အခန်း ၁၅၆
Vol. 14 Ch. 156
အခန်း (၁၅၆) အချိန်ကာလ၏ ရောင်စုံလိပ်ပြာ
“လူသတ်ရတာ သိပ်ကောင်းတာပဲ... လူဖမ်းရတာထက် အများကြီး ပိုလွယ်တယ်”
သိုင်းသူတော်စင်ကြီး ပန်ရှန်းက ရယ်လျက် မေးလိုက်၏။
“သခင်လေး... ဘယ်သူ့ကို သတ်ချင်တာလဲ”
“အရင်က သတ်ဖူးတဲ့ လူတစ်ယောက်ကိုပဲ” ဟု မုရုံစုက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်၏။
“ဘယ်သူများလဲ” ဟု သိုင်းသူတော်စင်ကြီး ပန်ရှန်းမှာ အနည်းငယ် တွေဝေသွားသည်။
“နင်ဟုန်ယွီရဲ့ ဂျူနီယာမောင်လေးလေ”
ပန်ရှန်းက အလွန်တရာ အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။
“ဟို သတ္တမအဆင့် ကူသခင်လေးလား... သူက သေသွားပြီ မဟုတ်ဘူးလား”
“သေပြီ... ဟင်းဟင်း”
မုရုံစုက ခနဲ့တဲ့တဲ့ ရယ်လိုက်၏။
“သူ မသေဘူး... နဝမကူနန်းတော်ကို ပြန်ရောက်သွားတာ ကြာပြီ... ဒါပေမဲ့ သူ ဒဏ်ရာအပြင်းအထန် ရထားတယ်... အတွင်းကလီစာတွေ အကြီးအကျယ် ပျက်စီးသွားပြီး အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူး”
“ဒါပေမဲ့... ဒီသခင်လေး သတ်ချင်တဲ့လူတွေက သေသွားတာ အကောင်းဆုံးပဲ... သူတို့ အသက်ရှူနေသေးတယ်ဆိုရင် အဲ့ဒါ မဖြစ်သင့်ဘူး”
“သူ မသေဘူးတဲ့လား... တကယ်ကြီး အသက်ရှင်နေသေးတာလား”
သိုင်းသူတော်စင်ကြီး ပန်ရှန်းမှာ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတော့သည်။
ထိုနေ့က ပေါက်ကွဲကူကောင် အကောင် (၁၀၀,၀၀၀) ၏ စွမ်းအားကို သူ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရ၏။ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲမှုများက သိုင်းသူတော်စင် တစ်ဦးကိုပင် အမှန်တကယ် သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။ ထိုကူသခင် လူငယ်လေး အနေဖြင့် အသက်ရှင် လွတ်မြောက်နိုင်စရာ အကြောင်းအရင်း လုံးဝကို မရှိခဲ့ပေ။
'သို့သော်လည်း တစ်နည်းနည်းဖြင့် ထိုလူငယ်က အသက်ရှင်နေခဲ့သည်တဲ့လား...’
‘ဘယ်လိုနည်းလမ်းတွေနဲ့ အသက်ရှင်အောင် လုပ်နိုင်ခဲ့တာလဲ...’
