← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အတိတ်က သွေးသောက်ရခြင်းသည် သူမအတွက် အလွန်တရာ ချိုမြိန်ခဲ့၏။ ထိုအရာက ယောကျ်ားများအပေါ် ကလဲ့စားချေခြင်းနှင့် သူမ တစ်ချိန်က ချစ်ခဲ့ဖူးသည့် ယောကျ်ားအပေါ် လက်စားချေသော နည်းလမ်းတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။

သို့သော် လက်ရှိအချိန်၌ လန်လင်း၏ သွေးက သူမ၏ ပါးစပ်ထဲ၌ အလွန် ခါးသက်နေ၏။ ပူနွေးနေသည့် သွေးများ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာချိန်၌ မှော်ဆန်သော အာနိသင်တစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏ နာကျင်စရာ မှတ်ဉာဏ်များက ဖြည်းညင်းစွာ ဆေးကြောခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ ရင်ထဲရှိ နက်ရှိုင်းသည့် ဒဏ်ရာများက ဖြည်းညင်းစွာ သက်သာလာသည်။

တစ်ချိန်တည်းမှာပင် လန်လင်း သေတော့မလို ခံစားလိုက်ရ၏။

ခန္ဓာကိုယ်က အေးစက်လာသော်လည်း စိတ်ထဲ၌ ဗလာကျင်းသွားသည်။ ထိုအခိုက်အတန့်၌ သူ မည်မျှ မိုက်မဲခဲ့ကြောင်းကို နားလည်သွား၏။ အဓိပ္ပာယ်မရှိသည့် ဂုဏ်သိက္ခာ တစ်ခုအတွက် သူ၏ တန်ဖိုးရှိလှသော အသက်ကို လွှင့်ပစ်မိလေပြီ။

လန်လင်း သေမင်းနှင့် နီးကပ်လာပြီဟု ခံစားလိုက်ရချိန်မှာပင် သူ၏ သွေးများက မုန်ထိုလော့၏ အစာအိမ်ထဲသို့ ရောက်ရှိသွား၏။ ထိုသွေးများက သူမ၏ သွေးကြောများထဲ၌ ရောနှောသွားပြီး နှလုံးသားထဲအထိ နက်ရှိုင်းစွာ စီးဆင်းသွားသည်။

ထိုအခိုက်အတန့်၌ပင် လန်လင်း၏ သွေးထဲ၌ ပုန်းကွယ်နေသည့် အသူရာမိစ္ဆာကြယ်၏ စွမ်းအင် ရေဘဝဲလက်တံများက နိုးထလာ၏။ ထိုလက်တံများက ကြောက်မက်ဖွယ် အစွယ်များကို ထုတ်ဖော်ကာ မုန်ထိုလော့၏ နဂါးသွေးကြောများထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး အရိုင်းအစိုင်းဆန်စွာဖြင့် စတင်ပြီး ဝါးမျိုလိုက်သည်။

အသူရာမိစ္ဆာကြယ်က သူ၏ ဧရာမ မိစ္ဆာပါးစပ်ကြီးကို ဟလိုက်၏။

တစ်ချိန်တည်း၌မှာပင် မုန်ထိုလော့သည်လည်း လန်လင်း၏ သွေးများကို သောက်သုံးနေစဉ် သူမ၏ ကိုယ်ပိုင် နဂါးစွမ်းအားများ အလွန် လျင်မြန်စွာ ကုန်ဆုံးလာနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။

စုပ်ယူထားသည့် သွေးများက တံတားတစ်စင်းသဖွယ် ဖြစ်တည်လာသည်။ သူမ၏ နှလုံးသားထဲရှိ အလွန်အားကောင်းသော နဂါးစွမ်းအားများက လန်လင်း၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပြန်လည် စီးဆင်းသွား၏။

မုန်ထိုလော့က အဆင့်မြင့် နဂါးစစ်သည်တော် တစ်ဦးဖြစ်သောကြောင့် သူမ၏ နဂါးစွမ်းအားများက အလွန်များပြားလှသည်။ လက်ရှိအချိန်၌ အသူရာမိစ္ဆာကြယ်က ထိုများပြားလှသည့် စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုနေပြီး လန်လင်းထံသို့ ပို့ဆောင်ပေးနေ၏။

