← Chapters

အခန်း ၁၂၄၅

Vol. 83 Ch. 1245

အခန်း ၁၂၄၅

Vol. 83 Ch. 1245

အခန်း (၁၂၄၅) ရုပ်သေးဆရာ၏စွမ်းအား

ဖုန်ဒူလေဟာနယ်တွင် မဟာနေမင်းလို တိုက်ခိုက်နေရင်း မုန်ကျင်းကျိုး အဆင့်တက်သည်။ သူ့လက်သီးပညာ အသွင်ပြောင်းသွားသည်။ ရှေးဟောင်းခေတ်ကလို မတားဆီးနိုင်သည့် စွမ်းအားအစစ်ဖြစ်လာသည်။

အရပ်ရှစ်မျက်နှာကို ထီမထင်သည့်အကြည့်ဖြင့်ကြည့်သည်။ သူ့အရိပ်ခွဲကို လက်သီးတစ်ချက်ဖြင့် ကြေမွလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်၍ သရဲဝိညာဉ်များ ကြောက်လန့်တုန်လှုပ်ပြီး အတူစုစည်းနေကြသည်။ မုန်ကျင်းကျိုး၏ ယန်ချီက ပြင်းထန်လွန်းသည်။ သူတို့အတွက် သဘာဝရန်သူဖြစ်သည်။

"အခုမှပဲ ကိစ္စပြီးသွားတယ်"

မုန်ကျင်းကျို နဖူးမှချွေးများကို သုတ်လိုက်သည်။ အရိယဖမရှိသည့်ဒုက္ခကို ဝမ်းနည်းကြေကွဲမိသည်။ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူဖို့ပင် နေ့တစ်ပိုင်းကြာခဲ့သည်။

"အကိုမုန်၊ အဆင်ပြေရဲ့လား"

အရိုးရိုင်းက စိုးရိမ်တကြီးပြေးလာပြီး ပုဝါတစ်ခုပေးသည်။

မုန်ကျင်းကျိုး ပြုံး၍

"ငါက ဘာဖြစ်နိုင်မှာလဲ။ အပြင်ဘက်က လောင်လုတော့ ဘယ်အခြေအနေရှိမှန်းမသိဘူး။ သူပြန်မလာတာကြာနေပြီ ငါအပြင်ထွက်ပြီး ကြည့်လိုက်ဦးမယ်"

ဖုန်ဒူလေဟာနယ်တံခါးကိုဖွင့်၍ အပြင်သို့ ကိုယ်တစ်ပိုင်းထွက်လိုက်သည်။ ကျုန်းရှန်တစ်ခုလုံး အပျက်အစီးများ ပြန့်ကျဲနေသည်။ ပြင်းထန်သည့်လူသတ်ရိပ်များ ကောင်းကင်တွင် ဖုံးလွှမ်းနေသည်။

မသေမျိုးနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေသည်ကို မြင်ရသည်။ တစ်ယောက်က ဒဏ္ဍာရီချီလင်မသေမျိုးနှင့်တူသည်။ နောက်တစ်ယောက်က မြူနက်များဖုံးလွှမ်းနေသည်။ ဘယ်သူဘယ်ဝါခွဲခြားမရ။

ပြင်းထန်သည့်တိုက်ပွဲခြေရာလက်ရာများ မြေပြင်နှင့် ကောင်းကင်တွင် နေရာတိုင်းရှိသည်။ လေဟာနယ်တုန်ခါနေသည်။ လေလှိုင်းများ ဂယက်ထနေသည်။ လက်သည်းရာ ကိုက်ဖြတ်ရာများရှိသည်။

မုန်ကျင်းကျိုး "..."

