← Chapters

အခန်း ၉၆၀

Vol. 64 Ch. 960

အခန်း ၉၆၀

Vol. 64 Ch. 960

အပိုင်း ( ၉၆၀ ) အီရီဘတ် ကွင်းပြင်

တစ်နာရီလောက် ကြာပြီးနောက်မှာတော့ ဆန်နီ ဟာ စစ်ကြောင်းက လမ်းမကြီးကနေ ခွဲထွက်ပြီး ကုန်းတွင်းပိုင်း ကွေ့ရမယ့် နေရာကို ရောက်ရှိလာခဲ့တယ်..။ ဒီနေရာကနေ အီရီဘတ် ကွင်းပြင် ဆီကို ရောက်ဖို့ဆိုရင် တောင်တန်းတွေကို တစ်ခါပြန် တက်ရမှာ ပါ..။

အန္တာတိကအလယ်ပိုင်းက ဝန်းရံခံ မြို့တော်တွေထဲမှာတော့ ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့

ဖယ်ကွန်စကော့တ် တစ်ခုတည်းသာ ရေပြင်နဲ့ နီးနီးကပ်ကပ် တည်ရှိနေခဲ့တယ်..။ ဒါတောင်မှ

တကယ့် ဆိပ်ကမ်းက သီးခြား ခံတပ်တစ်ခု ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်လှေကား တွေနဲ့ အပေါ်က မြို့ဆီကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်..။ ကျန်တဲ့ လူသား ခံတပ်တွေကတော့ သမုဒ္ဒရာနဲ့ ဝေးရာ တောင်တန်းတွေရဲ့ အစွန်အဖျားမှာ ဆောက်လုပ်ထားတာ ပါ..။

ဒါကြောင့် ခရီးစဉ်ရဲ့ နောက်ဆုံးအပိုင်းက စစ်ကြောင်းကို ကမ်းရိုးတန်းကနေ ဝေးရာကို ခေါ်ဆောင်သွားရမှာ ဖြစ်နေခဲ့တယ်..။ သူတို့သာ ဆန်နီ စီစဉ်ပေးခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင်ပေါ့..။

သူက ဒီလူတွေကို လိုက်မှီဖို့ ကြိုးစားရင်း

လမ်းမှာ အိပ်မက်ဆိုး သားရဲ အနည်းငယ်ကို ထပ်မံ သတ်ဖြတ်ခဲ့ပါသေးတယ်..။ သူတွေ့ခဲ့တဲ့ အလောင်းတွေက လတ်ဆတ်နေပုံရတာကြောင့်.. ဆန်နီ သိနိုင်သလောက်တော့ ယာဉ်တန်းက သူ့ရှေ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေခဲ့ပါပြီ..။ ကံကောင်းရင် သူက အီရီဘတ် ကွင်းပြင် ဆီ မရောက်ခင်မှာတင် စစ်ကြောင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပါလိမ့်မယ်..။

ဝန်းရံခံ မြို့တော်ရဲ့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်နေမှာ ဖြစ်တာကြောင့် ဆန်နီ က ဒုက္ခသည်တွေကို အဲဒီကနေ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးချင်နေခဲ့တယ်..။

‘အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး..’

သူက အိပ်မက်ဆိုး ကို အရှေ့ဘက်ကို ကွေ့ဖို့ အမိန့်ပေးလိုက်ပါတယ်..။ သူတို့ တောင်ပေါ်ကို စတင်တက်ပြီး မကြာခင်မှာပဲ ဆီးနှင်းတွေ ပိုမို ထူထပ်လာခဲ့တာကြောင့် ရှေ့ကို မြင်ရဖို့ ခက်ခဲလာခဲ့တယ်..။

ဒါပေမယ့် ဆီးနှင်းတွေထဲမှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်..။

‘ဒါ ဘာအနံ့လဲ…’

ဆန်နီ မျက်မှောင်ကျုတ်ရင်း လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ဖဝါးပေါ်ကို နှင်းပွင့်အချို့ ဖမ်းယူလိုက်တယ်..။ သူက အမှောင်ထဲမှာ မြင်နိုင်ပေမယ့် အရောင်တွေကို ခွဲခြားဖို့ကတော့ သူ့ရဲ့ အားသာချက် မဟုတ်ပါဘူး..။ သို့ပေမယ့်လည်း အဖြူရောင် နှင်းပွင့်တွေက သူ့ရဲ့ အနက်ရောင် လက်အိတ်ပေါ်မှာ ထင်သလောက် ပေါ်လွင် မနေတာကြောင့် တစ်ခုခု မှားယွင်းနေမှန်း ဆန်နီ ချက်ချင်း သိလိုက်တယ်..။

