← Chapters

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း ၉၅၇

Vol. 64 Ch. 957

အပိုင်း ( ၉၅၇ ) အစွမ်းကုန် တိုက်ခိုက်ခြင်း

‘ဘာလို့လဲ ..ဘာလို့ ငါ့ကျမှ… ဒီလိုတွေ.. ဖြစ်နေရတာလဲ..။နှစ်ခါဆက်တိုက် တောင်မှ...ဒါ ဘယ်လို ငရဲမျိုးလဲ…’

ဆန်နီ ဟာ လည်ပင်းညှစ်ခံရပြီး ရေနစ်နေခဲ့သလို.. သူ့ရဲ့ ဆုတ်ဖြဲခံထားရတဲ့ နံဘေးဒဏ်ရာထဲကိုလည်း ပင်လယ်ရေတွေ ဝင်သွားတာကြောင့် မီးလောင်သလို ခံစားလိုက်ရတယ်..။မုန်းတီးဖို့ကောင်းတဲ့ အသားစား သားရဲ က သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ မလိုက်ဖက်လောက်အောင် မယုံနိုင်လောက်စရာ ခွန်အားမျိုးကို ပိုင်ဆိုင်ထားခဲ့တာ ပါ..။ ဒါမှမဟုတ် ဆန်နီကိုယ်တိုင်က အလွန်အမင်း အားနည်းနေတာလည်း ဖြစ်နိုင်ပါတယ်..။ သူက ဝိညာဉ်အဆီအနှစ်တွေ လုံးဝ ကုန်ခမ်းနေခဲ့သလို.. တိုက်တန်ရဲ့ နင်းခြေမှုကို ခံရပြီးနောက် ပြန်လည်ကုသနေရတဲ့ အခြေအနေမှာ ဖြစ်နေခဲ့တယ်။.. ဒါတွေအားလုံးအပြင် သူ့ရဲ့ သွေးကြောတွေထဲမှာ ပြင်းထန်တဲ့ အဆိပ်တွေလည်း စီးဆင်းနေခဲ့ပါသေးတယ်..။

ဘာပဲဖြစ်ဖြစ်..ဒီခွေးသားလေးကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ထုတ်ဖို့ ဘယ်လောက်ပဲ အသည်းအသန် ကြိုးစားပါစေ.. အရာအားလုံးက အချည်းနှီး ဖြစ်နေခဲ့တယ်..။

‘အား…’

ကျရှုံးမူအဆင့် တိုက်တန် နဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲကနေ အသက်ရှင်လွတ်မြောက်လာပြီးမှ.. ဒီလို သနားစရာ သားရဲ အစုပ်ပလုပ် ရဲ့ လက်ချက်နဲ့ သေဆုံးရတော့မယ်ဆိုတဲ့ အတွေးက သူ့ကို ခါးသီးပြီး နာကျင်စေပါတယ်..။ အထူးသဖြင့်

ဒီ ကျိန်စာသင့် မှင်စာလေးက သူ့ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်အထိတောင် သေးငယ်နေတာကြောင့် ပါပဲ..။

“လက်လျှော့လိုက်တော့.. မင်းရဲ့ ဘဝက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး..”

သူ့ရဲ့ သတိလစ်မှုက စတင် ဝေဝါးလာတာကို ခံစားရတာကြောင့် ဆန်နီ က အော်ဟစ် ဖို့ ကြိုးစားလိုက်တယ်..။

‘သောက်ပါးစပ်… ပိတ်ထားစမ်း…’

နှစ်သိမ့်ခြင်းပြစ်ဒဏ် က ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးနောက်.. ရယ်မောလိုက်ပါတယ်..။

“…မင်းရဲ့ တစ်ဘဝလုံး အစေခံတစ်ယောက်အဖြစ် ရှင်သန်ရမယ်ဆိုတာ သိရဲ့သားနဲ့တောင်.. အသက်ရှင်ဖို့ ဒီလောက်အထိ အသည်းအသန် ကြိုးစားနေတာက တကယ် ဟာသပဲ..”

