← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) ရှုချွမ်း၏ အစစ်အမှန် ခွန်အား

ယန်ရှန်း၏ ပြဿနာကို ဖြေရှင်းပြီးသည်ကို မြင်သောအခါနတ်ဘုရားသတ်ဓားကို ကိုင်ဆောင်ထားသော ရှုချွမ်းသည် ချွေ့ကျန်းထံသို့ လျှောက်သွားပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သို့သော် သူသည် ယန်ရှန်း၏ တုံ့ပြန်မှုကို မြင်လိုသောကြောင့် သူ့ကိုမူ တမင်တကာ လျစ်လျူရှုထားခဲ့သည်။

စုမြောင်ရင်မှာ ယောင်ချီမြင့်မြတ်နယ်မြေရဲ့ လူများကို တွေ့ရှိခဲ့ရသဖြင့် ရှုချွမ်းနှင့်အတူ ဆက်မနေတော့ဘဲ သူမ၏ဂိုဏ်းသားများဆီသို့ သွားရောက်ပူးပေါင်းလိုက်သည်။

"ဂျူနီယာညီလေးရှု... မင်းလည်း ဒီမှာပဲကိုး"

ချွေကျန်းနှင့် အခြားသူများကလည်း အပြုံးများဖြင့် ပြန်လည်နှုတ်ဆက်ကြသည်။

သူနှင့် ရှုချွမ်းတို့သည် ယခင်က သိပ်မရင်းနှီးကြသော်လည်း 'ထိုက်ယိ မြင့်မြတ်နယ်မြေ' ၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး သိပ်မကွာလှသော နေရာတွင် ရပ်နေခဲ့ကြသည်။

ယန်ရှန်းကို စောစောစီးစီး ကယ်တင်ခဲ့သည်မှာလည်း ဤဂိုဏ်းတူညီအစ်ကိုဟူသော အကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။

သို့သော်လည်း သူတို့ဘေးတွင် ရှိနေသော ယန်ရှန်းကမူ ရှုချွမ်းကို ကြင်နာသောမျက်လုံးများဖြင့် မကြည့်ပေ။

အခုလေးတင် သူက ရှုချွမ်းကို အကူအညီတောင်းခဲ့သော်လည်း ရှုချွမ်းက ဘာမှပြန်မဖြေခဲ့သောကြောင့် စိတ်ထဲတွင် ထပ်မံ၍ မကျေမနပ် ဖြစ်မိပြန်သည်။

ဒါပေမယ့် ရှုချွမ်းကတော့ စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေလိုက်သည်။

ယန်ရှန်း၏ တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည့်အတိုင်း လုံးဝကိုက်ညီနေသည်။

"စီနီယာအစ်ကိုချွေ့... မြန်မြန်ပြင်ဆင်ကြရအောင်၊ နောက်တစ်ဆင့် စမ်းသပ်မှု စတင်တော့မှာဗျ"

ချွေ့ကျန်းက ခေါင်းညိတ်ပြီး ရှုချွမ်း၏ စကားကို သဘောတူကြောင်း ပြသလိုက်သည်။

ရှုချွမ်း၏ စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံကို တုန်ခါစေသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဒုတိယအချီ စမ်းသပ်မှုကို တရားဝင် စတင်လိုက်တော့သည်။

ကျဆုံးမိစ္ဆာများ အစောပိုင်းက ပေါ်လာခဲ့သည့် လမ်းကြောင်းတွင် တစ်ဖန် မူမမှန်သော လှုပ်ရှားမှုများ ပြသလာပြန်သည်။

နတ်ဘုရားသတ်ဓားကို ကိုင်ဆောင်ထားသော ရှုချွမ်းသည် မောက်မာဝင့်ကြွားစွာဖြင့် တစ်ယောက်တည်း ရပ်နေပြီး အခြားမြင့်မြတ်နယ် မြေမှ တိုက်ရိုက် တပည့်များကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ရား ရား

မိစ္ဆာချီလှိုင်းတစ်ခု ကောင်းကင်ယံထဲသို့ တည့်တည့်ထိုးတက်သွားပြီး ယခုတစ်ကြိမ်တွင် ပေါ်လာသည်မှာ ယခင်က ကျဆုံးမိစ္ဆာများ မဟုတ်တော့ပေ။

၎င်းတို့မှာ အနည်းဆုံး မျိုးစိတ်အမျိုးမျိုးရှိသော မိစ္ဆာသားရဲ နှစ်သောင်းခန့်ပင် ဖြစ်သည်။

