← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

Chapter 89

~

အခန်း ၈၉ : အကြောင်းပြချက်မရှိ ကလေးများအား ရိုက်နှက်ခြင်း ...

~

လျှိုမိသားစု....

ဒုတိယအဒေါ်လည်း ယန်ဖူကွေ့က ယန်ကျီဝမ်အား မည်သို့ကြောင့် စက်ဘီးဝယ်ပေးသည်ကို တွေးနေ၏ ။

ရန်ရွေ့ဟွားသည် ယခုကိစ္စအား ထုတ်ကြွားရာ၌ လောင်ယန်က သူ့သားအတွက် စက်ဘီးဝယ်ပေးသည်ဟုသာ ပြောခဲ့သည် ။ ငွေချေးသည်ဟု မပြော ။ ထိုသည်က ကြွားရသည်ကို တစ်ရေ လျော့စေ၏ ။

ထို့ကြောင့် ခြံဝင်းထဲရှိ လူများအားလုံးသည် လောင်ယန်က ယန်ကျီဝမ်အား စက်ဘီးဝယ်ပေးသည်ဟုသာ ယုံသွားကြသည် ။

ယန်ဖူကွေ့သည် ကပ်စေးနဲလွန်းသောကြောင့် ကပ်စေးနဲအဘိုးယန်ဟု နာမည်ပြောင် ရှိထားသူဖြစ်၏ ။

အပြင်လူများသာမက သူ၏ မိသားစုများကိုပါ မချန် တွက်ကပ်တက်သူအဖြစ် သိထားကြသည် ။

ယခု ထိုသို့သော သူက မည်သို့သော အကြောင်းကြောင့် စေတနာတွေ ကောင်းနေပါ၏နည်း ။

ယန်ကျီဝမ်အား စက်ဘီး ဝယ်ပေးလိုက်သည်ကို လူတိုင်းက မစဥ်းစားဘဲ မနေနိုင်တော့ချေ ။

တံခါးဝတွင် ထိုင်နေသ​သော လျှိုဟိုင်ကျုံး က ထိုစကားကို ကြားလျှင် နှာခေါင်းရှုံ့လိုက်ပြီး...

" ဘာမှ မထူးဆန်းဘူး .. လောင်ယန်က အဲ့ကလေးကို သူအသက်ကြီးလာချိန်မှာ စောင့်ရှောက်မယ့်သူအဖြစ် ရွေးထားလို့ ရက်ရောနေတာ.. "

" သြော် ကျုပ်နားလည်ပြီ.. ကျုပ်တို့ ကွမ်ချီ လိုပဲပေါ့.. "

သူမတို့ သည်လည်း အသက်ကြီးချိန်၌ စောင့်ရှောက်မည့်သူအား ကွမ်ချီကို ရွေးထား၍ အကောင်းဆုံးအရာများကိုသာ ပေးအပ်လေ့ရှိသည် ။

" တူမလား.. ဘယ်လိုလုပ် တူနိုင်မှာလဲ.. "

လျှိုဟိုင်ကျုံး နှာခေါင်းရှုံ့လိုက်ပြီး...

" ဟမ့်.. ယန်လောင်အာလို စာမေးပွဲ ကျတဲ့ကောင်နဲ့ ငါတို့သားလို ကေဒါ တစ်ယောက်က ဘယ်လိုလုပ် တူနိုင်မှာလဲ.. "

လျှိုကွမ်ချီ အလုပ်လုပ်နေသော စက်ရုံက သေးငယ်သော်လည်း သူက အဆင့်နိမ့် ကေဒါ တစ်ယောက်ဖြစ်သည် ။

" ဆရာ.. ရှင်ပြောတာ မှန်တယ်.. "

ဒုတိယအဒေါ်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး ...

