← Chapters

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆

Vol. 64 Ch. 956

အပိုင်း ( ၉၅၆ ) နောက်လိုက်

ဆန်နီ ဟာ သမုဒ္ဒရာ ကမ်းခြေမှာ မတ်တပ်ရပ်ရင်း တုန်ရီစွာ နဲ့.. အေးစက်တဲ့ ရေထဲကို လှဲချပြီးစိတ်အပန်းပြေအောင် အနားယူလိုက်ရမလား ဆိုတာကို စဉ်းစားနေခဲ့တယ်..။ သူ့ရဲ့ အဆီအနှစ် သိုလှောင်မှုတွေက လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်တာကြောင့်.. ဒါနဲ့အတူ ပျက်စီးလွယ်မှုနဲ့ အားနည်းမှုရဲ့ စက်ဆုပ်ဖွယ် ခံစားချက်ကြီးက ရောက်ရှိလာခဲ့ပါတယ်..။

နိုးထသူ တွေဟာ သူတို့ရဲ့ အဆီအနှစ်တွေအားလုံးကို အသုံးပြုပြီးတဲ့ အခါမှာ တန်ပြန်သက်ရောက်မှု ပုံစံမျိုးကို ကြုံတွေ့ရလေ့ ရှိပေမယ့်.. ဒါက သိပ်ပြီး အန္တရာယ် မများပါဘူး..။ အားနည်းမှုက ပျောက်ကွယ်သွားမှာ ဖြစ်ပြီး.. ရေရှည် ထိခိုက်မှုလည်း ရှိလာမှာ မဟုတ်ပေ..။ သူက လက်ရှိ ရင်ဆိုင်နေရတဲ့ အကျိုးဆက်ကိုပဲသည်းခံ ကျော်ဖြတ်ဖို့ လိုအပ်တာ ပါ..။

လက်ရှိအခြေအနေရဲ့ စိုးရိမ်စရာကောင်းတဲ့ အချက်ကတော့.. သူ့မှာ မှတ်သားမူ တစ်ခုကိုတောင် ခေါ်ယူဖို့ အဆီအနှစ် အလုံအလောက်

မရှိတော့တာ ပါပဲ..။ တစ်ချိန်က သန့်ရှင်းသပ်ရပ်ခဲ့တဲ့ သူ့ရဲ့ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံရဲ့ စုတ်ပြတ်သတ်နေတဲ့ အခြေအနေကို ငုံ့ကြည့်ရင်း ဆန်နီ သက်ပြင်းချလိုက်မိတယ်..။

လောလောဆယ်တော့ ဒီအရာကပဲ အန္တာတိကရဲ့ ပြင်းထန်တဲ့ အအေးဒဏ်နဲ့ ချမ်းစိမ့်တဲ့ လေပြင်းတွေကြားထဲကနေ သူ့ကို ကာကွယ်ပေးထားတာ ပါ..။

‘ငါ ယာဉ်တန်းဆီကို ပြန်သွားဖို့ လိုတယ်..’

သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို သေသေချာချာ အလုပ်လုပ်ခိုင်းဖို့ ကြိုးစားရင်း ဆန်နီ က ခနလောက် ဝေခွဲမရ ဖြစ်နေခဲ့တယ်..။

‘…ဒါပေမယ့် ပထမဆုံးအနေနဲ့.. ငါ အိပ်မက်ဆိုး ရဲ့ အခြေအနေကို စစ်ဆေးရမယ်..’

