← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

Chapter 90

~

အခန်း ၉၀ : လိုရှောင်အဲ အိမ်တံခါးဝသို့ ရောက်လာပြီ...

~

အစားကိုသာ အာရုံစိုက်နေသော ယန်ကျီဖန့်က စိတ်ထဲတွင် ခေါင်းခါလိုက်မိ၏ ။

အကြီးကောင်က တုံးလွန်းလှသည် ။ အခြေအနေကို ကွဲကွဲပြားပြား နားမလည် ။

အိမ်မှ ထွက်သွားသည်နှင့် လွတ်လပ်သွားပြီဟု ထင်နေသည်လော ။

အိတ်ကပ်ထဲတွင် ခြူးတစ်ပြားမှ မရှိဘဲ အပြင်ထွက်၍ ဒုက္ခခံချင်သည်လော ။

အိမ်သို့ ပေးရသော တစ်လငါးယွမ် ဟူသည်က လူတစ်ယောက် လောက်ငရုံသာ ရှိ၏ ။

အပြင်သို့ ပြောင်းနေသည်က အစားအစာ ကိုယ်တိုင်ချက်ပြုတ်ရမည်ဖြစ်ပြီး ပို၍ အကုန်အကျများနိုင်သည် ။

ထို့အပြင် ယန်ကျီချန်သည် တရားဝင် အလုပ်သမား မဟုတ် ။ နေ့စား အလုပ်သမားသာ ဖြစ်သည် ။ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး​နောက် မည်သို့ ချက်ပြုတ်နိုင်ပါမည်နည်း ။

သို့ဆိုလျှင် အပြင်၌သာ စားရမည် ။ အပြင်စာ များသည် စျေးမပေါပေ ။

ထို့ကြောင့် အစားအစာအတွက် ကုန်ကျစရိတ်က ငါးယွမ်ထပ်မက ကုန်ကျမည်ဖြစ်သည် ။

သူကဲ့သို့ ငယ်ရွယ်သူပင် နားလည်သော်လည်း အကိုကြီးက နားမလည် ။ သူ့ထက် စောမွေးခဲ့သော နှစ်များကို မည်သည့်နေရာ၌ ဖြုန်းတီးပစ်ခဲ့သနည်း ။

အကြီးဆုံး အကိုသည် တစ်လအတွင်း တောင်းပန်၍ အိမ်သို့ ပြန်လာနိုင်သည်ဟု ယန်ကျီဖန့် ခံစားနေမိသည် ။

အရေးအကြီးဆုံး အချက်မှာ ဒုတိယအကို၏ အောင်မြင်မှုများကြောင့် မိသားစု၏ အစားအစာမှာ အဆင့်တစ်ခု တိုးတက်လာခဲ့သည် ။ ဤခေတ်ကြီးတွင် ဤမျှအထိ ကောင်းကောင်းစားနေရသည်ကို မည်သည့်အတွက်ကြောင့် မနေချင်သည်ကို သူ နားမလည်နိုင်တော့ ။

အပြင်တွင် ငါးယွမ်ဖြင့် ပြောင်းဖူးမှုန့်ပင် နပ်မှန်အောင် စားနိုင်မည်မဟုတ်ရာ အရူးတစ်ယောက်သာ ထွက်သွားပေလိမ့်မည် ။ ယန်ကျီဖန့် ဟူသည့် သူသည် ထိုသို့ လုံးဝ မလုပ် ။

ယန်ကျီဝမ်က ညစာ စားပြီးသည်နှင့် အိပ်ခန်းအတွင်း ဝင်လှဲလိုက်တော့သည် ။ ဤညတွင် မည်သည့်အိမ်မက်မှ မမက်ပေ ။

နောက်တနေ့မနက် ...

