အခန်း ၁၂၄၃
Vol. 83 Ch. 1243
အခန်း (၁၂၄၃) ကံရေစက်ရှိတဲ့လူ
"ဒီကိစ္စတွေအားလုံး မီးနိုင်ငံ ပျက်စီးတဲ့အချိန်က စဖြစ်ခဲ့တာပါ။ မီးနိုင်ငံပျက်စီးတော့ ငါ့ကိုငါသတ်သေဖို့ တွေးခဲ့တယ်။ ဒါပေမယ့် နတ်မယ်ပြန်ရှင်သာလာတာကို ငါမမြင်ရသေးဘူး။
အတိတ်ကထားခဲ့တဲ့ ကတိကဝတ်တွေ မပြည့်စုံသေးဘူး။ ရှောင်လင်းနဲ့လျန်ယိ နတ်မယ်နဲ့ ဘယ်တော့မှ တွေ့ခွင့်ရမှာမဟုတ်ဘူး။ ဒီကိစ္စတွေမပြီးပြတ်ဘဲ သေသွားရမှာကို ငါမခံစားနိုင်ဘူး"
ချီလင်သက်ပြင်းချသည်။ ထိုအတိတ်အတွေ့အကြုံများ ပြန်ပြောဖို့ သူတကယ်ဝန်လေးသည်။ ထိုအဖြစ်များသည် သူ့ဘဝ၏ ဝမ်းနည်းစရာအကောင်းဆုံး ကိစ္စများဖြစ်သည်။
"အသံတိတ်မသေမျိုး လိုက်ဖမ်းတာကိုရှောင်ဖို့ လက်ကောက်တစ်ကွင်းထဲမှာ ငါပုန်းခဲ့တယ်။ လက်ကောက်က ပိုင်ရှင်လေးငါးဆက်ပြောင်းခဲ့ပေမယ့် ငါ့ကိုတွေ့ဖို့ ကံပါတဲ့လူ လုံးဝမကြုံခဲ့ဘူး။
စီရှီရဲ့အမေလက်ထဲ ရောက်တဲ့ထိပေါ့။ သူလည်း ငါ့ကိုတွေ့ဖို့ ကံမပါဘူး။ သူသေပြီးနောက်မှာ လက်ကောက်က စီရှီလက်ထဲ ရောက်တယ်။ သူက မထင်မှတ်ဘဲ လက်ကောက်ထဲက ကမ္ဘာငယ်ကို ဝင်နိုင်ခဲ့တယ်။
ဒါကြောင့် ငါသူ့ကိုလမ်းညွှန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကောင်လေးစီရှီက ကျင့်စဉ်ပါရမီကောင်းတယ်။ အယူအဆအဆအတော်မျးများကို နားလည်တယ်။ ငါ့လမ်းညွှန်မှုနဲ့ သူ့ကျင့်စဉ်အဆင့် မှန်မှန်တိုးတက်လာတယ်။
သူ့ရွယ်တူတွေထက် အများကြီးသာသွားတယ်။ မဟာချန်နိုင်ငံရဲ့ နတ်သခင်ရွေးပွဲကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ပြီးတော့ သူက နတ်သခင်တစ်ယောက်ဖြစ်လာတယ်"
ရှေးဟောင်းမသေမျိုးလေးယောက် သူတို့တပည့်များကို အားကျိုးမာန်တက် သင်ပြခဲ့သည့်အကြောင်းကြားတိုင်း လုယန် နတ်မယ်နှင့်နှိုင်းယှဉ်ကြည့်မိသည်။ ထို့နောက် သက်ပြင်းကျိတ်ချမိသည်။
သူ့ကံကြမ္မာကို လက်ခံရုံမှလွဲ၍ ဘာတတ်နိုင်မည်နည်း။ သူတွေ့ခဲ့သည့် ရှေးဟောင်းမသေမျိုးက နတ်မယ်ဖြစ်နေသည်။
"နောက်ပိုင်း ချန်အင်ပါယာနဲ့ ထိန်းချုပ်သူက ယုံကြည်မှုစွမ်းအားလွှမ်းမိုးတာ လျှော့ချဖို့ မသေမျိုးတစ်ဝက်နဲ့ ကူးဖြတ်ခြင်းအဆင့်တွေကို ဦးဆောင်ပြီး နေနန်းတော်ထဲမှာ သွားပုန်းတယ်။
မှော်စက်ဝန်းတစ်ခု ကာတယ်။ မဟာယုခေတ်အစောပိုင်းမှာ အင်ပါယာဝူယော်က ဒုတိယမှော်စက်ဝန်း ထပ်တည်ဆောက်တယ်။ ချန်အင်ပါယာနဲ့ ထိန်းချုပ်သူက ဝူယော်ရဲ့မှော်စက်ဝန်းကို ဖွင့်တဲ့အချိန်မှာ မဟာယုခေတ်နှောင်းပိုင်း နိုင်ငံကပ်ဆိုက်တဲ့ကာလကို ရောက်နေပြီ။
