← Chapters

ရုပ်သေးရုပ်အား ပြုပြင်ခြင်း

Vol. 30 Ch. 409

ရုပ်သေးရုပ်အား ပြုပြင်ခြင်း

Vol. 30 Ch. 409

စုမင်သည် ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့နောက်က ဝဲဂယက်ကို လေထဲ တွန်းထုတ်လိုက်သည်။ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ထဲက အေးခဲနေတဲ့ လေထုကြီး ထွက်လာပြီး တံခါးအား ဖုံးအုပ်လိုက်သည်။ကျယ်လောင်သောအသံများသည် လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ချက်ချင်းဆိုသလိုပင် ဗလာဂိတ်တံခါးသည် ဧရာမရေခဲတုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ပြီးသည်နှင့် စုမင် ဝမ်းသာအားရ ရယ်မောလိုက်လေ၏....

လက်ဖဝါးပြင်ထက်က မြွေငယ်လေးကို စုမင် တစ်ချက်ကြည့်လိုက်သည်။ မတွေ့ရသည်မှာ ၆လ ကျော်ကြာမြင့်ပြီဆိုသောလည်း ဤ ၆လ ကျော် အချိန်တွင်းများ အများကြီး တွေ့ကြုံဖြတ်သန်းခဲ့ရသည်ပင်.....ပြန်မလာခင် အချိန်ထိ အချိန်တွေအများကြီး ကြာမြင့်ခဲ့သည် မဟုတ်ပေလော.......

မြွေငယ်လေးသည် စုမင်၏ လက်ဖဝါးပေါ်တွင် အော်ဟစ်မြည်တွန်နေသည်။ အေးစက်နေသော မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် အစားထိုးသွားပြီး စုမင်၏ လက်ဖဝါးပြင်ထဲတွင် ဇိမ်ကျကျရစ်ခွေနေရန် ခေါင်းငုံ့လိုက်၏......

တုတ်ချောင်း တစ်ချောင်းစာမျှ သေးငယ်သော မြွေငယ်လေး၏ ထိုကဲ့သို့ အပြုအမူလေးသည် ချစ်စရာကောင်းနေပေ၏.....

စုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ဂူထဲသို့ ပြန်သွားချင်နေသော်လည်း သူ့ကိုယ်တွင်းရှိ အေးခဲသောလေများသည် လုံးဝပျောက်ကွယ်မသွားသေးပေ။ သူ့ခြေဖဝါးအောက်ကနေ ဆက်လက်ပြန့်နှံ့နေပြီး ပေပေါင်းထောင်ချီရှိသည့် ဧရိယာအထိ မြေပြင်တွင် ရေခဲများသည် စက်ဝိုင်းပုံသဏ္ဍန်ပျံနှံ့ဖုံးလွှမ်းနေသည်။  အဖြူရောင် အခိုးအငွေ့များသည် လေထုထဲတွင် လွင့်ပျံ့လာပြီး ထိုဧရိယာအတွင်းရှိ အပူချိန်ကို တစ်ဝက်ခန့်အထိ လျော့ကျသွားစေသည်။

ထိုမျှမကသေးပေ.....စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ရေစက်လေးများ အမြောက်အမြား ပေါ်ထွက်လာသည်။ ထိုရေစက်များသည် သူ့အရေပြားမှ စိမ့်ထွက်လာပြီး ချွေးစက်များဟု ထင်ရသော်လည်း အမှန်မှာ ထိုအရာများသည် သူ့ခန္ဓာကိုယ်အတွင်း ရှိ အေးခဲနေသော လေများ၏ ရလဒ်ဖြစ်ကြောင်း စုမင် သိနေ၏.....