ဘာဖြစ်ကုန်သည်မသိ။ အပြင်လာကတွင် လောင်လုနှင့် စီဟန်နတ်သခင် တိုက်ခိုက်နေရမည်မဟုတ်လော။

မုန်ကျင်းကျိုး ခေါင်းပြတ်မည်စိုး၍ ဖုန်ဒူထဲပြန်ဝင်ရန်ပြင်နေစဉ် သဏ္ဍာန်သုံးခု မလှမ်းမကမ်းမှပြေးလာနေသည်ကို မြင်ရသည်။ အသက်လု၍ ပြေးလာပုံမျိုးဖြစ်သည်။

တိုက်ပွဲအားလှိုင်းများ သူတီု့ဘေးပတ်လည်တွင် ပေါက်ကွဲနေသည်။ လွင့်ထွက်သွားသော်လည်း ပြန်စုစည်း၍ ဆက်ပြေးသည်။

"နေပါဦး၊ ငါတို့လည်းဝင်မယ်"

သူခိုးဘုရင်က စီဟန်နှင့်စီရှီကိုဆွဲ မုန်ကျင်းကျိုးဆီပြေးလာသည်။

ကျုန်းရှန်ပြည်နယ်က မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားသည်။ ဖုန်ဒူမူလဝင်ပေါက် ဘယ်နေရာတွင်ရှိမှန်း မသိနိုင်ကြ။ မုန်ကျင်းကျိုးက တံခါးဖွင့်လိုက်သဖြင့် ကံကောင်းသွားသည်။

အမြန်အရိယဖလသည် အသက်ကယ်ဖို့ တကယ်အသုံးဝင်ကြောင်း သူခိုးဘုရင် ပထမဆုံးအကြိမ် ခံစားရသည်။

သူခိုးဘုရင်နှင့် နတ်သခင်နှစ်ယောက် ဖုန်ဒူထဲသို့ ဒိုက်ပစ်ဝင်သည်။ သူတို့အရှိန်ကြောင့် မုန်ကျင်းကျိုး လဲကျသွားသည်။

"မင်းအသက်ကယ်ခဲ့တဲ့ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှန်းတောင်မသိပါဘူး။ မင်းကို မုန်မိသားစုခေါင်းဆောင်ဖြစ်အောင် ငါထောက်ပံ့ပေးမယ်"

သူခိုးဘုရင် မြေပေါ်သို့လဲကျ၍ အသက်ကိုပင်ပန်းကြီးစွာရှူနေရသည်။

မုန်ကျင်းကျိုးက သူခိုးဘုရင်ကို ကော်လာမှဆွဲ၍

"ခေါင်းဆောင်ဖြစ်ဖို့ ဘယ်သူကအရေးစိုက်နေလို့လဲ။ အပြင်မှာဘာတွေဖြစ်နေတာလဲပြောပါ"

သူခိုးဘုရင် ခေါင်းခါသည်။ နတ်သခင်နှစ်ယောက်လည်း သူ့လိုပင်ဖြစ်သည်။

"ငါတို့မသိဘူး"

အစက ချီလင်မသေမျိုးအမိန့်ဖြင့် ခပ်ဝေးဝေးသွားနေရသည်။ ချီလင်တို့ဘက်ကို မကြည့်ရဲ။ ခိုးနားမထောင်ရဲကြ။

သိပ်မကြာမီ ကောင်ကင်ဆီမှ ပြင်းထန်သည့်တိုက်ခိုက်သံများကို သူတို့ကြားရသည်။ ချီလင်မသေမျိုး အတော်ဒေါသထွက်နေပုံရသည်။ တပည့်စခံကတည်းက သူ့ဆရာထိုသို့ဖြစ်နေသည်ကို စီရှီတစ်ခါမှမမြင်ဖူး။

သူတို့သုံးယောက် သိပ်များများမတွေးရဲဘဲ အသက်လု၍ပတ်ပြေးနေရသည်။ လုယန်ဆီသို့ လုံးဝမပြေးရဲ။ ပို၍အန္တရာယ်များလိမ့်မည်။

...

