အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) ကံကြမ္မာ မဲနှိုက်ခွင့် ရရှိခြင်း
ကံကြမ္မာသားတော် ရှုချန် သေဆုံးသွားလေပြီ။ သူသည် ရှုချွမ်း၏ လက်ထဲတွင်ပင် ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရှုချန် သေဆုံးသွားသည်နှင့်အမျှ ရှုချွမ်း၏ မျက်စိရှေ့တွင် စနစ်၏ သတိပေး စာများ ဆက်တိုက် ပေါ်လာတော့သည်။
【သင်သည် ကံကြမ္မာသားတော် တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် 'ကံကြမ္မာသားတော် အမဲလိုက်သူ ' ဘွဲ့ကို ရရှိကာ အဆင့်မြင့် ကံကြမ္မာမဲနှိုက်ခွင့် တစ်ကြိမ် ရရှိပါသည်။ ယခုပင် မဲနှိုက်လိုပါသလား】
【သင်သည် ကံကြမ္မာသားတော် ကို သတ်ဖြတ်ပြီး သင်၏ ကိုယ်ပိုင်ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သဖြင့် အဆင့်မြင့် ကံကြမ္မာမဲနှိုက်ခွင့် နောက်ထပ်တစ်ကြိမ် ရရှိပါသည်။ ယခုပင် မဲနှိုက်လိုပါသလား】
【သင်သည် ကံကြမ္မာသားတော် ကို သတ်ဖြတ်ကာ သူ၏ ကံကြမ္မာကို လုယူနိုင်ခဲ့သဖြင့် အထူးအဆင့် ကံကြမ္မာမဲနှိုက်ခွင့် တစ်ကြိမ် ရရှိပါသည်။ ယခုပင် မဲနှိုက်လိုပါသလား】
အထူးအဆင့် မဲနှိုက်ခွင့်တွင် 'ရွှေရောင်ကံကြမ္မာ' ရရှိနိုင်ခြေမှာ ၉၀% အထိ ရှိသည်။
စနစ်၏ သတိပေး စာများမှာ ရှုချွမ်း၏ ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာရာ သူပင် မျက်စိလည်သွားရသည်။
ဘာတွေဖြစ်နေသလဲဆိုသည်ကို သဘောပေါက်သွားချိန်တွင် သူ၏ မျက်နှာတွင် အတိုင်းအထက်အလွန် ဝမ်းသာပီတိဖြစ်သော အမူအရာ ပေါ်လာတော့သည်။
အဆင့်မြင့် မဲနှိုက်ခွင့် နှစ်ကြိမ်၊ ပြီးတော့ ရွှေရောင်ကံကြမ္မာ ရဖို့ ၉၀% သေချာနေတဲ့ အထူးအဆင့် မဲနှိုက်ခွင့် တစ်ကြိမ်။
“ဒါဟာ တကယ့်ကို အကြီးအကျယ် ရိတ်သိမ်းမှုကြီးပဲ”
ရှုချွမ်းသည် သူ့ဘာသာသူ တွေးလိုက်သော်လည်း သူ၏ မျက်နှာထက်မှ အပြုံးမှာတော့ လုံးဝ ပျောက်ကွယ်မသွားပေ။
ဒါက ရှုချွမ်း ဘယ်လောက်တောင် ပျော်နေသလဲဆိုတာကို သက်သေပြနေခြင်းပင်။
စနစ်ကို ရရှိကတည်းက သူသည် အခြေခံ ကံကြမ္မာမဲနှိုက်ခွင့် တစ်ကြိမ်သာ ရဖူးသေးသည်။
သို့သော် ထိုတစ်ကြိမ်တည်းနှင့်ပင် သူသည် အနီရောင်ကံကြမ္မာဖြစ်သော 'ပြိုင်ဘက်ကင်းပြီးသန့်စင်ခြင်း' ကို ရရှိခဲ့ဖူးသည်။
ယခုမူ အဆင့်မြင့် နှစ်ကြိမ်နှင့် အထူးအဆင့် တစ်ကြိမ်...
