← Chapters

အခန်း ၉၅၄

Vol. 64 Ch. 954

အခန်း ၉၅၄

Vol. 64 Ch. 954

အပိုင်း ( ၉၅၄ ) အမှောင်ထုသာလျှင်

သူတို့ဟာ အသက်ဝင်နေတဲ့ ဂိတ်ပေါက် တစ်ခုနဲ့ အရမ်းနီးကပ်နေတာကြောင့် ယာဉ်တန်းတစ်ခုလုံး ရဲ့ အတွင်းပိုင်း ဆက်သွယ်ရေးစနစ်တွေက သိပ်ပြီး အလုပ်မလုပ်တော့ပါဘူး..။ ဒါပေမယ့် ဆန်နီ က ဒီလိုမျိုး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်..။

သူက သူ့ရဲ့ အတွေးတွေကို [ ထူးကဲ ကျောက်တုံး ] ဆီ လွှဲပြောင်းပေးလိုက်ပြီး.. လူစတာ ဆီကို တိုတောင်းတဲ့ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်တယ်..။

“ဘာကိစ္စပဲဖြစ်ဖြစ် ရှေ့ကိုပဲ ဆက်မောင်း.. အရှိန်မလျှော့နဲ့.. ငါ နောက်မှ ယာဉ်တန်းဆီကို လိုက်ခဲ့မယ်..”

‘…အဲလို မျှော်လင့်ရတာပဲ..’

သူက ယာဉ်တန်းကို ကျော်ဖြတ်ပြီး ဆန့်ကျင်ဖက် လမ်းကြောင်းတစ်ခုဆီကို ဦးတည်လိုက်ပါတယ်..။ ဘယ်လို အရူးမျိုးက ကျရှုံးမူအဆင့် တိုက်တန် တစ်ကောင်ဆီကို ဦးတည်ပြီး တည့်တည့် ဝင်တိုးသွားမှာလဲ..။ ဆန်နီ ကတော့ သူ့ရဲ့ လျှပ်စီးလို ဖြတ်ပြေးသွားတဲ့ ပုံရိပ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြတဲ့ အထူးတပ်ဖွဲ့ တွေရဲ့ မျက်နှာတွေကို သတိထားမိဖို့ အချိန်ခနပဲ ရလိုက်ပါတယ်..။ယင်းနောက်မှာတော့ ယာဉ်တန်းက သူ့ရဲ့ နောက်ကွယ်မှာ ကျန်ရစ်ခဲ့ပြီး တစ်ဖြည်းဖြည်းနဲ့ ပိုပြီး ဝေးကွာသွားခဲ့ပါပြီ..။

အခြားတစ်ဖက်မှာတော့ ဂိုလီယက် ရဲ့ မြင့်မားလှတဲ့ ပုံသဏ္ဍာန်ကြီးက ပိုပြီး နီးကပ်လာခဲ့တယ်..။ ချဉ်းကပ်လာနေတဲ့ တိုက်တန် ကို ကြည့်ရင်း ဆန်နီ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ပါတယ်..။

‘ငါ တိုက်တန် တစ်ကောင်ကို သတ်နိုင်လောက်လား…’

သူ တကယ်ကို သေချာ မသိပါဘူး..။ သို့ပေမယ့် သူ သေသေချာချာ သိတာတစ်ခုကတော့.. သူ ဒီတိုက်တန်ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူးဆိုတာ ပါပဲ..။

တကယ်လို့ ဆန်နီ ဆီမှာသာ ဂိုလီယက် ကို လေ့လာဖို့.. သူ့ရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့နဲ့ ပြင်ဆင်ဖို့ အချိန်သာ ရှိခဲ့ရင် အခြေအနေက ကွဲပြားသွားနိုင်ပါတယ်..။ ဒါပေမယ့် စစ်တပ်ဌာနချုပ်ကတောင် ဒီကျောက်တုံး သားရဲကြီး အကြောင်းကို သိပ်မသိတာကြောင့်.. သူကတော့ ပိုပြီးတော့တောင် မသိပါဘူး..။ တကယ်လို့ သူတို့နှစ်ယောက် အသေအကြေ တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူ သေဆုံးသွားမလဲ ဆိုတာက မေးနေစရာတောင် မလိုပါဘူး..။