အနိမ့်ဆုံး 'ချီစုစည်းခြင်းနယ်ပယ်' မိစ္ဆာသားရဲများမှ အမြင့်ဆုံး 'နတ်ဘုရားစွမ်းအားနယ်ပယ်' မိစ္ဆာသားရဲများအထိ ပါဝင်နေသည်။

မိစ္ဆ.သားရဲများသည် မိစ္ဆာမျိုးနွယ်နှင့် မတူညီပေ။

၎င်းတို့သည် အလွန်သန်မာသော ခန္ဓာကိုယ်ရှိကြပြီး တူညီသော ကျင့်ကြံခြင်း နယ်ပယ်ရှိ သိုင်းပညာရှင်ထက် နှစ်ဆကျော် ပိုမိုသန်မာကြသည်။

ထို့ကြောင့် မိစ္ဆာသားရဲများကို သတ်ချင်သော သိုင်းပညာရှင်များသည် မလွဲမသွေ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ကြရမည် ဖြစ်သည်။

ဒီမိစ္ဆာသားရဲတိုက်ခိုက်ရေးအုပ်စုကြီးသည် သူတို့နှင့် မိုင်တစ်ရာခန့်သာ ဝေးတော့သည့် အချိန်မှာပင် ရှုချွမ်းက စတင်လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

သူသည် မိစ္ဆာသားရဲများကို သတ်ဖြတ်ပြီး အမှတ်များရယူကာ ဆုလာဘ်များနှင့် လဲလှယ်ရန် လိုအပ်သည်။

သူ့တွင် လောလောဆယ် အမှတ်တစ်ထောင်သာ ရှိသေးသဖြင့် အစွမ်းထက်သော အမွေအနှစ်များ သို့မဟုတ် ကောင်းကင်နှင့်မြေကြီး ရတနာများနှင့် လဲလှယ်ရန် မလုံလောက်သေးပေ။

ထို့အပြင် ရှုချွမ်းသည် ဤစမ်းသပ်မှုအတွင်း သူ၏ သိုင်းတာအို အစစ်အမှန်ဝိညာဉ်ကို လုံးဝနိုးထစေလိုသည်။

သူ၏ ဓားဝိညာဉ်မျိုးစေ့သည် သတ်ဖြတ်ခြင်းဓားသိုင်းကို အခြေခံထားခြင်း ဖြစ်သောကြောင့် 'သတ်ဖြတ်ခြင်း ဓားဝိညာဉ်မျိုးစေ့' အဖြစ် ပေါင်းစည်းသွားခဲ့ပြီး ဖြစ်သည်။

သတ်ဖြတ်ခြင်း ဓားဝိညာဉ်ကို အပြည့်အဝ နိုးထစေရန်အတွက်မူ အဆုံးမရှိသော သတ်ဖြတ်မှုများ လိုအပ်သည်။

ဤစမ်းသပ်မှုတွင် အနည်းဆုံး လိုအပ်နေသည်မှာ သတ်ဖြတ်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဤမိစ္ဆာသားရဲ ထောင်ပေါင်းများစွာမှာ ရှုချွမ်းအတွက် သတ်ဖြတ်ရန် အကောင်းဆုံး ပစ်မှတ်များ ဖြစ်လာတော့သည်။

"သတ်"

ရှုချွမ်းက အော်ဟစ် လိုက်ပြီး သူ့လက်ထဲက နတ်ဘုရားသတ်ဓားကို မြှောက်လိုက်သည်။

သူ့ပတ်လည်ရှိ မိုင်ပေါင်းများစွာအကွာတွင် ထူးခြားသော အော်ရာ တစ်ခု ဝန်းရံသွားသည်။

တစ်ချက်တွေးလိုက်သည်နှင့် မရေမတွက်နိုင်သော ဓားချီများသည် ဤအကွာအဝေးအတွင်းတွင် ချက်ချင်း ပေါ်ထွက်လာတော့သည်။

ဒါက သူ၏ ဓားဝိညာဉ်မျိုးစေ့နှင့် သတ်ဖြတ်ခြင်းဓားသိုင်း ပေါင်းစပ်ထားခြင်းမှ ရရှိထားပြီး မကြာသေးမီကမှ တီထွင်ထားသည့် 'ဓားနယ်မြေ' ပင် ဖြစ်သည်။