လုယန် ကျုန်းရှန်ပြည်နယ်ထဲတွင် ချင်ဖုန်းဓားကို ကျောလွယ်၍ လှည့်ပတ်ပြေးနေသည်။ သစ်ပင်ပေါက်နှင့်လူဝင်စားအရိယဖလသန္ဓေကို ချင်ဖုန်းဓားထဲတွင် ထည့်ထားသည်။

ထာဝရအရိယဖလသန္ဓေသာမရှိလျှင် တိုက်ပွဲအားလှိုင်းရိုက်ခတ်မှုကြောင့် ယခုချိန် သူဒဏ်ရာရနေပြီးဖြစ်မည်။

ချီလင်မသေမျိုး အကြီးအကျယ်ဒေါသထွက်နေသည်။ သို့သော် ဒေါသကြောင့် တိုက်ခိုက်စွမ်းအားတော့ တိုးမလာ။ နောက်ကွယ်မှလူက သူ့ကိုအပြည့်အဝ နှိပ်ကွပ်ထားသည်။

အင်ပါယာသခင်လည်း ဘယ်ရောက်သွားသည်မသိ။ အခွင့်ကောင်းယူ၍ ထွက်ပြေးသွားသလား။ သို့မဟုတ် တစ်နေရာရာတွင် ပုန်းခိုနေသလားမသိ။

မြူနက်မသေမျိုး၏ပစ်မှတ်အစစ်က လူဝင်စားအရိယဖလသန္ဓေဖြစ်သည်။ ထို့ကြောင့် လုယန်ဘယ်နေရာပြေးပြေး တိုက်ပွဲကွင်းက လိုက်ပြောင်းလာသည်။ ဖုန်ဒူထဲသို့ လုယန်ဝင်မပြေးရဲ။ ကျုန်းရှန်နယ်နိမိတ်မှ ထွက်မသွားရဲ။

တစ်ခြားနေရာသို့ပြေးလျှင် တိုက်ပွဲအပျက်အစီးက ထိုနေရာတွင်ပေါ်လာမည်။

လုယန်လည်း အအားမနေ။ 'အနာဂတ်မြင်'ပညာ အဆက်မပြတ်သုံးသည်။ မဖြစ်နိုင်သည့်အနာဂတ်မြင်ကွင်းများ ပေါ်လာသည်။ ထိုမြင်ကွင်းများမှတစ်ဆင့် မြူနက်စွမ်းအးရှင်သည် အချိန်ထိန်းချုပ်ခြင်းအရိယဖလကို မသုံးကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုအတွေးကြောင့် ချီလင်ကို လုယန်လှည့်ကြည့်သည်။ တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နေသော်လည်း အော်ဟစ်ကြုံးဝါးနေဆဲဖြစ်သည်။ သူ့ဒဏ်ရာကုသနှုန်းက ရလာသည့်ဒဏ်ရာများကို လုံးဝအမီမလိုက်နိုင်။

ထို့ကြောင့် ရန်သူက အရိယဖလသုံးစရာမလိုပဲ ခွန်အားသက်သက်ဖြင့် ချီလင်ကို နှိပ်ကွပ်ထားနိုင်သည်။

"ချီလင်အရှင်၊ သူက ခင်ဗျားကို ဒေါသထွက်အောင် တမင်ဆွနေတာ။ သူ့ထောင်ချောက်ထဲ မဝင်နဲ့"

သိစိတ်အာရုံသုံး၍ လုယန်လှမ်းပြောသည်။ မြူနက်မသေမျိုးပေါ်လာကတည်းက ချီလင် ကိုယ့်ဒေါသကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း သူသတိထားမိသည်။

စော်ကားခံရသဖြင့် ဒေါသကပိုပြင်းထန်လာသည်။ သွေးချီစွမ်းအားများ ဆူပွက်လာသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေသကဲ့သို့ အရူးတစ်ပိုင်း တိုက်ခိုက်သည်။

ထိုအချက်က လုယန်တွေးထားသည့် မြူနက်မသေမျိုး၏ စရိုက်သဘာဝနှင့် ကိုက်ညီသည်။ စွမ်းအားကြီးသော်လည်း ဗျူဟာသုံးရသည်ကို ပိုသဘောကျသည်။

