← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) အမွေအနှစ် လဲလှယ်ခြင်းနှင့် သိုင်းတာအိုအတွင်းနတ်ဆိုး

"ဒုတိယအချီ စမ်းသပ်မှု အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"

"နောက်ထပ် စမ်းသပ်မှုမစခင် မင်းတို့မှာ အနားယူဖို့ နှစ်ရက် အချိန်ရပါမယ်။ ဒီအချိန်မှာ ကျင့်ကြံခြင်း ပြုနိုင်သလို မိမိတို့ရဲ့ အမှတ်တွေကို သုံးပြီး ဆုလာဘ်တွေ၊ အမွေအနှစ်တွေနဲ့လည်း လဲလှယ်နိုင်ပါတယ်"

"ဒုတိယအချီ စမ်းသပ်မှု အောင်မြင်သူတိုင်းကို 'ဟွမ်တင်းဆေးလုံး' တစ်လုံးစီ ဆုချီးမြှင့်ပါမယ်"

ထိုအသံကြီး ထပ်မံ ထွက်ပေါ်လာသောအခါ သိုင်းပညာရှင်အားလုံးသည် သက်ပြင်းချလိုက်မိကြပြီး အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။

ဆက်တိုက်ဆိုသလို စမ်းသပ်မှုနှစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး မိစ္ဆာမျိုးနွယ်နှင့် မိစ္ဆာသားရဲ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ရသဖြင့် သိုင်းပညာရှင်အများစုမှာ ၎င်းတို့၏ ခန္ဓာကိုယ်အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ တတိယအချီ စမ်းသပ်မှုသာ ချက်ချင်း ဆက်တိုက် ရောက်လာခဲ့လျှင် ၎င်းကို အောင်မြင်နိုင်မည့်သူ အနည်းငယ်သာ ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့အပြင် ဒုတိယအချီ စမ်းသပ်မှုအဆုံးတွင် ရှိနေသမျှ သိုင်းပညာရှင်တိုင်းကို 'ဟွမ်တင်းဆေးပြား' ဆုချီးမြှင့်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ဒါက နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို 'ကမ္မနယ်ပယ်' သို့ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်သည့် ထိပ်တန်းဆေးလုံးတစ်လုံးပင် ဖြစ်သည်။

နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် ကမ္မနယ်ပယ်သို့ ရောက်ရှိရန်အတွက် သေခြင်းမှ ရှင်ခြင်း လမ်းကို ရှာဖွေရင်း အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး ထိုအခါမှသာ ကမ္မနယ်ပယ်သို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း လူသိများသည်။

အကယ်၍ သူတို့သည် သေခြင်းတရားထဲမှ ရှင်ခြင်းလမ်းစကို ရှာမတွေ့နိုင်ပါက ကျရှုံးသွားကာ နိဗ္ဗာနနယ်ပယ်တွင် တစ်သက်လုံး ပိတ်မိနေမည် ဖြစ်သည်။

သို့မဟုတ်လျှင် ထိုကျင့်ကြံခြင်း အဆင့် တက်လှမ်းမှု အတွင်းမှာပင် အသက်ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

ဟွမ်တင်းဆေးလုံး၏ အာနိသင်မှာမူ သိုင်းပညာရှင်တစ်ဦးအနေဖြင့် သေခြင်းမှ ရှင်သန်မည့် အခွင့်အရေးကို ရှာဖွေရာတွင် ကြီးမားစွာ အထောက်အကူ ဖြစ်စေခြင်းပင်။

ဒီဆေးလုံးက အပြင်လောကတွင် အတော်လေး တန်ဖိုးရှိလှသည်။

သူတို့ကိုယ်တိုင် မသုံးစွဲလျှင်တောင်မှ ယွမ်ကျောက်တုံး အမြောက်အမြားနှင့် လဲလှယ်ရောင်းချနိုင်သည်။

သို့ဖြစ်ရာ ဤနေရာရှိ သိုင်းပညာရှင်များအနေဖြင့် ဘယ်လိုလုပ်ပြီး မပျော်ရွှင်ဘဲ ရှိနိုင်ပါ့မလဲ။

ဒါ့အပြင် အမွေအနှစ်များနှင့် ဆုလာဘ်များကို သူတို့၏အမှတ်များဖြင့် လဲလှယ်နိုင်ခြင်းကလည်း သူတို့ကို ပိုမိုစိတ်လှုပ်ရှားစေခဲ့သည်။

