← Chapters

မင်းမခံနိုင်ပါဘူး...

Vol. 180 Ch. 2567

မင်းမခံနိုင်ပါဘူး...

Vol. 180 Ch. 2567

“မင်း... ပြိုင်ဘက်ကင်း... မင်း ငါ့ရဲ့ဒီလှံချက်ကို ခံနိုင်ပါ့မလား”

ထိုအသံသည် ထျန်းယန်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ ထိုအသံကိုကြားလိုက်သူတိုင်းသည် ဝိညာဉ်ထဲအထိ တုန်လှုပ်သွားကြသည်။

ထိုမတိုင်ခင်က ရီဖူရှင်းသည် ခုခံ၍သာနေခဲ့ခြင်းဖြစ်ပြီး ဝမ်ရှောင်ကသာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ရှောင်သည် ကောင်းကင်ထုနှက်ခြင်းတူပညာရပ်၏ အံ့အားသင့်ဖွယ်စွမ်းအားဖြင့်ပင် ရီဖူရှင်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ ထိုကဲ့သို့ စွမ်းအားကြီးသောတိုက်ခိုက်ပညာရပ်သည်ပင် ရီဖူရှင်းကို နှစ်ကြိမ်မျှသာ အောက်သို့ကျဆင်းသွားအောင် ထုချနိုင်ခဲ့ရာ ရီဖူရှင်းပိုင်ဆိုင်ထားသော ခုခံစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို မြင်နိုင်သည်။

သို့သော် သူသည် ယခုအထိ ပြန်မတိုက်ရသေးသည်မှာ အမှန်ပင်ဖြစ်သည်။

သူ၏တိုက်ခိုက်စွမ်းအားသည် သူ၏ခုခံစွမ်းအားကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းမည်လော။

ဝမ်ရှောင်သည် ရီဖူရှင်း၏တိုက်ခိုက်မှုကို ခံနိုင်မည်လော။

သူသည် အလွန်စိတ်ကြီးဝင်နေသည်။ ဝမ်ရှောင်သည် ဤတစ်ခေါက် ချပ်ဝတ်လက်ပြုလုပ်သူပြိုင်ပွဲဝင် သူ၏ပြိုင်ဘက်ကင်းအရည်အချင်းကို ပြသခဲ့သည်။ သို့သော် ရီဖူရှင်းက ဝမ်ရှောင်အား သူ၏လှံချက်တစ်ချက်ကို ခံနိုင်ပါမည်လောဟု မေးနေသည်။

သူ၏လှံချက်သည် မည်မျှစွမ်အားကြီးမည်နည်း။

ဝမ်ရှောင်က အောက်ဘက်သို့ ငုံကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ရေခဲတမျှ အေးစက်နေသည်။ ထိုမျက်လုံးများကို ရွှေရောင်မီးတောက်များက ဝန်းရံထား၏။ ချစ်ချစ်တောက်ပူပြင်းသော အဆုံးမဲ့အပူလှိုင်းများသည် ထိုလောကအတွင်းရှိ အရာအားလုံးကို အရည်ဖျော်ပစ်ရန် ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်စက်ကွင်းသည် ရွှေမီးတောက်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံပင်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ နတ်မင်းပုံရိပ်သည် အကန့်အသတ်မဲ့ ဧရာမနတ်တူကြီးကို မြှောက်လိုက်သည်။ အောက်ဘက်သို့ အဟုန်လှိုင်းများ ကျဆင်းသွား၏။ ယင်းလှိုင်းများသည် တစ်လှိုင်းနှင့်တစ်လှိုင်း ထပ်၍နေသည်။ အဟုန်လှိုင်း(၁၀၈,၀၀၀)သည် မည်သို့သော ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်သနည်း။