နတ်မယ်သေဆုံးချိန်တွင်တော့ မြူနက်မသေမျိုး ထွက်ပြေးချိန်မရှိခဲ့။ ထို့ကြောင့် မသေမျိုးလေးယောက်နှင့် တိုက်ခိုက်ရသည်။ တစ်ခြားအချိန်များတွင် သူဘယ်တော့မှ ကိုယ်တိုင်မလှုပ်ရှား။

ထူးဆန်းသည်။ ဤတစ်ကြိမ်ဘာကြောင့် သူကိုယ်တိုင်လှုပ်ရှားနေသည်မသိ။

လုယန်စကားကြောင့် ချီလင်မသေမျိုး စိတ်တည်ငြိမ်သွားသည်။ အသက်ရှူနှုန်း ထိန်းညှိသည်။ မှန်သည်။ သူ့ပြိုင်ဘက်နှင့်ရင်ဆိုင်ရာတွင် ဒေါသကြောင့် သူတစ်ပန်းရှုံးနေသည်။

ထိုအတိုင်းဆက်သွားလျှင် ပိုဆိုးလာရုံသာရှိသည်။

"တောင်မြစ်ဖျက်ဆီးခြင်း"

ချီလင် ဝေဒနာကိုတောင့်ခံ၍ ခပ်ပြင်းပြင်းခြေဆောင့်လိုက်သည်။ တောင်တန်းနှင့်မြစ်များ ပျက်စီးသွားသည်။ စိတ်ပိုတည်ငြိမ်လာသော်လည်း တိုက်ခိုက်မှုတိုင်းတွင် လူသတ်ရိပ်ပြည့်နေဆဲဖြစ်သည်။ လုံးဝငဲ့ညှာခြင်းမရှိ။

သူသေရမည်ဆိုလျှင်ပင် ရန်သူ၏ အသားတစ်ပိုင်းတော့ အပါယူသွားမည်။

"ဟား"

မြူနက်မသေမျိုး တစ်ချက်ရယ်လိုက်သည်။ သူ့ကျင့်စဉ်စွမ်းအားဖြင့် လုယန်၏ သိစိတ်အာရုံမှ ပြောသည့်စကားကို ကြားသည်။

သို့သော် ချီလင်စိတ်ငြိမ်သွားလည်း ဘာလုပ်နိုင်မည်နည်း။ နောက်ဆုံးတွင် အရှုံးသမားသာ ဖြစ်လာမည်။

"ဘုန်း"

မြူနက်မသေမျိုး လက်ကိုမြှောက်၍ ချီလင်၏ခွာကိုဖမ်းပြီး အောက်သို့ပြင်းထန်စွာ ဆွဲချလိုက်သည်။ ချီလင် အရုပ်ကြိုးပြတ် မြေပေါ်သို့ထိုးကျသွားသည်။

နက်ရှိုင်းသည့် မြေတွင်းတစ်ခု ပေါ်လာသည်။

ရန်သူက ဘာမှော်စွမ်းအား ကျင့်စဉ်စွမ်းမှမသုံး။ လက်ဗလာဖြင့် ချီလင်ကို ဖိနှိပ်သည်။ ရှင်သန်မှုအရိယဖလကို သုံးခွင့်မပေး။

ချီလင်က သူ့မှော်လက်စွပ်ကိုဖွင့်၍ ရှားပါးမသေမျိုးဆေးလုံးမျိုးစုံ ပါးစပ်ထဲလောင်းချသည်။ သူ့ဒဏ်ရာများ ချက်ချင်းပျောက်ကင်းသွားသည်။

သူ့ဦးချိုအရောင်တောက်လာသည်။ မှော်အမှတ်အသားများ တဖျတ်ဖျတ်လင်းလက်လာသည်။ မွေးရာပါ နတ်စွမ်းအားဖြစ်သည်။ ရွှေသန္ဓေအဆင့်မှာပင် သူ့ဦးချိုဖြင့် တောင်တန်းများကို ထိုးခွဲနိုင်သည်။

