်နဲ့ တူနေခဲ့ပြီး.. ကျောကုန်းရဲ့ မှောင်မိုက်တဲ့ အပေါက်တွေထဲမှာတော့ နီရဲနေတဲ့ မျက်လုံးအိမ် သေးသေးလေးတွေ ရာနဲ့ချီပြီး တောက်လောင်နေခဲ့ပါတယ်..။

ဆန်နီ့ ရဲ့ ပါးစပ်တွေ ခြောက်ကပ်သွားခဲ့တယ်..။

‘…တိုင်းရန့် တစ်ကောင်ပဲ..’

သူက ဒီသတ္တဝါရဲ့ အဆင့်ကို မသိပေမယ့်.. ဒါက တိုင်းရန့် တစ်ကောင် ဖြစ်နိုင်ပါတယ်..။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အစေခံ နောက်လိုက် တပ်ဖွဲ့ကြီးတစ်ခုကို သယ်ဆောင်ထားတာလည်း ဖြစ်နိုင်တာပါပဲ..။ သားရဲကြီးရဲ့ ကြီးမားလှတဲ့ အရွယ်အစား တစ်ခုတည်းနဲ့တင် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေမယ့်.. ပိုပြီး သေးငယ်တဲ့ သတ္တဝါတွေက ဘယ်လောက်တောင် အားကောင်းပြီး အရေအတွက် များပြားမလဲဆိုတာ ခန့်မှန်းဖို့မလွယ်ပါဘူး..။

အဆိုးဆုံးကတော့.. ယာဉ်တန်းက အဲဒီသတ္တဝါဆီ ဦးတည်ပြီး မောင်းနှင်သွားဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတာပါပဲ..။

ဆန်နီဟာ ရိုင်နို ကို ကျော်တက်ရင်း..အံကို ကြိတ်လိုက်မိတယ်..။ သူ့ရဲ့ စိတ်တွေက ရှုပ်ထွေးနေခဲ့ပြီး.. ကျိန်စာသင့်ဓားရဲ့ တီးတိုးသံတွေကလည်း သူ့ကို စဉ်းစားရ ခက်ခဲနေစေခဲ့ပါတယ်။

‘ငါ ဒီကောင်ကို ဘယ်လို ကိုင်တွယ်ရမှာလဲ…’

သူတို့က ထွက်ပေါက် နဲ့ အစောင့်အကြပ် သတ္တဝါ ဆီကို မရောက်ခင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ကျန်တော့တာကြောင့်.. ဒါက သူ အဖြေတစ်ခု ရှာဖွေဖို့ ရရှိထားတဲ့ အချိန်ပါပဲ..။

ဆန်နီ ဟာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုတွေကို လျင်မြန်စွာ စဉ်းစားလိုက်တယ်..။ သူက အိပ်မက်ဆိုး ကို ရှေ့ကို အပြင်းနှင်ခိုင်းပြီး

တိုင်းရန့် ကို သူ့ရဲ့ အားအကောင်းဆုံး လက်နက်ဖြစ်တဲ့ နှစ်သိမ့်ခြင်းပြစ်ဒဏ် နဲ့ တိုက်ခိုက်ကာ.. သတ္တဝါကို ဒဏ်ရာရအောင်.. သေဆုံးအောင်.. ဒါမှမဟုတ် လမ်းမပေါ်ကနေ ဝေးရာကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နိုင်ပါတယ်..။

ပင့်ကူဘီလူးကြီးရဲ့ အဆင့် ပေါ် မူတည်ပြီး.. ဒါက အလွန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဒါမှမဟုတ် လုံးဝ ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက် တစ်ခု လည်း ဖြစ်သွားနိုင်တာပါ..။

ဒါမှမဟုတ်.. သူက လေးကို ဆင့်ခေါ်ပြီး ပြင်းထန်လှတဲ့ [ သေဆုံးခြင်းကုန်သည် ] တိုးမြှင့်မူ ကို အသုံးပြုကာ.. တိုင်းရန့် ကို နေရာတင် ပြင်းထန်တဲ့ ဒဏ်ရာရရှိစေဖို့ ဒါမှမဟုတ် ချက်ချင်း သတ်ပစ်ဖို့ ကြိုးစားနိုင်ပါတယ်..။ အစေခံ နောက်လိုက်တွေကိုတော့ မိုးကြိုးလျှပ်စီး ပတ်ခတ်မူ နဲ့ ဆက်တိုက် တိုက်ခိုက်ရင် ကိုင်တွယ်နိုင်လောက်မှာပါ..။

ဒါပေမယ့် ဒီနည်းလမ်းသာ အလုပ်မဖြစ်ခဲ့ရင်.. သူက ယာဉ်တန်းတစ်ခုလုံးကို စွန့်စားရပါလိမ့်မယ်။

‘ချီးတဲ့မှပဲ..’