ယခုအချိန်တွင် ပန်ရှန်း၏ ရင်ထဲ၌ အနည်းငယ်ပင် ထိတ်လန့်တုန်လှုပ်လာမိ၏။ သတ္တမအဆင့် ကူသခင်လေး တစ်ယောက်က အမြွှာမောင်နှမ ဟေးထုံနှင့် ပိုင်ထုံတို့ကို သတ်ဖြတ်နိုင်ခဲ့ရုံမက ပေါက်ကွဲကူကောင် တစ်သိန်း ကိုပါ ဖောက်ခွဲနိုင်ခဲ့သည်။ သို့တိုင်အောင် သူ၏ နောက်ကွယ်မှ အရန် အစီအမံများက ကုန်ခန်းသွားခြင်း မရှိသေးပေ။ သူတို့ အသုံးပြုသွားသော နည်းလမ်းပေါင်းစုံမှာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် များပြားလွန်းလှ၏။
“သူ ဘာလို့ မသေတာလဲဆိုတာ တွေးတောနေလို့ အလကားပဲ... ဒါကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ဖို့ပဲ... သူ အားနည်းနေချိန်မှာ အသေအလဲ တိုက်ခိုက်ပြီး သူ့အသက်ကို နှုတ်ယူရမယ်” ဟ
မုရုံစုက ပြတ်သားစွာ ဆိုလိုက်၏။
“သူ အခု ဘယ်မှာလဲ”
သိုင်းသူတော်စင်ကြီးက မေးလိုက်၏။
“နဝမကူနန်းတော်ရဲ့ အမှတ် (၁၂) ဂူစံအိမ်မှာ”
မုရုံစုက ဖြေကြားလိုက်လေ၏။
“အဲ့ဒီလို နေရာမျိုးကိုတော့ ကျုပ် မဝင်ရဲဘူး... သူ့ကို သတ်ရမယ်ဆိုရင်တောင် သူ အပြင်ထွက်လာတဲ့ အချိန်အထိ စောင့်မှ ရလိမ့်မယ်”
သိုင်းသူတော်စင်ကြီးသည် တစ်ချိန်က နဝမကူနန်းတော်ကို လုံးဝ မကြောက်ရွံ့ကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်။ ထိုစကားက အမှန်ပင် ဖြစ်လေ၏။
သို့သော် သူသည် ထျန်းဝေ့ထျန်း တစ်ခုလုံးကို ကိုယ်စားပြုနိုင်သူ မဟုတ်ပေ။ နဝမကူနန်းတော် ကဲ့သို့သော ဧရာမ အင်အားစုကြီး တစ်ခုနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် သူ နောက်ဆုတ်ပေးရမည်သာ ဖြစ်၏။
“ငွေကြေးကို ထပ်တိုးပေးနိုင်ပါတယ်”
မုရုံစုက သွေးဆောင်လိုက်၏။
“လီယွမ်ကိုသာ သတ်ပေးနိုင်မယ်ဆိုရင် ပြီးခဲ့တဲ့အကြိမ်က ကျုပ် ကတိပေးထားတဲ့ ပြီးပြည့်စုံခြင်း နယ်ပယ်ကို ပါ ရရှိစေရမယ်... ခင်ဗျားကို ကျင့်စဉ်တစ်ခုနဲ့ သန့်စင်တဲ့ ဆေးစွမ်းကောင်း တစ်လုံးပါ ပေးမယ်”
“သခင်လေးမုရုံ... ဒါက ငွေကြေးနဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး”
သိုင်းသူတော်စင်ကြီးမှာ သွေးဆောင်မှုကို ခံလိုက်ရသော်လည်း သူသည် အရူးတစ်ယောက်တော့ မဟုတ်ပေ။
နဝမကူနန်းတော် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ လူသတ်ခြင်းက အသေအလဲ တိုက်ပွဲတစ်ခုကို ဖိတ်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ထျန်းဝေ့ထျန်းသည် လူသတ်သမား အဖွဲ့အစည်း တစ်ဝက် ဖြစ်ကြောင်း ကျန်းဟူသိုင်းလောကက တိတ်တဆိတ် အသိအမှတ်ပြုထားလျှင်ပင် နဝမကူနန်းတော်က ဤကိစ္စကို လွယ်လွယ်နှင့် ခွင့်လွှတ်ပေးမည် မဟုတ်ချေ။ ဒါက တပည့်တစ်ယောက်၏ အသက်အတွက် သက်သက် မဟုတ်တော့ဘဲ ကူသခင်တို့၏ မြင့်မြတ်သော နယ်မြေ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။
“ဟင်း”
မုရုံစုက ခနဲ့တဲ့တဲ့ ရယ်လိုက်၏။
“ကောင်းကင်ဘုံ အလွန် ကောင်းကင်ဘုံ... ထျန်းဝေ့ထျန်းတဲ့လား... ဟန်လုံးလုံးပဲ... အနှစ်သာရ မရှိတဲ့ နာမည်ခံ သက်သက်ပဲ... ဘာမှလည်း မထူးခြားပါဘူး”
“ထျန်းဝေ့ထျန်းက နာမည်ခံ သက်သက် ဖြစ်နေလို့ မဟုတ်ပါဘူး... နဝမကူနန်းတော်ကလည်း နာမည်ကြီးလွန်းနေလို့ပါ... ဒီကိစ္စက တကယ်ကို ကျုပ်ရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပါတယ်”
သိုင်းသူတော်စင်ကြီး ပန်ရှန်းသည် အသက်စွမ်းအင်ကို အနည်းငယ်မျှပင် မလှုပ်ခတ်စေဘဲ ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်၏။
“သခင်လေးမုရုံ... အထွတ်အထိပ် ဆေးစွမ်းကောင်း တစ်လုံးတည်းပါ... ကျင့်စဉ် ပေးစရာ မလိုပါဘူး... အမိန့်သာ ပေးလိုက်ပါ... ကျုပ် သေချာပေါက် ပြီးမြောက်အောင် လုပ်ပေးပါ့မယ်”
“ကောင်းပြီလေ...”
