← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

လန်လင်းက အေးစက်စွာ ဆိုလိုက်သည်။ “မင်းသမီး ဘာဆိုလိုတာလဲ။ ကျုပ်ရဲ့ ထျန်းရွှေမြို့ကို ယူချင်လို့ စာမေးပွဲကြီးမှာ ကျရှုံးအောင် လုပ်မယ်လို့ ပြောချင်တာလား။”

ထို့နောက် သူ၏ဘေးရှိ မြို့စားကြီးကျိထင်အား မတ်မတ်ရပ်၍ အရိုအသေပေးလိုက်၏။ “မြို့စားကြီး... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တရားမျှတအောင် ကူညီပေးပါဦး။”

ကျိထင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လန်လင်း၏ ပခုံးကိုပုတ်လိုက်သည်။ “ဟားဟားဟား။ စိတ်မပူပါနဲ့။ မင်းကို ဘယ်သူမှ တမင် ကျရှုံးအောင် လုပ်လို့ မရစေရပါဘူး။ ဒီစာမေးပွဲကြီးကို ကြီးကြပ်ဖို့ အထူးအရာရှိတစ်ယောက်နဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော်က ကျင့်ကြံသူတွေကို စေလွှတ်ပေးဖို့ ဘုရင်မင်းမြတ်နဲ့ အစိုးရအဖွဲ့ကို ငါတောင်းဆိုပေးမယ်။”

ဤသည်မှာ လန်လင်း အလိုရှိနေသည့်အရာပင်။ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများကို စာမေးပွဲအား ကြီးကြပ်စေချင်ခြင်း ဖြစ်သည်။ အကယ်၍ ထိုသူတို့သာ မရှိပါက သူ စာမေးပွဲအောင်တော့မည်ကို မြင်သည်နှင့် တော်ဝင်မိသားစုက ညစ်ပတ်သည့် နည်းလမ်းများကို သေချာပေါက် သုံးလာပေလိမ့်မည်။

မြင့်မြတ်နတ်နဂါးကျောင်းတော်သည် တော်ဝင်မိသားစု၏ အာဏာစက်ကို မကြောက်ရွံ့သည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အင်အားစု ဖြစ်နေ၏။

ကာစီနိုသို့ လာရောက်ခြင်းဖြင့် လန်လင်း၏ ရည်မှန်းချက် အပြည့်အဝ အောင်မြင်သွားလေပြီ။ တစ်ချက်ခုတ် သုံးချက်ပြတ် အမြတ်ထွက်ခြင်းပင်။

ပထမအချက်အနေဖြင့် ငွေအမြောက်အမြား ရှာနိုင်ပြီး ကျိနင်နှင့် ကျိလီတို့ကို အကြီးအကျယ် အရှုံးပေါ်သွားစေသည်။

ဒုတိယအချက်အနေဖြင့် ဘွဲ့ယူစာမေးပွဲ၏ တရားမျှတမှုကို သေချာစေ၏။

တတိယနှင့် အရေးကြီးဆုံးအချက်မှာ တရားဝင် အလောင်းအစားတစ်ခု ပြုလုပ်နိုင်ခြင်းပင်။ အကယ်၍ သူသာ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရရှိသွားပါက ထျန်းရွှေမြို့စားနေရာကို အလွယ်တကူ ဆက်ခံနိုင်ပေမည်။

နေမဝင်မီမှာပင် ဤကြီးမားသည့် အလောင်းအစားသတင်းသည် စံအိမ်မှ အလှမယ်များ၏ နှုတ်ဖျားမှတစ်ဆင့် တော်ဝင်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ကျိနင်ဖြစ်စေ ၊ ကျိလီဖြစ်စေ အလောင်းအစားကို ဖျက်သိမ်း၍ မရနိုင်တော့သလို ညစ်ပတ်သည့် နည်းလမ်းများကိုလည်း သုံး၍ရတော့မည် မဟုတ်ပေ။ အကယ်၍ သုံးပါကလည်း တော်ဝင်မိသားစု၏ ဂုဏ်သတင်းကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်။

လန်လင်းက ပြုံးလိုက်၏။ “မင်းသမီး... စာမေးပွဲခန်းမမှာ ပြန်တွေ့ကြတာပေါ့။”

ထို့နောက် မြို့စားကြီးကျိထင်အား ထပ်မံ အရိုအသေပေးလိုက်သည်။ “မြို့စားကြီး... ကျွန်တော့်ကို ခွင့်ပြုပါဦး။”