ဒါက နောက်ဆုံး အချိန်အခါ ပါပဲ..။ မဟုတ်ဘူး.. တကယ်တော့ ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ မှင်စာလေးရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရကတည်းက နောက်ဆုံး အခြေအနေကို ရောက်လာခဲ့တာ ပါ..။ လပေါင်းများစွာကြာအောင် ဆိုးဝါးမှုတွေတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပြီး.. ပျက်စီးနေတဲ့ စစ်ပွဲအတွင်းမှာ လူတွေကို ဦးဆောင်လမ်းပြဖို့ စိတ်ဖိစီးမှုတွေကို အောင့်အည်းသည်းခံခဲ့ရတယ်..။တည်ငြိမ်ပြီး စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံရိပ်ကို ပြသဖို့ သူ့ကိုယ်သူ တစ်ချိန်လုံး ထိန်းချုပ်ခဲ့ရပြီးနောက်မှာတော့.. ဆန်နီ တစ်ယောက် တကယ်ပဲ သည်းမခံနိုင်တော့ပါဘူး..။

ရုတ်တရက်ဆိုသလိုပဲ သူ ဒေါသအလွန်အမင်း ထွက်လာခဲ့တယ်..။

သူ တကယ့်ကို ပေါက်ကွဲသွားခဲ့တာ ပါ..။

ဆန်နီ က ဒီကမ္ဘာကြီးကိုပါ ဒေါသထွက်နေခဲ့တာ ဖြစ်ပေမယ့်.. သူ့အနားမှာ ဒီ မှင်စာ သားရဲတစ်ကောင်ပဲ ရှိနေတာကြောင့်.. ဒီခွေးသားလေး ကပဲ သူ့ရဲ့ ဒေါသတွေအားလုံးကို ခံရပါလိမ့်မယ်..။

‘ဒီဘက်ကို လာစမ်း.. မင်း ခွေးမသားလေး…’

မကြာခင်မှာပဲ စူးရှတဲ့ နာကျင်မှုတစ်ခုက ဆန်နီရဲ့ ညာဘက် လက်မဆီ စူးဝင်လာခဲ့တယ်..။

ကံကောင်းတာက.. ဒီ ပိန်လှီတဲ့ သားရဲက

ဂိုလီယတ် မဟုတ်ပါဘူး..။ ဝီဗာအရိုး က ဘီလူးကြီးရဲ့ ကျောက်တုံး ခြေကန်ချက်အောက်မှာ ကျိုးပျက်သွားခဲ့ဖူးပေမယ့်..အသားစား သားရဲ ရဲ့ ထက်မြက်တဲ့ သွားတွေကိုတော့ အရှုံးမပေးခဲ့ပါဘူး..။ ဒါကြောင့် ဆန်နီ့ ရဲ့ လက်ချောင်းက ရက်စက်စွာ ကိုက်ဖြတ်ခံလိုက်ရပေမယ့် ပြတ်တောက်မသွားခဲ့ပေ.။

သူက နာကျင်မှုကိုတောင် သတိမထားတော့ဘဲ.. ဒီ စက်ဆုပ်ဖွယ် မှင်စာရဲ့ မျက်နှာကို လှမ်းကိုင်လိုက်ပြီး.. သူ့ရဲ့ ဘယ်ဘက်လက်မနဲ့ သတ္တဝါရဲ့ မျက်လုံးထဲကို ရှိသမျှ ခွန်အားအကုန်သုံးပြီး ဖိသွင်းပစ်လိုက်ပါတယ်..။

ဒါက အလုပ်ဖြစ်သွားခဲ့တယ်..။

သားရဲက တုန်လှုပ်သွားခဲ့ပြီး နောက်ကို ဆုတ်သွားခဲ့ပါတယ်။ဒါက.. ခနလောက်ပဲ ဆိုပေမယ့် ဆန်နီ ရဲ့ လည်ပင်းပေါ်မှာ ရောက်နေတဲ့ သူ့ရဲ့ လက်ကတော့ လျော့ရဲသွားခဲ့တယ်..။

