← Chapters

အခန်း ၁၂၃၈

Vol. 83 Ch. 1238

အခန်း ၁၂၃၈

Vol. 83 Ch. 1238

အခန်း (၁၂၃၈) ချီလင်မသေမျိုး

"အတုအယောင်ကောင်က ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့"

မုန်ကျင်းကျိုး အော်ဟစ်ကြုံးဝါးလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များကဲ့သို့ တောက်ပလာသည်။

မီးတောက်တော့မဟုတ်။ သွေးချီစွမ်းအင်များ ကြွယ်ဝလွန်းသဖြင့် သန့်စင်ယန်စွမ်းအင်က ဘေးပတ်လည်မှ ဝိညာဉ်စွမ်းအင်များကို လောင်ကျွမ်းနေခြင်းဖြစ်သည်။

အနားကပ်လာသူမှန်သမျှ သူတို့ကိုယ်ပိုင် သန့်စင်ယန်စွမ်းအင်များ လောင်ကျွမ်းသွားမည်။ ထို့ကြောင့် သူခိုးဘုရင်က မုန်ကျင်းကျိုးနား မကပ်ရဲခြင်းဖြစ်သည်။

ထိုသန့်စင်ယန်စွမ်းအင် လောင်ကျွမ်းမှုမျိုး ရှေးဟောင်းခေတ်မှယနေ့ထိ လုံးဝမရှိခဲ့ဖူး။ ထိုအခြေအနေမျိုးကို သန့်စင်ယန်နယ်မြေဟု ခေါ်လျှင်ရလောက်သည်။

အရိပ်မုန်ကျင်းကျိုး၏ ဘေးပတ်လည်နယ်မြေက သန့်စင်ယင်နယ်မြေဖြစ်မည်။

မုန်ကျင်းကျိုး၏ အဓိပဓိလက်သီးပညာက ယန်ဓာတ်ပြင်းထန်သည်။ အရိပ်မုန်ကျင်းကျိုး၏ လက်သီးပညာက ယင်ဓာတ်အခြေခံထားသဖြင့် ရေသားကဲ့သို့ နူးညံ့ပျော့ပျောင်းသည်။

ယင်နှင့်ယန်တိုက်ခိုက်မှုက နေနှင့်လ ဂုဏ်သရေချင်းပြိုင်နေသလိုရှိသည်။ ထိုက်ချီစက်ဝန်းနှင့် သဏ္ဌာန်တူသည်။ မြင်သူတိုင်း အံ့ဩရသည်။

အရိပ်ခြောက်ခုက သူခိုးဘုရင်တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သဖြင့် ကိုးငရဲဂိုဏ်းအလောင်းခြောက်ခုက အနိုင်ရသွားသည်။

မူပိုင်ယိက ထိုအလောင်းခြောက်ခုကို ထိန်းချုပ်၍ မုန်ကျင်းကျိုးကို ကူညီချင်သော်လည်း ယင်ယန်နယ်မြေက အလွန်ပြင်းထန်သည်။ အလောင်းများ အနားသို့ကပ်နိုင်မည်မဟုတ်။

ထို့ကြောင့် အဝေးမှသာလှမ်းကြည့်နေရသည်။

ဆန့်ကျင်ဘက်ပြိုင်ဘက်ကို ရင်ဆိုင်နေရသဖြင့် မုန်ကျင်းကျိုး ပို၍ပို၍ စိတ်ဂဏာမငြိမ်ဖြစ်လာသည်။ လောင်လုပင် မသေမျိုးတစ်ဝက်နှင့် တိုက်ခိုက်နေသည်။

ယခုသူက ဤနယ်မြေတွင် စီဟန်၏ဘာမဟုတ်သည့် လှည့်ကွက်ပညာတစ်ခုအောက်တွင် အခက်တွေ့နေသည်။

သူထုတ်သုံးသည့်တိုက်ကွက်တိုင်းကို သူ့ပြိုင်ဘက်က တန်ပြန်တိုက်ခိုက်နိုင်သည်။

"မင်းကိုမနိုင်ဘူးဆိုတာ ငါမယုံဘူးကွ"

မုန်ကျင်းကျိုး စိတ်ဆုံးဖြတ်၍ အပြင်းအထန်တိုက်ခိုက်ရန် အပေါ်အင်္ကျီကိုချွတ်လိုက်သည်။

ထို့နောက် သူ့ပြိုင်ဘက်ကလည်း အဝတ်ချွတ်ရန်ပြင်သည်။

"ငါ့လိုလိုက်မလုပ်နဲ့"

မုန်ကျင်းကျိုး စိတ်ပျက်လက်ပျက်ဖြင့် သန့်စင်ဓမ္မခန္ဓာကို ချက်ချင်းအသက်သွင်းပြီး သူ့ပြိုင်ဘက်အဝတ်မချွတ်နိုင်စေရန် တရကြမ်းတိုက်ခိုက်သည်။