" ယောကျာ်း ..လောင်ယန်က အဲ့တာကြောင့် စက်ဘီး ဝယ်ပေးတာဆိုရင် ရှင်လည်း ဝယ်ပေးဖို့ စဥ်းစားလေ.. ကွမ်ချီရဲ့ စက်ရုံက အိမ်နဲ့ တော်တော်လေး ဝေးနေတယ်.. "

လျှိုဟိုင်ကျုံး ခဏတာ စဥ်းစားပြီး ခေါင်းညိတ်လိုက်ကာ...

" ဟုတ်တယ် ငါတို့ သေချာပေါက် ဝယ်ပေးမှ ဖြစ်မယ်.. မဟုတ်ရင် ရှက်စရာကြီး.. "

သူသည် ခြံဝင်း၏ ဒုတိယဦးလေးဖြစ်၍ တတိယဦးလေးက ဝယ်ပေးနိုင်ပြီး သူ မဝယ်ပေးနိုင်ပါက အရှက်ကွဲရချေမည် ။ သူ့ပုံရိပ် ကျဆင်းမည်ကို စိုးရိမ်သွား၏ ။

" အဖေ.. သားတို့အိမ်ကလည်း စက်ဘီး ဝယ်တော့မှာလား.. "

ထိုအခိုက် အပြင်မှ ပြန်လာသော လျှိုကွမ်ထျန်းနှင့် လျှိုကွမ်ဖူ တို့က ထိုစကားကို ကြားသွားပြီး မေးသည် ။

လျှိုကွမ်ထျန်းက မနာလိုဟန်ဖြင့် ...

" သား ဦးလေးယန်ရဲ့ စက်ဘီးကို မြင်လိုက်ရတယ်.. ပုံစံက အရမ်းမိုက်တယ်.. စက်ဘီးအသစ်ဆိုတာ သိသာလိုက်တာ.. သား စီးခွင့်ရရင် သိပ်ကောင်းမှာပဲ.. "

" မင်း သောက်ပြဿနာ လာရှာနေတာလား.. "

လျှိုဟိုင်ကျုံး၏ မျက်နှာက မည်းမှောင်သွားပြီး ဒုတိယအဒေါ်ထံသို့ လက်ကမ်းကာ.. "

" အဘွားကြီး.. ငါ့ ပစ္စည်းပေး.. "

လျှိုဟိုင်ကျုံးသည် ရှက်ရွံ့ရမည်ကို စိုးရိမ်နေချိန်တွင် တဘက်လူက သူ့ထက်သာကြောင်း လာ၍ ချီးကျူးနေသည်ကို မည်သို့ သည်းခံနိုင်ပါမည်နည်း ။

ဒုတိယအဒေါ်က တုတ်ကို မြန်မြန်ထုတ်ပေးပြီး...

" ဆရာ စလို့ ရပါပြီ ရှင့်.. "

လျှိုမိသားစုမှ ရိုက်သံများနှင့် အော်ဟစ်ငိုယိုသံများက ဆူညံစွာ ထွက်ပေါ်လာတော့သည် ။

ဤသည်က လျှိုမိသားစု၏ ပုံမှန် အလေ့အကျင့် ဖြစ်သည် ။ သူတို့ ပျော်လျှင် ကလေးများအား ရိုက်သည် ။ သူတို့ မပျော်လျှင် လည်း ကလေးများကိုသာ ရိုက်သည် ။

သို့ပေသိ လျှိုကွမ်ထျန်းနှင့် လျှိုကွမ်ဖူ တို့သာ အရိုက်ခံရခြင်းဖြစ်သည် ။ လျှိုဟိုင်ကျုံးတို့ လင်မယားနှစ်ယောက်က လျှိုကွမ်ချီအား လေသံ မာမာပင် မပြောဖူးပေ ။

...

ယန်မိသားစု...

