အခန်း ၁၂၄၀
Vol. 83 Ch. 1240
အခန်း (၁၂၄၀) မသေမျိုးတိုက်ပွဲ
ကျုန်းရှန်ကောင်တီအထက်တွင် မသေမျိုးနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေသည်။ လေဟာနယ်များ ကြေမွသွားသည်။ သူတို့တိုက်ခိုက်ရာပတ်ဝန်းကျင်တစ်ခုလုံး ဗလာပြင်အဖြစ် ပြောင်းသွားသည်။
ကောင်းကင်အင်ပါယာသခင်က လေဝဲနက်တစ်ခုအလယ်တွင်ရပ်နေသည်။ လေဝဲအနီးမှ လေဟာနယ်တွန့်လိမ်နေသည်။ အချိန်စီးဆင်းမှု နှေးကွေးသွားသယောင်ရှိသည်။
ရုတ်တရက် ချီလင်မသေမျိုးနောက်ဘက်တွင် လေဝဲနက်တစ်ခု ပေါ်လာသည်။ သူ့လက်တစ်ဘက် ပြင်းထန်စွာဝါးမျိုးခံလိုက်ရသည်။ သွေးများစီးကျလာသည်။
ချီလင်မသေမျိုး မျက်နှာတင်းသွားသည်။ စိတ်အာရုံကို ပြတ်သွားသည့်လက်နေရာတွင် စုစည်းလိုက်သည်။ သူ့ဘာသာ အသစ်ပြန်ပေါက်လာသည်။
"ဟားဟားဟား၊ ချီလင်မသေမျိုး၊ စကားကြီးစကားကျယ်တွေပြောခဲ့ပြီးမှ မင်းအစွမ်းက ဒီလောက်ပဲလား"
ကောင်းကင်အင်ပါယာ အော်ဟစ်ရယ်မောနေသည်။ သူ့ဝါးမျိုးခြင်းအရိယဖလက ဘယ်အရာမဆို ဝါးမျိုနိုင်သည်။ မသေမျိုးခန္ဓာတစ်ခုကိုပင် ဝါးမျိုးနိုင်သည်။
နောက်ထပ် လေးငါးကြိမ် ထိုသို့တိုက်ခိုက်လိုက်လျှင် ချီလင်မသေမျိုး ခြေလက်အသစ်ပြန်ဖန်တီးနိုင်စွမ်းရှိသည့်တိုင် ကြာကြာခံနိုင်မည်မဟုတ်။
ချီလင်ဗိုက်ထဲမှ လူဝင်စားအရိယဖလသန္ဓေ မတော်တဆ ပျက်စီးသွားမည်ကို ကောင်းကင်အင်ပါယာမစိုးရိမ်။။ ဝါးမျိုစွမ်းအားနှင့် သန့်စင်သလိုသာ ဖြစ်သွားမည်။
"ဒီလောက်အစွမ်းနဲ့ဆို မင်းကိုရင်ဆိုင်ဖို့ လုံလောက်ပါတယ်"
ချီလင်က တည်ငြိမ်စွာတုံ့ပြန်ပြီးနောက် သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ မိုးမြေတစ်ခုလုံးတုန်ဟီးသွားသယောင်ရှိသည်။ ထိုအော်သံတစ်ခုတည်းကပင် ကြယ်စုတန်းများကို ဥက္ကာခဲများအဖြစ် ချေဖျက်ပစ်နိုင်သည့် စွမ်းအားရှိသည်။
ဗုဒ္ဓခြင်္သေ့ဟောက်သံစွမ်းအားသည် ချီလင်အော်သံနှင့်ယှဉ်လျှင် တောင်ဖြိုသည့် ပရွက်ဆိတ်ပမာသာဖြစ်သည်။
ကောင်းကင်အင်ပါယာ ခြေနှစ်ဘက်ဆောင့်လိုက်သည်။ လေဟာနယ်တွင် လှိုင်းတွန့်များပေါ်လာပြီး ချီလင်အော်သံလှိုင်းနှင့် ရင်ဆိုင်တွေ့သည်။ ကောင်းကင်တုန်ခါသွားသည်။ မြေပြင်ကျွံဝင်သွားသည်။ မနီးမဝေးတွင်ရှိသည့် လုယန်တို့လေးယောက် အတူပူးပေါင်း၍ အားလှိုင်းဒဏ်ကို ရင်ဆိုင်ရန်ကြိုးစားကြသည်။
"နားတွေမြန်မြန်ပိတ်ထားကြ"