ငါ ဘယ်လို ကံကြမ္မာမျိုးတွေ ထပ်ရဦးမလဲ။ ရှုချွမ်းမှာ အလွန် စိတ်လှုပ်ရှားနေမိသည်။
“အရင်ဆုံး အဆင့်မြင့် မဲနှိုက်ခွင့်ကနေ စလိုက်ရအောင်”
သူ၏ ကံကောင်းမှုများ တိုးလာနေချိန်တွင် သူ၏ ကံကောင်းခြင်း မှာလည်း တိုးတက်လာမလား သူ သိချင်နေသည်။
အကယ်၍ အဲဒီလိုသာဆိုရင်တော့ ဒီတစ်ခါ ငါတို့ သူဌေးဖြစ်ပြီ။
ရှုချွမ်းသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ စနစ်ပေါ်ရှိ မဲနှိုက်ခြင်းခလုတ်ကို နှိပ်လိုက်သည်။
【ကံကြမ္မာကို မဲနှိုက်နေပါသည်၊ ခဏစောင့်ပါ】
သတိပေး စာ ပေါ်လာသည်။
ရှုချွမ်းမှာ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေသည်။
ဘာပဲဖြစ်ဖြစ်... ဒါဟာ မင်္ဂလာဦးညကို စောင့်နေရတဲ့ သတို့သားလို ခံစားချက်မျိုးပင်။
မျှော်လင့်ချက် မရှိဘူးလို့ ပြောရင်တော့ အလိမ်အညာပဲ ဖြစ်လိမ့်မည်။
နောက်ဆုံးတွင် စနစ်၏ သတိပေး စာ ပြန်လည် ပေါ်ထွက်လာသည်။
【မဲနှိုက်ခြင်း ပြီးဆုံးပါပြီ】
【ဂုဏ်ယူပါသည်၊ ခရမ်းရောင်ကံကြမ္မာ 'တစ်ချက်ထိုးလူသား ' ကို ရရှိပါသည်။】
【တစ်ချက်ထိုး လူသား - သာမန်အခြေအနေတွင် လက်သီးဖြင့် ထိုးနှက်မှုသည် ထိခိုက်မှု အဆ ၅၀ ပိုများစေသည်။ အထူးလက်သီးသိုင်းပညာ များကို အသုံးပြုချိန်တွင် ထိခိုက်မှုတိုးနှုန်းမှာ တစ်ဝက် (၂၅ ဆ) ဖြစ်သွားမည်။】
ဤခရမ်းရောင်ကံကြမ္မာ၏ ဖော်ပြချက်ကို မြင်လိုက်ရသောအခါ ရှုချွမ်းသည် စိတ်ပြင်ဆင်ထားသော်လည်း အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။
ထို့နောက် သူ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဒါက ကြောက်စရာကြီးပဲ။
ခရမ်းရောင်ကံကြမ္မာ တစ်ခုတည်းနှင့်တင် သူ၏ သာမန်လက်သီးက အဆ ၅၀ ပိုပြင်းသွားမည်ဖြစ်ကာ 'မဟာနေနတ်ဘုရားလက်သီး' ကို သုံးလျှင်ပင် ၂၅ ဆ ပိုပြင်းဦးမည် ဖြစ်သည်။
ဒါက မယုံနိုင်စရာပဲ။ တွေးကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းလှသည်။
ရန်သူကို ရင်ဆိုင်ချိန်တွင် သူ့၏ ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်ကို မြင်လျှင် သူတို့သည် သတိလက်လွတ် ဖြစ်နေပေလိမ့်မည်။
သို့သော် ထိုသာမန်လက်သီးလေးက သူတို့၏ အသက်ကို အလွယ်တကူ နှုတ်ယူသွားနိုင်မည်ကို သူတို့ သိကြလိမ့်မည် မဟုတ်ပေ။
ဤ 【တစ်ချက်ထိုး လူသား】 ကံကြမ္မာသည် ရှုချန်း၏ ကိုယ်ပိုင်ပါရမီဖြစ်သော 'အဆတစ်ရာ တိုးပွားခြင်း' နှင့် ပေါင်းစပ်လိုက်ပါက ခဏချင်းအတွင်းမှာပင် တုန်လှုပ်ဖွယ် စွမ်းအားများကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