မုန်ထိုလော့ အလွန် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိသည်။ သူမက လန်လင်း၏ လည်ပင်းကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး သူ့ကို တွန်းထုတ်ရန် ကြိုးစားလိုက်၏။

သို့သော် သူတို့နှစ်ဦးကို တွယ်ကပ်ထားသည့် အားကောင်းသော စွမ်းအားတစ်ခု ရှိနေကြောင်း သူမ သတိထားမိလိုက်သည်။ သူမ၏ နဂါးစွမ်းအားများက အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည့် မြစ်တစ်စင်းကဲ့သို့ လန်လင်း၏ ကိုယ်ထဲ စီးဝက်နေ၏

လန်လင်း၏ ကိုယ်တွင်းရှိ အသူရာမိစ္ဆာကြယ်သည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။

လွန်ခဲ့သည့်အကြိမ်က အရိပ်ပင့်ကူဘုရင်မ၏ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုခဲ့၏။ ထိုအရာက အားကောင်းသော်ငြား စိတ်ဝိညာဉ်စွမ်းအားသာ ဖြစ်ပြီး နဂါးစွမ်းအား မဟုတ်ပေ။ လက်ရှိအချိန်၌ စစ်မှန်သည့် နဂါးစစ်သည်တော် တစ်ဦးထံမှ အသန့်စင်ဆုံးသော နဂါးစွမ်းအားကို ဝါးမျိုနေရခြင်းပင်။

အသူရာမိစ္ဆာကြယ်မှာ ဝမ်းသာအားရဖြင့် တုန်ရီနေ၏။ တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရနိုင်သမျှ အရာအားလုံးကို လောဘတကြီး ဝါးမျိုစားသောက်နေတော့သည်။

တစ်ချိန်တည်းမှာပင် လန်လင်း၏ မျက်လုံးများက သွေးဆာဟန်ဖြင့် တောက်ပလာ၏။

ဤအတိုင်းသာ ဆက်သွားပါက မုန်ထိုလော့၏ စွမ်းအားများ အားလုံး အပြည့်အဝ ခန်းခြောက်သွားပေလိမ့်မည်။

မုန်ထိုလော့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "အားးး"

ထို့နောက် သူမ၏ ခွန်အား အားလုံးကို အသုံးပြု၍ အသူရာမိစ္ဆာကြယ်၏ ဆွဲငင်အားကို ပြန်လည် တိုက်ခိုက်လိုက်၏။ လန်လင်းကိုလည်း သူမ၏ လက်ဝါးဖြင့် အပြင်းအထန် ရိုက်ချလိုက်သည်။

"ဘန်းးး"

လန်လင်း လေထဲ၌ မီတာဆယ်ကျော်ခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ချက်ချင်းဆိုသလိုပင် အသူရာမိစ္ဆာကြယ်၏ စွမ်းအင် ရေဘဝဲလက်တံများက လန်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။

ဝါးမျိုစားသောက်ခြင်း ပြီးဆုံးသွားလေပြီ။ အသူရာမိစ္ဆာကြယ်က စိတ်ပျက်သွားပုံရ၏။ များပြားလှသည့် နဂါးစွမ်းအား ပမာဏကို စားသောက်ခဲ့ရသော်လည်း မဝသေးချေ။ သူ၏ ဆာလောင်မှုက အဆုံးအစ မရှိပေ။

အသူရာမိစ္ဆာကြယ်က စိတ်လှုပ်ရှားစွာ တုန်ရီနေလျက် အော်ဟစ်လိုက်သည်။ "သခင်... သခင်... ကျုပ် နဂါးစွမ်းအား အများကြီးကို စုပ်ယူလိုက်ပြီ။ ဒါက အရင်တုန်းက ကျုပ်တို့ဆီမှာ ရှိခဲ့တဲ့ စွမ်းအားတွေ အားလုံးပေါင်းတာထက်တောင် ပိုများတယ်ဗျ။"