တကယ်တော့ ဒါတွေက လုံးဝ နှင်းပွင့်တွေ မဟုတ်ပါဘူး..။

သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး နှင်းပွင့်တွေကို လက်ဖဝါးပေါ်မှာ ပွတ်သပ်လိုက်တဲ့အခါ.. အမည်းရောင် ပြာမှုတ်လိုင်းတစ်ခုသာ ကျန်ရစ်ခဲ့ပါတယ်..။

‘…ဒါက ပြာတွေပဲ…’

သူက ကောင်းကင်ကို မော့ကြည့်ရင်း မျက်နှာ ပျက်သွားခဲ့တယ်..။ သည်းထန်စွာ ရွာသွန်းနေတာက နှင်းတွေ မဟုတ်ဘဲ.. ပြာတွေ ရွာကျနေတာ ပါ..။ မီးခိုးရောင် ပြာမှုန့်တွေက ကောင်းကင်ထက်ကနေ မရေမတွက်နိုင်အောင် ကျဆင်းနေခဲ့ပြီး ကမ္ဘာကြီးကို ထူထပ်တဲ့ မြူခိုးတွေလို ဖုံးလွှမ်းနေခဲ့ပါတယ်..။

‘ဒါက မကောင်းတဲ့ နိမိတ်ပဲ..’

မကောင်းတဲ့ ခံစားချက်တွေ ပြည့်နှက်လာတာကြောင့် ဆန်နီ က အိပ်မက်ဆိုး ကို အပြင်းနှင်ခိုင်းလိုက်တယ်..။

သူတို့က ကွေ့ကောက်နေတဲ့ လမ်းအတိုင်း တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးဆီကို ရောက်ရှိလာခဲ့ကြပါတယ်..။ အခုအချိန်မှာတော့ ဝီဗာသွေး က အဆိပ် အများစုကို ခြေဖျက်ပြီးပြီ ဖြစ်တာကြောင့်.. သူ့ရဲ့ ဒဏ်ရာတွေကလည်း စတင် ကျန်းမာလာခဲ့ပါပြီ..။ သူ့ရဲ့ အဆီအနှစ်တွေကလည်း ဖြည်းဖြည်းချင်း ပြန်ပြည့်လာတာကြောင့် ယေဘုယျအားဖြင့် ဆန်နီ့ ရဲ့ အခြေအနေက အတော်လေး ကောင်းမွန်နေခဲ့တယ်..။ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုနဲ့ ရင်ဆိုင်ဖို့ မလုံလောက်သေးပေမယ့်.. အဆင်ပြေမယ့် လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာ ပါပဲ..။

‘ငါ့ရဲ့ စစ်ကြောင်းက ဘယ်နေရာ ရောက်နေတာလဲ..’

သူ ဒီလို တွေးလိုက်မိတဲ့ အချိန်မှာပဲ.. ကင်းထောက်နေတဲ့ အရိပ်တွေဟာ ရှေ့က တစ်ခုခုကို သတိပြုမိသွားခဲ့တယ်..။ အနီးဆုံး တောင်ကြားလမ်းရဲ့ အမြင့်ဆုံးနေရာ မရောက်ခင်.. မြင့်မားတဲ့ ကျောက်ဆောင်တွေကြောင့် လေကွယ်နေတဲ့ နေရာတစ်ခုမှာတော့.. ပျက်စီးနေတဲ့ မော်တော်ယာဉ် အစုအဝေးတစ်ခုက အဝိုင်းပုံစံ ရပ်တန့်ထားခဲ့ပါတယ်။ မောပန်းနေတဲ့ စစ်သားတွေကတော့ ဘေးပတ်ပတ်လည်မှာ ကင်းစောင့်နေခဲ့ကြတယ်..။ ဘယ်လီ က သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးရဲ့ အမိုးပေါ်မှာ ထိုင်ပြီး လက်ထဲမှာ ဓားတစ်လက် ကိုင်ထားတာကို တွေ့လိုက်ရပါတယ်..။

ဆန်နီ ရဲ့ နှလုံးသားထဲမှာ အတိုင်းအဆမရှိတဲ့ စိတ်သက်သာရာရမှုတွေက စီးဆင်းသွားခဲ့တယ်။

‘…သူတို့ အဆင်ပြေနေကြတာပဲ…’

သူက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အိပ်မက်ဆိုး ကို ပိုမြန်မြန် သွားဖို့ ခိုင်းလိုက်တယ်..။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ မြင်းစီးသူရဲရဲ့ ပုံရိပ်က ရပ်တန့်ထားတဲ့ စစ်ကြောင်းရဲ့ အလင်းရောင်တွေကို ဝင်ရောက်လာခဲ့ပါတယ်..။ စစ်သားတွေက လန့်ဖျပ်သွားပြီး သူတို့ရဲ့ ရိုင်ဖယ်တွေကို မြှောက်ကာ ကြောက်စရာကောင်းတဲ့ အရာကို ချိန်ရွယ်လိုက်ကြတယ်..။

ဆန်နီ လက်တစ်ဖက်ကို အမြန် မြှောက်လိုက်ပြီး..

