အခန်း ၉၅၈
Vol. 64 Ch. 958
အပိုင်း ( ၉၅၈ )ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ကံဆိုးမူများ
ဆန်နီ ဟာ ရုတ်တရက် ကျရောက်လာတဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ အရမ်း နီးကပ်လွန်းနေခဲ့သလို.. အသားစား မှင်စာ ကလည်း သူ့ကို ရှောင်ကွင်းခွင့်ပေးဖို့ အချိန်မရှိလောက်အောင် လျင်မြန်လှပါတယ်..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် က သူ့ရဲ့ ခန္တာကိုယ်ထက် ရှည်လျားနေပေမယ့်လည်း.. ဒီ နတ်ဆိုးစုတ်လေးက ရန်သူ့ကို နောက်ဆုတ်ဖို့ အချိန်မပေးဘဲ အရှိန်အဟုန်နဲ့ ဝှေ့ယမ်းနိုင်ခဲ့တာ ပါ..။
‘ဘယ်လို ငရဲလဲ…’
ကျောက်စိမ်းဓားသွားက သူ့ကို အလွယ်တကူပဲ နှစ်ပိုင်းပိုင်းပစ်နိုင်တာ.. ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ပေးနိုင်တာကို သိနေခဲ့တာကြောင့်.. ဆန်နီ ဟာ သူ့ရဲ့ ခန္ဓာကိုယ်ဆီကို ချဉ်းကပ်လာတဲ့ သေမင်းတမန် အဖြူရောင် အရိပ်အယောင်ကို စိုက်ကြည့်နေမိပါတယ်..။ အချိန်တွေက နှေးကွေးသွားသလိုမျိုး ခံစားလိုက်ရတယ်..။
‘ဒါက ဟာသတစ်ခု လား..’
သူ ဘာမှ လုပ်စရာမရှိတာကြောင့်..ရိုးရိုးရှင်းရှင်းပဲ နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို စိတ်ထဲကနေ ရုတ်သိမ်းပစ်လိုက်ပါတယ်..။သူ့ရဲ့ အရေပြားပေါ်မှာတော့ ကျောက်စိမ်းဓားရဲ့ သေမင်းတမန် ထိတွေ့မှုအစား.. အဖြူရောင် မီးပွားလေးတွေသာ လွင့်စင်သွားခဲ့တယ်..။
မှင်စာလေးက ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်ပြီး.. သူ အခုလေးတင် ကိုင်ထားတဲ့ ဓားက ဘယ်ကို ရောက်သွားလဲဆိုတာ နားမလည်နိုင်တဲ့အလား သူ့ရဲ့ လက်သီးတွေကို အူကြောင်ကြောင်နဲ့ ဆုပ်လိုက်ပါတယ်..။ နောက်တစ်ခနမှာတော့ ဆန်နီ က သူ့ရဲ့ ရင်ဘတ်ကို ကန်ထုတ်လိုက်တာကြောင့်.. ဒီ သားရဲ က နောက်တစ်ကြိမ် လွင့်ထွက်သွားခဲ့ပြန်တယ်..။ သူ ခံစားလိုက်ရတဲ့ အရိုးကျိုးသံအရဆိုရင်တော့.. အသားစား မှင်စာ ရဲ့ ရင်ဘတ်ပေါ်က အရိုးချပ်ဝတ်က ကျိုးပျက်သွားခဲ့သလို.. သူ့ရဲ့ နံရိုးအချို့လည်း ကျိုးသွားတာ သေချာပါတယ်..။
…အကောင်းဆုံးကတော့.. အဲဒီ ကျိန်စာသင့်ဓားက နောက်ဆုံးမှာတော့ စကားပြောတာ ရပ်သွားခဲ့တာ ပါပဲ..။
ဒဏ်ရာရသွားတဲ့ နတ်ဆိုးလေးက ကျောက်ဆောင်တွေပေါ်မှာ လိမ့်ဆင်းသွားခဲ့ပြီး.. မီတာအနည်းငယ်အကွာကို ရောက်မှ မတ်တပ်ထရပ်နိုင်ခဲ့တယ်..။ သူက တိုက်ပွဲကို ဆက်မတိုက်နိုင်လောက်အောင် ဒဏ်ရာမပြင်းထန်တဲ့အပြင်.. ပိုပြီးတော့တောင် တိုက်ခိုက်ချင်စိတ် ပြင်းထန်နေပုံရပါတယ်..။ သို့ပေမယ့်လည်း သူ့ရဲ့ အမူအရာက အနည်းငယ် နာကျင်နေပုံရပြီး.. ဘာမှမလုပ်ခင်မှာပဲ ဒီမှင်စာလေးက သူ့ခေါင်းကို သူ လက်နဲ့ အကြိမ်အနည်းငယ် ရိုက်နှက်လိုက်တယ်..။
ဆန်နီ ပြုံးလိုက်မိပါတယ်..။
စိတ်အနှောင့်အယှက်ဖြစ်စရာ တီးတိုးသံတွေက အသားစား မှင်စာ ရဲ့ စိတ်ကိုလည်း ဒုက္ခပေးနေတဲ့ ပုံပါပဲ..။
