← Chapters

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅

Vol. 64 Ch. 955

အပိုင်း ( ၉၅၅ ) အဆုံးသတ်

ဆန်နီ သေဆုံးသွားခဲ့တယ်..။

အခြေအနေ အရပ်ရပ်ကို ထည့်တွက်ကြည့်ရင်တော့.. သေဆုံးသွားလိုက်ရတာလည်း သိပ်ပြီးတော့ မဆိုးလှပါဘူး..။

သူ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးတိုင်းလိုလို ကြေမွသွားခဲ့ပါပြီ..။ သူ့ရဲ့ ရင်အုံက အတွင်းကို ချိုင့်ဝင်သွားခဲ့ပြီး ထက်မြက်တဲ့ အရိုးစတွေက အဆုတ်ကို ထိုးစိုက်နေခဲ့တယ်..။ သူ့ရဲ့ ခြေလက်တွေက သဘာဝမကျတဲ့ ထောင့်ချိုးတွေအတိုင်း တွန့်လိမ်နေခဲ့ပြီး ဦးခေါင်းခွံကလည်း အက်ကွဲသွားခဲ့ပါတယ်..။ ပြင်းထန်လှတဲ့ နာကျင်မှု ရှိနေခဲ့ပေမယ့်..သူ့ရဲ့ ကျောရိုးက ကျိုးသွားပြီး ကျောရိုးအာရုံကြောမကြီး ပြတ်တောက်သွားခဲ့တာကြောင့် အဲဒီနာကျင်မှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်..။

ဝီဗာအရိုး က သူ့ရဲ့ အရိုးတွေကို ခိုင်မာအောင် လုပ်ပေးထားပြီး မယုံနိုင်လောက်အောင် ကြံ့ခိုင်စေခဲ့ပေမယ့် အရာရာတိုင်းမှာတော့ အကန့်အသတ် ဆိုတာ ရှိပါတယ်..။ ဆန်နီအတွက်တော့ အဲဒီအကန့်အသတ်က စစ်မှန်တဲ့တောင်တစ်လုံးရဲ့ ကန်ကျောက်ခြင်းကို ခံလိုက်ရတာပါပဲ..။

သူ့ရဲ့ မျက်လုံးတွေက ပေါက်ထွက်သွားခဲ့တာကြောင့် ဘာကိုမှ မမြင်ရသလို.. နားစည်တွေ ကွဲထွက်သွားခဲ့တာကြောင့်လည်း ဘာသံကိုမှ မကြားရတော့ပါဘူး..။ ကမ္ဘာကြီးက မှောင်မိုက်ပြီး တိတ်ဆိတ်သွားခဲ့ပါပြီ..။

ကြောက်မက်ဖွယ်ကောင်းတဲ့ အအေးဒဏ်သာ

မရှိရင် ဒါက အတော်လေး သက်တောင့်သက်သာ ရှိနေမှာပါ..။

ဆန်နီ တော်တော်လေး ချမ်းအေးနေခဲ့တယ်..။

‘အား.. ချီတဲ့မှပဲ..’

သူ့ကို အေးအေးဆေးဆေးလေးတောင် သေခွင့်မပေးနိုင်ဘူးလား..။

“…မင်းက တကယ်ကို အသုံးမကျတဲ့ ဆင်ခြေဖုံးက အမှိုက်ကောင်ပဲ..”

ဘာအသံကိုမှ မကြားရတော့ပေမယ့် အေးစက်ပြီး အထင်သေးစရာကောင်းတဲ့ အသံကိုတော့ သူ ကြားနေရဆဲ ပါပဲ..။ဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်အသံ ပါ..။

‘ဘုရားသခင်တို့..အဲဒီ စောက်ပါးစပ်ကို ပိတ်ထားပေးလို့ မရဘူးလား..’