ညနေခင်းသို့ ရောက်သောအခါ ပထမဆုံး စာမေးပွဲဖြေဆိုရန် တော်ဝင်အကယ်ဒမီသို့ လန်လင်း မြင်းရထားဖြင့် ထွက်ခွာလာ၏။

**--**--**--**--**--**--**--**

လက်ရှိအချိန်၌ သူနှင့် မင်းသမီးတို့၏ အလောင်းအစားသတင်းမှာ နေ့တစ်ဝက်အတွင်းမှာပင် မြို့တစ်ဝက်ခန့်အထိ ပျံ့နှံ့နေလေပြီ။

ဤအလောင်းအစားမှာ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ အကယ်၍ လန်လင်းသာ နိုင်သွားပါက မင်းသမီး၏ ခန္ဓာကိုယ်မှ မည်သည့်နေရာကိုမဆို နမ်းခွင့်ရမည် ဖြစ်၏။ ထို့အတွက်ကြောင့် အမျိုးသားများစွာတို့သည် သူမ၏ ဖုံးကွယ်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ပတ်သက်၍ ရိုင်းစိုင်းစွာ စိတ်ကူးယဉ်လာကြသည်။

စံအိမ်သို့ ပြန်ရောက်ချိန်၌ ကျိနင် ငြိမ်သက်သွား၏။ သူမ အလောင်းအစားလုပ်မိသည်ကို နောင်တရနေလေပြီ။ ဆိုလွန် ရှုံးသွားမည် ဆိုလျှင်းပင် ကောလာဟလများက သူမ၏ သန့်စင်သည့် ဂုဏ်သတင်းကို ဖျက်ဆီးပစ်ပေလိမ့်မည်။

သို့သော် အစောက ဆိုလွန်နှင့် ရင်ဆိုင်ရချိန်၌ သူမ တည်တည်ငြိမ်ငြိမ်နှင့် လည်လည်ဝယ်ဝယ် မတုံ့ပြန်နိုင်ခဲ့ပေ။ အကြောင်းမှာ ထိုအကောင်က သူမ၏ ခန္ဓာကိုယ်အား အလွန် ရိုင်းစိုင်းသည့် ပုံစံဖြင့် အဆက်မပြတ် စိုက်ကြည့်နေသောကြောင့်ပင်။

ထိုသို့တိုင်အောင် ဤအလောင်းအစားမှာ သူမအတွက် အကျိုးရှိနေဆဲ ဖြစ်၏။ ဆိုလွန်အား ထျန်းရွှေမြို့ကို စွန့်လွှတ်ရန် တရားဝင် ဖိအားပေးနိုင်မည် ဖြစ်သည်။ ထိုအချက်က အဓိက ရည်မှန်းချက်ပင်။ သူမ၏ ဂုဏ်သတင်း ပျက်စီးသွားရခြင်းက အစ်ကိုဖြစ်သူ ကျိလီ၏ အစီအစဉ်အတွက် စတေးမှုတစ်ခုသာ ဖြစ်၏။

ထိုအခိုက် အပြင်ဘက်မှ အစေခံတစ်ဦးက လျှောက်တင်လာသည်။ “မင်းသမီး... အချိန်နီးနေပြီ။ တော်ဝင်အကယ်ဒမီ သွားဖို့ ပြင်ဆင်သင့်ပါပြီ။ ပထမဆုံး စာမေးပွဲကြီးစဖို့ တစ်နာရီခွဲပဲ လိုပါတော့တယ်။”

ကျိနင် မတ်တတ်ရပ်လိုက်၏။ “အင်း... သွားကြမယ်။”

သူမအနေဖြင့် ဆိုလွန် စာမေးပွဲခန်းမ၌ ကျရှုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေမိသည်။

**--**--**--**--**--**--**--**

လန်လင်းတစ်ယောက် တော်ဝင်အကယ်ဒမီသို့ မိနစ်သုံးဆယ်ကျော် စော၍ ရောက်ရှိလာ၏။

လက်ရှိအချိန်၌ သူ၏ အလောင်းအစားအကြောင်းကို မြို့ထဲရှိ လူတိုင်း သိနေကြလေပြီ။ လန်လင်းက လူအများ၏ အာရုံစိုက်မှုကို ခံရခြင်းအား နောက်တစ်ဖန် သဘောကျနေပြန်သည်။ ကျောင်းသားအားလုံးနီးပါးက သူ့အား လက်ညှိုးထိုးကာ တီးတိုး ပြောဆိုနေကြ၏။

