← Chapters

အခန်း ၅၆၆

Vol. 28 Ch. 566

အခန်း ၅၆၆

Vol. 28 Ch. 566

အခန်း(၅၆၆)

လင်ဇီအာသည် သူမထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသော ဝမ်ချိုင်ကို ကြည့်ကာ ဆွံ့အလျက် ရှိနေတော့သည်။

သူမ၏ အတွေးအာရုံတို့သည်လည်း အချိန်အတန်ကြာအောင် အကျိုးအကြောင်း မသိနိုင်လောက်အောင် ဖြစ်ပျက်နေသည့် အခြေအနေကို လက်ခံနိုင်ခြင်း မရှိသေးချေ။

"ဘာဖြစ်လို့ ကြောင်တောင်တောင် ဖြစ်နေရတာလဲ။ မင်းရဲ့ အဘိုးက ဘယ်လောက်တောင် စွမ်းလဲဆိုတာ သိပြီမလား"

ဝမ်ချိုင်သည် လျှောက်လာရင်း လင်ဇီအာကို လူသားဘာသာစကားဖြင့် တိုက်ရိုက်ပင် ပြောဆိုလိုက်ရာ သူမကို ပိုမို၍ပင် ဝေခွဲမရ ဖြစ်သွားစေတော့သည်။

ထိုအချိန်တွင် ရှောင်ဟေးသည်လည်း သူ၏ တိုက်ပွဲကို အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ မဟာဆရာနယ်ပယ် သိုင်းပညာရှင် ဆယ့်တစ်ယောက်ကျော်တို့သည် ရှောင်ဟေး၏ ပါးစပ်တွင်း၌ပင် အသက်ပျောက်ခဲ့ကြရပြီး ၎င်းတို့၏ ရုပ်အလောင်းများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲကာ စုပုံနေခဲ့ကြပေပြီ။

"ဝမ်ချိုင်"

ချန်ရှောင်ချောင်သည် တိုက်ရိုက်ပင် ပြေးဝင်လာပြီး ဝမ်ချိုင်၏ ကိုယ်ပေါ်သို့ ပစ်လှဲကာ နှာရည်၊ မျက်ရည်တို့ဖြင့် ငိုကြွေးရှာတော့သည်။ သူမ၏ အသံတွင် ကြီးစွာသော နာကျင်ခံခက်မှုတို့နှင့် မခံမရပ်နိုင်အောင် ဖြစ်ရမှုတို့ ပြည့်နှက်နေလျက် ရှိချေသည်။

"ကဲပါ... တော်ပါတော့... မငိုပါနဲ့တော့။ အတော်ကို ရှုပ်ပွနေတာပဲ... မင်းရဲ့ နှာရည်တွေ ငါ့အမွှေးတွေပေါ် ပေကုန်ပြီ"

ဝမ်ချိုင်က အော်ဟစ်ပြောဆိုသော်လည်း ချန်ရှောင်ချောင်သည် ပိုမို၍ပင် အော်ဟစ်ငိုကြွေးနေတော့သည်။

ချန်ဒါချောင်နှင့် အခြားသူများသည်လည်း ဝမ်ချိုင်ကို မျောက်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ဝိုင်းအုံ၍ ကြည့်ရှုနေကြကုန်သည်။

"မင်းတို့အားလုံး ဘာကို ဝိုင်းကြည့်နေကြတာလဲ။ လုပ်စရာရှိတာ သွားလုပ်ကြတော့။ အခု ငါ ဒီကို ရောက်လာပြီဆိုတော့ ဘယ်သူမှ မင်းတို့ကို ဒုက္ခမပေးနိုင်တော့ဘူး။

စိတ်အေးအေးထားကြစမ်းပါ"

ဝမ်ချိုင်က လူသားတစ်ယောက်ကဲ့သို့ သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောဆိုလိုက်သည်။

"အမလေး... ဝမ်ချိုင်... နင် သန့်ရှင်းသော သားရဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီပေါ့လေ"