"ကျွန်တော့်မှာ အမှတ်တစ်ထောင်ရှိတယ်၊ အမွေအနှစ်တစ်ခုနဲ့ လဲလှယ်ချင်တယ်"

"ဟားဟား... ငါ့မှာ သုံးထောင်ရှိတယ်။ ငါ မြေကြီး အဆင့် လက်နက်တစ်ခုကို လိုချင် တယ်၊ အဲဒါပဲ"

"ငါ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကို ဖြတ်ကျော်ဖို့ ဆေးလုံးတစ်လုံး လိုအပ်နေတာ၊ အခု လဲလှယ်တဲ့စာရင်းထဲမှာ တွေ့လိုက်ပြီ"

လူအုပ်ကြီးသည် ရုတ်တရက် ဆူညံကာ စိတ်လှုပ်ရှားသွားကြသည်။

သူတို့၏ စွမ်းအားဖြင့် စမ်းသပ်မှုနှစ်ခုကို အောင်မြင်ခဲ့ကြသော သိုင်းပညာရှင်များသည် လဲလှယ်မှုစာရင်းကို အလုအယက် ဖွင့်လှစ်လိုက်ကြပြီး သူတို့လိုအပ်သော အမွေအနှစ် သို့မဟုတ် ဆုလာဘ်များကို ရှာဖွေကြတော့သည်။

သို့သော်လည်း ပျင်းရိကာ ဘာမှမလုပ်ဘဲ ပုန်းနေခဲ့ကြသော သိုင်းပညာရှင်များမှာမူ ဤမြင်ကွင်းကို နောင်တကြီးစွာဖြင့် ကြည့်နေရုံသာ ရှိတော့သည်။

ဤစမ်းသပ်မှု နှစ်ချီအတွင်းတွင် သူတို့သည် မိစ္ဆာများနှင့် မိစ္ဆာသားရဲများကို များများစားစား မသတ်ဖြတ်ခဲ့ကြသဖြင့် သူတို့၌ အမှတ် အလွန်နည်းပါးနေသည်။

သူတို့သည် လဲလှယ်မှုစာရင်းရှိ အနိမ့်ဆုံးအဆင့် ပစ္စည်းများကိုပင် လဲလှယ်နိုင်စွမ်း မရှိကြပေ။

ရှုချွမ်းသည် ဤအရာအားလုံးကို အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့သည်။

တစ်ကွင်းလုံးတွင် အမှတ်အများဆုံး ရရှိထားသူပီပီ သူသည်လည်း လဲလှယ်မှုစာရင်းကို ဖွင့်လိုက်ပြီး ဓားတာအိုနှင့် ပတ်သက်သည့် အမွေအနှစ်တစ်ခုကို လဲလှယ်ရန် ပြင်ဆင်လိုက်သည်။

သတ်ဖြတ်ခြင်းဓားသိုင်းဆိုသည်မှာ အမှန်တော့ နိဗ္ဗာနနယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးက သူ မသေဆုံးမီ ဖန်တီးခဲ့ခြင်းသာ ဖြစ်သဖြင့် ယခုအချိန်တွင် ရှုချွမ်းအတွက်မူ အတန်ငယ် အကန့်အသတ် ရှိနေပြီ ဖြစ်သည်။

သူ၏ ခွန်အားကို မြှင့်တင်ရန်နှင့် သိုင်းတာအို အစစ်အမှန်ဝိညာဉ်ကို နိုးထစေရန်အတွက် အစွမ်းထက်သော ဓားတာအိုတစ်ခုကို သူ အရေးတကြီး လိုအပ်နေသည်။

သူက ထိုအစစ်အမှန်ဝိညာဉ်ကို နိုးထစေရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ကြောင်း အာရုံခံမိနေသည်။

ထိပ်တန်းအဆင့် ဓားတာအိုတစ်ခုသည်သာ ဤအဆင့်အတွက် အကောင်းဆုံး ခြေကုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ရှုချွမ်းက စာရင်းကို အဆက်မပြတ် ရှာဖွေရင်း အမှတ်ကိုးထောင်ထက် မကျော်လွန်ဘဲ သူနှင့် ကိုက်ညီမည့် ဓားတာအိုတစ်ခုကို ရှာဖွေနေခဲ့သည်။

