← Chapters

အခန်း ၉၅၉

Vol. 64 Ch. 959

အခန်း ၉၅၉

Vol. 64 Ch. 959

အပိုင်း ( ၉၅၉ ) အထီးကျန် မြင်းစီးသူရဲ

ဆန်နီ ဟာ စုတ်ပြတ်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး အေးစက်လှတဲ့ ဝင်ရိုးစွန်းညရဲ့ အအေးဒဏ်ကြားထဲကနေ တုန်တုန်ရီရီ နဲ့ မြောက်ဘက်ကို မြင်းစီးသွားခဲ့တယ်..။ ကမ်းရိုးတန်း လမ်းမကြီးက ရှည်လျားစွာ တည်ရှိနေပြီး ထူးဆန်းစွာ တိတ်ဆိတ်ကာ လူသူကင်းမဲ့နေခဲ့ပါတယ်..။ သူက ကွန်ကရစ်လမ်းပေါ်မှာ လဲလျောင်းနေပြီး အရောင်မရှိတဲ့ မျက်လုံးတွေနဲ့ အမှောင်ထုကို စိုက်ကြည့်နေတဲ့ သေဆုံးသွားပြီးသား အိပ်မက်ဆိုး သားရဲအလောင်း တွေကို တစ်ခါတစ်ရံ တွေ့ရှိခဲ့ရတယ်..။

ဒါတွေကတော့ စစ်ကြောင်း ဖြတ်သတ်သွားခဲ့ပြီးကျန်ရစ်ခဲ့တဲ့ လက္ခဏာတွေ ပါပဲ..။ ကျန်တဲ့ သားရဲတွေ ကတော့ မော်တော်ယာဉ်တန်းလေး နောက်ကို အပြင်းအထန် လိုက်လံရင်းနဲ့ စစ်ကြောင်းရဲ့ ဆွဲခေါ်ခြင်းကို ခံလိုက်ရတာ ဖြစ်ရပါမယ်..။ ဒါက ဆန်နီ ကို ခနလောက် အသက်ရှူဖို့ အခွင့်အရေး ရစေခဲ့တယ်..။

‘အား… ငါ တကယ် ပင်ပန်းနေပြီ…’

အခုဆိုရင် တိုက်ပွဲရဲ့ စိတ်လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တာကြောင့် ..စိတ်ဓာတ်ကျနေတဲ့ ခံစားချက်မျိုးက ဝင်လာခဲ့တယ်..။

အန္တာတိကအလယ်ပိုင်း ရဲ့ အေးစက် မှောင်မိုက်ပြီး လူသူကင်းမဲ့တဲ့ ရှုခင်းကလည်း စိတ်ပျက်စရာတွေကို ပိုပြီး တိုးပွားစေပါတယ်..။ဆန်နီဟာ ရှေ့ကို ကြည့်ရင်း အိပ်မက်ဆိုး ရဲ့ ကုန်းနှီးက

တုန်ခါသွားတာကြောင့် မျက်နှာ ပျက်သွားခဲ့ရတယ်..။ သူ့ရဲ့ ဒဏ်ရာတွေက နာကျင်နေခဲ့သလို ပြင်းထန်တဲ့ အဆိပ်ကလည်း သူ့ကို အတွင်းပိုင်းကနေ သတ်ပစ်ဖို့ အခုထိ ကြိုးစားနေဆဲ ပါပဲ..။

တခြားလူတွေသာဆိုရင် သေဆုံးနေလောက်ပြီ ဖြစ်ပေမယ့် ဝီဗာသွေး က အနက်ရောင်အဆိပ်ကို ဖြည်းဖြည်းချင်း အနိုင်ယူနေခဲ့တာ ပါ..။သို့ပေမယ့်လည်း ဆန်နီ ဟာ သူ့ရဲ့ နံဘေးနဲ့ လက်ဖျံပေါ်က အကိုက်ခံရတဲ့ ဒဏ်ရာတွေကနေ သွေးတွေ စီးကျနေတုန်း ပါပဲ..။ သူ့ရဲ့ လက်မကလည်း ပုံပျက်ပန်းပျက် ဖြစ်နေခဲ့တယ်..။

