← Chapters

အခန်း ၂၉၂

Vol. 20 Ch. 292

အခန်း ၂၉၂

Vol. 20 Ch. 292

အခန်း(၂၉၂)

သက်လတ်ပိုင်းအမျိုးသားက တိတ်တဆိတ် တံတွေးမျိုချလိုက်သည်။ သူက လက်ထဲမှ ဓမ္မလက်နက်နှစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“ ဆရာက ငါတို့ကို တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေကို ရန်မစဖို့ သေချာမှာလိုက်တယ်… မဟုတ်မှလွဲရော တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အစွမ်းထက်မိစ္ဆာတွေ တည်ရှိနေတာကို ဆရာသိထားတာများလား ”

လူငယ်ကျင့်ကြံသူက အမြန်တွေးတောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သူအာရုံခံမိသောအခါ အစောနက သူ၏ အတွေးများကို ချက်ချင်း ဖယ်ရှားလိုက်သည်။

ထိုမိစ္ဆာကောင်က ရိုင်းစိုင်းကြမ်းကြုတ်သော မိစ္ဆာကောင် ဖြစ်ရမည်။

“ ဝုန်း ”

နောက်ဆုံးမှာတော့ ပုံရိပ်တစ်ခုက သူတို့၏ အရှေ့မှ အရိုးစုအပုံပေါ်မှာ ထွက်ပေါ်လာသည်။ အရိုးစုအပုံပေါ်မှာ ခြေချလိုက်သည့်အခါ သူ့ခြေဖဝါးအောက်မှ အရိုးစုအပုံက ချက်ချင်း ပြိုကျပျက်စီးသွားသည်။

ဤသည်မှာ အရိုးစုအပုံက ထိုပုဂ္ဂိုလ်၏ အလေးချိန်နှင့် ဖိအားကို မတောင့်ခံနိုင်သည့်အလားပင်။

ထိုပုဂ္ဂိုလ်သည် သီရှီထျန်မှလွဲ၍ တခြားလူမဟုတ်ပေ။ အရိုးစုအပုံပေါ်မှာ သူမတ်တတ်ရပ်နေစဉ် အနက်ရောင်ဆံပင်ရှည်က သူ၏ နောက်ကျောမှာ လွင့်မျောသွားသည်။ သူ၏ အကြည့်က ဓားသွားပမာ အလွန်ထက်ရှသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်စုံသည် လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်နေသည်။ သူက ကျားဝိညာဉ်ဓားမော့ကို မြေကြီးပေါ်မှာ တရွတ်တိုက် ဆွဲလာသည်။

အနက်ရောင်မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းသွားသည်။ မိစ္ဆာချီက အလွန်သိပ်သည်းလေရာ သူ၏ ဦးခေါင်းထက်မှာ အနက်ရောင်တိမ်တိုက်တစ်ခု ဖွဲ့စည်းသွားသည်။

လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် ဤအခိုက်အတန့်မှာ သူက ရိုင်းစိုင်းကြမ်းကြုတ်သော မိစ္ဆာတစ်ကောင် ဖြစ်လာသည်။

သူ့မျက်လုံးထဲမှ နတ်ဘုရားအလင်းက ဖော်မပြနိုင်အောင် အေးစက်နေသည်။ သီရှီထျန်သည် သူ့အရှေ့မှ ဝတ်စုံနက်ဝတ် ကျင့်ကြံသူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ဝတ်စုံနက်ဝတ် ကျင့်ကြံသူများကို မြင်သွားသည့်အခါ သူ၏ မျက်လုံးထဲမှ နတ်ဘုရားအလင်းက စူးရှတောက်ပလာသည်။

“ သူတို့က အဲ့ဒီနှစ်ယောက်ရဲ့ အပေါင်းအပါတွေ ဖြစ်မယ် ”

ထိုကျင့်ကြံသူနှစ်ယောက် ဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံက အတိတ်၌ သူတွေ့ဆုံခဲ့သော ခွေးစုံတွဲ၏ ဝတ်စုံနှင့် တစ်ပုံစံတည်းဆင်တူသည်။ ထို့ပြင် သူတို့အားလုံး၏ ဝတ်စုံပေါ်မှာ အရိုးခေါင်းပုံသဏ္ဍာန် အမှတ်အသားတစ်ခု ရှိ၏။ ရှင်းလင်းစွာပင် သူတို့က ဂိုဏ်းတစ်ခုတည်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

“ ငါ့လမ်းကို ပိတ်တဲ့ လူအားလုံး သေရမယ် ”

