← Chapters

အခန်း ၅၄၅

Vol. 28 Ch. 545

အခန်း ၅၄၅

Vol. 28 Ch. 545

အခန်း (၅၄၅)သတင်းဆိုး

မိစ္ဆာသားရဲသည် ချင်ယွမ်ဖုန်း၏ ကိုယ်ဟန်အမူအရာကို မြင်သည်တွင် စိတ်နှလုံး၌ လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားချေသည်။

"သိထားတာမှန်သမျှ အကုန်ဖွင့်ပြောစမ်း၊ ဒါဆိုရင်တော့ ငါ မင်းအသက်ကို ချမ်းသာပေးမယ်" ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် ဆို၏။

"ဟွန်း... အလကား အပင်ပန်းမခံပါနဲ့၊ ငါ ဘာတစ်ခုမှ ပြောမှာမဟုတ်ဘူး"

မိစ္ဆာသားရဲက တင်းမာစွာ တုံ့ပြန်သည်။ ၎င်းသည် ရင်ထဲ၌ ကြောက်ရွံ့ထိတ်လန့်နေသော်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်ဆင်နေဆဲ ဖြစ်ပေသည်။

" အဆုံးစီရင်မလို့လား... အချိန်ကုန်ခံမနေပါနဲ့တော့၊မင်းရဲ့ အပေါင်းအဖော်တွေကတော့ အစီအရင် ချိပ်ပိတ်ခြင်းကို ဖောက်ဖျက်ပြီး လူ့လောကထဲမှာ ဘယ်လောက်တောင် ကြာအောင် နေထိုင်သွားကြပြီလဲမသိဘူး၊ စည်းစိမ်ချမ်းသာတွေနဲ့ ပျော်ပါးနေကြတာလေ၊ မင်းကျတော့ကော... ချိပ်ပိတ်ခြင်းထဲက မှောင်မိုက်တဲ့ အရပ်မှာ မွေးဖွားလာပြီး ခုမှပဲ အပြင်ကို ရုန်းထွက်နိုင်ခဲ့တာ၊ တကယ်ပဲ ဒီအတိုင်း သေသွားချင်လို့လား"

ချင်ယွမ်ဖုန်းသည် ခက်ထန်ထက်မြက်သော လေသံဖြင့် ပြောဆိုရာ ယင်းစကားလုံး တိုင်းက မိစ္ဆာသားရဲ၏ အားနည်းချက်ကို တည့်တည့်မှန်လေသည်။

မိစ္ဆာသားရဲ၏ မျက်ဝန်းအစုံတွင် ဝေဝါးတုန်လှုပ်မှုများ ဖြတ်ပြေးသွားပြီး ချင်ယွမ်ဖုန်း ပြောသည်ကို ထောက်ခံနေသည့်အလား ရှိချေသည်။

"မင်းသိထားတာ အကုန်ပြောပြမယ်ဆိုရင် ငါ မင်းကို ဒီကနေ ထွက်သွားခွင့်ပြုမယ်၊ သားရဲခြေဆန့်ကျွန်းကနေ ထွက်ပြီး လူသားတွေနေတဲ့ ကုန်းမြေကြီးဆီ သွားလို့ရတာပေါ့၊ လူအုပ်ထဲမှာ ရောနှောနေထိုင်ပြီး အရိပ်အခြေမပြသရွေ့တော့ မင်းအတွက် ဘာအန္တရာယ်မှ ရှိလာမှာမဟုတ်ဘူး"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဖြောင်းဖျလေသည်။

အခြားသော မိစ္ဆာသားရဲများကလည်း လူ့လောကသည် မည်မျှ သာယာဖွယ်ကောင်းကြောင်း ပြောပြဖူးသဖြင့် ထိုမိစ္ဆာသားရဲသည် စိတ်လှုပ်ရှားသွားရပေသည်။

"ကောင်းပြီ... ငါ ပြောပြမယ်"

ထို့နောက်တွင် မိစ္ဆာသားရဲသည် မိမိသိရှိသမျှကို ချင်ယွမ်ဖုန်းအား အကုန်အစင် ပြောပြလိုက်ပြီးနောက် ချင်ယွမ်ဖုန်းက ၎င်းကို အပြတ်ရှင်းပစ်လိုက်ချေသည်။