အခုဆိုရင်တော့.. ဒီ အကောင်စုတ်လေးကို အပြတ်ရှင်းဖို့ပဲ ကျန်ပါတော့တယ်..။ ဖြစ်နိုင်ရင်တော့.. သူ့ရဲ့ အသားစတွေကို ထပ်ပြီး အကိုက်မခံရဘဲနဲ့.. ဒါမှမဟုတ် အခုထက် ပိုပြီး အဆိပ်မမိစေပဲနဲ့ပေါ့..။
ဆန်နီ က အသားစား မှင်စာ ကို သတ်ဖို့ အကောင်းဆုံးနဲ့ အနာကျင်ရဆုံး နည်းလမ်းကို စဉ်းစားနေတဲ့ အချိန်မှာပဲ.. သာယာလှပတဲ့ အသံတစ်ခုက သူ့ရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ်..။
ဒါကတော့ လမ်းမကြီးရဲ့ တစ်နေရာကနေ သူတို့ဆီကို ချဉ်းကပ်လာနေတဲ့ သံမဏိ မြင်းခွာသံ ပါပဲ..။
သူ့ရဲ့ မျက်နှာပေါ်မှာ ဆိုးယုတ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“မင်းတော့ တကယ် သေပြီသာမှတ်တော့..ခွေးသားလေး..”
အိပ်မက်ဆိုး က သူ့ရဲ့ ရန်သူတွေကို အပြတ်ရှင်းပစ်ခဲ့ပြီးတာနဲ့.. အရှင်သခင်ကို ကူညီဖို့ ပြန်လာနေခဲ့ပြီ ဖြစ်ပါတယ်..။
အသားစား မှင်စာ ကလည်း ဒီမြင်းခွာသံရဲ့ အဓိပ္ပာယ်ကို နားလည်သွားပုံရတယ်..။ သူက တွန့်ဆုတ်သွားခဲ့ပြီး.. ဆန်နီ့ ကို မုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။
‘သေရမယ့် အချိန်ရောက်ပြီ..’
…အဲဒီနောက်မှာပဲ တစ်ခုခု ပြောင်းလဲသွားခဲ့တယ်..။ ရက်စက်တဲ့ နတ်ဆိုးလေးရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာအမူအရာက.. ဖော်ပြလို့မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားတဲ့ ပုံစံမျိုးအဖြစ် ပြောင်းလဲသွားခဲ့တယ်..။ ဒီ နတ်ဆိုးစုတ်လေးက သူ့ခေါင်းကို လှည့်လိုက်ပြီး ဆန်နီရဲ့ ကျောပြင်နောက်က တစ်ခုခုကို စိုက်ကြည့်နေခဲ့တာပါ..။ သို့ပေမယ့် အဲ့နေရာမှာ ဘာမှရှိမနေပါဘူး..။
ဆန်နီ လှောင်ပြုံး ပြုံးချင်သွားခဲ့တယ်..။
‘ဒီကောင်က တကယ်ပဲ ဒီလို ကလေးကလား လှည့်ကွက်မျိုးနဲ့ ငါ့ကို လှည့်စားလို့ရမယ် ထင်နေတာလား.. ။ငါက အဲဒီ လှည့်ကွက်တွေကို ပိုင်နိုင်ပြီးသားကွ.. အရူးရဲ့..’
…ပင်လယ်ပြင်ကလွဲရင်ပေါ့..။
ဒါပေမယ့်လည်း.. ဆန်နီ က ဒီနေ့မှာ သူ့ရဲ့ နောက်ကျောကို ကြည့်ဖို့ တစ်ကြိမ် ပျက်ကွက်ခဲ့ဖူးပါတယ်..။ ဒါကြောင့်လည်း အခုလို သနားစရာကောင်းတဲ့ အခြေအနေမျိုးကို ရောက်နေရတာ ပါ..။
ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ ကျောရိုးတစ်လျှောက် အေးစိမ့်မှုတစ်ခု ဖြတ်ပြေးသွားခဲ့တယ်..။
သူ့ရဲ့ ခန္ဓာကိုယ်မှာ အရိပ်လေးကောင်စလုံးကို ပတ်ထွက်ထားတာကြောင့်.. ဆန်နီ က သူ့နောက်မှာ ဘာဖြစ်နေလဲဆိုတာကို မမြင်ရပါဘူး..။ သူ နောင်တရလိမ့်မယ်ဆိုတာ သိနေခဲ့ပေမယ့်လည်း အံကြိတ်ပြီးတော့.. မှောင်မိုက်နေတဲ့ ရေပြင်ဆီကို ခနလောက် လှည့်ကြည့်လိုက်ပါတယ်..။
ပင်လယ်ပြင်က လွန်ခဲ့တဲ့ တစ်မိနစ်ကအတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး.. အေးစက်တဲ့ လှိုင်းလုံးတွေကြားထဲကနေ ဘာ ထိတ်လန့်စရာ သားရဲမှ ပြေးထွက်မလာခဲ့ပါဘူး..။
‘…မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး..’