အကယ်၍ ရှုချန်နှင့်သာ ထပ်တွေ့ဦးမည်ဆိုလျှင် ရှုချွမ်းသည် သူ့ကို လက်သီးတစ်ချက်တည်းနှင့် ပြန်မရှင်နိုင်အောင် ထိုးသတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။
မိစ္ဆာအမြုတေကိုတောင် လိုက်ရှာနေစရာ မလိုတော့ပေ။
“ငါတော့ သူဌေးဖြစ်ပြီဟေ့”
ဒါဟာ ပထမဆုံး အဆင့်မြင့် မဲနှိုက်ခြင်းသာ ရှိသေးသည်၊ ဒါတောင် သူ့ကို ဒီလောက် အံ့ဩစရာတွေ ပေးခဲ့ပြီ။
【ကံကြမ္မာအသစ်ကို တပ်ဆင်ပြီးပါပြီ၊ စစ်ဆေးကြည့်နိုင်ပါသည်】
နောက်ထပ် စနစ်၏ သတိ ပေးသံတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ရှုချွမ်းသည် သူ၏ လက်သီးထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအား၏ ပံ့ပိုးမှုဖြင့် သူ၏ လက်သီးမှာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသွားခဲ့ပြီ။
တပ်ဆင်မှု အောင်မြင်သွားပြီးနောက် ရှုချွမ်းသည် သူ၏ ဦးခေါင်းထိပ်တွင် အေးစိမ့်စိမ့် ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်သွားသည်။
သူ စမ်းကြည့်သော်လည်း ဘာမှ မတွေ့သဖြင့် လျစ်လျူရှုလိုက်သည်။
“နောက်တစ်ခါ”
အခုက သူ ကံအကောင်းဆုံး အချိန်ဖြစ်သည်။ အခု မနှိုက်ရင် ဘယ်တော့ နှိုက်တော့မလဲ။
ထို့နောက် ရှုချွမ်းသည် မဲနှိုက်ခြင်းခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်သည်။
စနစ်၏ သတိပေး စာ ထပ်ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင် ရှုချွမ်းမှာ ပို၍ တည်ငြိမ်နေသည်။
ယခင် ခရမ်းရောင်ကံကြမ္မာကို ရထားပြီဖြစ်ရာ ယခုတစ်ကြိမ် အမှိုက်ပဲ ရရ သူ နစ်နာစရာ မရှိတော့ပေ။
အချိန်တွေ ထပ်ကုန်သွားပြန်သည်။
ရုတ်တရက် ရှုချွမ်း၏ မျက်စိရှေ့တွင် ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။
ဒုတိယအကြိမ် အဆင့်မြင့် မဲနှိုက်ခြင်း ပြီးဆုံးသွားပြီ။
【ဂုဏ်ယူပါသည်၊ ခရမ်းရောင်ကံကြမ္မာ 'လူနှင့်ဓား တစ်သားတည်း' ကို ရရှိပါသည်။】
【လူနှင့်ဓား တစ်သားတည်း - သင် ဓားတစ်လက်ကို ကိုင်ထားချိန်တွင် ထိုဓားသည် သင်ဖြစ်ပြီး သင်သည်လည်း ထိုဓားပင် ဖြစ်သည်။ သင်သည် ဓားသိုင်းပညာအပေါ် ထူးကဲသော နားလည်မှုကို ပိုင်ဆိုင်မည် ဖြစ်သည်။ မည်သည့် ဓားသိုင်းကိုမဆို အချိန်တိုအတွင်း တတ်မြောက်နိုင်မည်။ ရန်သူ၏ ဓားသိုင်းပညာ အားနည်းချက်များကို မြင်နိုင်စွမ်းရှိပြီး အခွင့်အရေးကို အရယူကာ အသေသတ်ချက် ကို ပေးနိုင်မည် ဖြစ်သည်။】