စုမင်၏ မျက်ဝန်းများသည် တဖြတ်ဖြတ်တောက်ပလာခဲ့သည်။သူ၏ ချွေးပေါက်များအားလုံး ချက်ချင်းပိတ်သွားသောအခါ ထိုခဏတွင် အပြင်ဘက်သို့ ပြန့်ကျဲနေသော အေးခဲသောလေများသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။ သို့ပေမယ့်လည်း လေအေးတွေများသည် တဖျပ်ဖျပ်ခတ်နေသေးသည်။

' ခန္ဓာကိုယ်ထဲကနေ လေအေးတွေ အကုန်ထုတ်လိုက်လို့မဖြစ်သေးဘူး....ဒါမျိုးထုတ်သုံးဖို့ဆို ပင်လယ်သေ အောက်ထဲက ရေခဲမြစ်ကို ပြန်သွားမှပဲရမယ်...ပြန်သွားဖို့ကလဲ အချိန်ကြာဉီးမှာ.....'

စုမင် စိတ်ထဲကနေ တွေးနေခဲ့မိသည်။

မြွေငယ်လေး ရှိနေတဲ့ လက်ဖဝါးပြင်ကို ​မြှောက်လိုက်သည့်အခါ မြွေငယ်လေးသည် လက်ဖဝါးပြင်ထက်ကနေ စုမင်၏ ပုခုံးပေါ်ပျံတက်သွားပြီး ​ငြိမ်သက်စွာ ရစ်ခွေနေလေသည်။

ရင်းနှီးကျွမ်းဝင်နေသော လှိုဏ်ဂူလေးကို ကြည့်လိုက်သည့်အခါ မျက်ဝန်းများထဲမှ တက်ကြွခြင်းများပျောက်ကွယကုန်လေ၏....မြေပြင်ထက်က အလောင်းနှစ်ခုဆီ အကြည့်ရောက်သွားသည်တွင် စုမင်၏ မျက်ဝန်းများသည် အေးစက်မှုများဖြင့် တောက်ပလာသည်။

“ကျိယွင်ဟိုင်.....”

စုမင်သည် ပိန်လှီပြီး ခြောက်သွေ့နေသော အလောင်းကို ကြည့်ကာ မဒမ်ဂျိနှင့် တိုက်ခိုက်ခဲ့သည်များကို သတိရလာခဲ့သည်။စုမင်သည်  ကျိယွင်ဟိုင်၏ အလောင်းဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။

ခန္ဓာကိုယ်ကို ကိုင်းညွတ်ပြီး ကျိယွင်ဟိုင်၏ အလောင်းအား အနီးကပ်ကြည့်လိုက်သည်တွင် ဟုမင်၏ အကြည့်များသည် ပိုမို စူးရှလာခဲ့သည်။ကျိယွင်ဟိုင်၏ အလောင်းနံဘေးတွင် ပျံ့ကြဲနေသည့်  မသေသေဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေသော အနက်ရောင် ပိုးတောင်မာများသည် စုမင် အတွက် နက်ရှိုင်းသော ထင်မြင်ယူဆချက်များ ဖြစ်ပေါ်စေခဲ့သည်။

' ကျိယွင်ဟိုင်တစ်ယောက် သေသွားပြီး ရုပ်သေးရုပ်အဖြစ်ပုံသွင်းခံရတာ  နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲ.....အခု မဒမ်ဂျိ သေပြီဆိုတော့ ငါသာ ဒီရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ရင် ရေခဲမြစ်ဆီ ပြန်သွားတဲ့အခါ အကူအညီရနိူင်လောက်တယ်.....'

စုမင်သည် လက်နှစ်ချောင်းဖြင့် မြေပြင်ပေါ်ရှိ အနက်ရောင်ပိုးကောင်များထဲမှ တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာနားသို့ ကပ်ကာ အချိန်အတော်ကြာသည်အထိ စေ့စပ်သေချာစွာ ကြည့်ရှူနေခဲ့သည်။

' ဒီပိုးကောင်တွေက ရုပ်သေးရုပ်မဟုတ်ဘူး....မဒမ်ဂျိ ဒါတွေကို ဘယ်လိုများထိန်းချုပ်ခဲ့တာလဲ....'