ထိုကျင့်ကြံသူနှစ်ယောက်က သူရှာဖွေနေသော စုံတွဲနှင့် ဂိုဏ်းတစ်ခုတည်းမှဖြစ်ကြောင်း သီရှီထျန် သိသွားသောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အေးစက်မှုနှင့် မထူးမခြားနားမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဘယ်ခြေထောက်ဖြင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ လေကြမ်းက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ချက်ချင်း ဖွဲ့စည်းသွားသည်။

ထိုကျင့်ကြံသူနှစ်ယောက်ထံသို့ သူခုန်အုပ်လိုက်သည့်အခါ သူ၏ အရှိန်အဝါက တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံသွားသည်။ တစ်ဆက်တည်းမှာ ပယင်းရောင် ဓားမော့အလင်းက ကျားဝိညာဉ်ဓားမော့၏ အသွားပေါ်မှာ မြန်ဆန်စွာ ပေါ်လျှိုးလာသည်။

သူက လက်ကောက်ဝတ်ကို အမြန်လှုပ်ရှားလိုက်သည်။ ကျားဝိညာဉ်ဓားမော့သည် အောက်မှ အပေါ်သို့ ပင့်မြှောက်သွားသည်။ သူက ထိုကျင့်ကြံသူနှစ်ယောက်နှင့် ဆယ်ပေခန့် ကွာဝေးနေသည်။ သို့တိုင် ကျားဝိညာဉ်ဓားမော့သည် မိစ္ဆာချီနှင့် ပေါင်းစပ်ပြီးနောက် အံ့ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သုံးပေလေးပေခန့် ရှည်လျားသော ရွှေရောင်ဓားမော့အလင်းတန်းတစ်ခုက ကျားဝိညာဉ်ဓားမော့ထံမှ ပျံသန်းထွက်သွားသည်။

ကျားဝိညာဉ်ဓားမော့၏ စွမ်းအားက အကန့်အသတ်မဲ့သည်။ ဓားမော့အလင်းတန်း ထွက်ပေါ်လာသည့်အခိုက် ကျားဝိညာဉ်ဓားမော့၏ ပြိုင်ဘက်ကင်း ထက်ရှမှုအောက်မှာ အရာအားလုံးက တုန်လှုပ်သွားဟန် ရ၏။ လေးပေငါးပေခန့် ရှည်လျားသော ဓားမော့အလင်းတန်းက လေကို ဖြတ်သန်းသွားပြီး ကျင့်ကြံသူနှစ်ယောက်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ဓားမော့အလင်းတန်း၏ အစွန်းရောက်ထက်ရှမှုက ကျင့်ကြံသူနှစ်ယောက်ကို ချက်ချင်း လွှမ်းခြုံလိုက်သည်။ ထိုအခိုက်အတန့်မှာ ကျင့်ကြံသူနှစ်ယောက်၏ စိတ်ဓာတ်နှင့် သတ္တိက အလဲလဲအပြိုပြိုဖြစ်သွားသည်။

တောင်ကြီးတစ်တောင်နှယ် ကြီးမားလေးလံသော ဖိအားက သူတို့အပေါ်သို့ ကျဆင်းလာသည်ဟု ခံစားမိသွားကြသည်။ သူတို့က နေရာမှ ရွေ့လျားရန် အခက်တွေ့သွားကြသည်။

ဓားမော့အလင်းတန်းက ရိုင်းစိုင်းကြမ်းကြုတ်ပြီး အကြင်နာမဲ့သည်။ ထို့ပြင် ယင်း၏ အလျင်က လျှပ်စီးပမာ မြန်ဆန်သည်။ ဓားမော့အလင်းတန်းက ကျင့်ကြံသူနှစ်ယောက်၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ဓားမော့အလင်းတန်းက ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်ကို ထက်ခြမ်းပိုင်းဖြတ်ချင်နေသည့်အလားပင်။

“ ဂိုဏ်းတူညီလေး သတိထား… သူက အစွမ်းကုန်သုံးနေတာ… အဲ့ဒီမိစ္ဆာက မိစ္ဆာအမြူတေဓာတ်လုံးဖွဲ့စည်းပြီးတဲ့ အစစ်အမှန်မိစ္ဆာတစ်ကောင်ပဲ ”

သက်လတ်ပိုင်းအမျိုးသားသည် သူ့ဘေးနားမှ လေက ရုတ်တရက် သိပ်သည်းသွားကြောင်း ခံစားမိသွားသည်။ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် ထိုဓားမော့အလင်းတန်းကို သူမခုခံနိုင်ဘူးဟု ခံစားမိသွားသည်။ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့အရှေ့မှ မိစ္ဆာက ထိုမျှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နိုင်လေရာ ၎င်းက သေချာပေါက် အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်ရမည်။