“မပစ်ကြနဲ့ဦး ခွေးသားလေးတွေ.. ဒါက ဘယ်လိုငရဲမျိုးလဲ.. ပုန်ကန်ကြမလို့လား..”

စစ်သားတွေက မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေကြပါတယ်..။ ယင်းနောက်မှာတော့ တစ်ယောက်ယောက်က အော်ပြောလာခဲ့တယ်..။

“ကပ္ပတိန်ပဲ.. သူ ပြန်လာပြီ..”

“ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့မယ်..”

“တစ်ယောက်ယောက်.. အထူးတပ်ဖွဲ့ ကို သွားပြောလိုက်ဦး..”

သို့ပေမယ့် အထူးတပ်ဖွဲ့ ကို အကြောင်းကြားဖို့ မလိုတော့ပါဘူး..။ ဘယ်လီ က သူ့ကို ပထမဆုံး သတိပြုမိခဲ့တာ ဖြစ်ပြီး ခနအကြာမှာတော့

တစ်ဖွဲ့လုံး စခန်းထဲကနေ ထွက်လာပြီး သူ့ကို ကြိုဆိုခဲ့ကြတယ်..။

ဆန်နီ က အိပ်မက်ဆိုး ရဲ့ ကျောပေါ်ကနေ ခုန်ဆင်းလိုက်ပြီး မြင်းရဲ့ ပုခုံးကို ပုတ်ကာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်..။ ယင်းနောက်မှာတော့ သူက သူ့လူတွေဘက်ကို လှည့်ကြည့်လိုက်တယ်..။

ကင်မ် က ပထမဆုံး စကားပြောလာခဲ့တာ ပါ..။

“ကပ္ပတိန်.. အသက်ရှင်နေသေးတာပဲ..။ကျွန်မ.. ကျွန်မ ဆိုလိုတာက..ကပ္ပတိန် အသက်ရှင်နေမှာ သေချာသိနေတယ်လေ.. ။ကပ္ပတိန်သာ သေသွားခဲ့ရင် ဒီ ကျောက်တုံးက ပျောက်ကွယ်သွားမှာမလား..”

လူစတာ က ပြုံးလိုက်ပြီး..

“တွေ့လား.. ငါ မင်းကို ပြောသားပဲ..”

ချီတင် က သူ့ကို ကြည့်ပြီး အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်တယ်..။

“ကျွန်တော်တို့ ကပ္ပတိန်ကို သံသယ မဝင်သင့်ခဲ့ဘူး.. ။ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဆရာ… ကျွန်တော်တို့ထဲက ဘယ်သူမှ ဆရာက ကျရှုံးမူအဆင့် တိုက်တန် တစ်ကောင်ကို တားဆီးနိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြဘူးလေ.. ။ဒါကို အသက်ရှင်လျက် ပြန်ပြောပြဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ်..။အဲဒါကလည်း တစ်ယောက်တည်း လုပ်ခဲ့တာ.. တကယ်ကို မယုံနိုင်စရာပဲ..။ ဆရာ ဘယ်လိုများ လွတ်မြောက်လာခဲ့တာလဲ..”

ဆန်နီ က သူ့ကို ခနလောက် ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့ပြီးမှ ပုံမှန်အတိုင်းပဲ ပြောလိုက်ပါတယ်..။

“ငါ မလုပ်နိုင်ခဲ့ပါဘူး..”

အဖွဲ့ဝင်တွေက သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေကြစဉ်မှာပဲ သူက ခေါင်းကို ကုတ်ရင်း ထပ်ပြောလိုက်တယ်..။

“…သေဆုံးရတာကလည်း လူတွေ ပြောသလောက်ကြီး မကောင်းဘူးလေ..။ဒါ့ကြောင့် ငါ ပြန်ထလာခဲ့တာ.. ဒါနဲ့ လမ်းမကြီးပေါ်မှာ ဘာမှမရှိတဲ့ ပို့ဆောင်ရေးယာဉ်တစ်စီကို ငါ တွေ့ခဲ့တယ်.. ဘာတွေ ဖြစ်ခဲ့တာလဲ..”

