← Chapters

အခန်း ၉၁

Vol. 9 Ch. 91

အခန်း ၉၁

Vol. 9 Ch. 91

Chapter 91

~

အခန်း ၉၁ : စားရမှာလည်း သဲနှင့်ရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း

~

" အင်းပါတော်... သမီး ရှောင်အဲ.. ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ.. "

ရန်ရွေ့ဟွားက မေးသာမေးလိုက်သော်လည်း စက်ဘီးနောက်ရှိ ပစ္စည်းများကို ကြည့်ပြီး ခန့်မှန်းမိနေသည် ။

" သူ့ကို ကျေးဇူးတင်ချင်လို့ပါ.. မနေ့က သူ ထွက်ပြေးသွားလို့ ကျေးဇူးတင်စကားပြောဖို့ အခွင့်အရေး မရလိုက်ဘူး.. "

လိုရှောင်အဲက ပြုံး၍...

" ဒေါ်ဒေါ်.. သမီးတို့ အိမ်ထဲဝင်ပြီး စကားပြောလို့ ရမလားဟင်.. "

" အာ.. ရတာပေါ့ ..ဒါပေါ့.. ဒါပေါ့.. ကြည့်ပါအုံး ဦးနှောက်က သတိကို မရဘူး.. လာ..လာ..ရှောင်အဲ.. အိမ်ထဲဝင်ပြီး စကားပြောကြမယ်.. "

ရန်ရွေ့ဟွားက ကိုယ့်ခေါင်းကို ပြန်ရိုက်လိုက်ပြီး လိုရှောင်အဲအား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည် ။

လိုရှောင်အဲက စက်ဘီးကို တွန်းလာပြီး ဒေါက်ထောက်လိုက်၏ ။ ထို့နောက် လက်ဆောင်များကို ယူကာ စားပွဲပေါ် တင်လိုက်ပြီး ...

" ဒေါ်ဒေါ်.. ဒီ လက်ဆောင် နည်းနည်းလေးက ဒေါ်ဒေါ်တို့ အတွက်ပါ.. "

" အယ်.. အမလေး.. လူပဲ လာရင်ရပါပြီ လက်ဆောင်တွေ ဘာလုပ်ဖို့လဲ.. "

ရန်ရွေ့ဟွားက ပြောသာပြောလိုက်သော်လည်း သူမ၏ အကြည့်က လက်ဆောင်​များပေါ်မှ မခွာ ။

လိုရှောင်အဲ ပေးသော ပစ္စည်းများကို လှပသေသပ်စွာ ထုတ်ပိုးထားပြီး စျေးပေါပုံ မရပေ ။

' ဟိုလူရဲ့ အမေက စိတ်ဝင်စားဖို့ ကောင်းသားပဲ.. "

လိုရှောင်အဲက တွေးပြီး ပြုံးလိုက်ကာ..

" ဒေါ်ဒေါ်.. ဒါတွေက ဘာမှ မဟုတ်ပါဘူး.. သရေစာ တွေနဲ့ အားဖြည့်ဆေး နည်းနည်းပါးပါး ပါပဲ.. သမီးအသက်ကို ယန်ကျီဝမ် ကယ်တာနဲ့ယှဥ်ရင် ဒါလေးတွေက မပြောပလောက်ပါဘူး.. "

" အဲ့လိုလည်း မဟုတ်ပါဘူး.. ဒီကိစ္စကို မြင်တဲ့ သူတိုင်း ဘယ်ရပ်ကြည့်နေနိုင်မလဲ ဝင်ကူညီပေးမှာပါ.. "

ရန်ရွေ့ဟွားက နှိမ့်ချ ပြောလိုက်သည် ။

လိုရှောင်အဲက ရယ်ချင်စိတ်ကို အောင့်ထားရ၏ ။ သူမ တွေးလိုက်သည် ။

' ခုနပြောတုန်းက အဲ့လို မဟုတ်ပါဘူး.. '

လိုရှောင်အဲသည် သူမ၏ နောက်ခံကြောင့် အထက်တန်းအောင်မြင်ပြီးသော်လည်း ကျောင်းသို့ သွားရသည်က ရှားရှားပါးပါးပင် ။