လျှိုမိသားစုမှ ထွက်လာသော ဆူညံသံများကြောင့် ယန်ကျီဝမ် စိတ်အနှောက်အယှက် ဖြစ်သွား၏ ။

ထို့ကြောင့် ယန်ဖူကွေ့၏ ရေနွေးကြမ်း သောက်ရန် ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည် ။

ယန်ကျီဝမ်က ရေနွေးထည့်ပြီးနောက် လက်ဖက်ခြောက်များ ကျသွားသည် အထိ စောင့်ပြီးမှ တစ်ငုံစုပ်သောက်လိုက်သည် ။

ထို့နောက် လက်ဖက်ခြောက် အမှုန်များကို ပြန်ထွေးထုတ်လိုက်၏ ။

ဤခေတ်၏ လက်ဖက်ခြောက်က ဤသို့သာဖြစ်သည် ။ အထူးသဖြင့် စျေးပေါသည့် လက်ဖက်ခြောက်များဆိုလျှင် အမှုန်များ အပြည့်ပါနေ၏ ။

အရည်အသွေး အသင့်အတင့်ကောင်းသည့် လက်ဖက်ခြောက်ပင် မထူးမခြားမနား ဖြစ်၍ ယန်ကျီဝမ် ကျင့်သား မရနိုင်သေးပေ ။

သူ သေချာ စဥ်းစားကြည့်ပြီးနောက် စနစ် ရမှတ်စတိုးမှ တစ်မှတ်တန် လက်ဖက်​ခြောက်ကို လဲလိုက်သည် ။

တစ်ခွက် စမ်းသောက် ကြည့်ပြီး​နောက် ခံစားချက် ပိုမို ကောင်းမွန်လာ၏ ။

ထိုအချိန်၌ ယန်ဖူကွေ့ အပြင်မှ ပြန်ရောက်လာသည် ။

သူ စက်ဘီးကို အိမ်ထဲသို့ ဂရုတစိုက် တွန်းလာပြီး..

" စက်ဘီးအသစ်က စီးရတာ သက်တောင့်သက်သာ ရှိလိုက်တာ.. လောင်အာ.. ငါ ကျောင်းသွားရင် ယူသွားလို့ ရမလား.."

ယန်ကျီဝမ် မျက်လုံးလှန်လိုက်ပြီး ဆွံ့အစွာဖြင့်...

" အဖေ.. သား စက်ဘီး ဝယ်တာက ငါးမျှားထွက်ရင် အဆင်ပြေအောင်လေ.. စက်ဘီးနဲ့မှ ငါးသယ်ရတာ အဆင်ပြေမှာပေါ့.. အဖေ စီးရတာ ကြိုက်နေရင် တစ်စီး ဝယ်လိုက်ပါလား .."

" ထားလိုက်ပါတော့.. "

ယန်ဖူကွေ့ ရှက်ရွံ့စွာ ရယ်လိုက်သည် ။ သူ ငွေမသုံးချင်ပေ ။ ဒုတိယသား ငါးမျှားမထွက်လျှင် သူ စီးနိုင်သည် မဟုတ်လော ။

" ဟ.. အနံ့က မွှေးလိုက်တာ.. "

ယန်ဖူကွေ့ စားပွဲပေါ်မှာ ရေနွေးကြမ်းကို သတိထားမိသွားပြီး ကောက်ယူကြည့်လိုက်ကာ..

" လောင်အာ.. ဒီလက်ဖက်ခြောက် ဘယ်ကရတာလဲ.. ကြည့်ရတာ အဆင့်မြင့် လက်ဖက်ခြောက် ထင်တယ်.. "

" လမ်းပေါ်က ကောက်ရလာတာ.. "

" တကယ်ကြီးလား.. ဘယ်နားကနေလဲ.. "

ယန်ဖူကွေ့သည် သူ စကားပြောပြီးသည်နှင့် ယန်ကျီဝမ်၏ နောက်ပြောင်နေသော မျက်နှာအမူအရာကို တွေ့သွားပြီး သူ့အား စ​နောက်နေသည်ကို နားလည်သွားသည် ။

သူက ဒေါသထွက်ဟန်ဆောင်ကာ...