ထပ်မံ ထွက်ပေါ်လာသော ဤခရမ်းရောင်ကံကြမ္မာကို ကြည့်ရင်း ရှုချွမ်း အံ့ဩလွန်း၍ လျှာပင် သပ်လိုက်မိသည်။
နောက်ထပ် ထိပ်တန်း ခရမ်းရောင်ကံကြမ္မာ တစ်ခုပဲ။
ဒီဖော်ပြချက်ကို ဖတ်ရုံနဲ့တင် ရှုချွမ်း၏ သွေးများ ဆူပွက်လာရသည်။
သူကိုယ်တိုင်ကလည်း ဓားသမားတစ်ဦး ဖြစ်သလို ' နတ်ဘုရားသတ်ဓား' ဆိုတဲ့ ကောင်းကင်အဆင့် ရတနာကိုလည်း ပိုင်ဆိုင်ထားသည်။
ထို့အပြင် သူသည် 'စင်ကြယ်သောဓားနှလုံးသားအဆင့်' ကိုလည်း နိုးထစေခဲ့ပြီးသား ဖြစ်သည်။
ယခု ဤ 【လူနှင့်ဓား တစ်သားတည်း】 ကံကြမ္မာသာ ထပ်ပေါင်းလိုက်ပါက သူ၏ ဓားလမ်းစဉ်အပေါ် နားလည်မှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
သူ၏ ဓားတာအို နားလည်မှုမှာ သူ၏ဆရာ၊ တစ်သက်လုံး ဓားတာအို နောက်ကိုပဲ လိုက်ခဲ့တဲ့ စစ်တုလင်းကိုတောင် ကျော်လွန်သွားနိုင်ပါသေးသည်။
ခရမ်းရောင်ကံကြမ္မာ နှစ်ခု ဆက်တိုက် ရလိမ့်မည်ဟု ရှုချွမ်း မမျှော်လင့်ထားခဲ့ပေ။
【ကံကြမ္မာအသစ်ကို တပ်ဆင်ပြီးပါပြီ၊ စစ်ဆေးကြည့်နိုင်ပါသည်】
သတိ ပေး သံ ထွက်ပေါ်လာသည်နှင့်အမျှ ရှုချွမ်းသည် သူ၏ ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ထပ်မံ ခံစားလိုက်ရသည်။
ဓားနှင့် ပတ်သက်သော အတွေးပေါင်း မြောက်မြားစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။
နတ်ဘုရားသတ်ဓားသည် ယခုအခါ သူ၏ အမိန့်ကို လုံးဝ နာခံနေပြီဖြစ်ကာ ယခင်ကကဲ့သို့ ထိန်းချုပ်ရ ခက်ခဲသော ခံစားချက်မျိုး လုံးဝ မရှိတော့ပေ။
သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ ဓားဝိညာဉ်မျိုးစေ့ပင်လျှင် ယခုအချိန်တွင် သိသိသာသာ ပြောင်းလဲလာခဲ့သည်။
၎င်းသည် တဖြည်းဖြည်း အသွင်ပြောင်းလာနေပြီဖြစ်ရာ မကြာမီ အချိန်အတွင်းမှာပင် အစစ်အမှန် 'သိုင်းဝိညာဉ်' အဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့မည်ဟု သူ ယုံကြည်နေသည်။
သတင်းကောင်းတွေ တစ်ခုပြီးတစ်ခု ရောက်လာသည်။
ရှုချွမ်း တစ်ခါမှ အဲ့လို မခံစားရဖူးပေ။ သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
အခု နောက်ဆုံး အထူးအဆင့် မဲနှိုက်ခြင်း တစ်ကြိမ် ကျန်သေးသည်။
သူ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ကံကြမ္မာမျိုး ထပ်ရဦးမလဲဆိုတာ မတွေးရဲလောက်အောင်ပင်။