ပြင်းထန်သည့်သူတို့တိုက်ပွဲကို အားလုံးစောင့်ကြည့်နေစဉ် စင်မြင့်အစွန်းသို့ လူတစ်ယောက်ပေါ်လာသည်။ သစ်ပင်ငယ်နှင့် လူဝင်စားအရိယဖလသန္ဓေကို တူးယူရန်ပြင်သည်။

"ဘယ်သူလဲကွ"

ထိုအဖြစ်ကို ပထမဆုံးသတိထားမိသည့် မူပိုင်ယိက လှမ်းအော်သည်။ ကူးဖြတ်ခြင်းအဆင့်အလောင်းခြောက်ခုက ထိုလူကို ချက်ချင်းဝင်တိုက်ခိုက်သည်။

အလောင်းများလှုပ်ရှားပြီးမှ မူပိုင်ယိနောင်တရသည်။ ထိုလူက သစ်ပင်နှင့် အရမ်းနီးကပ်နေသည်။ တိုက်ခိုက်လျှင် သစ်ပင်ကိုထိခိုက်နိုင်သည်။

သို့သော် သူအံ့ဩသွားသည်။ မီးခိုးများ ရှင်းလင်းသွားချိန်တွင် ထိုလူနှင့်သစ်ပင်က လုံးဝအထိအခိုက်မရှိ။

ထိုလူ ဘယ်လိုလုပ်လိုက်သည်မသိ။

"အင်ပါယာရဲ့ လက်အောက်ခံဖြစ်တဲ့ငါ့ကို သခင်စီရှီလို့ မင်တို့ခေါ်လို့ရပါတယ်"

အရိုးရိုင်း ရင်ထိတ်သွားသည်။ သခင်စီရှီသည် မဟာချန်၏ နတ်သခင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ မဟာချန်က ဖုန်ဒူနယ်မြေကို နတ်သခင်နှစ်ယောက် စေလွှတ်ခဲ့ခြင်းလော...

သခင်စီရှီ၏ ရှင်သန်သူအရိယဖလသန္ဓေသည် ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ထားသည်။ သူ့ပါရမီက စီဟန်လောက်မကောင်းသော်လည်း ထူးခြားသည့် သူ့အရိယဖလသန္ဓေသဘာဝကြောင့် ဘယ်သူမှ သူနှင့်ရင်မဆိုင်ချင်ကြ။

တိုက်ခိုက်နည်းလမ်းတစ်ခုဖြင့် သူ့ကိုနှစ်ကြိမ်တိုက်ခိုက်၍မရ။

တိုက်ခိုက်ရေးပညာမျိုးစုံသုံးရမည်။

"ကဲ၊ ဒီလူဝင်စားအရိယဖလသန္ဓေကို ငါယူသွားတော့မယ်။ ငါ့ကိုလိုက်ပို့စရာမလိုပါဘူး။ လမ်းသိပြီးသားပါ"

သခင်စီရှီ သွားတန်းပေါ်အောင်ပြုံးပြ၍ သစ်ပင်ကိုဆွဲယူထွက်ပြေးသွားသည်။

စင်မြင့်သို့ မူပိုင်ယိရောက်သွားချိန်တွင် စီရှီကို မတွေ့ရတော့။

နတ်သခင်စီရီ သီချင်းတစ်ပုဒ်ညည်းရင်း ဖုန်ဒူနယ်မြေမှထွက်၍ ကျုန်းရှန်ပြည်နယ်သို့ ရောက်လာသည်။ ပြည်နယ်မြို့မှ လက်ဖက်ရည်ဆိုင်တစ်ခုသို့ သူသွားသည်။

ဆိုင်၏ထိပ်ဆုံးအထပ်တွင် လက်ဖက်ရည်သောက်နေသူ တစ်ယောက်သာရှိသည်။

ထိုလူက လုယန်နှင့် စီဟန်တို့တိုက်ပွဲကို အေးအေးလူလူကြည့်နေသည်။ စီဟန်ထိုမျှညံ့မည်ဟု သူထင်မထား။ နောက်မျိုးဆက်တစ်ယောက်၏ နှိပ်ကွပ်မှုကို ခံနေရသည်။

"လုယန်ဆိုတဲ့ ဒီလူငယ်က ထူးခြားစွမ်းရည်တစ်ချို့ တကယ်ရှိတာပဲ"

သခင်စီရှီ လက်နှစ်ဘက်ဆုပ်၍ ဦးညွှတ်သည်။

"အင်ပါယာသခင်၊ လူဝင်စားအရိယဖလသန္ဓေကို ယူလာခဲ့ပါပြီ"

