အခန်း ၁၂၃၆
Vol. 83 Ch. 1236
အခန်း (၁၂၃၆) မခိုင်မာသည့် လေဟာနယ်
သရုပ်မှန်ပေါ်သွားသဖြင့် လုယန်စိတ်ပျက်မိသည်။
သူ့ပြိုင်ဘက်က နာမည်ကျော် စီဟန်နတ်သခင်ဖြစ်သည်။ စွမ်အားပြည့်မသုံးဘဲ အနိုင်မရနိုင်။
သူ့နာမည်ကျော်ဓားကွက်များကို စွမ်းအားပြည့်ထုတ်သုံးလိုက်သဖြင့် နေမင်းဂိုဏ်းနှင့် ကိုးငရဲဂိုဏ်းမှလူများ သူ့သရုပ်မှန်ကို ရိပ်မိသွားသည်။
မတတ်နိုင်တော့။ သရုပ်ဆောင်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၍ ဂိုဏ်းသခင်လုဇာတ်ရုပ်ကို အဆုံးသတ်ရတော့မည်။
လုယန်ပြုံးပြလာသည်ကိုကြည့်၍ မူပိုင်ယိနှင့်လျိုကျန်းတို့မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
နှစ်ယောက်လုံးက ဂိုဏ်းထိပ်သီးများဖြစ်သည်။ နေစွမ်းအင်လောက်သာ လေ့လာခဲ့သည့် ချီတာဖန်းထက် ပို၍ဉာဏ်ကောင်းသည်။
ထွက်ပြေးရမည်လာ...
လုယန်သည် ဂိုဏ်းသခင်လုဖြစ်သည်ဆိုလျှင် ကောင်းကင်ရုံးတော်ဂိုဏ်းသည် တာအိုလမ်းစဉ်ဂိုဏ်းသာဖြစ်မည်။ မသေမျိုးနှစ်ယောက်နှင့် မသေမျိုးတစ်ဝက်များစွာ ရှိသည်။ ထိုအင်အားမျိုးနှင့် သူတို့ရင်ဆိုင်ရလျှင် ပြေးချိန်ပင် ရမည်မဟုတ်။
မဟုတ်သေး..မဟုတ်သေး...ထိုသို့မတွေးသင့်။ ဂိုဏ်းသခင်လုက လုယန်ကို ပူးကပ်ထားခြင်းဖြစ်လျှင် ထွက်ပေါက်တစ်ခုရနိုင်သေးသည်။
"မင်းကလုယန်ပဲ"
စီဟန်နတ်သခင်လည်း ရယ်နေသည်။ ချီတာဖန်းစကားကို သူလည်းကြားသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းသည် အတုဖြစ်မှန်း သတစ်ယောက်သာသိသည်။ ဂိုဏ်းသခင်လုဆိုသည်မှာ သရုပ်မှန်မဖြစ်နိုင် ယခုမှ သူအတည်ပြုနိုင်သည်။
စီဟန်စကားကြောင့် မူပိုင်ယိနှင့်လျိုကျန်း စိတ်ဓာတ်ကျသွားသည်။ လူဝင်စားအရိယဖလကို လာလုရုံမက သူတို့အသက်ရှင်နိုင်ခြေလမ်းစကိုပါ ဖြတ်တောက်လိုက်သည်။
စီဟန်မျက်လုံးတွင် ရက်စက်သည့်အရိပ်မျိုးပေါ်လာသည်။
"အမှန်အတိုင်းပြောရရင် မင်းတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတာ အတော်ခက်ခဲပါတယ်။ ဒါပေမယ့် မင်းတို့သိလား။ ဖုန်ဒူက ယင်ဓာတ်နဲ့သရဲဝိညာဉ်တွေ အပြည့်ရှိနေတာ။ မြေအောက်ငရဲဘုံလို့ သတ်မှတ်လို့ရတယ်။
