ခြင်သားရဲ
Vol. 009 Ch. 419
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။ သည့်နောက် သူက မျက်လုံးဖြည်းညင်းစွာ ပြန်ပိတ်၍ တိတ်တဆိတ် စတင်လေ့ကျင့်သည်။
သူရှိနေသည့်နေရာက လုံးဝတိတ်ဆိတ်သည့် နေရာဖြစ်သည်။ သည်နေရာက ကျင့်ကြံသူ တစ်ယောက် လေ့ကျင့်သည့်နေရာနှင့်ပင် ဆင်တူနေသေး၏။
ဝမ်လင်း ခန္ဓာကိုယ်တစ်ခုလုံးက လည်ပင်းထိ ရေထဲ၌ နစ်မြုပ်နေသည်။ ရေထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက တဖြည်းဖြည်းချင်း ဝမ်လင်းခန္ဓာကိုယ်ထဲသို့ စုဝေးလာ၏။သို့သော် စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူရန်က အလွှာပါးတစ်ခု ကာထားသည့်ကဲ့သို့ ဖြစ်နေသေး၏။
သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအင်အနည်းငယ်ပင် သည်အတားအဆီး အလွှာပါး၏ ဖယ်ထုတ်ခြင်းကို ခံလိုက်ရ၏။
သည့်အတွက်ကြောင့် အချိန်ကုန်လာသည်နှင့်အမျှ သည်အချုပ်ထဲရှိ ရေများ၏ စိတ်ဝိညာဉ်စွမ်းအင်များက ပို၍ သိပ်သည်းလာခဲ့သည်။
မီးတိမ်ကျေးရွာတွင် ညအချိန်၌ မီးတိုင်များ ထွန်းလင်းထားကြသည်။ ပျော်ပါးနေသာ ယျောက်ျားသားများနှင့် အမျိုးသမီး၏ အထိတ်တလန့် အော်ဟစ်သံများကိုလည်း တောက်လျှောက်ကြားနေရသည်။ ထိုအခိုက်တွင် ဇိမ်ခံအိမ်လေး တစ်ခုအတွင်း၌ ဗလောင့်တောင့်တောင့် လူဝကြီးတစ်ယောက် ထိုင်နေပြီး သူ့ရှေ့တွင် ဖွင့်လှစ်ထားသော သေတ္တာတစ်လုံး ရှိနေ၏။ သေတ္တာအတွင်း၌ လက်သီးစုပ်ခန့်ရှိသည့် ပုလဲလုံးကြီးတစ်လုံးက ညင်သာသော အရောင်ကို ထုတ်လွှတ်လျက်ရှိ၏။
လူဝကြီး၏မျက်လုံးထဲ၌ လောဘများပြည့်နေခဲ့ပြီး သူက ထိုပုလဲကို ကောက်ယူလိုက်သည်။ သူက ခပ်တိုးတိုးပြော၏။
“ ကြီးလိုက်တဲ့ပုလဲ … တကယ့်ကို အဖိုးတန်မှာပဲ..”