ဆန်နီ က သူ့ရဲ့ အရိပ်အာရုံကို အပြင်ဘက်ဆီ စေလွှတ်လိုက်တဲ့အခါ..သူ့ရဲ့ ကြေမွနေတဲ့ ခန္ဓာကိုယ်က မှောင်မိုက်တဲ့ ရေပြင်ရဲ့ အစွန်းပေါ်မှာ လဲလျောင်းနေပြီး အေးစက်တဲ့ လှိုင်းလုံးတွေက ကျောက်ဆောင်ကမ်းခြေပေါ်က သူ့ရဲ့ သွေးတွေကို ဆေးကြောရင်း အရေပြားကို လာရောက်ပွတ်တိုက်နေတာကို သိလိုက်ရတယ်..။

သူ ချမ်းနေတာ မထူးဆန်းတော့ပါဘူး..။

ဂိုလီယက် ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရတော့ပေမယ့် ကမ္ဘာကြီးကို တစ်ခါတစ်ရံ တုန်ခါသွားစေတဲ့ အားနည်းလာတဲ့ တုန်ခါမှုတွေအရ.. တိုက်တန်ကြီးဟာ ကုန်းတွင်းပိုင်းဆီကို လျှောက်လှမ်းသွားနေကြောင်း အသိပေးနေခဲ့ပါတယ်..။

ဆန်နီ မလှုပ်ရှားနိုင်တာကြောင့် သက်ပြင်းချလိုက်တယ်လို့ စိတ်ကူးယဉ်လိုက်မိတယ်..။

‘ ဘယ်လို ကံတရားမျိုးလဲ..’

သူ သေလုနီးပါး ဖြစ်သွားခဲ့ပေမယ့် အနည်းဆုံးတော့ ဘီလူးကြီးက သူ့ကို မနင်းမိသွားခဲ့ပါဘူး..။ သူ့ရဲ့ ခန္ဓာကိုယ်က အဝေးပြေးလမ်းမကြီးရဲ့ ကွန်ကရစ်မျက်နှာပြင်ပေါ်ကနေ လွင့်စင်လာခဲ့ပြီးနောက်မှာ မှောင်မိုက်တဲ့ လှိုင်းလုံးတွေရဲ့ အပြင်ဘက်နားလေးမှာတင် ရပ်တန့်သွားခဲ့တာ ပါ..။ မဟုတ်ရင်တော့ သူက ဒဏ်ရာရ ရုံတင်မကပဲ..ရေပါနစ်ရဦးမှာ ပါ..။

သို့ပေမယ့် သူ ရေမနစ်ခဲ့တာကြောင့်.. အခုတော့ အသက်ပြန်ရှင်ရမယ့် အချိန် ရောက်လာခဲ့ပါပြီ..။

‘အိုး.. ဒါက နာကျင်ရတော့မှာပဲ…’

ဆန်နီ က သေဆုံးနေခဲ့တာ ဖြစ်ပေမယ့်.. သေချာတာကတော့ ဒီလို သေးငယ်တဲ့ သေဆုံးခြင်းက သူ့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး..။ သူက

အန္တာတိက စစ်ဆင်ရေးရဲ့ အချိန်အတော်များများမှာ [ထာဝရချိန်း] ကို အကြောင်းမဲ့ ဝတ်ဆင်ထားခဲ့တာ မဟုတ်ပေ..။ [သေအံ့ဆဲဆဲ] တိုးမြှင့်မူ ဖော်ပြချက်ကတော့ “ဝတ်ဆင်သူသည် သေဆုံး၍မရပါ” ဆိုတာပါပဲ..။

…သူ့ဆီမှာ အသုံးပြုဖို့ အဆီအနှစ်တွေ ရှိနေသရွေ့တော့ သေခြင်းတရားက ဆန်နီ အတွက် ယာယီအခြေအနေတစ်ခုသာ ဖြစ်ပါတယ်..။ ဒါက အနီရောင် အဆောက်အဦးထဲမှာ သူ ခေါင်းဖြတ်ခံရတာနဲ့ ဘာမှမထူးခြားပါဘူး။ အဲဒီပြဿနာကိုလည်း သူ အခက်အခဲ သိပ်မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။

