အခန်း ၉၆
Vol. 10 Ch. 96
လန်လင်း ရှေ့သို့ တိုးသွားလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ပူနွေးနေသည်။
ရဲ့ကျင်းယွီက သူမ၏ ချွန်ထက်သည့် တောင်တက်သံလက်သည်းများကို အသုံးပြုကာ ၃၃ ပေ မြင့်သော မြို့ရိုးကို တစ်မိနစ်ပင် မပြည့်မီ ကျော်တက်သွားလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် မြို့ထဲသို့ တိတ်ဆိတ်စွာ ဝင်သွားလိုက်ကြသည်။
အတွင်းသို့ ရောက်သည်နှင့် လန်လင်းက ထျန်းရွှေမြို့စားအိမ်တော်ဆီသို့ ချက်ချင်း ပြေးသွားလိုက်၏။
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ တင်းရင်းနေသည့် ရင်သားများနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားသည်။
ရဲ့ဖေးတျယ်က လန်လင်း၏ နားရွက်ကို ဆွဲလိမ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ဒီကောင်စုတ်လေး... ငါ အကယ်ဒမီကနေ ထွက်လာကတည်းက နင် ငါ့ဆီ ဘယ်နှခေါက် လာလည်ဖူးလို့လဲ။”
ထို့နောက် သူမက လန်လင်း၏ နှုတ်ခမ်းကို ပြင်းထန်စွာ နမ်းရှိုက်ကာ ရိုင်းစိုင်းကြမ်းတမ်းစွာဖြင့် အငမ်းမရ စုပ်ယူနမ်းရှိုက်လိုက်၏။
ဆံပင်တိုနှင့် လှပသည့် ဤအမျိုးသမီးမှာ အလွန် ကြမ်းတမ်းလှ၏။
အနမ်းများ အဆုံးသတ်သွားပြီးနောက် ရဲ့ဖေးတျယ်က လန်လင်း၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ငါ နင့်ကို လက်ထပ်ဖို့ အတင်းအကျပ် မတောင်းဆိုပါဘူး။ ဘာတွေ ကြောက်နေတာလဲ။ နင် ဘွဲ့ယူစာမေးပွဲ ကျတဲ့အခါ ငါ့ဆီ ချက်ချင်း လာခဲ့... နားလည်လား။ ငါ နယ်စပ်စစ်တပ်ကို ပြောင်းရွှေ့ခံရတော့မယ်။ ငါ “အဲဒါ” ကို မလုပ်ရတာ တစ်နှစ်ကျော်ပြီ။ ဒီတစ်ခါတော့ နင့်ကို အရိုးဆွေးတဲ့အထိ လုပ်ပစ်မယ်။” 🤨
ထိုရိုင်းစိုင်းသည့် စကားများကြောင့် လန်လင်း၏ ရင်များ ပြင်းထန်စွာ ခုန်ပေါက်လာရသည်။ ရုတ်တရက် လန်လင်း ရင်ထဲ တစ်ချက် ထိတ်သွား၏။ ကြောက်မက်ဖွယ် တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည့်အလား သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွား၏။
လန်လင်းက အလောတကြီး ပြောလိုက်သည်။ “အိမ်မှာ အရေးကြီး ကိစ္စရှိတယ်။ ကျုပ် သွားရတော့မယ်။ သွားပြီ။”
ထို့နောက် အိမ်တော်ဘက်သို့ ပြေးထွက်သွားတော့၏။
ရဲ့ဖေးတျယ်က ဒေါသတကြီး လှမ်းအော်လိုက်သည်။ “ဆိုလွန်... မှတ်ထား။ နောက်ထပ် လေးရက်နေရင် ရှန်ဖုန်းစံအိမ်ရဲ့ ကျင်းဇီအခန်းမှာ ငါ နင့်ကို စောင့်နေမယ်။ မလာရဲမလာကြည့်စမ်း... နင် နောင်တရမယ်။”
လန်လင်းကမူ သူမ၏ အသံကို မကြားတော့ပေ။ အိမ်တော်ဆီသို့သာ ရူးသွပ်နေသူတစ်ဦးအလား ပြေးသွားလိုက်၏။