မျက်ဝန်းများထဲတွင် တောက်ပသော အလင်းတစ်ချက် လင်းလက်မလာခင်အထိ စုမင်သည် ပိုးကောင်များကို အချိန်ကြာကြာ ကြည့်နေခဲ့သည်။ ထို့နောက် မဒမ်ဂျိ၏ အလောင်းအား လှည့်ကြည့်လိုက်လေသည်။

' ဒီပိုးကောင်တွေကို မဒမ်ဂျိ ထိန်းချုပ်ထားတာမဟုတ်ဘဲ ကျိယွင်ဟိုင် ထိန်းချုပ်ထားတာများလား...ကျိယွင်ဟိုင်က ရုပ်သေးရုပ်ဖြစ်သွားပေမယ့် ဒီပိုးကောင်တွေကတော့ ကိုယ်ပိုင်ဗီဇကြောင့် ရုပ်သေးရုပ်မဖြစ်သွားတဲ့ပုံပဲ....'

စုမင် ခေါင်းငုံ့ပြီး ညာလက်ညှိုးပေါ်က အနီရောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်သည်။ စုမင်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဂူရှိရာဆီသို့ လှမ်းလျှောက်သွားလေခဲ့သည်။

စုမင်ကို ကြည့်ရသည်မှာ တခါတရံ တွေးတောနေပုံရပြီး တခါတရံတွင် ကျေနပ်နေပုံရသော်လည်း နောက်ဆုံးတွင် သူ၏စိတ်အခြေအနေမှာ မသေချာမရေရာမှုများ ဖြစ်လာခဲ့သည်။ သူ့အတွက် ဆုံးဖြတ်ချက်ချရခက်တဲ့ အရာတစ်ခုရှိနေသည့်နှယ်........

အမွှေးတိုင် တစ်တိုင်ထွန်းစာခန့် ကြာမြင့်ပြီးချိန်တွင် စုမင်သည် သူ့အားပြန်ပို့ပေးခဲ့သော ဗလာဂိတ်တံခါးကြီးအား တစ်ချက် လှည့်ကြည့်လိုက်သည်။

ရေခဲများဖုံးလွှမ်းနသော ဗလာဂိတ်တံခါးသည် ဧရာမရေခဲတုံးကြီး အသွင်ဖြင့် ငြိမ်သက်စွာတည်ရှိနေသည်။

' ငါ သတိလစ်နေတာ ဘယ်လောက်ကြာခဲ့မှန်း မသိပေမယ့် ဂူရဲ့ပြောင်းလဲမှုတွေကို ထည့်ပေါင်းပြီး တွက်ချက်ကြည့်ရသလောက် တစ်နှစ်တော့ မကျော်လောက်ဘူး....ငါ ရေခဲတောင်ထဲမှာ သတိပြန်လည်လာတာ သုံးလလောက်ရှိပြီဆိုတော့....'

စုမင်သည် ပင်လယ်သေ၏အောက်ခြေတွင်ရှိနေသောရေခဲမြစ်အတွင်းရှိ အမှောင်ကမ္ဘာထဲတွင် လွန်ခဲ့သောသုံးလအတွင်း သူဖြတ်သန်းခဲ့ရသည့်အရာများကို သတိရမိသည်။

သူပထမဆုံးအကြိမ် ရေခဲမြစ်ထဲကနေ လမ်းလျှောက်ထွက်ဖို့ လဝက်လောက်အချိန်ယူခဲ့ရ၏..ထွက်လာနိုင်ပြန်တော့လည်း ပင်လယ်ရေရဲ့ဖိအားက သူ့အပေါ်ကို ချက်ချင်းကျရောက်လာပြီး ခြေတစ်လှမ်း လှမ်းဖို့တောင် မယုံနိုင်လောက်အောင် ခက်ခဲခဲ့ပါသည်။