ကံကောင်းစွာနဲ့ ဆန်နီ အနေနဲ့ နောက်ဆုံးတိုက်ပွဲကို ရဲရဲဝင့်ဝင့် ဆင်နွှဲဖို့ မလိုအပ်ပေ..။ သူက သူရဲကောင်းတစ်ယောက် မဟုတ်သလို အခုလောလောဆယ် သေဆုံးဖို့ အစီအစဉ်လည်း မရှိသေးပါဘူး..။ ဒါကြောင့် သူ့ရဲ့ ရည်မှန်းချက်က ဒီဧရာမ သတ္တဝါကြီးကို ဖျက်ဆီးပစ်ဖို့ မဟုတ်ပဲ.. ဒီကောင်ကြီးရဲ့ အရှိန်ကို လျှော့ချပစ်ဖို့ပဲ ဖြစ်ပါတယ်..။

တကယ်လို့ ယာဉ်တန်းကသာ လွတ်မြောက်ဖို့ အချိန်ရသွားရင် ဂိုလီယက် က သူတို့နောက်ကို လိုက်မလာတော့မယ့် အခွင့်အရေး ကောင်းကောင်း ရှိနေခဲ့တယ်..။ မြောက်ဘက် အနည်းငယ်အကွာမှာတော့ အဝေးပြေးလမ်းမကြီးရဲ့ ရှည်လျားတဲ့ အစိတ်အပိုင်းတစ်ခုက မတ်စောက်တဲ့ ကျောက်ဆောင်ချောက်ကမ်းပါးတွေရဲ့ အောက်မှာ ဆောက်လုပ်ထားတာကြောင့်.. ဘီလူးကြီးရဲ့ ကြီးမားလှတဲ့ အရွယ်အစားက ဖြတ်သန်းဖို့အတွက် အခက်အခဲ ဖြစ်လာမှာ ပါ..။ ဂိုလီယက် သာ

ကီလိုမီတာပေါင်းများစွာ ရှည်လျားတဲ့ ကျောက်တုံးတွေကို ရိုက်ခွဲပစ်တာ ဒါမှမဟုတ် သမုဒ္ဒရာထဲကို ပြန်ငုပ်လျှိုးတာ မျိုး မလုပ်ဘူးဆိုရင်လျင်မြန်တဲ့ ယာဉ်တွေရဲ့ အရှိန်ကို လိုက်မီဖို့ မဖြစ်နိုင်တော့ပါဘူး..။

တကယ်လို့ သူက တောင်တန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်ဆိုရင်တောင် အဲဒါက သူ့ရဲ့ အရှိန်ကို နှေးကွေးသွားစေမှာ ပါပဲ..။

ဆန်နီ အနေနဲ့ ယာဉ်တန်းအတွက် မိနစ်အနည်းငယ်လောက်ပဲ အချိန်ဆွဲပေးဖို့ လိုအပ်ပါတယ်..။

‘…ဒါပေမယ့် ငါက တိုက်တန် တစ်ကောင်ကိုဘယ်လိုသောက်ကျိုးနဲ နည်းလမ်းနဲ့ မီးနစ်းအနည်းငယ် အချိန်ဆွဲထားရမှာလဲ…’

အိပ်မက်ဆိုး က လမ်းမအလယ်မှာ ရပ်တန့်လိုက်ပေမယ့် နီးကပ်လာနေတဲ့ ဂိုလီယက် ရဲ့ ပုံသဏ္ဍာန်ကြီးအောက်မှာ သေးငယ်လွန်းနေခဲ့တယ်..။ ဆန်နီ ဟာ ကျောက်တုံးဘီလူးကြီးကို စိုက်ကြည့်ရင်း လူသားမဟုတ်တဲ့ အကြည့်တွေက သူ့ဆီ ပြန်လည် ကျရောက်လာတာကို ခံစားလိုက်ရတဲ့အတွက် တုန်ရီသွားခဲ့ပါတယ်..။ ဒီအကြည့်တွေရဲ့ ဖိအားက လက်တွေ့ကျကျ ခံစားနေရပြီး မြေအောက်ကမ္ဘာရဲ့ ဖိအားတွေလိုမျိုး သူ့ကို ဖိနှိပ်နေခဲ့ပါတယ်..။

