← Chapters

ကြိုးကြာနက်.....

Vol. 30 Ch. 411

ကြိုးကြာနက်.....

Vol. 30 Ch. 411

အသက်ဓာတ်နှင့် သေဆုံးခြင်းတို့အား ပေါင်းစပ်ခြင်းသည် ပြီးပြည့်စုံသည်ဟု သတ်မှတ်နိူင်သည့်အပြင် မြင်သူတိုင်းကို ကြောက်ရွံထိတ်လန့်စေနိူင်သည်။

ဤအရာသည် သာမာန်ရုပ်သေးရုပ်တစ်ခုမဟုတ်ပေ....စုမင်၏ကိုယ်ပွားနှင့် စိတ်ဝိဉာဉ်ဖမ်းစားသူတို့၏ ရုပ်သေးရုပ်ကြားတွင် ​ကွာခြားချက်အချို့ရှိနေသည်။စုမင်၏ အ​ခြေတည်စိတ်ဝိဉာဉ်ကြောင့် ထိုကိုယ်ပွားသည် လူသားစင်စစ်တစ်ယောက်ကဲ့သို့ ဖြစ်နေလေ၏.....

စုမင်၏ ကိုယ်ပွားရွေ့လျားသွားသည့်အခါ ​ခြေဖဝါးအောက်တွင် အနက်ရောင်မြူခိုးများ စုဝေးနေကြသည်။တဝီဝီမြည်သံများသည်လည်း လေထုထဲတွင် ခပ်တိုးတိုးပဲ့တင်ထပ်နေ၏...အကယ်၍ တစ်စုံတစ်ယောက်သာ  ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပါက ထိတ်လန့်ဖို့ မြင်ကွင်းတစ်ခုအား မြင်တွေ့ရပေလိမ့်မည်။

ကြိုးကြာနက်မျိုးနွယ်စု၏တည်နေရာသည် စုမင်နေထိုင်သည့် တောင်တန်းနှင့် သိပ်မဝေးလှပေ....ကိုယ်ပွား၏ လက်ရှိအရှိန်နှုန်းနှင့်သာဆို ထိုမျိုးနွယ်စုဆီ မကြာမှီရောက်ရှိသွားနိူင်၏....မျိုးနွယ်စုနေထိုင်ရာနေရာကနေ ပျံ့လွင့်လာသည့် မီးခိုးငွေ့များအား ကောင်းကင်ထက်ကပင် တွေ့မြင်နေရသည်။ မွန်းတည့်ချိန်ဖြစ်သဖြင့် မျိုးနွယ်စုဝင်များ နေ့လည်စာချက်ပြုတ်နေကြပေလိမ့်မည်.......

ကလေးငယ်များသည် ပြေးလွှာဆော့ကစားနေကြပြီး စစ်သည်တော်များ သတိမမူမိကြဘဲ အနားယူ​နေကြသည်။

တောင်ထိပ်တွင်ရှိသည့် ကြိုးကြာနှင့်တူသော ကျောက်သားရုပ်ထုသည် နေရောင်အောက်ကကုန်းမြေပေါ်သို့ အရိပ်မိုးပေးထားသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအရိပ်သည် တဖြည်းဖြည်း ရွေ့လျားလာသည်။

အေးချမ်းသာယာနေသော မျိုးနွယ်စုလေးဆီသို့ စုမင်ရောက်လာသောအခါ အံ့အားသင့်စွာ အော်ဟစ်ကြလေသည်။ ကလေးငယ်များသည် နေအိမ်များသို့ လျင်မြန်စွာ ပြေးလာကြပြီး ကောင်းကင်ကိုတုန်လှုပ်ချောက်ချားစွာ  မော့ကြည့်နေကြသည်။ အနားယူနေကြသော စစ်သည်များ၏ အမူအရာများသည်လည်း သိသိသာသာ ပြောင်းလဲသွားကြသည်။

သူသည် ထိုမျိုးနွယ်စု၏ ကြောက်ရွံ့ထိတ်လန့်နေသော စစ်သည်များအား အေးစက်စွာကြည့်ရှုပြီးနောက် တောင်ထိပ်ပေါ်ရှိ ကြီးမားလှသော ကြိုးကြာရုပ်ထု၏ခေါင်းပေါ်သို့ ပျံသန်းသွားခဲ့သည်။