"ဟုတ်လား"

ကောင်းကင်အင်ပါယာသခင် တိုက်ပွဲဆက်မကြည့်တော့။ လုယန်နှင့်စီဟန်တိုက်ပွဲရလာဒ်က ဘာမှအရေးမကြီး။ လူဝင်စားအရိယဖလသန္ဓေရလျှင် သူ့ရည်ရွယ်ချက် အောင်မြင်သည်။

"ဪ..ဒါက လူဝင်စားအရိယဖလသန္ဓေပေါ့။ ဒါကိုမျိုချပြီး သန့်စင်လိုက်မယ်ဆို သေသွားရင်တောင် နောက်ဘဝတစ်ခု ရှင်သန်နိုင်တယ်တဲ့"

အင်ပါယာမျက်နှာတွင် ရှားပါးသည့်အပြုံးတစ်ခု ပေါ်လာသည်။

မဟာချန်ကို တည်ထောင်ခဲ့သည့် ကောင်းကင်အင်ပါယာသခင်တွင် ရှားပါးရတနာများစွာရှိသည်။ သို့သော် လူဝင်စားအရိယဖလသန္ဓေလောက် ဘယ်ဟာမှ တန်ဖိုးမရှိ။

ကျန်းရှန်ပြည်နယ်သို့ သူစောစောကြိုရောက်ခဲ့သည်။ လူဝင်စားအရိယဖလသန္ဓေ ပေါ်လာချိန်ကို စောင့်ခဲ့သည်။ သူကိုယ်တိုင်တော့ သွားမယူ။ မြောက်ပိုင်းနယ်မြေဖြစ်ရပ်က သူ့စိတ်ကို အရိပ်မည်းတစ်ခုလို လွှမ်းမိုးနေဆဲဖြစ်သည်။

ယွမ်ကျိ ရုတ်တရက်ပေါ်လာမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် စီဟန်နှင့်စီရှီကို ဆက်တိုက်လွှတ်ခဲ့သည်။

လူဝင်စားအရိယဖလ သူ့လက်ထဲရောက်လာသည့်တိုင် ယွမ်ကျိကို မမြင်ရ။ အစိုးရိမ်လွန်ခဲ့ခြင်းသာဖြစ်မည်ဟု သူတွေးသည်။

"အင်ပါယာသခင်၊ ဒီလူဝင်စားအရိယဖလသန္ဓေက အဲလောက်ထူးခြားတာလား။ ဒါမျိုးကို ကျုပ်တစ်ခါမှမကြားဖူးပါဘူး"

စီရှီ စပ်စုလိုက်သည်။

"ဘယ်မထူးခြားဘဲနေမလဲ။ ဒါက...ဒါက မင်းသိသင့်တဲ့ကိစ္စမဟုတ်ပါဘူး"

ကောင်းကင်အင်ပါယာ ထပ်မစောင့်နိုင်တော့ဘဲ အရိယဖလသန္ဓေကို လှမ်းဆွဲသည်။ သို့သော် စီရှီက ပြန်သိမ်းလိုက်သည်။

အင်ပါယာ မျက်နှာတင်းသွားသည်။

"စီရှီ၊ ဒါက ဘာသ‌ဘောလဲကွ"

စီရှီက ပြုံးရုံသာပြုံးနေသည်။ သူ့ကိုယ်ထဲမှ ထူးဆန်းသည့် စကားသံတစ်ခု ထွက်လာသည်။

"ဘာသဘောမှမဟုတ်ပါဘူး။ လူဝင်စားအရိယဖလသန္ဓေအကြောင်းကို မီးနိုင်ငံက လူနည်းစုပဲသိကြတာ။ ဒီအကြောင်း မင်းဘယ်ကသိခဲ့သလဲဆိုတာ သိချင်လို့ပါ"

"ဘုန်း"

ကောင်းကင်အင်ပါယာ လက်ဖက်ရည်စားပွဲကို ဒေါသတကြီး ရိုက်ခွဲလိုက်သည်။

"မင်းဘယ်သူလဲကွ"

စီရှီ၏လက်ကောက်ထဲမှ ကြောက်စရာစွမ်းအင်ရောင်နှင့် လူတစ်ယောက်ထွက်လာသည်။ ခေါင်းတွင် သန္တာရောင်ဦးချိုနှစ်ခုပါသည်။ ပါးနှစ်ဘက်နှင့်လက်ခုံတွင် အနီရောင်ကြေးခွံများရှိသည်။

မျက်လုံးသူငယ်အိမ်များက ကျားလိုလို နဂါးလိုလိုဖြစ်နေသည်။ နတ်ဆိုးများ၏အဓိပဓိဘုရင် ဟန်ပန်မျိုးရှိသည်။

