← Chapters

အခန်း ၉၆

Vol. 9 Ch. 96

အခန်း ၉၆

Vol. 9 Ch. 96

Chapter 96

~

အခန်း ၉၆ : ငါးယွမ် တန်သောငါး...

~

ယန်ကျီဝမ် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏ ​ခြေထောက်ကို ကျီတိက ပြေးဖက်ပြီး မျှော်လင့်ချက် ကြီးစွာဖြင့်....

" အကိုနှစ်.. အမေက ဒီနေ့ည ငါးဟင်းမချက်ချင်ဘူးတဲ့.. အဲ့တာ အကိုချက်ကျွေးပါနော် .."

ယန်ကျီဝမ်က သူ့အမေကို ကြည့်လိုက်လျှင် သူ့အ​မေက နှာခေါင်းရှုံ့ပြီး...

" ဟမ့်.. လူတိုင်းက ငါချက်တာကို စားမကောင်းဘူး ထင်နေမှတော့ ဘာလို့ ချက်ပေးရမှာလဲ.."

" အဲ့တာဆို အမေ နားနေလေ.. ဟင်းချက်တာ သားတာဝန်ထားလိုက်.. "

ယန်ကျီဝမ်က ပြုံး၍ မီးဖိုချောင်ထဲ ဝင်သွားသည် ။ သူ့အမေ၏ ဟင်းချက်လက်ရာက မကောင်းသည်မဟုတ် ။ ဟင်းခတ်ပစ္စည်းများကို အလွန်ချွေတာသဖြင့် အရသာချို့တဲ့ နေခြင်းဖြစ်သည် ။

ယန်ကျီဝမ်သည်တော့မတူ ။ ဟင်းခတ်ပါဝင်ပစ္စည်းများသုံးသလို မာစတာအဆင့် စာဖိုမှူး စွမ်းရည်ကြောင့် လူတိုင်း၏ ပါးစပ်ထဲတွင် ထူးခြားနေ၏ ။

ရန်ရွေ့ဟွားက သူမ ဟင်းမချက်ချင်ဟု ပြောသောလည်း မီးဖိုချောင်ထဲသို့ လိုက်ဝင်လာသည် ။

မည်သို့ကြောင့် ဝင်လာရပါသနည်း ။ ယန်ကျီဝမ်အား ကြီးကြပ်ရန်ပင် ဖြစ်ချေသည် ။

ချက်ချင်းပင် အသံများ ဆူညံလာတော့သည် ။

" အို ဘုရားရေ.. ငါးကြော်ဖို့ ဆီတွေ အဲ့လောက်တောင် သုံးတယ်လား..ဘုရား ..ဘုရား.. ကုန်ပါပြီတော်.. "

" ဟဲ့ဟဲ့.. ငါးကြော်တာ ဘာလို့ သကြားတွေ ထည့်နေတာလဲ.. ဖြုန်းတီးလိုက်တာဟယ်.. "

ရန်ရွေ့ဟွားက အဆက်မပြတ် နားပူနားစာ လုပ်နေသဖြင့် ယန်ကျီဝမ်က ကူကယ်ရာမဲ့ဟန်ဖြင့်....

" အမေ.. အပြင်ကနေပဲ စောင့်နေပါလား.. "

သူ့အမေက အဆက်မပြတ် ညီးညူနေ၍ ယန်ကျီဝမ် ခေါင်းကိုက်လာ၏ ။

ရန်ရွေ့ဟွား ခေါင်းခါလိုက်ပြီး...

