← Chapters

အခန်း ၂၉၅

Vol. 20 Ch. 295

အခန်း ၂၉၅

Vol. 20 Ch. 295

အခန်း(၂၉၅)

“ အမ… အကိုသီရဲ့ သီချင်းက တကယ်စိတ်ဓာတ်နိုးကြားစေတယ်… အကိုသီက တကယ်ယောင်္ကျားပီသတဲ့သူပဲ… ငါစိတ်ဆုံးဖြတ်လိုက်ပြီ… အခုကစပြီး အကိုသီကို ငါ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်တော့မယ်… အဲ့ဒီသီချင်းက တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ် ”

ဇာမဏီငှက်သည် ချန်းရှီ၏ ပခုံးပေါ်မှာ ရပ်နားလိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။ သူ၏ မျက်လုံးထဲ၌ မရေမတွက်နိုင်သော ကြယ်များရှိနေသည့်အလား သူ့မျက်လုံးများက ဝင်းလက်တောက်ပနေသည်။

“ ငါ့အထင်မမှားရင် အရိုးဖြူစွန့်ပစ်ကုန်းမြေမှာ တစ်ခုခုဖြစ်နေလောက်ပြီ ”

ချန်းရှီက လေးနက်စွာ တွေးလိုက်ပြီး ပြောသည်။

“ စိတ်မကောင်းစရာက ကပ်ဘေးဒုက္ခကို ငါမဖြတ်ကျော်ရသေးတာကြောင့် ချိုင့်ဝှမ်းထဲကနေ ငါမထွက်သွားနိုင်ဘူး… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ လိုအပ်တယ်… မဟုတ်ရင် အရိုးဖြူစွန့်ပစ်ကုန်းမြေဆီ ငါသွားပြီး ဘာတွေဖြစ်နေလဲ ကြည့်လိမ့်မယ်… ဒါပေမဲ့ နင့်ရဲ့ အကိုသီက ဒီလောက်အံ့ဖွယ်ကောင်းတဲ့ သီချင်းကို သီဆိုနိုင်တယ်ဆိုတော့ သူက သာမန်မိစ္ဆာတစ်ကောင် မဖြစ်နိုင်ဘူး… သူ့ရဲ့ အလားအလာက အရမ်းကြီးမားတယ်… အနာဂတ်မှာ သူက အစွမ်းထက်မိစ္ဆာပညာရှင်တစ်ပါး ဖြစ်လာနိုင်လောက်တယ် ”

ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ သူ၏ အကြည့်က နက်ရှိုင်းသွားသည်။

“ ဖတ်… ဖတ်… ”

အရိုးဖြူစွန့်ပစ်ကုန်းမြေထဲတွင် သီရှီထျန်က သီချင်းထဲမှာ ဈာန်ဝင်စားနေဆဲပင်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သီချင်းထဲမှ ဇာတ်ကောင်၏ ပြိုင်ဘက်ကင်းအရှိန်အဝါနှင့် တစ်ပုံစံတည်း တူညီသည်။ တိုက်ပွဲစိတ်ဆန္ဒက မီးဟုန်းဟုန်းတောက်လောင်နေစဉ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အကန့်အသတ်မဲ့စွာ ပေါ်လျှိုးလာသည်။ ယင်းက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ငြိမ်သက်နေခဲ့ကြသော အကြွင်းအကျန်ဝိညာဉ်များကို ပြန်နိုးထလာစေသည်။ သူတို့က လူသားများ၊ မိစ္ဆာများ၊ မွန်းစတားများနှင့် နတ်ဘုရားများ၏ အကြွင်းအကျန်ဝိညာဉ်များ ဖြစ်ကြသည်။ သူတို့က တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြသော်လည်း ရှေးခေတ်ကာလတွင် အစွမ်းထက်ပညာရှင်များ ဖြစ်ခဲ့ကြသည်။ သူတို့၏ နောက်ဆုံးထွက်သက်အချိန်မှာပင် သွေးက ပူနွေးနေဆဲပင်။ တိုက်ပွဲစိတ်ဆန္ဒက သူတို့၏ နောက်ဆုံးနေဝင်ချိန်မှာပင် မပျောက်ကွယ်သွားပေ။ သူတို့သည် သေလွန်သွားပြီးနောက်မှာပင် ဆက်လက် တိုက်ခိုက်ချင်ကြသည်။

သီချင်းသံက မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များကြားထဲမှာ ပဲ့တင်ထပ်သွားသည်။