သက်မဲ့လောကရှိရင် သက်ရှိလောကလည်း ရှိရမယ်လေ။ သက်ရှိလောကနဲ့ သက်မဲ့လောကကို အစားထိုးလိုက်ရင် ဘယ်လိုနေမလဲ"
လုယန် ရင်ထိတ်သွားသည်။ သူ့ဓားစွမ်းအင်ရောင် တဖြေးဖြေးပြင်းထန်လာသည်။
'မင်းဘာလုပ်ချင်တာလဲ"
ဓားရောင်ကိုရင်ဆိုင်ရင်း စီဟန်က အရိယဖလသန္ဓေကို အသက်သွင်းလိုက်သည်။
"ယင်ယန်ပြောင်းပြန်စွမ်းအား"
ရုတ်တရက် ဖုန်ဒူနယ်မြေတွင် သေမျိုးများစွာပေါ်လာသည်။ အားလုံး အူတူတူမျက်နှာဖြင့် တွေးရခက်သလိုဖြစ်နေသည်။
"ဒါကဘာလဲ"
"အရမ်းအေးတာပဲ"
"ဘာဖြစ်သွားတာလဲ"
"ဟိုမှာကြည့်၊ စွမ်းအားရှင်တွေ ကောင်းကင်မှာ တိုက်ခိုက်နေတယ်"
စီဟန်နတ်သခင်က ကျုန်းရှန်ပြည်နယ်မှလူအားလုံးကို ဖုန်ဒူမြေသို့ ဆွဲခေါ်လိုက်ခြင်းဖြစ်သည်။ ယခု ဖုန်ဒူတွင် ကိုးငရဲဂိုဏ်းဝင်များသာမဟုတ်တော့။ အပြစ်မဲ့ပြည်သူများလည်း ရောက်လာသည်။
ထိုနည်းလမ်းဖြင့် ဖုန်ဒူသို့ သူခိုးဝင်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်မှ အကိုနှစ်ယောက်ကိုကြည့်၍ အရိုးရိုင်းလည်း အံ့အားသင့်နေသည်။ အကိုလုတို့နှစ်ယောက်က ဖုန်ဒူသို့သွားမည်ဟု မှာသွားသည်။
ဤနေရာသည် တကယ်ဖုန်ဒူလော။ သူတို့တိုက်ခိုက်နေသည့်လူက ဘယ်သူမှန်းမသိ။ ဘာကြောင့် ကျုန်းရှန်မှလူများ ဤနေရာသို့ ရောက်နေသနည်း..
မီးတောက်နှင့်ရေခဲများကို လက်နှစ်ဘက်တွင်ထိန်းထားရင်း စီဟန် လက်ခုပ်တီးလိုက်သည်။ အစွန်းရောက်အရာနှစ်ခု တိုက်မိသည်။ ရေခဲသားရောယှက်နေသည့် အနက်ရောင်မီးတောက်မုန်တိုင်းတစ်ခု ပေါ်လာသည်။
ဖုန်ဒူလေဟာနယ်ကို ဖျက်ဆီးနိုင်သည့် မီးရေခဲမုန်တိုင်းဖြစ်သည်။ ထိုမုန်တိုင်းကျလာလျှင် သေကြေပျက်စီးမှု များစွာဖြစ်လာမည်။
"ဒီတိုက်ကွက်ကို မင်းခုခံမလား ရှောင်မလား ကြည့်ရသေးတာပေါ့"
ကျုန်းရှန်ပြည်သူများကို ဓားစာခံလုပ်ထားသည်။ လုယန် ထိုတိုက်ကွက်ကို ရှောင်ထွက်ရဲမည်မဟုတ်။
လုယန်မျက်နှာ အေးစက်တင်းမာသွားသည်။
"ထိပ်တိုက်ရင်ဆိုင်ရုံပဲ ရှိတော့မယ်ပေါ့။...ငါအဲလိုလုပ်မယ်လို့ မင်းထင်နေတာလား"