သူ့ကို သွေးထွက်သံယိုဖြစ်စေမယ့် အရာမျိုးနဲ့ မကြုံရတာ ကြာပြီ ဖြစ်တာကြောင့် ဒါက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်..။ သို့ပေမယ့် ဆန်နီ လုပ်နိုင်တာ သိပ်မရှိပါဘူး..။ သူဆီမှာ တပ်မက်ခြင်းသေတ္တာ ထဲမှာ သိုလှောင်ထားတဲ့ ရိုးရိုး ဆေးသေတ္တာ ရှိနေခဲ့ပေမယ့် ဒါကို ဆင့်ခေါ်ဖို့ အဆီအနှစ် မရှိခဲ့ပါဘူး..။

သူ့ကိုယ်သူ အအေးဒဏ်ကနေ ကာကွယ်ဖို့ ချပ်ဝတ်တန်ဆာကို မဆင့်ခေါ်နိုင်တာကလည်း ဒီအကြောင်းပြချက်ကြောင့် ပါပဲ..။အဆီအနှစ်တွေ လုံးဝ ကုန်ခမ်းသွားခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အမြုတေတွေရဲ့ ကျယ်ပြောလှတဲ့ သိုလှောင်ကန်ထဲကို အဆီအနှစ်တစ်ချို့ကဖြည်းဖြည်းချင်းပဲ ပြန်လည် ရောက်ရှိလာခဲ့တယ်..။

နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ပြန်လည် ရုတ်သိမ်းလိုက်တာကြောင့် ရရှိခဲ့တဲ့ အဆီအနှစ် အနည်းငယ်ကတော့ အဆီအနှစ်မရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရပါတယ်..။ သူ့ရဲ့ အသားအရေက အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြန်လည် ပြည့်ဝမလာမချင်း သူက ဘယ် မှတ်သားမူ ကိုမှ ဆင့်ခေါ်နိုင်မှာ မဟုတ်ပါဘူး..။

သို့ပေမယ့် ဒါက အရမ်းကြီးတော့ မဆိုးလှပေ..။ အားအင်ပြည့်ဝစေတဲ့ အဆီအနှစ်တွေ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပိုပြီး ပြန်လည် ရောက်ရှိလာလေလေ အအေးဒဏ်ကို ပိုပြီး ခုခံနိုင်လေလေ ဖြစ်ကာ ဝီဗာသွေး ကလည်း ပိုပြီး သန်မာလာခဲ့တယ်..။

ဒါက နှေးကွေးပေမယ့်...သူ့ရဲ့ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတဲ့ ဖျားနာစေတဲ့ အားနည်းမှု ခံစားချက်ကို ဆုတ်ခွာသွားစေတာ သေချာပါတယ်..။

ယင်းနောက်မှာတော့ အဆီအနှစ် စမ်း​ချောင်းလေးတစ်ခုက သူ့ရဲ့ အမြုတေတွေထဲကို စီးဝင်လာခဲ့တယ်..။

‘…နောက်ဆုံးတော့…’

ဆန်နီ က အိပ်မက်ဆိုး ကို ရပ်တန့်ဖို့ အမိန့်ပေးလိုက်ပြီး မြင်းပေါ်ကနေ ဆင်းလိုက်ပါတယ်..။ သူက ကွန်ကရစ်လမ်းပေါ်မှာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် ဒူးထောက်ပြီး အသက်ကို ပုံမှန် ရှူသွင်းရှူထုတ် လုပ်ရင်း ဘယ် မှတ်သားမူ ကို အရင် ဆင့်ခေါ်ရမလဲဆိုတာကို စဉ်းစားနေမိတယ်..။ သူက အရမ်းအေးနေတာကြောင့် ရာသီဥတုဒဏ်နဲ့ ရန်သူတွေရန်ကနေ ကာကွယ်ဖို့ ချပ်ဝတ်တစ်ခု လိုအပ်နေခဲ့ပေမယ့် လက်နက်မရှိတာကလည်း စိတ်ထဲမှာ တကယ်ကို မသက်မသာ ခံစားရစေပါတယ်..။ သူ့ရဲ့ ဒဏ်ရာတွေကိုလည်း ကုသဖို့ လိုအပ်နေခဲ့တာကြောင့် ရေခဲမှတ်သားမူ ကလည်း ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ် အလားအလာရှိတဲ့ အရာတစ်ခု ပါပဲ..။

နောက်ဆုံးမှာတော့ သူ သက်ပြင်းချလိုက်ပြီး..