သူက တုံ့ဆိုင်းမနေဘဲ သူ့လက်ထဲမှ ဓမ္မလက်နက်ကို အသက်သွင်းလိုက်သည်။

“ ဗုန်း ”

“ ဂျိန်း ”

သူ့လက်ထဲမှ ဓမ္မလက်နက်သည် နှစ်ပေါင်းများစွာကြာအောင် သူပျိုးထောင်ခဲ့သော သက်စောင့်ဓမ္မလက်နက် ဖြစ်၏။ ယင်းတို့က ယခုထိတိုင် သူ့အနားမှာ အမြဲတမ်း ရှိနေခဲ့ကြသည်။ သူက သံချောင်းကို ဖိုးလပြည့်ကြံ့၏ ဦးချိုဖြင့် ဖန်တီးသန့်စင်ခဲ့သည်။ မိုးကြိုးတူကိုတော့ ဖိုးလပြည့်ကြံ့၏ ဦးခေါင်းခွံဖြင့် ဖန်တီးသန့်စင်ခဲ့သည်။ သံချောင်းနှင့် မိုးကြိုးတူက အတူတကွ ပူးတွဲသွားသည့်အခါ သူက ‘ မိစ္ဆာခုနစ်ပါးဝိညာဉ်ဖမ်းလက်နက်တစ်စုံ ’ကို ပိုင်ဆိုင်သွားသည်။

ဒဏ္ဍာရီအရ မိစ္ဆာခုနစ်ပါးယင်မိုးကြိုးက ဖိုးလပြည့်ကြံ့၏ ဦးချိုပေါ်သို့ ထိမှန်သွားသည့်အခါ ၎င်း၏ ဦးချိုက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွားကို ထုတ်လွှတ်နိုင်သွားသည်။ မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသည် ယင်မိုးကြိုးများအနက် အလွန်ကြောက်စရာကောင်းသော မိုးကြိုးတစ်မျိုး ဖြစ်သည်။ ယင်းက အန္တရာယ်အရှိန်အဝါ သို့မဟုတ် အဖျက်အဆီးအရှိန်အဝါမှ ဖွဲ့စည်းသွားသော မိုးကြိုးဖြစ်သည်။ ထို့ကြောင့် ယင်း၏ အဖျက်စွမ်းအားက အလွန်အံ့ဖွယ်ကောင်းသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် ထိုမိုးကြိုးဖြင့် ထိမှန်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားလိမ့်မည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်များသည်ပင် မိစ္ဆာခုနစ်ပါးယင်မိုးကြိုးကို အထူးဂရုစိုက်ကြရလိမ့်မည်။

သက်လတ်ပိုင်းအမျိုးသားသည် သီရှီထျန် ထုတ်လွှတ်နေသော မိစ္ဆာအရှိန်အဝါနှင့် ကျားဝိညာဉ်ဓားမော့ထံမှ ပျံသန်းထွက်လာသော ဓားမော့အလင်းတန်းကို မြင်သွားသောအခါ တုံ့ဆိုင်းမနေဘဲ သူ၏ သံချောင်းကို တခြားလက်ထဲမှ တူဖြင့် အကြမ်းပတမ်း ထုရိုက်လိုက်သည်။ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ ငွေရောင်လျှပ်စီးတန်းများက သံချောင်းပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် လျှပ်စီးတန်းများက သံချောင်း၏ ထိပ်ဖျားပေါ်မှာ စုဝေးသွားကြပြီး ငွေရောင်မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးသွားက အရှေ့သို့ ပျံသန်းသွားပြီး ကျားဝိညာဉ်ဓားမော့နှင့် အကြမ်းပတမ်း တွေ့ဆုံသွားသည်။

ထို့ပြင် ထိုသက်လတ်ပိုင်းအမျိုးသားသည် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ဖူးသော အတွေ့အကြုံရှိပညာရှင်တစ်ယောက် ဖြစ်သည်။ “ မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွား ”ကို ကျားဝိညာဉ်ဓားမော့ထံသို့ ပစ်လွှတ်ပြီးသည်နှင့်ချက်ချင်း သူက နောက်ထပ် ဦးတည်ရာကို ပြောင်းရွှေ့လိုက်သည်။ သူက သီရှီထျန်ကို အဓိက ပစ်မှတ်ထားလိုက်ပြီး သံချောင်းကို နောက်တစ်ကြိမ် ထုရိုက်လိုက်သည်။