**--**--**--**--**--**--**--**
သူတို့ အိမ်တော်အရောက် တစ်ချိန်လုံး ပြေးလာကြသည်။ ပင်မတံခါးမှ ဝင်ရန် အချိန်မရှိတော့သည့်အတွက် တံတိုင်းကို ကျော်တက်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။
အိမ်တော်ရှိ အစောင့်များ ချက်ချင်း ပြေးလာကြသည်။ လန်လင်းနှင့် ရဲ့ကျင်းယွီတို့ကို မြင်လိုက်ရချိန်၌ သူတို့၏ မျက်နှာများ ဝမ်းသာသွားကြ၏။ သူတို့အားလုံး အတူတကွ ဒူးထောက်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ “ဂါရဝပြုပါတယ် သခင်လေး။”
လန်လင်းမှာတော့ သူတို့ကို ပြန်ဖြေရန် အချိန်မရသေးပေ။ သူ၏ အစ်မ ဆိုနင်ပင်း၏ ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။ ဘာဖြစ်နေမှန်း မသိသည့် ရဲ့ကျင်းယွီသည်လည်း သူ၏ နောက်မှ ကပ်လျက် လိုက်ပါသွား၏။
“ဝုန်းးး ဝုန်းးး”
လန်လင်း တံခါးများကို ရိုက်ချိုးဖွင့်ကာ အစ်မဖြစ်သူ၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။ အထဲရှိ မြင်ကွင်းက သူ့ကို သေလုမတတ် ထိတ်လန့်သွားစေ၏။ သူ လုံးဝ မှင်တက်သွားရသည်။
အစ်မဖြစ်သူ ဆိုနင်ပင်းက ခုတင်ပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူမ၏ လက်ထဲ၌ ကြွေပုလင်းငယ်တစ်လုံးကို ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းထက်၌ အေးချမ်းသည့် အပြုံးတစ်ခု ရှိနေ၏။
လန်လင်း ရူးသွပ်နေသူတစ်ဦးအလား ပြေးသွားလိုက်ရင်း အသည်းအသန် ဟစ်အော်လိုက်သည်။ “အစ်မ...”
ရဲ့ကျင်းယွီ၏ ခန္ဓာကိုယ်တစ်လျှောက်ကိုလည်း အေးစက်မှုတစ်ခု ဖြတ်ပြေးသွားပြီး နက်ရှိုင်းသည့် အကြောက်တရားက လွှမ်းခြုံသွား၏။ အမည်ခံအားဖြင့် ဆိုနင်ပင်းက သူမ၏ သခင်မ ဖြစ်သော်လည်း ရဲ့ကျင်းယွီက သူမကို အရင်းအချာ အစ်မတစ်ယောက်လို ချစ်ခင်သည်။
ရဲ့ကျင်းယွီ၏ ထူးချွန်သည့် သိုင်းပညာစွမ်းရည်များကြောင့် သူမက ဆိုနင်ပင်းကို ငယ်စဉ်ကတည်းက ကာကွယ်ပေးခဲ့ခြင်း ဖြစ်၏။
ရဲ့ကျင်းယွီအတွက် ဆိုနင်ပင်းက ရဲ့ကျင်းဖုန်းနည်းတူ အရေးပါသူ ဖြစ်သည်။
အကယ်၍ ဆိုနင်ပင်းသာ သေဆုံးသွားပါက သူမအတွက် ကမ္ဘာပျက်သွားသကဲ့သို့ ခံစားရပေလိမ့်မည်။
**--**--**--**--**--**--**--**
လန်လင်း သူ၏အစ်မ ဆိုနင်ပင်းကို ပွေ့ဖက်ထားလိုက်ပြီး အသက်ရှူနှုန်းကို အလျင်အမြန် စစ်ဆေးလိုက်၏။ သူမ အသက်မရှူတော့ပေ။
သူမ၏ ရင်ဘတ်ကို နားကပ်၍ နားထောင်ကြည့်လိုက်သည်။ နှလုံးခုန်သံက မရှိသလောက်ပင်။ လည်ပင်းသွေးကြောကို စမ်းကြည့်လိုက်သော်လည်း သွေးခုန်နှုန်း မရှိတော့ပေ။