မုရုံစုက သက်ပြင်းကို ဖွဖွလေး ချလိုက်ပြီး...
“ဒါဆိုရင်လည်း ဒီလိုပဲ လုပ်ကြတာပေါ့... မြန်လေ ပိုကောင်းလေပဲ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့... ကူသခင်တွေ အရှေ့ပိုင်း ယူနယ်မြေမှာ ဂိုဏ်းခွဲတစ်ခု တည်ထောင်ဖို့ အချိန်သိပ်မလိုတော့ပါဘူး”
“အဲ့ဒီ ကူသခင်တွေက နေရာနှစ်ခု ကြားမှာ မကြာခဏ သွားလာနေကြတာပဲ”
“ယနေ့ခေတ်လောကမှာ ကူသခင်တွေက သေမျိုး လောကထဲကို ဝင်ရောက်နေကြပြီ... လူငယ်တွေဆိုတာ အထီးကျန်နေရတာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး... လီယွမ်ကလည်း သေချာပေါက် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမှာပါ... အလွန်ဆုံး ကြာလှ သုံးလလောက်ကနေ ငါးလအတွင်း ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးပါ့မယ်”
...
မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ဝက် (၆) လတိုင်တိုင် အချိန်ကုန်လွန်သွားခဲ့၏။
လူသူကင်းမဲ့သော ဝါးတောငယ်လေး အတွင်း၌...
လီယွမ်သည် ကူကောင်များနှင့် အတူ ဖြတ်သန်းရသော အချိန်များကို အပြည့်အဝ ခံစားနေပြီး ဤမျှ နစ်မျောဖွယ်ကောင်းသော ကူသန့်စင်ခြင်း အတွေ့အကြုံမျိုးကို မခံစားရသည်မှာ ကြာမြင့်နေပြီ ဖြစ်လေ၏။
(ပြန်လည် မွေးဖွားခြင်း မြက်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် ရှားပါး မှတ်ဉာဏ်ကူကောင်ကို ရရှိသွားပါသည်)
(သွေးနွယ်ရှင်ကို ပေါင်းစပ်လိုက်ခြင်းဖြင့် ရှားပါး ငရဲသွေးကူကောင်ကို ရရှိသွားပါသည်)
(လမင်းအရိုးကို ပေါင်းစပ်လိုက်ခြင်းဖြင့် ရှားပါး မျက်လုံးဖြူ ဖုတ်ကောင်ကူကောင်ကို ရရှိသွားပါသည်)
(ပေါင်းစပ်ခြင်း...)