‘လောလောဆယ်တော့ အိပ်မက်ဆိုး ကပဲ ငါ့ရဲ့ လက်နက် ဖြစ်ရမှာပေါ့..’

ဒါနဲ့ပဲ ဆန်နီ က တပ်မက်ခြင်းသေတ္တာ ကို ဆင့်ခေါ်လိုက်ပါတယ်..။ သံသေတ္တာကို ဖွင့်လိုက်ပြီး ဆေးသေတ္တာကို ထုတ်ကာ သူ့ရဲ့ ဒဏ်ရာတွေပေါ်ကို သွေးတိတ်ဆေးတွေ ခက်ခက်ခဲခဲ သုတ်လိမ်းလိုက်ပြီးနောက် ပတ်တီးတွေကို အပေါ်ကနေ ကပ်လိုက်ပါတယ်..။ယင်းနောက်မှာတော့ သူက သေတ္တာရဲ့ နက်ရှိုင်းလှတဲ့ သိုလှောင်မှုထဲကို လက်လှမ်းပြီး အနည်းငယ် ရှာဖွေလိုက်ကာ စစ်တပ်သုံး ကုတ်အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်တယ်..။

ဆန်နီ က ကုတ်အင်္ကျီပေါ်က ကြေးဝါကြယ်သီးတွေကို မိနစ်အနည်းငယ်လောက် စိုက်ကြည့်နေလိုက်မိတယ်။ယင်းနောက် ဒါကို ဝတ်ဆင်ကာ အေးစက်တဲ့ လေပြင်းဒဏ်ကနေ သူ့ကိုယ်သူ ကာကွယ်ဖို့ ကော်လံ ကို မြှင့်တင်လိုက်ပါတယ်..။

‘လောလောဆယ်တော့ ဒါက အဆင်ပြေသွားမှာပါ..’

သူက ကုန်းနှီးပေါ်ကို ပြန်လည် တက်စီးရင်း မြင်းကို ရှေ့ကို စေလွှတ်လိုက်တယ်..။ အိပ်မက်ဆိုး က သူ့ရဲ့ အရှင်သခင်ရဲ့ ဒဏ်ရာတွေကို အရမ်းကြီး မထိခိုက်စေဖို့အတွက် အစပိုင်းမှာ ဖြည်းဖြည်းချင်းပဲ သွားခဲ့ပါတယ်..။

သူတို့က အချိန်အနည်းငယ်လောက်တိတ်ဆိတ်စွာ ခရီးသွားခဲ့ကြတယ်..။ နောက်ဆုံးမှာတော့ ဆန်နီ ဟာ နောက်ထပ် မှတ်သားမူ တစ်ခုကို ဆင့်ခေါ်နိုင်လောက်အောင် အဆီအနှစ်တွေ ပြန်လည် ရရှိလာခဲ့တာကြောင့် ဒီတစ်ကြိမ်မှာတော့ ရက်စက်သော မြင်ကွင်း ကို ရွေးချယ်လိုက်ပါတယ်..။ သူက နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ဆင့်ခေါ်ဖို့ စဉ်းစားခဲ့သေးပေမယ့် နောက်တော့ စိတ်ကူးပြောင်းလိုက်တယ်..။ သူ့ရဲ့ စိတ်ခံစားချက်က သိပ်မကောင်းနေတာကြောင့် အဲဒီ ကျိန်စာသင့်ဓားရဲ့ စကားတွေကို နားထောင်နေရတာက စိတ်ကို ဘယ်လိုမှ သက်သာစေမှာ မဟုတ်ပါဘူး..။

