အခန်း ၉၃
Vol. 9 Ch. 93
Chapter 93
~
အခန်း ၉၃ : အဘိုးကြီး ခင်ဗျားပြောတာမှန်တယ်..ဒါပေမဲ့ ထပ် မပြောနဲ့တော့...
~
ယန်ဖူကွေ့ ခေါင်းခါလိုက်ပြီး...
" မတူဘူးလေ.. မင်းကိုယ်တိုင် ကတိပေးထားတာဆို့ မင်းစကား မင်းတည်ရမယ်.. "
ယန်ကျီဝမ်က ယန်ဖူကွေ့ကို လျစ်လျူရှူ၍ ကလေးတစ်ယောက်ကို ကြည့်လိုက်သည် ။ ကလေးနှစ်ယောက်က တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြ၏ ။ တိတိကျကျ ပြောရလျှင် သူ၏ အိတ်ကပ်ကို စိုက်ကြည့်နေကြသည် ။
ယန်ကျီဝမ် ရုတ်တရက် သဘောပေါက်သွားသည် ။
ကလေးများသည် အသက်ငါးနှစ် ခြောက်နှစ် ရှိကြပြီဖြစ်၍ ငွေမည်သို့ သုံးရမည်ကို သိလေပြီ ။
ထို့ကြောင့် ယန်ကျီဝမ်က ကလေးနှစ်ယောက်ကို တစ်ဖန့်စီ ထုတ်ပေးလိုက်သည် ။
" ကျေးဇူးတင်ပါတယ် အစ်ကိုနှစ်.. "
ကလေးနှစ်ယောက် ပျော်သွားကြ၏ ။
ယန်ဖူကွေ့က ထိုသည်ကို ကြည့်နေရင်း..
" ကျီခွမ်း.. ကျီတိ.. မင်းတို့က ငယ်သေးတယ်.. ပေးပေး ပိုက်ဆံကို အဖေ သိမ်းထားပေးမယ်.. "
ကလေးနှစ်ယောက်၏ အမူအရာက တောင့်တင်းသွားသည် ။ သူတို့ မပျော်ကြတော့ ။
သူတို့ ငယ်သေးသော်လည်း နားလည်၏ ။ ယခင်နှစ်များတွင် သူတို့၏ နှစ်သစ်ကူးဖုန့်ဖိုးများကို အမေက သိမ်းပေးမည်ဟု ယူထားပြီး ပြန်မပေးတော့ပေ ။
ယခု အစ်ကိုနှစ်ထံမှ ရရှိထားသော မုန့်ဖိုးကို တစ်ခုခု ဝယ်စားချင်ကြပြီး မပေးချင်ကြချေ ။
" အဖေ.. ဒါက တကယ်လိုအပ်လို့လား.. "
ယန်ကျီဝမ် သည်းမခံနိုင်တော့ဘဲ မေးလိုက်၏ ။ အနှီအဘိုးကြီး၏ အကျင့်ဟောင်းများ ပြန်ပေါ်လာပြန်သည် ။ ကလေးများကိုပင် ချမ်းသာမပေးချေ ။
ယန်ဖူကွေ့က ကြောင်အအဖြင့် ရှက်သွားပြီး...
" ဟီးဟီးး..အကျင့်ပါနေလို့ပါ.. ငါ နောက်ထပ် မလုပ်တော့ဘူး .."
သူ ယန်ကျီဝမ် ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသောကြောင့်ပင် ။ အလွန်အကျွံ တွက်ကပ်ခြင်းက မိသားစုနှောင်ကြိုးကို လျော့ပါးသွားစေနိုင်၏ ။
ညစာစားချိန်.....