စိတ်မကောင်းစရာက မိနစ်အနည်းငယ်လောက် မသေဆုံးပဲ ရှိနေရုံနဲ့တော့ သူ့ အသက်ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး..။ အဲဒီတုန်းကတော့ ဆန်နီ ရဲ့ အဆီအနှစ်တွေ မကုန်ဆုံးခင်မှာ အယ်ယက် ရဲ့ ကုသပေးခြင်းကို ခံခဲ့ရတာ ပါ..။ ဒါပေမယ့် အခုတော့ သူ့ကို ကူညီမယ့်သူ ဘယ်သူမှ မရှိတော့ပါဘူး..။

သူ့ရဲ့ အဆီအနှစ်တွေအားလုံး ကုန်ဆုံးသွားတာနဲ့ သူက မလွဲမသွေ သေဆုံးသွားရတော့မှာ ပါပဲ..။

‘ကောင်းပြီလေ..ဒါဆိုလည်း. ကိုယ့်ဟာကိုပဲ ကူညီရတော့မှာပေါ့…’

ဆန်နီ ဟာ ရူးစ် စာသားတွေကို ခေါ်ယူလိုက်တယ်..။

သူ့မှာ မျက်လုံးတွေ မရှိတော့ပေမယ့် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ အဲဒါတွေကို မြင်တွေ့နိုင်နေဆဲ ပါပဲ..။ ဒါက ဆန်း​ကြယ်သလို တစ်ဖက်မှာလည်း ယုတ္တိရှိနေခဲ့တယ်။ဒီနည်းလမ်းက.. ကတ်စီ အနေနဲ့ အခိုက်အတန့် နဲ့ ဘယ်လို ဆက်သွယ်နိုင်လဲဆိုတာကို ရှင်းပြနေခဲ့ပါတယ်..။

‘ဟူး…’

သူ့ရဲ့ မှတ်သားမူ စာရင်းထဲမှာ [သေဆုံးခြင်း ဆန္ဒ] ကို ရှာဖွေတွေ့ရှိပြီးနောက်မှာတော့

ဒီ အထွတ်အထိပ်အဆင့် အဆောင်ပစ္စည်းရဲ့ တစ်ခုတည်းသော တိုးမြှင့်မူ ဖော်ပြချက်ကို သူ အာရုံစိုက်ပြီး ဖတ်ရှုလိုက်တယ်..။

[သေဆုံးခြင်း ဆန္ဒ] တိုးမြှင့်မူ ဖော်ပြချက်

“ဤမှတ်သားမူကို ကိုင်ဆောင်ထားသူအား မြင်တွေ့ရသူများသည် မဖြစ်မနေ သွေးဆောင်ခြင်း ခံရမည်ဖြစ်ရာ.. မိတ်ဆွေများမှာ စိတ်ဓာတ်တက်ကြွစေပြီး.. ရန်သူများမှာမူ ကိုင်ဆောင်သူအား လာရောက်ရှာဖွေလိမ့်မည်..။ ကိုင်ဆောင်သူက ရန်သူများကို သေခြင်းတရား လက်ဆောင် ပေးလေလေ ဤမှတ်သားမူ၏ စွမ်းအားက ပိုမိုကြီးထွားလာလေလေ ဖြစ်ပြီး.. ကိုင်ဆောင်သူ၏ ဒဏ်ရာများကို ကုသရန်အတွက် အသုံးပြုနိုင်သည်..”

သေဆုံးခြင်း စွမ်းအားစုဆောင်းမူကတော့ [၁၀၀၀/၁၀၀၀] ပါ..။

ဆန်နီ က အန္တာတိကဆီ ရောက်လာကတည်းက အလကားနေခဲ့တာ မဟုတ်ပါဘူး..။ သူက အန္တာတိက အလယ်ပိုင်းဒေသတစ်ခုလုံးမှာ မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သားရဲတွေကို သတ်ဖြတ်ရင်း [သေဆုံးခြင်း ဆန္ဒ] ရဲ့ တိုးမြှင့်မူကို အရင်ကတည်းက အပြည့် ဖြည့်ထားခဲ့တာ ပါ..။