အချိန်ခဏကြာပြီးနောက် သူက ပုလဲကို သေတ္တာထဲပြန်ထည့်၍ ပိတ်လိုက်သည်။ သည့်နောက် သူ့အကြည့်က စားပွဲပေါ်ရှိ အခြားအရာဝတ္ထု တစ်ခုပေါ်သို့ ကျရောက်သွား၏။
သည်အရာက မီးခိုးရောင် အိတ်တစ်ခုဖြစ်သည်။ သူက သည်အိတ်ကို ကောက်ယူလိုက်ရာ အလွန်ပေါ့ပါးသည်ဟု ခံစားမိ၏။ အိတ်ထဲတွင် ဘာမှမရှိသည့်အလားပင်။ သူက အံ့အား အသင့်မိဆုံးကတော့ အိတ်က ဖွင့်စရာအပေါက် မပါခြင်းပင် ဖြစ်၏။
“ဒါကဘာကြီးလဲ … ”
သည်လူဝကြီးက အနည်းငယ်စဉ်းစားပြီးနောက် အားကုန်သုံး၍ ဖွင့်ကြည့်ရန်ကြိုးစား၏။ သို့သော် သူက သွေးကြောများထောင်ထလာသော်လည်း သည်အိတ်ကို ဖွင့်၍ မရဖြစ်နေ၏။
“ဒါ … ဒါက ကောင်းကင်ပိုးအိမ်နဲ့ လုပ်ထားတဲ ပိုးသားအိတ်များ ဖြစ်နေမလား။ ဟုတ်တယ်။ ဒီလိုပဲဖြစ်ရမယ်။ မဟုတ်ရင် ငါက ဒါကို မဖွင့်နိုင်ဘဲ ဘယ်နေပါ့မလဲ။ ရှေးလူကြီးတွေ ပြောတာကတော့ ဒီပိုးအိမ်ကလုပ်ထားတဲ့ ပိုးသားက ရေကို အကြောက်ဆုံးပဲတဲ့။ ဟမ် … ငါက ဒါကို မီးမရှို့မပစ်နိုင်တာကို မယုံဘူး … ”
အချိန်အတန်ကြာပြီး သော်လည်း သည်အိတ်ကမည်သို့မျှ ပြောင်းလဲခြင်း မရှိသေးချေ။ ဗလတောင့်တောင့်လူဝကြီးက မှင်တက်နေ၏။ သူက သည်အိတ်ထံမှ အပူကိုလည်း မခံစားမိချေ။
“ဘယ်လို သောက်ကျိုးနည်းဟာကြီးလဲဟ … ”
လူဝကြီးက ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။ သည်ဓားကြီးက သူဓားပြတိုက်ရာတွင် အသုံးပြုပြီး ပိုက်ဆံများစွာ ရှာပေးခဲ့သောအရာ ဖြစ်သည်။ ၎င်းက အလွန်ထက် ရှသည်။ သူက သည်အိတ်ကို ၎င်းဓားနှင့် လှီးဖြတ်ရန် ကြိုးစားပြန်၏။
သူက အိတ်ကို ဓားဖြင့် လှီးဖြတ်ပြီးနောက် ကြည့်လိုက်ရာ တုန်လှုပ်မိသွားပြန်သည်။ သူက အိတ်ကို ကောက်ယူ၍ဂရုတစိုက် သေချာကြည့်ရှုလေ့လာနေသည်။ သူက ထရယ်လိုက်၏။ “ရတနာ … ။ ဒါက တကယ့် ရတနာပဲ။ ဒါကို ငါ့ရင်ဘတ်ရှေ့မှာ ထားထားရင် ငါ့အသက်ကို အရေးကြီးတဲ့ အချိန်တွေမှာ ဒါက ကယ်တင်နိုင်လိမ့်မယ်။ တစ်ခုတည်း ရှိတာဆိုးတာပဲ မဟုတ်ရင်ငါက ဒီနှစ်ခုကို ပေါင်းပြီး ဝတ်ထားရင် အင်္ကျီတစ်ထည်လို ဖြစ်သွားမယ်။ ဒါဆိုရင် ပိုကောင်းသွားမှာ … ”
သူက ထိုအိတ်ကို သူ့ရင်ဘတ်ပေါ်၌ သေချာနေရာချ၏။ သည့်နောက် သူက ခပ်တိုးတိုးပြောလိုက်သည်။
“ငါ သိချင်တာက ဒီရုပ်ဆိုးကောင်က ဘာလို့ ဒီလို ရတနာမျိုး ရှိနေရတာလဲ။ ငါ သူ့ကို မေးကြည့်ရမယ် … ”
သူက သည်လိုတွေးမိပြီး မတ်တတ်ထ လမ်းလျှောက်၍ အချုပ်ခန်းရှိရာသို့ ဦးတည်သွားလေ၏။
သည်လူဝကြီးက အချုပ်ခန်းကို မြန်ဆန်စွာ ရောက်လာခဲ့သည်။