လန်လင်း၏ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
နက်ရှိုင်းသည့် အမှောင်ထုနှင့် ကြောက်မက်ဖွယ် မုန်းတီးမှုတို့က သူ့ထံ၌ ပြည့်နှက်သွား၏။ ကမ္ဘာကြီးတစ်ခုလုံးအပေါ် ထားရှိသော သူ၏ မုန်းတီးမှုနှင့် အတွင်း၌ ကြီးထွားလာသည့် ဖျက်ဆီးလိုသော စွမ်းအင်တို့က သူ၏ မျက်လုံးများကို ကြောက်မက်ဖွယ် ကောင်းသွားစေသည်။
အသူရာမိစ္ဆာကြယ်က သူ၏ စိတ်ထဲမှနေ၍ ရုတ်တရက် အသိပေးလာ၏။ “သခင်... စိတ်မပူပါနဲ့။ ဒါက နှလုံးကို ရပ်တန့်စေတဲ့ အဆိပ်ပါ။ မျိုချလိုက်တာနဲ့ နာကျင်မှုမရှိဘဲ သေဆုံးစေတယ်။ အဆိပ်မိထားတာ သိပ်မကြာသေးတဲ့အတွက် သူ့ကို ကယ်လို့ရပါသေးတယ်။”
လန်လင်း အသည်းအသန် အော်ဟစ်လိုက်သည်။ “သူ့ကို ဘယ်လို ကယ်ရမလဲ။ ငါ့ကို ပြောစမ်း။”
အသူရာမိစ္ဆာကြယ်က အလျင်အမြန် ရှင်းပြ၏။ “သခင့်ရဲ့ လက်ကောက်ဝတ်ကို လှီးလိုက်ပါ။ ပြီးရင် သခင့်အစ်မရဲ့ လက်ကောက်ဝတ်ကို လှီးပါ။ သွေးတွေကို ရောနှောလိုက်ပါ။ အဲဒီအခါ ကျွန်တော့်ရဲ့ စွမ်းအင်က သွေးကနေတစ်ဆင့် သခင့်အစ်မရဲ့ နှလုံးထဲကို ဝင်သွားနိုင်လိမ့်မယ်။ အဲအခါ ကျွန်တော် အဆိပ်ကို ဖျက်ဆီးပြီး နှလုံးကို ပြန်ခုန်အောင် လုပ်ပေးမယ်။”
စကားပင် ဆုံးအောင် မပြောရသေးမီ လန်လင်း ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်၏။ သူ၏ လက်ကောက်ဝတ်ကို အလျင်အမြန် လှီးဖြတ်လိုက်ပြီးနောက် အစ်မဖြစ်သူ၏ လက်ကောက်ဝတ်ကိုလည်း သတိထားကာ လှီးဖြတ်လိုက်သည်။
သွေးများ လုံးဝ ရောနှောသွားစေရန် သူတို့၏ လက်မောင်းများကို ပူးကပ်ထားလိုက်၏။
သွေးများကို တံတားတစ်စင်းအဖြစ် အသုံးပြုကာ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များက ဆိုနင်ပင်း၏ နှလုံးထဲသို့ အလျင်အမြန် ဝင်ရောက်သွား၏။
ထိုစွမ်းအင်က သူမ၏ နှလုံးကို ရပ်တန့်စေသည့် အဆိပ်ကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် နဂါးစွမ်းအားကို ထုတ်လွှတ်ကာ သူမအတွင်းရှိ နဂါးသွေးကြောကို နှိုးဆွပြီး နှလုံးကို ပြန်လည် အလုပ်လုပ်လာစေလိုက်၏။
တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် ၊ လေးကြိမ်...။ အသူရာမိစ္ဆာကြယ်က ဆိုနင်ပင်း၏ နှလုံး ပြန်ခုန်လာစေရန် အစွမ်းကုန် ကြိုးစားရင်း စွမ်းအင်များကို ဆက်တိုက် ပို့လွှတ်နေ၏။
အသူရာမိစ္ဆာကြယ်က လန်လင်းကို သတ်ဖြတ်သူ အသူရာတစ်ပါးအဖြစ် ပြောင်းလဲလာစေချင်သော်လည်း လက်ရှိအချိန်တော့ မဟုတ်သေးပေ။ လန်လင်းက အလွန် အားနည်းနေသေး၏။ အကယ်၍ ဆိုနင်ပင်းသာ ယခု သေဆုံးသွားပါက လန်လင်း၏ လုံးဝ ပြိုလဲသွားပေလိမ့်မည်။