မြင်းရိုင်းကြီး ကို ဘယ်နေရာမှာမှ မတွေ့ရတာကြောင့်.. သူ့ရဲ့ စီးတော်မြင်း ဘာဖြစ်သွားလဲဆိုတာကို သူ စိုးရိမ်နေခဲ့မိတယ်..။ ရူးစ် စာသားတွေက ဆန်နီ့ ရှေ့က လေထုထဲမှာ တောက်ပနေဆဲ ဖြစ်တာကြောင့်.. သူက အဲဒီကိုပဲ အာရုံပြန်စိုက်လိုက်ပါတယ်..။

သေဆုံးခြင်း စွမ်းအားစုဆောင်းမူကတော့ [၀/၁၀၀၀] ပါ..။

[သေဆုံးခြင်း ဆန္ဒ] ရဲ့ စွမ်းအားက လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပေမယ့်.. သူ့ရဲ့ အလုပ်ကိုတော့ လုပ်ဆောင်သွားခဲ့ပါတယ်..။

[ထာဝရချိန်း] ကတော့ မရှိတော့ပါဘူး..။

သူ သက်ပြင်းတစ်ချက်ချကာ မှတ်သားမူ စာရင်းကနေ အကြည့်လွှဲလိုက်ပြီး.. သူ့ရဲ့ အရိပ်တွေရဲ့ အခြေအနေကို ကြည့်လိုက်တယ်..။ အိပ်မက်ဆိုး အကြောင်း ဖော်ပြထားတဲ့ ရူးစ်စာသားတွေက အမြဲတမ်းလိုလို တောက်ပနေတာကြောင့်.. အနက်ရောင် မြင်းရိုင်းကြီး ပျက်စီးမသွားကြောင်း သိလိုက်ရပါတယ်..။

‘ဒါဆို သူက ဘယ်မှာလဲ..’

ဆန်နီ က မျက်မှောင်ကျုတ်လိုက်ပြီးနောက်.. သူ့ရဲ့ နဖူးကို ခပ်ဖွဖွလေး ရိုက်လိုက်မိတယ်..။ အရိပ်ဆီကို သူ့ရဲ့ မွေးရာပါ ဆက်သွယ်မှုနဲ့ ဒီတိုင်း စစ်ဆေးလိုက်ရုံပဲဆိုတာ သူ သတိရသွားခဲ့တာ ပါပဲ..။ အချိန်မဆွဲတော့ဘဲ သူက စိတ်ကို အတွင်းဘက်ဆီ ပို့လွှတ်လိုက်ပြီး.. သူ့ရဲ့ ဝိညာဉ်ထဲကနေ အဲဒါကို ခံစားဖို့ ကြိုးစားလိုက်တယ်..။

မကြာခင်မှာပဲ ဆန်နီ က အိပ်မက်ဆိုး ရဲ့ တည်ရှိမှုကို ခံစားလိုက်ရပါတယ်..။ ဒီဆက်သွယ်မှုက အချက်အလက်တွေကို ဝေမျှဖို့ မဟုတ်ပေမယ့်.. အနက်ရောင် မြင်းရိုင်းကြီးက အနီးနားမှာ ရှိနေပြီး တိုက်ပွဲတစ်ခုရဲ့ အလယ်မှာ ရောက်နေတယ်ဆိုတာကိုတော့ သူ သိနိုင်ဆဲ ပါပဲ..။ သို့ပေမယ့် တိုက်ပွဲက ပြင်းထန်ပုံ ဒါမှမဟုတ် အန္တရာယ်ရှိပုံတော့ မပေါ်ပါဘူး..။

မြင်းရိုင်းကြီး က ဆန်နီ ကုသမှု ခံယူနေစဉ်အတွင်းမှာ သူ့ကို တိုက်ခိုက်လာနိုင်တဲ့ အိပ်မက်ဆိုး သားရဲတွေကို ရှင်းလင်းနေတာ ဖြစ်ဖို့ များပါတယ်..။

‘…ကောင်းပြီလေ.. ဒါဆိုရင်တော့.. သူ အလုပ်ပြီးတာနဲ့ ငါတို့ ဒီကနေ ချက်ချင်း ထွက်သွားလို့ရပြီ..’