" မဖြစ်ဘူး.. ငါ စောင့်ကြည့်နေမှဖြစ်မယ်.. မဟုတ်ရင် မီးဖိုထဲက ပစ္စည်းတွေအားလုံး နင် အကုန်သုံးပစ်မှာ.. "

ယန်ကျီဝမ် ဘာများ တက်နိုင်တော့မည်နည်း ။ ဆက်၍ အဆူခံရုံသာ တက်နိုင်တော့သည် ။

" ဟ.. သောက်ခွေး.. "

အိမ်အပြင်ဘက်မှာ အံ့အားသင့်စွာ အော်လိုက်သံကြီး ထွက်ပေါ်လာသည် ။

ယန်ကျီဝမ်နှင့် ရန်ရွေ့ဟွားတို့ လှည့်ကြည့်လိုက်လျှင် မီးဖိုချောင် တံခါးဝမှ ကြည့်၍ အော်လိုက်သော ရှာကျူးအား တွေ့လိုက်ရ၏ ။

" ရှာကျူး.."

ရန်ရွေ့ဟွား လန့်သွားပြီး ချက်ချင်းပင် တံခါးပိတ်ရန် ပြေးတော့၏ ။

ရှာကျူးက အရင်တစ်ခေါက်ကလို့ အနံ့ရသွား ပြန်လေပြီ ။ သူ့ကို အိမ်ထဲသို့ ဝင်ခွင့် မပေးနိုင် ။ အရင်တစ်ခေါက်လို အိမ်ထဲသို့ ပြေးဝင်လာသည်က မုန်းစရာ ကောင်းလှ၏ ။

သို့သော် ရန်ရွေ့ဟွား မတားနိုင်လိုက်ပေ ။ အိမ်တံခါးမကြီးဆီသို့ ရှားကျူးက အရင်ရောက်သွားပြီး ရန်ရွေ့ဟွားကို တွန်းဖယ်၍ အိမ်ထဲသို့ ဝင်လာသည် ။

ရန်ကျီဝမ်က ငါးကို ပြင်ဆင်ပြီးဖြစ်သည် ။ ယနေ့ ငါးချိုချဥ်ကြော် လုပ်ထား၏ ။ လိုရှောင်အဲ၏ ဝက်နံရိုးချိုချဥ်ကြော်ကို မြင်လိုက်ရ၍ ယနေ့ ငါးချိုချဥ် ချက်ရန် စိတ်ကူးပေါက်သွားခြင်း ဖြစ်သည် ။

ရှာကျူး မီးဖိုချောင်ထဲသို့ ဝင်လာလျှင် ယန်ကျီဝမ်က ပန်းကန်ထဲ အသင့်ပြင်ပြီးသွား၏ ။

ထိုသည်ကို မြင်လျှင် ရှာကျူးက ယုံကြည်မှု အပြည့်ဖြင့်...

" အရင်ရက်က ငါးစွပ်ပြုတ်ကို မင်းချက်တာမလား.. "

ထို့နောက် တစ်ခုခုကို ရှာနေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည် ။ ဘာမှ ရှာမတွေ့၍ အိုးခွက်များကို လှန်လှောရှာရန် လက်စကို ဆွဲတင်လိုက်သည် ။

ယန်ကျီဝင်က ရှာကျူး၏ ရှေ့ကို ပိတ်ဆို့လိုက်ပြီး အသံနက်ကြီးဖြင့် ...

" ရှာကျူး.. မင်း သောက်ပြဿနာ လာရှာပြန်ပြီလား.. "

ရှာကျူး တုန့်ဆိုင်းသွားသည် ။ သူ အရင်ရက်က အထိုးခံလိုက်ရသော ယန်ကျီဝမ်၏ လက်သီးချက်ကို ပြန်သတိရသွား၏ ။ သူ တုန်ရီလာသဖြင့် အားတင်းကာ...

" ယန်လောင်အာ.. ငါဒီနေ့ ပြဿနာ လာရှာတာ မဟုတ်ဘူး.. ငါ သင်ချင်လို့တာ.. ငါ မင်းကို ကြောက်မယ် ထင်မနေနဲ့.. "

" သင်မှာလား ..ဟမ့်.. "

ယန်ကျီဝမ်က နှာခေါင်းရှုံ့လိုက်ပြီး...