ကိုးကြိမ် ၊ ဆယ်ကြိမ်...။ နောက်ဆုံး၌ ဆိုနင်ပင်း၏ နှလုံး ပြန်လည် ခုန်လာ၏။ သို့သော် သူမ အသက်မရှူသေးပေ။
လန်လင်း သူမ၏ နှာခေါင်းကို ချက်ချင်း ပိတ်ထားလိုက်ပြီး သူ၏ နှုတ်ခမ်းများဖြင့် ပါးစပ်ကို ဖုံးအုပ်ကာ စီပီအာ (CPR) လုပ်ပေးလိုက်သည်။
သူမ၏ ပါးစပ်ထဲသို့ ဆယ်ကြိမ်ထက်မက အကြိမ်ကြိမ် လေမှုတ်သွင်းပေးလိုက်၏။
တိုးညင်းသည့် ညည်းတွားသံနှင့်အတူ ဆိုနင်ပင်း သူမ၏ လှပသော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာ၏။ လန်လင်း၏ မျက်နှာကို မြင်လိုက်ရချိန်၌ မျက်ဝန်းများထဲ၌ နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်သွားသည်။
ဆိုနင်ပင်းက အားပျော့စွာ ရေရွတ်လိုက်သည်။ “မောင်လေး... အစ်မ နင့်ကို ပြန်တွေ့ရပြီ။ တမလွန်ဘဝမှာတောင် နင်နဲ့ အတူရှိနေရတာ အရမ်းကောင်းတာပဲ။”
အစ်မဖြစ်သူ အသက်ပြန်ရှင်လာသည်ကို မြင်လိုက်ရချိန်၌ လန်လင်း ဝမ်းသာလွန်း၍ ငိုလုမတတ် ဖြစ်သွား၏။ သူ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ရှိုက်ကြီးတငင် ပြောလိုက်သည်။ “အစ်မ... အစ်မ မသေသေးဘူး။ အစ်မ သေလို့ မရဘူး။ သေမင်းကတောင် အစ်မကို ကျွန်တော့်ဆီကနေ ခေါ်သွားလို့ မရဘူး။”
ဆိုနင်ပင်း၏ အမြင်အာရုံ ရှင်းလင်းသွား၏။ ထို့နောက် လန်လင်း၏ အနောက်၌ ရပ်နေသည့် ရဲ့ကျင်းယွီကို မြင်လိုက်ရသည်။
သူမ အလျင်အမြန် ထထိုင်လိုက်ပြီး တုန်ယင်နေသည့် လက်များဖြင့် လန်လင်း၏ မျက်နှာကို ကိုင်ကာ အံ့ဩတကြီး မေးလိုက်သည်။ “မောင်လေး... နင် မသေသေးဘူးလား။ နင် အသက်ရှင်နေတာလား။”
လန်လင်းက မျက်ရည်များဖြင့် ပြုံးလိုက်သည်။ “သေချာပေါက် ကျွန်တော် မသေသေးဘူးလေ။ တစ်သက်လုံး အစ်မကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတာပဲ... ကျွန်တော် ဘယ်လိုလုပ် သေနိုင်မှာလဲ။”
ဆိုနင်ပင်း ဝမ်းသာလွန်း၍ မျက်ရည်များ စီးကျလာ၏။ သူမ၏ ကမ္ဘာကြီးက ရုတ်တရက် ပြန်လည် နွေးထွေး တောက်ပလာသကဲ့သို့ ခံစားလိုက်ရသည်။
ထာဝရ ဆုံးရှုံးသွားပြီဟု ထင်ထားသည့်အရာကို ပြန်လည် ရရှိလိုက်ခြင်းက အလွန် အံ့ဩဖွယ် ကောင်းလှ၏။
လန်လင်း သူမ၏ ပခုံးများကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး အနောက်သို့ အနည်းငယ် ခွာကာ သူမ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ပြတ်သားစွာ သတိပေးလိုက်သည်။ “ဆိုနင်ပင်း... ဒါကို မှတ်ထား။ ကျွန်တော့် အလောင်းကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မတွေ့မချင်း နောက်တစ်ခါ ဒီလို မိုက်မဲတဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ နားလည်လား။”