အခုတော့ ဒီဝှက်ဖဲကို အသုံးပြုရမယ့် အချိန်ရောက်လာခဲ့ပါပြီ..။

သူ့ရဲ့ အဆီအနှစ်တွေ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ..မြူခိုးတွေက စိတ်ဝိညာဉ်ကို လွှမ်းမိုးလာတာကို ခံစားလိုက်ရတာကြောင့် ဆန်နီ ဟာ

ကုသရေး တိုးမြှင့်မူကို အသက်သွင်းလိုက်ပါတော့တယ်..။

ချက်ချင်းဆိုသလိုပဲ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။

ပြင်းထန်လှတဲ့ စွမ်းအား ရေလှိုင်းကြီးက ကြေမွနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး ပြန်လည် ပြုပြင်ပေးလာခဲ့ပါတယ်..။ သူ့ရဲ့ နားစည်တွေ ပြန်လည် ကောင်းမွန်လာခဲ့ပြီး.. အရည်ပျော်သွားတဲ့ မျက်လုံးတွေကလည်း မာကျောတဲ့ ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း ပြန်လည် စုစည်းလာခဲ့ကြတယ်..။ ကျိုးပဲ့နေတဲ့ အရိုးတွေကလည်း ရာနဲ့ချီတဲ့ သေးငယ်တဲ့ အပိုင်းအစတွေထဲကနေ သူ့အလိုလို ပြန်လည် တပ်ဆင်လာခဲ့ကြပါတယ်..။

ပြတ်တောက်သွားတဲ့ ကျောရိုးအာရုံကြော အစိတ်အပိုင်းတွေကလည်း အချင်းချင်း ပြန်လည် ဆက်သွယ်သွားခဲ့ကြပါပြီ..။

“အား.. သောက်ကျိုးနည်း..”

နာကျင်မှုက ပြန်လည် ရောက်ရှိလာခဲ့ပြီး သူ့ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့တယ်..။ ဆန်နီ ဟာ သွေးရဲ့ ငန်ကျိကျိ အရသာကို ခံစားရတဲ့အထိ လျှာကို ပြင်းထန်စွာ ကိုက်လိုက်မိပေမယ့် ခန

အကြာမှာတော့ ဒီဒဏ်ရာကလည်း ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်..။ ဒီနာကျင်မှု ဝေဒနာအားလုံးက တကယ့်ကို ပြင်းထန်နေခဲ့တာပါ..။

“ ချီးတဲ့မှပဲ..”

…ဒါပေမယ့် အားလုံး အဆင်ပြေပါတယ်..။ နာကျင်မှုက ကောင်းပါတယ်..။ နာကျင်မှုက သူ အသက်ရှင်နေသေးကြောင်း.. ဒါမှမဟုတ် အနည်းဆုံးတော့ အသက်ပြန်ရှင်လာကြောင်းကို ဆိုလိုတာ ပါပဲ..။ နာကျင်မှု မရှိတော့တာကမှ ပိုပြီးတော့ ကြောက်စရာကောင်းတာပါ..။

အစွမ်းထက်တဲ့ အထွတ်အထိပ်အဆင့် မှတ်သားမူ ရဲ့ စွမ်းအားအပြည့်က လုံးဝ ပျက်စီးသွားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်လာစေဖို့ လုံလောက်ပေမယ့် လုပ်ငန်းစဉ်ကတော့ ချက်ချင်းကြီး ဖြစ်မလာပါဘူး..။ ဝီဗာသွေး က ကူညီပေးနေတာတောင်မှ အချိန်အနည်းငယ် ယူရပါသေးတယ်..။ ဆန်နီ့ မှာတော့ သည်းခံပြီး စောင့်ဆိုင်းနေရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိပေ..။