ဆန်နီ က အိပ်မက်ဆိုး ကို တိုင်းရန့်ဆီ အပြင်းနှင်ဖို့ အမိန့်ပေးတော့မယ့် အချိန်မှာပဲ.. ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်..။

ချဉ်းကပ်လာတဲ့ လူသား ယာဉ်တန်းတွေကို ရက်စက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေတဲ့ ပင့်ကူဘီလူးကြီးဟာ ချက်ချင်းဆိုသလို ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီး.. နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်ခွာသွားခဲ့ပါတယ်..။ ပြီးတာနဲ့

ဒီသတ္တဝါက လှည့်ထွက်သွားခဲ့ပြီး တောင်ဘက်ဆီကို အမြန်ပြေးသွားကာ.. သူ့ရဲ့ ရှည်လျားပြီး သန်မာတဲ့ ခြေထောက်တွေနဲ့ တောင်စောင်းပေါ်ကို တက်သွားခဲ့တယ်..။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့.. သူက အဝေးပြေးလမ်းမကြီးနဲ့ ဝေးကွာသွားခဲ့ပါတယ်။သူ ဖြတ်သန်းသွားတဲ့ နေရာကနေသာ ကြီးမားတဲ့ ကျောက်တုံးကြီးတွေ အောက်ကို လိမ့်ကျနေခဲ့တယ်..။

ဒါက တိုင်းရန့်ကြီး အနေနဲ့ အဝေးကို ထွက်ပြေးသွားတဲ့အတိုင်း ပါပဲ..။

မျှော်လင့်မထားတဲ့ အခြေအနေကြောင့် ဆန်နီ ဟာ အံ့ဩမှင်သက်စွာနဲ့ မျက်တောင်ခတ်လိုက်မိတယ်..။ သူ့အရှေ့က အဝေးပြေးလမ်းမကြီးကတော့ ရှင်းလင်းနေခဲ့ပြီး.. လမ်းရဲ့ အလယ်ပိုင်းမှာ တုန်ခါနေတဲ့ ထွက်ပေါက်ရဲ့ အက်ကွဲကြောင်းပဲ ရှိပါတော့တယ်..။

‘ဘယ်လို ငရဲမျိုးလဲ..’

တိုင်းရန့်ကြီးက တစ်ခုခုဆီကနေ.. ထွက်ပြေးသွားတာနဲ့ ဘာကြောင့် တူနေရတာလဲ..။

ဆန်နီ က ဒီသတင်းအချက်အလက်အသစ်ကို မစဉ်းစားနိုင်ခင်မှာပဲ.. အေးစက်တဲ့ တုန်လှုပ်မှုတစ်ခုက သူ့ရဲ့ ကျောရိုးတောက်လျှောက် ဖြတ်သန်းသွားခဲ့တယ်။သူ့ရဲ့ ဆံပင်တွေကလည်း ထောင်မတ်မလို ဖြစ်သွားခဲ့ရပါတယ်..။ သူ တစ်ခါမှ မခံစားခဲ့ဖူးတဲ့ အန္တရာယ်နဲ့ ကြောက်ရွံ့မှုက သူ့ရဲ့ စိတ်ထဲမှာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်..။

သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရင်း.. သမုဒ္ဒရာဘက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့.. အေးစက်တဲ့ ရေနက်ပိုင်းထဲကနေ ကြီးမားတဲ့ အနက်ရောင် အရိပ်ကြီး တစ်ခုက မြင့်တက်လာတာကို ဆန်နီ ခံစားလိုက်ရပါတယ်..။

လှိုင်းလုံးတွေက နောက်ကို မီတာအနည်းငယ်လောက် ဆုတ်ခွာသွားခဲ့ကြတယ်။ယင်းနောက်မှာတော့..

ကြီးမားလှတဲ့ ကျောက်တုံးလက်ကြီးတစ်ခုက ရေမျက်နှာပြင်ကို ဖောက်ထွက်ပြီး ကောင်းကင်ထက်ကို မြင့်တက်လာခဲ့ပါတယ်..။ ရေအောက်မှာ နစ်မြုပ်နေတဲ့ ဘီလူးကြီးရဲ့ လက်မောင်းက ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးရဲ့ အထက်မှာ အနက်ရောင် တာဝါတစ်ခုလိုမျိုး မြင့်တက်လာခဲ့ပြီး..အပေါ်က လေထုထဲကို မီတာ နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်အထိ အလွယ်တကူ ရောက်ရှိသွားခဲ့တယ်..။

…ယင်းနောက်မှာတော့ လက်ကြီးက အရှိန်အဟုန်နဲ့ ယိမ်းထိုးရင်း.. ယာဉ်တန်းရှိရာ လမ်းကြောင်းဆီကို စတင် ကျဆင်းလာပါတော့တယ်..။

အပိုင်း ( ၉၅၂ ) ပြီး၏။

All Chapters