သူ ရှေ့ကို ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့.. အသားစား မှင်စာ က ပျောက်ကွယ်သွားခဲ့ပါပြီ..။
ဆန်နီ က ဒီကောင်စုတ်လေး ဘယ်နေရာကို ပျောက်သွားလဲဆိုတာ မသိပေမယ့်.. သူ့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ပါဘူး..။ အသားစား မှင်စာ က ဒီနေရာမှာ တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုး ဖြစ်နေခဲ့တယ်..။
ဆန်နီ့ ရဲ့ မျက်နှာပေါ်မှာ အံ့ဩသင့်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
“သူ… သူ တကယ်ပဲ… ငါ့လက်ထဲကနေ… ထွက်ပြေးသွားပြန်ပြီလား.. နောက်တစ်ကြိမ်လား..”
သူက မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်..။
‘…ချီးပဲ…’
ဆန်နီ ဒေါသတကြီးနဲ့ အနီးဆုံးက ကျောက်တုံးကို ကန်ပစ်လိုက်တယ်။ယင်းနောက်.. မုန်းတီးစရာကောင်းတဲ့ မှင်စာကို တစ်နည်းနည်းနဲ့ ရှာတွေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပါတယ်..။ သူ အဝေးကြီးကို ရောက်သွားနိုင်မှာ မဟုတ်သလို.. သေချာလည်း ပုန်းကွယ်နိုင်မှာ မဟုတ်ပါဘူး..။ သို့ပေမယ့်လည်း ဒီ မုန်းတီးဖို့ကောင်းတဲ့ သားရဲက မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သားရဲတွေ ကို ဝါးမြိုပြီး ဘယ်လို စွမ်းအားမျိုးတွေကို စုပ်ယူထားလဲဆိုတာကိုတော့ မခန့်မှန်းနိုင်ခဲ့ပေ..။
အသားစား မှင်စာ ကတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ပါပြီ..။
“ငါ ယုံတောင် မယုံနိုင်ဘူး..ချီးပဲ ဒီ ကောင်စုတ်..”
ဆန်နီ အံကိုကြိတ်ရင်း သူ့ရဲ့ အရိပ်အာရုံကို အပြင်ဘက်ထိ ဖြန့်ကျက်ကာ.. ပုန်းအောင်းနေတဲ့ မှင်စာကို ရှာဖွေဖို့ အဝေးဆုံးအထိ ပို့လွှတ်လိုက်ပါတယ်..။
သူက ဒီ နတ်ဆိုးရဲ့ သေးငယ်တဲ့ အရိပ်ကို ဘယ်နေရာမှာမှ မခံစားရပါဘူး..။
…သို့သော်လည်း သူက တခြားအရာတစ်ခုကိုတော့ ခံစားလိုက်ရတယ်..။
ရုတ်တရက် ဆန်နီ တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့ပါတယ်..။
သူက အနောက်ကို ဖြည်းဖြည်းချင်း လှည့်ပြီး ပင်လယ်ပြင်ကို ပြန်ကြည့်လိုက်မိတယ်..။ လှိုင်းလုံးတွေရဲ့ မျက်နှာပြင်ကတော့ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေဆဲ ပါပဲ..။
ဒါပေမယ့် ပင်လယ်ရေအောက်ရဲ့ တစ်နေရာ.. သူ့ရဲ့ အာရုံခံစားမှု အစွန်းဆုံးမှာတော့.. ပင်လယ်ကြမ်းပြင်တစ်လျှောက်မှာ အရိပ်တွေ လှုပ်ရှားနေခဲ့ပါတယ်။ဒီအရိပ်တွေက..သူတို့ဆီကို ပိုပြီးတော့ နီးကပ်လာနေတာကို ခံစားလိုက်ရတယ်..။
ဆယ်ဂဏန်း… မဟုတ်ဘူး.. ရာဂဏန်း.. မဟုတ်ဘူး.. ထောင်ဂဏန်း ထက်ပိုတဲ့ အရိပ်တွေအားလုံးက နေရာတစ်ခုတည်းဆီကို ဦးတည်နေခဲ့တာ ပါ..။
သူ့ဆီကို..