ဆိုနင်ပင်း အလျင်အမြန် ခေါင်းညိတ်လိုက်၏။ သူမ လန်လင်းကို ထပ်မံ၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။ “နင် ဘေးကင်းနေသရွေ့ အစ်မ ကြံ့ကြံ့ခံနေမှာပါ။”
ထိုအချိန်၌ အစေခံမလေး နှစ်ဦး အခန်းထဲသို့ ပြေးဝင်လာကြ၏။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လုံးဝ အံ့အားသင့်သွားကြသည်။
ဤသည်က... သာမန် မောင်နှမများ အချင်းချင်း ပြုမူဆက်ဆံသည့်ပုံနှင့် မတူပေ...။
ရဲ့ကျင်းယွီက ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ “ဘာကြည့်နေကြတာလဲ။ ထွက်သွားကြစမ်း။”
အစေခံမလေး နှစ်ဦးက ကြောက်လန့်တကြား ပြန်ဖြေလိုက်ကြသည်။ “ဟုတ်ကဲ့ပါရှင့်။”
ထို့နောက် အလျင်အမြန် ခေါင်းငုံ့ကာ အခန်းထဲမှ ထွက်သွားကြ၏။
**--**--**--**--**--**--**--**
လန်လင်းက အေးစက်စွာ မေးလိုက်သည်။ “အစ်မ... ကျွန်တော် သေပြီလို့ ဘယ်သူ ပြောတာလဲ။ ကျိနင်လား။”
ဆိုနင်ပင်း ဟုတ်မှန်ကြောင်း ပြောချင်သော်လည်း လန်လင်း လက်စားချေရန် ကြိုးစားရင်း အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး... အစ်မ တကယ့်အစစ်လို အိပ်မက်တစ်ခု မက်တာ။ နင့်ကို... မိန်းမဆိုးတစ်ယောက်က သတ်ပစ်လိုက်တယ်လို့ အိပ်မက်မက်တာ။”
လန်လင်း အစ်မဖြစ်သူ၏ လိမ်ညာမှုကို ချက်ချင်း ရိပ်မိသွား၏။
ထိုမိန်းမဆိုးမှာ ကျိနင် ဖြစ်ကြောင်း သူ သိလိုက်သည်။ လန်လင်းက သူ၏ စိတ်ထဲ၌ ကြိတ်ကာ ကျိန်ဆိုလိုက်၏။ “ကျိနင်... ငါ မင်းကို သေချာပေါက် လက်စားချေမယ်။ တစ်နေ့ကျရင် မင်းကို အဓမ္မကျင့်ပြီးမှ သတ်ပစ်မယ်။ ငါ ကျိန်ဆိုတယ်။”
ထိုအချိန်၌ ရဲ့ကျင်းယွီက ကြားဝင်ပြောလိုက်သည်။ “သခင်လေး... သခင်မလေး အခု အဆင်ပြေသွားပါပြီ။ ကျွန်မ ဒီမှာနေပြီး သူ့ကို စောင့်ရှောက်ပေးပါ့မယ်။ သခင်လေး သွားအိပ်သင့်ပြီ။ မနက်ဖြန် ဘွဲ့ယူစာမေးပွဲကြီးအတွက် ပြင်ဆင်ရဦးမယ်လေ။”
လန်လင်း ခေါင်းရမ်းလိုက်သည်။ “မလိုဘူး။ ကျွန်တော် အစ်မကို ဖက်ပြီး ဒီမှာပဲ အိပ်တော့မယ်။”
ရဲ့ကျင်းယွီ တစ်ခုခု ပြန်ပြောချင်သော်လည်း တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။
လန်လင်းနှင့် ဆိုနင်ပင်းတို့ ခုတင်ပေါ်၌ အတူတကွ ပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။
ရဲ့ကျင်းယွီကမူ ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေ၏။ သူမက သူတို့ကို စောင့်ကြပ်နေရုံသာမက ကောလာဟလဆိုးများ မပြန့်ပွားစေရန်အတွက်လည်း ထိုနေရာ၌ စောင့်နေပေးခြင်း ဖြစ်သည်။