"ငါက မင်းရှာနေတဲ့ ချီလင်မသေမျိုးပါ"

"ချီလင်မသေမျိုး...မင်းက တစ်ချိန်လုံး စီရှီရဲ့လက်ကောက်ထဲမှာ ပုန်းနေတာပေါ့"

အင်ပါယာသခင် ဒေါသထွက်သွားသည်။ စီရှီ၏လက်ကောက်က သာမန်ပုံသာဖြစ်သည်။ သူ့မိခင်တစ်ချိန်လုံးဝတ်ခဲ့သည့် အမွေအနှစ်ဟု စီရှီကပြောသည်။

ချီလင်မသေမျိုး ပုန်းအောင်းနေမှန်း လုံးဝမသိခဲ့။

"မဖြစ်နိုင်ဘူး။ မင်းဒီလက်စွပ်ထဲမှာ ပုန်းနေတာဆိုရင် မသေမျိုးခြေရာခံတံဆိပ်က ဘာလို့မတုံ့ပြန်ခဲ့တာလဲ"

မသေမျိုးခြေရာခံတံဆိပ်သည် ကောင်းကင်အင်ပါယာသခင် ဂုဏ်ယူရသည့် တီထွင်မှုဖြစ်သည်။ ရှေးဟောင်းမသေမျိုးလေးယောက် အနီးအနားတွင် ရှိနေလျှင် အပူရှိန်တက်လာရမည်။

ပိုနီးကပ်လေ ပိုအပူရှိန်တက်လေဖြစ်သည်။

ချီလင်မသေမျိုးက ခပ်ညှင်းညှင်းရယ်လျက်

"ငါ့ရဲ့ရှင်သန်သူအရိယဖလအကြောင်း မင်းမေ့နေပြီထင်တယ်။ တိုက်ကွက်တစ်မျိုးက ငါ့အပေါ်မှာ တစ်ခါပဲသက်ရောက်တယ်။ စီရှီကို ခြေရာခံတံဆိပ် ငါ့အနား ယူခိုင်းလိုက်ရုံပဲလေ။ အဲဒီ့နောက်ပိုင်း ဒီတံဆိပ်က ဘယ်တုံပြန်တော့မှာလဲ"

"ဆရာ"

ချီလင်၏လမ်းညွှန်မှုဖြင့် ကိုယ်ပိုင်အရိယဖလသန္ဓေကို စီရှီတည်ဆောက်နိုင်စွမ်းရှိသည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် နတ်သခင်များကြားတွင် ထူးခြားထင်ပေါ်နေမည်။ ထို့ကြောင့် ယုံကြည်မှုစွမ်းအားဖြင့်သာ သူ့အရိယဖလသန္ဓေကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ချီလင်မသေမျိုးက သစ်ပင်ပေါက်နှင့် လူဝင်စားအရိယဖလသန္ဓေကိုယူ၍ ဦးခေါင်းပိုင်းကို မူလချီလင်အသွင်ပြောင်းပြီး မျိုချသည်။ သူ့ဗိုက်ထဲတွင် ယာယီသိမ်းထားလိုက်သည်။

"စီရှီ၊ နောက်ဆုတ်ပါ"

စီရှီ အလိုက်တသိ နောက်ဆုတ်သွားသည်။ ထိုနှစ်ယောက်ကြား အခြေအနေ တင်းမာနေသည်။ ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်မှုရမည်မဟုတ်တော့။

"ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်။ လူဝင်စားအရိယဖလသန္ဓေအကြောင်း မင်းကိုဘယ်သူပြောတာလဲ"

ကောင်ကင်အင်ပါယာသခင်က ချီလင်ကို ဒေါသတကြီး အံကြိတ်၍ စိုက်ကြည့်သည်။ နည်းလမ်းစုံသုံး၍ ရှေးဟောင်းမသေမျိုးများကို သူရှာဖွေခဲ့သည်။

သူ့ကိုအရူးလုပ်၍ သူ့ဘေးတွင်တစ်ချိန်လုံးပုန်းနေခဲ့မည်ဟု ထင်မထား။

"ငါဒီအဖြေကိုပြောရင် လူဝင်စားအရိယဖလသန္ဓေကို မင်းပေးမှာလား"

"မပေးဘူး"

ကောင်းကင်အင်ပါယာက ဝါးမျိုခြင်းလေဝဲတစ်ခု ချက်ချင်းဖန်တီးလိုက်သည်။

"ဒါဆိုရင် ဘာစကားမှထပ်ပြောနေစရာ မလိုတော့ဘူး။ ဘယ်သူပိုစွမ်းအားကြီးသလဲဆိုတာပဲ ကြည့်ကြတာပေါ့"

*******************************

All Chapters