ဒါက သူ လိုအပ်နေတဲ့ အခွင့်အရေး ပါပဲ..။

ဆန်နီဟာ သားရဲရဲ့ အောက်မှာ လှုပ်ရှားရင်း သူ့ ဒူးကို ကွေးလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြားထဲကို ထည့်ကာ.. ဒီ ခွေးသားကို ကန်ထုတ်ပစ်လိုက်တယ်..။ အစားကြီးတဲ့ မှင်စာ က သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ထက် အများကြီး ပိုပြီး အစွမ်းထက်နေပေမယ့်.. သူ့ရဲ့ အလေးချိန်ကတော့ ပေါ့ပါးနေဆဲ ပါပဲ..။ သူ့ရဲ့ ပိန်လှီတဲ့ ခန္ဓာကိုယ်က လွင့်ထွက်သွားခဲ့ပြီး ကျောက်ဆောင် ကမ်းခြေပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။

‘မင်းက ဘယ်ကို သွားချင်နေတာလဲ.. ငါ မင်းနဲ့အခုထိ စာရင်းမရှင်းရသေးဘူး.. ကောင်စုတ်…’

ဆန်နီ ရေထဲကနေ ထရပ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက်.. သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ မှင်စာ သားရဲ ကို စိုက်ကြည့်လိုက်ပါတယ်..။

“ဒီဘက်ကို ပြန်လာခဲ့..”

စက်ဆုပ်ဖွယ် သတ္တဝါကလည်း ဝမ်းသာအားရပဲ လက်ခံလာခဲ့တယ်..။ သူက မတ်တပ်ထရပ်ပြီး ရှေ့ကို ပြေးဝင်လာခဲ့ပေမယ့်.. ရုတ်တရက် ခြေချော်သွားခဲ့တာကြောင့် ဝေခွဲမရတဲ့ အမူအရာနဲ့ သူ့ရဲ့ ဝမ်းဗိုက်ကို ပြန်ကိုင်လိုက်ပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

“ဘာလဲ.. မင်း ဗိုက်အောင့်နေတာလား..”

ဒါက ဝီဗာသွေး ရဲ့ လုပ်ဆောင်ချက် ဖြစ်ဖို့ များပါတယ်..။

တကယ်တော့ ဆန်နီ ရဲ့ သွေးက အဆိပ်မရှိပေမယ့်.. ခန္ဓာကိုယ်ကနေ ကွဲကွာသွားတဲ့ အခါမှာ သူ့ရဲ့ မူလနေရာဆီကို ပြန်သွားဖို့ ကြိုးစားတဲ့ ထူးဆန်းတဲ့ ဂုဏ်သတ္တိ ရှိနေခဲ့တာ ပါ..။ ဒါကြောင့် သူ့ရဲ့ အသားတုံး ကို မျိုချလိုက်တာက သံမှုန့်တွေကို မျိုချပြီးတော့ စွမ်းအားပြင်းတဲ့ သံလိုက်တစ်ခုရဲ့ ရှေ့မှာ သွားရပ်နေသလိုမျိုး ဖြစ်နေခဲ့ပါတယ်..။

ဒီခွေးသားလေးက တကယ်ပဲ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရမှာ ပါ..။

‘မဟုတ်ဘူး.. အခုမဟုတ်သေးဘူး ..’

ဆန်နီ က ဒီ စုတ်ပြတ်နေတဲ့ မှင်စာဆီကို ပြေးဝင်သွားခဲ့ပြီး.. သူတို့ရဲ့ တိုက်ပွဲကြားထဲက ခနတာ အားလပ်ချိန်ကို အသုံးပြုကာ ရန်သူ့ရဲ့ ဝိညာဉ်ကို လှမ်းကြည့်လိုက်တယ်..။ သူ မြင်လိုက်ရတဲ့ အရာက သူ့ကို အံ့အားသင့်သွားစေခဲ့ပါတယ်..။