ဆန်နီ က အနည်းငယ် ယိမ်းထိုးသွားခဲ့ပြီးနောက်.. မတူညီတဲ့ အမူအရာတွေနဲ့ သူ့ကို စိုက်ကြည့်နေကြတဲ့ အရိပ်လေးကောင်ကို လှမ်းကြည့်လိုက်တယ်..။ ပျော်ရွှင်နေတဲ့ အရိပ်ကတော့ အတိုင်းအထက်အလွန် ဖြစ်နေခဲ့ပေမယ့်.. ထူးဆန်းတာက ကျန်တဲ့ အရိပ်သုံးကောင်ကလည်း ပုံမှန်မဟုတ်တဲ့ အပြုသဘောဆောင်တဲ့ အမူအရာမျိုးကို အတိုင်းအတာတစ်ခုအထိ ပြသနေကြတာ ပါပဲ..။သုန်မုန်နေတဲ့ အရိပ်တောင် စိတ်သက်သာရာရသွားတဲ့ ပုံစံမျိုး ပေါ်နေခဲ့တယ်..။

သူက ပြုံးလိုက်ပြီး..

“ဘာလဲ.. တိုက်တန် တစ်ကောင်တည်းနဲ့ ငါ့ကို အပြတ်ရှင်းနိုင်မယ်လို့ မင်းတို့က ထင်နေတာလား.. အိပ်မက်မက်နေလိုက်..”

ဒီလိုပြောပြီးတာနဲ့ ဆန်နီ က မြောက်ဘက်ဆီကို ကြည့်လိုက်ရင်း.. ယာဉ်တန်းကို လိုက်မီဖို့ ဘယ်လောက်ကြာမလဲဆိုတာ စဥ်းစားကြည့်လိုက်ပြီးတယ်။သူ.. ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းကာ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကို ကောက်ယူဖို့ ငုံ့လိုက်ပါတယ်..။

‘ဒီ စောက်ဓား ကတော့…’

သူ့ရဲ့ လက်ချောင်းတွေက ကျောက်စိမ်းရောင် ဓားရိုးနဲ့ နီးကပ်လာလေလေ.. ကျိန်စာသင့်နေတဲ့ ဓားက နိမိတ်မကောင်းစွာနဲ့ ပြုံးပြနေသလိုမျိုး ပိုပြီး ခံစားလာရလေလေ ပါပဲ..။

“မင်းရဲ့ နောက်မှာ..”

ဆန်နီ က နှာခေါင်းရှုံ့လိုက်တယ်..။

“ငါက အဲဒီလောက်အထိ ယုံလွယ်တဲ့ ကောင် ကျနေတာပဲ..”

အဲ့အချိန်မှာပဲ လျင်မြန်တဲ့ ပုံရိပ်တစ်ခုက အမှောင်ထုထဲကနေ ဖြတ်ပြေးလာပြီး သူ့ကို ဝင်တိုက်လိုက်ပါတော့တယ်..။

ဆုတ်ဖြဲခံလိုက်ရတဲ့ နာကျင်မှုတစ်ခုက ဆန်နီ့ ရဲ့ နံဘေးဆီ စူးဝင်သွားခဲ့ပြီး.. ရေထဲကို လွင့်ထွက်သွားခဲ့ရတယ်..။ မှောင်မိုက်တဲ့ ရေမျက်နှာပြင်ပေါ်ကို နာကျင်စွာ အော်ဟစ်ရင်း ပြုတ်ကျသွားခဲ့ပြီးနောက်.. သူက အောက်ဘက်က အေးစက်တဲ့ ကျောက်တုံးတွေပေါ်ကို လက် နဲ့ တွန်းကာ လှိမ့်လိုက်ပြီး.. စက္ကန့်ပိုင်းအတွင်းမှာပဲ မတ်တပ်ရပ်ပြီး ခုန်ထွက်လိုက်တယ်..။

ဒီအရာက ဘယ်သူပဲဖြစ်ဖြစ် အရှိန်နှေးကွေးသွားစေဖို့ ရည်ရွယ်ပြီး ထက်မြက်တဲ့ ကျောက်ခဲအနည်းငယ်ကို အမည်မသိ တိုက်ခိုက်သူရှိရာ ဘက်ဆီကို လှမ်းပစ်လိုက်ပါတယ်..။ သို့ပေမယ့် ဒီသတ္တဝါက လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်က ဆန်နီ ရှိခဲ့တဲ့ နေရာမှာ ရပ်နေဆဲဖြစ်ပြီး.. လူသားမဟုတ်တဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေခဲ့ပါတယ်..။