ကျောင်းသားများက သူ့အား လှောင်ပြောင်ရယ်မောနေကြသည်။ ဆိုလွန်၏ အမှတ်များ အလွန် ဆိုးရွားကြောင်း သူတို့အားလုံး သိထားကြ၏။ သူသည် စာပေ၌ရော သိုင်းပညာ၌ပါ ဆိုးဆိုးရွားရွား ညံ့ဖျင်းလှသည်။

သူ၏ တစ်ခုတည်းသော ကျွမ်းကျင်မှုမှာ ပန်းချီဆွဲခြင်းသာ ဖြစ်၏။ သို့သော် ဆရာမ နီယာ၏ စိတ်ဝင်စားမှုကို ရယူလိုသဖြင့် အနုပညာဘာသာရပ်အဖြစ် ဂီတကို ရွေးချယ်ခဲ့သည်။ ထို့အတွက်ကြောင့်ပင် သူက အတန်းထဲ၌ အမြဲတမ်း အောက်ဆုံးရောက်နေခြင်း ဖြစ်၏။

မှန်ပေသည်။ သူသည် အညံ့ဖျင်းဆုံး ကျောင်းသားတစ်ဦး ဖြစ်၏။ အကယ်ဒမီ၌ ခြောက်နှစ်တိုင်တိုင် ပညာသင်ကြားသော်လည်း နှစ်တိုင်း နောက်ဆုံးအဆင့်၌သာ ရှိခဲ့သည်။

ထိုမျှ ဆိုးရွားလှသည့် အမှတ်များဖြင့် စာမေးပွဲအောင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ရရန်ဆိုသည်မှာ အိပ်မက်ပင် မမက်သင့်သည့် ကိစ္စဖြစ်၏။

ကျောင်းသူများကမူ လန်လင်းအား သနားကြင်နာစွာဖြင့် ကြည့်ရှုနေကြသည်။ ဆိုလွန်က အလွန် ချောမောသော်လည်း ယခုအခါ ပိုင်နက်နှင့် ရာထူးတို့ကို ဆုံးရှုံးရတော့မည်ဖြစ်ရာ ဘာမှမကျန်တော့ဘဲ မွဲတေသွားတော့မည် ဖြစ်၏။

လန်လင်းကမူ သူတို့၏ အကြည့်များကို လျစ်လျူရှုထားပြီး အထက်တန်းလွှာ အကယ်ဒမီထဲသို့ ဝင်ရောက်ကာ စာမေးပွဲခန်းမဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

စာမေးပွဲကြီး၌ အပိုင်းလေးပိုင်း ပါဝင်သည်။ ပထမပိုင်းမှာ အခြေခံသီအိုရီ ဖြစ်၏။ ဒုတိယပိုင်းမှာ နိုင်ငံရေးနှင့် ပတ်သက်သည့် စာစီစာကုံး ဖြစ်သည်။ တတိယပိုင်းမှာ ရွေးချယ်ခွင့်ရှိသည့် အနုပညာဘာသာရပ် ဖြစ်ပြီး စတုတ္ထပိုင်းမှာ သိုင်းပညာစာမေးပွဲ ဖြစ်၏။

အားလုံးက ပထမစာမေးပွဲ နှစ်ခုကို အတူတကွ ဖြေဆိုကြရမည်ဖြစ်ပြီး မေးခွန်းများမှာလည်း အတိအကျ တူညီကြသည်။

တတိယနှင့် စတုတ္ထစာမေးပွဲများကမူ ကျောင်းသားများ၏ ရွေးချယ်မှုအပေါ် မူတည်၏။ ဥပမာအားဖြင့် လန်လင်းက တတိယစာမေးပွဲအတွက် ဂီတကို ရွေးချယ်ထားပြီး စတုတ္ထစာမေးပွဲအတွက်မူ လေးပစ်ကို ရွေးချယ်ထားသည်။

စာမေးပွဲလေးခု၏ စုစုပေါင်းအမှတ်မှာ ၅၀၀ ဖြစ်၏။ အသေးစိတ်မှာ အခြေခံသီအိုရီအတွက် အမှတ် ၂၀၀ ၊ နိုင်ငံရေးအတွက် အမှတ် ၁၀၀ ၊ အနုပညာအတွက် အမှတ် ၁၀၀ နှင့် သိုင်းပညာအတွက် အမှတ် ၂၀၀ ဟူ၍ အသီးသီး ဖြစ်ကြသည်။