မိစ္ဆာသားရဲ၏ မယုံကြည်နိုင် ဖြစ်နေသော မျက်ဝန်းများကို ကြည့်ရင်း ချင်ယွမ်ဖုန်း သက်ပြင်းချမိသည်။

မိစ္ဆာသားရဲများနှင့် ဆက်ဆံရာတွင် ကတိသစ္စာဟူသည် မရှိစဖူးပေ။

သားရဲခြေဆန့်ကျွန်းပေါ်ရှိ ချိပ်ပိတ်ခြင်းမှာ အလွန်ပင် ကြီးမားလှပုံရသည်။

ယင်းအတွင်း၌ နေထိုင်သော မိစ္ဆာသားရဲ ပေါင်းသုံးဆယ်ကျော် ရှိနေပြီး ၎င်းတို့ကို လာရောက်ကယ်ဆယ်သည့် မိစ္ဆာသားရဲစ

ဆယ်ကောင်လည်း ရှိနေသည်။

ဆိုလိုသည်မှာ ကျွန်းပေါ်တွင် မိစ္ဆာသားရဲ စုစုပေါင်း ငါးဆယ်ခန့် ရှိနေပြီး ယခုအချိန်အထိ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် သုံးကောင်သာ သေဆုံးသေးခြင်း ဖြစ်၏။

ထို့အပြင် သုံးရက်ကြာပြီးနောက် ၎င်းတို့သည် လူသားများကို စတင်တိုက်ခိုက်တော့မည် ဖြစ်ပြီး ထိုမိစ္ဆာသားရဲများကို မောင်းနှင်ကာ လူသားများကို ချေမှုန်းရန် ကြံစည်နေကြောင်း ချင်ယွမ်ဖုန်း သိရှိခဲ့ရသည်။

ထိုအချိန်ကျရောက်ပါက လူသားတစ်ယောက်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ယခုအခါတွင် ၎င်းတို့သည် မိစ္ဆာသားရဲ တစ်ရာကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ယင်းတို့အနက် ဆယ်ကောင်ကျော်မှာ နတ်သားရဲအဆင့် ဖြစ်ကာ အချို့သော မိစ္ဆာသားရဲများသည် ရှာဖွေတွေ့ရှိထားသည့် သန့်ရှင်းသော သားရဲနယ်ပယ်မှ မိစ္ဆာသားရဲတစ်ကောင်ကိုပင် ပစ်မှတ်ထားနေကြသည်။

အကယ်၍ ၎င်းတို့ တကယ်အောင်မြင်သွားပါက သန့်ရှင်းသော သားရဲအဆင့် မိစ္ဆာသားရဲတစ်ကောင်တည်းနှင့်တင် သားရဲခြေဆန့်ကျွန်းပေါ်တွင် မောက်မာရမ်းကားရန် လုံလောက်နေပြီ ဖြစ်ပေသည်။

"မဖြစ်ဘူး... ဒီနေရာက မလုံခြုံတော့ဘူး" ချင်ယွမ်ဖုန်းက လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူသည် မိစ္ဆာသားရဲ၏ အလောင်းကို မြေမြှုပ်လိုက်ပြီးနောက် ဤအကြောင်းအရာကို လူတိုင်းအား ပြန်လည်ပြောပြရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုအချိန်တွင် သူ၏ ကြိုတင်သိမြင်ခြင်း စွမ်းအားနယ်ပယ်အတွင်းသို့ အရှိန်အဝါ သုံးခု ထပ်မံဝင်ရောက်လာချေသည်။

ရှေ့ဆုံးမှ ပြေးလွှားနေသည်မှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အသက်လုထွက်ပြေးလာပုံရသော ပထမအဆင့် နတ်သားရဲအဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေသည်။