အစတုန်းက အိပ်မက်ဆိုး သားရဲ တွေထဲမှာ အောက်ခြေအဆင့်ပဲ ရှိခဲ့တဲ့ ဒီ မှင်စာသားရဲ က အခုဆိုရင် ရုပ်ပိုင်းဆိုင်ရာအရတင်မကဘဲ ဝိညာဉ်ပိုင်းဆိုင်ရာအရပါ အများကြီး ကြီးထွားလာခဲ့တာ ပါပဲ..။ သူ့ရဲ့ ဝိညာဉ်ထဲမှာ ပျံ့နှံ့နေတဲ့ အမှောင်ထုကို ကြည့်ရသလောက်တော့.. ဒီငနဲက အခုဆိုရင် ကျရှုံးမူအဆင့် နတ်မိစ္ဆာ တစ်ကောင် ဖြစ်နေခဲ့ပါပြီ..။ ဆန်နီ အနေနဲ့ LO49 မှာ အပြတ်မရှင်းနိုင်ခဲ့ဘဲ လွတ်သွားခဲ့တဲ့ သနားစရာသားရဲက အဆင့်ရော အမျိုးအစားပါ နိမ့်ကျခဲ့တယ်ဆိုတာ သေချာတာကြောင့်.. ဒါက တကယ်ပဲ အံ့ဩစရာ ကောင်းနေခဲ့တယ်..။

‘ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ်.. သူလည်း သေရမှာပဲ..’

သူတို့ နှစ်ယောက်က ရေစပ်မှာ ပြန်လည် တိုက်ခိုက်လိုက်ကြတယ်..။အသားစား မှင်စာ က သန်မာ လျင်မြန်ပြီး ရက်စက်လှပေမယ့်

ဆန်နီ မှာလည်း အရိပ်လေးကောင်ရဲ့ ခွန်အားတိုးမြှင့်မှု ရှိနေခဲ့တာ ပါပဲ..။

ဝမ်းနည်းစရာကောင်းတာက အရိပ်တွေရဲ့ ခွန်အားတိုးမြှင့်မှုက ပုံသေမဟုတ်ဘဲ သူ့ရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအပေါ်မှာပဲ အခြေခံပြီး တိုးမြှင့်ပေးတာ ဖြစ်ပါတယ်..။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက လောလောဆယ်မှာ အောက်ဆုံးအဆင့်ကို ရောက်နေတာကြောင့်.. ဆန်နီ က သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်..။ အားနည်းမှုကို ငါးဆနဲ့ မြှောက်လိုက်ရင် ခွန်အားပုံစံမျိုးအဖြစ် ပြောင်းလဲသွားနိုင်ပေမယ့်.. သူ ရင်းနှီးတဲ့ ခွန်အားမျိုးတော့ မဟုတ်ခဲ့ပါဘူး..။

သို့ပေမယ့်လည်း သူက.. ဒီ တောရိုင်းမှင်စာထက် ပိုပြီး ကြီးမားသလို ပိုပြီးတော့လည်း သန်မာနေဆဲ ပါပဲ..။ ကွာဟချက်က သူ ထင်ထားသလောက် မကြီးမားရင်တောင်မှ.. သတ္တဝါက အရှိန်အဟုန်ပိုင်းမှာပဲ အနည်းငယ်လောက်သာ အသာစီး ရနေခဲ့တာ ပါ..။

ဒီခွေးသားလေး ကို သူ့ရဲ့ လက်နှစ်ဖက်တည်းနဲ့တင် ချေမှုန်းပစ်ချင်တာကြောင့်.. ဆန်နီ က သူ့ကို ဖမ်းချုပ်ပြီး မြေပြင်ပေါ် လှဲချဖို့ ကြိုးစားခဲ့ပေမယ့်.. ဒီသောက်ကျိုးနဲ မှင်စာလေးက နောက်ဆုံးမိနစ်မှာ သူ့ရဲ့ လက်ထဲကနေ ရုန်းထွက်သွားနိုင်ခဲ့တယ်။ပြီးတာနဲ့.. သူ့ရဲ့ ဖြတ်တောက်ခံထားရတဲ့ လက်နဲ့ ဆန်နီ့ ရဲ့ ဒဏ်ရာရနေတဲ့ နံဘေးဆီကို ရက်စက်စွာ ထိုးနှက်လိုက်ပါတယ်..။