ဤဓားနယ်မြေအတွင်းတွင် လူတစ်ဦးသည် သတ်ဖြတ်ခြင်းဓားချီ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ပြီး ခုခံနိုင်စွမ်းမရှိပါက သေခြင်းတရားသာ ရှိလိမ့်မည်။

"သေလိုက်တော့"

စကားတစ်ခွန်းသာ ပြောထွက်လာသည်။

ဓားနယ်မြေအတွင်းတွင် ဓားချီအားလုံးသည် အဆုံးစွန်အထိ မြင့်တက်လာသည်။

မိစ္ဆာသားရဲများ ဓားနယ်မြေထဲသို့ ဝင်လာပြီး ၎င်းတို့ကို ခုတ်လှဲမည့်အချိန်ကို စောင့်ဆိုင်းရင်း လေထုထဲတွင် ကန့်လန့်ဖြတ် ဓားချီများ ပြည့်နှက်သွားတော့သည်။

ရှုချွမ်းသည် လက်ရှိတွင် နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့် ၅ မှာသာ ရှိသေးသော်လည်း သူ၏ ဓားချီအော်ရာ ကမူ နိဗ္ဗာနနယ်ပယ် တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့် ဤမိစ္ဆာသားရဲများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်လှသည်။

အဘယ်ကြောင့်ဆိုသော် ထိုအထဲမှ မည်သည့်သားရဲမျှ နတ်ဘုရားစွမ်းအားနယ်ပယ်ထက် မမြင့်မားသောကြောင့် ဖြစ်သည်။

ဆွစ် ဆွစ် ဆွစ်

ကောင်းကင်ဘုံမှ ဆင်းသက်လာသော တရားစီရင်မှုကဲ့သို့ပင် ဓားချီများသည် ဓားနယ်မြေအတွင်းရှိ မိစ္ဆာသားရဲ တစ်ထောင်ကျော်ကို ချက်ချင်း ဝါးမြိုပစ်လိုက်ရာ တစ်ကောင်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ဤ ဖြစ် စဉ် အတွင်းတွင် ရှုချွမ်းက အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သူသတ်ခဲ့သော မိစ္ဆာသားရဲများ၏ အလောင်းအားလုံးသည် ချက်ချင်းပင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့၏ အသာ​းအစအနေ များလည်း ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ရှုချွမ်း သတ်ခဲ့သည့် မိစ္ဆာသားရဲ အရေအတွက်ကို ထိပ်တန်းစာရင်းတွင် အဆက်မပြတ် တက်လာနေသော အမှတ်များနှင့် အဆင့်များကသာ သက်သေပြနိုင်တော့သည်။

ယခုအခါ ရှုချွမ်းက အမှတ်လေးထောင်ငါးဆယ်ဖြင့် ပထမနေရာတွင် ရပ်တည်သွားပြီ ဖြစ်သည်။

တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ကျင့်ကြံခြင်း နယ်ပယ်အသီးသီးမှ မိစ္ဆာသားရဲ သုံးထောင်ကျော်သည် သူ၏ဓားအောက်တွင် သေဆုံးသွားခဲ့ကြသည်။

ခဏတာအတွင်း ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာချီများမှာ အလွန်ပင် သိပ်သည်းလာခဲ့သည်။

ဒါပေမယ့် ရှုချွမ်းက ဒါမလုံလောက်သေးမှန်း သိသည်။

သတ်ဖြတ်ခြင်း ဓားဝိညာဉ်ကို အပြည့်အဝ နိုးထစေရန်အတွက် သတ်ဖြတ်မှုများ ပိုမိုလိုအပ်သေးသည်။

သို့သော်လည်း ဤမြင်ကွင်းကို အခြားသိုင်းပညာရှင်များ မြင်တွေ့ခဲ့ရပြီး ချက်ချင်းပင် လူတိုင်း အံ့အားသင့်သွားကြသည်။

ခဏတာမျှ စမ်းသပ်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် အမျိုးမျိုးသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"ဒီလူက ဘယ်သူလဲဟ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

"ငါလည်း သေချာမသိဘူး၊ ဒါပေမယ့် သူ့ကို အစောပိုင်းက ထိုက်ယိမြင့်မြတ်နယ်‌မြေက တိုက်ရိုက် တပည့်တွေက စီနီယာအစ်ကို၊ ဂျူနီယာညီလေးလို့ ခေါ်နေကြတာ တွေ့တယ်၊ ဒါကြောင့် သူလည်း ထိုက်ယိမြင့်မြတ်နယ်‌မြေက ဖြစ်ရမယ်"