ဝမ်ရှောင်မှာ ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏တိုက်ခိုက်မှုတိုင်းတွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်ကပ်ဘေးစွမ်းအားများ ပါဝင်၏။ အဟုန်လှိုင်းတစ်ခုသည်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်ရာ အဟုန်လှိုင်း(၁၀၈,၀၀၀)ဆိုလျှင် ဆိုဖွယ်ရာမရှိချေ။ ပထမကပ်ဘေးအဆင့်တွင် သူသည် ထိပ်တန်းတစ်ဦးဖြစ်သည်။ ကောင်းကင်ဒေသတစ်ခွင်လုံးတွင် သူနှင့်ယှဉ်ပြိုင်နိုင်သည့် ပထမကပ်ဘေးအဆင့်ရှိသူတစ်ဦးကို ရှာနိုင်ရန် ခက်ခဲ၏။

ထျန်းယန်မြို့သခင်သည်လည်း စွမ်းအားကြီး၍ ပါးနပ်သူတစ်ဦးဖြစ်ပေရာ ထိုအကြောင်းကို မသိရှိဘဲနေမည် မဟုတ်ပေ။ မဟုတ်လျှင် သူသည် ဝမ်ရှောင်ကို ထိုမျှ အထင်ကြီးမည်မဟုတ်ဘဲ ပြိုင်ဘက်ကင်းဟူသော ဂုဏ်ပုဒ်ကိုလည်း ပေးခဲ့မည်မဟုတ်ပေ။ သူသည် ဝမ်ရှောင်ကို အရှင်ဒွန်ဟောင်၏ သမီးရတနာဖြင့်ပင် လက်ဆက်ပေးရန် ကြံနေသည်။

ဝမ်ရှောင်သည် ထူးချွန်ထက်မြက်သောကြောင့်သာ သူသည် ထိုသို့သောအကြံရှိခြင်းဖြစ်သည်။

ဝှီး...

ရီဖူရှင်းကို ဗဟိုပြု၍ မမြင်နိုင်သော မဟာလမ်းစဉ်လှိုင်းတစ်ခုသည် အပြင်ဘက်သို့ ပြန့်ကားသွားပြီး ပျံ့နှံ့သွားသည်။ သူ့ကို အတုမဲ့ရောင်ခြည်တစ်ခုက ကာရံထားပြီး အလင်းမျက်နှာပြင်သည် ပို၍ကြီးမားလာသည်။ ၎င်းသည် ဗုဒ္ဓအလင်းဖြစ်သည်။

ကောင်းကင်ထက်တွင် ဗုဒ္ဓသင်္ကတများ အဆုံးမဲ့ရှိနေပြီး ဗုဒ္ဓပုံရိပ်များ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် ထိုဗုဒ္ဓပုံရိပ်များသည် ဗုဒ္ဓတရားတော်ဖြစ်သော သစ္စာခြောက်ပါးတရားတော်ကို သံပြိုင်ရွတ်ဆိုနေကြသည်။ ရုတ်တရက် ထိုနေရာ၌ အစွမ်းကြီး၍ မြင့်မြတ်သော ဗုဒ္ဓတန်ခိုးတော် ပျံ့နှံ့သွားပြီး အလင်းမျက်နှာပြင်ကို အပြင်သို့ ပြန့်ကားလာစေသည်။

ဝုန်း...

ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရ၏။ ကောင်းကင်ထက်မှနေ၍ ကောင်းကင်ထုနှင်ခြင်းတူကြီး အရင်ဆုံးကျဆင်းလာသည်။ အဆုံးမဲ့အဟုန်လှိုင်းများသည် အဆုံးမဲ့တူများအဖြစ် ပြောင်းလဲသွားကြပြီး အောက်ဘက်သို့ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် အဟုန်လှိုင်း(၁၀၈,၀၀၀)၏အလယ်တွင် နတ်တူကြီးတစ်ခုပေါ်လာပြီး အာကာပြင်ကို ထက်ခြမ်းခွဲသွား၏။ ဟင်းလင်းပြင်သည် ထုနှက်ခွဲခြင်းခံလိုက်ရသကဲ့သို့ပင်။ အင်အားအကုန်လုံးသည် ရီဖူရှင်းထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