" ငါ့ ဟင်းချက်ကျွမ်းကျင်မှုကို ခိုးချင်လို့မလား.. မင်း ငါ့တပည့်ဖြစ်ချင်ရင်တောင် အနည်းဆုံး သုံးနှစ်လောက် အသီးအရွက် လာလှီးသင့်တယ်လေ.. "

ယနေ့ခေတ်တွင် ပညာသင်ယူချင်လျှင် သုံးနှစ်သုံးမိုး ဆရာဖြစ်သူအတွက် အလုပ်လုပ်ပေးရမည်ဖြစ်ပြီး ထို့နောက်မှသာ စတင်သင်ကြားမည်ဖြစ်သည် ။

ထိုသုံးနှစ်ပြီးနောက် ဆရာ၏ စစ်ဆေးမှုကို မကျော်ဖြတ်နိုင်လျှင် အထုတ်ဆွဲ၍ ပြန်လာရနိုင်သေး၏ ။

ယခု ရှာကျူး၏ ချက်ချင်း သင်ယူချင်သည် ဟု ပြောသော စကားက ရန်စ လိုက်သလို ဖြစ်နေသည် ။

" ဘယ်လိုလုပ် တပည့်ခံနိုင်မှာလဲ.. ငါက သံမဏိစက်ရုံရဲ့ စားဖိုမှူးချုပ် ...အဆင့် ၈ စားဖိုမှူးပါဟ.. အများဆုံးတော့ အပြန်အလှန် သင်ယူတာပဲ ဖြစ်နိုင်မယ်.. "

ရှာကျူးက...

" ယန်လောင်အာ.. မင်းရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ဘယ်သူဆီကနေ သင်ထားတာလဲ.. "

" မင်းနဲ့ မဆိုင်ဘူး.. "

ယန်ကျီဝမ်က...

" မင်းထွက် သွားမှာလား ထွက်မသွားဘူးလား.. မင်း ထွက်မသွားရင် ငါ့အဆိုး မဆိုနဲ့နော်.. ပိုက်နက်ကျူးလွန်မှူက မသန်မစွမ်း ဖြစ်သွားအောင် ရိုက်ခွင့်ရှိတယ်.. "

" ပြီးရော.. ပြီးရော.. မင်းဆီက မသင်ရလည်း ဘာဖြစ်လဲ.. "

ရှာကျူးက နောက်ဆုတ်မည်ပြုပြီး ခေါင်းစဥ် ပြောင်းလိုက်၏ ။

" ဒါပေမဲ့ မင်းရဲ့ ငါးဟင်းက ကောင်းမယ့်ပုံပဲ.. ငါ့ကိုရောင်း.. အဆင်ပြေလား.. "

ရန်ရွေ့ဟွား၏ မျက်လုံးများ တောက်ပလာပြီး...

" ရှာကျူး ဘယ်လောက် ပေးမှာလဲ.. "

ထိုအခိုက် ပန်းပင် ရေလောင်းနေသော ယန်ဖူကွေ့က အိမ်ထဲမှ ဆူညံသံများကြောင့် ရောက်လာ၏ ။ သူ ဝင်ဝင်ချင်း ရန်ရွေ့ဟွား ၏ စကားကို ကြားလိုက်ရသဖြင့်...

" ငါ့သားက ထိပ်တန်းစားဖိုမှူးကြီးဆီက အမွေကို ဆက်ခံထားတာနော် ..နည်းနည်းပဲ ပေးရင်​တော့ ငါသဘော မတူဘူး.. "

" ဟုတ်တယ်.. ဟုတ်တယ်.. "

ရန်ရွေ့ဟွားက ခေါင်းညိတ်၍ ဝင်ထောက်ခံ၏ ။

ရှာကျူး၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည် ။

' ဒါ စျေးမြင့်မြင့် တောင်းဖို့ လုပ်နေတာပဲ မလား.. လင်မယားနှစ်ယောက် ငွေမက်တာ​တော့ အတူတူပဲ.. '

သူ လက်နှစ်ချောင်း ထောင်ပြလိုက်ပြီး...