ယနေ့ ညစာသည်တော့ မန်ထိုနှင့် ဂေါ်ဖီကြော်သာဖြစ်သည် ။ ရန်ရွေ့ဟွား၏ ပြောစကားအရ အရသာရှိသော အစားအစာများကို နေ့စဥ်စားခြင်းက အိမ်နီးချင်းများ၏ မနာလိုမှုကို ဖြစ်ပေါ်စေနိုင်၏ ။
ထို့ကြောင့် ယန်ကျီဝမ် ငါးပြန်ယူမလာခဲ့ပေ ။ ဤသို့သော ခေတ်မျိုးတွင် မန်ထို စားနိုင်သည်က ကံကောင်းမှု တစ်ရပ်ပင် ။
ယန်ဖူကွေ့က မန်ထိုကို ကိုက်လိုက်ပြီး မေးလိုက်၏ ။
" အဘွားကြီး.. ကျီချန်း ဘယ်မှာလဲ.. "
ယန်ရွေ့ဟွားက စားရင်းတန်းလန်း ပြန်ဖြေသည် ။
" နေ့လည်တုန်းက ခနပြန်လာပြီး ပြန်ထွက်သွားတယ်.. "
" သြော်... "
ယန်ဖူကွေ့က သားကြီး ပြောင်းရွေ့တော့မယ်ကို သိပြီးသားဖြစ်၍ ဘာမှ ထပ်မပြောတော့ပေ ။
ယန်ကျီချန်း ထွက်သွားပြီးနောက် အပျော်ဆုံးလူမှာ ယန်ကျီဖန့် ပင် ။ တစ်ခန်းလုံးအား တစ်ယောက်တည်း ပိုင်လေပြီ ။ သို့သော် ကြာကြာ မပျော်လိုက်ရ ။
ယန်ဖူကွေ့က...
" သားကြီး ထွက်သွားပြီဆိုတော့ အငယ်လေး နှစ်ယောက်က တတိယသားနဲ့ အတူသွားအိပ်ကြတော့.. "
ကလေးနှစ်ယောက် အလွန်ပျော်သွားကြ၏ ။ မိဘ များနှင့် အတူ ကန် ( အပူပေး အုတ်ကုတင် ) အိပ်ရသည်ကို သူတို့ မကြိုက်ကြပေ ။
ကျောင်းတက်နေဆဲ ယန်ကျီဖန့်သည်တော့ အတွန့်မတက်ရဲ ။ ရွေးချယ်စရာမရှိ၍ နာခံလိုက်ရတော့၏ ။
ညဘက် အိပ်ရာထဲ၌....
ရန်ရွေ့ဟွားက...
" အဘိုးကြီယန်.. ဒီနေ့ မိန်းကလေးတစ်ယောက် ဒုတိယသားကို လာရှာတယ် သိလား.. "
" သူ့ အတန်းဖော်လား.. "
ယန်ဖူကွေ့က ခပ်ပေါ့ပေါ့သာ ပြန်ဖြေသည် ။ အလေးအနက်မထား ။
" မဟုတ်ဘူး.. "
ရန်ရွေ့ဟွားက ခေါင်းခါပြီး တိတိကျကျ အကုန်ပြောပြသည် ။
ထို့နောက် သူမ ထပ်ပြော၏ ။
" အဲ့မိန်းကလေးက ဒုတိယသားကို စိတ်ဝင်စားနေတာ သေချာတယ်.. သူက အရမ်း ရက်ရောတယ်နော်.. သူ ကျေးဇူးတင်ဖို့ ယူလာတဲ့ လက်ဆောင်တန်ဖိုးက ယွမ်နှစ်ဆယ် ကျော်လောက်ရှိမယ်.. "
ယန်ဖူကွေ့ လန့်သွားပြီး...
" အဲ့တာတွေ ဘယ်မှာလဲ ငါမတွေ့ပါလား.. "
ရန်ရွေ့ဟွားက မျက်လုံးလှန်လိုက်ပြီး...
" ဒါပေါ့.. ကျုပ် သိမ်းထားတယ်.. ရှင်လည်း ဒုတိယသားအကြောင်းကို သိသားနဲ့.. ကျုပ်သိမ်းမထားရင် ကလေးနှစ်ယောက်ကို အကုန်ကျွေး ပစ်လိမ့်မယ် .."
ယန်ဖူကွေ့ ခေါင်းညိတ်ထောက်ခံလိုက်ပြီးနောက် မေးလိုက်၏ ။
" အဲ့တာဆို သူက ဘယ်သူ့ သမီးတဲ့တုန်း.. "
ရန်ရွေ့ဟွားက ခေါင်းခါပြီး...
" ခုမှ ပထမဆုံး အလည်လာတာဆိုတော့ ကျုပ် အများကြီး မေးတာ မသင့်တော်ဘူးလေ.. ကောင်မလေးက ဒုတိယသားနဲ့ အသက်အတူတူပဲ.. မိဘတွေက အသက်ရှိသေးတယ်တဲ့.. ပြီးတော့ သူ့မှာ အကိုနှစ်ယောက်လည်း ရှိတယ်တဲ့.. "
ယန်ဖူကွေ့က ...