လင်ဇီအာ၏ အတွေးအာရုံတို့သည် ယခုမှပင် ပြန်လည်စုစည်းမိသွားတော့သည်။

ဝမ်ချိုင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏ ရင်ဘတ်ကို ကော့လိုက်ပြီး "ဒါပေါ့... ငါ မင်းတို့ကို ပြောသားပဲ... မင်းတို့ အဘိုးက အတော်ကို စွမ်းတာပါ။ စိတ်မပူကြနဲ့... ဖုန်းလေး ဒီမှာမရှိရင်တောင် စိုးရိမ်စရာ မလိုပါဘူး။ မင်းတို့ အဘိုးက ကာကွယ်ပေးထားမှာပေါ့" ဟု ဆိုလေသည်။

လင်ဇီအာသည် မျက်ရည်များကြားမှ ပြုံးလိုက်မိတော့သည်။ ဤဝမ်ချိုင်သည် သန့်ရှင်းသော သားရဲအဆင့်သို့ တက်လှမ်းပြီးသည်နှင့် ချက်ချင်းပင် မောက်မာဝင့်ကြွားနေခဲ့ပေပြီ။

သို့သော်လည်း သန့်ရှင်းသော သားရဲအဆင့်ရှိ မိစ္ဆာသားရဲဟူသည်မှာ သူတို့ ကြားဖူးရုံသာ ရှိခဲ့ကြပြီး ယနေ့တွင်မှ အမှန်တကယ်ပင် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။

လူတိုင်းသည် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားကြသည်။ ဝမ်ချိုင်က သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ခတ်နှောင်မှု အားလုံးကို ဖယ်ရှားပေးလိုက်ပြီးမှသာ ဤအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့တော့သည်။

ထိုသို့မဟုတ်ပါက ချန်ရှောင်ချောင်နှင့် အခြားသူများသည် အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ချန်ရှောင်ချောင်သည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး ဝမ်ချိုင်ကို ဖက်တွယ်ထားကာ လွှတ်မပေးလိုဘဲ ရှိနေရှာသည်။

လင်ဇီအာနှင့် ချင်နန်တို့ မတ်တပ်ရပ်လိုက်ကြသည်။

တစ်ဦးမှာ ချင်ယွမ်ဖုန်း ကိုယ်တိုင် ခန့်အပ်ထားသော မြေနက်မြေ တာဝန်ခံဖြစ်ပြီး အခြားတစ်ဦးမှာ ချင်မိသားစု၏ အမြင့်ဆုံးအဆင့်ရှိ အနွယ်ဝင် ဖြစ်ပေသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် အားလျှော့၍ မဖြစ်ချေ။

"ကဲ... အားလုံး ပြီးဆုံးသွားပါပြီ။ ဝမ်ချိုင် ဒီမှာရှိနေပြီဆိုတော့ ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ တို့ကို လာပြီး အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး" ဟု ချင်နန်က ပြတ်သားစွာ ပြောဆိုလိုက်သည်။

လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။ ချင်ကျုံသည်လည်း ဤအချိန်တွင် နိုးလာခဲ့ပြီး ဝမ်ချိုင်နှင့် ရှောင်ဟေးကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေတော့သည်။

ဝမ်ချိုင်သည် သန့်ရှင်းသော သားရဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ရှောင်ဟေးသည်လည်း နတ်သားရဲအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေပြီ။

ထိုမျှလောက်များပြားသော ဝိညာဉ်ဆေးပင်များနှင့် ရေကြည်တော်တို့ကို စားသုံးပြီးနောက်တွင် ဤနှစ်ကောင်သည် နောက်ဆုံး၌ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်စွမ်း ရှိလာခဲ့ကြသည်ဟု ဆိုရပေမည်။

"ငါတို့တွေ အားနည်းချက်ကို ပြလို့မဖြစ်ဘူး။ တို့ကို လာပြီး ပြဿနာရှာတဲ့သူတွေ ဘာဖြစ်သွားမလဲဆိုတာ တခြားသူတွေ မြင်အောင် ဒီလူတွေရဲ့ ရုပ်အလောင်းတွေကို အပြင်မှာ ဆွဲချိတ်ထားလိုက်ကြ" ဟု လင်ဇီအာက အေးစက်စွာ ပြောဆိုလိုက်သည်။

လူတိုင်းက ခေါင်းညိတ်ကြသည်။ သူတို့အားလုံးသည် ဤမဟာဆရာ သိုင်းပညာရှင် ဆယ့်တစ်ယောက်ကျော်အပေါ် နာကျည်းမှုကိုယ်စီ ရှိနေကြသဖြင့် ၎င်းတို့၏ ရုပ်အလောင်းများကို ဆွဲချိတ်ရန်အတွက် မည်သူမျှ သနားညှာတာမှု ပြသခြင်း မရှိကြပေ။