ရှုချွမ်း အသက်ပြင်းပြင်း ရှူလိုက်သည်။ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
“ကဲ... စမယ်”
စိတ်တည်ငြိမ်သွားပြီးနောက် ရှုချွမ်းသည် နောက်ဆုံးကျန်ရှိနေသော မဲနှိုက်ခွင့်ကို တုံ့ဆိုင်းခြင်းမရှိဘဲ အသုံးပြုလိုက်သည်။
ပြောရရင်တော့ ကျန်နေတဲ့ အထူးအဆင့် မဲနှိုက်ခွင့်ကနေ ရွှေရောင်ကံကြမ္မာ ရဖို့ ၉၀% သေချာနေတာ ဖြစ်သည်။
ဒီရာခိုင်နှုန်းရယ်၊ သူ အခု ကံကောင်းနေတာရယ် ပေါင်းလိုက်ရင်တော့ ဒါဟာ ၁၀၀% ရွှေရောင်ကံကြမ္မာ ဖြစ်လာဖို့ သေချာနေပါပြီ။ ဒါပေမဲ့ ဘယ်လို ကံကြမ္မာမျိုးလဲ ဆိုတာပဲ သိဖို့ လိုတော့သည်။
ရှုချွမ်း မဲနှိုက်ခြင်းခလုတ်ကို နှိပ်လိုက်သည်နှင့် ကံကြမ္မာ စက်ဝိုင်း ကြီး ပြောင်းလဲသွားတော့သည်။
စက်ဝိုင်း တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေပြီး ၎င်းတို့ကြားတွင် ခရမ်းရောင်အလင်းတန်း နယ်မြေအနည်းငယ်သာ ပါဝင်သည်။
စက်ဝိုင်း ကြီး လည်ပတ်နေစဉ် ရှုချွမ်း၏ ရင်ခုန်သံမှာလည်း မြန်ဆန်လာသည်။
ထိုစက္ကန့်အနည်းငယ်မှာ သူ့အတွက်တော့ နှစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ပင်။
သူသည် စက်ဝိုင်း ၏ လက်တံကို စိုက်ကြည့်နေမိသည်။
နောက်ဆုံးတွင် လည်ပတ်နေသော စက်ဝိုင်း မှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
လက်တံမှာ တောက်ပနေသော ရွှေရောင်အကွက် များကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့သည်။
နောက်ဆုံးတွင် လက်တံသည် နောက်ဆုံး ရွှေရောင်အကွက် ၏ အစွန်းတွင် ရပ်တန့်သွားခဲ့သည်။
အကယ်၍ အနည်းငယ် ထပ်ရွေ့သွားပါက ခရမ်းရောင်ကံကြမ္မာ အကွက် ထဲသို့ ရောက်သွားပေလိမ့်မည်။
ရွှေရောင်ကံကြမ္မာ ဖြစ်နေသည်ကို မြင်လိုက်ရမှသာ ရှုချွမ်း၏ ရင်ထဲတွင် တုန်လှုပ်နေမှုများ ဖြည်းဖြည်းချင်း ငြိမ်သက်သွားတော့သည်။
ရွှေရောင်ရနိုင်ခြေ အလွန်များနေသော်လည်း သူသည် အကြောင်းပြချက် မရှိဘဲ ရင်ခုန်နေခဲ့ခြင်း ဖြစ်သည်။
【ဂုဏ်ယူပါသည်၊ ရွှေရောင်ကံကြမ္မာ 'သိုင်းပညာ ပါရမီရှင်' ကို ရရှိပါသည်။】
【သိုင်းပညာ ပါရမီရှင် - သိုင်းတာအို သည် ယခုအခါ အတားအဆီး မရှိတော့ဘဲ 'ကောင်းကင်ဘုရင်နယ်ပယ်' သို့ တိုက်ရိုက် ဦးတည်နေသည်။ မည်မျှပင် နက်နဲသော သိုင်းပညာကိုမဆို အလွယ်တကူ သင်ယူနိုင်ပြီး ထူးကဲသော နားလည်မှုကို ရရှိမည်။ သင်၏ သိုင်းပညာ ကျင့်ကြံနှုန်းမှာလည်း အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်သည်။】