အထူးတပ်ဖွဲ့ဝင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ ဒွန်း က သက်ပြင်းချပြီး စစ်ကြောင်းကို လက်ညှိုးထိုးပြလိုက်ပါတယ်..။

“အဲဒါက လမ်းလယ်ခေါင်မှာ ပျက်သွားခဲ့တာ ဆရာ.. ။ကျွန်တော်တို့ ရပ်ပြီး ဒုက္ခသည်တွေကို ကျန်တဲ့ ယာဉ်သုံးစီးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်..။ သားရဲတွေကတော့ ကျွန်တော်တို့ကို အေးအေးဆေးဆေး လုပ်ခွင့်မပေးခဲ့ကြဘူးလေ… ။တိုက်ပွဲက ငရဲလို ပြင်းထန်ခဲ့ပေမယ့် နောက်ဆုံးတော့ အားလုံးကို ဘေးကင်းကင်းနဲ့ တင်ဆောင်နိုင်ခဲ့တယ်။.. အိပ်မက်ဆိုး သားရဲ အုပ်ကိုတော့ ဖောက်ထွက်ပြီး ထွက်ပြေးနိုင်ခဲ့ကြတာပေါ့. ။ကျွန်တော်တို့ စစ်သားအချို့ ဆုံးရှုံးခဲ့ရပေမယ့်.. အရပ်သားတွေထဲက ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပါဘူး..”

ဆန်နီ က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိတယ်..။

‘လူတွေ ပိုပြီး သေဆုံးခဲ့ရပြန်ပြီ..’

သူက မျက်လုံးတွေကို ခနလောက် မှိတ်ထားလိုက်ပြီးမှ..

“ဒါဆို အခု အခြေအနေက ဘယ်လိုလဲ..”

ဒွန်း ရဲ့ မျက်နှာက မှောင်မိုက်သွားခဲ့တယ်..။

“ကျန်ခဲ့တဲ့ ယာဉ်တွေက အခြေအနေ မကောင်းတော့ဘူး ဆရာ..။ဝန်လည်း အရမ်း ပိနေတယ်.. ကျွန်တော် ထင်တာကတော့ သူတို့ အကြာကြီး ဆက်မမောင်းနိုင်လောက်တော့ဘူး..”

ဒါက မျှော်လင့်ထားပြီးသား အရာ ပါပဲ..။ ဆန်နီ က လက်ဝေ့ယမ်းလိုက်ပြီး..

“အနည်းဆုံးတော့ အီရီဘတ် ကွင်းပြင် ဆီ ရောက်အောင် သွားနိုင်ဦးမယ်မလား.. ။ဒါနဲ့ မင်းတို့ ဘာလို့ ရပ်နေကြတာလဲ.. ငါတို့နဲ့ မြို့တံခါးကြားထဲမှာ အိပ်မက်ဆိုး သားရဲတွေ အများကြီး ရှိနေလို့လား..”

အဖွဲ့ဝင်တွေထဲက ဘယ်သူမှ မဖြေခဲ့ကြပါဘူး…။ ဒါက အတော်လေးကို ထူးဆန်းနေခဲ့တယ်..။

ဆန်နီ ကို အမှန်တကယ် စိုးရိမ်စိတ် ဝင်လာစေတာကတော့.. သူတို့ မျက်နှာပေါ်က သုန်မုန်နေတဲ့ အမူအရာတွေ ကြောင့် ပါပဲ..။

“…ဘာဖြစ်လို့လဲ..”

ဒွန်း က ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ ခေါင်းကို တောင်ကြားလမ်း ရှိရာဘက်ကို လှည့်လိုက်တယ်..။

“ကျွန်တော်တို့ ဆရာကို တိုက်ရိုက် ပြလိုက်တာက ပိုလွယ်လိမ့်မယ် ထင်တယ်..”

သူတို့က စခန်းကို ဖြတ်လျှောက်သွားခဲ့ကြပြီး တောင်ကြားလမ်းရဲ့ ကုန်းစောင်းပေါ်ကို တက်လိုက်ကြတယ်..။ အဲ့နေရာကနေဆိုရင် ဆန်နီ ဟာ မြောက်ဘက် ခြောက်ကီလိုမီတာလောက် အကွာမှာ ရှိရမယ့် အီရီဘတ် ကွင်းပြင် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ပါတယ်..။

ကွင်းပြင်…ရှိရမယ့် နေရာမှာပေါ့လေ..။

ဆန်နီ ဟာ တောင့်တင်းသွားတဲ့ အမူအရာနဲ့အတူ ပဲ ..ပြာတွေကြားထဲကနေတဆင့် အောက်က ကြောက်မက်ဖွယ် မြင်ကွင်းကို စိုက်ကြည့်နေလိုက်မိတယ်..။ သူ့ရဲ့ မျက်လုံးတွေက နက်ရှိုင်းပြီး မှောင်မိုက်တဲ့ အရိပ်တွေအောက်မှာ ပုန်းကွယ်နေခဲ့ပါတယ်..။

‘အကုန် ချီးတွေ ဖြစ်ကုန်ပြီ..’

အီရီဘတ် ကွင်းပြင် က… မရှိတော့ပါဘူး..။

အပိုင်း ( ၉၆၀ ) ပြီး၏။

All Chapters