← Chapters

အခန်း ၂၉၁

Vol. 20 Ch. 291

အခန်း ၂၉၁

Vol. 20 Ch. 291

အခန်း(၂၉၁)

သီရှီထျန်သည် အတိတ်၌ အရိုးဖြူစွန့်ပစ်ကုန်းမြေမှာ ဖြစ်ပျက်ခဲ့သော ကိစ္စကို တစ်ခါမှ မေ့မသွားပေ။ ယင်းက သူ့အသက် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သော ကိစ္စဖြစ်သည်။ သို့ဖြစ်လေရာ ယင်းကို မည်သို့ သူမေ့နိုင်မည်နည်း။

သူက ထိုခွေးစုံတွဲ၏ မျက်နှာနှင့် အသွင်သဏ္ဍာန်ကို သူ့စိတ်ထဲမှာ သေချာမှတ်သားထားသည်။ မည်သို့ကြောင့် သူက ကျားဝိညာဉ်ဓားမော့ကို အသည်းအသန် သန့်စင်ခဲ့ရသနည်း။ မည်သို့ကြောင့် သူက ဒုတိယမြောက်မိစ္ဆာသွေးကြောကို အလျင်စလို ဖွဲ့စည်းခဲ့ရသနည်း။

အကြောင်းအရင်းမှာ သူလက်စားပြန်ချေချင်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သော ခြောက်လတွင် သူတွေ့ကြုံခဲ့သော အစော်ကားခံရမှုကို ထိုနှစ်ယောက်၏ သွေးဖြင့် ပြန်ဆေးကြောမည်။ ထိုစုံတွဲသည် သူ့အသက်ကို နုတ်ယူနိုင်လုနီးပါး သန်မာကြသည်။ မရဏကျီးကန်းဘုရင်သာ အချိန်မီ ရောက်မလာလျှင် သူက ထိုနေရာမှာတင် အသက်ဆုံးရှုံးသွားနိုင်သည်။ အတိတ်တွင် သူသေချာအာရုံခံမိခဲ့သည်။ ထိုနှစ်ယောက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ ဖြစ်ကြသည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်၏ မည်သည့်အဆင့်မှာဖြစ်ကြောင်း အတိအကျ သူမသိသော်လည်း သူတို့က နှောင်းပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာ မဟုတ်သည်ကို လုံးဝ သူသေချာသည်။

သီရှီထျန်သည် ပထမမိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးနောက် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာရှိသော ဝမ်ထောင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ သူက ဝမ်ထောင်ကို အနိုင်မယူနိုင်သော်လည်း အနည်းဆုံးတော့ သူ့အသက်ကို ခုခံကာကွယ်နိုင်ခဲ့သည်။

ယခု သူက ဒုတိယမြောက်မိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးသွားပြီ ဖြစ်၏။ သို့ဖြစ်၍ သူ၏ အလုံးစုံအင်အားက နှစ်ဆနီးပါး တိုးပွားသွားသည်။ သူ၏ ခွန်အားက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။

သူ၏ မိစ္ဆာခန္ဓာကိုယ်ဖြစ်စေ သို့မဟုတ် မိစ္ဆာချီဖြစ်စေ အထွတ်အထိပ်အခြေအနေမှာ ရှိနေသည်။ အကယ်၍ သူသာ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းရန် မရည်ရွယ်ထားလျှင် အချိန်မရွေး မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ပေသည်။

မိစ္ဆာမျိုးနွယ်စုသည် မွေးဖွားလာကတည်းက အလွန်သန်မာကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်က လူသားမျိုးနွယ်ထက် ပိုပြီးသန်စွမ်းကြသည်။ မိစ္ဆာသားရဲဘုရင်တစ်ပါးသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်သည်။ သူတို့က အလွန်အမင်း သန်မာကြသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က မိစ္ဆာသားရဲနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ပြင် သူက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သည်။ ထို့ကြောင့် အဆင့်တစ်ဆင့် သူချိုးဖြတ်သွားသည့်အခါတိုင်း သူ၏ အလုံးစုံအင်အားက သိသိသာသာ တိုးတတ်သွားသည်။

ထို့ပြင် ယခု သူ့ဆီမှာ တိုက်ပွဲလက်နက်တစ်ခုဖြစ်သော ကျားဝိညာဉ်ဓားမော့လည်း ရှိသည်။ ထို့ကြောင့် ယခု သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက်နှင့် ရင်ဆိုင်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။