ဒါ့အပြင် ထာဝရချိန်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တာကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေက အရင်ကလောက် မကောင်းတော့ပါဘူး..။ အထွတ်အထိပ်အဆင့် ချပ်ဝတ်တန်ဆာ ဆုံးရှုံးသွားခဲ့တာကို သတိရမိတဲ့အခါ ဆန်နီ မျက်နှာက ပျက်သွားခဲ့ပြီး ခါးသီးတဲ့ အတွေးတွေကို စိတ်ထဲကနေ အမြန်ပဲ မောင်းထုတ်ပစ်လိုက်တယ်..။

…သူ့ကို ကံဆိုးမှုမျိုးစုံ ကြုံတွေ့စေခဲ့ပြီးနောက်မှာတော့ [ ကံစီမံရာ ] က ဆန်နီ ကို ကံကောင်းမှုအချို့ ပေးသနားဖို့ နောက်ဆုံးမှာတော့ ဆုံးဖြတ်လိုက်ပုံရပါတယ်..။ သူက လမ်းမကြီးရဲ့ ရှည်လျားလှတဲ့ အပိုင်းကို ဖြတ်သန်းသွားစဉ်မှာ ဘယ် အိပ်မက်ဆိုး သားရဲ တစ်ကောင်နဲ့မှ မကြုံတွေ့ခဲ့ပါဘူး..။

သို့ပေမယ့် နောက်ဆုံးမှာတော့ ဒီ ကံကောင်းမှုက ကုန်ဆုံးသွားဖို့ ဖြစ်လာခဲ့တယ်..။

ရှေ့ကနေ ကင်းထောက်နေတဲ့ အရိပ်တွေထဲက တစ်ကောင်ရဲ့ မျက်လုံးတွေကနေတစ်ဆင့် ကြည့်ရင်း ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။ မြောက်ဘက် တစ်ကီလိုမီတာလောက်အကွာမှာ လမ်းကို ပိတ်ဆို့ပြီး လှုပ်ရှားနေတဲ့ ခန္ဓာကိုယ် အစုအဝေးတစ်ခု ရှိနေခဲ့ပါတယ်..။ ကွန်ကရစ်လမ်းပေါ်မှာ အလောင်းကောင်တွေ ပြည့်နှက်နေခဲ့ပြီး သားရဲတွေက သေဆုံးသွားခဲ့တဲ့ သူတို့ရဲ့ မျိုးတူစုတွေရဲ့ အသားတွေကို စက်ဆုပ်ဖွယ်ကောင်းတဲ့ အသံတွေနဲ့ အငမ်းမရ စားသောက်နေခဲ့ကြတယ်..။

ဆန်နီ က ဒီ စက်ဆုပ်ဖွယ် စားသောက်ပွဲကို ကျော်လွန်ပြီး ကြည့်လိုက်တဲ့အခါ သူ့ရဲ့ မျက်လုံးတွေက မှောင်မိုက်သွားခဲ့တယ်..။

မကြာခင်မှာပဲ ကွန်ကရစ်လမ်းပေါ်မှာ သံမဏိ မြင်းခွာသံတွေ မြည်ဟီးလာခဲ့ပြီး အိပ်မက်ဆိုး မြင်းစီးသူရဲ က သားရဲတွေရဲ့ အစုအဝေးထဲကို ပြေးဝင်သွားခဲ့ပါတယ်..။ သူ့ရဲ့ မြင်းက အားလုံးကို နင်းခြေပြီး ဆုတ်ဖြဲပစ်ခဲ့သလို မြင်းစီးသူရဲကိုယ်တိုင်ရဲ့ တောက်ပတဲ့ လှံကလည်း ဝေ့ယမ်းသွားခဲ့တာကြောင့် လမ်းမကြီးရဲ့ မျက်နှာပြင်ပေါ်မှာ အရိပ်တွေ ကပြနေသလိုဖြစ်နေခဲ့တယ်။ အငွေ့ပျံနေတဲ့ သွေးစမ်း​ချောင်းတွေကလည်း အေးစက်တဲ့ လေထုထဲကို ပန်းထွက်သွားခဲ့ပါတယ်..။