" ကောင်စုတ်လေး.. မင်းအဖေကို စရဲတယ်ပေါ့.. ပြစ်ဒဏ်အနေနဲ့ ဒီလက်ဖက်ခြောက်ကို ငါ သိမ်းပြီ.. "

ထိုစကားကို ကြားလျှင် ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်သည် ။

သူက စိတ်တိုဟန်ဖြင့် ...

" အဘိုးကြီး.. လိုချင်ရင် ဒီအတိုင်းယူလိုက်တာ မဟုတ်ဘူး.. အကြောင်းပြချက်ကလည်း.. "

ယန်ကျီဝမ်က ရေနွေးကြမ်း သိပ်မကြိုက် ။ စိတ်ကူးပေါက်၍ ထသောက်နေခြင်းပင် ။

" ဟီးဟီးဟီးး..မင်းက ရက်ရောတယ်ဆိုတာ ငါသိသားပဲ.."

ယန်ဖူကွေ့က လက်ဖက်ခြောက်များကို သွားဖွက်ထားပြီး တစ်ခါသောက်စာ ယူကာ ပြန်ရောက်လာသည် ။

ညစာ စားချိန်....

ယန်မိသားစုသည် ကြက်စွပ်ပြုတ်ကိုသောက် အသားကိုစားရင် ပျော်ရွှင်စွာ ဖြတ်သန်းနေကြ၏ ။

ကလေးနှစ်ယောက်က ခေါင်းငုံ့၍ ကြက်ခြေထောက်ကို ကိုက်နေကြသည် ။

ယန်ကျီချန်းက စွပ်ပြုတ် တစ်ငုံ သောက်လိုက်ပြီး ရုတ်တရက်...

" အဖေ.. သား မနက်ဖြန် အိမ်ပြောင်းတော့မယ်.. "

ယန်ဖူကွေ့က စားနေသည်ကို ခဏရပ်ပြီး ခေါင်းညိတ်ကာ...

" မင်း အိမ်ရှာတွေ့ပြီလား.. "

" ကျွန်တော် အိမ်တစ်လုံး ရှာတွေ့ထားတယ်.. တုန်းကျိမန် နားမှာလေ.. အိမ်နဲ့ သိပ်မဝေးဘူး.. "

ယန်ကျီချန်းက ပြန်ဖြေသည် ။

ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ ။

ရန်ရွေ့ဟွားက ဆူငေါက်လိုက်သည် ။

" တစ်လကို အိမ်ငှားခ ဘယ်လောက်တဲ့လဲ.. ကျီချန်း နင်ကတော့ တကယ့်ကို တစ်ခုခုပဲ.. ဘာလို့ အိမ်မှာ မနေနိုင်ရတာလဲ.. ဘာလို့ အပြင်ကို အဲ့လောက် ပြောင်းချင်နေတာလဲ.. "

ယန်ကျီချန်းက တွေးလိုက်သည် ။

' ငါ တစ်လတစ်လ ရှာနိုင်တဲ့ဟာကို အိမ်ကို ပေးရတာနဲ့ ကုန်နေတာကို.. ဆေးလိပ်တောင် ဝယ်မသောက်နိုင်ဘူး.. '

သူ အိမ်ငှားခ မပေးရတော့သော်လည်း စားစရိတ် တစ်လ ငါးယွမ်က များလွန်သည်ဟု ထင်နေသည် ။

သို့သော် သူထုတ်ပြော၍ မဖြစ် ။ ဟင်းချိုသာ ငုံ့သောက်နေလိုက်သည် ။

ယန်ဖူကွေ့က ဝင်တားသည် ။

" တော်ပြီ.. တော်ပြီ.. မိန်းမ.. ကလေးက အရွယ်ရောက်နေပြီဆိုတော့ သူ့လမ်းသူ လျှောက်ချင်မှာပေါ့.. သူ ထွက်သွားချင်တာ ထွက်သွားပါစေ.. "