**--**--**--**--**--**--**--**
တော်ဝင်အကယ်ဒမီ၏ နှစ်စဉ်ကျင်းပသည့် ဘွဲ့ယူစာမေးပွဲကြီး စတင်တော့လေမည်။ ပထမဆုံး စမ်းသပ်မှုက ယနေ့ည၌ ဖြစ်ပေါ်လာပေလိမ့်မည်။
ကျောင်းသားအားလုံးက အကယ်ဒမီ၌ ခြောက်နှစ်တာ သင်ယူမှုကို ပြီးမြောက်ခဲ့ကြပြီး ဖြစ်သည်။ ချမ်းသာသည့် အထက်တန်းလွှာ ကျောင်းသားများအတွက် ဤသည်က လွတ်လပ်မှုဟု အဓိပ္ပာယ်ရ၏။
နောက်ဆုံး၌ သူတို့၏ နယ်မြေများဆီသို့ ပြန်သွားနိုင်ပြီး ပျင်းရိ ငြိမ်းချမ်းသော ဘဝများကို ပြန်လည် ဖြတ်သန်းနိုင်လေပြီ။ သူတို့အတွက် ဤခြောက်နှစ်တာက ပျင်းစရာကောင်းသည့် အတွေ့အကြုံတစ်ခုသာ ဖြစ်ခဲ့သည်။
သို့သော် ဆင်းရဲသည့် အရပ်သား ကျောင်းသားများအတွက်မူ ဘွဲ့ယူစာမေးပွဲက သူတို့၏ ဘဝများကို ပြောင်းလဲပေးပေလိမ့်မည်။ ဤသည်က လွန်ခဲ့သည့် ခြောက်နှစ်က ဝင်ခွင့်စာမေးပွဲနှင့် အတိအကျ တူညီနေ၏။
အကယ်ဒမီက သူတို့ အောင်မြင်လာရန်နှင့် အုပ်ချုပ်သူ လူတန်းစားထဲသို့ ဝင်ရောက်နိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
လွန်ခဲ့သည့် ခြောက်နှစ်က အကယ်ဒမီသို့ ဝင်ရောက်ခွင့်ရခြင်းမှာ အထက်တန်းလွှာများ ဖြစ်လာရန် သူတို့၏ သာမန်ဘဝများကို စွန့်ခွာခဲ့ရခြင်းဟု အဓိပ္ပာယ်ရ၏။ ယခု ဤနောက်ဆုံး စာမေးပွဲက သူတို့၏ အနာဂတ်နှင့် ကံကြမ္မာကို ဆုံးဖြတ်ပေးပေလိမ့်မည်။
ထို့အတွက်ကြောင့် အထက်တန်းလွှာများအတွက် စာမေးပွဲက အမည်ခံသာ ဖြစ်သော်လည်း အရပ်သားများအတွက်မူ အရာအားလုံး ဖြစ်နေ၏။
မည်သို့ပင်ဖြစ်စေ လန်လင်းထက် ဤစာမေးပွဲကို ဂရုစိုက်သူ မရှိပေ။
ဤစာမေးပွဲက သူ၏ ကံကြမ္မာနှင့် မိသားစုတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးပေလိမ့်မည်။ သေချာပေါက် အားလုံးက ဆိုလွန် ကျရှုံးလိမ့်မည်ဟု ယုံကြည်ထားကြ၏။
ဆိုမိသားစုက ပျက်စီးရန် ကံကြမ္မာ ဖန်တီးပြီးသား ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားကြသည်။
လွန်ခဲ့သည့် လအနည်းငယ်က ဆိုလွန်သည် အတန်းထဲ၌ အဆိုးရွားဆုံး ကျောင်းသား ဖြစ်သည်။ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်ကာ အထက်တန်းလွှာစစ်သည်တော် တံဆိပ် ရရှိရန်မဆိုထားနှင့် စာမေးပွဲ အောင်ရန်ပင် မဖြစ်နိုင်ဘူးဟု လူတိုင်းက ထင်ထားကြ၏။
သူသည် အထက်တန်းလွှာ ဘွဲ့ကို ဆုံးရှုံးရမည်ဖြစ်ပြီး သူ၏ မိသားစုသည်လည်း ထျန်းရွှေမြို့ကို အုပ်ချုပ်ခွင့် ထာဝရ ဆုံးရှုံးရလိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