လန်လင်း အံ့အားသင့်သွား၏။ ဤသို့ ဖြစ်လာနိုင်ကြောင်း သူ ခန့်မှန်းထားသော်လည်း တုန်လှုပ်နေဆဲပင်။

အသူရာမိစ္ဆာကြယ်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား... နောက်ပိုင်း အဆင့်တက်ဖို့အတွက် စွမ်းအင် အများကြီး လိုအပ်တယ်။ ဒါပေမဲ့ ကျုပ်က နဂါးစစ်သည်တော် တစ်ယောက်ရဲ့ စွမ်းအားကို စားသောက်ခဲ့တာမလို့ သခင့်ကို စွမ်းအား အများကြီး ပေးမယ်။ သခင် စိတ်ကူးနဲ့တောင် မတွေးရဲတဲ့ အဆင့်တစ်ခုကို ဖောက်ထွက်နိုင်လိမ့်မယ်။"

လန်လင်း အမှန်တကယ်ပင် အံ့ဩသွား၏။ ပိုမို အင်အားကြီးမားလာရန်အတွက် မြင့်မားသည့် အဆင့်များ၌ စွမ်းအားများ ပို၍ လိုအပ်ကြောင်း သူ သိထားသည်။

သို့သော် မုန်ထိုလော့၏ စွမ်းအားကို စက္ကန့်အနည်းငယ်မျှ ခိုးယူလိုက်ရုံဖြင့် အံ့မခန်း အဆင့်သစ်တစ်ခုသို့ သူ ရောက်ရှိသွားတော့မည် ဖြစ်၏။

အသူရာမိစ္ဆာကြယ်က လူသားများ၏ နဂါးစွမ်းအားကို စားသောက်ရန် သူ့ကို အမြဲတမ်း ပြောနေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ရလဒ်များက အံ့မခန်းပင်။

ဤကြီးမားသည့် စွမ်းအား တိုးတက်မှုနှင့် ပတ်သက်၍ လန်လင်း အလွန် သိချင်နေမိ၏။ သူ မည်မျှအထိ အင်အားကြီးလာမည်နည်း။ ဒုတိယအဆင့် လေးကိုင်စစ်သည်အဆင့်သို့ ရောက်ရှိကာ သူ၏ ရည်မှန်းချက်ကို ချက်ချင်း အောင်မြင်နိုင်မည်လား။

သို့သော် သူ ဘေးကင်းလုံခြုံမှု မရှိသေးပေ။

ပထမဆုံးအနေဖြင့် သူ အသက်ရှင်ရန် လိုအပ်၏။ အသက်ရှင်နေမှသာ ပိုမို အင်အားကြီးလာနိုင်ပြီး စာမေးပွဲကို အောင်မြင်ကာ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိပြီး သူ၏ ရာထူးကို ရယူနိုင်မည် ဖြစ်သည်။

မုန်ထိုလော့က စွမ်းအားများ ဆုံးရှုံးသွားသော်ငြား လန်လင်းကို သတ်ဖြတ်ရန်မှာ သူမအတွက် အလွန် လွယ်ကူနေဆဲပင်။

**--**--**--**--**--**--**--**

မုန်ထိုလော့က ကိုယ်တုံးလုံးဖြင့် ကုတင်ပေါ်မှ ဆင်းလာ၏။ သူမက နက်ရှိုင်းသည့် အကြောက်တရားဖြင့် လန်လင်းကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ "အသူရာ... အသူရာမိစ္ဆာကြယ်လား။ ဟောကိန်းက တကယ်ပဲ မှန်နေတာလား။"

သီသီလေး အသက်ရှင်လာသည့် လန်လင်းကမူ သူမထံမှ အသူရာမိစ္ဆာကြယ်ဟူသော စကားလုံးများကို ကြားလိုက်ရချိန်၌ အကြောက်တရား လှိုင်းလုံးသစ်တစ်ခုကို ခံစားလိုက်ရ၏။

လန်လင်း တုန်ရီစွာဖြင့် မေးလိုက်သည်။ "အသူရာမိစ္ဆာကြယ် အကြောင်း ခင်ဗျား ဘယ်လို သိနေတာလဲ။"