ထို့နောက် သူသည် ပင်လယ်၏ ဖိအားကို အတန်ငယ် ခံနိူင်ရည်ရှိစေရန် နောက်ထပ် အချိန်တစ်လခွဲခန့် အသုံးပြုပြီးမှသာ ပေတစ်ထောင်ခန့် လမ်းလျှောက်နိုင်ခဲ့သည်။ ခြေလှမ်းတိုင်းကို လှမ်းပြီးသည်နှင့် လျင်မြန်စွာ ခြေဆန့်ရမည်၊ သို့မဟုတ်ပါက ရေခဲမြစ်သည် သူ့အား ချက်ချင်း ဖုံးကွယ်သွားမည်ဖြစ်သည်။ ဤအချက်သည် ရေခဲမြစ်ပေါ်တွင် ရပ်တန့်ရန် မယုံနိုင်လောက်အောင် ခက်ခဲစေခဲ့ပြီး လျင်မြန်သော အရှိန်အဟုန်ဖြင့် ဆက်လက်ရွေ့လျားနေရန်သာ လိုအပ်သည်။

သူ ပိတ်မိနေခဲ့သည် ရေခဲတောင်နှင့် ပေရှစ်ရာ အကွာတွင် ချိတ်ပိတ်ခံထားရသော သတ္တဝါများ ရှိနေသည်ကို နတိဘုရားအာရုံဖြန့်ကျက်ရင်း သိခဲ့ရပေသည်။

ထိုသတ္တဝါများထဲမှ တစ်ကောင်သည် လူပုံသဏ္ဍာန်နဲ့ဆင်တူပြီး ပေခြောက်ဆယ်ခန့်ရှည်လျားသော အရပ်အမောင်းရှိကာ တစ်ကိုယ်လုံးကို အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားလေ၏....ထိုသူ၏ ကြွက်သားများသည် ပေါက်ကွဲထွက်တော့မတတ်ဖောင်းကားနေပြီး ထိတ်လန့်ဖွယ်ကောင်းလောက်သည့်စွမ်းအားများကို သိုလှောင်ထားပုံရသည်။ ထိုသူသည် ဘယ်လက်အား လက်သီးဆုပ်ထား၍ ညာလက်ထဲ၌ ဧရာမတင်းပုတ်ကြီးတစ်ခုရှိနေသည်။

ထိုတင်းပုတ်အား မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်း စုမင် မသိခဲ့ပါ.....မည်းနက်နေသော ထိုတင်းပုတ်ပေါ်တွင် အဆူးချွန်ကိုးချောင်းပါရှိပြီး မြင်ရသူအပေါင်းအား အထင်ကြီးလေးစားစေသည့်အပြင် ကြောက်ရွံ့ထိတ်လန့်မှုကိုပါ ခံစားစေရ၏.......

ထိုဧရာမတင်းပုတ်ကြီးသည် ရတနာတစ်ခုဖြစ်သည်မှာ ဧကန်မုချပင်.....

ရက်အတော်ကြာ စောင့်ကြည့်လေ့လာပြီးနောက် ချိတ်ပိတ်ခံထားရသော ထိုလူ့ကြီးထံတွင်

အသက်ရှင်ခြင်းအရိပ်အမြွက်မကျန်တော့ကြောင်း သေချာသည်နှင့်တစ်ပြိုင်နက် ထိုရေခဲ​တောင်အား ဖြတ်ဖောက်ရန် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ရန် အချိန်လဝက်ခန့်အသုံးပြုခဲ့သည်။

နောက်ဆုံးတွင် စုမင်သည် ရေခဲတောင်ကြီးအား တစ်လက်မ ချင်းစီအက်ကွဲအောင် လုပ်နိုင်ခဲ့သည်။ထိုသို့လုပ်နေခြင်းအား ရပ်တန့်လိုက်သည်နှင့် အက်ကြောင်းများသည် အလိုအလျောက် ပြန်ပိတ်သွားမည်ဖြစ်သည်။