ထို့နောက် ယန်ဖူကွေ့က ခေါင်းစဥ်ပြောင်းလိုက်၏ ။

" ဒါပေမဲ့ လစဥ် ထောက်ပံ့ကြေး ၂ ယွမ်က ပုံမှန် ပေးရမယ်နော်.. "

" သိပါတယ် .. "

ယန်ကျီချန်း ပို၍ပင် စိတ်ဓာတ်ကျလာသည် ။ မိဘများက အသက်လေးဆယ်ကျော်သာ ရှိသေးပြီး နောက်ထပ် ဆယ်နှစ်ကျော် အလုပ် လုပ်နိုင်သေး၏ ။ သက်ကြီးရွယ်အို ထောက်ပံံ့ကြေး တောင်းခံနေသည်က တကယ့်ကို ထူးဆန်းလှသည် ။

ခြံထဲတွင် ဤသို့သော မိသားစုက ကျားမိသားစုနှင့် သူတို့ ယန်မိသားစုသာ ရှိပေမည် ။

( ကျားဒုံရွှီကလည်း သူ့အမေကို ပေးရတယ်.. )

' ဒါက လောင်အာရဲ့ အမှားပဲ.. မဟုတ်ရင် ငါဘာမှ ပေးစရာမလိုဘူး.. '

ယန်ကျီဝမ် ကြောင့် မဟုတ်လျှင် သူ လစဥ်စားစရိတ် ငါးယွမ်နှင့် နေထိုင်စရိတ် ဆင့်ငါးဆယ်ကို ပေးနေရအုံးမည်ဖြစ်ကြောင်း ကိုတော့ မေ့ထားလိုက်လေပြီ ။ တခြားသူအား အပြစ်တင် နေလေ၏ ။

ယန်ဖူကွေ့သည် ယန်ကျီချန်း ထွက်သွားမည်ကို စိတ်မရှိပေ ။ အရင်ထဲက ကြိုပြောထား၍ ရုတ်တရက် ထွက်သွားသည် မဟုတ် ။

ထို့အပြင် ဒုတိယသားက သူတို့အသက်ကြီးချိန်တွင် ​စောင့်ရှောက်မည့် တာဝန်ကို ယူထား၍ သူ စိတ်ပူစရာ မရှိတော့ချေ ။

ဒုတိယသားက သားကြီးထက် များစွာပို၍ သိတက်၏ ။

နောင် အနာဂတ်တွင်လည်း ကျန်ကလေးများ အရွယ်ရောက်လာပါက သူတို့၏ ဆုံးဖြတ်ချက်ကို သူ စွက်ဖက်မည် မဟုတ်ပေ ။

သားကြီးလို လစဥ် ထောက်ပံ့ကြေး ပေးရန်သာ လိုပေ၏ ။

ထိုသည်ကို တွေးရင်း ယန်ဖူကွေ့၏ မျက်လုံးများ တောက်ပလာသည် ။

ဒုတိယသားကို ဖယ်ထားလျှင် တစ်ယောက်ကို နှစ်ယွမ် ။ လေးယောက်ကို ရှစ်ယွမ် ။ နည်းသော ပမာဏ မဟုတ်ပေ ။

ဒုတိယသားက လိမ္မာပါးနပ် လှပေ၏ ။ ဤသို့သော အကြံမျိုးကိုပင် စဥ်းစားပေးနိုင်သည် ။

ပင်စင်ယူသည့် အချိန်တွင် မတော့ သူ ပူစရာ မလိုအပ်ပေ ။ ဒုတိယသား၏ အရည်အချင်းဖြင့် သူတို့လင်မယား နှစ်ယောက် ဘဝ နေဝင်ချိန်ကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပေလိမ့်မည် ။

အနာဂတ်တွင် ရလာမည့် ထောက်ပံ့ကြေးများကို စဥ်းစားရင် ယန်ဖူကွေ့သည် စားနေသော ကြက်သားအရသာက ပို၍ပင် ကောင်မွန်လာသည်ဟု ခံစားမိလေတော့သည် ။

All Chapters