လေလံရုံမှ ထွက်ပြေးလွတ်မြောက်သွားကြသူများသည် အဝေးတွင်ဖြစ်စေ၊ မြို့ရှိ တည်းခိုခန်းများတွင် ဖြစ်စေ ပုန်းအောင်းနေခဲ့ကြရာမှ လင်ဇီအာနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသောအခါ အလွန်တရာ အံ့အားသင့်သွားကြရတော့သည်။

"အားလုံး နားထောင်စမ်း။ အခုကစပြီး မင်းတို့အဘိုးက ဒီနေရာကို တာဝန်ယူမှာ ဖြစ်တယ်။ နောက်တစ်ကြိမ် ဒီမှာ လာပြီး ပြဿနာရှာတဲ့သူဖြစ်စေ၊ ငါတို့လူတွေကို လာပြီး အနိုင်ကျင့်တဲ့သူဖြစ်စေ ရှိရင် ငါ အကုန်သတ်ပစ်မယ်။ အားလုံး ရှင်းရှင်းလင်းလင်း ကြားကြရဲ့လား"

ဝမ်ချိုင်က ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးသည် အသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားထဲတွင် ကြီးစွာသော ထိတ်လန့်ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားရချေသည်။

စကားပြောနိုင်သော မိစ္ဆာသားရဲဟူသည်မှာ ဒဏ္ဍာရီလာ သန့်ရှင်းသော သားရဲပင် ဖြစ်သည်မဟုတ်လော။

မကြာမီအချိန်က ကြောက်မက်ဖွယ်ကောင်းသော ခွေးတစ်ကောင်၏ အရှိန်အဝါကို ဘာကြောင့် ခံစားခဲ့ရသည်ကို ယခုမှပင် သဘောပေါက်သွားကြတော့သည်။

သန့်ရှင်းသော သားရဲတစ်ကောင်က သူတို့ကို စောင့်ရှောက်နေခြင်း ဖြစ်ပေရာ စောစောက လင်ဇီအာကို တိုက်ခိုက်ခဲ့သူများအတွက် လူတိုင်းက စိတ်မကောင်း ဖြစ်လာကြတော့သည်။

ရုပ်အလောင်းများကို လမ်းမကြီးပေါ်တွင် ဆွဲချိတ်ထားလိုက်ကြသည်။ ထိုလူများ သေဆုံးသွားသည့် သနားစဖွယ် အခြေအနေကို မြင်တွေ့ရသောအခါ လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် စကားမဆိုနိုင်ဘဲ ရှိနေကြတော့သည်။

လင်ဇီအာသည် ထိုအချိန်တွင် ဖြည်းညှင်းစွာ ထွက်လာပြီး "ဒါက သေးငယ်တဲ့ မတော်တဆမှုတစ်ခုမျှသာ ဖြစ်ပါတယ်။ အခု လေလံပွဲကို ဆက်လက်ကျင်းပပါမယ်" ဟု ဆိုလေသည်။

ထိုစကားကို ကြားသောအခါ လူတိုင်းသည် လေလံရုံသို့ ပြန်လည်ဝင်ရောက်လာကြတော့သည်။ မြေနက်မြေအပေါ် မရိုးသားသော ရည်ရွယ်ချက် ရှိနေကြသေးသူများသည် ဝမ်ချိုင်ကို မြင်တွေ့ပြီးနောက်တွင် သူတို့၏ အတွေးများကို လျင်မြန်စွာပင် ရုပ်သိမ်းလိုက်ကြပေပြီ။

ထိုသို့သော အတွေးမျိုးသည် အလွန်ပင် အန္တရာယ်များလှသည်မဟုတ်လော။

လေလံပွဲကို ဆက်လက်ကျင်းပသော်လည်း သန့်စင်သော နတ်ရေစင် ဆယ်ပုလင်း၏ အခြေခံဈေးနှုန်းကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းအထိ တိုက်ရိုက်ပင် မြှင့်တင်လိုက်တော့သည်။