မှော်စက်ဝန်းဖွင့်ပြီးနောက်မှာ ဝူယော်က လောကမှော်စက်ဝန်းကို တစ်ခုခုလုပ်ဖို့ကြိုးစားခဲ့တာ ငါအာရုံခံမိတယ်။ သူ့အရိယဖလက ဖလှယ်ခြင်းအရိယဖလဆိုတော့ သူဘာလုပ်ခဲ့လဲဆိုတာ ခန့်မှန်းဖို့မခက်ပါဘူး။ ဒါကို အခွင့်အရေးတစ်ခုလို့ ငါယူဆခဲ့တယ်"
လောကမှော်စက်ဝန်းသည် မသေမျိုးလေးယောက်၏ အရိယဖလစွမ်းအားဖြင့် တိုက်နယ်ခြောက်ခုအောက်ခြေတွင် တည်ဆောက်ထားခဲ့သည့် နံရံများဖြစ်သည်။
"အစက စီရှီကို နေထဲကထွက်ပြီး မသေမျိုးလေးယောက်သဲလွန်စကို ရှာခိုင်းဖို့ စီစဉ်ခဲ့တာ။ ဒါပေမယ့် အဲဒီ့အချိန်ထိ စီရှီက အိပ်ပျော်နေတုန်းပဲ။ ဒါကြောင့် မတတ်သာလို့ လက်ကောက်ထဲကထွက်ပြီး ဝူယောက်နဲ့သွားတွေးတယ်။
ထင်တဲ့အတိုင်းပဲ။ ငါက ဝူယောက်ရဲ့အကူအညီလိုသလို ဝူယော်ကလည်း ငါ့အကူအညီလိုနေတယ်။ အလုံပိတ်လောကထဲကထွက်ဖို့ ဝူယော်က မဟာယုကို စတေးတယ်။ ဒါပေမယ့် သူမအောင်မြင်ခဲ့ဘူး။
လောကအပြင်ကိုထွက်ခွင့်ရဖို့ သူပေးဆပ်ခဲ့တဲ့တန်ကြေးက မလုံလောက်ဘူး။ ပြီးတော့ လောကမှော်စက်ဝန်းပေါ်မှာ ရှင်သန်မှုအရိယဖလစွမ်းအားလည်း ရှိနေတယ်။ နည်းလမ်းတစ်ခုကို နှစ်ကြိမ်ထပ်သုံးလို့မရဘူး။
ဒီတော့ ငါ့အကူအညီမပါရင် ဝူယော် နောက်တစ်ကြိမ် ဖလှယ်ခြင်းအရိယဖလစွမ်းအားနဲ့ အပြင်ကိုထွက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူကငါ့ကို လောကမှော်စက်ဝန်းပေါ်က ရှင်သန်မှုအရိယဖလစွမ်းအားကို ခဏပြန်ဖြည်ပေးစေချင်တယ်။
ငါလက်ခံတယ်။ အပြန်အလှန်အနေနဲ့ ထာဝရနတ်မယ်နဲ့ကံရေစက်ပါတဲ့ လောကအပြင်ဘက်ကလူနဲ့ နေရာလဲဖို့ ငါသူ့ကိုတောင်းဆိုတယ်။ အရင်က နတ်မယ်ကို ပြန်အသက်သွင်းဖို့ ကြိုးစားခဲ့တာတွေ မအောင်မြင်ခဲ့ဘူး။
သူ့နာမည်အမှန်အော်ခေါ်နိုင်ဖို့ ဘယ်နည်းလမ်းမှ သုံးမရဘူး။ ကံကိုအားကိုးရုံပဲရှိတာ။ ဒီလူဟာ နတ်မယ်ကိုပြန်အသက်သွင်းနိုင်လောက်တဲ့ ကံကြမ္မာမျိုးလိုအပ်လိမ့်မယ်လို့ ငါတွေးမိတယ်။
နောက်တော့ ရှောင်လင်းနဲ့ လျန်ယိပေါ်လာတယ်လို့ ကြားတဲ့အချိန်မှာ နတ်မယ်ပြန်ရှင်သန်လာပြီလို့ ငါခန့်မှန်းမိတယ်လေ။ နတ်ဆိုးမြို့တော်က မသေမျိုးတိုက်ပွဲကြောင့် ငါ့ခန့်မှန်းချက်က ပိုသေချာသွားတယ်။
ထာဝရနတ်မယ်ပဲ အသံတိတ်မသေမျိုးကို ဒီလောက်ထိ တိုက်ခိုက်နိုင်မှာ"
ချီလင်က လုယန်ကိုစိုက်ကြည့်၍ တစ်လုံးချင်းပြောသည်။
"မိတ်ဆွေလေးလု၊ မင်းက နတ်မယ်ကို ပြန်အသက်သွင်းခဲ့တယ်လေ။ ဒီတော့ မင်းဟာ နတ်မယ်နဲ့ကံရေစက်ပါတဲ့လူပဲပေါ့"
လုယန်ခေါင်းထဲ မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။
...ငါက ဝူယော်နဲ့ နေရာချင်းလဲခဲ့တဲ့လူပေါ့...