ယန်ကျီဝမ် စက်ဘီးကို နင်းပြီး ငါးမျှားရန် ဟောက်ဟိုင်ကန်သို့ ထွက်လာခဲ့၏ ။

" ဟေး.. မင်းက လောင်ယန်ရဲ့ သား ဟုတ်တယ်မလား.. "

ယန်ကျီဝမ်က သူ့ပြိုင်ကားကို ပါကင်ထိုးလိုက်သည်နှင့် အသံတစ်ခုက နောက်ဘက်မှ ထွက်လာသည် ။

သူ လှည့်ကြည့်လိုက်လျှင် အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်က ကြည့်နေသည်ကို မြင်လိုက်ရ၏ ။ သူက ယဥ်ယဥ်ကျေးကျေး မေးလိုက်သည် ။

" ဟုတ်ပါတယ်ဗျ.. ဘာကိစ္စရှိလို့လဲ မသိဘူး.. "

" ရှိတာပေါ့.. "

အဘိုးကြီးက...

" မင်း ငါ့ကို ဖြေရှင်းချက် တစ်ခုပေးရမယ်..မင်း အဖေ မနေ့တုန်းက ထွက်ပြေးသွားတာ ..မင်းက သူ့သားဆို​တော့ မင်းဖြေရှင်း ပေးရမယ်.. "

' ဖြေရှင်းရမယ်လား.. '

ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်ပြီး...

" ခင်ဗျားက ဘယ်လို ဖြေရှင်းချက်မျိုး လိုချင်လို့လဲ.. "

" မင်းအဖေ ပြောတာက ပြောင်းဖူးမှုန့် သုံးပြီး ငါးမျှားလို့ ငါးမိတာတဲ့..မနေ့တုန်းက ငါတို့ တစ်နေကုန် ထိုင်မျှားနေတာ တစ်ကောင်မှ မမိဘူး.. မင်း ငါတို့ကို ဖြေရှင်းချက် ပေးသင့်တယ် မထင်ဘူးလား.. "

ယန်ကျီဝမ် ထိုစကားကို ကြားလျှင် ရယ်လိုက်ပြီး...

" ခင်ဗျားက မနေ့တုန်းက ကျုပ်အဖေကို လဲအောင်လုပ်ပြီး နဖူးမှာ ဒဏ်ရာရအောင်လုပ်တဲ့ အဖွဲ့ထဲက တစ်ယောက်ပေါ့.. "

အဘိုးကြီး မျက်နှာပျက်သွားပြီး...

" အဲ့တာ ငါတို့နဲ့ မဆိုင်ဘူး.. ငါတို့က ဖြေရှင်းချက် တောင်းရုံတင် ..သူ့ဘာသာ ထွက်ပြေးဖို့ ကြိုးစားတာ .."

ယန်ကျီဝမ်က အေးစက်စွာ စိုက်ကြည့်လိုက်သည် ။

" မင်း ဘာလုပ်ချင်လို့လဲ.. မင်းရန်ဖြစ်ချင်လို့လား.. "

ယန်ကျီဝမ်၏ အေးစက်စက် အကြည့်ကြောင့် အဘိုးကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်မိလိုက်သည် ။

ဤ ကလေးတွင် သိုင်းလောကစည်းမျဥ်းများ ရှိပုံမရ ။ သူ့လို ရဲဘော်အိုကြီးအား ရန်ပြုချင်နေပုံရသည် ။

ယန်ကျီဝမ်က အေးစက်စက် လေသံဖြင့်...

" ကြောက်မနေနဲ့.. ခင်ဗျား အသက်အရွက်ကို ထည့်တွက်ရင် မရိုက်ချင်ဘူး.. ဒါပေမဲ့ ခင်ဗျား နားလည်အောင်တော့ ပြောရမယ်.. "

" အဲ့တုန်းက ကျုပ် အဖေကို မေးတာက ခင်ဗျားပဲ.. ကျုပ်အဖေက ငါးစာအတွက် ပြောင်းဖူးမှုန့် သုံးတယ်လို့ ဖြေပေမဲ့.. ပြောင်းဖူးမှုန့် သုံးရင် ငါးသေချာပေါက် ဖမ်းမိမယ်လို့ အာမခံ ဖူးလို့လား.. "

" သူ အဲ့လိုတော့ မပြောပါဘူး.. "

အဘိုးကြီးက ညည်းညူစွာဖြင့်...