ယနေ့ညသည် ပထမဆုံးစာမေးပွဲဖြစ်သည့် အခြေခံသီအိုရီ ဖြေဆိုရမည့်နေ့ ဖြစ်၏။ အထက်တန်းလွှာ ကောလိပ်ပေါင်း နှစ်ရာကျော်မှ ကျောင်းသားများက ဧရာမခန်းမကြီးတစ်ခုတည်း၌ စာမေးပွဲ ဖြေကြရမည် ဖြစ်သည်။

ခန်းမကြီးမှာ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်း၏။ ကျောင်းသားတစ်ဦးစီက အခြားသူများနှင့် မီတာအနည်းငယ် ကွာဝေးစွာ ထိုင်ကြရသည်။ စားပွဲများကြား၌ နံရံများ ကာရံထားသောကြောင့် ခိုးချရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် စာမေးပွဲကို ကြီးကြပ်နေသည့် အစွမ်းထက် ကျင့်ကြံသူ ဆယ်ဦးလည်း ရှိနေပြီး ဆရာဆရာမ တစ်ဒါဇင်ကျော်ကလည်း လှည့်လည်ကြည့်ရှုနေကြ၏။

ထို့အတွက်ကြောင့် မည်သူကမှ ခိုးချနိုင်စွမ်း ရှိမည်မဟုတ်ပေ။

လန်လင်းက သူ၏ နေရာကိုရှာကာ ထိုင်လိုက်သည်။ သူ၏စားပွဲမှာ မျက်နှာစာ သုံးဖက်၌ နံရံများ ကာရံထားသည့် အခန်းငယ်လေးတစ်ခုဖြစ်ပြီး အနောက်ဘက် တစ်ဖက်တည်းသာ ပွင့်နေ၏။

လန်လင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ အခြေခံသီအိုရီ စာမေးပွဲ၌ သမိုင်းနှင့် ပထဝီဝင်မှစ၍ သိုင်းပညာသီအိုရီ ၊ ဒဿနိကဗေဒနှင့် အခြေခံသင်္ချာအထိ ဘာသာရပ်များစွာ ပါဝင်နေ၏။

အခြားကျောင်းသားများအတွက် ဤစာမေးပွဲက အလွယ်ကူဆုံး ဖြစ်နိုင်သော်လည်း လန်လင်းအတွက်မူ အခက်ခဲဆုံးပင်။

အကြောင်းမှာ လန်လင်း ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ လအနည်းငယ်သာ ရှိသေးသောကြောင့်ပင်။

ဤကမ္ဘာ၌ နှစ်ထောင်ပေါင်းများစွာသော သမိုင်းကြောင်းနှင့် အလွန် ရှုပ်ထွေးသည့် ပထဝီဝင် ရှိ၏။ ကျောင်းသားများအနေဖြင့် အချက်အလက်များစွာကို အလွတ်ကျက်မှတ်ထားကြရသည်။ လန်လင်းအတွက် အလိုအပ်ဆုံးအရာမှာ ထိုအရာအားလုံးကို လေ့လာသင်ယူရန် အချိန်ပင် ဖြစ်၏။

စာမေးပွဲမစတင်မီ စာမေးပွဲကြီးကြပ်သူ ဒါဇင်ပေါင်းများစွာက ခန်းမထဲသို့ ဝင်ရောက်လာကြသည်။

ထိုအထဲမှ ဆယ်ဦးမှာ တော်ဝင်အကယ်ဒမီမှ ဆရာများ ဖြစ်ကြ၏။ ငါးဦးမှာ အစိုးရအဖွဲ့နှင့် တော်ဝင်မိသားစုမှ အရာရှိများ ဖြစ်သည်။ နောက်ဆုံးငါးဦးမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများ ဖြစ်ကြ၏။

မင်းသမီးကျိနင်က စာမေးပွဲကို စောင့်ကြည့်ရန် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ အခန်း၏ အလယ်၌ ဝင်ထိုင်လိုက်သည်။

စာမေးပွဲ ပြီးဆုံးပြီးနောက် စာမေးပွဲကြီးကြပ်သူ နှစ်ဆယ်က အဖြေလွှာများကို ချက်ချင်း အမှတ်ပေးကြမည် ဖြစ်၏။ အမှတ်စာရင်းများကိုလည်း တစ်နာရီအတွင်း ထုတ်ပြန်ပေးမည် ဖြစ်သည်။ အရာအားလုံးက တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိလှ၏။

မင်းသမီး စင်မြင့်ပေါ်၌ ထိုင်လိုက်သည်နှင့် ဆိုလွန်ကိုရှာရန် ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်ကြည့်လိုက်သည်။

ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ “ဒေါင်... ဒေါင်... ဒေါင်...”