" အဲ့တာဆို ဒုတိယသားက ဘာပြောလဲ.. "
" အဲ့တာကို စဥ်းစားလေ ဒေါသထွက်လေပဲ.."
ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်...
" ဒုတိယသားက ပုံမှန်ဆို ဉာဏ်ကောင်းရဲ့သားနဲ့ အဲ့အချိန်တုန်းက ဘာလို့ တုံးနေမှန်း မသိဘူး.. အဲ့မိန်းကလေးရှေ့မှာ အေးစက်စက်နဲ့ သစ်သားတုံး လုပ်နေတာ.. ကျုပ်သာ မတားရင် မောင်းထုတ် ပစ်လောက်တယ်.. မိုက်မဲလိုက်တာ.. "
" အင်း.. အဲ့လိုဆို ဘယ်ကောင်းမလဲ.. "
ယန်ဖူကွေ့က တစ်ခွန်း ပြန်ပြောပြီးနောက် တိတ်ဆိတ်သွားသည် ။
ရန်ရွေ့ဟွားက ပူပင်ဟန်ဖြင့်...
" ဒါပဲလား.. အဘိုးကြီးယန်.. ရှင်ဘာလို့ ဒုတိယသားအကြောင်း ဆက်မပြောတာလဲ.. "
" ဘာကို ပြောရမှာလဲ.. "
ယန်ဖူကွေ့က ကူကယ်ရာ မဲ့ဟန်ဖြင့်...
" မင်းပဲ ပြောပြီးသားလေ.. ဒါက ပထမဆုံးအကြိမ်လာလည်တာ.. ပြီးတော့ တွေ့တာလည်း မကြာသေးဘူး.. ဒုတိယသားက အသက် ၁၈ ပဲ ရှိပါသေးတယ်..မိန်းမယူဖို့ အသက်မပြည့်သေးဘူး.. "
" ဒုတိယသားရဲ့ အရည်အချင်းနဲ့ဆို မိန်းမ မရှား ပါဘူး.. "
" ဒါပေမဲ့... "
" တော်ပြီ တော်ပြီ.. ငါ အိပ်တော့မယ်.. မနက် အတန်းချိန် ရှိသေးတယ်.. "
ယန်ဖူကွေ့က စကားဆက်ရန် ကြံနေသော ရန်ရွေ့ဟွားအား စကားစ ဖြတ်လိုက်သည် ။
" ကလေးတွေမှာ သူတို့ကိုယ်ပိုင် ကောင်းချီးတွေ ရှိတယ်.. ဒုတိယသားရဲ့ ဦးနှောက်နဲ့ဆို သူလုပ်နေတာကို သူနားလည်မှာပါ.. "
ယန်ဖူကွေ့က ထိုစကားကိုပြောပြီး အိပ်လိုက်တော့သည် ။
ယန်ဖူကွေ့သည် ရန်ရွေ့ဟွားထက်ပို၍ နက်နက်ရှိုင်းရှိုင်း တွေးမိသည် ။ မိန်းကလေး၏ အတော်လေး ချမ်းသာပုံရသည် ။၂၀ ယွမ်ကျော် လက်ဆောင်များ ပေးနိုင်၍ သူမ၏ မိသားစုက အရမ်းချမ်းသာသည်မှာ သေချာပေ၏ ။
ဤအကြောင်းကြောင့်ပင် ဒုတိယသားက အေးစက်စက် ဆက်ဆံနေခြင်း ဖြစ်နိုင်သည် ။
ထို့အပြင် ယခုအခါ ယန်မိသားစု၏ အခြေအနေက အတိတ်ကနှင့် မတူတော့ပေ ။ ဒုတိယသားကြောင့် သူ အသက်ရှူချောင်လာ၏ ။
အကျင့်ဟောင်းအား မစွန့်လွှတ်နိုင်သေးသော်လည်း အရာအားလုံးကို တွက်ချက်မနေတော့ပေ ။
ဒုတိယသားပြောသော အရာအားလုံးကို တွက်ချက်နေလျှင် မိသားစု နှောင်ကြိုးကို လျော့ကျစေမည်ဟူသော စကားကို သူ၏ စိတ်ထဲတွင် သေချာစွဲထင်နေသည် ။
ယန်ကျီဝမ် အိပ်ပျော်နေတုန်း အချိန်အတန်ကြာ မမက်ခဲ့သော အိမ်မက် ပြန် မက်နေသည် ။ အိမ်မက်ထဲတွင် လိုရှောင်အဲပင် ပါနေလေ၏။
( သိမယ် ထင်တယ်နော် 🤪..)