ရီဖူရှင်းက တစ်ချိန်းတည်းလိုလိုပင် သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ဗုဒ္ဓတစ်ပါးသည် လက်မြှောက်၍ ‌ရှေ့သို့ရိုက်ချလိုက်သကဲ့သို့ပင် ထင်ရသည်။ ရုတ်တရက် ကောင်းကင်ထက်မှ ဗုဒ္ဓများသည် သူတို့၏လက်များကို တစ်ချိန်တည်းမြှောက်လိုက်ရာ ဧရာမဗုဒ္ဓလက်ဖဝါးတော်ကြီး ပျံတက်သွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသော အဆုံးမဲ့ နတ်တူများကို ရိုက်ခတ်သွားသည်။

စူးရှတောက်ပသော ဗုဒ္ဓအလင်းသည် အထက်သို့ ဆက်လက်ဖြာထွက်သွားပြီး ကျဆင်းလာသော အဟုန်လှိုင်းများနှင့် ရိုက်ခတ်သွား၏။

ရိုက်ခတ်သံများထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင် အဖျက်စွမ်းအားရောက်ခြည်တစ်ခု ပတ်ဝန်းကျင်သို့ ပြန့်ကားထွက်သွားပြီး လေထုသည် ပြင်းထန်စွာဖိနှိပ်ခံလိုက်ရ၏။

ရီဖူရှင်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွား၏။ သူ၏ခန္ဓာကိုယ်သည် လှံအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ထိုလှံအလင်းသည် အဟုန်ကို ဆန့်ကျင်၍ အထက်သို့ ပျံတက်သွား၏။ လှံဝိညာဉ်စွမ်းအားသည်လည်း ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ်တက်သွား၏။ ထိုလှံအလင်းသည် အတားအဆီးအနည်းမှမရှိဘဲ အထက်သို့ပျံတက်သွားသည့်အပြင် လှံပတ်ပတ်လည်တွင်လည်း အရှိန်အဟုန်လှိုင်းများ ထွက်ပေါ်လာပြီး အတူတကွရောယှက်ကာ ပြီးပြည့်စုံသောလှံချက်တစ်ချက်အဖြစ် သိပ်သည်းသွား၏။

အဟုန်လှိုင်းများအလယ်ရှိ နတ်တူကြီးနှင့် လှံတို့ ထိခတ်သွားကြသည်။ နတ်တူကြီးသည် လွှမ်းမိုးအားကြီးပြီး ကြောက်မက်ဖွယ်စွမ်အားတစ်ခုကို သယ်ဆောင်လာပြီး လှံသည်လည်း ညီမျှသောကြောက်ဖက်ဖွယ်စွမ်းအားရှိပြီး စူးရှသည်။

ဝုန်း...

လူများစွာသည် သူတို့၏ နားစည်များ ပေါက်ကွဲသွားကဲ့သို့ ခံစားလိုက်ရ၏။ မမြင်နိုင်သော အဖျက်စွမ်းအားလှိုင်းတစ်ခုသည် ထျန်းယန်တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။ အပြစ်မရှိသော မထင်မရှား ကျင့်ကြံသူများစွာသည် ထိုအဖျက်စွမ်းအားလှိုင်းကြောင့် ထပ်မံထိခိုက်သွားလောက်သည်။ မြို့သခင်ရုံးတော်နှင့် အနီးဆုံးတွင်ရှိသည့် ကျင့်ကြံသူအားလုံးသည် ရန်ဟောင်အဆင့်များဖြစ်ပြီး တိုက်ပွဲသည် မြင့်မားသောကောင်းကင်ထက်တွင် ဖြစ်နေခြင်းဖြစ်သော်လည်း သူတို့၏ဒွါရပေါက်များမှနေ၍ သွေးမျာစီးကျလာသည်။

သို့သော် သူတို့သည် ပြင်းထန်စွာ ထိခိုက်သွားသောလည်း မျက်လုံးများသည် ကောင်းကင်ထက်သို့ ကြည့်နေကြဆဲဖြစ်သည်။ သူတို့အားလုံးသည် ထိုပြိုင်ဘက်ကင်းတိုက်ကွက်ကို မလွတ်သွားလို၍ အပေါ်သို့ မော့ကြည့်နေကြသည်။