ရုတ်တရက် လျပ်စီးအမြင်နှုန်းဖြင့် သူလှုပ်ရှားသည်။ ချင်ဖုန်းဓားဖြင့် မီးရေခဲမုန်တိုင်းကို ခုတ်လိုက်သည်။ စီဟန်က ရယ်နေသည်။ ဓားတစ်လက်ဖြင့် ထိုမုန်တိုင်းကို ဖြတ်နိုင်မည်မဟုတ်။
သို့သော် သူ့အတွေးမှားသွားသည်။ မီးရေခဲမုန်တိုင်းက ချင်ဖုန်းဓားကမ္ဘာငယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
"မသေမျိုးဓား တကယ်ပီသတာပဲ။ ကိုယ်ပိုင်ကမ္ဘာငယ်တောင် ရှိတယ်ပေါ့။ ငါ့တိုက်ကွက်ကို ဒီလောက်လွယ်လွယ်ကူကူ စုပ်ယူနိုင်မှာလား"
လုယန် မပွင့်တပွင့်ပြုံး၍ကြည့်သည်။
"စီဟန်နတ်သခင်။ လေဟာနယ်ပညာကို မင်းသိပ်မကျွမ်းကျင်းသလိုပဲ"
"မင်းဘာကိုပြောတာလဲ"
လုယန်စကားကို သူနားမလည်။
လုယန်ပြန်မဖြေဘဲ ဓားရိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။ စီဟန်က တောင်ဝေးဖြင့်ကာသည်။သို့သော် ဓားစွမ်းအားက ပြင်းထန်လွန်းသဖြင့် ဖုန်ဒူလေဟာနယ်တွင် အက်ကြောင်းတစ်ခုပွင့်သွားသည်. စီဟန် ဖုန်ဒူအပြင်ဘက်သို့ လွင့်ထွက်သွားသည်။
စီဟန်နတ်သခင် အံ့ဩသွားသလို ဒေါသလည်းထွက်လာသည်။ ထိုလေဟာနယ်ကို ဘယ်လိုလူက တည်ဆောက်ခဲ့သည်မသိ။ ဓားတစ်ချက်စာပင် မခံနိုင်။
ထိုအရည်အချင်းလောက်ဖြင့် လေဟာနယ်မတည်ဆောက်သင့်။ ရှက်စရာကောင်းလွန်းသည်။
လုယန်သူ့ကို ဖုန်ဒူအပြင်ဘက်သို့ ထုတ်ရသည့် ဖြစ်နိုင်ခြေတစ်ခုကို သူတွေးမိသည်။ သို့သော် ထိုအတွေးကို ချက်ချင်းခေါင်းထဲမှထုတ်လိုက်သည်။ မဖြစ်နိုင်။
အကြောင်းရင်းက ရိုးရှင်းသည်။ လေဟာနယ်က အလွန်တရာခိုင်မာသယောင်ရှိသည်။ ဓားတစ်ချက်တည်းဖြင့် ဖွင့်ဖို့မဖြစ်နိုင်။ တိုက်ပွဲတွင် လုယန်ဓားချက်ဆက်တိုက်သုံး၍ လေဟာနယ်ကိုဖွင့်မည့် အခွင့်အရေးမျိုးလည်း သူကပေးမည်မဟုတ်။
ဤလေဟာနယ်အစုတ်အပြတ်က ဓားတစ်ချက်တည်းဖြင့် ပွင့်သွားမည်ဟု ဘယ်သူမှထင်ထားမည်မဟုတ်။
စီဟန်ခြေထောက်အာက်တွင် ဓားရိပ်ပေါင်းများစွာ ပေါ်လာသည်။ သူ့ချက်ချင်းခုန်ဆုတ်သည်။ သို့သော် ချင်ဖုန်းဓားရိပ်များက မရေမတွက်နိုင်အောင် တိုးပွားလာပြီး သူ့ကိုဝိုင်းဝန်းပိတ်ဆို့သည်။
ဓားနယ်မြေ။