အချုပ်ခန်းကို စောင့်နေသည်လူဟူ၍ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသော ခါးကုန်းကြီးနှစ်ယောက်သာ ရှိသည်။ သူတို့က လူဝကြီးကို မြင်လိုက်သည့်အခါ ချက်ချင်း ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် … သူဌေး … ”
လူဝကြီးက နှာခေါင်းရှုံ၍ မေးလိုက်သည်။
“ငါတို့ ခေါ်လာတဲ့ ရုပ်ဆိုးကောင်ကို မင်းတို့နှစ်ယောက် ဘယ်နေရာကို ပစ်လိုက်လဲ … ”
တစ်ယောက် အမြန်ဖြေလိုက်၏။
“မြောက်ဘက်အခန်းပါ … ”
လူဝကြီးက ပြောလိုက်၏။
“တံခါးဖွင့် … ”
တစ်ယောက် တံခါးအမြန်ဖွင့်ပေးလိုက်၏။
“ သူဌေး … ”
သူကပြောလိုမပြီးသေးခင်မှာပင် မြေပေါ်သို့ ပစ်လဲကျသွားသည်။ အချုပ်တံခါးသည်လည်း ပျက်စီးသွား၏။ သည့်နောက် အချုပ်ခန်းထဲရှိ ရေသံများ ကြားလိုက်ရပြီး လူငယ် တစ်ယောက်က မျောလွင့်နေလေ၏။
သည်လူငယ့် မျက်လုံးများက အေးစက်ကြမ်းကြုတ်မှု များဖြင့် ပြည့်နေသည်။
လူဝကြီးက သူ့ရှေ့က မျောလွင့်နေသောလူငယ်ကို ကြည့်၍ မှင်တက်နေ၏။ သူကချက်ချင်း သည်လူငယ်က မည်သူဖြစ်သည်ကို သဘောပေါက်လိုက်ပြီး လှည့်၍ ထွက်ပြေး၏။
သို့သော် သူက ခြေနှစ်လှမ်းလှမ်းပြီးသည့်နှင့် မမြင်ရသောလက်တစ်ဖက်က သူ့ကိ ဖမ်းခေါ်၍ ညှစ်ချေပစ်သည်။ သူက အော်ရန်ပင် အချိန်မရလိုက်ဘဲ အသွေးအသားပုံကြီး အဖြစ်သို့ ပြောင်းသွားရသည်။
သူဝတ်ထားသော အိတ်က ဝမ်လင်းထံသို့ ပျံ့သန်းလာသည်။
သည်လူငယ်ကတော့ ဝမ်လင်းပင် ဖြစ်သည်။ သူက ရေကန်ထဲကနေ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်မျှကို ရရှိခဲ့၏။ သူက အစောကြီးကတည်းက အချုပ်ခန်းကနေ ထွက်လာနိုင်စွမ်း ရှိခဲ့သည်။ သို့သော် သူ့တွင်ရှိသော စွမ်းအင်က နည်းလွန်းလှသည်။ သူက ပျံသန်းပြီး သည်ခါးကုန်း နှစ်ယောက်ကို သတ်ပစ်လိုက်ပြီးလျှင် သူ့စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းလုနီးပါး ဖြစ်သွားပေမည်။ သည့်အတွက်ကြောင့် သူက သည်စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်၏။
“ခြင်သားရဲ … ”
သိုလှောင်အိတ်က အစိမ်းရောင် အလင်းတန်းတစ်ချက် ထုတ်လွှတ်လာပြီး ခြင်သားရဲ ထွက်ပေါ်လာလေ၏။ ၎င်းက တောင်ငယ်တစ်လုံး စာလောက် အရွယ်အစားရှိလေသည်။
ကျန်နေသေးသော ခါးကုန်းတစ်ယောက် အလွန်ထိတ်လန့်သွား၏။ သူက သေးများပင် ထွက်ကျလာသည်။
ခြင်သားရဲ ထွက်ပေါ်လာပြီးသည်နှင့် ၎င်းက ဟိန်းသံပြု၍ ရွာကိုဖြတ်ကာ ပျံသန်းလေသည်။ ရွာထဲရှိ ဆူညံနေသောအသံများက ခြင်းသာရဲဟိန်းဟောက်သံကြောင့် အကုန်တိတ်ကုန်၏။