အစကတည်းက ထိုဖြစ်နိုင်ခြေကို ကြိုတွေးမိပြီးဖြစ်၍ အမှန်ဆိုလျှင် သူထိုမျှအံ့ဩမသွားသင့်။ သို့သော် အမှန်တရားကြားရချိန်တွင် အစစ်အမှန်မဟုတ်သလို ထင်မိသည်။
သူ့မျက်နှာအမူအရာ ထူးဆန်းလာသည်။ သူမသေမီက အဖြစ်ကို ပြန်စဉ်းစားမိသည်။ နေရာချင်းမလဲမီက ဝူယော်၏အခြေအနေလည်း သိပ်ကောင်းခဲ့ပုံမပေါ်။
ဝူယောက်၏ အသုံးအဆောင်များနှင့် အရိယဖလက အမယွမ်၏ လက်ထဲတွင် ရှိသည်။ သူ့ကိုယ်ပိုင်ခန္ဓာက တစ်စစီဖြစ်သွားသည်။
ဝူယော်၏ မသေမျိုးခန္ဓာက လောကအပြင်ကို ရောက်သွားသလော။ သို့မဟုတ် အမယွမ်ကြောင့် တစ်စစီဖြစ်ခဲ့သလော။
သိပ်မတွေးတော့။ ဝူယော်သည် တကယ်ကံကောင်းသည်။ အဆင်ပြေနေမှာ သေချာသည်။
အင်ပါယာသခင်က လုယန်ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ အလုံပိတ်လောကအပြင်ဘက်သို့ သူအမြဲထွက်ချင်ခဲ့သည်။ လုယန်က အပြင်လောကမှလူဖြစ်ကြောင်း ယခုမှသိရသည်။
သူချက်ချင်းမေးသည်။
"အပြင်လောကက ဘယ်လိုမျိုးလဲ"
"အား၊ ရှောင်ယန်၊ နင်ကငါနဲ့ တကယ်ရေစက်ရှိတဲ့လူပဲ"
လုယန်ပျော်ရွှင်စွာရယ်မော၍ လုယန်ကိုဖက်ပြီး ခေါင်းကိုပွတ်သပ်နေသည်။
"နတ်မယ် နတ်မယ်။ အဲလိုမလုပ်ပါနဲ့"
လုယန် အတော်ပြာယာခတ်သွားသည်။ ဘယ်လိုလုပ်ရမှန်းမသိသဖြင့် နတ်မယ်ကို အမြန်တွန်းဖယ်သည်။
နတ်မယ်နှင့် အတော်ကြာအောင်နေခဲ့သော်လည်း ထိုမျှရင်းနှီးသည့် ဆက်ဆံမှုမျိုးနှင့် သူအသားမကျသေး။
"ရှောင်ယန်၊ နင်ရှက်နေတာလား"
လုယန်ရှက်သွားသည်ကို ယခုမှမြင်ဖူးခြင်းဖြစ်၍ နတ်မယ်အတော်သဘောကျသွားသည်။
"မဟုတ်ပါဘူး"
လုယန် အတော်လန့်သွားပြီး စကားလမ်းကြောင်းအမြန်ပြောင်းသည်။
"နတ်မယ်၊ ကျုပ်အပြင်လောကထဲက လာတဲ့လူမှန်းသိတာကို ခင်ဗျားမအံ့ဩဘူးလား"
"ဘာအံ့ဩစရာရှိလဲ။ ငါလည်း အပြင်လောကထဲကလူပဲလေ"
လုယန် ပြန်တွေးကြည့်သည်။ နတ်မယ်စကားမှန်နေသည်။ နတ်မယ်မသေမီက အလုံပိတ်လောက မရှိသေး။ ထို့ကြောင့် အပြင်လောကမှလူဟု သတ်မှတ်နိုင်သည်။
လုယန်လက်မောင်းကိုပုတ်၍ နတ်မယ် စိတ်ဝင်တစားမေးသည်။
"ပြောပါဦး။ အပြင်လောကမှာ နင်ဘာတွေကြုံခဲ့လဲ။ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖူးလား"
လုယန်ပို၍ အံ့အားသင့်သွားသည်။