ထိုတိုက်ခိုက်မှုသည် မည်သို့ပြီးဆုံးသွားမည်နည်း။

သူတို့သည် ကောင်းကင်ကို ထက်ခြမ်းခွဲသွားသော အလင်းတန်းကိုတွေ့လိုက်ရ၏။ မိုးကုပ်စက်ဝိုင်းအထက်တွင် ရွှေရောင်ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာ၏။ ဝဲကတော့ကြီးထဲတွင် ကြောက်မက်ဖွယ်အရှိန်အဝါလှိုင်းများရှိနေပြီး ၎င်းတို့သည် ပို၍မြင့်သောကောင်းကင်ထက်သို့ တက်သွားကြသည်။ ထိုဝဲကတော့ကြီး၏အလယ်တတွင် ကောင်းကင်ကိုထက်ခြမ်းခွဲသွားသော ထက်ရှသည့်နတ်လှံတစ်စင်း ရှိနေသည်။

သူတို့အရှေ့ရှိ မြင်ကွင်းသည် တုန်လှုပ်ဖွယ်ကောင်းသည်။ ယခုတွင် ထျန်းယန်မြို့ထဲ၌ ပို၍ပင်တိတ်ဆိတ်လာသည်။ မြို့ထဲတွင် ထိခတ်သံသဲ့သဲ့များနှင့် အကန့်အသတ်မဲ့ ဖိအားအရှိန်အဝါတို့သာ ရှိနေသည်။

ကောင်းကင်သည်ပင် ထက်ခြမ်းကွဲသွားပြီလော။

ထက်ခြမ်းကွဲသွားသော အာကာပြင်တွင် အလင်းတစ်ခု ပေါ်ထွက်လာသည်။ သူတို၏မျက်လုံးများသည် ထိုအလင်းကိုလိုက်ကြည့်နေကြပြီး ထိုရွှေရောင်ဝဲကတော့ကြီး၏ အဆုံးတွင်ရှိသည့် အရာကို မြင်လိုက်ကြရသည်။ သူတို့သည် ထိုနေရာတွင် ဖြစ်ပျက်နေသော အရာကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်သွားကြသည်။

ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...

နောက်ဆုံးတွင် သိပ်၍မကျယ်လောင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းများ အောက်ဘက်သို့ ကျဆင်းလာသည်။ ၎င်းတို့သည် အလုံးစုံတိတ်ဆိတ်မသွားသေးသော လှိုင်းဂယက်များကဲ့သို့ပင်။ သို့သော် တိုက်ပွဲသည် ပြတ်ပြတ်သားသား ပြီးဆုံးသွားခဲ့ပေပြီ။

ခေတ္တမျှကြာပြီးနောက် အရာအားလုံး ပြန်လည်တည်ငြိမ်သွား၏။ ရွှေရောင်အလင်းမျက်နှာပြင်အလွှာများသည် ထိုနေရာတွင်ပင် ရှိနေသေးသည်။ ကောင်းကင်ထက်၌ ကျန်ရှိနေသော လှံဝိညာဉ်စွမ်းအားသည် ရွှေရောင်နတ်အလင်းအဖြစ်ပြောင်းလဲသွားသည်။ ၎င်းသည် အလွယ်တကူ ပျောက်ကွယ်မသွားမည့်ပုံပင်။

“တစ်ချက်တည်းပဲ...”

ကျင့်ကြံသူများ၏ မျက်လုံးအကြည့်များသည် ရပ်တန့်နေကြသည်။ ထိုအခိုက်တွင် ထျန်းယန်မြို့တစ်မြို့လုံးနှင့် မြို့သခင်အိမ်တော်အတွင်းမှာပင် လုံးဝတိတ်ဆိတ်နေသည်။