၎င်း၏နောက်တွင် လူသားနှစ်ဦးက လိုက်လံ အမဲလိုက်နေကြသည်။

ထိုလူသားနှစ်ဦးအနက် တစ်ဦးမှာ တတိယအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီး အခြားမိန်းကလေးတစ်ဦးမှာမူ နဝမအဆင့် မဟာဆရာနယ်ပယ်မျှသာ ရှိသေးသည်။

၎င်းတို့နှစ်ဦးသည် ဒဏ်ရာရနေသော မိစ္ဆာသားရဲကို မလွှတ်တမ်း လိုက်လံဖမ်းဆီးနေကြရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမိစ္ဆာသားရဲ ထွက်ပြေးလာသည့် လမ်းကြောင်းမှာ ချင်ယွမ်ဖုန်းရှိရာ အရပ်သို့ ဦးတည်နေပေသည်။

ချင်ယွမ်ဖုန်းသည် ထွက်ခွာမသွားဘဲ သားရဲခြေဆန့်ကျွန်းပေါ်ရှိ အခြားသူများကိုလည်း သတိရှိစေရန်အတွက် မိစ္ဆာသားရဲများ၏ သတင်းကို ပြောပြသင့်သည်ဟု တွေးတောနေမိသည်။

မိစ္ဆာသားရဲသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာရာ ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်လိုက်ပြီး မိစ္ဆာသားရဲ၏ ဦးခေါင်းကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။

မိစ္ဆာသားရဲသည် သွေးများ ပန်းထွက်လျက် မြေပြင်ပေါ်သို့ လဲကျသွားချေသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ အပြေးအလွှား ရောက်ရှိလာကြသည်။

"မင်းက ဘယ်သူလဲ" ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် မိစ္ဆာသားရဲ သေဆုံးသွားသည်ကို မြင်သောအခါ ထိုအမျိုးသားက အော်ဟစ်မေးမြန်းလိုက်သည်။

"အထင်မလွဲပါနဲ့၊ ငါလည်း သားရဲခြေဆန့်ကျွန်းကို ကျင့်ကြံမှု လေ့ကျင့်ဖို့ လာခဲ့တာပါ" ချင်ယွမ်ဖုန်းက အလျင်အမြန် ရှင်းပြလိုက်၏။

သို့သော် ထိုအမျိုးသားသည် ချင်ယွမ်ဖုန်း၏ စကားကို နားမထောင်ဘဲ သေဆုံးနေသော မိစ္ဆာသားရဲအနီးသို့ တိုက်ရိုက်သွားကာ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာသည်။

"ဟွန်း... ငါ့ရဲ့ သားကောင်ကို လုချင်တာလား၊ မင်း ငါ့အကြောင်းကို စုံစမ်းမထားဘူး ထင်တယ်၊ ငါက ပျော်ရွင်ပေါင်းစည်းခြင်းမျှော်စင်ရဲ့ ပေါ်ဟုန်ရုပဲ၊ ငါ့ကို ဘယ်သူမသိဘဲ နေမလဲ" ထိုအမျိုးသားက အေးစက်စွာ ဆို၏။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး "ပျော်ရွှင်ပေါင်းစည်းခြင်းချိုင့်ဝှမ်းနဲ့ မင်းတို့ ပျော်ရွှင်ပေါင်းစည်းခြင်းချိုင့်ဝှမ်းမျှော်စင်က ဘာပတ်သက်မှု ရှိလို့လဲ" ဟု မေးလိုက်သည်။

"ပျော်ရွှင်ပေါင်းစည်းခြင်းချိုင့်ဝှမ်းလား... အဲ့ဒါက ငါတို့ ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်က ထောင်ထားတဲ့ အဖွဲ့ခွဲတစ်ခုမျှသာပဲ၊ မင်းက ပျော်ရွှင်ပေါင်းစည်းခြင်းချိုင့်ဝှမ်းကို သိပြီး ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်ကို မသိဘူးဆိုတော့ သိပ်ပြီး အဆင့်အတန်းရှိတဲ့လူ မဟုတ်ပုံပဲ၊ ငါပြောမယ်... မင်း အခြေအနေကို သိတတ်ရင် ငါ့လမ်းကနေ ဖယ်စမ်း၊ ဒီသားကောင်က ငါပိုင်တာ" ပေါ်ဟုန်ရုက မောက်မာသော အမူအရာဖြင့် အေးစက်စွာ ပြောဆိုသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းကိုသာ ဖွဖွချမိရင်း "သဘောအတိုင်းပါပဲ" ဟု ဆိုလိုက်၏။