ခြင်သားရဲ၏ စိတ်က ဝမ်လင်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းက ဝမ်လင်း ခုလောက် အားနည်းနေသည်ကို မြင်လိုက်သည့်အခါ အလွန်ဒေါသထွက်သွား၏။ သူက ဝမ်လင်း အမိန့်ကို မစောင့်တော့ဘဲ ခါးကုန်းကြီးကို နှာမောင်းဖြင့် ထိုးစိုက်ချပစ်သည်။ ခါးကုန်းကြီးက ချက်ချင်းအရိုးပုံဘဝသို့ ရောက်ရှိသွားလေ၏။
ခြင်သားရဲထွက်လာပြီးသည့် အခါကျမှ ဝမ်လင်းက စိတ်သက်ရာရကာ သက်ပြင်းချနိုင်တော့သ်ည။ သူ့တွင် စိတ်ဝိညာဉ်စွမ်းအင်များ မရှိတော့သော်လည်း ခြင်သားရဲနှင့် ဆိုလျှင် သူက လုံခြံမှုအချို့ ရှိနိုင်သေး၏။
ခြင်သားရဲ၏ အော်သံက ရွာထဲရှိ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ လူတိုင်းက သူတို့ လက်နက်များကို ထုတ်ယူလိုက်ကြသည်။ သို့သော် သူတို့က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခြင်သားရဲကို တွေ့မြင်လိုက်သည့်အခါ ရပ်တန့်မိသွားကြသည်။ သူတို့က ဒူးများပင် ခွေကြကုန်ကြ၏။
အချို့အသည်းငယ်သည့် လူများဆိုလျှင် အော်ဟစ်၍ ငိုယိုကြသည်။
“မွန်းစတား … ”
ဝမ်လင်းခန္ဓာကိုယ်က နာကျင်မှုများ ရှိနေသေး၏။ သူက မြေပြင်အောက်ကို အေးစက်စွာကြည့်လိုက်ရာ မျက်နှာဓားအမာရွတ်နှင့်လူကို တွေ့သွားသည်။ ဝမ်လင်းက ထိုလူကို လက်ညွှန်လိုက်ရာ ခြင်သားရဲက သူ့ခန္ဓာကိုယ်ဖြင့် ထိုလူကို ဝင်စောင့်ပစ်လိုက်၏။
ထိုလူက ကြောက်မက်ဖွယ်အော်ဟစ်၍ သူ့ခန္ဓာကိုယ်ကလည်း ပျော့ပြဲထွက်ကုန်သည်။ သူ့နောက်ရှိ အိမ်ပင် ပြိုကျသွားလေ၏။ ခြင်သားရဲက ဝမ်လင်းကို သယ်ထားရင်း ပျံသန်းရင်း လူတိုင်းကို အေးစက်စွာကြည့်သည်။
သည်အချိန်တွင် လူတိုင်းက သူတို့လက်နက်များကို အောက်သို့ ပစ်ချလိုက်ကြသည်။ သူတို့ခြေထောက်များက တုန်ယင်နေပြီး ကြောက်ရွှံမှုက အကန့်အသတ်သို့ ရောက်နေကြ၏။
သည်အခိုက်၌ လူအုပ်ထဲက လူတစ်ယောက်ထွက်လာသည်။ သည်လူက စာရေးတစ်ယောက် ဖြစ်ဟန်ရသည်။ သူက ကြောက်ရွှံ့နေသော်လည်း သူ့ကိုယ်သူအားတင်း၍ ဦးညွှတ်ကာ လေးစားစွာ ပြောလိုက်သည်။ သူ့အသံက တုန်ယင်နေ၏။ “အင်မော်တယ် … ကျေးဇူးပြု၍ ဒေါသမထွက်ပါနဲ့ … ။ ငါတို့က အင်မော်တယ်မှန်း မသိလို့ပါ။ ငါတို့ တကယ့်ကို မသိလို့ပါ … ”
ဝမ်လင်းက ထိုလူကို ကြည့်၍ မေးလိုက်သည်။
“ဒါက ဘယ်နိုင်ငံလဲ … ”
စာရေးက ခပ်မြန်မြန် ဖြေလိုက်သည်။
“ ဒီနေရာက ဖီးလုနိုင်ငံရဲ့ မြောက်ဘက်ပိုင်းပါ … ”
“ဖီလုနိုင်ငံ … ဒါဆို ဒီနေရာက ဟင်္သာပြဒါးနိုင်ငံကုန်းမြေရဲ့ မြောက်ဘက်အပိုင်းပေါ့ … ” ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ထပ်ပြောလိုက်သည်။