နောက်ဆုံးတွင်တော့ ကြိုးစားမှု၏ ရလဒ်အဖြစ် သူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ။

၎င်းမှာ 'နတ်ဘုရားသတ်ဓားသိုင်း' ဟု ခေါ်သည့် သိုင်းပညာတစ်ခုဖြစ်ပြီး 'ဧကရာဇ်အရှင်'တစ်ဦး ချန်ထားရစ်ခဲ့သော ဓားတာအို အမွေအနှစ် ဖြစ်သည်။

၎င်း၏ အဆင့်မှာလည်း အလွန်မြင့်မားလှပြီး 'ကောင်းကင်အဆင့်' အဆင့်နိမ့်သိုင်းပညာတစ်ခု ဖြစ်သည်။

၎င်းကို လဲလှယ်ရန်အတွက် အမှတ်ရှစ်ထောင်ငါးရာသာ လိုအပ်သည်

ရှုချွမ်း၏ အမှတ်က သတ်မှတ်ချက်နှင့် အတိအကျ ကိုက်ညီနေသည်။

သူ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ပြည့်နှက်သွားပြီး ထိုစာရင်းကို ကြည့်ကာ တစ်ခွန်းတည်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ငါ နတ်ဘုရားသတ်ဓားသိုင်း အမွေအနှစ်ကို လဲလှယ်ဖို့ ရွေးချယ်တယ်"

ဤနတ်ဘုရားသတ်ဓားသိုင်းသည် တစ်ဖက်တွင် သတ်ဖြတ်ခြင်းဓားသိုင်းနှင့် အနည်းငယ် ဆင်တူနေပြီး ၎င်းတို့သည် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာပုံရသည်။

သတ်ဖြတ်ခြင်းဓားသိုင်းကို ဖန်တီးခဲ့သည့် နိဗ္ဗာနနယ်ပယ် သိုင်းသမားသည် ဤဓားတာအို ဧကရာဇ်အရှင်၏ မျိုးဆက် ဖြစ်နိုင်သလို သို့မဟုတ်လျှင်လည်း ၎င်း၏ အမွေအနှစ်အချို့ကို တစ်ချိန်က ရရှိခဲ့ဖူးခြင်း ဖြစ်ရမည်မှာ ထင်ရှားလှသည်။

ထိုသို့ဖြစ်မှသာ ဤဓားတာအိုနှစ်ခုက ဘာကြောင့် ဤမျှအထိ ပြည့်စုံစွာ လိုက်ဖက်နေရသလဲဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

ဤဓားတာအိုကို ရရှိပြီးလျှင် သူ၏ သိုင်းတာအို အစစ်အမှန်ဝိညာဉ်ကို ချက်ချင်း နိုးထစေနိုင်မည်ဟု ရှုချွမ်း လုံးဝ အသေအချာ ယုံကြည်လိုက်သည်။

"မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်"

မည်သည့် စိတ်ခံစားချက်မျှ မပါဝင်သော ထိုအသံကြီးက ရှုချွမ်း၏ နားထဲတွင် ဟိန်းထွက်လာသည်။

ရှုချွမ်းကတော့ ဒါကို ကျင့်သားရနေပြီ ဖြစ်သည်။

ထိုအသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ရှုချွမ်းမှာ ရုတ်တရက် အံ့အားသင့်သွားရသည်။

အခုလေးတင် နတ်ဘုရားသတ်ဓားသိုင်း၏ အမွေအနှစ်အားလုံးသည် သူ၏စိတ်ထဲသို့ ရုတ်ချည်း ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ထိပ်တန်းစာရင်းပေါ်တွင် မူလက ပထမနေရာ၌ ရှိနေသော ရှုချွမ်း၏ အမည်မှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"ဒီနတ်ဘုရားသတ်ဓားသိုင်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ရှုချွမ်း၏ မျက်လုံးထဲတွင် ထက်မြသော အလင်းတန်းတစ်ခု လက်သွားသည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ စိတ်ကို အသိစိတ်ပင်လယ် ထဲသို့ နစ်မြှုပ်လိုက်ကာ အမွေအနှစ်ကို စတင်ထိတွေ့ အာရုံခံလိုက်သည်။

သူ၏ အသိစိတ်က အမွေအနှစ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ရှုချွမ်း၏ ရှေ့မှောက်တွင် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။