သူတို့ကြားမှာ အဝေးပြေးလမ်းမကြီးရဲ့ အစိတ်အပိုင်း အချို့ ကျန်ရှိနေသေးပေမယ့် သတ္တဝါကြီးရဲ့ ဧရာမ အရပ်အမောင်းကြောင့် ခြေလှမ်းအနည်းငယ်နဲ့တင် ရောက်ရှိလာနိုင်ပါတယ်..။

ဆန်နီ က အသက်ပြင်းပြင်းရှူလိုက်ပြီး မြန်ဆန်စွာ ခုန်နေတဲ့ နှလုံးသားကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်တယ်..။

သူက မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ရှေ့ကို အကွာအဝေး အနည်းငယ်လောက် လျှောက်သွားကာ ရပ်တန့်လိုက်တယ်..။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ မကျေနပ်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်..။

“မင်း ဒီအလုပ်ကို ညဘက်ကြီး မလုပ်ခဲ့သင့်ဘူး.. ကျောက်တုံးကောင်ရဲ့.."

ယင်းနောက်မှာတော့ သူက အဆီအနှစ်တွေကို ရှေ့ကို စေလွှတ်လိုက်ပါတော့တယ်..။

တောင်စောင်းတွေပေါ်နဲ့ မှောင်မိုက်နေတဲ့ သမုဒ္ဒရာကမ်းခြေရဲ့ ရေပြင်ပေါ်က အရိပ်ထုကြီးတွေက ရုတ်တရက် လှုပ်ရှားလာပြီး အသက်ဝင်လာခဲ့ကြတယ်..။ ယင်းနောက်မှာတော့ အမှောင်ထုထဲကနေ ထူထဲတဲ့ အနက်ရောင် ချိန်းကြိုးကြီး တစ်ခု ထွက်ပေါ်လာပြီး တိုက်တန် ရဲ့ လက်မောင်းတစ်ဖက်ကို ရစ်ပတ်လိုက်ပါတယ်..။

ချိန်းကြိုးတွေက တစ်ခုပြီး တစ်ခု.. ဆက်တိုက်ရောက်လာခဲ့ကြတယ်..။ အမှောင်ထု ၊ တောင်စောင်းတွေ နဲ့ ကမ်းခြေရဲ့ အစွန်းတွေကနေ အနက်ရောင် ချိန်းကြိုး ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဂိုလီယက် ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ချည်နှောင်ပစ်လိုက်ကြတယ်..။ ဆန်နီ ဟာ လုံးဝ အာရုံစိုက်ထားတာကြောင့် သူ့ရဲ့ မျက်လုံးတွေက နက်ရှိုင်းတဲ့ အရိပ်တွေအောက်မှာ နစ်မြုပ်နေခဲ့တယ်..။ သူ့ရဲ့ အဆီအနှစ်တွေက ဒီရေလှိုင်းလိုမျိုး တိုးထွက်လာပြီး ဝင်ရိုးစွန်းညရဲ့ နက်ရှိုင်းတဲ့ အမှောင်ထုကို လွှမ်းမိုးသွားခဲ့ပါတယ်..။

သူက နောက်ကိုပြန်မလှည့်ဘဲ အရာအားလုံးကို အသုံးပြုနေခဲ့တယ်။. ဒီမဖြစ်နိုင်တဲ့ အလုပ်အတွက် တခြားနည်းလမ်းမရှိမှန်း သိနေခဲ့ပါတယ်.။

တကယ်လို့ ကံကောင်းစွာနဲ့ သူ ကောင်းကောင်းသိထားတဲ့ အရာတစ်ခု ရှိတယ်ဆိုရင် အဲဒါက စာပေအရရော ..လက်တွေ့အရရော ချိန်းကြိုးတွေပဲ ဖြစ်ပါတယ်..။ သူက ချိန်းကြိုးတွေကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ဆိုတာကို မသိပေမယ့်..ဒီချိန်းတွေနဲ့ ဘယ်လိုချည်နှောင်ရမလဲ ကိုတော့ အရင်ကတည်းက တတ်မြောက်နေခဲ့တာပါ..။

ပထမတော့ ဂိုလီယက် က အရိပ်ချိန်းကြိုးတွေကြောင့် လုံးဝ ဖိအားရှိပုံ မရပါဘူး..။ သူက ချိန်းကြိုးတွေကို ဆွဲခေါ်ရင်း ရှေ့ကို ဆက်လက် လှုပ်ရှားနေခဲ့တယ်..။ သူက ဒီအရာတွေကို သတိထားမိတဲ့ အရိပ်အယောင်တောင် မပြခဲ့ပါဘူး..။