“ဒီ ရေတွေရှိနေတဲ့ အချုပ်ခန်းကို ရေခန်းတဲ့အထိ တူးနိုင်လား။ မင်း တို့အချိန် ဘယ်နှရက်လိုလဲ … ”
စာရေးက ချက်ချင်း တုန်ရီစွာ ပြန်ဖြေလိုက်၏။
“သုံးရက် … မဟုတ်ပါဘူး...တစ်ရက် … ”
ဝမ်လင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“စတူးတော့ … ”
သူက ခြင်သားရဲကို မကူညီခိုင်းဘဲ သူ့အနားတွင်သာ စောင့်ကြပ်စေ၏။
စာရေးက အနည်းငယ် စိတ်သက်သာသွားသည်။ သူက ချက်ချင်းနောက်လှည့်၍ ပြောလိုက်သည်။
“လူတိုင်း … ဒီနေရာကို လာပြီး တူးကြမယ် … ”
ရွာထဲရှိလူအားလုံးက လှုပ်ရှားလာ၏။ သို့သော် သူတို့က တုန်ရင်ကြောက်လန့်နေသဖြင့် ခွန်အားအပြည့် မစိုက်ထုတ်နိုင်ဘဲ ရှိနေသည်။ အထူးသဖြင့် ဝမ်လင်းကို ခေါ်လာခဲ့သော လူဆယ့်ခြောက်ယောက်ပင်။
ဝမ်လင်းကမျက်လုံးမှိတ်၍ ကျင့်ကြံနေသည်။ ခြင်သားရဲက သူ့အနားမှာ စောင့်ကြပ်နေပြီး လူတိုင်းကို ကြမ်းကြုတ်စွာ ကြည့်နေ၏။
လူနှစ်ရာကျော်က သူတို့ခွန်အားကို အစွမ်းကုန်သုံး၍ ရေအချုပ်နှောင်ကို တူးဆွနေကြသည်။ သူတို့က တူးပြီးသည့်အခါ ရေညစ်များက စီးဆင်းလာခဲ့သည်။ သို့သော် ရွာသားများသည် အံ့အောကုန်ကြသည်။ သည်ရေများက အစတွင်သာ ညစ်ပတ်ပြီး တဖြည်းဖြည်း ကြည်လင်လာ၏။ အဆုံး၌ မွှေးရနံ့ပင် ကြိုင်လာသေးသည်။
တစ်ရက်ကုန်ဆုံးသွားပြီးနောက် ရေများက ဆက်၍ မစီးဆင်းလာတော့ချေ။ ရွာသားများကလည်း လုပ်လက်စများကို ရပ်တန့်လိုက်ပြီး ဝမ်လင်းကို ကြောက်ရွှံ့စွာ ဖြင့်ကြည့်နေကြသည်။
ဝမ်လင်းက သူတို့ကို လျစ်လျူရှုထား၏။ ခြင်သားရဲ အကူအညီဖြင့် သူက အချုပ်ခန်းရောသို့ ဝင်သွားသည်။ ခုလက်ရှိတွင် အချုပ်ခန်းက ရေတွင်းနက်ကြီးတစ်ခုလို ရှိနေ၏။
ဝမ်လင်းက အထဲတွင် ထိုင်၍ မျက်လုံးမှိတ်ကာ စတင် ကျင့်ကြံသည်။
ခြင်သားရဲက ဝမ်လင်းအနားတွင် ရှိနေပြီး သူ့ကို စောင့်ရှောက်နေ၏။ အသက်ကို မနှောမြောသည်လူသာလျှင် သူတို့အနားသို့ တိုးကပ်လာရဲကြပေမည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းထံမှ မည်သည့်အမိန့်မှာ ကြားရခြင်းမရှိသည့်အခါ စာရေးကနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ခြင်သားရဲထံက မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကိုတွေ့သည်အခါ သူက နောက်သို့ ပို၍ဆုတ်သွားလိုက်သည်။
ရွာထဲရှိ အခြားလူများကလည်း နောက်သို့ ဆုတ်သွားပြီး ဝမ်လင်းတို့ အနီးပတ်လည်၌ တစ်ယောက်မှ ရှိမနေတော့ချေ။
ရွာသားများက ရွာကိုစွန့်ပြေးရန် အဆင့်သင့်ဖြစ်နေချိန်တွင် ဝမ်လင်းအသံက ထွက်ပေါ်လာ၏။
“ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး … ”
စာရေးက ကြိတ်၍ ငြီးတွားမိသော်လည်း သူက လေးစားစွာ တုံ့ပြန်လိုက်သည်။
ခုဆိုရင် မီးတိမ်ကျေးရွာက ပို၍ တိတ်ဆိတ်သွားပြီး မည်သည့်အသံဗလံမျှ ကြားရခြင်း မရှိတော့ချေ။ သည်ရွာက တစ်ရွာလုံး သေဆုံးသွားသည့်အလား ထင်မှတ်ရ၏။
တစ်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကိုလည်း ကုသပြီးသွားခဲ့၏။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေနွေးကြမ်းရနံ့နယ်ပယ်နှင့် ချိပ်တံဆိပ်ကတော့ ဖြေလျော့သွားခြင်း မရှိသေးချေ။
“ဒီနှစ်လအတွင်း ငါက ချီစုဆောင်းမှု ဒုတိယအလွှာလောက် ပြန်ကောင်းလာခဲ့ပြီ။ နယ်ပယ်နှင့်ချိပ်တံဆိပ်က ပေါင်းစပ်သွားပြီး ပိုအားကောင်းသွားခဲ့တယ်။ ငါက ပိုများတဲ့ စိတ်ဝိညာဉ်စွမ်းအင်ရှိတဲ့နေရာကို ရှာရမယ်။ ကံမကောင်းစွာနဲ့ ငါ့မူလစိတ်ဝိညာဉ်က အပိုင်းအစဖြစ်နေတဲ့အတွက် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲ ဝင်လို့မရဘူးဖြစ်နေတယ်။ မဟုတ်ရင်ငါက ပိုများပြားပြီးသန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပုတီးစေ့ထဲဝင်ရောက်ပြီး ရယူနိုင်ရင် အတော်လေး ပြန်ကောင်းမွန်လာမှာ။ ဒါပေမဲ့ ငါ့မှာ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး အချို့ ရှိသေးတာပဲ။ ဒါ့ကြောင့်ငါက စိတ်ဝိညာဉ်စွမ်းအင်အတွက် ခုချိန်မှာ အရမ်းပူစရာ မလိုသေးဘူး။ အရင်ဆုံး ငါမဖြစ်မနေလုပ်ရမှာက ငါ့မူလစိတ်ဝိညာဉ် ပြန်ကောင်း လာအောင်လုပ်ဖို့ပဲ။ ဒါဆိုငါက ပုတီးစေ့ကို ထုတ်ဖော်နိုင်ပြီ … ”
“ဒီနေရာက စိတ်ဝိညာဉ်သွေးကြော မဟုတ်ဘဲ ဒီရေတွေက စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေတယ်။ ဒါက နည်းနည်းထူးဆန်းနေတယ် … ”
ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ပိုနက်သောရေထဲသို့ သွားလိုက်၏။ သူက ကျင့်ကြံနေစဉ်တွင် ရေထဲသို့ ပေါလောပေါ်နေခဲ့ပြီးအောက်သို့ နစ်မြုပ်သွားခြင်း မရှိချေ။
သူ့ကျင့်ကြံခြင်းက အနည်းငယ် ပြန်ကောင်းလာခဲ့၏။ ထို့ကြောင့် သူက သည်နေရာကို စမ်းစစ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ့ကျင့်ကြံမှုအဆင့် အရမ်းနိမ့်နေသေးသဖြင့် သူက အန္တရာယ်နှင့်ကြုံသည်နှင့် ခြင်သားရဲကို လှမ်းခေါ်ရန် ဆုံးဖြတ်ထားသည်။
သိပ်မကြာခင်တွင်သူက ကြည်လင်သောရေအောက်သို့ နစ်မြုပ်သွား၏။ သို့ရာတွင် သည်ရေများက ကြည်လင်နေသော်လည်း အောက်ခြေ၌ ထူထဲသောရွှံ့လွှာများ ရှိလို့နေ၏။
* * *