ပေါက်ကွဲထွက်လာတဲ့ နာကျင်မှုကြောင့် ဆန်နီရဲ့ မျက်လုံးထဲမှာ ကြယ်တွေ လွင့်ပျံသွားခဲ့တယ်..။ ဒီ သားရဲရဲ့ ထက်မြက်တဲ့ သွားတွေကြားထဲကနေ ထူးဆန်းတဲ့ အသက်ရှူသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။.. ဒါက… အက်ကွဲနေတဲ့ ရယ်မောသံတစ်ခုလိုပါပဲ..။

“မင်း ခွေးကောင်..”

ဆန်နီ က ကျိန်ဆဲရင်း သားရဲရဲ့ လက်မောင်းကို ဖမ်းကိုင်ကာ လိမ်ချိုးပစ်လိုက်တယ်..။ ရင်းနှီးနေတဲ့ အရိုးကျိုးသံကြောင့် သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပေမယ့်.. ခနအကြာမှာတော့ နာကျင်ရုန်းကန်ရတဲ့ အမူအရာအဖြစ် ပြောင်းလဲသွားခဲ့ပြန်ပါတယ်..။မှင်စာလေးက လက်မောင်း ကျိုးသွားခဲ့တာတောင် အရှိန်မပျက်ပဲ ဆန်နီ ရဲ့ လက်ဖျံကို ကိုက်ခဲလိုက်တာကြောင့်.. ကျောက်ဆောင်တွေပေါ်မှာ သွေးတွေ စွန်းထင်းသွားခဲ့တယ်။.. သူ့ရဲ့ ခန္ဓာကိုယ်ထဲကိုလည်း အဆိပ်တွေ ပိုပြီး ဝင်ရောက်လာခဲ့ပါတယ်..။

“ ချီးတဲ့မှပဲ..”

ဆန်နီက ဒေါသတကြီးနဲ့ ဒီ ပိန်လှီနေတဲ့ နတ်ဆိုးရဲ့ ခေါင်းကို ရိုက်ချလိုက်ပြီး လွင့်ထွက်သွားစေခဲ့တယ်..။ သားရဲက မြေပြင်ပေါ်ကို မကျခင်မှာပဲ.. သူက အနားကို ရောက်ရှိသွားခဲ့ပြီး..တစ်စစီ ချေမှုန်းပစ်ဖို့ ပြင်ဆင်လိုက်တယ်..။

သို့ပေမယ့်…

အသားစား မှင်စာ က ကျောက်ဆောင်ကမ်းခြေရဲ့ ထူးခြားတဲ့ နေရာတစ်ခုပေါ်ကို ပြုတ်ကျသွားခဲ့တာ ပါ..။ သူ့ရဲ့ ဖြတ်တောက်ခံထားရတဲ့ လက်က စိုစွတ်နေတဲ့ ကျောက်တုံးတွေပေါ်မှာ ရှိနေဆဲဖြစ်တဲ့ နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ဓားရိုးနဲ့ စင်တီမီတာ အနည်းငယ်အကွာကို ရောက်ရှိသွားခဲ့တယ်..။

ရင်းနှီးနေတဲ့ အသံက အေးစက်စွာ ရယ်မောလိုက်ပါတယ်..။

“ကောင်းပြီလေ.. အခြေအနေကို ကြည့်စမ်းပါဦး..။ဒါက ဘယ်လို အလှည့်အပြောင်းမျိုးလဲ..”

ဆန်နီ က မှင်စာ သားရဲဆီကို မရောက်နိုင်ခင်မှာပဲ.. သတ္တဝါက ရှေ့ကို အမြန်လှမ်းလိုက်ပြီး ကျိန်စာသင့် ဓားကို ဆွဲကိုင်ကာ ဆန်နီ ဆီကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပါတော့တယ်..။

အပိုင်း ( ၉၅၇ ) ပြီး၏။

All Chapters