စုမင်၏ လက်ရှိ ကျင့်ကြံမှုအဆင့်သည် ရေခဲထု လက်မအနည်းငယ်ခန့်သာ အက်ကွဲစေနိူင်ခဲ့သည်။စုမင်သည်လည်း အတော်လေးအံသြခဲ့ရလေ၏....နောက်ဆုံးတွင်တော့ သူ့အား ဖုံးလွှမ်းထားသော ရေခဲထုကိုသာ ဖြတ်ကျော်နိူင်ခဲ့ပြီး ချိတ်ပိတ်ခံထားရသည့် ထိုလူကြီး ရှိနေသော ရေခဲထုကြီးအား ချိုးဖောက်နိုင်ရန် အတော်လေး အားစိုက်ခဲ့ရသည်။

နောက်ဆုံးတွင်တော့ စုမင် အဖြေတစ်ခု စဉ်းစားနိုင်ခဲ့လေသည်....ထိုအဖြေသည်ကား....သူတို့နှစ်ဉီး ချိတ်ပိတ်ခံထားရသည့် အချိန်ကာလပင်ဖြစ်လေ၏.........

စုမင်ထံတွင် မြင့်မားသောကျင့်ကြံမှု အဆင့်ရှိမှာသာ ထိုလူ့အား ဖုံးအုပ်နေသော ရေခဲထုအား ချိုးဖျက်နိုင်လိမ့်မည်....တုံ့ဆိုင်းတွေဝေနေပြီးနောက်ပိုင်း၌ စုမင် အချိန်လဝက်ကျော်ယူပြီး ရေခဲထုထဲမှ ဗလာဂိတ်တံခါးအား တူးဖော်ခဲ့လေ၏...

ဗလာဂိတ်တံခါးအား သေချာစွာ စစ်ဆေးပြီးမှသာ အခုလို ပြန်လာခဲ့ခြင်းဖြစ်သည်။

ဗလာဂိတ်တံခါးအား စိုက်ကြည့်နေရင်းကနေ စုမင် မျက်မှောင်ကြုံ့လိုက်မိသည်...

' အင်မော််တယ်မျိုးနွယ်စုရဲ့ ကျင့်ကြံ​မှုအဆင့်တွေနဲ့ ဆုံးဖြတ်မယ်ဆို အခုငါ့အဆင့်က အစောပိုင်းအခြေတည်ဝိဉာဉ်အဆင့်ရောက်နေပြီ.....မာန်စွမ်းအားရှင်တွေနဲ့ ယှဉ်လိုက်ရင် အ​စောပိုင်းအခြေတည်ဝိဉာဉ်အဆင့်က ဘယ်လိုများနေမလဲမသိဘူး.....ဒါပေမယ့် အာရုံခံမိသလောက်ဆို ငါ့ရဲ့ လက်ရှိနယ်ပယ်( မာန်စွမ်းအား နယ်ပယ် )လောက် တော့ရှိမှာပေါ့........အင်မော်တယ်စွမ်းအားက ခိုင်မာတယ် ပြီးတော့ နတ်ဘုရားအာရုံနဲ့တွဲသုံးရတာဆိုတော့...... ဒီလိုသာဆို ချင့်ချိန်ဆုံးဖြတ်ပြီး သုံးရမှာပေါ့.....'

စုမင် ဗလာဂိတ်တံခါးထံမှ အကြည့်လွှဲလိုက်ပြီး စတင်တွေးတောနေလေ၏......

' အစောပိုင်းအခြေတည်ဝိဉာဉ်အဆင့် ရောက်နေချိန်မှာ ငါ့မှာ မာန်အရိုးလေးခုရှိနေတယ်....အကယ်၍ အလယ်အလတ်အခြေတည်ဝိဉာဉ်အဆင့်သာ ရောက်သွားမယ်ဆို မာန်အရိုးဆယ်ခုထက်ပိုရှိနေလောက်မယ်....ဒီယူဆချက်သာ မှန်နေမယ်ဆို မာန်အရိုး အခု ၂၀ ရှိချိန်ကျရင် ​နှောင်ပိုင်း အခြေတည်ဝိဉာဉ်အဆင့်နဲ့ တန်းတူဖြစ်နေလောက်ပြီ.....အင်မော်တယ်စွမ်းအားရှင်တွေရဲ့ ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ဆိုတာ မာန်စွမ်းအားရှင်တွေရဲ့ မာန်ဝိဉာဉ်နယ်ပယ် ကနဉီးအဆင့်ဖြစ်လောက်မယ်......'