သူတို့သည် သေလွန်သွားပြီဖြစ်၍ အသက်ပြန်မရှင်နိုင်ကြတော့ချေ။ သို့သော် တိုက်ပွဲဆာလောင်မှုနှင့် အမြစ်ဖြတ်သုတ်သင်ပစ်ချင်သော စိတ်ဆန္ဒက အကြွင်းအကျန်ဝိညာဉ်များထဲမှာ ဆက်ပြီး ရှိနေသည်။ ဤအခိုက်အတန့်မှာ ထိုအကြွင်းအကျန်ဝိညာဉ်များသည် သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်သွားကြသည်။ သူတို့က နောက်ဆုံးကျန်ရှိသော တိုက်ပွဲဆာလောင်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သီရှီထျန်အား လွှဲပြောင်းပေးအပ်ချင်သည်။

အကယ်၍ သီရှီထျန်သာ ယခုအချိန်မှာ သတိရှိနေမည်ဆိုလျှင် သူက ထိုအကြွင်းအကျန်ဝိညာဉ်များ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို စုပ်ယူလိုက်သည့်အခါ အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။ အရေအတွက်တစ်သောင်းကို မဆိုထားနှင့် အရေအတွက်တစ်ထောင်သည်ပင် သီရှီထျန်ကို အဆုံးမဲ့သော သတ်ဖြတ်မှုထဲမှာ နစ်မြုပ်သွားစေလိမ့်မည်။ ထို့ပြင် ယခု ဤနေရာမှာ အရေအတွက်အကန့်အသတ်မဲ့သော အကြွင်းအကျန်ဝိညာဉ်များ တည်ရှိနေသည်။

ထိုအခါ သူက သတ်ဖြတ်မှု၏ ကျေးကျွန်ဖြစ်လာပြီး သတ်ဖြတ်ရန်မှလွဲ၍ တခြားမည်သည့်အရာကိုမှ သိတော့မည် မဟုတ်ချေ။ သူက သက်ရှိတစ်ယောက်ကို မြင်သည်နှင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သတ်ပစ်လိမ့်မည်။

သို့သော်လည်း ယခု သူက ရှေးဟောင်းသီချင်း၏ အကျိုးအာနိသင်အောက်မှာ ဖော်ပြရန်ခက်ခဲသော အခြေအနေထဲသို့ ရောက်ရှိသွားသည်။ အကြွင်းအကျန်ဝိညာဉ်များ ပိုမိုများပြားစွာ ဝင်ရောက်လာသည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကမ္ဘာတုန်ဟီးစေမည့် အဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ ဦးခေါင်းထက်မှာပင် သွေးနီရောင်တိမ်တိုက်တစ်ခု ဖွဲ့စည်းသွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက

သို့သော်လည်း စူးရှကျယ်လောင်သော မြည်သံက တောင်ပိုင်းမြေရိုင်းဒေသ၏ ဧရိယာအတွင်းမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမြည်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက တောင်ပိုင်းမြေရိုင်းဒေသထဲမှ မြှောက်တတ်လာသည်။ ရုတ်တရက်ဆိုသလို ထိုစွမ်းအားက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို လှောင်ချိုင့်တစ်ခုပမာ ဖုံးအုပ်သွားသည်။ သို့ဖြစ်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်သို့ မထွက်သွားနိုင်တော့ပေ။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မည်မျှအားကောင်းပါစေ တောင်ပိုင်းမြေရိုင်းဒေသ၏ နယ်နိမိတ်အပြင်သို့ မထွက်သွားနိုင်ပေ။ ယင်းက အလွန်ထူးဆန်းသည်။

စက်ကရာက ယင်းကို ဂရုမစိုက်ပေ။ သူက သီချင်းဆိုနေလျက် အရှေ့သို့ ဆက်လျှောက်သွားသည်။ သူသီချင်းဆိုနေစဉ် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိအားလုံးက သွေးပွက်ပွက်ဆူသွားကြသည်။ အရှေ့သို့ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း အရေအတွက်များပြားသော အကြွင်းအကျန်ဝိညာဉ်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဤအခိုက်အတန့်မှာ မည်မျှများပြားသော အကြွင်းအကျန်ဝိညာဉ်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သီရှီထျန် မသိပေ။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက လျှို့ဝှက်ဆန်းကြယ်စွာ စတင်ပြောင်းလဲသွားသည်။