သူခိုးဘုရင်က သိစိတ်အာရုံမှ အားလုံးကို အကြံပြုသည်။
"နားပိတ်မထားနဲ့။ ဒီအသံလှိုင်းကို ဒီလိုတားလို့မရဘူး။ တန်ပြန်အသံလှိုင်းနဲ့ ခုခံကြ"
လုယန်လည်း သိစိတ်အာရုံမှ လှမ်းအော်သည်။
လေးယောက်လုံး အသံလှိုင်းတိုက်ခိုက်နည်းများကို နည်းနည်းကျွမ်းကျင်ကြသည်။ တတ်ထားသည့်ပညာချင်း မတူသော်လည်း ဗုဒ္ဓခြင်္သေ့ဟောက်သံလို ပညာမျိုးဖြစ်သည်။
စီဟန်၊ စီရှီ၊ သူခိုးဘုရင်တို့သုံးယောက်က နတ်ဆိုးသားရဲဟိန်းသံများကို တုပကြသည်။ သို့သော် လုယန်အော်သံက လေးယောက်ထဲတွင် အထူးခြားဆုံးဖြစ်သည်။ နတ်မယ်အော်သံပညာကိုသုံးသည်။
သူ့အော်သံက အထိရောက်ဆုံးဖြစ်သည်။ တိုက်ပွဲအသံလှိုင်းအများစုကို နတ်မယ်အော်သံဖြင့် တားဆီးနိုင်ခဲ့သည်။
သို့သော် ကျန်သုံးယောက်က လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် လှည့်ကြည့်ကြသည်။
လေကြောင်းများ ပြောင်းလဲသွားသည်။ မိုးခြုန်းသံများ ကောင်းကင်တလျှောက် ဟိန်းထွက်နေသည်။ ကျန်းရှန်ပြည်နယ်တစ်ခုလုံး တိမ်မည်းများ ဖုံးလွှမ်းနေသည်။
အဆုံးမဲ့ လေဆင်နှာမောင်းများစွာ ဝဲပျံနေသည်။ လေ မိုး လျှပ်စီးမိုးကြိုးအားလုံး ရစ်ပတ်လွှတ်ခြုံထားသည်။
မိုးမြေကြားတွင် တစ်ဦးတည်းချီလင်ဖြစ်သည့် ချီလင်မသေမျိုးသည် သဘာဝလောကမှ မွေးဖွားသည်။ သဘာဝဖြစ်စဉ်များကို မွေးကတည်းက ကျွမ်းကျင်သည်။
လျှပ်စီးမိုးကြိုးပညာကို ယင်ထန်လောက်မကျွမ်းကျင်သော်လည်း ယင်ထန်မှလွဲ၍ သူ့ကိုယှဉ်နိုင်သည့် မသေမျိုးမရှိ။
"မိုးမြေနဲ့ သက်တမ်းဆက်ထားတဲ့ ငါ့လိုအင်ပါယာကို လျှပ်စီးမိုးကြိုးလောက်က ဘာဒုက္ခပေးနိုင်မှာလဲကွ"
လျှပ်စီးမိုးကြိုးကျလာသော်လည်း ကောင်းကင်အင်ပါယာ မလှုပ်မယှက်ရပ်နေသည်။
ကောင်းကင်တစ်ခုလုံး နားကွဲမတတ်မိုးချုန်းသံများ ပဲ့တင်ထပ်နေသည်။ လျှပ်စီးများ ကောင်းကင်အင်ပါယာဆီ တည့်တည့်ထိုးဆင်းလာသည်။ သို့သော် အနက်ရောင်လေဝဲက လျှပ်စီးများကို ဝါးမျိုသည်။ သူ့ကိုလုံးဝထိခိုက်ခြင်းမရှိ။
ကောင်းကင်အင်ပါယာ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ လေဝဲနက်များ လေဟာနယ်တစ်ခွင် ဖြန့်ကျက်ပေါ်လာသည်။ အသစ်ပေါက်လာသည့် ချီလင်မသေမျိုး၏လက်မောင်းနှင့် ခြေထောက်တစ်ချောင်းကို နောက်တစ်ကြိမ် ဝါးမျိုသွားသည်။