သူမ ၏ အချိန်အများစုမှာ အိမ်၌သာ ကုန်ဆုံးရပြီး လူများနှင့် ဆက်သွယ်ပြောဆိုရသည်က သိပ်မရှိ ။ ထို့ကြောင့် ရန်ရွေ့ဟွား၏ စရိုက်က သူမအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေ၏ ။

ဤသို့ဖြင့် ကြီးကြီးငယ်ငယ် နှစ်ယောက်၏ စကားဝိုင်းက စတင်လေတော့သည် ။

သို့သော် မေးခွန်း ဒိုင်ခံမေးနေသူက ရန်ရွေ့ဟွားပင် ။

အကြောင်းအရာနှင့် ပက်သက်လျှင်တော့ ။ လိုရှောင်အဲအား မျက်နှာနီရဲ သွားစေသည့် အိမ်ထောင်ရေးမှတ်ပုံတင်စစ်ဆေးမှု မေးခွန်းများပင် ။

သို့ပေသိ လိုရှောင်အဲ သည် သူမ၏ အရင်းရှင် နောက်ခံအား တိတိကျကျ ထုတ်မပြော ။

လိုရှောင်အဲက ယန်ကျီဝမ်နှင့် ပက်သက်သော မေးခွန်းအနည်းငယ်ကိုသာ ပြန်မေး၏ ။

ခဏကြာ စကားပြောပြီး​နောက် ယန်ကျီဝမ် ပြန်ရောက်လာသည် ။

ယန်ကျီဝမ် အိမ်ထဲသို့ ဝင်လာပြီးနောက် ရယ်ရယ်မောမော စကားပြောနေကြသည့် ရန်ရွေ့ဟွားနှင့် လိုရှောင်အဲကို ကြည့်ပြီး ဆွံ့အသွား၏ ။

သူ အိမ်မှား မဝင်မိတာ သေချာစေရန် အပြင်သို့ ပြန်ထွက်ပြီး အိမ်တံခါးကို စစ်ဆေး ကြည့်လိုက်ရသည် ။

လိုရှောင်အဲက ယန်ကျီဝမ်ကို မြင်လျှင် ဘာတက်နိုင်သေးလဲ ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်၏ ။

ယန်ကျီဝမ်က အံ့အားသင့်စွာဖြင့်...

" မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ.. "

သို့သော်လည်း သူနားလည်သွားသည် ။ လိုပန်ချန်၏ သမီးက သူ့ကို ရှာမတွေ့စရာ အကြောင်း မရှိချေ ။

" ဒါပေါ့.. နင့်ကို ကျေးဇူးတင်ဖို့ လာခဲ့တာလေ.. "

( သက်တူရွယ်တူခြင်းမို့ နင် ငါ သာ သုံးလိုက်ပါတယ်.. )

လိုရှောင်အဲက ပြုံးနေပြီး သူမကိုယ်သူမ ကျေနပ်နေလေ၏ ။

အထူးသဖြင့် ယန်ကျီဝမ်၏ အံ့အားသင့်မှုက သူမကို ပျော်ရွှင်စေသည် ။

' ဟမ့်.. နာမည် မပြောခဲ့တာနဲ့ ဒီ မိန်းကလေး ဘာမှ မတက်နိုင်တော့ဘူး ထင်နေတာလား.. '

" သြော်... မင်း ကျေးဇူးတင်တာကို အသိအမှတ်ပြုပါတယ်.. "

ယန်ကျီဝမ်က ခပ်တည်တည် ပြောလိုက်၏ ။ သူ၏ အသံက အနည်းငယ် အေးစက်နေသည် ။

လိုရှောင်အဲ၏ မျက်နှာက ချက်ချင်းပင် အေးခဲသွားလေသည် ။

ယန်ကျီဝမ်က သူမအား သဘောမကျဟု အမြဲတမ်း ခံစားနေမိ၏ ။

" ဘက်.. "

ယန်ကျီဝမ်၏ စကားဆုံးသည်နှင့် သူ၏ နောက်စေ့ကို ပိတ်ရိုက်ခံလိုက်ရသည် ။

ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်...