လီယွမ်သည် ကန္တာရမှ ရရှိလာသော များပြားလှသည့် အရင်းအမြစ်တို့ကို အသုံးချကာ ကူကောင်များ အဖြစ်သို့ သန့်စင်လိုက်ရာ ၎င်းတို့ထဲမှ အများစုမှာ ရှားပါးကူကောင်များ ဖြစ်ကြ၏။
တစ်ခုတည်းသော အားနည်းချက်မှာ... သူတို့သည် ရောင်စုံ အိုးကြီး၏ အသိအမှတ်ပြုမှုကို ခံရသည့် ကူကောင်အသစ် တစ်ကောင်ကို ဖန်တီးနိုင်ခြင်း မရှိသေးပေ။
ဤအချက်သည် လီယွမ် အနေဖြင့် အဋ္ဌမအဆင့်... နဝမအဆင့် သို့မဟုတ် ကူအင်မော်တယ် အဆင့်များဆီသို့ ပိုမို မြန်ဆန်သော နှုန်းထားဖြင့် တက်လှမ်းနိုင်ခြင်း ရှိမရှိ ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အချက်ပင် ဖြစ်သည်။
“ဒါက နောက်ဆုံးကျန်တဲ့ ပစ္စည်းပဲ” လီယွမ်သည် ကန္တာရမှ ပို့ဆောင်လာသော တောင်းပန်ခြင်း လက်ဆောင်များထဲတွင် အဖိုးတန်ဆုံး ဖြစ်သည့် အရာတစ်ခုကို စူးစိုက်ကြည့်လိုက်၏။
အချိန်နှင့် နေရာ စည်းမျဉ်းများ သဲ့သဲ့မျှ ပါဝင်နေသော ပန်းတစ်ပွင့်... ဖရိုဖရဲ အချိန်ကာလပန်းပင် ဖြစ်လေ၏။
ထိုပန်းသည် သက်တမ်းကို ရှည်စေခြင်း... အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေခြင်း သို့မဟုတ် လူတစ်ဦးကို နုပျိုလန်းဆန်းလာစေခြင်းတို့ဖြင့် သူတို့၏ ကံကြမ္မာကို ဖရိုဖရဲ ဖြစ်စေနိုင်စွမ်း ရှိ၏။ အမှန်တကယ်ကို အံ့မခန်းပင်။ ဤပန်းမှာ တစ်ပွင့်တည်းသာ ရှိပြီး ကန္တာရထဲတွင်ပင် အလွန်တရာ ရှားပါးလှသည်။
“အတိတ်ကာလတွေတုန်းက ကန္တာရဟာ တောင်ပိုင်းနယ်စပ်က ကူသခင်တွေနဲ့ မှောင်ခိုကူးတာ... ပင်လယ်ကို ဖြတ်သန်းတာနဲ့ တခြား နည်းလမ်းပေါင်းစုံကို သုံးပြီး ကုန်သွယ်မှုတွေ လုပ်ခဲ့မှာ သေချာတယ်”
“ဒါကြောင့်ပဲ ရှေ့က လမ်းခရီးကို စီနီယာတွေ ဖြတ်သန်းသွားခဲ့ကြတာပေါ့”
“အလွန်တရာ အဖိုးတန်ပြီး ရှားပါးတဲ့ ပစ္စည်းတွေအပေါ် မှီခိုတာပဲ ဖြစ်ဖြစ်... အကန့်အသတ်မရှိတဲ့ ဖြစ်နိုင်ခြေတစ်ခုကို လောင်းကြေးထပ်ဖို့အတွက် ရှားပါးကူကောင်တွေကို ထပ်ပြီး ပေါင်းစပ်တာပဲ ဖြစ်ဖြစ်... လုံးဝ အသစ်စက်စက် ထူးခြားကူကောင် တစ်ကောင်ကို ဖန်တီးချင်တယ်”
လီယွမ်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သူ သေချာ စနစ်တကျ ပြုစုပျိုးထောင်ထားသော အချိန်စီးဆင်း အလင်းဖလံ ရှားပါးကူကို ထုတ်ယူလိုက်လေ၏။
ထိုကူကောင်ကို လီယွမ်က သူ၏ ပင်မကူကောင် အဖြစ်သို့ သန့်စင်ထားခြင်း မရှိသော်ငြားလည်း ၎င်းအပေါ်တွင် ရင်းနှီးမြှုပ်နှံထားသော အားထုတ်မှုများနှင့် ငွေကြေးများမှာ ပင်မကူကောင် တစ်ကောင်အပေါ် အသုံးပြုထားသည်ထက် မလျော့နည်းပေ။