ထိုစွမ်းအားသည် ကောင်းကင်အင်ပါယာ၏ ယုံကြည်ချက်ဖြစ်သည်။ သူ့ဝါးမျိုခြင်းအရိယဖလသည် တိုက်ခိုက်ဖို့ရော ခုခံဖို့ပါ သုံးနိုင်သည်။ မသေမျိုးပညာများကို ကာကွယ်နိုင်သည်။ မသေမျိုးခန္ဓာများကို ဝါးမျိုနိုင်သည်။ ရန်သူများ သူ့ကိုဘယ်လို့မှရင်မဆိုင်နိုင်ကြ။
ချီလင်မသေမျိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန်ပေါက်လာသည်။ ထိုအရာသည် မှော်ပညာမဟုတ်။ ဒဏ်ရာကုသနိုင်သည့် ပင်ကိုယ်သဘာဝစွမ်းရည်ဖြစ်သည်။
"မင်းဘယ်လောက်ထိ ဒဏ်ရာကုနိုင်သလဲ ကြည့်ရသေးတာပေါ့"
အနက်ရောင်လေဝဲများ လွင့်ပျံသွားပြန်သည်။ ချီလင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ လေဟာနယ်တွန့်လိမ်နေသည်။ လေဟာနယ်မှော်ပညာများ လုံးဝသုံးမရ။ အချိန်စီးကြောင်းတုန်ခါနေသဖြင့် ချီလင်မသေမျိုး၏ လှုပ်ရှားမှုများလည်း အတော်နှေးကွေးနေသည်။
ပထမနှစ်ကြိမ်က လေဝဲများကို ချီလင် နည်းနည်းရှောင်နိုင်ခဲ့သည်။ ယခုတစ်ကြိမ် လုံးဝမရှောင်တော့ဘဲ ရပ်ရုံသာရပ်နေသည်။
"မင်းရဲ့ကံကြမ္မာကို အရှုံးပေးလိုက်ပြီလား"
ကောင်းကင်အင်ပါယာက ဝါးမျိုခြင်းအရိယဖလကို အသက်သွင်းသည်။ လေဝဲအတော်များများ ချက်ချင်းဆန့်ထွက်ပြီး ချီလင်မသေမျိုးကို အပြည့်အဝလွှမ်းခြုံသွားသည်။
တိုက်ခိုက်ရသည်မှာ လွယ်ကူလွန်းသဖြင့် ရပ်နေသည့်လူသည် ချီလင်၏ကိုယ်ပွားခန္ဓာတစ်ခုလားဟုပင် ကောင်းကင်အင်ပါယာတွေးမိသည်။
"အင်ပါယာ၊ မင်းစွမ်းအား ဒါအကုန်ပဲလား"
ချီလင်မသေမျိုးက လေဝဲနက်အလယ်တွင် အထိအခိုက်မရှိ ရပ်နေသည်။
"ယင်ထန်ဆိုရင်တော့ မင်းနဲ့ရင်ဆိုင် အတော်အခက်အခဲဖြစ်မှာပါ။ ဒါပေမယ့် မင်းအခုရင်ဆိုင်နေရတာက ငါလေ"
ချီလင်က ပြုံး၍ပြောသည်။
"ရှင်သန်မှုအရိယဖလ...ပထမနှစ်ကြိမ်တိုက်ခိုက်တုန်းက မင်းတမင်အထိခံခဲ့တာပဲ"
ကောင်းကင်အင်ပါယာ နားလည်သွားသည်။ ချီလင်ကို တူညီသည့်တိုက်ခိုက်နည်းများဖြင့် ထိခိုက်အောင်လုပ်၍မရ။
ရှင်သန်မှုအရိယဖလသန္ဓေပိုင်ရှင် စီရှီသည် ထိုခိုက်မှုအများစုကိုသာ ရှောင်နိုင်စွမ်းရှိသည်။ အကောင်းပကတိတော့ မကျန်နိုင်။
အမျိုးစားတူ အဆင့်မြင့်အရိယပိုင်ရှင် ချီလင်မသေမျိုးက တစ်ခြားအရိယဖလတို့၏ တိုက်ခိုက်မှုများကိုပင် ထိုအဆင့်ထိ ထိန်းညှိနိုင်မည်ဟု သူထင်မထားခဲ့။
ကောင်းကင်အင်ပါယာမျက်နှာ တဖြေးဖြေး သုန်မှုန်လာသည်။
"မင်းကိုအနိုင်ယူဖို့ ပညာရပ်မျိုးစုံ သုံးရတော့မယ်ထင်တယ်။...ရသာသုံးပါးမီးတောက်၊ ချင်ထန်အကျဉ်းထောင်လက်ဝါး..."