မုန်ထိုလော့က သူ့အား စိုက်ကြည့်လိုက်၏။ "မြင့်မြတ်နတ်နဂါးကျောင်းတော်က ဟောကိန်း တစ်ခုကြောင့်လေ။ အဲဒါက နှစ်ပေါင်း ထောင်ချီပြီး လက်ဆင့်ကမ်းလာတဲ့ သတိပေးချက်ပဲ။ အသူရာမိစ္ဆာကြယ် လောကထဲ ရောက်လာတဲ့အခါ ကမ္ဘာပျက်ကိန်း ဆိုက်လိမ့်မယ်လို့ ပြောထားတာ။"

သူမက လေးနက်စွာ ဆက်ပြောသည်။ "ကျောင်းတော်ရဲ့ ယဇ်ပုရောဟိတ်ချုပ်က ကြယ်တွေကို အချိန်တိုင်း စောင့်ကြည့်နေတာ။ အသူရာမိစ္ဆာကြယ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ပိုင်ရှင်ဖြစ်သူကို လိုက်ဖမ်းဖို့ မြင့်မြတ်တမန်တော် ဆယ့်ရှစ်ပါးကို သူ စေလွှတ်ခဲ့တယ်။ အခုဆို သူတို့ရဲ့ အသန်မာဆုံး စစ်သည်တွေက ရှင့်ကို တစ်ကမ္ဘာလုံး အနှံ့ လိုက်ရှာနေလောက်ပြီ။ ရှင့်ကို တွေ့တာနဲ့ သူတို့ ချက်ချင်း သတ်ပစ်လိမ့်မယ်။ အသူရာမိစ္ဆာကြယ်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့ပဲ။"

လန်လင်း ထိတ်လန့်သွား၏။ လောကကြီးတစ်ခုလုံး၌ပင် အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည့် နဂါးကျောင်းတော်က သူ့အား သတ်ချင်နေသည်လော။ သောက်ကျိုးနည်းလှ၏။

မုန်ထိုလော့က သူ့ အနားသို့ တည့်တည့် လျှောက်လာ၏။ သူ ထိုင်နေစဉ် သူမက မတ်တပ်ရပ်နေပြီး တစ်ပေခန့်သာ ကွာဝေးသည်။ သူမက လုံးဝ ကိုယ်တုံးလုံး ဖြစ်နေသော်လည်း ထိုအရာကို ဂရုမစိုက်ချေ။ လန်လင်းကို ငုံ့ကြည့်ကာ ပြောလာသည်။ "ရှင် ကျွန်မရဲ့ စွမ်းအား အများကြီးကို ခိုးယူလို့ ကျွန်မကို အားနည်းသွားစေတယ်။ ဒါပေမဲ့ ရှင့်ကို လက်တစ်ဖက်တည်းနဲ့ ကျွန်မ သတ်နိုင်သေးတယ်။"

လန်လင်း ခေါင်းညိတ်လိုက်၏။ "ခင်ဗျား ပြောတာ မှန်ပါတယ်။ အခု ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် ကမ္ဘာကြီးကို ကယ်တင်နိုင်လိမ့်မယ်။ မြင့်မြတ်နတ်နဂါးကျောင်းတော်က ခင်ဗျားကို ကြီးမားတဲ့ ဆုလာဘ်တွေ ပေးမှာပဲ။ သူတို့ရဲ့ သူတော်စင်မလေးတောင် ပြန်ဖြစ်သွားနိုင်သေးတယ်။"