"နတ်မယ်...ခင်ဗျားရိပ်မိတယ်ပေါ့"
နတ်မယ်က လက်နှစ်ဘက်ခါးထောက်ပြီး ခေါင်းမော့၍ ပြောသည်။
"ဒါပေါ့။ ငါက အကြိမ်ကြိမ် ခန္ဓာဖောက်ခွဲဖူးတဲ့လူပဲ။ တစ်ချက်ကြည့်ရုံနဲ့သိတယ်။ ဒါကြောင့် ငါအမြဲတမ်းပြောတာ။ နင်က ငါတို့ထာဝရမျိုးဆက်နဲ့ တကယ်သင့်တော်တဲ့လူပါလို့"
လုယန် ပါးစပ်ဟ၍ ငြင်းဆန်ရန်ပြင်မိသည်။ သို့သော် စကားလုံးများက ထွက်မလာ။ ထိုကိစ္စသည် အမှန်တကယ် သူ့ကံကြမ္မာဖြစ်သည်။
ရုတ်တရက် နောက်ထပ်ကိစ္စတစ်ခုကို သူစဉ်းစားမိသည်။
"ဒါနဲ့...ချီလင်အရှင်၊ ခင်ဗျားက လက်ကောက်ထဲက ထွက်လာပြီဆိုတော့ ပဲပြာအရှင်က ခင်ဗျားတည်နေရာကို သိနေတဲ့သဘောပဲမဟုတ်လား"
ပဲပြာအရှင်ဘယ်သူလဲဟု အင်ပါယာသခင် မေးချင်နေသည်။
ချီလင် ခဏတုံ့ဆိုင်းနေပြီးနောက် အင်ပါယာကိုယ်စား မေးသည်။
"ပဲပြာအရှင်ဆိုတာ ဘယ်သူလဲ"
"အသံတိတ်မသေမျိုးပါ"
ချီလင် နားလည်သွားသည်။ သို့သော် အင်ပါယာအရှင်က နားမလည်သေး။
"အသံတိတ်မသေမျိုးဆိုတာ ဘယ်သူလဲ"
သူ့မေးခွန်းကို ဘယ်သူမှပြန်မဖြေကြ။
ချီလင်ကပြောသည်။
"ဒါပေါ့။ သူအခု ငါရှိတဲ့နေရာကို သိမှာပေါ့"
"ခင်ဗျားသူ့ကို မကြောက်ဘူးလား"
ချီလင် ခပ်ညှင်းညှင်းရယ်သည်။ အချိန်မသေမျိုးအကြောင်း သိပြီးဖြစ်၍ အတိတ်ကလို စိတ်ဓာတ်ကျမနေတော့။
"မင်းနောက်နေတာလား။ ငါကသူ့ကို ဘာကြောက်စရာရှိလဲ"
ချီလင်ထိုမျှစွမ်းအားကြီးမည်ဟု လုယန်ထင်မထား။ သူ့ကိုယ်သူ ရှေးဟောင်းမသေမျိုးလေးယောက်တွင် စွမ်းအားအကြီးဆုံးဟု ပြောရဲသည်မှာ မဆန်းတော့။ တကယ်လေးစားလောက်သည်။
"ခင်ဗျားသူနဲ့ တိုက်ခိုက်ခဲ့လို့လား"
"မဟုတ်ပါဘူး။ အသံတိတ်မသေမျိုးကို ကြားဖြတ်တိုက်ဖို့ ဝူယော်ကို ငါပြောခဲ့တယ်လေ။ သူတိုက်ခိုက်ရမှာပဲ။ ငါသေသွားရင် လောကမှော်စက်ဝန်းက ဒီအတိုင်းကျန်နေမှာ။ သူတစ်သက်လုံး အပြင်ထွက်လို့မရတော့ဘူးမဟုတ်လား"
ထိုစဉ်ကအဖြစ်ကို ပြန်တွေးရင်း ချီလင်က ချီးကျူးသည်။
"ဝူယော်က တကယ်အကူအညီဖြစ်တယ်။ အတော်ရိုးသားပြီး မယုံနိုင်လောက်အောင် ကြံ့ခိုင်တယ်။ သူအပြင်ထွက်ဖို့ အခွင့်အရေးကို တကယ်ကြိုးစားယူတယ်"
လုယန် "..."
ဝူယော်က ခင်ဗျားနဲ့ အပေးအယူလုပ်တာ တကယ်ကံဆိုးခဲ့တာပဲ...
*********************************