သို့ပေမယ့် ဆန်နီ က မပြီးသေးပေ..။ သူ့ရဲ့ ဖြူဖျော့ နေတဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး.. ရုတ်တရက်ဆိုသလို ညဉ့်နက်သန်းခေါင်ကြီးက အသက်ဝင်လာသလိုဖြစ်သွားခဲ့ရတယ်..။ မြင့်မားလှတဲ့ တိုက်တန် ဆီကို မရေမတွက်နိုင်တဲ့ ချိန်းကြိုးတွေက တိုးဝင်သွားခဲ့ပြီး သူ့ရဲ့ ခြေလက်တွေကို ချည်နှောင်ပစ်လိုက်ကြပါတယ်..။

အရင်က ချိန်းကြိုး ဆယ်ပေါင်းများစွာ ရှိခဲ့တဲ့ နေရာမှာ အခုတော့ ရာပေါင်းများစွာ ဖြစ်လာခဲ့ပါပြီ..။ ဆန်နီ ဟာ သူ့ရဲ့ ဦးနှောက်က မီးလောင်နေသလိုမျိုး ခံစားလိုက်ရတယ်။.. ဒီလောက်များပြားလှတဲ့ အရိပ်ရုပ်သွင်ဖော်ခြင်း တွေကို တစ်ပြိုင်နက်တည်းမှာ ခိုင်မာပြီး သန်မာအောင် ဘယ်လို ထိန်းသိမ်းထားနိုင်လဲဆိုတာ သူကိုယ်တိုင်တောင် သေချာ မသိတော့ပါဘူး..။

ဒါပေမယ့် သူက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး စက္ကန့်တိုင်းမှာလည်း အမှောင်ထုထဲကနေ ချိန်းကြိုးအသစ်တွေ ထွက်ပေါ်လာနေခဲ့တယ်..။ ဂိုလီယက် ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တော့ချိန်းကြိုးတောအုပ်ကြီးတစ်ခုကို သယ်ဆောင်ထားရသလို ဖြစ်နေခဲ့တယ်။သူက မြေပြင်ပေါ်မှာ သေသေချာချာ ကျောက်ချခံထားရတာကြောင့် နောက်ဆုံးမှာ…

တိုက်တန် ရဲ့ ချီတက်မှုက နှေးကွေးသွားခဲ့ရပါတယ်..။

ပထမတော့ အနည်းငယ်မျှသာ ဖြစ်ပေမယ့် ယင်းနောက်မှာတော့ ပိုပြီးတော့ နှေးကွေးသွားခဲ့ရပါတယ်..။ မြင့်မားလှတဲ့ သတ္တဝါကြီးက သူ့ရဲ့

ခန္တာကိုယ်ကို နိမ့်ချလိုက်ပြီး ရှေ့ကို အတင်းတိုးလိုက်တယ်။ သူ့ရဲ့ မျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပါပြီ..။ သို့ပေမယ့် သူ ရှေ့ကို ပိုပြီး တိုးလေလေ ချိန်းကြိုးတွေက သူ့ကို ပိုပြီး ဆွဲထားလေလေ ပါပဲ..။

ပြီးတော့ စက္ကန့်တိုင်းမှာလည်း မြွေတွေလိုမျိုး သူ့ရဲ့ ခန္ဓာကိုယ်ကို ပတ်သိုင်းနေတဲ့ ချိန်းကြိုးအသစ်တွေ ထွက်ပေါ်လာနေခဲ့တာပါ။

နောက်ဆုံးမှာတော့ တိုက်တန် က ဆန်နီ့ ရဲ့ အရှေ့ မီတာအနည်းငယ်အကွာ.. ခြေတစ်လှမ်းစာတောင် မပြည့်တဲ့နေရာမှာ ရပ်တန့်သွားခဲ့ပြီး အောက်ကို ကိုင်းကာ လုံးဝ လှုပ်ရှားလို့ မရတော့ပေ..။ အရိပ်ချိန်းကြိုးတွေက အသံတွေ ထွက်ပေါ်လာခဲ့ပြီး ပြတ်တောက်တော့မယ့် အလား အက်ကွဲသံတွေ ထွက်ပေါ်နေခဲ့ပေမယ့် ထိန်းထားနိုင်ဆဲ ပါပဲ..။