“အခြေခံသီအိုရီ စာမေးပွဲကြီး တရားဝင် စတင်လေပြီ။

ဆရာဆရာမ ဆယ်ဦးက စာမေးပွဲ မေးခွန်းလွှာများကို လိုက်လံဝေငှကြသည်။ စုစုပေါင်း စာမျက်နှာ အကြီး လေးမျက်နှာ ပါဝင်၏။

သမိုင်းအတွက် တစ်မျက်နှာ ၊ ပထဝီဝင်အတွက် တစ်မျက်နှာ ၊ စာပေနှင့် ဒဿနိကဗေဒအတွက် တစ်မျက်နှာ ၊ သင်္ချာအတွက် တစ်မျက်နှာတို့ ဖြစ်ကြသည်။

ကျောင်းသားများအနေဖြင့် ဖြေဆိုရန် အချိန် တစ်နာရီခွဲ ရရှိမည် ဖြစ်၏။

မေးခွန်းလွှာ လေးစောင်ကို ရရှိပြီးနောက် လန်လင်းက အလျင်အမြန် ဖတ်ရှုလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အခြားကျောင်းသားများကမူ မျှော်လင့်ချက်မဲ့စွာ ညည်းတွားလာကြ၏။

ဤစာမေးပွဲက အလွန် ခက်ခဲလှသည်။ အထူးသဖြင့် စာပေ ၊ ဒဿနိကဗေဒနှင့် သင်္ချာမေးခွန်းများပင်။ သို့သော် လန်လင်းအတွက်မူ ဤကမ္ဘာရှိ စာပေနှင့် ဒဿနိကဗေဒမှာ ကမ္ဘာမြေ၏ ရှေးဟောင်းခေတ်နှင့် အတိအကျနီးပါး တူညီနေ၏။ သူက ကမ္ဘာမြေ၌ တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့သောကြောင့် ဤမေးခွန်းများက သူ့အတွက် အလွန် လွယ်ကူနေသည်။

သင်္ချာမေးခွန်းများမှာ ဤကမ္ဘာမှ လူများအတွက် ခက်ခဲလှ၏။ သို့သော် လန်လင်းကမူ မျက်စိမှိတ်လျက်ပင် ဖြေရှင်းနိုင်စွမ်း ရှိနေသည်။

အကြောင်းမှာ ဤကမ္ဘာရှိ သင်္ချာပညာကို လူသားပညာရပ်များကို လေ့လာခဲ့သည့် နဂါးဧကရာဇ်က တီထွင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း သင်္ချာပညာရပ်မှာ များစွာ တိုးတက်လာခြင်း မရှိချေ။

ထို့အတွက်ကြောင့် လန်လင်း၏ သင်္ချာစွမ်းရည်များက တကယ်တမ်း၌ နဂါးဧကရာဇ်ထက်ပင် ပို၍ ကောင်းမွန်နေ၏။ စာမေးပွဲရှိ အခက်ခဲဆုံး သင်္ချာမေးခွန်းများဆိုသည်မှာ ကမ္ဘာမြေရှိ အလယ်တန်းအဆင့် သင်္ချာခန့်သာ ရှိသည်။

သို့သော်... အခြားကျောင်းသားများအတွက် အလွယ်ကူဆုံးဖြစ်သည့် ပထဝီဝင်နှင့် သမိုင်းမေးခွန်းများက လန်လင်းအတွက်တော့ အခက်ခဲဆုံး ဖြစ်နေ၏။ ဧရာမ ဘုရင့်နိုင်ငံကြီးတစ်ခု၏ ပထဝီဝင်နှင့် နှစ်ထောင်ပေါင်းများစွာသော သမိုင်းကြောင်းကို အလွတ်ကျက်မှတ်ရန် သူ့၌ အချိန် အလုံအလောက် မရှိနေပေ။

ခေါင်းလောင်းသံ ထပ်မံ ထွက်ပေါ်လာပြီး လူတိုင်း စတင်ရေးသားကြလိုက်ကြသည်။ “ဒေါင်...”