ငွေရောင်မိုးကြိုးသွားတစ်စင်းက သံချောင်း၏ ထိပ်ဖျားပေါ်မှ ထပ်မံ ထွက်ပေါ်လာပြီး သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။ သက်လတ်ပိုင်းအမျိုးသားသည် ကျားဝိညာဉ်ဓားမော့အလင်းတန်းကို ခုခံကာကွယ်ချင်ရုံသာမက သီရှီထျန်ကိုလည်း တိုက်ခိုက်ချင်သည်။

သူ့ဘေးမှ လူငယ်ကျင့်ကြံသူသည် အသက်ငယ်ရွယ်သော်လည်း အတွေ့အကြုံနုသူ မဟုတ်ပေ။ သက်လတ်ပိုင်းအမျိုးသား၏ အော်သံကို ကြားလိုက်သည်နှင့်ချက်ချင်း မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူသိလိုက်သည်။

“ သေလိုက်စမ်း ”

သူက ထူးဆန်းသော ဓားချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အော်ပြောလိုက်သည်။ ထိုအခါ သူ့လက်ထဲမှ အရိုးဖြူဓားက အစိမ်းရောင်တစ္ဆေမီးတောက်တစ်မျိုးကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

“ နတ်ဆိုးခုနစ်ပါးဓားသိုင်း ”

ထိုဓားသိုင်းသည် နတ်ဆိုးတာအိုတွင် လုံးဝ လျော့မတွက်သင့်သော အစွမ်းထက်ဓားသိုင်းတစ်မျိုး ဖြစ်သည်။ “ နတ်ဆိုးခုနစ်ပါးဓားသိုင်း ”ကို အသုံးပြုလိုက်သည့်အခါ သူ့လက်ထဲမှ ဓားပျံက နတ်ဆိုးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။ ထိုနတ်ဆိုးသည် ဦးခေါင်းတစ်ခုတည်းသာ ပါရှိသော နတ်ဆိုးဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည်တော့ ပုံရိပ်ယောင် သို့မဟုတ် ဝိညာဉ်သဖွယ် ဒြပ်ထည်မဲ့နေလိမ့်မည်။ သာမန်တိုက်ခိုက်မှုများက ထိုနတ်ဆိုးကို အန္တရာယ်မပေးနိုင်ပေ။

နတ်ဆိုးဦးခေါင်းသည် ကျယ်လောင်စွာ ပါးစပ်ဟ၍ မရေမတွက်နိုင်သော ဓားအလင်းများကို ထုတ်လွှတ်ပေးနိုင်သည်။ ယင်းက ခုခံကာကွယ်ရန် အလွန်ခက်ခဲသော တိုက်ခိုက်မှုဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုဓားသိုင်းကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် သူက နတ်ဆိုးဦးခေါင်းခုနစ်လုံးကို ဆင့်ခေါ်နိုင်သွားလိမ့်မည်။ ထိုအခါ ဓားသိုင်း၏ စွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။

ဤအခိုက်အတန့်မှာ လူငယ်ကျင့်ကြံသူက “ နတ်ဆိုးခုနစ်ပါးဓားသိုင်း ”ကို အသုံးပြုလိုက်သည်။ ထိုအခါ သူ၏ အရိုးဖြူဓားက နတ်ဆိုးဦးခေါင်းသုံးလုံးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ နတ်ဆိုးဦးခေါင်းများထဲတွင် အစိမ်းရောင်မီးတောက်တစ်ခုက ကခုန်ရွေ့လျားနေသည်။ တစ်ဆက်တည်းမှာ ထိုနတ်ဆိုးဦးခေါင်းများသည် လေထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ထူးဆန်းသော ညည်းတွားသံများကို ထုတ်လွှတ်၍ ကျားဝိညာဉ်ဓားမော့ထံသို့ ဦးတည်သွားကြသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အောက်မှ မည်သည့်ကျင့်ကြံသူမှ ထိုနတ်ဆိုးဦးခေါင်းသုံးလုံးကို ခုခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကျားဝိညာဉ်ဓားမော့၏ ခြိမ်းခြောက်မှုအောက်မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည် သူတို့၏ သတိကို မဆုံးရှုံးသွားကြပေ။ သူတို့က အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို အသီးသီးထုတ်ဖော်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ တိုက်ပွဲက အလွန်ပြင်းထန်သွားသည်။