မိစ္ဆာလေသည် အံ့ဖွယ်အမြန်နှုန်းနှင့်အတူ အရိုးဖြူစွန့်ပစ်ကုန်းမြေဆီသို့ ပျံသန်းသွားနေသည်။ မိစ္ဆာလေက တဟူးဟူး တိုက်ခတ်နေသည်။ သီရှီထျန်၏ ခန္ဓာကိုယ်က လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် အလွန်သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း သားရဲအားလုံးနှင့် ငှက်အားလုံးက မြေကြီးပေါ်မှာ ချက်ချင်း ဝပ်တွားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေသည်။

သီရှီထျန်သည် လွန်ခဲ့သော ခြောက်လတွင် အရိုးဖြူစွန့်ပစ်ကုန်းမြေမှ သူမထွက်သွားမီ မရဏကျီးကန်းဘုရင်ကို အကူအညီတစ်ခုတောင်းခဲ့သည်။ အရိုးဖြူစွန့်ပစ်ကုန်းမြေထဲသို့ ဝင်ရောက်လာကြသော အပြင်လူများကို စောင့်ကြည့်ပေးရန် မရဏကျီးကန်းဘုရင်ကို သူအကူအညီတောင်းခဲ့သည်။ ထိုအပြင်လူများက ထွက်သွားတော့မည့် လက္ခဏာများ ဖော်ပြလာမည်ဆိုလျှင် မရဏကျီးကန်းဘုရင်သည် သူ့လက်အောက်ငယ်သားများကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ စေလွှတ်ပြီး သူ့အား သတင်းပို့စေလိမ့်မည်။ ယခု မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ တစ်နည်းဆိုရသော် ထိုအပြင်လူများက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ ဆက်ရှိနေကြဆဲပင်။

“ ဘန်း ”

သိပ်မကြာမီ သီရှီထျန်က ကောင်းကင်ပေါ်မှ အကြမ်းပတမ်း ဆင်းသက်လာသည်။ သူ၏ ခြေထောက်က အရိုးဖြူစွန့်ပစ်ကုန်းမြေပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း တတ်နင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ၏ ခြေဖဝါးထံမှ ထွက်ပေါ်လာသည်။ ထိုအခါ သူ၏ ခြေထောက်အောက်မှ အရိုးဖြူများက ချက်ချင်း ဖုန်မှုန့်ဖြစ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မြေကြီးက အကြမ်းပတမ်း တုန်လှုပ်သွားသည်။

“ ချွင် ”

သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ကျောနောက်မှာ လွယ်ထားသော ကျားဝိညာဉ်ဓား၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ ကျားဝိညာဉ်ဓားမော့က ဓားအိမ်ထဲမှ ထွက်လာသည်။ သူက လက်မောင်းကို အောက်သို့ နှိမ့်လိုက်ပြီး ကျားဝိညာဉ်ဓားမော့၏ ထိပ်ဖျားကို မြေကြီးပေါ်မှာ ထားလိုက်သည်။

“ ရွှီး… ”

သူက ခြေထောက်ကို လှုပ်ရှားလိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း မြဲမြံစွာ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်ပြီး အားပါသည်။ အရှေ့သို့ သူလျှောက်သွားစဉ် ကျားဝိညာဉ်ဓားမော့၏ ထိပ်ဖျားက မြေကြီးပေါ်မှာ တရွတ်တိုက် လိုက်ပါလာသည်။ ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုက ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် မြေကြီးပေါ်မှ အရိုးစုများက ချက်ချင်း ပိုင်းဖြတ်ခံလိုက်ရကြသည်။ ဤသည်မှာ ပူနွေးသော ဓားတစ်လက်က ထောပတ်တုံးကို အလွယ်တကူ လှီးဖြတ်သွားသည့်အလားပင်။ မြေကြီးပေါ်မှာ အရိုးစုများက မရေမတွက်နိုင်အောင် စုပုံနေသော်လည်း ယင်းတို့က ကျားဝိညာဉ်ဓားအတွက် မည်သည့်အတားအဆီးမှ မဟုတ်ပေ။

အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာချီက ပိုပြီးသိပ်သည်းလာသည်။ မိစ္ဆာချီက သူ့ခန္ဓာကိုယ်ပေါ်မှ မရေမတွက်နိုင်သော မွေးညင်းပေါက်များထံမှ ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက ပရမ်းပတာ လှုပ်ခတ်နေသည်။ ခရမ်းရောင်ဘုရင်အမှတ်အသားက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ အန္တရာယ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ သိပ်သည်းသွားသည်။

အရှေ့သို့ ခြေတစ်လှမ်း သူလှမ်းလိုက်သည့်အခါတိုင်း အန္တရာယ်အရှိန်အဝါက ပိုပြီးသိပ်သည်းလာသည်။ ယခု သူ့ခေါင်းထဲမှာ လက်စားပြန်ချေရန်မှလွဲ၍ တခြားမည်သည့်အတွေးမှ မရှိပေ။

“ ကျီး ”

ထိုအခိုက်အတန့်မှာ ဖော်မပြနိုင်အောင် အလွန်စူးရှသော အော်မြည်သံက ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ သီရှီထျန်က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ စူးရှသော အလင်းတန်းနှစ်ခုက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသော အလင်းတန်းများသည် ကြွက်ဘုရင်၏ မွေးရာပါစွမ်းရည်ဖြစ်သော စက္ခုရောင်ခြည်တော်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ မီးခိုးရောင်ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှာ ရှိနေသည်။ သီရှီထျန်၏ မျက်လုံးထဲမှ ပျံသန်းထွက်လာသော အလင်းတန်းနှစ်ခုကို မြင်သွားသောအခါ မီးခိုးရောင်ပုံရိပ်က ကြောက်လန့်တုန်လှုပ်သွားသည်။ အလင်းတန်းများဖြင့် ထိမှန်သွားပြီးနောက် ၎င်းက မြေကြီးပေါ်သို့ ဇောက်ထိုး ပြုတ်ကျသွားသည်။ သို့သော်လည်း တစ်ဖက်လူ၏ အသွင်သဏ္ဍာန်ကို သီရှီထျန် မြင်သွားသောအခါ သူ့မျက်လုံးထဲမှ စူးရှမှုက ချက်ချင်း ပျောက်ကွယ်သွားသည်။

မီးခိုးရောင်ပုံရိပ်သည် မြေကြီးပေါ်သို့ ပြုတ်ကျမသွားမီ အတောင်ပံတဖျပ်ဖျပ်ခတ်၍ ဟန်ချက်ပြန်ထိန်းလိုက်သည်။ ၎င်းက ကောင်းကင်ပေါ်သို့ ကြောက်လန့်စွာ ပျံတတ်သွားသည်။

မီးခိုးရောင်ပုံရိပ်သည် မရဏကျီးကန်းတစ်ကောင် ဖြစ်သည်။

မရဏကျီးကန်းသည် သီရှီထျန်ကို ကြောက်လန့်သွားသည်။ သို့သော်လည်း ၎င်းက ဦးတည်ရာတစ်ခုကို ညွှန်ပြ၍ ကျယ်လောင်စွာ အော်လိုက်သည်။

“ ပစ်မှတ်က အရှေ့မှာလား ”

သီရှီထျန်က ထိုမရဏကျီးကန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တရွတ်တိုက် ဆွဲသွား၍ အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ သူက အမြန်လျှောက်နေသည်ဟု မထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ပေပေါင်းဒါဇင်ခန့် အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း နက်ရှိုင်းသော ခြေရာက အရိုးစုများပေါ်မှာ ကျန်နေခဲ့သည်။ မြေကြီးပေါ်တွင် အရိုးစုများက အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။

“ ဂိုဏ်းတူအကိုလန်… အရမ်းအားကောင်းတဲ့ မိစ္ဆာအရှိန်အဝါတစ်ခုက အပြင်ဘက်ကနေ ငါတို့ဆီ ချဉ်းကပ်လာနေတယ်လို့ အာရုံခံမိတယ်… မဟုတ်မှလွဲရော တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတစ်ကောင်ကောင်က ဒီကို ရောက်လာတာများလား ”