လန်လင်း၏ အပြောကိုကြားသော် သူမက လှောင်ရယ်လိုက်၏။ ထို့နောက် နှုတ်ခမ်းမဲ့လိုက်သည်။

"ဟက်...။ ကမ္ဘာကြီးကို ကျွန်မက ဘာလို့ ကယ်တင်ရမှာလဲ။" သူမ၏ လှပသည့် မျက်လုံးထဲရှိ ရူးသွပ်မှုမီးအဟုန်တို့က တောက်လောင်လာ၏။ "ဒီကမ္ဘာကြီးက အရမ်း အရုပ်ဆိုးတယ်။ ဖျက်ဆီးပစ်တာက ပိုကောင်းတယ်။ ကျွန်မက မြင့်မြတ်နတ်နဂါးကျောင်းတော်က လာတာ ဖြစ်နိုင်ပေမဲ့ အခုတော့ သူတို့က ကျွန်မရဲ့ ရန်သူတွေပဲ။ လူသားနိုင်ငံတော် တစ်ခုလုံးကလည်း ကျွန်မရဲ့ ရန်သူတွေချည်းပဲ။"

လူသားကမ္ဘာကို သူမ ဤမျှလောက် မုန်းတီးနေမည်ဟု လန်လင်း ဘယ်သောအခါကမျှ မမျှော်လင့်ထားပေ။ သူ့ကို အသက်ရှင်ခွင့်ပေးရန် ဆန္ဒရှိလောက်သည်အထိ သူမ အလွန် မုန်းတီးနေ၏။

မုန်ထိုလော့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လန်လင်း၏ ချောမောသည့် မျက်နှာကို သူမ၏ လက်များဖြင့် ကိုင်လိုက်သည်။ "ကျွန်မတို့ နှစ်ယောက်လုံးက မိစ္ဆာတွေ ဖြစ်လာဖို့ ဖန်တီးခံထားရတာ။ ကျွန်မ အမှောင်ထဲ ကျရောက်သွားရင် သေမင်းတမန်ဟွာပဲ ဖြစ်လာမှာ။ ဒါပေမဲ့ ရှင်သာ ကျရောက်သွားရင်တော့... တစ်ကမ္ဘာလုံးကို ဖျက်ဆီးမယ့် မိစ္ဆာဧကရာဇ် ဖြစ်လာလိမ့်မယ်။"

"ကျွန်မက အမှောင်ထဲမှာ ငိုကြွေးနေရုံပဲ။ ဒါပေမဲ့ ရှင်ကတော့ လောကကြီးတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်လိမ့်မယ်။" မုန်ထိုလော့က ညင်သာစွာ ပြောလိုက်၏။ သူမ၏ မျက်ဝန်းထဲရှိ ရူးသွပ်မှု မီးလျှံကမူ အရှိန်ပြင်းစွာ လောင်ကျွမ်းနေဆဲပင်။ "ရှင့်ကို ကျွန်မ မသတ်ဘူး။ ရှင် ကျရှုံးသွားတာကို ကျွန်မ စောင့်ကြည့်မယ်။ မိစ္ဆာဧကရာဇ် ဖြစ်လာတာကို ကျွန်မ စောင့်ကြည့်မယ်။ ပြီးတော့ ဒီအရုပ်ဆိုးတဲ့ ကမ္ဘာကြီး လောင်ကျွမ်းသွားတာကို ကျွန်မ စောင့်ကြည့်မယ်။"

လန်လင်း သက်ပြင်းချလိုက်သည်။ "ဒါဆိုရင် ခင်ဗျားကို စိတ်ပျက်စေမယ့်အတွက် ကျုပ် တောင်းပန်ပါတယ်။ အရာအားလုံးကို ဖျက်ဆီးပစ်မဲ့ မိစ္ဆာဧကရာဇ် ဖြစ်လာဖို့ ကျုပ်မှာ ဘာအစီအစဉ်မှ မရှိဘူး။"

မုန်ထိုလော့က မတ်တပ်ရပ်လိုက်ပြီး အဝတ်အစားများကို တည်ငြိမ်စွာ ဝတ်ဆင်လိုက်၏။ "ရှင် ဖြစ်လာမှာပါ။ ရှင်ဖြစ်ကို ဖြစ်လာလိမ့်မယ်။ မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ ဟောကိန်းက တစ်ခါမှ မမှားဖူးဘူး။"