ဆန်နီ ယိမ်းယိုင်သွားခဲ့တယ်..။

သူ အောက်ကို အမြန်ငုံ့ကြည့်လိုက်တဲ့အခါ.. သူ့ခန္တာကိုယ်ဘေးဘက်မှာ အတော်အတန်ကြီးတဲ့ အသားတုံးကြီးတစ်ခု ဆုတ်ဖြဲခံလိုက်ရတာကို မြင်လိုက်ရပါတယ်..။ ဝီဗာသွေး က သွေးထွက်တာကို တားဆီးပေးထားပေမယ့် ဒဏ်ရာကတော့ ကြောက်မက်ဖွယ်ကောင်းနေဆဲ ပါပဲ..။

ယင်းနောက်မှာတော့ သူက သူ့ကို ကိုက်ဖြတ်ခဲ့တဲ့ ခွေးသားလေးကို လှမ်းကြည့်လိုက်တယ်..။

ဒီသတ္တဝါက.. တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ခပ်ရေးရေး ရင်းနှီးနေခဲ့ပါတယ်..။ အကောင်က ပုပုလေးဖြစ်ပြီး ဆန်နီ့ ရဲ့ ဝမ်းဗိုက်လောက်အထိပဲ ရှိနေခဲ့တယ်။သူ့ရဲ့.. အသားအရေက ညိုမည်းပြီး အရိုးပြားတွေက သူ့ရဲ့ ပိန်လှီတဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးတဲ့ သံချပ်ကာဝတ်စုံလိုမျိုး ဖုံးအုပ်ထားခဲ့ပါတယ်..။ ဒီ မှင်စာလေး က သိပ်ပြီးတော့ အစွမ်းထက်ပုံမရပေမယ့်.. ထက်မြက်ပြီး သုံးမြှောင့်ပုံစံ ရှိတဲ့ သွားတွေနဲ့ ပြည့်နှက်နေတဲ့ ပါးစပ်အကျယ်ကြီး ရှိနေခဲ့တယ်..။

…ပြီးတော့ ဒီကောင်ရဲ့ ညာဘက်လက်မှာ လက်ချောင်းနှစ်ချောင်း မရှိတော့ပါဘူး..။

ဆန်နီ က မျက်တောင်အနည်းငယ် ခတ်လိုက်မိပြီး.. အရင်က သူ အပြတ်မရှင်းနိုင်ခဲ့ဘဲ လွတ်သွားခဲ့တဲ့ သေးငယ်တဲ့ မှင်စာ တစ်ကောင်ကို သတိရသွားခဲ့တယ်..။ ဒီကောင်က သူတို့ နောက်ဆုံးတွေ့ခဲ့ပြီးကတည်းက အများကြီး ကြီးထွားလာခဲ့တာ ဖြစ်ပေမယ့်.. အခုထိတော့ သေးငယ်တဲ့ အခြေအနေမှာပဲ ရှိနေဆဲ ပါပဲ..။

သူ မော့ကြည့်လိုက်တဲ့အခါ.. ဒီ သားရဲ ရဲ့ ပါးစပ်ထဲမှာ သွေးစက်တွေ ကျနေတဲ့ အသားတုံးတစ်ခု ရှိနေတာကို သတိထားမိလိုက်တာကြောင့်.. သူ့ရဲ့ မျက်နှာက ဒေါသတကြီးနဲ့ နီရဲသွားခဲ့ပါတယ်..။

ဆန်နီ က လက်သီးကို တင်းတင်းဆုပ်ပြီး ပါးစပ်ကို ဟလိုက်ပေမယ့်.. သူ ဘာမှမပြောနိုင်ခင်မှာပဲ.. ဒီ ကောင် က ကောက်ကျစ်စွာ ပြုံးပြလိုက်သလို ဖြစ်သွားပြီး.. သူ့ရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာပေါ်မှာ စစ်မှန်တဲ့ မုန်းတီးမှုတွေ အပြည့်နဲ့ အဲဒီ အသားတုံးကို မျိုချပစ်လိုက်ပါတော့တယ်..။

ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

“မင်း.. မင်း ခွေးမသားလေး..”