" နင် ဘယ်လို လေသံနဲ့ ပြောနေတာလဲ.. သူများကို လေးစားမှု ရှိစမ်း.. "

သူမ ယန်ကျီဝမ်အား အနည်းငယ် စိတ်ပျက်သွားသည် ။ ဒုတိယသားက ဉာဏ်ကောင်းသော်လည်း မည်သို့ကြောင့် ဤမျှ အထိ မိုက်မဲနေရပါသနည်း ။

မိသားစုကလည်း ချမ်းသာ၏ ။ ရုပ်လည်း ချော၏ ။ လိုရှောင်အဲ၏ တင်ပဆုံ ကားကားက ကလေးများများ မွေးနိုင်မည့် ပုံပင် ။

အရေးအကြီးဆုံးမှာ သူမ၏ ဒုတိယသားအကြောင်းကို မေးနေသဖြင့် သဘောကျနေသည်မှာ သေချာလှပေသည် ။

သို့သော် ဤ မသိတက်သည့် ကလေးက အေးစက်စက် ဆက်ဆံနေသည် ။

' ဒုတိယသားရဲ့ အသက်က ၁၈ ဆို​တော့ ချိန်းတွေ့ဖို့ သင့်တော်နေပြီ.. ကြားထဲကနေ အောင်သွယ်ပေးမှထင်တယ်.. '

" အာ့.. ဟုတ်ပြီ.. ဟုတ်ပြီ..ဟုတ်ပြီ.. "

ယန်ကျီဝမ်က လိုရှောင်အဲကို အကူအညီမဲ့ဟန် ကြည့်၍...

" ငါ ပြန်ပြီး လိုက်ပို့ ပေးရမလား.. "

" အင်း... "

လိုရှောင်အဲက ယန်ကျီဝမ်၏ ဖိတ်ခေါ်စကားကို မဆိုင်းမတွ လက်ခံလိုက်သည် ။

( တစ်ခုပြောချင်လို့ပါ... ဒီဘက်ခေတ်မှာက အိမ်ထောင်ပြုတာ လွယ်တယ်ဗျ.. အောင်သွယ်နဲ့ စကားပြောခိုင်း.. တစ်ရက် ချိန်းတွေ့ကြည့်.. လက်ဖွဲ့ငွေကြေး ညှိနှိုင်းပြီးရင် ချက်ချင်း မင်္ဂလာ​ဆောလက်ထပ်လိုက်လို့ရပြီ .. လက်ထပ်တာက တင်တောင်းငွေ ဆယ်ယွမ် ငါးယွမ် အဲ့လောက်ပဲ.. တောဘက်တွေမှာ ပိုတောင် ရလွယ်သေးတယ်.. အရမ်းခက်ခဲတဲ့ ဒေသတွေ ဆို ပြောင်းဖူးမှုန့် ငါးကျင်းလောက်နဲ့ မိန်းမ တင်တောင်းလို့ရတယ် 🤣 )

ထို့နောက် ယန်ကျီဝမ်နှင့် လိုရှောင်အဲတို့ စက်ဘီး ကိုယ်စီ တွန်း၍ ခြံဝင်းမှ ထွက်လာခဲ့ကြ၏ ။

ခဏကြာ လျှောက်လာကြပြီးနောက် ရုတ်တရက် လိုရှောင်အဲက...

" ဟေ့.. ယန်ကျီဝမ်.. ငါနင့်ကို ညစာ လိုက်ကျွေးမယ်လို့ ပြောထားတယ်လေ.. တစ်ခုခု သွားစားကြရင် ကောင်းမလား.. "

" တော်ပါပြီ အိမ်ပြန်ရောက်မှ တစ်ခုခု စားလိုက်တော့မယ်.. "

ထိုစကားကို ကြားလျှင် လိုရှောင်အဲ၏ လှပသော မျက်နှာလေးက ညှိုးနွမ်းသွားပြီး ခဏကြာ တိတ်ဆိတ်သွားပြီးမှ အံကြိတ်ကာ...