အထက်မှ မီးတောက်စစ်တောက်ပနေသည့် ကောင်းကင်လက်ဝါးကျလာသည်။ ထိုလက်ဝါးတွင် ဖိနှိပ်ဖျက်ဆီးနိုင်သည့် မှော်အမှတ်အသားများ ပြည့်နေသည်။
မှော်အမှတ်အသားတစ်ခုချင်းစီက ကျုန်းရှန်ပြည်နယ်ကို ဖျက်ဆီးနိုင်သည်။ ကျယ်ပြန့်သည့်အမှတ်အသားများ လက်ဝါးတွင် ပြည့်နေသည်။ ပေါင်းစုထားသည့် အင်အားက မခန့်မှန်းနိုင်လောက်အောင် ကြီးမားသည်။
ချင်ထန်အကျဉ်းထောင်လက်ဝါးသည် ရှေးဟောင်းမှတ်တမ်းများတွင် အမှတ်မထင် သူရှာတွေ့ခဲ့ည့် ပညာဖြစ်သည်။ အရင်က တစ်ခါမှမသုံးဖူး။ ထိန်းချုပ်သူသခင်ပင် ထိုပညာကိုမကျွမ်းကျင်။
ထိုပညာသည် အလွန်စွမ်းအားကြီးသည်။ ဗုဒ္ဓလက်ဝါးပညာထက်မနိမ့်။
ကျယ်လောင်သည့် မြည်ဟိန်းသံနှင့်အတူ ကောင်းကင်လက်ဝါးက ချီလင်ဆီ ထိုးဆင်းလာသည်။ ချီလင်က စွမ်းအားလုံးဝမသုံးဘဲ လက်တစ်ဘက်သာမြှောက်၍ အသာဖမ်းလိုက်သည်။
"ရသာသုံးပါးမီးတောက်နဲ့ ချင်ထန်လက်ဝါးတဲ့လား...ဟားဟား။ မင်းကောင်းကောင်း တတ်ထားတာပဲ။ ဒါပေမယ့် ဒီပညာတွေနဲ့ ငါ့ကိုတိုက်ခိုက်လို့ အသုံးမဝင်ဘူးကွ။
ဒီပညာတွေကို ရှေးဟောင်းခေတ်မှာ ငါကြုံတွေ့ဖူးပြီးသားလေ"
ချီလင် ခပ်အေးအေးပြန်ပြောသည်။
အင်ပါယာသခင် မျက်နှာပျက်သွားသည်။ သူတတ်ထားသည့်ပညာအများစုသည် ရှေးဟောင်းခေတ်မှ ပညာများဖြစ်သည် ဘယ်သူမှ သူ့ကိုသင်ပေးစရာမလိုဘဲ ပညာသဘောတရားကို ကိုယ့်ဘာသာဆင်ခြင်နားလည်နိုင်သည်။
တကယ်ရှားပါးသည့် ပါရမီမျိုးဖြစ်သည်။
သို့သော် ထိုပညာများဖြင့် ချီလင်ကိုတိုက်ခိုက်၍မရ။
"မင်းရဲ့ရှေ့မျိုးဆက်အနေနဲ့ မင်းကို တိုက်ကွက်သုံးကွက် အကြောပေးပြီးပြီ။ တစ်ခြားထုတ်သုံးစရာပညာမရှိတော့ရင် အခုငါ့အလှည့်ပဲ"
ချီလင်မသေမျိုး ယုံကြည်ချက်အပြည့်ဖြင့် ကြေငြာသည်။
ခန္ဓာကိုယ်တစ်ချက်လှုပ်လိုက်သည်။ ရွှေရောင်ချီလင်အဖြစ် အသွင်ပြောင်းသည်။ ကောင်းကင်တိမ်တိုက်ပေါ်ရပ်လျက် နှင်းမြူကြားမှ ထိုးတက်လာသည်။ တကယ်ထည်ဝါခံ့ညားသည့် မြင်ကွင်းဖြစ်သည်။