ယခု ကျုန်းရှန်ပြည်နယ်က သရဲပြည်နယ်အဖြစ်ပြောင်းသွားသည်။ ဖုန်ဒူလေဟာနယ်တွင်ရှိစဉ်က လုယန် စွမ်းအားနည်းနည်း ချိန်ဆခဲ့ရသည်။ ယခု ထိန်းချုပ်နေစရာမလိုတော့။
မြေထဲသို့အောင်းပြီး သစ်သားကိုယ်ပွားတစ်ခုဖန်တီးသည်။ ကိုယ်ပွားက အရိပ်တုလက်သီးပညာဖြင့် နောက်ထပ်ချင်ဖုန်းဓားတစ်လက်ဖန်တီးသည်။
"ဓားတစ်သောင်းဌာနေပြန်စွမ်းအား"
မွေခံဓား၊ ခုနစ်စဉ်ကြယ်ဓား ကိုယ်ပွား၏ချင်ဖုန်းဓားနှင့် ချင်ဖုန်းဓားအစစ်များ တစ်သားတည်းပေါင်းစည်းသွားသည်။ လုယန်၏ ဓားစွမ်းအင်ရာင် ထိုးတက်လာသည်။ စီဟန် မျက်လုံးပြူးသွာားသည်။
ပြိုင်ဘက်က သူထင်ထားသည်ထက် ပိုအန္တရာယ်များသည်။
ဗုဒ္ဓနယ်မြေလက်ဝါးပေါ်လာသည်။ ကြီးမားသည့်လက်ဝါးရိပ် ကောင်းကင်မှကျလာသည်။ ကျုန်းရှန်ပြည်နယ်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ လက်ဗွေလမ်းကြောင်းများက တောင်တန်းများထည့်နိုင်လောက်အောင် ကြီးမားသည်။
"မင်းတစ်ယောက်ပဲ ဒီပညာတတ်တယ်မထင်နဲ့ကွ။...စကြာဝဠာလက်ဝါး"
စီဟန်နတ်သခင်လည်း ပုံစံတူမှော်ပညာတစ်ခု ထုတ်လွှတ်သည်။ ကြီးမားသည့်လက်ဝါးရိပ်တစ်ခု ပေါ်လာပြီး ကောင်းကင်မှလက်ဝါးနှင့်ရင်ဆိုင်သည်။
လက်ဝါးရိပ်နှစ်ခုဆုံသည်နှင့် လေဟာနယ်တုန်ခါသွားသည်။
စီဟန် မောပန်းလွန်းသဖြင့် အသက်ကိုပင်ပန်းကြီးစွာ ရှူနေရသည်။ ဤပညာသုံးရသည်က ဝိညာဉ်စွမ်းအား များစွာကုန်သည်။ သူ့ပြိုင်ဘက်လည်း သူ့လိုပင် ခြေကုန်လက်ပန်းကျနေလိမ့်မည်။
သို့သော် လုယန်၏စွမ်းအားသည် ဗုဒ္ဓနိုင်ငံ မသေမျိုးခန္ဓာမှလာကြောင်း သူမသိ။ မကုန်မခမ်းနိုင်သည့် စွမ်းအင်အထောက်အပံ့ရထားသည်။ ဗုဒ္ဓလက်ဝါးသုံးရသည်က သူ့အတွက် စာမဖွဲ့လောက်။
လုယန် ဝိညာဉ်တစ်ခုလိုလှုပ်ရှားလိုက်သည်။ စီချန်းနောက်တွင် ပေါ်လာသည်။ ချက်ချင်း ဓားဖြင့်ခုတ်သည်။ စီချန်းကိုယ်ပေါ်တွင် အကာအကွယ်အလင်းလွှာတစ်ခုရှိသည်။ သို့သော် လုယန်၏ဓားချက်က ထိုအလွှာကို စက္ကူတစ်ရွက်လို ထိုးခွဲသွားသည်။
စီဟန် ကိုယ်နှစ်ခြမ်းကွဲသွားသည်။
သို့သော် သူမသေ။ ကိုယ်နှစ်ခြမ်းက ယင်နဲ့ယန်ခန္ဓာအသွင်နှစ်ခုအဖြစ် ပြောင်းသွားသည်။
...