ဘုန်း

သူသည် ကြီးမားတောင့်တင်းသော ဓားသမားတစ်ဦး၏ ပံုရိပ်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ယခင်က မဟာနေနတ်ဘုရားလက်သီးတုန်းကနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ထိုပုံရိပ်မှာ အလွန်ပင် ထင်ရှားပြတ်သားလှသည်။

ထိုပုံရိပ်သည် အမွေအနှစ်ကို တစ်စုံတစ်ဦးက စူးစမ်းနေသည်ကို သိရှိသွားပုံရပြီး လှည့်ကြည့်ကာ ရှုချွမ်း၏ အသိစိတ်ထံသို့ ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။

အတိုင်းအဆမဲ့သော သတ်ဖြတ်ခြင်းအော်ရာ နှင့် ဖျက်ဆီးခြင်းအငွေ့အသက် များ ပြည့်နှက်သွားပြီး ရှုချွမ်းကို သေလုနီးပါး ခံစားချက်မျိုး ပေးစွမ်းလိုက်သည်။

"ဒါက ဧကရာဇ်အရှင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် အသုံးပြုတဲ့ ဓားတာအိုလား"

ရှုချွမ်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏ ဓားဝိညာဉ်မျိုးစေ့ကို ချက်ချင်း လှုပ်ရှားလိုက်ကာ ဤဓားချက်နှင့်အတူ ပါလာသော ဓား တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်သည်။

ဘုန်း

ပေါက်ကွဲသံတစ်ခုနှင့်အတူ ထိုဓားချက်သည် သူ၏ အသိစိတ်ပင်လယ်ထဲရှိ ဓားဝိညာဉ်မျိုးစေ့နှင့် ပြင်းထန်စွာ ထိမှန်မိသွားသည်။

ရှုချွမ်းသည် သူ၏ ဦးနှောက်ထဲတွင် ပြင်းထန်သော နာကျင်မှုကိုသာ ခံစားလိုက်ရပြီး ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲသွားတော့သည်။

"ဂျူနီယာညီ‌လေးရှု... မင်း အဆင်ပြေရဲ့လား၊ ဘာအကူအညီ လိုအပ်လဲ"

ရှုချွမ်း၏ နာကျင်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ချွေ့ကျန်းက အနားသို့ လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်၊ အမွေအနှစ်ကို လက်ခံနေရုံတင်ပါ၊ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"

သူ၏စိတ်ထဲမှ ပြင်းထန်သော နာကျင်မှုကို မနည်းအောင့်အီးအောင့်ခံရင်း ရှုချွမ်းက ချွေ့ကျန်း၏ အကူအညီကို ငြင်းပယ်လိုက်သည်။

နာကျင်ရသော်လည်း ဒါက သူ မဖြစ်မနေ ဖြတ်ကျော်ရမည့် အရာတစ်ခု ဖြစ်သည်။

"တကယ့်ကို ကြောက်စရာကောင်းတဲ့ ဓားတာအိုပဲ၊ ငါ့ရဲ့ အသိစိတ်နဲ့ ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်ချင်နေတဲ့အတိုင်းပဲ"

ရှုချွမ်း၏ မျက်လုံးများသည် ဤအချိန်တွင် ထူးဆန်းစွာ တောက်ပနေခဲ့သည်။

ဤတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် သူသည် ဤဓားတာအို၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

"ထပ်လုပ်မယ်"

သူသည် ဤဓားချက်ကို အများစု ချေဖျက်ပြီးနောက် ရှုချွမ်းသည် သူ၏ အသိစိတ်ကို သုံး၍ အမွေအနှစ်ကို ထပ်မံ ထိတွေ့လိုက်ပြန်သည်။

အကယ်၍ ရှုချွမ်း ဘာလုပ်နေသည်ကိုသာ လူတွေ သိသွားကြပါက သူ၏ ရူးသွပ်မှုကို သေချာပေါက် အံ့ဩမိကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် လူများသည် အမွေအနှစ်ကို လက်ခံရရှိသောအခါ ၎င်းကို တဖြည်းဖြည်းချင်းနှင့် အေးဆေးစွာ လက်ခံလေ့ရှိကြသောကြောင့် ဖြစ်သည်

သူ့ကဲ့သို့ ဓားတာအိုအမွေအနှစ်ကို လျင်မြန်စွာ ရရှိပြီး ချေဖျက်နိုင်ရန်အတွက် အမွေအနှစ်ကို အဆက်မပြတ် ဆက်တိုက် ထိတွေ့သူဟူ၍ မရှိပေ။