"ဒါက နတ်ဘုရားစွမ်းအားနယ်ပယ်မှာ ရှိသင့်တဲ့ ခွန်အားမျိုးလား၊ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"

ရှုချွမ်း ပြသခဲ့သည့် ခွန်အားက ရှိနေသူတိုင်းကို လုံးဝ အံ့အားသင့်စေခဲ့သည်။

စုမြောင်ရင်တောင်မှ တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် အများအပြားပင် ထိုဓားတိုက်ခိုက်မှုကို သူတို့ကိုယ်တိုင် ခံနိုင်ရည်ရှိပါ့မလားဟု တွေးတောနေကြသည်။

"တောက်... သူက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နိုင်ရတာလဲ"

ချွေ့ကျန်းတို့နှင့်အတူ ရှိနေသော ယန်ရှန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင် ဒေါသများ ဆူပွက်လာသည်။

ရှုချွမ်းက သူ့ထက် ပိုအစွမ်းထက်နေသည်ကို သူ လုံးဝသည်းမခံနိုင်ပေ။

အစောပိုင်းတွင် ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် အကြွင်းအကျန်ဝိညာဉ်ကို နိုးထစေပြီး အထွတ်အထိပ်အရိုးကို ရရှိပြီးနောက် သူသည် ရှုချွမ်းကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်နေခဲ့သည်။

ဒါပေမယ့် အခုတော့ အကြွင်းအကျန် ဝိညာဉ်က အိပ်ပျော်သွားခဲ့ပြီဖြစ်ပြီး အထွတ်အထိပ်အရိုးလည်း ပျောက်ဆုံးသွားခဲ့ရသည်။

ရှုချွမ်းကမူ ပို၍ပင် ရှေ့သို့ တိုးတက်လာပြီး သူ၏ ခွန်အားက ကြောက်စရာကောင်းလောက်အောင် ကြီးမားလာခဲ့သည်။

ရှုချွမ်းကို ခြေမှုန်းလိုသော သူ၏ဆန္ဒသည် ယခုအခါ လုံးဝ ပျက်စီးသွားရလေပြီ။

"ငါ အရှုံးမပေးနိုင်ဘူး"

ယန်ရှန်းသည် သူ့ရင်ထဲတွင် နာကျည်းစွာ အော်ဟစ်လိုက်သည်။

သူ့ကို လုယက်ခဲ့သော လူဆိုး ရှုချွမ်းအပေါ်ထားရှိသည့် မကျေနပ်ချက်များမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။

"ဂျူနီယာညီ‌လေးရှုက တကယ့်ကို သန်မာ တာပဲ"

ချွေ့ကျန်းက ဒီတိုက်ခိုက်မှုကို မြင်သောအခါ လေးစားအားကျစွာဖြင့် အော်ဟစ်လိုက်မိသည်။

ထို့နောက် သူသည် သူ၏ ဧရာမတူကြီးကို သယ်ဆောင်ပြီး မိစ္ဆာသားရဲများဆီသို့ အပြေးအလွှား ဝင်ရောက်သွားတော့သည်။

သူသည် ရှုချွမ်းထက် အသက်ကြီးသူဖြစ်သဖြင့် အရမ်းနောက်ကျကျန်မနေချင်ပေ။

အခြားသိုင်းပညာရှင်များလည်း ဤမြင်ကွင်းကို မြင်သောအခါ သတိပြန်ဝင်လာကြပြီး မိစ္ဆာသားရဲများနှင့် ဆက်လက် တိုက်ခိုက်ကြသည်။

ဤသတ်ဖြတ်မှုများကြားတွင် ရှုချွမ်းအပြင် အခြားလူသုံးဦးသည်လည်း အလွန်တရာ ထင်ရှားပေါ်လွင်နေခဲ့သည်။

တစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် တာအိုနိယာမများ ပြည့်နှက်နေသော လူငယ်သိုင်းသမား လင်ထျန်း ဖြစ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် မိစ္ဆာသားရဲများ မြေပြင်ပေါ် လဲကျကာ သေဆုံးသွားကြသည်။

နောက်တစ်ယောက်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် သန်မာသော လူငယ်ဖြစ်ပြီး မိစ္ဆာသားရဲအုပ်စုကို တိုက်ခိုက်ရာတွင် လက်သီးတစ်ချက်ချင်းစီတိုင်း၌ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်ရင့်ရင့် စာလုံးများ ပေါ်လာကာ မိစ္ဆာသားရဲများကို လက်ဗလာဖြင့်ပင် ဆွဲဖြဲပစ်နေသည်။