ထိုအချိန်တွင် အမျိုးသမီးက ရှေ့သို့ တိုးလာပြီး ပေါ်ဟုန်ရု၏ လက်မောင်းကို ဆွဲကိုင်ကာ "စီနီယာအကို... သူ့ကို အဲ့လောက်ကြီး မခက်ထန်ပါနဲ့၊ ကြည့်ရတာ ဒီမောင်လေးက တော်တော်လေး ချောမောခန့်ညားတာပဲ" ဟု ဆိုရင်း ချင်ယွမ်ဖုန်းကို မျက်စိမှိတ် ပြလိုက်သေးသည်။

"ဟွန်း... မင်းရဲ့ စီနီယာအကိုက မင်းကို မကျေနပ်စေနိုင်လို့လား၊ ဒီမိန်းမပျက်မလေး" ပေါ်ဟုန်ရုသည် ရုပ်ရည်သန့်ပြန့်သော်လည်း အမှန်စင်စစ်တွင် အလွန်ပင် ရိုင်းစိုင်းညစ်ညမ်းလှချေသည်။

အမျိုးသမီး၏ ခန္ဓာကိုယ်လေးသည် ပျော့ခွေသွားပြီး ပေါ်ဟုန်ရု၏ ရင်ခွင်ထဲသို့ မှီတွယ်ရင်း ချင်ယွမ်ဖုန်းကိုမူ မြူဆွယ်သော မျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်ပေသည်။

ပေါ်ဟုန်ရုက ရှေ့သို့ လှမ်းလာပြီး ချင်ယွမ်ဖုန်း၏ ပါးကို ပုတ်ကာ မျက်ဝန်းများ အေးစက်လျက် "ကောင်လေး... မင်း ဒီကနေ အမြန်ဆုံး ထွက်သွားတာ ကောင်းလိမ့်မယ်၊ မဟုတ်လို့ ငါ မင်းကို သတ်လိုက်ရင်တောင် ဒီနေရာမှာ ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု သတိပေးလိုက်၏။

ပေါ်ဟုန်ရု၏ အမြင်တွင် ချင်ယွမ်ဖုန်းမှာ အားနွဲ့သူတစ်ဦးမျှသာ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည်လည်း အလိုက်သိစွာဖြင့် အလျင်အမြန် ထွက်ခွာခဲ့ပေသည်။

ထိုနှစ်ဦး၏ ရောဂါထနေသော အမူအရာများက ချင်ယွမ်ဖုန်းကို အော့နှလုံးနာစေသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ထိုနေရာ၌ပင် ကိစ္စရှင်းလင်းတော့မည့်အလား ရှိနေသဖြင့် ချင်ယွမ်ဖုန်းကို အတင်းအကျပ် နှင်လွှတ်နေခြင်း ဖြစ်ပေရာ ချင်ယွမ်ဖုန်းကလည်း ထွက်လာခဲ့သည်။

၎င်းတို့နှစ်ဦးက သူ့ကို ဂရုမစိုက်တော့သော်လည်း ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာချေသည်။ ". ရှင်းမုန့်ရုံထံမှ အာဃာတတန်ဖိုး +၆၆ ရရှိပါသည်"

ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက် ခေါင်းခါမိသည်။ သူသည် သန့်ရှင်းသော နယ်မြေခြောက်ခုအနက် တစ်ခုဖြစ်သည့် ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်အကြောင်း ကြားဖူးပေသည်။

၎င်းတို့၏ တပည့်များသည် ယင်နှင့်ယန်ကို မျှတစေသည့် ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်ကို ကျင့်ကြံကြခြင်း ဖြစ်၏။ ဤကျင့်စဉ်ပညာရပ်ကို ကျင့်ကြံသူများသည် အပြုအမူနှင့် အပြောအဆိုတို့တွင် အလွန်ပင် ကာမဂုဏ် လိုက်စားကြသည်ကို တွေ့ရပေလိမ့်မည်။