သီရှီထျန် လျှောက်သွားနေသော ဦးတည်ရာတွင် အတိတ်မှာ သူတွေ့ဆုံခဲ့သော စုံတွဲနှင့် ဝတ်စုံဆင်တူဝတ်ဆင်ထားသော အမျိုးသားကျင့်ကြံသူနှစ်ယောက် ရှိသည်။ သူတို့က အရိုးစုအပုံပေါ်မှာ မတ်တတ်ရပ်နေကြသည်။ အစောနက စကားပြောလိုက်သူက သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ သူက ရုပ်ရည်မချောမောသော်လည်း အသင့်အတင့်ကြည့်ကောင်းသည်။

“ အမှတ်ငါးညီလေး… မိစ္ဆာအရှိန်အဝါတစ်ခုက ငါတို့ဆီ ချဉ်းကပ်လာနေတာကို ငါလည်းပဲ အာရုံခံမိတယ်… ဒါပေမဲ့ အဲ့ဒါက အခွင့်ကောင်းပဲ… ငါတို့ ဒီနေရာမှာရှိနေတာ လပေါင်းဘယ်လောက်ကြာပြီလဲ… ဒီနေရာမှာ အရိုးစုတွေကလွဲလို့ ဘာမှမရှိဘူး… သက်ရှိတစ်ကောင်ကို မြင်ရတာက ငါတို့ရဲ့ စိတ်ကို ပြန်နိုးကြားစေလိမ့်မယ် ”

ကျန်ရှိသော ဝတ်စုံနက်ဝတ် လူငယ်တစ်ယောက်က ထူးဆန်းစွာ ရယ်မောလိုက်ပြီး ပြောသည်။

“ ဆရာပေးထားတဲ့ တာဝန်က မကြာခင် ပြီးမြောက်တော့မယ်… ဒါ့အပြင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်ဖို့ အချိန်ဘယ်လောက်မှ မလိုတော့ဘူး… ဆရာက လျှို့ဝှက်နယ်မြေထဲကို အရိုးဖြူနတ်ဘုရားသုတ်သင်အစီအရင်နဲ့ ဝင်ရောက်ချင်တယ်… ဒါမှ ကောင်းကင်ဘုံစေတီကို ဆရာရယူနိုင်မယ့် အခွင့်အရေးက ပိုများလာလိမ့်မယ်… မကြာခင် ဒီကနေ ငါတို့ထွက်သွားကြတော့မှာဆိုတော့ ဘာလို့ မိစ္ဆာသားရဲတချို့ကို သတ်ပစ်ပြီး အစီအရင်ကို သွေးနဲ့ ယဇ်မပူဇော်ရမှာလဲ ”

ဝတ်စုံနက် ဝတ်ဆင်ထားသော လူငယ်သည် ချောမောသည်။ သို့သော်လည်း သူ၏ မျက်နှာအမူအရာက ကြမ်းတမ်းခက်ထန်သည်။ သူ၏ နှုတ်မှ ထွက်လာသော စကားများသည်လည်း ယဉ်ကျေးမှုမရှိပေ။

“ ဟုတ်တယ်… ဒါဆို အဲ့ဒီမိစ္ဆာကောင်ကို သွားတွေ့ကြရအောင်… ဘယ်လိုမိစ္ဆာကောင်ကများ ငါတို့အရှေ့မှာ ထွက်ပေါ်လာရဲတာလဲ… ဟဲ ဟဲ… မိစ္ဆာသားရဲရဲ့ မိစ္ဆာအမြူတေက အဖိုးတန်ရတနာ ဖြစ်တယ်… ဒါ့အပြင် မိစ္ဆာခန္ဓာကိုယ်တစ်ခုလုံးက ရတနာတွေဖြစ်တယ်… အရိုးဖြူနတ်ဘုရားသုတ်သင်ခြင်းလှံကို ငါသန့်စင်ချင်နေတာ အတော်ကြာပြီ… အဲ့ဒီမိစ္ဆာကောင်ကို သတ်ပစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လက်နက်တစ်ခု သန့်စင်ပစ်မယ် ”

သက်လတ်ပိုင်းအမျိုးသားက သဘောတူစွာ ပြောသည်။

“ သွားကြစို့ ”