' အင်မော်တယ်စွမ်းအားရှင်တွေရဲ့ ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်ဖို့ဆို ထူးခြားတဲ့ အခြေနေတစ်ခု လိုလိမ့်မယ်....ခန္ဓာကိုယ်ထဲကနေ အခြေတည်အဆင့် နတ်ဘုရားစွမ်းအင်တွေ မွေးဖွားလာမယ်ဆို အခြေတည်ဝိဉာဉ်အဆင့် ထက်သာလွန်တဲ့ တည်ရှိမှုတစ်ခုဖြစ်လာလိမ့်မယ်...ငါတို့ မာန်စွမ်းအားရှင်တွေအတွက်ဆို မာန်ဝိဉာဉ်နယ်ပယ်ရောက်တာနဲ့ ကိုယ်ပိုင် မာန်နတ်ဘုရားရုပ်ထု ပေါ်လာသလိုပေါ့....'

' နှိုင်းယှဉ် ကြည့်ရသလောက်ဆို အခြေတည်အဆင့် နတ်ဘုရားက ခန္ဓာကိုယ်အတွင်းပိုင်းက ပေါ်လာတာ...မာန်ဝိဉာဉ်နယ်ပယ်အဆင့် မာန်နတ်ဘုရားရုပ်ထုက ခန္ဓာကိုယ်အပြင်ပိုင်းက ပေါ်လာတာ....နှစ်ခုစလုံးက ဆင်တူနေတယ်'

' အင်မော်တယ်စွမ်းအားရှင်တွေရဲ့ ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ရဲ့ အထက်က ဝိဉာဉ်ကူးပြောင်းခြင်းအဆင့်ဆိုတာ မာန်စွမ်းအားရှင်တွေရဲ့ မာန်ဝိဉာဉ်နယ်ပယ် အလယ်အလတ်အဆင့်လောက်ရှိမယ်.....

အင်မော်တယ်စွမ်းအားရှင်တွေရဲ့ ပထမအဆင့်ရဲ့ အထွတ်အထိပ်ဆိုတာ မာန်ဝိဉာဉ်နယ်ပယ် နှောင်းပိုင်းအဆင့်ဖြစ်မယ်...'

' အင်မော်တယ်ကျင့်ကြံမှု နည်းစနစ်မှာ ပထမအဆင့်နဲ့ဒုတိယအဆင့်ကြားမှာ ယင်ပုံရိပ်ယောင်အခြေနေနဲ့ ယန်ဒြပ်ထုအခြေနေဆိုတဲ့ အခြေနေနှစ်ခုရှိတယ်.....သေချာ နှိုင်းယှဉ်မယ်ဆို ယင်ပုံရိပ်ယောင်အခြေနေနဲ့ ယန်ဒြပ်ထုအခြေနေဆိုတာ ပြီးပြီးဆုံးတဲ့ မာန်ဝိဉာဉ်နယ်ပယ်အဆင့်ပဲပေါ့.....ဒီအ​ခြေနေနှစ်ခုကိုသာ ချိုးဖျက်နိူင်ရင် ဒုတိယအဆင့်ကို တက်လှမ်းနိူင်လိမ့်မယ်....မာန်စွမ်းအားရှင်တွေအတွက်ကတော့ မာန်ဝိဉာဉ်နယ်ပယ်အဆင့်က ကျင့်ကြံမှု နောက်ဆုံးအဆင့်ဖြစ်နေတာ စိတ်မကောင်းစရာပဲ........ဒါပေမယ့် မာန်စွမ်းအားရှင်တွေအတွက် ဒုတိယအဆင့်နဲ့တူညီတဲ့ နယ်ပယ်တစ်ခု ရှိကိုရှိရမယ်.....'

စုမင် အတော်ကြာမှိတ်လုံး မှိတ်ထားရာကနေ ဖွင့်လိုက်လေ၏.....