ဘေးကနေ ကြည့်ရင်တော့ ဘီလူးကြီးက ရဲရင့်တဲ့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အရှေ့မှာ ဒူးထောက်ဖို့ ကြိုးစားနေသလိုမျိုး မြင်တွေ့ရပါလိမ့်တယ်..။

ဆန်နီ ဟာ တုန်ရီနေတဲ့ အသက်ရှူသံတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ယင်းနောက် အနည်းငယ် ယိမ်းယိုင်သွားခဲ့ကာ သူ့ရဲ့ နှာခေါင်းထဲကနေ သွေးစက်တွေ ကျဆင်းလာတာကို ခံစားလိုက်ရပါတယ်..။ သူ့ရဲ့ အဆီအနှစ်တွေက ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်နဲ့ ပျောက်ကွယ်နေခဲ့ကြပါပြီ..။လက်ရှိအချိန်မှာတော့ သူက ရာနဲ့ချီတဲ့ အရိပ်ချိန်းကြိုးတွေကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်တော့ပါဘူး..။သို့ပေမယ့် သူ အချိန် ဘယ်လောက်ပဲ ဆွဲနိုင်ခဲ့ပါစေ..ဒီလော​က်နဲ့တင် လုံလောက်နေခဲ့ပါပြီ..။

…ဖြစ်နိုင်ပါတယ်..။

သူ့ရဲ့ စိတ်က အနည်းငယ် ဝေဝါးနေခဲ့တယ်..။

‘ဒီတစ်ကြိမ်တော့ ငါ အရှိန်လွန်သွားပြီ ထင်တယ်…’

ပြီးတော့ [ နှစ်သိမ့်ခြင်းပြစ်ဒဏ် ] ရဲ့ တီးတိုးသံတွေက ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကျယ်လောင်လာတာလဲ..။

အခုအချိန်မှာတော့ ဆန်နီ က သူတို့ ဘာတွေပြောနေလဲဆိုတာကို နားလည်နိုင်သလိုမျိုး ခံစားနေခဲ့ရတယ်..။

မဟုတ်ဘူး.. သူ သေသေချာချာကို ကြားနေရတာ ပါ..။

ကျိန်စာသင့်နေတဲ့ ဓားက သူ့ရဲ့ နားထဲကို တီးတိုးပြောနေခဲ့ပြီး အဲဒီအသံက သူ့ရဲ့ ကိုယ်ပိုင်အသံနဲ့ ခွဲခြားလို့ မရအောင် တူညီနေခဲ့တယ်..။ ဒါက စကားလုံးတစ်လုံးတည်းကိုပဲ ပြောခဲ့တာ ပါ..။

“စောက်သုံး မကျဘူး..”

ဆန်နီ့ ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်..။

နောက်တစ်စက္ကန့်မှာတော့ ဂိုလီယက် ရဲ့ ခြေထောက်တစ်ဖက်ကို ပတ်သိုင်းထားတဲ့ ချိန်းကြိုး ပေါင်းများစွာက နားကွဲမတတ် အသံကြီးနဲ့အတူ ပြတ်တောက်သွားခဲ့ပါတော့တယ်..။

‘အိုး..’

တိုက်တန် ရဲ့ ခြေဖဝါးက အံ့ဩစရာကောင်းတဲ့ အရှိန်နဲ့ ရှေ့ကို ကန်ထွက်လာခဲ့ပြီး တောင်တစ်လုံးရဲ့ အလေးချိန်နဲ့ ဆန်နီ ကို ရိုက်ခတ်

မိသွားခဲ့တယ်..။

လေပြင်းတွေရဲ့ အော်ဟစ်သံနဲ့ ဖော်ပြလို့မရတဲ့ နာကျင်မှုတွေ ရှိနေခဲ့ပေမယ့် ကံကောင်းစွာနဲ့

ဒါက အကြာကြီး မဟုတ်ခဲ့ပါဘူး..။

ယင်းနောက်မှာတော့ အမှောင်ထုတစ်ခုတည်းသာ ကျန်ရစ်ပါတော့တယ်..။

အပိုင်း ( ၉၅၄ ) ပြီး၏။

All Chapters