နောက်ဆုံးတစ်ယောက်မှာမူ အလွန်ထူးခြားသော တောင်ဝှေးကို ကိုင်ဆောင်ထားသည့် လူငယ် ကိုယ်တော် ဖြစ်သည်။

သူက ကျမ်းစာများကို ရွတ်ဆိုလိုက်သောအခါ သူ့ကို တိုက်ခိုက်နေသည့် မိစ္ဆာသားရဲများသည် ရုတ်တရက် ရပ်တန့်သွားပြီး ဗုဒ္ဓဘာသာ၏ အဆုံးအမများကို နားထောင်နေသကဲ့သို့ သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကြသည်။

ထို့နောက် သူ၏ တောင်ဝှေးဖြင့် ၎င်းတို့ကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်လိုက်ပြီး နောက်ဆုံးတွင် "အော်မီတော်ဖော်" ဟု ရွတ်ဆိုရန် မမေ့ပေ။

ရှုချွမ်းသည်လည်း သူတို့ထက် မလျှော့ဘဲ မိစ္ဆာသားရဲများကို ဆက်လက် သတ်ဖြတ်နေခဲ့သည်။

ဤလူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် စမ်းသပ်ကွင်းအတွင်းရှိ မိစ္ဆာသားရဲ အရေအတွက်မှာ သိသိသာသာ လျော့ကျလာခဲ့သည်။

မကြာခင်မှာပင် ၎င်းတို့အားလုံး လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

ဒုတိယအချီ စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက်တွင် ဤနေရာလွတ် အတွင်းရှိ သိုင်းပညာရှင် အရေအတွက်မှာ ထပ်မံ၍ လျော့နည်းသွားပြန်သည်။

ယခုအခါ လူတစ်ထောင်ကျော်ခန့်သာ ကျန်ရှိတော့သည်။

၎င်းတို့မှာ အများအားဖြင့် နတ်ဘုရားစွမ်းအားနယ်ပယ်အထက် ရှိကြသော သိုင်းပညာရှင်များ ဖြစ်ကြသည်။

'‌ေသမျိုးအဆင့်‌ေကျာ်လွန်ခြင်းနယ်ပယ်' သိုင်းပညာရှငမ အနည်းငယ်သာလျှင် ရတနာများကို အားကိုး၍သော်လည်းကောင်း အနောက်တွင် ပုန်းကွယ်နေ၍သော်လည်းကောင်း ဤဒုတိယအချီ စမ်းသပ်မှုကို မနည်းတောင့်ခံကျော်ဖြတ်နိုင်ခဲ့ကြသည်။

ဒုတိယအချီ စမ်းသပ်မှု ပြီးဆုံးသွားသည်နှင့်အမျှ ထိပ်တန်းစာရင်းရှိ အဆင့်သတ်မှတ်ချက်များသည် ထပ်မံ၍ အဆင့်မြှင့်တင်ခြင်း ခံလိုက်ရသည်။

ရှုချွမ်းက အမှတ်ရှစ်ထောင်ရှစ်ရာဖြင့် ပထမနေရာမှ ဦးဆောင်နေသည်။

ဒုတိယနေရာတွင်မူ တာအိုနိယာမနှင့် ပြည့်စုံသော လူငယ် လင်ထျန်းက အမှတ်ခုနစ်ထောင်ငါးရာဖြင့် ရှိနေသည်။

တတိယနေရာတွင် သန်မာသောလူငယ် ဝမ်ထန်းက အမှတ်ခုနစ်ထောင်ဖြင့် ရှိနေသည်။

စတုတ္ထနေရာတွင် လူငယ် ကိုယ်တော် က အမှတ်ခြောက်ထောင်ကိုးရာဖြင့် ရှိနေသည်။

ပဉ္စမနေရာတွင် ချွေ့ကျန်းက အမှတ်ခြောက်ထောင်ငါးရာဖြင့် ရှိနေသည်။

ယန်ရှန်းမှာမူ စိတ်ဓာတ်ကျနေ၍လားမသိ၊ သူသည် ထိပ်တန်းအယောက်နှစ်ဆယ် စာရင်းထဲမှပင် လွင့်စင်သွားခဲ့ရပြီ ဖြစ်သည်။

သို့သော်လည်း ဒါက ရှုချွမ်း လိုချင်နေသည့် အခြေအနေမျိုးပင် ဖြစ်တော့သည်။

All Chapters