' ငါက အင်မော်တယ်စွမ်းအားနဲ့  မာန်စွမ်းအား နှစ်ခုစလုံးကျင့်ကြံနေတာ....ဒီစွမ်းအားနှစ်ခုကို ပေါင်းစပ်လို့မရတာ သိပ်နှမြောဖို့ကောင်းတယ်....အင်မော်တယ်ပညာရပ်သုံးရင် မာန်စွမ်းအားတွေ သုံးမရဘူး....မာန်စွမ်းအားသုံးပြန်ရင်လည်း နတ်ဘုရားအာရုံက လွဲရင် ကျန်တဲ့ နတ်ဘုရားစွမ်းရည်တွေ ဘာတစ်ခုမှ ထုတ်သုံးလို့မရတော့ပြန်ဘူး....'

'ဒီလိုဆိုရင်တောင် ငါ ဒါတွေကို အလှည့်ကျသုံးရင် ငါ့ရဲ့တိုက်ခိုက်နိုင်စွမ်းက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကထက်စာရင် ပိုအားကောင်းလာလိမ့်မယ်!'

စုမင် သူ့လက်သီးတွေကို ဆုပ်ထားလေ၏..... ကုန်းမြေကို ဖြတ်ကျော် ငေးကြည့်မိသည်နှင့် တပြိုင်နက် ကြိုးကြာနက် မျိုးနွယ်စုခေါင်းဆောင်၏ ခြောက်ကပ်နေသော အလောင်းကို  စိုက်ကြည့်နေခဲ့သည်။

စုမင် ထိုအလောင်းဆီသို့ လျှောက်လာသည်။ သူသည် အလောင်းကို အေးစက်စွာကြည့်ကာ နောက်ဆုံးတွင် ထိုလူ၏ ညာဘက်ခြေထောက်ကို စိုက်ကြည့်နေသည်။ ထိုညာခြေထောက်တွင်  မသက်သာသေးသော ဒဏ်ရာတစ်ခု ရှိနေပြီး နံဘေးအလွန်ကြီးမားသော ကင်းမြီးကောက် အသေတစ်ကောင်ရှိနေသည်။

'ဒီလူက  ငါ့ကို ဒဏ်ရာရတဲ့ ကြိုးကြာနက် မျိုးနွယ်တစ်ယောက်ပဲ....'

စုမင်၏ မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။ မဒမ်ဂျိ ရောက်ရှိလာခြင်းအပေါ် စုမင်အတော်လေး ပဟေဠိဖြစ်နေခဲ့မိသည်။ ထိုလူ၏ သတ်ဖြတ်လိုစိတ်သည် သူ့ထံသို့ ပြင်းထန်စွာ ဉီးတည်နေသည်မဟုတ်ပေလော.....

အစပိုင်းတွင် နွားသိုးဖြူမျိုးနွယ်စုနဲ့ ကြိုးကြာနက်မျိုးနွယ်စု နှစ်ခုစလုံးပေါ် သံသယဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ကြိုးကြာနက်မျိုးနွယ်စုတို့အပေါ် ပို၍ သံသယဝင်လာခဲ့မိသည်။ ကြိုးကြာနက် မျိုးနွယ်စု ခေါင်းဆောင်၏အလောင်းကို မြင်သောအခါ စုမင်၏ နှုတ်ခမ်းဖျားထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏......

မဒမ်ဂျိ ရောက်လာခဲ့ခြင်းသည် စုမင်အတွက် အတွေ့ကြုံများစွာ ရရှိစေခဲ့သည်။ ဤ အတွေ့ကြုံများသည် အကောင်းအဆိုး ဒွန်တွဲနေသော်လည်း စုမင်အဖို့တော့ မဒမ်ဂျိကြောင့်  သေဘေးနဲ့ ပက်ပင်းကြုံခဲ့ရ၏...ထို့ကြောင့် မဒမ်ဂျိအား သူ့ဆီစေလွှတ်ခဲ့သည့် ကြိုးကြာနက်မျိုးနွယ်စုအား စုမင် အလွတ်ပေးမည်မဟုတ်တော့ပေ......