ကောင်းကင်ထက်တွင် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ရပ်နေပြီး သူ့လက်ထဲရှိ လှံရှည်သည် ဝမ်ရှောင်၏ဝိညာဉ်ပုံရိပ်ကို ချိန်ရွယ်ထားခြင်းမဟုတ်တော့ဘဲ သူ၏လည်မျိုကို ချိန်ရွယ်ထားပေပြီ။ အကယ်၍ သူသာ လှံကို ရှေ့သို့ နောက်ထပ်တစ်လက်မတိုးလိုက်လျှင် ဝမ်ရှောင်၏အသက်ကို နှုတ်နိုင်ပြီဖြစ်သည်။

သူသည် ရီဖူရှင်း၏ လှံချက်တစ်ချက်ကို ခံနိုင်ပါမည်လော။

ယနေ့တွင် ထျန်းယန်မြို့၏ မြို့သခင်လေးဝမ်ရှောင်သည် ဤချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ဗိုလ်စွဲသူဖြစ်သဖြင့် ထင်ပေါ်ကျော်ကြားခဲ့သည်။ သူသည် ထျန်းယန်မြို့သခင်၏ အကောင်းဆုံးထောက်ပံ့ပေးမှုကိုလည်း ရရှိခဲ့သည်။ ထျန်းယန်မြို့သခင်သည် သူ့ကိုရှေ့တန်းတင်၍ သူသည် ထျန်းယန်မြို့၏ အနာဂတ်ဆက်ခံသူဖြစ်သည်ဟုလည်း ကြေညာခဲ့၏။ ထိုမှသာ သူသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဦးဆောင်၍ ရီဖူရှင်းကို သတ်ကာ စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

သို့သော် ထိုအခိုက်တွင် ‌ကျော်ကြားသော နောက်ထပ်ပါရမီရှင်တစ်ဦး ထွက်ပေါ်လာ၏။ ဝမ်ရှောင်မကျော်ကြားခင်ကပင် သူ၏အမည်သည် ကောင်းကင်ဒေသတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်သည်။ လက်ရှိတွင် သူသည် ကောင်းကင်ဒေသတွင် အကျော်ကြားဆုံးလူတစ်ယောက်ဖြစ်ပြီး သူ့အမည်ကို လူတိုင်းသိသည်။ သူသည် သူ၏အဖွဲ့ကို ဦးဆောင်၍ ထိုက်ချူတော်ဝင်မြေကို ကျူးကျော်ဖျက်ဆီးပစ်ခဲ့ကာ ထိုက်ချူတော်ဝင်အင်ပါယာကိုလည်း သတ်ပစ်ခဲ့သည်။

ယနေ့တွင် ထိုပြိုင်ဘက်ကင်းနှစ်ဦးသည် တွေ့ဆုံခဲ့ပြီး တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် ဝမ်ရှောင်ရှုံးနိမ့်သွား၏။

ဤလောကထဲတွင် မဟာအင်ပါယာများမှလွဲ၍ မည်သူသည် ပြိုင်ဘက်ကင်းအစစ်အမှန်ဖြစ်နိုင်မည်နည်း။

ထိုပြိုင်ဘက်ကင်းမှာ ဝမ်ရှောင်ဟု သူတို့တွေးခဲ့ကြသည်။ သို့သော် သူတို့အထင်သာ အမှန်ဆိုလျှင် ရီဖူရှင်းကို မည်သို့ဆိုရမည်နည်း။

သူသည် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူတစ်ဦးသာဖြစ်သော်လည်း ဝမ်ရှောင်ကို သူ၏လှံချက်တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။

ထျန်းယန်မြို့သခင်၏မျက်နှာထားသည် တင်းမာနေ၏။ မြို့သခင်ရုံးတော်အတွင်းမှ အခြားကျင့်ကြံသူများသည်လည်း မျက်စိပျက်၊ မျက်နှာပျက်ဖြစ်နေကြသည်။

သူတို့ရုံးတော်မှ အသန်မာဆုံးသူ၊ သူတို့ အမြင်ဆုံးမျှော်လင့်ချက်ထား,ထားသော ကျော်ကြားသူ ဝမ်ရှောင်သည် ယခု ရီဖူရှင်းထံတွင် မရှုမလှရှုံးနိမ့်သွား၏။

ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အတွေးကိုယ်စီဖြစ်သွားကြသည်။ အချို့လူများအတွက် ရီဖူရှင်းကိုသတ်လိုနေသော သူတို့၏ဆန္ဒသည် ပို၍ကြီးထွားလာသည်။

ရီဖူရှင်း အသက်ရှိနေသ၍ သူတို့သည် တစ်ရက်မှ အေးအေးချမ်းချမ်း နေနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ယခုတွင် သူသည် မြို့သခင်ရုံး‌တော်အတွင်းသို့ ချန်ခုန်းအဖြစ်ရုပ်ဖျက်ဝင်လာခဲ့ပြီး သူ့ကိုသေစေလိုနေသည်များမှာ မည်သူ၊ မည်ဝါများဖြစ်သည်ကို သိရှိခဲ့ပြီဖြစ်သဖြင့် အနာဂတ်တွင် သူသည် ထိုသူများကို ပြန်လည်တုံ့ပြန်မည်မှာ အသေအချာပင်ဖြစ်သည်။

ကောင်းကင်ထက်တွင် ဝမ်ရှောင်၏အကြည့်များသည် ကော်နှင့်ကပ်ထားသကဲ့သို့ ရီဖူရှင်းထံမှ မခွာနိုင်ဖြစ်နေသည်။ သူသည် သူရှုံးနိမ့်သွားသည်ကို လက်မခံနိုင်သေးသကဲ့သို့ သူ့ရှေ့ရှိလူကို စိုက်ကြည့်နေသည်။ သူသည် ရန်ဟောင်အဆင့်ကိုးသာရှိသည့် ရီဖူရှင်းကို ရှုံးနိမ့်သွားပေပြီ။

သူ မည်သို့လုပ်ခဲ့ခြင်းနည်း။ သူသည် အဘယ်သို့ ထိုမျှ စွမ်းအားကြီးသည့် တိုက်ခိုက်စွမ်းအားရှိနေရသနည်း။

သို့သော် ရီဖူရှင်းက သူ့ကို အရေးမစိုက်သည့်ဟန်ဖြင့် ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ သူလုပ်ခဲ့သည်မှာ အသေးအမွှားလေးသာဖြစ်ပြီး ထူးခြားသည့်ကိစ္စမဟုတ်သလို ဟန်ပန်နှင့် ဖြစ်သည်။ ထိုကိစ္စသည် သူ၏နှလုံးခုန်နှုန်းကို အနည်းငယ်မျှမြန်စေရန်ပင် မလုံလောက်သကဲ့သို့ပင်။

သို့တည်းမဟုတ် ရီဖူရှင်းသည် အစကတည်းက သူ့ကို ပြိုင်ဘက်အစစ်အမှန်တစ်ဦးအဖြစ် မမြင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သူသည် ရီဖူရှင်းနှင့် စီဝေ့ကြယ်ကောင်းမှကျင့်ကြံသူအားလုံးအပေါ် နင်းတက်၍ သူ့ကိုယ်သူ ပို၍ကျော်ကြားလာအောင်လုပ်ကာ ကောင်းကင်ဒေသ၏ ပြိုင်ဘက်ကင်းအစစ်အမှန်တစ်ယောက် ဖြစ်လာလိုခဲ့သည်။ သို့သော် သူစပင်မစရသေးခင်၌ ကိုယ့်နယ်မြေအတွင်းမှာပင် ရှုံးနိမ့်သွားခဲ့သည်။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ပထမရခဲ့သော်လည်း ယခုတိုက်ပွဲတွင် မရှုမလှရှုံးနိမ့်သွားပေပြီ။

“မင်း မခံနိုင်ပါဘူး...”

ရီဖူရှင်းပြောလိုက်၏။ သူ၏အသံသည် ထျန်းယန်မြို့အထက်ရှိ ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။

အရှင်ထျန်းယန်၏ အမွေခံဖြစ်ပြီး ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ပထမရခဲ့သော ထျန်းယန်မြို့၏ မြို့သခင်လေးဝမ်ရှောင်မှာ ရီဖူရှင်း၏လှံချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

***

All Chapters