" နှစ်ယွမ်ပေးမယ်.. "

ထိုသည်ကို ကြားလျှင် ယန်ဖူကွေ့တို့ လင်မယား မျက်လုံးပြူး သွားကြပြီး ယန်ကျီဝမ်ကို သဘောတူရန် မျက်ရိပ်ပြလိုက်ကြ၏ ။

ဟင်း၏ တန်ဖိုးနှင့် တွက်လျှင် အဆများစွာ မြတ်နေချေပြီ ။

ယန်ကျီဝမ်က လှောင်ပြောင်သော အပြုံးနှင့်...

" မင်းကိုမင်း ဘာထင်နေလဲ.. ဒီငါးဟင်းက ငါ့မိသားစုအတွက် ချက်ထားတာ ရောင်းဖို့ မဟုတ်ဘူး.. "

သူ့အား နှစ်ယွမ် မမြင်ဘူး သူဟု ထင်နေသည်လော ။ ငါးဟင်းကို ရောင်းလိုက်လျှင် ညစာ ပြောင်းဖူးပေါင်းသာ ကျန်ပေတော့မည် ။

မနေ့က အသားမစားရ၍ ယနေ့ စားရချေမည် ။ ကလေးနှစ်ယောက်အတွက် အဟာရ လိုအပ်၏ ။

အဓိက အကြောင်းရင်းမှာ ကလေးနှစ်ယောက်က သနားစဖွယ် ကြည့်နေ၍ပင် ။ သူတို့ အသားစားချင်ကြ၏ ။

ယန်ဖူကွေ့တို့ လင်မယား အလွန် စိုးရိမ်သွားကြသည် ။ ဤသည်က နှစ်ယွမ်ဖြစ်၏ ။ ငါးများစွာ ပြန်ဝယ်နိုင်သည် ။

ဒုတိယသားက နေ့တိုင်း ငါးရနေ၍ မနက်ဖြန်တွင် ထပ်ချက်နိုင်သည် ။

သူတို့ စကားပြောရန် ပြင်လိုက်ဆင်မှာပင် ရှာကျူး က အထက်စီး လေသံဖြင့်...

" ငါးယွမ် ပေးမယ်.. အဆင်ပြေလား.. မပြေလည်း ကိစ္စမရှိဘူးနော်.. ကျုပ်က ယန်လောင်အာ ချက်ထားတာကို စားဖူးချင်ရုံပဲ .."

" သဘောတူတယ်.. "

ယန်ဖူကွေ့က ရှေ့သို့ လျင်မြန်စွာ တိုးလာပြီး ငါးပန်းကန်ကို ယူ၍ ရှာကျူးလက်ထဲသို့ ထိုးထည့်ပေးကာ လက်ဖြန့်လိုက်ပြီး ငါးယွမ်ယူရန် စောင့်ဆိုင်းနေ၏ ။

" အဖေ.. "

ယန်ကျီဝမ်က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည် ။

" ဒုတိယသား ..ဘာမှ မပြောနဲ့အုံး.. "

ယန်ဖူကွေ့က ရှာကျူးကို စူးစိုက်ကြည့်ပြီး..

" ရှာကျူး.. ပိုက်ဆံ ဘယ်မှာလဲ.. မြန်မြန်ပေး.. "

ရှာကျူးက ပိုက်ဆံထုတ်ပေးလိုက်ကာ လှည့်ထွက်သွားပြီး လှည့်မကြည့်ဘဲ ပြောလိုက်၏ ။

" စားပြီးမှ ပန်းကန် ပြန်လာပေးတော့မယ်.. "

" ဟာဟ.. ငါ နောက်ထပ် အမြတ်ရ ပြန်ပြီ.. "

ယန်ဖူကွေ့က ကျေနပ်အားရစွာဖြင့်...