လန်လင်းက လွယ်ကူသည့် မေးခွန်းများကို အရင်ဆုံး ဖြေဆိုလိုက်သည်။ သင်္ချာမေးခွန်း အားလုံးကို မိနစ် ၂၀ အောက် အချိန်ယူကာ ဖြေဆိုပြီးစီးသွား၏။ အပြည့်အမှတ်ဖြစ်သည့် အမှတ် ၅၀ ရမည်မှာ သေချာနေသည်။

ထို့နောက် စာပေနှင့် ဒဿနိကဗေဒအတွက် မိနစ် ၃၀ ခန့် အချိန်ယူလိုက်၏။ အပြည့်ရမည်လား မသေချာသော်လည်း အနည်းဆုံး အမှတ် ၄၅ မှတ် ရမည်ကိုတော့ ကျိန်းသေပေါက် သေချာသည်။

စုစုပေါင်းအချိန်၏ သုံးပုံတစ်ပုံပင် မပြည့်သေးချိန်၌ သူ စာမေးပွဲ၏ တစ်ဝက်ကို ဖြေဆိုပြီးစီးသွားလေပြီ။

ထို့နောက် သမိုင်းနှင့် ပထဝီဝင် မေးခွန်းများကို စတင်လိုက်၏။

သမိုင်းအပိုင်းမှာ အမှတ် ၅၀ ဖိုး ဖြစ်သည်။ လန်လင်းက သူသိသည့် မေးခွန်းများကို အရင် ဖြေဆိုလိုက်ရာ ၃၅ မှတ်ခန့် သေချာသွား၏။ ကျန်ရှိနေသည့် ၁၅ မှတ်ကိုမူ မှန်း၍သာ ဖြေဆိုလိုက်ရသည်။

ဤကမ္ဘာ၏ သမိုင်းကြောင်းမှာ ထူထဲသည့် စာအုပ်များ ဒါဇင်ပေါင်းများစွာအထိ ရှိ၏။ လန်လင်းအနေဖြင့် လအနည်းငယ်အတွင်း အားလုံးကို လေ့လာသင်ယူရန်မှာ မဖြစ်နိုင်ပေ။

လန်လင်းက စိတ်ထဲမှနေ၍ မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... မင်း အဖြေတွေ သိလား။”

အသူရာမိစ္ဆာကြယ်က တစ်ခဏမျှ တိတ်ဆိတ်သွား၏။ “မသိဘူး။”

လန်လင်းမှာ သူ့ကိုယ်သူ အားကိုးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ကျန်ရှိနေသည့် ၁၅ မှတ်အတွက် အဖြေများကို မှန်း၍သာ ဖြေဆိုလိုက်ပြီး အကောင်းဆုံးဖြစ်လာရန်သာ မျှော်လင့်နိုင်တော့သည်။

သူ သမိုင်းအပိုင်းအတွက် တစ်နာရီတိတိ အချိန်ယူလိုက်၏။ စာမေးပွဲပြီးရန် တစ်နာရီနှင့် ဆယ်မိနစ်ခန့် ကျန်ရှိနေသေးသည်။

နောက်ဆုံး၌ သူ ပထဝီဝင်မေးခွန်းများကို စတင် ဖြေဆိုလိုက်၏။

အခြားနိုင်ငံများရှိ ဆရာများက ပထဝီဝင်ကို သိပ်၍ ဂရုမစိုက်ကြခြင်း ဖြစ်နိုင်သည်။ သို့သော် နုလန်ဘုရင့်နိုင်ငံကမူ အလွန် ဂရုစိုက်၏။ အကြောင်းမှာ သူတို့၏ ပိုင်နက်နယ်မြေက လွန်ခဲ့သည့် နှစ်တစ်ရာနီးပါးအတွင်း အဆက်မပြတ် ကြီးထွားလာသောကြောင့်ပင်။ လူရိုင်းနယ်မြေများစွာကို ဘုရင့်နိုင်ငံထဲသို့ ပေါင်းထည့်ထားသည်။

ထို့အပြင် နုလန်ဘုရင့်နိုင်ငံအတွက် ပထဝီဝင်က စစ်တပ်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေ၏။

အလားတူ နည်းလမ်းကို အသုံးပြုကာ သူသိသည့် မေးခွန်းများကို အလျင်အမြန် ဖြေဆိုလိုက်သည်။ သို့သော် ယခုတစ်ကြိမ်က ပို၍ပင် ဆိုးရွားနေ၏။ ပထဝီဝင် စာမေးပွဲ၌ အမှတ် ၃၀ ဖိုးသာ သေချာနေပြီး ကျန်ရှိသည့် အမှတ် ၂၀ ကို မှန်း၍ ဖြေလိုက်ရသည်။

အခန်း ၉၈ ပြီး။

All Chapters