ဤကဲ့သို့ ရုတ်တရက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးသောင်းမျှ တိုးမြှင့်လိုက်ခြင်းကြောင့် လူအများအပြားကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း စောစောက သူတို့အနက် မည်သူမျှ ရှေ့ထွက်၍ ကူညီခြင်း မရှိခဲ့ကြသဖြင့် လင်ဇီအာက သူတို့ကို ကလဲ့စားချေခြင်း ဖြစ်သည်ကို သူတို့ နားလည်ကြပေသည်။

ဤကိစ္စအတွက် သူတို့ကို အပြစ်တင်၍ မရနိုင်သော်လည်း လင်ဇီအာသည် ဈေးနှုန်းမြှင့်တင်ခြင်းအားဖြင့် သူမ၏ မကျေနပ်မှုကို ဖွင့်ဟဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

သန့်စင်သော နတ်ရေစင်သာမက အဆင့်မြင့် ဝိညာဉ်ဆေးပင်များ၊ မြေကမ္ဘာရိုးတွင်းခြင်ဆီရည်၊ နတ်သက်ကြွေဆေးရည် မိစ္ဆာသားရဲများနှင့် အခြားအရာများ၏ ဈေးနှုန်းများသည်လည်း နှစ်ဆနီးပါး မြင့်တက်သွားခဲ့ရာ ဝယ်ယူသူများကို ဒုက္ခရောက်စေခဲ့တော့သည်။

မြေနက်မြေတွင် သန့်ရှင်းသော သားရဲတစ်ကောင် ရှိနေသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ချင်ယွမ်ဖုန်း ဤနေရာတွင် မရှိလျှင်ပင် မြေနက်မြေသည် သူတို့ တပ်မက်၍ရနိုင်သော နေရာမျိုးမဟုတ်ကြောင်း လူတိုင်း မကြာမီပင် သိရှိသွားကြတော့သည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းကို အဝေးတွင် ချန်ထားရစ်ခဲ့ပြီး ဆေးနတ်ဘုရားဂိုဏ်း၏ အနောက်ဘက်ရှိ အန်းအန်းတောင်တန်းသို့ ရောက်ရှိနေခဲ့ပေပြီ။

ဆေးနတ်ဘုရားဂိုဏ်း၏ နောက်ကွယ်ရှိ အန်းအန်းတောင်တန်းမှသည် ကြယ်ကြွေကန္တာရ၏ အစွန်းနားရှိ ဆန်လီမြို့အထိနှင့် ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်သွားပါက အားလုံးသည် ရှာမိသားစု၏ နယ်မြေများ ဖြစ်ကြပေသည်။

ဤနေရာရှိ ဂိုဏ်းအားလုံးသည် ရန်ယန်ထံသို့ အညံ့ခံထားကြပြီး ဖြစ်သည်။

အရှေ့ဘက်တွင်မူ ဆေးနတ်ဘုရားဂိုဏ်း၏ နယ်မြေ ဖြစ်ပေသည်။

ဆေးနတ်ဘုရားဂိုဏ်းနှင့် နန်ဝူးမြို့ ဤနှစ်နေရာသည်သာ သူတို့၏ နောက်ဆုံး ခေါင်းမာမှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် အန်းအန်းတောင်တန်းကို ဖြတ်ကျော်ပြီးနောက်တွင် ကြယ်ကြွေကန္တာရသို့ တိုက်ရိုက်ပင် ဦးတည်လိုက်တော့သည်။

လုယွဲ့အင်ပါယာတွင် ဂိုဏ်းအကြီးအငယ် ရာနှင့်ချီ၍ ရှိနေပြီး အများစုမှာ အနောက်ဘက်တွင် စုစည်းနေကြပေသည်။ ကြယ်ကြွေကန္တာရတွင်မူ ဂိုဏ်းသုံးဂိုဏ်းသာ ရှိချေသည်။

ရှာဝေ၏ အရိပ်အာရုံမှတ်ဉာဏ်များကို ရှာဖွေခြင်းအားဖြင့် ရှာမိသားစု၏ မဟာအကြီးအကဲတစ်ဦးသည် ကြယ်ကြွေကန္တာရရှိ ဂိုဏ်းတစ်ခုတွင် အခြေစိုက်နေကြောင်း ချင်ယွမ်ဖုန်း သိရှိခဲ့ရပေသည်။