" စကားပုံအတိုင်းဆိုရင် စားလို့ ဝတ်လို့ ဆင်းရဲမှာ မဟုတ်ဘူး ..မတွက်ချက်တက်ရင် ဆင်းရဲမှာပဲ.. ဒီ ရှာကျူးက အရူးပဲ ငါးတစ်ကောင်ဝယ်ဖို့ ငါးယွမ်တောင် သုံးတယ်.. "

" အဘိုးကြီးယန် ...ရှင်က အမြတ်ထုတ်တဲ့နေရာမှာ အတော်ဆုံးပဲ.. "

ရွေ့ဟွားက ဝင်၍ ထောက်ခံချီးကျူး၏ ။

" ဒါပေါ့.. .."

ယန်ဖူကွေ့၏ မျက်နှာက ပို၍ မာနကြီးဟန် ပေါက်လာသည် ။

ယန်ကျီဝမ်က အသံတိုးတိုးဖြင့်..

" အဘိုးကြီး.. ရှာကျူး တုံးမတုံးတော့ မသိဘူး ဒီည သားတို့ ပေါင်းဖူးပေါင်းပဲ စားရတော့မှာ .."

ရှာကျူးက တုံးသည်လော ။ လုံးဝ မဟုတ် ။ ဟင်းချက်နည်း ခိုးယူရန် ကြိုးစားနေခြင်းဖြစ်သည် ။

သူ၏ ဟင်းချက်ကျွမ်းကျင်မှုက ရှာကျူးထက် ပိုသာသည့်အပြင် ဟင်းပွဲ အသစ်ဖြစ်၍ ရှာကျူးအတွက် အလွန်အဖိုးတန်ပေသည် ။

သူ့ထံမှ ပညာသင်ရန် မဖြစ်နိုင်၍ ဟင်းပွဲမှတဆင့် ပညာခိုးရန် ကြံစည်နေခြင်းဖြစ်သည် ။

ရှာကျူး၏ အရူးတိုင်ဆိုသော နာမည်ပြောင်ကို ယုံမိလျှင် ယုံမိသူသာ အရူးဖြစ်ချေမည် ။

ထိုစကားကို ယန်ဖူကွေ့ ကြားလျှင် အငယ်လေး နှစ်ယောက်ကို လှည့်ကြည့်လိုက်၏ ။ ထိုကလေးနှစ်ယောက်က ငိုမဲ့မဲ့ ဖြစ်နေသည်ကို မြင်လျှင် သူ ရှက်ရွံသွားသည် ။

ရန်ရွေ့ဟွားသည်တော့ ထိုသည်ကို ဂရုမစိုက်ဟန်ဖြင့် ...

" ဘာများဆန်းလို့လဲ.. တစ်သက်လုံး ဒါပဲ စားလာတာကို.. အစားကောင်း မစားရရင် သေသွားမှာ ကြနေတာပဲ.. "

ဤသို့နှင့် ယန်မိသားစု၏ ညစာက ယခင်ကကဲ့သို့ ပြောင်းဖူးပေါင်းနှင့် ချဥ်ဖတ် ပြန်ဖြစ်သွား၏ ။

တခုကွာခြားသည်က အရေအတွက် အတိအကျ မဟုတ်ဘဲ ပိုပိုသာသာ လုပ်ထားခြင်းပင် ။

မျက်ရည်ဝဲရင်း စားနေသော ကလေးနှစ်ယောက်ကို ကြည့်၍ ယန်ဖူကွေ့ သနားသွားသော်လည်း သူ လုပ်ခဲ့သည်ကို နောင်တ မရပေ ။

ဒုတိယသားက မိသားစုဝင်များအား တွက်ကပ်ခြင်း မပြုရန် ပြောထား၍ အပြင်လူများအား တွက်ချက်သည်ကိုတော့ ခွင့်ပြုပေးသင့်သည် ။

ထိုအပြင် ငွေအားလုံးက သူ့အိတ်ကပ်ထဲသို့ ရောက်လာ၍ သူ အမြတ်အများကြီး ရခဲ့၏ ။

All Chapters