သူကလည်း ဘာပဲဖြစ်ဖြစ် ဒီလို နာကျင်မှု ဝေဒနာတွေနဲ့ မစိမ်းလှပါဘူး..။

အချိန်တစ်ခုမှာတော့ သူ အမြင်အာရုံကို ပြန်လည် ရရှိလာခဲ့တယ်..။ ဆန်နီ က သူ့ရဲ့ ခေါင်းကို အားနည်းစွာ မော့လိုက်ပြီး မျက်ရည်တွေ ကြားထဲကနေ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပါတယ်..။ သူ မြင်တွေ့လိုက်ရတဲ့ အရာက သူ့ကို စိတ်ပျက်သွားစေခဲ့တယ်..။

[ထာဝရချိန်း] က လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပါပြီ..။ သူ့ရဲ့ သံချပ်ကာဝတ်စုံ ရဲ့ မှိုင်းညို့နေတဲ့ သံမဏိတွေက မမှတ်မိနိုင်တဲ့အထိ ကြေမွပျက်စီးနေခဲ့တယ်..။ သူ့ရဲ့ အပိုင်းအစ အချို့က ထက်မြက်တဲ့ ထောင့်ချိုးတွေအတိုင်း ကွေးညွတ်နေပြီး .. အသားထဲကို ထိုးစိုက်နေခဲ့တာကြောင့် ကုသခြင်းလုပ်ငန်းစဉ်ကို နှေးကွေးသွားစေပါတယ်..။

ဆန်နီ က သွေးသံရဲရဲ ဖြစ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ခနလောက် စိုက်ကြည့်လိုက်ပြီးနောက်မှာ.. သံချပ်ကာဝတ်စုံကို ပြန်ရုပ်သိမ်းလိုက်သင့်တယ်လို့ တွေးလိုက်မိတယ်..။

သို့ပေမယ့် သူ လုပ်ဆောင်ဖို့ မလိုအပ်ခဲ့ပါဘူး..။

အဲ့အချိန်မှာပဲ [ထာဝရချိန်း] က ရုတ်တရက်ဆိုသလို နူးညံ့တဲ့ အလင်းရောင်နဲ့ တောက်ပလာခဲ့ပြီး..အဖြူရောင် မီးပွားတွေရဲ့ လေပွေတစ်ခုအဖြစ် ကြေမွပျက်စီးသွားခဲ့ပါတယ်..။ တောက်ပတဲ့ မီးပွားတွေက သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ စက္ကန့်အနည်းငယ်လောက် ကခုန်နေခဲ့ကြပြီး.. သူ့ရဲ့ အရေပြားကို လာရောက်ပွတ်သပ်ပေးပြီးနောက်မှာတော့ ထာဝရအတွက် အစအနမရှိ ပျောက်ကွယ်သွားခဲ့ကြပါတော့တယ်..။

ရင်းနှီးနေတဲ့ အခိုက်အတန့် ရဲ့ အသံက သူ့ရဲ့ နားထဲကို တီးတိုးပြောလာခဲ့တယ်..။

[ သင်၏ မှတ်သားမူ ပျက်စီးသွားခဲ့ပါပြီ.. ]

…ဆန်နီ က သူ့ရဲ့ ခေါင်းကို ရေထဲကို ပြန်ချလိုက်တယ်..။

‘…ကျေးဇူးတင်ပါတယ်..’

[ထာဝရချိန်း] ရဲ့ [သေဆုံးခြင်း ဆန္ဒ] ကုသခြင်းစွမ်းအားက သူ့ကို သေမင်းရဲ့ တံခါးဝကနေ ပြန်ခေါ်လာနိုင်တဲ့အထိ တောင့်ခံပေးထားရုံမကပဲ.. သူ ဘေးကင်းကင်းနဲ့ ကုသမှု ခံယူနေနိုင်တဲ့ အချိန်အထိ ပြင်းထန်တဲ့ ပျက်စီးမှုတွေအောက်မှာ အရှုံးမပေးဘဲ တောင့်ခံထားပေးခဲ့ပါသေးတယ်..။ တကယ့်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပေးခဲ့သလိုမျိုး ပေါ့..။ သူ့ရဲ့ နာမည်အတိုင်းပဲ နောက်ဆုံးအချိန်အထိ သစ္စာရှိသွားခဲ့ပါတယ်..။