အစကတည်းက လီယွမ်သည် ၎င်းကို 'အိပ်မက်ပိုးချည်ကောင်' ကဲ့သို့သော ထူးခြားကူကောင်၏ လမ်းကြောင်းအတိုင်း ပြုစုပျိုးထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် မျိုးဗီဇ ပြောင်းလဲသွားခဲ့ရာ... ဤသည်ကို လီယွမ်က အံ့ဖွယ် အဖြစ်အပျက် တစ်ခုအနေဖြင့်သာ သတ်မှတ်ထားခဲ့သည်။
ထိုကူကောင်က မည်မျှအထိ ဆင့်ကဲပြောင်းလဲနိုင်မည် ဆိုသည်ကို မည်သူမျှ မသိရှိနိုင်ချေ။
“စလိုက်ကြစို့”
လီယွမ်က သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်၏။
(မူလပစ္စည်းကို ရွေးချယ်ပါ)
(အချိန်စီးဆင်း အလင်းဖလံကောင်နှင့် ဖရိုဖရဲ အချိန်ကာလပန်းတို့ ပေါင်းစပ်ခြင်း)
(ပေါင်းစပ်နေဆဲ...)
အနက်ရောင် အိုးကြီး၏ အတွင်း၌ တက်ကြွ လန်းဆန်းသော အရောင်အသွေးစုံလင်မှုများက လေထုထဲသို့ စိမ့်ဝင် ပျံ့နှံ့လာပြီး... အလင်းတန်း အမျိုးမျိုးက အလင်းစီးကြောင်းများ အဖြစ်သို့ ပြောင်းလဲကာ အိုးကြီး၏ အထက်တွင် ရစ်ပတ် လည်ပတ်နေကြတော့သည်။
ထိုမြင်ကွင်းမှာ ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်လှသော ကမ္ဘာငယ်လေး တစ်ခုနှင့်ပင် တူနေတော့၏။
လီယွမ်၏ မျက်ဝန်းများထဲတွင် ပုံပြင်ဆန်ဆန် အရောင်အသွေးများက ထင်ဟပ်နေပြီး မျှော်လင့်ချက်များဖြင့် ပြည့်လျှံနေသည်။
“မင်း တိုက်ရိုက်ကြီး ထူးခြားကူကောင် ဖြစ်လာဖို့အထိတော့ ငါ မမျှော်လင့်ပါဘူး... ဒါပေမဲ့ အနည်းဆုံးတော့ ငါ့ကို အံ့သြစရာလေး တစ်ခုလောက် ပေးပါ... ငါ မင်းကို အများကြီး ကျွေးမွေးခဲ့ပြီးပြီမို့လို့ ကောင်းမွန်တဲ့ အနာဂတ်လေး တစ်ခုကိုပဲ မျှော်လင့်ပါတယ်”
အိုးကြီးမှာ ဆက်တိုက် တုန်ခါနေလေ၏။
အချိန်အတန်ကြာပြီးနောက် စူးရှတောက်ပနေသော အလင်းတန်းများက တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတော့သည်။
စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
ရှားပါးကူ အချိန်စီးဆင်း အလင်းဖလံသည် မျိုးဗီဇ ပြောင်းလဲမှု တစ်ရပ်ကို ဖြတ်သန်းခဲ့ပြီး ရှားပါး လိပ်ပြာကူကောင် အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပါ၏။
(သင်သည် အသစ်စက်စက် ရှားပါး ကူကောင်တစ်ကောင်ကို အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ခဲ့သဖြင့် အသွင်ပြောင်းရမှတ် (၁,၀၀၀) ကို ရရှိခဲ့ပြီး ၎င်းတို့ကို ရောင်စုံ အိုးကြီးထဲတွင် သိမ်းဆည်းထားပါသည်)
“အောင်မြင်သွားပြီ”