“ ဘန်း ”

ကျင့်ကြံသူနှစ်ယောက်၏ တုံ့ပြန်ပုံကို မြင်သောအခါ သီရှီထျန်၏ အမူအရာက အေးစက်သွားသည်။ ကျားဝိညာဉ်ဓားမော့သည် ရပ်တန့်သွားခြင်းမရှိဘဲ “ မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွား ”ဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ကျားဝိညာဉ်ဓားမော့ဆီမှာ ဝါးမျိုခြင်းစွမ်းရည်အပြင် ထူးခြားစွမ်းရည်နှစ်ခုသာ ရှိ၏။ ယင်းတို့က ပြိုင်ဘက်ကင်းထက်ရှမှုနှင့် အကန့်အသတ်မဲ့သော မာကျောမှု ဖြစ်သည်။ အကယ်၍ သူက ဓားမော့ထဲသို့ မိစ္ဆာချီကို မထည့်သွင်းထားလျှင်ပင် သူ၏ ဓားမော့ခုတ်ချက်က တောင်ကုန်းငယ်တစ်ခုကို နှစ်ပိုင်းကွဲထွက်စေနိုင်သည်။ ထို့ပြင် ယခု သူ၏ ဓားမော့ခုတ်ချက်ထဲမှာ မိစ္ဆာချီလည်း ပါဝင်နေသည်။

သီရှီထျန်သည် အရသာခံခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းသွားပြီးနောက် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်သွားသည်။ ထို့ပြင် သူက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေလေရာ သူ၏ မိစ္ဆာခန္ဓာကိုယ်က အလွန်သန်စွမ်းသည်။

မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွားက အမှန်တကယ် အစွမ်းထက်သည်။ မိုးကြိုးသွားက ကျားဝိညာဉ်ဓားမော့နှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ မိုးကြိုးသွားထဲမှာ ကိန်းဝပ်နေသော အဖျက်စွမ်းအားက ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြပြီး အရိုးစုအပုံများပေါ်သို့ ကျဆင်းသွားကြသည်။ ထိုအခါ အရိုးစုအပုံများက လျှပ်စီးတန်းများကြောင့် ပြာဖြစ်သွားသည်။

“ ရွှတ် ”

သို့သော်လည်း သီရှီထျန်၏ လက်ထဲမှ ကျားဝိညာဉ်ဓားမော့က မိစ္ဆာခုနစ်ပါးယင်မိုးကြိုးသွားကြောင့် ယာယီသာ ရပ်တန့်သွားသည်။ ဓားမော့မှ ထုတ်လွှတ်နေသော အလင်းရောင်က သိသိသာသာ မှေးမှိန်သွားသည်။ သို့သော်လည်း သီရှီထျန်၏ အမူအရာက မည်သို့မှမပြောင်းလဲသွားပေ။ သူက ခါတိုင်းကဲ့သို့ မထူးမခြားနား ဆက်ရှိနေသည်။ သူ၏ မျက်လုံးထဲ၌ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မဖုံးနိုင်မဖိနိုင် ထွက်ပေါ်နေသည်။

သူ၏ ဓားမော့ခုတ်ချက်က ရပ်တန့်သွားသော်လည်း ကျားဝိညာဉ်ဓားမော့က ကျင့်ကြံသူနှစ်ယောက်၏ အရှေ့သို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်၏။ သူက လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ ဓားမော့၏ အရှိန်အဟုန်က ရပ်တန့်မသွားပေ။ သူ၏ ဒေါင်လိုက်ခုတ်ပိုင်းမှုက အလျားလိုက်ပိုင်းဖြတ်မှုအဖြစ် ပြောင်းသွားသည်။ နောက်အခိုက်အတန့်မှာ ဓားမော့က နတ်ဆိုးဦးခေါင်းသုံးလုံးနှင့် တွေ့ဆုံသွားသည်။

နတ်ဆိုးဦးခေါင်းများနှင့် တွေ့ဆုံသွားသည့်အခိုက် ထူးဆန်းသော အပြောင်းအလဲတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားမော့နှင့် လက်ကိုင်နေရာတို့ ထိပ်တိုက် တွေ့ဆုံနေသော နေရာတွင် အစိမ်းရောင်ပုတီးစေ့တစ်လုံး ရှိသည်။ ဤအခိုက်အတန့်မှာ အစိမ်းရောင်ပုတီးစေ့က ထူးဆန်းသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ အစိမ်းရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခြင်းစွမ်းအားက စတင်အသက်ဝင်လာသည်။

All Chapters