ဆန်နီ အနေနဲ့ အသေကောင်တွေကို စားသောက်နေတဲ့ အိပ်မက်ဆိုး သားရဲတွေ ကို ရှင်းလင်းပစ်ဖို့ အချိန်အများကြီး မကြာခဲ့ပါဘူး..။ အဲ့အချိန်မှာတော့ သူက ရက်စက်သော မြင်ကွင်း ထဲကို စီးဆင်းစေဖို့ အဆီအနှစ်တွေအလုံအလောက် ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တိုတောင်းပြီး ရက်စက်လှတဲ့ တိုက်ပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ မြေအောက်ကမ္ဘာ ဝတ်ရုံတော် ကို ဆင့်ခေါ်ဖို့ အဆီအနှစ်တစ်ချို့ ကျန်ရှိနေပါသေးတယ်..။

နောက်ဆုံးမှာတော့ သူ မချမ်းတော့ပါဘူး..။

…သို့ပေမဲ့လည်း သူ့ရဲ့ စိတ်ခံစားချက်က ပိုပြီးနက်မှောင်လာခဲ့တယ်..။

သူ မရောက်ခင်ကတည်းက အသတ်ခံထားရတဲ့ သားရဲတွေ.. သူကိုယ်တိုင် သတ်ပစ်ခဲ့တဲ့ သားရဲတွေ..အပါအဝင်..သေဆုံးနေတဲ့ အိပ်မက်ဆိုး သားရဲ အစုအဝေးကြီးရဲ့ အနောက်ဘက် လမ်းပေါ်မှာတော့ ရင်းနှီးနေတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီး ရဲ့ ပုံရိပ်က ငြိမ်သက်စွာ ရပ်တန့်နေတာကို မြင်တွေ့လိုက်ရပါတယ်..။

ယာဉ်ရဲ့ မီးလုံးတွေက ပျောက်ကွယ်နေခဲ့ပြီး သူ့ရဲ့ ကိုယ်ထည်ပေါ်မှာတော့ နက်ရှိုင်းတဲ့ အစင်းကြောင်းတွေ ပြည့်နှက်နေခဲ့တယ်..။ကြီးမားတဲ့ အပေါက်အချို့က မှောင်မိုက်နေတဲ့ အတွင်းပိုင်းကို ပြသနေခဲ့ပါတယ်..။အထူးသဖြင့် သားရဲတွေရဲ့ အလောင်းကောင်တွေက ပို့ဆောင်ရေးယာဉ်ရဲ့ ပတ်လည်မှာ ပိုပြီး မြင့်မားစွာ ပုံနေခဲ့တာကြောင့် သူ့ရဲ့ ဘေးနားမှာ အသည်းအသန် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြတဲ့ပုံပါပဲ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး အဆိုးဆုံးကို တွေ့မြင်ရဖို့ မျှော်လင့်ရင်း အနားကို လျှောက်သွားကာ အတွင်းထဲကို တက်ကြည့်လိုက်တယ်..။

သို့ပေမယ့် အတွင်းပိုင်းမှာ လူသေအလောင်းတွေ ပြည့်နှက်မနေခဲ့ပါဘူး..။ သွေးကွက်တွေလည်း မရှိဘဲ ကွဲအက်နေတဲ့ ဖန်ကွဲစတွေနဲ့ ဗလာကျင်း နေမှုသာ ရှိနေခဲ့ပါတယ်..။

‘…ဒီနေရာမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ…’

သူက မိနစ်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ပြီးမှ အပြင်ဘက်ကို ပြန်ထွက်လာခဲ့တယ်။ယင်းနောက် ဖြူလျော်နေတဲ့ မျက်နှာပေါ်မှာ ပြင်းထန်တဲ့ မျက်မှောင်ကျုတ်မှုနဲ့အတူ ကုန်းနှီးပေါ်ကို လှမ်းတက်စီးလိုက်ပါတယ်..။ဆန်နီဟာ စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေရင်း အိပ်မက်ဆိုး ကို မြောက်ဘက်ဆီကို နောက်တစ်ကြိမ် အပြင်းမောင်းနှင်လိုက်တယ်..။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ဟန်ပန်က အလောတကြီး ဖြစ်နေတဲ့ ခံစားချက်မျိုးနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

အပိုင်း ( ၉၅၉ ) ပြီး၏။

All Chapters