လီယွမ်မှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရ၏။ သူသည် မိမိ၏ ရတနာများ အားလုံးကို အကုန်အစင် သုံးစွဲခဲ့ပြီး ကြီးကျယ်ခမ်းနားသော နောက်ဆုံး ဇာတ်သိမ်းအတွက် ဖရိုဖရဲ အချိန်ကာလပန်းကို ချန်ရစ်ထားခဲ့ရာ ယခုအခါ အမှန်တကယ်ပင် အလုပ်ဖြစ်သွားခဲ့ပါ၏။
(အချိန်ကာလ၏ ရောင်စုံလိပ်ပြာကူကောင် - အလွန်တရာ ထူးခြားသော ရှားပါးကူကောင် ဖြစ်ပြီး ၎င်းကို ပင်မကူကောင်အဖြစ် သန့်စင်လိုက်ပါက ကူသခင်၏ သက်တမ်းကို အဆမတန် ရှည်ကြာစေနိုင်၏။ အိုမင်းရင့်ရော်မှုကို တွန်းလှန်နိုင်ပြီး တစ်ချိန်တည်းမှာပင် ကူသခင်အား 'ပိုးအိမ်ဆွဲခြင်း' စွမ်းရည်ကိုပါ ပေးစွမ်းနိုင်သည်)
(ပိုးအိမ်ဆွဲခြင်း - ကူသခင်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဖမ်းယူကာ အသက်ပိုးအိမ် တစ်ခုကို ရက်လုပ်နိုင်၏။ သေဆုံးသွားသူ တစ်ဦးသာ ဤပိုးအိမ်ထဲသို့ ဝင်ရောက်သွားပါက အရေခွံလဲကာ ပြန်လည် မွေးဖွားလာမည် ဖြစ်ပြီး သူတို့၏ အထွတ်အထိပ် အခြေအနေကို ပြန်လည် ရရှိကာ သက်တမ်းကို နောက်ထပ် (၇) ရက်အထိ ရှည်ကြာစေမည် ဖြစ်ပြီး သူတို့၏ ယုံကြည်ချက်များ အတိုင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်)
အကယ်၍ သက်ရှိ တစ်ဦးက ပိုးအိမ်ထဲသို့ ဝင်ရောက်သွားပါက မိမိ၏ အကောင်းနှင့် အဆိုး အချို့မှာ ဖယ်ရှားခံရမည် ဖြစ်ပြီး ဘဝ၏ တိကျသော အဆင့်တစ်ခုသို့ ပြန်လည် ရောက်ရှိသွားလေမည်။
(မှတ်ချက် - သတ္တဝါ တစ်ကောင်က ပိုးအိမ်ထဲသို့ ဝင်ရောက်ချိန်တွင် ကူသခင်၏ စွမ်းအားက လုံလောက်မှု မရှိပါက တန်ပြန် သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်)
အချိန်ကာလ၏ ရောင်စုံလိပ်ပြာကူကောင်နှင့် ပတ်သက်သော မိတ်ဆက်ကို မြင်လိုက်ရချိန်တွင် လီယွမ်၏ ရင်ထဲ၌ ကမ္ဘာသစ် တစ်ခုဆီသို့ တံခါးတစ်ချပ် ပွင့်ဟသွားသကဲ့သို့ ဖော်ပြ၍ မရနိုင်သော ခံစားချက်ကြီး တစ်ခုက တဟုန်ထိုး ဆောင့်တက်လာတော့သည်။
ဒါက အကန့်အသတ်မရှိသော အသုံးဝင်မှုများ ရှိသည့် အလွန် အစွမ်းထက်သော ကူကောင် တစ်ကောင် ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိချေ။
ပို၍ အရေးကြီးသည်မှာ ရောင်စုံလိပ်ပြာကူကောင် ပေါ်ထွက်လာခြင်းက သူ၏ တစိုက်မတ်မတ် လေ့ကျင့်မှုများနှင့် သုတေသန လမ်းကြောင်းများမှာ လုံးဝ မှားယွင်းမှု မရှိဘဲ လက်တွေ့ အကောင်အထည် ဖော်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်လေ၏။
ရှေ့ဆက်ရမည့် လမ်းခရီးမှာ မသေချာ မရေရာသေးဘဲ ဤခရီးစဉ်ကြီးက မည်မျှလောက် အချိန်ယူရမည် ဆိုသည်ကို မသိရှိရ
သေးသော်ငြားလည်း...