အလင်းရောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ မကြာမီ ထူးဆန်းသော ဓမ္မလက်နက်များက သက်လတ်ပိုင်းအမျိုးသား၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ဘယ်ဘက်လက်တွင် လခြမ်းကွေးပုံသဏ္ဍာန်ရှိသော အရိုးစုတစ်ခု ရှိသည်။ အရိုးစုက နှင်းကဲ့သို့ ဖြူဖွေးပြီး ယင်းက သားရဲအရိုင်းတစ်ကောင်၏ ဦးချိုတစ်ချောင်းနှင့် ဆင်တူသည်။ သူ၏ ညာဘက်လက်ထဲတွင် အရွယ်အစားကြီးမားသော တူတစ်ချောင်းရှိသည်။ တူသည်လည်း သာမန်မဟုတ်ပေ။ တူခေါင်းက သားရဲအရိုင်းတစ်ကောင်၏ ဦးခေါင်းခွံဖြစ်သည်။ တူ၏ လက်ကိုင်ကို အလွန်မာကျောသော ကျောရိုးဖြင့် ဖန်တီးထားသည်။

သို့ဖြစ်၍ တူသည် ကြောက်မက်ဖွယ်ကောင်းသော အသွင်သဏ္ဍာန် ရှိသည်။

ထိုပစ္စည်းနှစ်ခုကို အတူတကွ တွဲဖက်လိုက်သည့်အခါ ယင်းက ဒဏ္ဍာရီလာမိုးကြိုးနတ်ဘုရား၏ မိုးကြိုးတူနှင့် ဆင်တူသွားသည်။ သားရဲဦးချိုနှင့် ပူးတွဲလိုက်သည့်အခါ ယင်းက ပြီးပြည့်စုံသော ဓမ္မလက်နက်တစ်စုံဖြစ်သွားသည်။

လူငယ်ကျင့်ကြံသူသည်တော့ အရိုးဖြူဓားတစ်ချောင်းကို ထုတ်လိုက်သည်။ ဓားသည် မီးခိုးဖြူရောင်ဖြစ်ပြီး ကြောက်စရာကောင်းပုံပေါ်သည်။ ထို့ပြင် အစိမ်းရောင်မီးတောက်တစ်ခုက ဓားသွားပေါ်မှာ ရွေ့လျားနေသည်။ ယင်းက ဓားကို ပိုပြီးချောက်ချားဖွယ်ကောင်းစေသည်။ မီးတောက်က တစ္ဆေဝိညာဉ်နှင့် ပိုပြီးဆင်တူသည်။

“ ဒုန်း… ဒုန်း… ”

အရှေ့သို့ သူတို့မလျှောက်သွားမီ ကျယ်လောင်သော မြည်သံများက သူတို့၏ အရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက ခြေလှမ်းသံဖြစ်ကြောင်း ထင်ရှားသော်လည်း ဗုံသံနှင့် ပိုပြီးဆင်တူသည်။ “ ဒုန်း… ဒုန်း… ”ဟူသော မြည်သံက သူတို့၏ နားထဲသို့ ဝင်ရောက်လာသည်နှင့်ချက်ချင်း အလွန်ကျယ်ပြောသော အရှိန်အဝါကို သူတို့ခံစားမိသွားကြသည်။ ဤသည်မှာ ပင်လယ်တစ်စင်းက သူတို့အပေါ်သို့ ရုတ်တရက် ကျဆင်းလာသည့်အလားပင်။

“ ခရက်… ခရက်… ”

တောင်ကြီးတစ်တောင်သဖွယ် လေးလံသော ထိုဖိအားအောက်မှာ အရိုးစုအပုံများက တစ်စစီ အက်ကွဲသွားကြသည်။ ထိုအခိုက်အတန့်မှာ အစောနက ပေါ့ပေါ့ပါးပါး ရှိနေခဲ့ကြသော ကျင့်ကြံသူနှစ်ယောက်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ မျက်နှာက တစ်ပြိုင်နက်တည်း အရုပ်ဆိုးသွားသည်။ ပင်လယ်ကြီးသဖွယ် အလွန်ကျယ်ပြန့်သော ထိုအရှိန်အဝါကို သူတို့အာရုံခံမိသောအခါ စိုးရိမ်ကြောင့်ကြမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

မျက်လုံးနှစ်စုံက အရှေ့သို့ ကြောက်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့၏ အရှေ့တွင် အရိုးအက်ကွဲသံများက တရစပ် ထွက်ပေါ်နေသည်။

“ ဘယ်သူလဲ… ဘယ်လိုမိစ္ဆာကောင်က အဲ့လောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နိုင်ရတာလဲ… အရမ်းသန်မာလိုက်တာ ”

All Chapters