" ဒီ လပိုင်းတွေ အစားအစာ ဘယ်လောက် ခက်ခဲနေလဲဆိုတာ လူတိုင်းသိကြတာပဲ..မင်း အဖေရဲ့ စကားတစ်ခွန်းကြောင့် ငါ ပြောင်းဖူးမှုန့် တစ်ကျင်းလောက် ကုန်သွားတယ်.. ပြန်လျော်ပေးသင့်တယ် မထင်ဘူးလား.. "

" ထွက်သွား.. "

ယန်ကျီဝမ်က စိတ်မရှည်တော့ဘဲ အေးစက်စွာဖြင့်...

" ခင်ဗျား ပြောသလိုဆို.. ကျုပ်အဖေက ချီးစားခိုင်းရင် ခင်ဗျား စားမှာလား.. "

အဘိုးကြီးက မျက်စိပျက် မျက်နှာပျက်နှင့် ယန်ကျီဝမ်ကို တုန်ရီစွာ လက်ညိုးထိုးပြီး...

" မင်း.. မင်း..မင်း.."

" မင်း..မင်း.တွေ ..ငါ.. ငါ.. တွေ လာလုပ်မနေနဲ့.. သွားလစ်.. ကျုပ်ငါးမျှား တာ လာမနှောက်ယှက်နဲ့.. "

ယန်ကျီဝမ်က သတိပေးလိုက်သည် ။

" ခင်ဗျား အသက်အရွယ်ကို ထောက်နေလို့ အရင်ကိစ္စ လွှတ်ပေးထားတာနော်.. မဟုတ်ရင် ကျုပ် ရိုက်ခွဲလိုက်ပြီ ..ကျုပ်ဒေါသကို လာမဆွနဲ့.. ကျုပ် ခင်ဗျားကို ဆေးဖိုး မတောင်းတာပဲ ကျေးဇူးတင်.. "

" မင်း...ငါ.. "

အဘိုးကြီးက ဆုံးမ ခံလိုက် ရပြီးနောက် ဆွံ့အ သွားလေ၏ ။

ကံကောင်းထောက်မစွာဖြင့် အဘိုးကြီး၏ မိတ်ဆွေတစ်ဦးက လာဆွဲခေါ်သွား၍ ပွဲပြီးသွားသည် ။

ယန်ကျီဝမ် စိတ်မကြည်တော့ပေ ။ ထိုအဘိုးကြီးက ကျားကျန်းရှီ၏ ယောကျ်ား ဗားရှင်း နှင့်တူနေ၏ ။

တော်သေးသည်က သူသည်လည်း နှုတ်သီးကောင်း လျှာပါး ဖြစ်နေ၍ပင် ။ ဤခေတ်ဟောင်းမှ လူများက သူ့အား နိုင်အောင် ငြင်းခုံနိုင်မည်လော ။ သူ မထင် ။

ယန်ကျီဝမ် စိတ်မကြည်သော်လည်း ဆုံးရှုံးခဲ့သော အမှတ်များ ပြန်ရရန် ငါးမျှားခြင်းကို စတင်လေတော့သည် ။

အချိန်တွေ ကုန်လွန်လာ၏ ။

[ ဒင်.. ငါး အောင်မြင်စွာ ဖမ်းမိ... ရမှတ် + ၁ ငါးမျှားအတွေ့ အကြုံ +၁.. ].......

........

...........

...............

နေ့ခင်းအချိန်...နှစ်နာရီ... သုံးနာရီခန့်...