ဤနည်းလမ်းက မြန်ဆန်လှသော်လည်း ကြီးမားသော အန္တရာယ်တစ်ခု ရှိနေသည်။

အကယ်၍ ရှုချွမ်းသာ ဂရုမစိုက်ဘဲ အမှားအယွင်း ဖြစ်သွားခဲ့ပါက သူသည် အရူးတစ်ဦး ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။

"တော်တော် ပင်ပန်းတာပဲ"

ဤကဲ့သို့ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက် ရှုချွမ်းသည် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ချီပင်လယ်မှာ ဗလာဖြစ်နေပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်ကိုက်ခဲနေခဲ့သည်။

သို့သော်လည်း ထိုနည်းတူစွာပင် သူသည် နတ်ဘုရားသတ်ဓားသိုင်းကို လုံးဝ ချေဖျက်နိုင်ခဲ့ပြီး ဧကရာဇ်အရှင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖန်တီးခဲ့သည့် ဤကောင်းကင်အဆင့် ဓားသိုင်းကို အပြည့်အဝ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ရှုချွမ်းသည် သူ၏ ဓားဝိညာဉ်မျိုးစေ့မှာ ဤအမွေအနှစ်ကြောင့် အက်ကွဲကြောင်း ဖြစ်ပေါ်လာသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဒါက သူ့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။

သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများကို လျစ်လျူရှုကာ သူသည် တင်ပျဉ်ခွေ ချက်ချင်း ထိုင်လိုက်ပြီး ဆက်လက် ကျင့်ကြံနေတော့သည်။

သူသည် ယခုအခါ သူ၏ ဓားဝိညာဉ်မျိုးစေ့ကို နိုးထစေရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။

ဒါကတော့... သိုင်းတာအို၏ အတွင်းနတ်ဆိုးကို တိုက်ရိုက် ရင်ဆိုင်ခြင်းပင်။

အဖြူရောင်အလင်းတန်းတစ်ခု လက်သွားပြီးနောက် ရှုချွမ်းသည် သူ၏ အမြင်အာရုံများ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သောအခါ သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဝေဝေဝါးဝါးဖြင့် ရှုချွမ်းသည် လောကတစ်ခုလုံး စစ်မက်ဖြစ်ပွားနေသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နေရာတိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေပြီး နေရာတိုင်း၌ သတ်ဖြတ်မှုများ ရှိနေကာ မရေမတွက်နိုင်သော အစွမ်းထက် ကျွမ်းကျင်သူများမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

မရေမတွက်နိုင်သော အားနည်းသူများမှာ ထိုတိုက်ပွဲများကြားတွင် ညှပ်ပူးညှပ်ပိတ်ပါကာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြသည်။

သွေးများက မြေပြင်ပေါ်တွင် လွှမ်းခြုံထားပြီး သတ်ဖြတ်ခြင်းအော်ရာ နှင့် မိစ္ဆာချီများက ကောင်းကင်နှင့်မြေကြီး အကြားတွင် ပြည့်နှက်နေခဲ့သည်။

ဤကဲ့သို့သော ငရဲကဲ့သို့ မြင်ကွင်းကို မြင်လိုက်ရသည့် မည်သူမဆို ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရမည် ဖြစ်သည်။

သို့သော်လည်း ရှုချွမ်း၏ စိတ်နှလုံးမှာမူ မည်သည့် တုန်လှုပ်မှုမျှ မရှိခဲ့ပေ။

သူသည် ဤမိစ္ဆာချီနှင့် သတ်ဖြတ်ခြင်း အော်ရာ များကြောင့် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ချေ။

သန်မာသူက အားနည်းသူကို အနိုင်ကျင့် အမဲလိုက်ခြင်းမှာ ကောင်းကင်၏ နိယာမတရားသာ ဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်ပါက ဘာကို ကြောက်ရွံ့နေစရာ လိုအပ်ဦးမှာလဲ။

ဤကဲ့သို့သော စိတ်နေသဘောထားဖြင့် ရှုချွမ်းသည် ထိုအလောင်းပုံ တောင်တန်းများနှင့် သွေးပင်လယ်ကြီးများကြားထဲမှ သာမန်အတိုင်း လမ်းလျှောက် ဖြတ်သန်းသွားတော့သည်။

All Chapters