ဆန်နီ နောက်ကို ဆုတ်ရင်း တံတွေး မျိုချလိုက်မိတယ်..။
‘အဲ့ကောင်စုတ်လေးက ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ..’
အသားစား မှင်စာ ကို ဒီလောက်အထိ ထိတ်လန့်သွားစေပြီး ဆန်နီ ကို သတ်ဖို့ ကြိုးစားမှုကိုတောင် စွန့်လွှတ်သွားစေခဲ့တာက ဘယ်အရာဖြစ်နိုင်မလဲ..။
‘ငါ… သိဖို့ မကြိုးစားတာပဲ ကောင်းလိမ့်တယ်..’
သူ့ရဲ့ အမြုတေတွေထဲမှာ အဆီအနှစ် တစ်စက်မှ မရှိတော့သလို.. သူ့ရဲ့ သွေးကြောတွေထဲမှာလည်း ပြင်းထန်တဲ့ အဆိပ်တွေ စီးဆင်းနေတာကြောင့်.. ဆန်နီ အနေနဲ့ လှိုင်းလုံးတွေအောက်ကနေ ချဉ်းကပ်လာနေတဲ့ ထိတ်လန့်စရာ အရာတွေက ဘာလဲဆိုတာကို သိချင်စိတ် လုံးဝမရှိပါဘူး..။
သူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက်.. ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို သတိထားမိလိုက်တယ်..။
အိပ်မက်ဆိုး က လမ်းမကြီးရဲ့ ပျက်စီးနေတဲ့ မျက်နှာပြင်ပေါ်မှာ အရှိန်အဟုန်နဲ့ ပြေးဝင်လာပြီး သူ့ရဲ့ အမြင်အာရုံထဲကို ရောက်ရှိလာခဲ့တာပါ..။အနက်ရောင် မြင်းရိုင်းကြီးက ဆန်နီ ရဲ့ အမိန့်ကို နာခံရင်းနဲ့.. အရှိန်မလျှော့ပဲ သူ့ရဲ့ ဘေးကနေ ဖြတ်ကျော်ပြေးသွားခဲ့တယ်..။
ဒီလို ဖြတ်သွားတဲ့အချိန်မှာပဲ ဆန်နီ က ကုန်းနှီးရဲ့ ချိတ်ကို လှမ်းကိုင်လိုက်ပြီး သူ့ကိုယ်သူ အပေါ်ကို ဆွဲတင်ကာ.. ပြေးနေတဲ့ မြင်းရဲ့ ကျောပေါ်ကို လှမ်းခွစီးလိုက်ပါတယ်..။
သူတို့နှစ်ယောက်စလုံးက ရေပြင်နဲ့ ဝေးရာကို ပြေးထွက်သွားခဲ့ကြပြီး.. မြောက်ဘက်ဆီကို ရှိသမျှ အရှိန်အကုန်သုံးပြီး ဦးတည်သွားခဲ့ကြတယ်..။
ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ဆန်နီ အနောက်ကို လုံးဝ လှည့်မကြည့်ခဲ့ပါဘူး..။ ချဉ်းကပ်လာနေတဲ့ အရိပ်တွေဆီကနေ ခံစားနေရတဲ့ ထိတ်လန့်စရာ အေးစိမ့်မှုက..
ကြောက်စရာကောင်းလောက်အောင် ရင်းနှီးနေခဲ့တာ ပါ..။
‘အကုန်လုံး ငရဲကိုသာ သွားလိုက်ကြတော့..အကုန်ချီးပဲ..။ဒါက ကံဆိုးမိုးမှောင်ကျ တဲ့ နေ့တစ်နေ့ ဆိုရင်တောင် ဒီလောက်ကြီးကတော့ လွန်လွန်းတယ်..’
…အနက်ရောင် မြင်းရိုင်းကြီးနဲ့ ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ မြင်းစီးသူရဲ ရဲ့ ပုံရိပ်က.. တောင်စောင်းတစ်ခုရဲ့ နောက်ကွယ်မှာ ပျောက်ကွယ်သွားခဲ့ကြတယ်..။ စက္ကန့်အနည်းငယ်အကြာမှာတော့.. မှောင်မိုက်နေတဲ့ ရေပြင်က ကွဲအက်သွားခဲ့ပြီး.. ပထမဆုံးသော ထိတ်လန့်စရာ ဧည့်သည်တော်က ရေထဲကနေ ကမ်းခြေပေါ်ကို ခြေချလိုက်ပါတော့တယ်..။
အပိုင်း ( ၉၅၈ ) ပြီး၏။