ဒါက တစ်မျိုးတော့ ကဗျာဆန်နေခဲ့တယ်..။

သေလုနီးပါး ဖြစ်ရတာက လူကို စိတ်ကူးယဉ်ဆန်တတ် သွားစေတယ် ထင်တယ်။

သူ ဘယ်လိုတွေ လျှောက်တွေးနေမိတာလဲ..။ ဒါက သံချပ်ကာဝတ်စုံ တစ်ခုမျှသာ ပါပဲ..။ ဒါက ဒီတိုင်း သံချပ်ကာ အမျိုးအစား မှတ်သားမူ တစ်ခု ပါ..။ မှတ်သားမူတွေမှာ အတွေးအခေါ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ခံစားချက်တွေ ရှိမနေကြပါဘူး..။

ကောင်းပြီ.. အများစုမှာတော့ မရှိပါဘူး..။

ဆန်နီဟာ..သူ့ရဲ့ ခေါင်းကို အနည်းငယ် လှည့်လိုက်ရင်း..ဘေးနား မလှမ်းမကမ်း ကျောက်တုံးတွေပေါ်မှာ လဲလျောင်းနေတဲ့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ရဲ့ လှပတဲ့ ကျောက်စိမ်းရောင် ပုံသဏ္ဍာန်ကို စိုက်ကြည့်လိုက်တယ်..။ သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် နက်မှောင်သွားခဲ့ရတယ်..။

‘ဒီတော့ တစ်ချိန်လုံး မင်းပဲပေါ့..။ငါ့ရဲ့ စိတ်ကို နှောင့်ယှက်ပြီး ငါ့ကို လာဆဲနေတာ..’

လရောင်က သန့်စင်တဲ့ အဖြူရောင် ဓားသွားပေါ်မှာ တောက်ပနေခဲ့တယ်..။ အရာအားလုံးက ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးနောက်မှာတော့

ဆန်နီ ရဲ့ ကိုယ်ပိုင်အသံက အထင်သေးမှုတွေ အပြည့်နဲ့ ပြန်လည် ဖြေကြားလာခဲ့ပါတယ်..။

“မင်း သတိထားမိဖို့ အတော်လေး အချိန်ယူလိုက်ရတာပဲ.. ။ပညာမတတ်တဲ့ ကြွက်တစ်ကောင် ပီသပါတယ်.."

ဆန်နီ က အံကို ကြိတ်လိုက်ပြီး ဒီ ကျိန်စာသင့်နေတဲ့ ဓားကို ချက်ချင်း ပြန်ရုပ်သိမ်းပစ်ချင်တဲ့ ဆန္ဒကို မနည်း သည်းခံလိုက်ရတယ်..။

သူ့မှာ သံချပ်ကာဝတ်စုံ ဆုံးရှုံးသွားခဲ့ပြီဖြစ်တာကြောင့်.. လက်နက်မရှိဘဲ နေဖို့က သိပ်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး..။

ဆန်နီဟာ နိမိတ်မကောင်းတဲ့ တီးတိုးသံတွေကို လျစ်လျူရှုရင်း..နာကျင်စွာ ညည်းတွားလိုက်တယ်။.. ယင်းနောက် အနည်းငယ် ယိမ်းထိုးကာ မတ်တပ်ရပ်လိုက်ပါတယ်..။

သူ့မှာ အဝတ်အစားလည်း မရှိတော့ပေ။သူက.. တုန်ရီနေအောင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး.. အဆီအနှစ်တွေလည်း အလွန်အမင်း ကုန်ခမ်းနေခဲ့ပါပြီ..။

သို့ပေမယ့် သူကတော့ သေချာပေါက်..

မသေဆုံး သွားခဲ့ပါဘူး..။

ဆန်နီ အသက်ပြန်ရှင်လာခဲ့ပါပြီ..။

အပိုင်း ( ၉၅၅ ) ပြီး၏။

All Chapters