သူ ဒီ မှင်စာလေး ကို တစ်ကြိမ် လွှတ်ပေးခဲ့ဖူးပေမယ့်.. ဒီခွေးသားက သူ့ရဲ့ ကံကောင်းမှုကို မသိတတ်ပါဘူး..။

‘ကောင်းပြီလေ.. ငါ အခုပဲ သူ့ကို သတ်ပစ်တော့မယ်..’

ဆန်နီ ဒေါသတကြီး ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပေမယ့်.. ယိမ်းယိုင်သွားခဲ့တယ်..။ ကမ္ဘာကြီးက ရုတ်တရက် ဝေဝါးသွားခဲ့ပြီး.. သူ့ရဲ့ ခေါင်းတွေ မူးဝေလာခဲ့ပါတယ်..။

‘ဒါ ဘာဖြစ်…’

သူ့ရဲ့ နံဘေးက ဒဏ်ရာက တစ်နည်းမဟုတ်တစ်နည်းနဲ့ ထုံကျင်လာသလို.. ပြင်းထန်တဲ့ နာကျင်မှုနဲ့အတူ ပူလောင်လာခဲ့တယ်..။ သူ့ရဲ့ ခန္ဓာကိုယ်က အရင်ကထက်တောင် ပိုပြီး အားနည်းလာသလို ခံစားလိုက်ရတယ်..။

သူ အောက်ကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တဲ့အခါမှာတော့.. ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ်ရာထဲကနေ ထူးဆန်းစွာ ရင်းနှီးနေတဲ့ အနက်ရောင် အရည်တွေ စီးကျနေတာကို မြင်လိုက်ရတယ်..။ မဟုတ်ဘူး.. ဒါက တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် မရပ်တန့်ဘဲ စီးကျနေတဲ့ သူ့ရဲ့ သွေးတွေ ပါပဲ..။ သွေးတွေက ဒီတိုင်း အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့တာ ပါ..။

သူ့ရဲ့ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။

‘…အနက်ရောင် အဆိပ်လား..’

သူက ဘယ်လိုဖြစ်ပြီး အနက်ရောင်အဆိပ် မိသွားရတာလဲ..။

ဆန်နီ စက္ကန့်ပိုင်းလောက် ကြောင်အသွားခဲ့တယ်..။

‘မဖြစ်နိုင်တာ…’

သူ့ရှေ့က သားရဲက အသားစားတဲ့ စကာဗန်ဂျာ သတ္တဝါ တစ်ကောင် ဖြစ်ပြီး.. သူ စားသုံးမိတဲ့ အရာရဲ့ စွမ်းရည်တွေကို ဆက်ခံရရှိတဲ့ အိပ်မက်ဆိုး သားရဲ အမျိုးအစား ပါပဲ..။ ဒီကောင်က သူတို့တွေ တောင်ပေါ်ရေကန်ထဲမှာ ထားခဲ့ကြတဲ့ အနက်ရောင်လျှာတွေရဲ့ အသားကို စားသုံးခဲ့တာလား..။

…ဒီ ခွေးသားလေးက အဲ့အချိန်ကတည်းက ယာဉ်တန်းနောက်ကို တောက်လျှောက် လိုက်လာခဲ့ပြီး.. သူတို့ ချန်ထားခဲ့တဲ့ အလောင်းတွေနဲ့ ရုပ်အလောင်းတွေအားလုံးကို စားသောက်ပြီး ဗိုက်ဖြည့်နေခဲ့တာလား..။ ဆန်နီ ကို ကလဲ့စားချေဖို့ အခွင့်အရေးကို စောင့်ဆိုင်းရင်း ကြီးထွားလာခဲ့တာလား..။