ရုပ်ထု၏ခေါင်းပေါ် ခြေချပြီးသည်နှင့် ကိုယ်ပွားသည် အသံနက်ကြီးဖြင့် ဟစ်အော်လေသည်။

" ကြိုးကြာနက်မျိုးနွယ်စုရဲ့ဘိုးဘေး ...ထွက်လာခဲ့စမ်း "

ကိုယ်ပွားထံမှ ထိုစကားများ ထွက်ပေါ်လာပြီးသည်နှင့် မျိုးနွယ်စုကျေးရွာအတွင်းရှိ ကိုယ်ပိုင်နေအိမ်များထဲမှာ အဖိုးအို အများအပြား ထွက်လာကြသည်။ထိုအဖိုးအိုများထဲတွင် ပိန်လှီနေသော အဖိုးအိုတစ်ယောက်လဲ ပါလာခဲ့သည်။ အရိုးတောင်ဝှေးတစ်ချောင်းကိုင်ထားသော ထိုအဖိုးအိုသည် ကိုယ်ပွားအား မျက်ထားတင်းတင်းဖြင့်ကြည့်နေသော်လည်း စိတ်ထဲတွင်မူ အတော်လေး ထိတ်လန့်​နေသည်။

သူသည် ကျိယွင်ဟိိုင်နှင့် တစ်ခါမျှမဆုံတွေ့ဖူးခဲ့ပေ....အခုတွင်မူ စုမင်အား ဤကဲ့သို့သော အသွင်ပြင်မျိုးဖြင့် မြင်တွေ့ရသည့်အခါ ပြင်းထန်လှသည့် အသက်စွမ်းအားနှင့် သေခြင်းအငွေ့အသက်မျာယအပြင် ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကြောင့် လေထုထဲရှိ သွေးနံ့များကို ရှူရှိုက်မိသလို ခံစားနေရ၏.....

" ဘယ်သူများလဲ....ကျုပ်က ကြိုးကြာနက်မျိုးနွယ်စုရဲ့ဘိုးဘေးပါ...."

ပိန်လှီသောအဖိုးအိုက အရှေ့ကို ထွက်လာပြီး မြေပြင်ပေါ် တောင်ဝှေးတစ်ချက်ထောက်ကာ ခပ်တိုးတိုး စကားဆိုခဲ့သည်။

ကိုယ်ပွားသည် အေးစက်စွာပြုံးလိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ ညာလက်ကိုမြှောက်ကာ အောက်သို့ညွှန်လိုက်သည်။ ထိုအခါ ကိုယ်ပွား၏ နောက်ကျောဘက်ကနေ အလောင်းတစ်ခု ထွက်ပေါ်လာပြီး အဖိုးအို ထံသို့ လွင့်ပျံလာလေသည်။ မြေပြင်ပေါ် အရှိန်ပြင်းပြင်းပြုတ်ကျလာသော အလောင်းအား ကြည့်လိုက်သည့်အခါ ကြိုးကြာနက်မျိုးနွယ်စုခေါင်းဆောင်၏ အလောင်းဖြစ်နေသည်။

ထိုအလောင်းကို မြင်သည်နှင့် တပြိုင်နက် ဘိုးဘေး၏ မျက်ဆံများ ကြုံ့ဝင်သွားကြသည်။ သူ့ဘေးနားရှိ အခြားမျိုးနွယ်စုဝင်များသည်လည်း ထိုအလောင်းကိုတွေ့သောအခါ အမူအရာများ ပြောင်းလဲသွားကြသည်။

" ဘာအဓိပ္ပါယ်လဲ...ဒီလူကရော ဘယ်သူလဲ ...ကျုပ်သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး..."

ကြိုးကြာနက်မျိုးနွယ်စု၏ ဘိုးဘေးက အံကြိတ်ကာ အသံတိုးတိုးဖြင့် မှတ်ချက်ပြုလိုက်သည်။ ဤလူသည် ကြိုးကြာနက်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အသိအမှတ်ပြုနိုင်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ဝန်မခံရဲပေ။ ဒီနက်မှောင်နေသာလူကို မဒမ်ဂျိ ဒါမှမဟုတ် တောင်တန်းသခင်ကများ စေလွှတ်ခဲ့သည်လား မသိနိုင်သေးပေ.....