" ယန်ကျီဝမ်.. နင့် ကြည့်ရတာ ငါ့ကို သဘောမကျသလိုဘဲ.. "

ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

" အဲ့လို မဟုတ်ပါဘူး ..ငါတို့က ရင်းမှ မရင်းနှီးတာ.."

အရင်းရှင် ​နေက်ခံကြောင့် မနီးကပ်လိုဟု ထုတ်မပြောလိုက်ချေ ။ ဖြူစင်သော အနှီ မိန်းမလှလေး၏ နှလုံးသား နာကျင်သွားနိုင်၏ ။ သူ ထုတ်ပြော၍ မဖြစ် ။

" ဒါဆို ငါတို့ စကားများများ ပြောရင် ပိုပြီး ရင်းနှီးလာမှာ မဟုတ်ဘူးလား.. "

လိုရှောင်အဲက လက်မလျော့လို သေးပေ ။

ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

" မင်း မြင်တဲ့အတိုင်းပဲ ငါက အလုပ် အရမ်းများတယ် ..ငါ့ မိသားစုက အရမ်းဆင်းရဲပြီးတော့ ငါ့မှာ ညီလေး ညီမလေးတွေ အများကြီးပဲ.. အဲ့တာကြောင့် ငါ ပိုက်ဆံ ​ကြိုးကြိုးစားစား ရှာပြီး မိသားစု ဝန်ထုတ်ဝန်ပိုးကို ကူထမ်းပေးနေရတာ.. "

" ငါ.... "

လိုရှောင်အဲက သူမ အရမ်းချမ်းသာသည်ဟု ပြောလိုက်ချင်သော်လည်း ပြောမထွက် ။

ယောကျ်ားများသည် သူတို့၏ မာနကို ဂရုစိုက်တက်ကြ၍ ထိုသို့ ပြောလိုက်လျှင် ယုံကြည်မှုကို ထိခိုက်သွားနိုင်၏ ။

အမှန်​တော့ သူမ အတွေးလွန်နေခြင်းပင် ။ ယန်ကျီဝမ်ကဲ့သို့ ခေတ်သစ်မှ လာသူက ထိုသည်ကို လုံးဝ ဂရုမစိုက်ချေ ။

မိမိ ကိုယ်ကို လေးစားမှု ဆိုသည်လော ။ ထိုသည်က မည်မျှ တန်ဖိုး ရှိသနည်း ။

ယန်ကျီဝမ်သည် ယခင်ဘဝက အောက်ခြေလူတန်းစားသာဖြစ်ပြီး လစာအနည်းငယ် ရရန် နွားလို အလုပ်လုပ်ရ၏ ။

သူ သက်လတ်ပိုင်း အရွယ်သို့ ရောက်သည်အထိ နောင်တများနှင့် ရှင်သန်ခဲ့ရသည် ။

သူ ငယ်ရွယ်တုန်းက လာချဥ်းကပ် ခဲ့သော အဒေါ်တစ်ယောက်ကို မည်သို့သော ဦး​နှောက်မျိုးနှင့် ငြင်းပယ်ခဲ့ပါသနည်း ။

ထိုအဒေါ်က အဆောက်အအုံံ ဆယ်ဂဏန်းပိုင်ဆိုင်၏ ။ သူ၏ လက်ကျန် ဘဝ တစ်လျှောက်လုံး သက်တောင့်သက်သာ ဖြတ်သန်းနိုင်သည် ။

ယခု လိုရှောင်အဲက အလွန် လှပနေသည်ကိုပင် ထည့်မပြောရသေးပေ ။

ကံဆိုးသည်က အရင်းရှင် နောက်ခံပင် ။ ဆယ်နှစ်ကြာ မုန်တိုင်းကြီး တိုက်ခတ်ချိန်တွင် မပြီးမချင်း သူတို့ ပြန်လာနိုင်ကြမည် မဟုတ် ။