ယင်ထန်မသေမျိုးပင် ချွန်ထက်သည့် သူဦးချိုကို ရှောင်တိမ်းရသည်။

မြေပြင်ကိုထိုးခွဲ၍ မြူနက်မသေမျိုးဆီ ပြေးဝင်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း မြူနက်မသေမျိုးက သူ့ဦးချိုကို လက်ဖြင့်ချုပ်၍ ဆွဲလှည့်ပြီး မြေပေါ်သို့ရိုက်ချသည်။

ချီလင် အပြင်းအထန်သွေးအန်သည်။ အရိုးကျိုးသံများ သူ့ကိုယ်ထဲမှ ပေါ်လာသည်။

ရုတ်တရက် လေနှင့်တိမ်တိုက်များ ပြောင်းလဲသွားသည်။ အဖျက်ကောင်းကင်လျှပ်စီး ပြင်းထန်စွာထိုးကျလာပြီး မြူနက်မသေမျိုးကို ရိုက်ခတ်သည်။

ကောင်းကင်လျှပ်စီးကို ထိန်းချုပ်သည်။ မသေမျိုးတစ်ယောက် လောကသို့ဆင်းလာသည်။ မျက်လုံးတွင် လျှပ်စီးများတောက်ပနေသည်။ ခမ်းနားထည်ဝါသည့် စွမ်းအင်ရောင်ရှိသည်။

ယင်ထန်လျှပ်စီးကိုယ်ပွားက ပတ်ဝန်းကျင်ကို လေ့လာသည်။ ချီလင်က ဒဏ်ရာဗရပွဖြစ်နေသည်။ လုယန်က အသည်းအသန်ပြေးလွှားနေသည်။ သူမှတ်မိနေသည့် မြူနက်မသေမျိုးကိုမြင်သည်။

အခြေအနေကို ချက်ချင်းနားလည်သွားသည်။

..တစ်ခြားနည်းလမ်းသုံးပြီး ငါ့ကိုခေါ်လို့မရဘူးလားကွာ။ ငါ့ကိုဆဲမှဖြစ်မှာလား...

ထိုအတွေးက ခဏသာကြာသည်။ ယန်ထန်၏အာရုံက မြူနက်မသေမျိုးဆီ ချက်ချင်းရောက်သွားသည်။ အရင်လိုပင် ရင်ဆိုင်ရခက်နေဆဲဖြစ်သည်။

သူ့အဖျက်ကောင်းကင်လျှပ်စီးပင် မြူနက်စွမ်းအးရှင်ကို မထိုးဖောက်နိုင်။

သောက်လခွမ်းကွာ..ကိုယ်ပွားခန္ဓာနဲ့ ဒီရန်သူကို ငါဘယ်လိုရင်ဆိုင်နိုင်မှာလဲ..

"ယင်ထန်"

မိတ်ဆွေဟောင်းကိုမြင်လိုက်ရသဖြင့် မြေကျင်းထဲတွင်လဲနေသည့်ချီလင်က ဝမ်းသာအားရ လှမ်းအော်သည်။

"ပေါက်တတ်ကရတွေတော်တော့။ နောက်မှစကားပြေမယ်။ မင်းထနိုင်တယ်မဟုတ်လား"

"အေး"

ယင်ထန် ပြန်လည်စိတ်အားတက်ကြွလာပြီး အရှိန်ပြန်ယူပြီး ကောင်းကင်သို့တက်သွားသည်။ ယင်ထန်နှင့်အတူ တိုက်ပွဲဝင်ရန် အသင့်ပြင်သည်။

******************************

(ယခုပေါ်လာသည့် မြူနက်မသေမျိုးကို 'ဆဋ္ဌမမသေမျိုး'ဟု မသုံးခဲ့သည်မှာ အကြောင်းရင်းရှိပါသည်)

All Chapters