စုမင်၏ မျက်လုံးများသည် အေးစက်နေ၏။ သူလက်တစ်ချက်လွှဲရင်း ကျိယွင်ဟိုင်၏အလောင်းနှင့် အိပ်ပျော်နေသော အနက်ရောင်ပိုးကောင်များကို သူ၏ဂူထဲသို့ သယ်ဆောင်သွားခဲ့သည်။ လေချွန်သံတစ်ခုပြုလိုက်သောအခါ အစိမ်းရောင်ဓားမြှောင်လေးသည် မြန်ဆန်လှသော အရှိန်ဖြင့် စုမင် နောက်သို့ ပျံသန်းလိုက်ပါလာခဲ့လေသည်။

စုမင်ဂူထဲသို့ ပြန်ရောက်သည်နှင့် ဆေးကြိုအိုးရှိသော အခန်းသို့ ချက်ချင်းသွားခဲ့သည်။ အရာအားလုံး အရင်တိုင်း နေသားတကျရှိနေသည်ကို မြင်ရမှသာ  စိတ်သက်သာရာ ရခဲ့လေ၏.... ထို့နောက် သူသည် မာန်စွမ်းအားရှင်အဖိုးအို ရှိနေသော အခန်းဆီ သွားခဲ့ပြန်၏......

ယခုချိန်တွင် အဘိုးအိုသည် ခေါင်းမှ ခြေဖျားအထိ အနက်ရောင်အငွေ့တို့ဖြင့် ဖုံးလွှမ်းနေပြီး သူ့တစ်ကိုယ်လုံးတွင် ကိုက်ခဲရာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသောအခါ စုမင်အတော်လေး အံ့အားသင့်သွားခဲ့သည်။ သူ့ပခုံးပေါ်ရှိ မြွေငယ်လေးသည် ကျေနပ်အားရနေသော မျက်နှာထားဖြင့် ခေါင်းကို ချက်ချင်း မော့လိုက်ပြီး ၎င်း၏ လုပ်ရပ်အတွက် ချီးကျူးခြင်းကို မျှော်လင့်လျက်နေပုံရ၏......

စုမင် ပြုံးလိုက်သည်။ အဖိုးအို၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အငွေ့များကို ဖယ်ရှားပြီးနောက် စုမင်သည် အဖိုးအိုအား စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေပြန်သည်။

'ငါက စိတ်ဝိဉာဉ်ဖမ်းစားသူတစ်ယောက် မဟုတ်တဲ့အတွက် စိတ်ဝိဉာဉ်ဖမ်းစားသူ ရုပ်သေးရုပ် ဖန်တီးဖို့ အတော်လေးခက်ခဲလိမ့်မယ်....ဒါပေမယ့် အခု ငါ့မှာ အင်မော််တယ်စွမ်းအားတွေရှိနေပြီ...ဟုန်လော့ ပေးခဲ့တဲ့ နတ်ဘုရားစွမ်းရည်ပညာရပ်တွေထဲမှာ အခြေတည်ဝိဉာဉ်အဆင့်ရှိရုံနဲ့ ကိုယ်ပိုင်ရုပ်သေးရုပ်ဖန်တီးနိုင်တဲ့ ပညာရပ်တစ်ခုပါတယ်.....'

စုမင် မေးစေ့ကို ခပ်ဖွဖွပွတ်သပ်ရင်းကနေ  မြွေငယ်လေးဆီ အတွေးတစ်ခု ပို့လွှတ်လို​က်သည်။

မြွေငယ်လေးသည် စုမင်၏ ပုခုံးထက်ကနေ ဂူဝဆီသို့ ပျံသန်းသွားပြီး စုမင်အား ကာကွယ်ရန် အနီးအနားပတ်ဝန်းကျင်အား သတိကြီးစွာ ကြည့်နေလေတော့သည်။

***

All Chapters