ရုတ်တရက်ဆိုသလိုပဲ သူ ရယ်ချင်စိတ် ပေါ်ပေါက်လာခဲ့တယ်..။

“ခွေးသား.. မင်းက အဲ့အချိန်ကတည်းက စောင့်နေခဲ့ပြီးတော့.. အခုမှ ငါ့လက်ထဲကို ကိုယ့်ကိုယ်ကိုယ် ရောက်လာတာပေါ့လေ..”

ဆန်နီ သူ့ရဲ့ ခန္ဓာကိုယ်ကို အရိပ်တွေနဲ့ ရစ်ပတ်ဖို့ ညွှန်ကြားရင်း ရှေ့ကို နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်တယ်..။

သို့ပေမယ့် သူ ဒီလို မလုပ်နိုင်ခင်မှာပဲ…

မှင်စာသားရဲက ရုတ်တရက် မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ အရှိန်နဲ့ ရှေ့ကို ပြေးဝင်လာခဲ့ပြီး.. ကြောက်မက်ဖွယ်ကောင်းတဲ့ ရိုက်ချက်တစ်ခုက ဆန်နီ့ ရဲ့ ဝမ်းဗိုက်ဆီကို ကျရောက်သွားခဲ့ပါတော့တယ်..။သူ လေထဲကို လွင့်ထွက်သွားခဲ့ရပြီး..နောက်ပြန်လန်ကာ ကျောပြင်နဲ့ လဲကျသွားခဲ့တယ်..။

စက္ကန့်ပိုင်းအကြာမှာတော့ ဒီ သားရဲက ဆန်နီ ရဲ့ အပေါ်ကို ရောက်ရှိလာခဲ့ပြီး.. မထင်မှတ်ထားလောက်အောင် အစွမ်းထက်တဲ့ လက်နှစ်ဖက်က သူ့ရဲ့ လည်ပင်းကို ရစ်ပတ်ကာ ညှစ်ပစ်လိုက်ပါတော့တယ်..။ သားရဲရဲ့ သွေးစွန်းနေတဲ့ သွားတွေကြားထဲကနေ ရက်စက်ပြီး မုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။

ဆန်နီ့ ရဲ့ ခေါင်းက လှိုင်းလုံးတွေရဲ့ ရေမျက်နှာပြင်အောက်ကို တွန်းပို့ခြင်း ခံလိုက်ရတာကြောင့်.. ရေခဲတမျှ အေးစက်တဲ့ ရေတွေက သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲကို ချက်ချင်း ဝင်ရောက်သွားခဲ့ပါတယ်..။ သူက မှင်စာ သားရဲ ကို တွန်းဖယ်ဖို့ ကြိုးစားခဲ့ပေမယ့်.. သူ့ရဲ့ ခန္ဓာကိုယ်က ပြင်းထန်လှတဲ့ သားရဲကို ခုခံဖို့အတွက် အလွန်အမင်း အားနည်းနေခဲ့ပါပြီ..။

‘နေဦး.. နေဦး..’

ဆန်နီ အနေနဲ့ စနစ်တကျရှိတဲ့ အတွေးတစ်ခုကိုတောင် မတွေးနိုင်ခင်မှာပဲ.. သူ့ရဲ့ သတိလစ်မှုက စတင် ဝေဝါးလာခဲ့တယ်။အန္တရာယ်ရှိတဲ့ အမှောင်ထုက သူ့ရဲ့ စိတ်ကို စတင် လွှမ်းမိုးလာခဲ့ပါတယ်..။

…ယင်းနောက်မှာတော့.. သူကိုယ်တိုင်လည်း တကယ်ပဲ ဒေါသထွက်သွားခဲ့ပါပြီ..။

အပိုင်း ( ၉၅၆ ) ပြီး၏။

All Chapters