ထို့ပြင် ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်သည် သန့်ရှင်းသော နယ်မြေခြောက်ခုအနက် တရားမဝင်သော မိစ္ဆာဂိုဏ်းနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး ကျင့်စဉ်အတွက် လူသားဆေးဖိုတုံးအဖြစ် သုံးရန် အမျိုးသားနှင့် အမျိုးသမီးများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

သို့သော်ပျော်ရွှင်ပေါင်းစည်းခြင်းမျှော်စင်မှ အမျိုးသား၊ အမျိုးသမီးများသည် ရုပ်ရည်အလွန် လှပကြသဖြင့် လူအများအပြားက ၎င်းတို့၏ ခေါ်ဆောင်ခြင်းကို ခံရရန် အိပ်မက်မက်ကြပေသည်။

ချင်ယွမ်ဖုန်းသည် ယခင်က ပျော်ရွှင်ပေါင်းစည်းခြင်းချိုင့်ဝှမ်းမှ လူများနှင့် တွေ့ဆုံဖူးပြီး ၎င်းတို့၏ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်ကိုပင် စုပ်ယူခဲ့ဖူးပေသည်။

သို့သော် ချင်ယွမ်ဖုန်းသည် ဤကဲ့သို့သော ကျင့်စဉ်ကို စက်ဆုပ်ရွံရှာသဖြင့် တစ်ခါမျှ အသုံးမပြုခဲ့ပေ။

ထိုနေရာမှ ထွက်ခွာလာပြီးနောက် ချင်ယွမ်ဖုန်းသည် နောက်သို့ ပြန်လျှောက်လာခဲ့သည်။ ဤကဲ့သို့သော လူစားမျိုးကို သတင်းပေးမနေခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် အနိုင်ကျင့်ရလွယ်သော လူစားမျိုး မဟုတ်သော်လည်း ၎င်းတို့ကို သတ်ဖြတ်ခြင်းမှာ အဓိပ္ပာယ်မရှိဟု ခံစားရသဖြင့် လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

မကြာမီတွင် ချင်ယွမ်ဖုန်းသည် ၎င်းတို့၏ စခန်းချရာနေရာသို့ ပြန်လည်ရောက်ရှိလာ၏။ ထိုအချိန်တွင် လူတိုင်းက တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုမိပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်ကြသည်။

ယိုတယ်ရွှေသည် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း စကားမဆိုဘဲ ၎င်း၏ မျက်ဝန်းများထဲတွင် အာဃာတများ ပြည့်နှက်နေပေသည်။ သူသည် ယခင်က လူတိုင်း၏ ဝေဖန်ခြင်းကို ခံထားရသဖြင့် စကား မပြောရဲတော့ပေ။

"ယွမ်ဖုန်း... မင်း ဘယ်သွားနေတာလဲ" မာထျန်းက ရှေ့သို့ တိုးလာပြီး မေးမြန်းလိုက်သည်။

ကျိရှန့်နှင့် လျိုချင်းတို့ကမူ ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်ရှိ သွေးစွန်းမှုများကို မြင်သည်တွင် ချင်ယွမ်ဖုန်း အပြင်သို့ ထွက်သွားခြင်းမှာ ရိုးရိုးရှင်းရှင်း လမ်းလျှောက်ခြင်း မဟုတ်ကြောင်း သိလိုက်ကြချေသည်။

"ငါ မင်းတို့ကို ပြောစရာ သတင်းဆိုး အချို့ရှိတယ်" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်ပြီး "ပြီးတော့ ငါတို့ရဲ့ ကျင့်ကြံမှု လေ့ကျင့်ခြင်းကိုလည်း ဖျက်သိမ်းရလိမ့်မယ် ထင်တယ်"

ချင်ယွမ်ဖုန်း မည်သည့်သတင်းကို စုံစမ်းသိရှိလာခဲ့သည်ကို မသိကြသဖြင့် လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပေတော့သည်။

All Chapters