ယင်းက မီးဘောလုံးတစ်လုံးနှယ် စတင်ခုန်လာသည်။

သူ့ခန္ဓာကိုယ်ထဲသို့ အကြွင်းအကျန်ဝိညာဉ်တစ်ကောင် ဝင်ရောက်သွားတိုင်း သူက အနည်းငယ် ပိုအရပ်ရှည်သွားဟန် ရ၏။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ခြေထောက်အောက်မှ အရိုးစုအပုံက ပြာမှုန်ဖြစ်သွားသည်။

“ ဘန်း… ဘန်း… ဘန်း ”

ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များ၏ လက်ခံကောင် ဖြစ်လာသည်။ သူက ပြိုင်စံရှားနတ်မိစ္ဆာတစ်ပါးသဖွယ် သန်မာသွားသည်။

ဒုတိယအကြိမ်မြောက် သီချင်းဆုံးသွားသည့်အခါ သီရှီထျန်က ကျင့်ကြံသူအုပ်စု၏ အရှေ့သို့ ရောက်ရှိသွားသည်။

ထိုစဉ် ကျင့်ကြံသူအုပ်စုက သွေးပွက်ပွက်ဆူနေသည်။ ရှင်းလင်းစွာပင် သူတို့သည်လည်း သီရှီထျန်၏ သီချင်းသံဖြင့် သက်ရောက်ခံခဲ့ကြရသည်။ သီရှီထျန်ကို မြင်သွားသောအခါ အကြောက်တရားက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က ဘာမှမလှုပ်ရှားရသေးသော်လည်း သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကျင့်ကြံသူအားလုံးကို ဖုံးအုပ်သွားသည်။

အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ဖုံးအုပ်ခံလိုက်ရသည့်အခါ သူတို့က တုန်လှုပ်ချောက်ချားသွားကြသည်။ မရေမတွက်နိုင်သော သတ်ဖြတ်မှုမြင်ကွင်းများက သူတို့၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့ပြင် သီရှီထျန်၏ ဘေးမှ အကြွင်းအကျန်ဝိညာဉ်ထောင်သောင်းချီကလည်း ကျယ်လောင်စွာ အော်မြည်နေကြသည်။

“ သတ်… သတ်… သတ် ”

စက်ကရာ၏ အသိစိတ်က တမူထူးခြားသော အခြေအနေထဲမှာ ရှိနေသည်။ ထို့ကြောင့် သူရှာဖွေနေသော စုံတွဲက သူ့အရှေ့မှ အုပ်စုထဲမှာရှိနေကြောင်း သူမသိနိုင်ပေ။ သို့သော်လည်း အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ လှုံ့ဆော်မှုအောက်မှာ သူက သတ်ဖြတ်ရန် စိတ်အားထက်သန်လာသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ ကိုယ်ပေါ်မှာ ဖွဲ့စည်းသွားသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော သွေးနီရောင်လှိုင်းဂယက်များသည်ပင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူက “ သတ် ”ဟူသော စကားလုံးကို သုံးကြိမ်ဆက်တိုက် အော်ပြောလိုက်သည်။ သူက လက်ထဲမှ ကျားဝိညာဉ်ဓားမော့ကို ကိုင်မြှောက်လိုက်သည်။

“ ဘန်း ”

ဤအခိုက်အတန့်မှာ သူတစ်ယောက်တည်း မဟုတ်တော့ပေ။ သူက ဤအရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ သေဆုံးသွားခဲ့ကြသော အကြွင်းအကျန်ဝိညာဉ်များ၏ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် တိုက်ပွဲဆန္ဒက ဒလဟော ပေါ်လျှိုးလာပြီး သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့ထဲသို့ စီးဆင်းသွားသည်။ လွန်ခဲ့သော ခြောက်လတွင် သူက အခြေခံဓားမော့ပညာရပ်ကို နေ့စဉ်မပြတ် လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် သူက အခြေခံဓားမော့ပညာရပ်ကို ပြီးပြည့်စုံစွာ တတ်မြောက်သွားသည်။

ယခု သူ၏ စိတ်ထဲ၌ အရေအတွက်ထောင်ချီသော ဓားမော့လှုပ်ရှားမှုပုံရိပ်များ အလိုအလျောက် ထွက်ပေါ်လာသည်။ ယင်းတို့အားလုံးက အခြေခံဓားမော့ပညာရပ်မှ ဆင်းသက်လာကြခြင်းဖြစ်သည်။ ယင်းတို့ထဲမှ တချို့တဝက်က အတူတကွ ပေါင်းစည်းသွားကြစဉ် တချို့တဝက်က အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။ အရေအတွက်အကန့်အသတ်မဲ့သော အကြွင်းအကျန်ဝိညာဉ်များနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ လှုံ့ဆော်ပေးမှုအောက်မှာ နားလည်သဘောပေါက်မှုတစ်ခုက သူ့ခေါင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ သူက မမျှော်လင့်ဘဲ ဉာဏ်အလင်းရသွားသည့်အလားပင်။ မကြာမီ သတင်းအချက်အလက်အသစ်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားမော့ပညာရပ်က ဤလောကမှာ ဖွဲ့စည်းသွားသည်။