အကိုလုက ရန်သူနှင့်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဖုန်ဒူလေဟာနယ်မှ အရိုးရိုင်း အကြမ်းဖျင်းတွက်ဆမိသည်။
ယခု အရေးကြီးဆုံးက ပြည်သူတို့၏စိတ်ကို တည်ငြိမ်အောင်ထိန်းဖို့ဖြစ်သည်။ ဤနေရာသို့ ကျန်းရှန်ပြည်နယ်လက်အောက်ခံ ကောင်တီနှစ်ဆယ်မှ လူများရောက်လာသည်။
ကျင့်ကြံသူများပင် ဤနေရာသို့ ရုတ်တရက်လေဟာနယ်ဖြတ်ကူးဖို့ ခက်ခဲသည်။ သာမန်လူများအတွက်ဆို ေပြာစရာပင်မလို။ အထက်မှတိုက်ပွဲကြောင့် မထိခိုက်လျှင်ပင် ခိုးဝှက်ခြင်း လုယက်ခြင်းများဖြစ်လာနိုင်သည်။
လက်အောက်ခံအားလုံးကို ချက်ချင်းစုစည်းသည်။ အမိန့်များချမှတ်သည်။ သူ့လက်ထောက်က ဘေးမှကူညီပေးသည်။ သူသတိမထားမိသည့် အသေးစိတ်အချက်များကို ဖြည့်ပြောသည်။
အရိုးရိုင်းသည် ယခုမှ ပြည်နယ်တရားသူကြီးအဖြစ် စတင်တာဝန်ယူသူဖြစ်သည်။ သူ့ဩဇာအရှိန်အဝါကို ခိုင်မာအောင်မတည်ဆောက်ရသေး။ သို့သော် ကျုန်းရှန်ပြည်နယ် ထိပ်သီးအရာရှိများအားလုံး ကြမ်းတမ်းသည့် သူ့သမိုင်းကြောင်းကို ကြောက်ကြသည်။
ပေါ်တင်ဖြစ်စေ နောက်ကွယ်တွင်ဖြစ်စေ သူ့အမိန့်ကို တစ်ယောက်မှ မဆန့်ကျင်ရဲကြ။
အမိန့်များခွဲဝေချမှတ်ပြီးနောက် ထိပ်တန်းအရာရှိများထွက်သွားသည်။ အရိုးရိုင်း အာအတော်ခြောက်သွားသဖြင့် ရေတစ်ခွက်သောက်လိုက်ရသည်။
"ခင်ဗျားက သခင်အရိုးရိုင်းမဟုတ်လား"
ရုတ်တရက် လူတစ်စု သူ့ဆီချဉ်းကပ်လာသည်။ ထိုလူများကို သူသိနေသည်။
သိနေ၍လည်း ပိုအံ့ဩရသည်။ သတိအနေအထားဖြစ်သွားသည်။
"ခင်ဗျားတို့ဘာလာလုပ်တာလဲ"
မူပိုင်ယိက လက်ဝါးနှစ်ဘက်ကိုပွတ်ရင်း ပြုံးလိုက်သည်။
"ကိုးငရဲဂိုဏ်းကိုယ်စားပြုအနေနဲ့ လာပြီးအဖမ်းခံတာပါ"
သူ့နှင့်အတူပါလာသည့် ချီတာဖန်နှင့် လျိုကျန်းက ဆက်ပြောသည်။
"ကျုပ်တို့လည်း နေမင်းဂိုဏ်းကိုယ်စားပြုအနေနဲ့ လာအဖမ်းခံတာပါ"
"ဘယ်လို"
**********************************