လို​ရှောင်အဲအား ရွေးချယ်လျှင် လမ်းနှစ်ခုသာ ရှိတော့သည် ။

ပထမအချက်က ဟောင်ကောင်သို့ သူမနှင့် အတူ ထွက်သွားရန် ​ဖြစ်ပြီး ဒုတိယအချက်က သူမအား ဆယ်စုနှစ် တစ်ခုကျော် စောင့်ဆိုင်းနေရန်ဖြစ်သည် ။

သူ နှစ်ခုလုံးအား လက်မခံနိုင်၍ သူမကို မေ့ထားရုံသာ တက်နိုင်တော့သည် ။

ထို့အပြင် သူ့တွင် ငါးမျှား စနစ် ရှိ၍ သူ တစ်ပါးအား မှီခိုစရာ မလိုအပ်ပေ ။

ထို့ကြောင့် ယန်ကျီဝမ် အတွက် လိုရှောင်အဲက အနှောက်အယှက် ဖြစ်နေသည် ။

စားရမှာလည်း သဲနှင့်ရှပ်ရှပ် ၊ ပစ်ရမည်ကလည်း အဆီနှင့် ဝင်းဝင်း....

သူမ၏ အလှအပကြောင့် စိတ်ယိုင်လာမည်ကို စိုး၍ သူ ရှောင်ဖယ်နေခြင်းပင် ။ သူ၏ ခန္ဓာကိုယ်က ၁၈ နှစ်သာ ရှိသေး၍ ဤသို့ ဆွဲဆောင်မှုက ရုန်းထွက်ရန် ခက်ခဲလေ၏ ။

" ငါ့ကို လိုက်ပို့ မနေပါနဲ့တော့.. ငါ့ ဘာသာပဲ ပြန်တော့မယ်.. "

လိုရှောင်အဲက ထိုသို့ ပြောပြီး​နောက် ဝမ်းနည်းဟန်ဖြင့် စက်ဘီးနင်းကာ ထွက်ခွာသွား၏ ။

ယန်ကျီဝမ် ခေါင်းခါလိုက်​ပြီး အိမ်သို့ လှည့်ပြန်လာခဲ့သည် ။

ယန်ကျီဝမ် အိမ်သို့ ပြန်ရောက်သည်နှင့် ရန်ရွေ့ဟွားက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်၏ ။

" ရှောင်အဲကို အိမ်ပြန်လိုက်ပို့တာ မဟုတ်ဘူးလား ..ဘာလို့ အစောကြီး ပြန်လာတာလဲ .."

" သူ့ဘာသာပဲ ပြန်တော့မယ်တဲ့.. "

ယန်ကျီဝမ်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည် ။

ရန်ရွေ့ဟွားက မကျေမနပ်ဖြင့် ယန်ကျီဝမ်၏ နှာဖူးကို လက်ညိုးနှင့် ထိုး၍...

" နင်...နင်...ဦးနှောက် မရှိလိုက်တာ.. အဲ့ မိန်းကလေးက နင့်ကို စိတ်ဝင်စားနေတာလေ.. နင်ဒါလေးတောင် မသိဘူးလား.. "

" အဲ့တော့ ဘာဖြစ်လဲ.. "

ရန်ရွေ့ဟွားက စားပွဲပေါ်မှ လက်ဆောင်များကို လက်ညိုးထိုးပြပြီး...

" အဲ့မှာ ရှောင်အဲ ဝယ်လာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်.. ဘယ်စ္စည်း ဖြစ်ဖြစ် ဆယ်ယွမ်ထက် မနည်းဘူး..သူ့ မိသားစုက အရမ်းချမ်းသာတာ သေချာတယ်.. နင်သူနဲ့ လက်ထပ်ရင် သူ့မိသားစုက လက်ဖွဲ့ငွေ အများကြီးပေးမှာ.. "

ယန်ကျီဝမ်၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ရီ သွားသည် ။

သူ့အမေက သူ့အဖေထက်ပင် ဆိုးနေချေပြီ ။ သူ့အား ပိုက်ဆံနှင့် ရောင်းထုတ်ရန် ကြံစည်နေလေ၏ ။

All Chapters