သူမက လန်လင်း၏ ခေါင်းကို ဆွဲယူကာ သူမ၏ ဗိုက်နှင့် ကပ်ထားပြီး ဖြည်းညင်းစွာ ပြောသည်။ "ရှင် ကျွန်မရဲ့ နဂါးစွမ်းအားတွေ အများကြီးကို ယူသွားတယ်။ ဒါပေမဲ့ ကျွန်မ နောင်တမရပါဘူး။ အနာဂတ် မိစ္ဆာဧကရာဇ်ကို ဆက်သတဲ့ လက်ဆောင်တစ်ခုလို့ပဲ သဘောထားလိုက်ပါ။ ရှင် အချိန်မရွေး ထွက်သွားလို့ ရပါပြီ။ နှုတ်ဆက်ပါတယ်။"

သူမက သူ၏ ခေါင်းထိပ်ကို နမ်းလိုက်ပြီး လှည့်ထွက်သွား၏။

ဤအတိုင်း ထွက်သွားသည့် မုန်ထိုလော့အား ကြည့်ကာ လန်လင်း မျက်လုံးပြူးသွားရသည်။ "ခင်ဗျားရဲ့ မျိုးနွယ်စုကို ခင်ဗျား မကာကွယ်တော့ဘူးလား။ ကျိနင်နဲ့ ကျိလီတို့က ခင်ဗျားရဲ့ မြွေပွေးမျိုးနွယ်ကို သုတ်သင်ပစ်မှာကို မကြောက်ဘူးလား။"

"အခုချက်ချင်း တောင်တစ်သောင်း တောင်တန်းကို ကျော်ပြီး တောင်ဘက်က လူရိုင်းလွင်ပြင်ဆီ ကျွန်မ ပြောင်းရွှေ့မယ်။" မုန်ထိုလော့က တည်ငြိမ်စွာ ပြန်ဖြေသည်။ "အဲဒီမှာ လူရိုင်းတွေ စိုးမိုးထားပြီး လူသားနိုင်ငံတွေ ဝင်လို့မရဘူး။ ရှင် မိစ္ဆာဧကရာဇ် အဖြစ် ကြီးထွားလာမယ့် အချိန်ကို အဲဒီကနေ ကျွန်မ စောင့်နေမယ်။ ပြီးတော့ ဒီအရုပ်ဆိုးတဲ့ ကမ္ဘာကြီးကို ရှင် ဖျက်ဆီးတာ ကျွန်မ စောင့်ကြည့်မယ်။"

သူမက နောက်လှည့်မကြည့်ဘဲ ထွက်သွားရာ အိပ်ခန်းထဲ၌ လန်လင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

အခန်းကြီးကို လန်လင်း တစ်ယောက် ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။ အရာအားလုံး ဤသို့ အဆုံးသတ်သွားမည်ဟု သူ မထင်ထားမိခဲ့ချေ။

ကျေးဇူးတင်စကား ပြောရန် သူ မေ့သွားသည်။ ပို၍ အရေးကြီးသည်မှာ မုန်ထိုလော့ကို ဤမျှ ဆိုးရွားစွာ နာကျင်စေခဲ့သည့် ယောကျ်ားက မည်သူနည်း ဟူသော မေးခွန်းကို မေးရန် သူ မေ့သွားခြင်းပင်။

လန်လင်း အံကြိတ်လိုက်သည်။ "အသူရာမိစ္ဆာကြယ်... ကျုပ်တို့မှာ အချိန် သိပ်မကျန်တော့ဘူး။ အခုပဲ စလိုက်တော့"

သူ၏ နောက်ဆုံး စာမေးပွဲ မတိုင်မီ ဆယ်ရက်ပင် မလိုတော့ချေ။ ထို့အပြင် ရဲ့ကျင်းယွီကို ရှာဖွေပြီး တော်ဝင်မြို့တော်သို့ ပြန်သွားရန်လည်း လိုအပ်သေး၏။

အသူရာမိစ္ဆာကြယ်က တက်ကြွစွာ ပြန်ဖြေသည်။ "ဟုတ်ကဲ့ပါ သခင်။"

အဆင့်မြင့်တင်ပြီးနောက် သူမည်မျှအထိ သန်မာလာမည်နည်းကို တွေးတောပြီး လန်လင်းတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားလာမိတော့၏။

အခန်း ၉၁ ပြီး။

All Chapters