..
နောက်တနေ့....
ခါတိုင်းလိုပင် ယန်ကျီဝမ်သည် သူ၏ ပြိုင်ကားကို နင်း၍ ဟောက်ဟိုင်ကန်သို့ ထွက်လာခဲ့သည် ။
သူ ဟောက်ဟိုင်ကန်သို့ ရောက်လျှင်ရောက်ခြင်းပင် အသိနှင့် ဆုံလိုက်ရ၏ ။
ယန်ကျီဝမ်က သူ၏ လက်နက်များကို နေရာ ချထားပြီးသည်နှင့် အဘိုးကြီးဝမ်က ရယ်ကျဲကျဲဖြင့် ...
" ယန်လေး ..မနေ့တုန်းက အဘိုးကြီး တစ်ယောက် မင်းကို ပြဿနာ လာရှာတယ်ဆို.. "
" ဒီအတိုင်း အားယားနေတဲ့ အဘိုးကြီး တစ်ယောက်ပါ.. ကျုပ် မောင်းထုတ်လိုက်တယ်.. "
ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်ပြီး ငါးစာကို ပြင်ဆင်နေသည် ။
"ဟားဟားဟား.. ငါ ကြိုသိလို့ အရင်နှစ်ရက်က မလာတာ.. "
အဘိုးကြီးဝမ်က ရယ်လိုက်ပြီး ရှက်ရွံခြင်းမရှိ....
" ယန်လေး.. ငါ့ကို ငါးစာ နည်းနည်းပေး ..."
ထို့နောက် ယန်ကျီဝမ်၏ တုန့်ပြန်မှုကို မစောင့်ဘဲ လက်လှမ်းလိုက်၏ ။
သူတို့နှစ်ယောက် အတော်လေး ရင်းနှီးလာကြပြီး ယန်ကျီဝမ်က ကပ်စေးမနှဲသဖြင့် ငါးစာ ယူသုံးခိုင်းထားသည် ။ ပြုလုပ်နည်း မတောင်းသရွေ့ ဘာမှ မဖြစ်ပေ ။
အဘိုးကြီး ဝမ်က ထိုသည်ကို သိ၍ ပြုလုပ်နည်း မတောင်းတော့ဘဲ ငါးစာသာ ကုန်းဆင်းနေတော့သည် ။
နှစ်ယောက်စလုံး ငါးမျှားကြိုး ပစ်ပြီးသည်နှင့် စကားစတင်လိုက်ကြသည် ။
အဘိုးဝမ်က...
" မင်း အဖေ တစ်နေ့က အရိုက်ခံလိုက်ရတယ်ဆို.. "
ယန်ကျီဝမ်က...
" မစိုးရိမ်ရပါဘူး နဲနဲ ဘုထသွားရုံတင် ..သူ့ကို ဝိုင်းဆွဲထားကြလို့ ချော်လဲပြီး ဆောင့်မိတာ.. "
" သြော် အဲ့လိုလား.. ငါက အရိုက်ခံလိုက်ရတယ် ထင်နေတာ.. "
အဘိုးဝမ်က သက်ပြင်းချလိုက်ပြီး ...
" မင်းအဖေက လူကောင်းတစ်ယောက်ပါ ..တစ်ခါတစ်လေ ရှေ့နောက်မကြည့် စကားပြောတက်တာနဲ့ နဲနဲလေး ကပ်စီးနည်းနေတာလေးက လွဲရင်ပေါ့.. "
ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့်...
" သားတစ်ယောက်က အဖေအကြောင်းကို မကောင်းပြောလို့ မရဘူးလေ..အဘိုးကြီးဝမ်ပြောတာ မှန်ပေမယ့် ထပ်မပြောနဲ့တော့.. "
" သြော်.. မင်းက မိဘကို သိတက်တဲ့သားပဲ .."
အဘိုးကြီးဝမ်က ချီးကျူးလိုက်၏ ။ သူ့အကြည့်က လေးစားမှုများ ရောယှက်နေသည် ။