ယခုအချိန်တွင် မျှော်လင့်ချက်များနှင့် လမ်းညွှန်မှုများ ရရှိထားပြီး ဖြစ်ရာ ကူသခင် တစ်ဦး အနေဖြင့် ဤကဲ့သို့သော ရလဒ်မျိုးကို ရရှိလိုက်ရသည့်အတွက် လီယွမ်၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုမှာ စာဖွဲ့၍ပင် မရနိုင်တော့ပေ။
“သေဆုံးသွားတဲ့ သူတွေကို လူ့လောကထဲ ပြန်လည် ရောက်ရှိလာစေပြီး သူတို့ရဲ့ ဆန္ဒတွေကို နောက်ထပ် (၇) ရက်လောက် ဖြည့်ဆည်းခွင့် ပေးနိုင်တယ်”
ပြန်လည် ရှင်သန်လာသူသည် စွဲလမ်းမှု တစ်ခုတည်းဖြင့်သာ လှုပ်ရှားနိုင်မည် ဆိုလျှင်တောင် ဤအရာက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်ပြီး နတ်ဆရာများ၏ ဝိညာဉ်ခေါ်ခြင်း ၊ နတ်ဝင်ပူးခြင်း နည်းလမ်းများနှင့် များစွာ ဆင်တူနေသည်။
“အသက်ရှင်နေတဲ့ သူတွေကိုလည်း သူတို့ရဲ့ နုပျိုတဲ့ အခြေအနေကို ပြန်ရောက်သွားစေနိုင်တယ်”
ပန်းများက နောက်တစ်ကြိမ် ပြန်လည် ပွင့်လန်းနိုင်သော်လည်း နုပျိုမှုကတော့ မည်သည့်အခါမျှ ပြန်မလာနိုင်ချေ။
ဤနောင်တတရားများဖြင့် ပြည့်နှက်နေသော စကားစုလေးက လူတစ်ဦး အနေဖြင့် အတိတ်က အဖြစ်အပျက် မည်မျှလောက်ကို ပြန်လည် ပြင်ဆင်လိုကြောင်း ထုတ်ဖော် ပြသနေသည်။
အကယ်၍ သူတို့တွင် အခြား ရွေးချယ်စရာ မရှိတော့ဘဲ ပို၍ပင် မြန်မြန် သေဆုံးသွားနိုင်မည် ဆိုလျှင်တောင်... ဤကဲ့သို့သော အခွင့်အရေးမျိုးသာ ရရှိခဲ့မည် ဆိုပါက လူအများစုသည် စွန့်စားရန် ရွေးချယ်ကြမည်သာ ဖြစ်ကြောင်း လီယွမ်က အခိုင်အမာ ယုံကြည်ထားသည်။
သူ၏ ခံစားချက်များကို ပြန်လည် တည်ငြိမ်သွားအောင် ထိန်းချုပ်ပြီးနောက် လီယွမ်သည် တက်ကြွ လန်းဆန်းနေသော အချိန်ကာလများကို ဂရုတစိုက် ပြုစုပျိုးထောင်လိုက်တော့သည်။
သူသည် ပို၍ ကြီးမားသော အံ့ဖွယ် အဖြစ်အပျက်ကြီး တစ်ခုကို စောင့်မျှော်နေလေ၏။
ကူလမ်းစဉ်၏ အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလှသော အနုပညာလက်ရာသည် သေချာပေါက် သူ၏ လက်ထဲတွင် မွေးဖွားလာတော့မည်သာ ဖြစ်၏။