**--**--**--**--**--**--**--**
နေမထွက်မီ လန်လင်း နိုးလာပြီး မျက်နှာသစ်ကာ မနက်စာ စားလိုက်၏။ ထို့နောက် ယွီဟွာစံအိမ်ဆီသို့ တိုက်ရိုက် သွားလိုက်သည်။
မိန်းကလေးများအတွက် သွားခြင်း မဟုတ်ပေ။ သူ့၌ အခြား အရေးကြီးသည့် အကြောင်းပြချက်တစ်ခု ရှိနေ၏။ အလွန် စောနေသေးပြီး မိန်းကလေးများ အိပ်ပျော်နေကြသည့်တိုင် သူရောက်ရှိလာမှုက လူတိုင်းကို နိုးသွားစေသည်။ မိန်းကလေးအားလုံးနီးပါးက သူတို့ အနှစ်သက်ဆုံး ချမ်းသာသည့် ဖောက်သည်ကို ကြိုဆိုရန် ခုတင်ပေါ်မှ ထလာကြ၏။
လန်လင်း လအနည်းငယ် ကြာ ထွက်သွားချိန်အတွင်း၌ အသစ်ရောက်လာသည့် နာမည်ကြီး အလှမယ် သုံးဦး စံအိမ်သို့ ရောက်ရှိလာသည်။
လန်လင်း၌ မိန်းကလေးများကို နာမည်ကြီးလာစေရန် အထူး ပါရမီ တစ်ခု ရှိ၏။ သူ ထောက်ပံ့ပေးသည့် မည်သည့် မိန်းကလေးမဆို အလွန် နာမည်ကြီးပြီး ဈေးကြီးလာသည်။ လွန်ခဲ့သည့် လေးလက ရဲ့ရှောင်မို အမည်ရှိ မိန်းကလေး တစ်ဦးကို သူမအား တွေ့ရန်အတွက်ပင် ဖောက်သည်များက ရွှေဒင်္ဂါး ငါးပြား ပေးရသည်အထိ နာမည်ကြီးအောင် သူ လုပ်ပေးခဲ့ပြီး သူမ၏ စောင့်ဆိုင်းစာရင်းမှာ နောက်နှစ်အထိ ပြည့်နေ၏။
ထိုနေရာသို့ ဝင်လာပြီးနောက် လန်လင်းက ငွေရောင်ကာစီနိုဆီသို့ တိုက်ရိုက် သွားလိုက်သည်။ ဤကာစီနိုကို ကျိနင်က လျှို့ဝှက်စွာ ထိန်းချုပ်ထားခြင်း ဖြစ်၏။
ကာစီနို၏ မူလပိုင်ရှင်က အတိတ်၌ ဆိုလွန်ကို လှည့်စားဖူးသည်။ တုံ့ပြန်သည့်အနေဖြင့် လန်လင်းက သူ့ကို ပြန်လည် လှည့်စားကာ သတ်ပစ်လိုက်၏။
ယခု ကာစီနို၌ သူဌေးအသစ်တစ်ဦး ရှိနေပြီ ဖြစ်သည်။ ထိုသူဌေးအသစ်သည်လည်း ကျိနင်အတွက် အလုပ်လုပ်ပေးသူ ဖြစ်၏။
သူဌေးအသစ်က လန်လင်းကို မြင်လိုက်ရချိန်၌ အံ့ဩသွားသည်။ သူက မင်းသမီး၏ အိမ်တော်သို့ သတင်းပို့ရန် အစေခံ တစ်ဦးကို အလျင်အမြန် စေလွှတ်လိုက်၏။
ကာစီနိုသူဌေးက လျှောက်လာပြီး အရိုအသေပေးကာ ပြုံးလိုက်သည်။ “သခင်လေး ဆိုလွန်... ဘယ်လေနှင်လို့ ကျွန်တော်မျိုးရဲ့ နိမ့်ကျတဲ့ ကာစီနိုကို ရောက်လာတာလဲ။”
လန်လင်းက အေးတိအေးစက် တုံ့ပြန်လိုက်သည်။ “ကျုပ် အလောင်းအစား လုပ်ချင်လို့။”
သူဌေးက စပ်စုလိုက်သည်။ “ကျွန်တော်တို့ ဘာကို လောင်းကြမလဲ။”
လန်လင်းက မျက်နှာသေဖြင့် ပြော၏။ “မင်းရဲ့ သခင်မ ရောက်လာမှပဲ ငါတို့ အဲဒီအကြောင်း ပြောကြတာပေါ့။”
အခန်း ၉၆ ပြီး။
လက်ရှိ လန်လင်းရောက်နေတဲ့ ခေတ်အခြေအနေနဲ့ဆိုရင် ကာစီနိုထက် လောင်းကစားရုံက ပိုပြီးသင့်တော်မယ်ဗျ။ ဒါပေမဲ့ ကာစီနိုနာမည် ပိုလှတယ် မြင်လို့ ကာစီနိုပဲ သုံးပါမယ်။ လောင်းကစားရုံသူဌေးအစား ကာစီနိုသူဌေး။ စသဖြင့်...။