မိန်းမစီး စက်ဘီးတစ်စီး ခြံဝင်း No 95 အပြင်၌ ရပ်ထား၏ ။

စက်ဘီး ပိုင်ရှင်က ဘဲဥပုံ မျက်နှာနှင့် ဂါဝန် ဝတ်ဆင်ထားသော မိန်းမငယ်လေး တစ်ဦး ။

စက်ဘီး၏ နောက်ခုံတွင် ထုတ်ပိုးထားသော ပစ္စည်းများစွာ ချိတ်ဆွဲထားသည် ။

" ဒီ နေရာလား.. "

ထိုမိန်းကလေးက မသေချာ မရေရာ ဟန်ဖြင့် ရေရွတ်လိုက်သည် ။

သူမ ခြံဝင်းအတွင်း ဝင်လိုက်သည်နှင့် အိမ်ထဲမှ ထွက်လာသော ရန်ရွေ့ဟွားနှင့် တည့်တည့်တိုး၏ ။

ရန်ရွေ့ဟွားက မြင်သည်နှင့် ရပ်၍ မေးလိုက်သည် ။

" ကလေးမ ဘယ်သူနဲ့ တွေ့ချင်လို့လဲ.. "

ခြံဝင်းအတွင်း ဝင်လာသော သူစိမ်းကို မေးခွန်း တိတိကျကျ မေးရန် လိုအပ်သည် ။ ဤခေတ်တွင် သူစိမ်းများအား အလွန်သတိထားရ၏ ။

မည်သည့် နေရာသို့ သွားသည်ဖြစ်စေ မိတ်ဆက်စာ လိုအပ်၏ ။ သို့မဟုတ်လျှင် ပြဿနာ တက်ချေမည် ။

ရန်ရွေ့ဟွားက ထိုမိန်းကလေးအား သတိထားသည်ထက် ပို၍ပင် အာရုံစိုက်မိနေသည် ။ သူမ တွေးလိုက်၏ ။

' ကောင်မလေးက အသားအရေလည်း လှတယ်.. ဖြူဖွေးပြီး နူးညံ့နေတာပဲ.. မျက်နှာလေးကလည်း ချစ်စရာလေး.. ကိုယ်လုံးကိုယ်ပေါက် လေးကလည်း မဆိုး.. ဝတ်ထားတာတွေကလည်း စျေးကြီးမယ့်ပုံပဲ.. ကြည့်ရတာ ချမ်းသာတဲ့အိမ်က သမီးလေး ထင်တယ်.. "

အသက်အရွယ် အရဆိုလျှင် ဒုတိယသားနှင့် ရွယ်တူလောက်ရှိ၏ ။ စက်ဘီးလည်း ပိုင်ဆိုင်ထားသည် ။ သားကြီး သို့မဟုတ် ဒုတိယသား၏ ဇနီး ဖြစ်လာလျှင် မည်မျှ ကောင်းလိုက်ပါမည်နည်း ။

ထိုအတွေးက ရန်ရွေ့ဟွား၏ ခေါင်းထဲတွင် ချက်ချင်းပေါ်ထွက်လာသည် ။ ယန်ဖူကွေ့၏ မိန်းမ ဖြစ်နေသည်မှာ အံ့သြစရာ မရှိပေ ။ တွက်ချက်တက်သည့် စရိုက်မှာ အတူတူပင် ။

အနှီ မိန်းကလေးက မနေ့က ယန်ကျီဝမ် ကယ်ထားသော လိုရှောင်အဲပင် ။ သူမ အိမ်သို့ ပြန်ရောက်သည်နှင့် သူမ၏ အဖေဖြစ်သူ လိုပန်ချန် အား အကူအညီ တောင်းလိုက်၏ ။

လိုပန်ချန် ဆိုသည်မှာကား နယ်နယ် ရရမဟုတ် ။ ပေကျင်း၏ ထိပ်တန်း သူဌေးကြီး ဖြစ်သည် ။ သံမဏိစက်ရုံကြီးပင်လျှင် နိုင်ငံအား သူ လှူဒါန်း ထားခြင်းပင် ။ သူ၏ လွှမ်းမိုးမှုက ပေကျင်းမြို့ထဲ အပ်ကျပျောက်လျှင်ပင် ရှာတွေ့နိုင်၏ ။