“ ဝီး ”

ကျားဝိညာဉ်ဓားမော့ကို ကျင့်ကြံသူအုပ်စုထံသို့ လွှဲယမ်းလိုက်သည်။ ဓားမော့ရွေ့လျားသွားသည့်အခိုက် အရိုးဖြူစွန့်ပစ်ကုန်းမြေက ကြမ်းတမ်းစွာ တုန်လှုပ်သွားသည်။ ကျားဝိညာဉ်ဓားမော့၏ တိုက်ခိုက်မှုအောက်မှာ မရေမတွက်နိုင်သော အရိုးစုများက ဖုန်မှုန့်ဖြစ်သွားကြသည်။ ထို့နောက် မိုးမြေကို ချိတ်ဆက်ပေးမည့် အံ့ဖွယ်ဓားမော့အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပယင်းရောင်ဓားမော့အလင်းတန်းက မိုးမြေကို ဖြတ်သန်းသွားသည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော နတ်ဘုရားပုံရိပ်များနှင့် မိစ္ဆာပုံရိပ်များက ဓားမော့ထံမှ ထွက်ပေါ်လာကြသည်။ ထိုနတ်ဘုရားများနှင့် မိစ္ဆာများသည် သူတို့၏ လက်ထဲမှ ဓားမော့ကို ကိုင်မြှောက်၍ တိုက်ခိုက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ အချင်းမိုင်တစ်ရာအတွင်း၌ ဓားမော့အလင်းရောင်များ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာသည်။ သူတို့အားလုံးက အခြေခံဓားမော့ပညာရပ်ထဲမှ လှုပ်ရှားမှုများကိုသာ အသုံးပြုလိုက်ကြသည်။ သို့သော်လည်း သူတို့၏ လှုပ်ရှားမှုများထဲမှာ မိုးမြေ၏ နက်နဲသိမ်မွေ့မှုများ ပါဝင်နေဟန် ရ၏။

ထို့ကြောင့် သူတို့၏ ဓားမော့ခုတ်ချက်များက လေဟာနယ်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

နတ်ဘုရားတစ်ပါးစီနှင့် မိစ္ဆာတစ်ကောင်စီသည် မတူညီသော ဓားမော့လှုပ်ရှားမှုများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က ရန်သူကို မတူညီသော ရှုထောင့်မျိုးစုံမှ ပစ်မှတ်ထားလိုက်ကြသည်။ ထို့ကြောင့် ဓားမော့အလင်းတန်းများက အချင်းမိုင်တစ်ရာအတွင်းမှ နယ်မြေအားလုံးကို ဖုံးလွှမ်းသွားသည်။

ရှင်းလင်းစွာပင် သီရှီထျန် ထုတ်လွှတ်လိုက်သော ဓားမော့ပညာရပ်က သာမန်မဟုတ်ပေ။ ယင်းက အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်သည်။ နတ်ဘုရားများနှင့် မိစ္ဆာများ ထွက်ပေါ်လာသည့်အခါ လောကတစ်ခုလုံး တုန်ယင်သွားသည်။ နေနှင့်လသည်ပင် ယင်းတို့၏ အရောင်အဝါကို ဆုံးရှုံးသွားကြသည်။

နတ်ဘုရားများနှင့် မိစ္ဆာများ၏ အင်အားကို မည်သူက ခုခံတွန်းလှန်နိုင်မည်နည်း။

“ အား… မြန်မြန်လုပ်ကြ… အစီအရင်မြေပုံကို အမြန်အသက်သွင်းကြ ”

ကျင့်ကြံသူအုပ်စုသည် ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် အံ့ဩထိတ်လန့်သွားကြသည်။ ကမ္ဘာမြေကို ဖျက်ဆီးပစ်နိုင်သည့် အံ့ဖွယ်ဓားမော့ခုတ်ချက်ကို မြင်သွားသောအခါ သူတို့က ကြောက်ဒူးတုန်သွားကြသည်။ သို့သော်လည်း ခွေးသည်ပင် ချောင်ပိတ်ခံရသည့်အခါ ပြန်ကိုက်တတ်သည် မဟုတ်ပါလော။ သူတို့က သာမန်လူများထက် ပိုပြီးမြင့်မြတ်သော မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့က မည်သို့ကြောင့် ငြိမ်ခံနေမည်နည်း။