ရှာဝေနှင့် သူ၏အဖွဲ့သည် ဤမဟာအကြီးအကဲ၏ အမိန့်ကို နာခံလျက် ချင်ယွမ်ဖုန်း၏ မြေနက်မြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဝမ်တောင်တန်းကို ဖြတ်ကျော်ကာ မြက်ခင်းပြင်သို့၊ ထိုမှတစ်ဆင့် မြက်ခင်းပြင်မှ ဝမ်တောင်တန်းကို ထပ်မံဖြတ်ကျော်ကာ ကြီးစွာသော အားထုတ်မှုတို့ဖြင့် သွားရောက်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း မျှော်လင့်မထားဘဲ သူတို့၏ အစီအစဉ်မှာ ကောင်းမွန်လှသော်လည်း နောက်ဆုံးအချိန်တွင် ချင်ယွမ်ဖုန်းက သိရှိသွားခဲ့သဖြင့် ကျဆုံးခြင်းသို့ ရောက်ရှိခဲ့ရတော့သည်။

"မင်းတို့က ငါ့ကို ဒုက္ခပေးဖို့ လူလွှတ်ခဲ့တာဆိုတော့ ငါ ကိုယ်တိုင်ပဲ လာပြီး မင်းနဲ့ စကားပြောရမှာပေါ့" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုရင်း ကြယ်ကြွေကန္တာရထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားတော့သည်။

ရှာမိသားစုသည် သူတို့၏ လုပ်ဆောင်ချက်များတွင် အလွန်ပင် စေ့စပ်သေချာလှပေသည်။ ဂိုဏ်းများ အညံ့ခံပြီးနောက်တွင် ၎င်းတို့ကို နယ်မြေအသီးသီးအဖြစ် ခွဲခြားလိုက်ပြီး နယ်မြေတစ်ခုစီတွင် မဟာအကြီးအကဲတစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦးကို အခြေစိုက်စေခဲ့သည်။

ကြယ်ကြွေကန္တာရတစ်ခုလုံးသည် နယ်မြေတစ်ခုတည်း ဖြစ်ပေရာ ဤနယ်မြေကို တာဝန်ယူရသူမှာ ရှာဝေကို အမိန့်ပေးခဲ့သည့် မဟာအကြီးအကဲ ရှာလီဖု ဖြစ်ပေသည်။

ရှာဝေသည် မဟာဆရာနယ်ပယ်ရှိ သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် သတင်းအချက်အလက် အများအပြားကို မသိရှိသော်လည်း သူသိရှိသမျှမှာ ရှာမိသားစုသည် အကြီးအကဲများနှင့် မဟာအကြီးအကဲ ဆယ့်တစ်ယောက်ကျော်ကို အလွယ်တကူပင် စေလွှတ်နိုင်ခဲ့ပြီး ၎င်းတို့၏ ကျင့်စဉ်အဆင့်များသည် ပဉ္စမအဆင့် မဟာဆရာနယ်ပယ် အထက်နှင့် နဝမအဆင့် ဘိုးဘေးနယ်ပယ် အောက်တွင် ရှိကြကြောင်း ဖြစ်ပေသည်။

ဤမျှလောက် ပြင်းထန်သော ခွန်အားမျိုးကို ဆေးနတ်ဘုရားဂိုဏ်းပင်လျှင် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။

သူတို့ ဆေးနတ်ဘုရားဂိုဏ်းကို အရေးမယူရသေးသည့် အကြောင်းရင်းမှာ ခွန်အားကြီးမားသော ဒုန်ဖန်းရှန့်မင်ကို ကြောက်ရွံ့နေကြခြင်းကြောင့် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် နဝမအဆင့် ဘိုးဘေးနယ်ပယ်တစ်ယောက် သောင်းကျန်းလာပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်မဟုတ်လော။

ညဉ့်မှောင်ရိပ်အောက်တွင် ချင်ယွမ်ဖုန်းသည် ကြယ်ကြွေကန္တာရထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက် ကန္တာရအတွင်း၌ ဒုန်းစိုင်းမောင်းနှင်ခဲ့တော့သည်။

သူ၏ နောက်ကွယ်တွင် သဲများနှင့် ဖုန်မှုန့်တို့သည် လျင်မြန်စွာ ရွေ့လျားနေသော သဲမုန်တိုင်းတစ်ခုကဲ့သို့ လွင့်ပျံတက်လာခဲ့ကြပေတော့သည်။

All Chapters