ယန်ကျီဝမ်၏ အထောက်အထားကို နေ့တွင်းချင်းပင် ရှာတွေ့ခဲ့သည် ။

( ..လိုပန်ချန်နာမည်က ဘွဲ့ပုံစံမျိုး နာမည်ရင်း မဟုတ်.. ကွန်မြူနစ် မတိုင်ခင်က အရမ်းချမ်းသာတဲ့ အရင်းရှင်ကြီး.. မြို့တဝက်ကို ပိုင်တယ်လို့ အဓိပ္ပါယ် ရတဲ့ဘွဲ့.. နောက်ပိုင်း ကွန်မြူနစ် အာဏာရလာတော့ သူ့စက်ရုံ အလုပ်ရုံ တွေ ၊ အိမ်တွေ အများကြီးကို နိုင်ငံကို လှူလိုက်ပြီး ဒါရိုက်တာ နာမည်ခံပြီး ကုပ်နေတာ 🤣.. သူ လူမသိ​အောင် ဖွက်ထားတာတွေ အများကြီး.. ဒါတောင် ပေကျင်းရဲ့ အချမ်းသာဆုံး စာရင်းထဲမှာ ပါနေသေးတယ်.. )

ယန်ကျီဝမ်အား ရှာတွေ့ပြီး​နောက် လိုရှောင်အဲက လက်ဆောင်ဝယ်ပြီး ရောက်လာခြင်းဖြစ်သည် ။

သူမက ရန်ရွေ့ဟွား၏ အတွေးကို မသိဘဲ ယဥ်ကျေးစွာ မေးလိုက်၏ ။

" မင်္ဂလာပါ ဒေါ်ဒေါ်.. သမီး နာမည် လိုရှောင်အဲပါ.. ဒီ ခြံဝင်းထဲမှာ ယန်ကျီဝမ် ဆိုတဲ့သူ နေလားဟင် .."

" အာ.."

ထိုစကားကို ကြားလျှင် ရန်ရွေ့ဟွား အံ့သြသွားသည် ။ သူမ နားကြားလွဲသည် ထင်၍ ထပ်မေး၏ ။

" ကလေးမ.. ဘယ်သူ့ကို လာရှာတာ.."

လိုရှောင်အဲက ပြန်ပြော၏ ။

" ယန်ကျီဝမ်ပါ.. "

ရန်ရွေ့ဟွားက...

" ယန်ကျီဝမ်ဆိုတာ အဒေါ့်ရဲ့ ဒုတိယသားပါ.. မိန်းကလေး သူ့ကို တွေ့ချင်လို့လား.. "

" အာ.. ဒါဆို ဒေါ်ဒေါ်က ယန်ကျီဝမ်ရဲ့ အမေပေါ့.. သမီးကို ရှောင်​အဲ ဒါမှ မဟုတ် အဲဇီလို့ ခေါ်လို့ ရပါတယ်ရှင့်.. အခုလာတာက............"

" သြော်.. ဒါဆို ဒီလို ဖြစ်ခဲ့တာကိုး.. "

ရန်ရွေ့ဟွား နားလည်သွားပြီး ညည်းညူလိုက်သည် ။

" ဒုတိယသားက တကယ်ကို မလွယ်ဘူး.. ဒီလို ကိစ္စကို ဝင်ပါရဲ.. "

ရန်ရွေ့ဟွား စကားပြောနေရင်း သူမ ရှေ့မှ မိန်းကလေးက အကယ်ခံ ခဲ့ရသူမှန်း သတိရသွားကာ ရှက်ရွံ့ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး...

" ရှောင်အဲ.. အဒေါ်ပြောတာ အဲ့သဘော မဟုတ်ဘူးနော်.. အန္တရာယ် တစ်ခုခုကို ဖြစ်မှာကို အဒေါ်က စိတ်ပူသွားလို့ပါ.. "

လိုရှောင်အဲက ကျက်သရေ ရှိသော အပြုံးဖြင့်...

" ရပါတယ် ဒေါ်ဒေါ်.. ဒေါ်ဒေါ် ရှင်းပြစရာ မလိုပါဘူး.. ဒေါ်ဒေါ်က သားအတွက် စိတ်ပူတာ သမီးနားလည်ပါတယ်.. "

All Chapters