ရှေးဟောင်းခေတ်တွင် သူ့ပုံတူကို တံခါးဝတွင် ကပ်ထားရုံဖြင့် မကောင်းဆိုးဝါးများဘေးရန်မှ ကာကွယ်နိုင်သည်။
"ငါက ရှေးပညာတွေပဲတတ်တယ်လို့ မင်းထင်နေလား"
ကောင်းကင်အင်ပါယာက 'လက်ရှိခေတ်၏ ရှေ့မျိုးဆက်'အဖြစ် အကြီးအကဲဂုဏ်ပုဒ်ကို အမြဲတမ်း ကျိတ်၍ဂုဏ်ယူခဲ့သူဖြစ်သည်။ ယခု ချီလင်က ရှေ့မျိုးဆက်ဟုကြေငြာ၍ သုံးကွက်အကြောပေးခဲ့သည်ဟု ပြောသည်။
ထိုစကားကို သူလုံးဝလက်မခံနိုင်။
"ထိုက်ယိခုနစ်လွှာလက်ဝါး"
"လျန်ယိမြူစက်ဝန်း"
"ကောင်းကင်ဖန်တီးခြင်းစွမ်းအား"
မသေမျိုးပညာသုံးခု သူဆက်တိုက်ထုတ်သုံးလိုက်သည်။ အားလုံးက ကိုယ်တိုင်တီထွင်ထားသည့် ပညာများဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ထားလျှင် ကူးဖြတ်ခြင်းအဆင့် မသေမျိုးတစ်ဝက်အဆင့်များအတွက် ဝှက်ဖဲအဖြစ်သုံးနိုင်လောက်အောင် စွမ်းအားကြီးသည်။
လျန်ယိမြူစက်ဝန်းက ချီလင်ကို ထိန်းချုပ်သည်။ ထိုက်ယိလက်ဝါးခုနစ်ချက်က အသက်ကိုနှုတ်ယူနိုင်သည်။ ကောင်းကင်ဖန်တီးခြင်းပညာက ချီလင် ဒဏ်ရာမကုစားနိုင်အောင် တားဆီးနိုင်သည်။
"ဒီပညာတွေကို တစ်ခါမှတောင်ငါမမြင်ဖူးပါလား"
စီဟန် တအံ့တဩပြောသည်။ အင်ပါယာသခင်၏လူယုံဖြစ်သော်လည်း ထိုပညာသုံးခုလုံးကို မသိသည်က နည်းနည်းများလွန်းသည်။
လျန်ယိမြူစက်ဝန်းအတွင်းမှ ချီလင်က ကောင်းကင်အင်ပါယာကို လှောင်ပြောင်သည်။
"ဟားဟား၊ နေထဲမှာ နှစ်တစ်သိန်းကြာအောင် ဝူယော်က ပိတ်လှောင်ထားခဲ့တော့ မင်းက ပညာနည်းနည်းတော့ တိုးလာတာပဲ"
"ပါးစပ်ပိတ်ထားစမ်း"
အင်ပါယာသခင် ဒေါသထွက်သွားသည်။ မသေမျိုးတစ်ဝက်တို့၏ သက်တမ်းသည် အကန့်အသတတ်ရှိသည်။ မဟာကပ်ကိုစောင့်ဖို့ မဟာယုခေတ်တစ်ခုလုံး သူတို့ခိုအောင်းနေခဲ့သည်။ ဝူယောက်သူ့ကို လှောင်ပိတ်ခဲ့သည့်အဖြစ်ကို အမှန်အတိုင်းသိသူဆို၍ ထိန်းချုပ်သူသခင်သာရှိသည်။
စီရှီလက်ကောက်ထဲတွင် ပုန်းအောင်းနေသည့် ချီလင်မသေမျိုးက ထိုကိစ္စတစ်ခုလုံး ကိုယ်တွေ့မြင်ခဲ့သည့်အဖြစ်ကိုတော့ သူလုံးဝမသိခဲ့။
*********************************