မည်သူက အော်ပြောလိုက်မှန်း မသိရသော်လည်း ယင်းက ကျင့်ကြံသူအားလုံးကို သတိပြန်ဝင်သွားစေသည်။

သူတို့သည် တုံ့ဆိုင်းမနေဘဲ သူတို့၏ မပြည့်စုံသော အစီအရင်မြေပုံအပိုင်းအစများကို အမြန်ထုတ်လိုက်ကြသည်။ မြေပုံအပိုင်းအစအားလုံးက ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြသည်။ စုစုပေါင်း မြေပုံအပိုင်းအစခုနစ်ခု ရှိသည်။ ယင်းတို့က လေထဲသို့ အတူတကွ ပျံတတ်သွားကြပြီး အတူတကွ ပေါင်းစည်းသွားကြသည်။ သို့သော်လည်း မြေပုံသည် မပြည့်စုံသေးပေ။

အဘယ့်ကြောင့်ဆိုသော် အပိုင်းအစတစ်ခု ပျောက်ဆုံးနေသောကြောင့်ပင်။

“ ဂါး ဂါး ”

မပြည့်စုံသော အစီအရင်မြေပုံအပိုင်းအစများက ကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားကြသည်။ ထို့နောက် ထူးဆန်းသော အော်သံများက မြေပုံအပိုင်းအစများထံမှ ထွက်ပေါ်လာသည်။ ထိုအော်သံများက အလွန်ချောက်ချားဖွယ်ကောင်းလေရာ တစ်စုံတစ်ယောက်ကို အမွှေးအမျှင်ထောင်မတ်သွားစေနိုင်၏။ မကြာမီ ချောက်ချားဖွယ်ကောင်းသော အော်သံများနှင့်အတူ အရိုးစုဘုရင်များက လေထဲမှာ ထွက်ပေါ်လာကြသည်။ စုစုပေါင်း အရိုးစုဘုရင်ခုနစ်ကောင် ရှိသည်။ သူတို့တစ်ကောင်စီက မတူညီသော လက်နက်ကြီးများကို ကိုင်ဆောင်ထားကြသည်။

မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများက ကောင်းကင်ပေါ်မှ ဆင်းသက်လာနေကြောင်း မြင်သွားသောအခါ အရိုးစုဘုရင်များ၏ မျက်လုံးထဲမှ မီးတောက်က အပြင်းအထန် လှုပ်ယမ်းသွားသည်။

“ ဂါး… ဂါး… ”

တစ်ချိန်တည်းမှာ သူတို့က ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် သူတို့က လူအများ ပါးစပ်အဟောင်းသားဖြစ်သွားစေမည့် အရာကို လုပ်ဆောင်လိုက်ကြသည်။

သူတို့အားလုံးသည် လက်နက်များကို မြေကြီးပေါ်မှာ တရွတ်တိုက်ဆွဲ၍ အရှေ့သို့ အမြန်ပြေးသွားကြသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူတို့က အစီအရင်မြေပုံအပိုင်းအစများ၏ အရှေ့သို့ ရောက်ရှိသွားကြသည်။ ထို့နောက် သူတို့က မြေပုံအပိုင်းအစများထဲသို့ ပြန်ခုန်ဝင်သွားကြသည်။ သူတို့က အပြင်လောကမှာ မနေဝံ့ကြချေ။ မကြာမီ မြေပုံအပိုင်းအစများက အရွယ်အစားပြန်ကျုံ့သွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။

အမှန်တကယ်ပင် အရိုးစုဘုရင်များသည် မတိုက်ခိုက်ဝံ့ဘဲ ထွက်ပြေးသွားကြသည်။ ကမ္ဘာမြေဖျက်ဆီးပစ်နိုင်သော ဓားမော့ခုတ်ချက်အောက်မှာ သူတို့၏ သတ္တိက ပျောက်ဆုံးသွားသည်။ သူတို့ဆီမှာ ခုခံတွန်းလှန်မည်ဟူသော အတွေး လုံးဝ မရှိပေ။ သူတို့က လိပ်များကဲ့သို့ အခွံထဲ ခေါင်းပြန်ဝင်သွားကြသည်။

All Chapters