ထိုသူအား မည်သူပဲ စေလွှတ်ခဲ့ပါစေ ဘိုးဘေးတွင် ထိုလူအား အံတုနိူင်စွမ်းမရှိသည့်အတွက် မျိုးနွယ်စုခေါင်းဆောင်၏ သရုပ်မှန်အား ဝန်မခံရဲခဲ့ပေ.....

" ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ကျုပ်အတွက် အရေးမကြီးဘူး...."

ကိုယ်ပွား၏ မျက်ဝန်းများထဲတွင် အေးစက်နေသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ကိုယ်ပွားက ညာလက်ကို မြှော​က်လို​က်သည်။ဒီမျိုးနွယ်စုသည် လွန်ခဲ့တဲ့နှစ်ဝက်တုန်းက သူ့ထံသို့ဘေးဒုက္ခတစ်ခု စေလွှတ်ခဲ့သည်။ စုမင် ဘက်က ထိုမျိုးနွယ်စုကို မဖျက်ဆီးခဲ့ဘဲ ပညာပေးရုံသက်သက် ခြောက်လှန့်ခဲ့ပေမယ့်လည်း ထင်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ....

ဟုန်လော့ပေါ်ထွက်လာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် စုမင်အတွက် အင်မတန် အကျိုးရှိခဲ့သော်လည်း ရှာမန်နယ်မြေထဲတွင် ရန်သူများစွာ တိုးစေခဲ့သည်။

စုမင် ညာလက်အား မြှောက်လိုက်သည့်အခါ အဖိုးအိုသည် စူးရဲစွာဟိန်းဟောက် မာန်သွင်းလိုက်လေသည်။ မျိုးနွယ်စု၏ စစ်သည်တော်များသည်လည်း အဖိုးအို၏ အနီးနားသို့ ပျံသန်းလာကြပြီး အားဖြည့်ကူညီပေးနေကြသည်။

တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည်မှာ နွားသိုးဖြူမျိုးနွယ်စု၏ ရွေးချယ်မှုနှင့် ကွဲပြားခြားနားသော ရွေးချယ်မှုဖြစ်၏.........

စုမင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သူသည် ဤခန္ဓာကိုယ်အား အပြည့်အဝအသုံးမချနိုင်သော်လည်း အနက်ရောင်ပိုးတောင်မာများနှင့် လက်တွဲလုပ်ဆောင်ပါက၊ တိုက်ပွဲအား ကြီးမားစွာထိန်းချုပ်နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကိုယ်ပွား ခန္ဓာကိုယ် ပြန်လာသည်။ခြောက်သွေ့နေသော ကိုယ်ခန္ဓာနှင့် မှုန်မှိုင်းနေသော ​မျက်လုံးများသည် မြင်ရသူအပေါင်းအား ထိတ်လန့်စေခဲ့သည်။

နာကျင်အော်ဟစ်သံများသည် စစ်သည်တော်များထံမှ  ချက်ချင်းပျံ့လွှင့်လာခဲ့သည်။ ပြေးလာခဲ့ကြသော လူများအား အနက်ရောင် ပိုးကောင်လေးများစွာ ဖုံးလွှမ်းနေကြလေ၏....သူတို့ခန္ဓာကိုယ်အနှံ့အပြားမှ သွေးများ  စီးကျလာသည်။ သူတို့သည် ရှေ့သို့ ချီတက်လာမည့်အစား ပြန်လည်ဆုတ်ခွာဖို့ကိုသာ ရွေးချယ်လိုက်ကြလေသည်။

စုမင်သည် ကြိုးကြာရုပ်ထုကြီး​၏ ဉီးခေါင်းပေါ်တွင် ရပ်နေပြီး အရာအားလုံးကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ညာလက်ကို မြှောက်ပြီး စည်းဆံဆိပ်တစ်ခု ပြုလုပ်လိုက်သည့် အခါ သူ့ပတ်ဝန်းကျင်ရှိ လောကစွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ စုဝေးလာပြီး ကြီးမားသော ဓားတစ်လက်အဖြစ် ဖွဲ့စည်းခဲ့လေသည်။ စုမင် ထိုဓားကို ကိုင်ဆောင်ကာ အောက်ဘက်သို့ ခုတ်ချလိုက်လေသည်။

မျိုးနွယ်စုဘိုးဘေးသည် တိုးဝင်လာသော ဓားချက်အား ခုခံရန် မာန်သွင်းဟိန်းဟောက်ပြီး လက်များကို ရှေ့သို့ ပို့ထားလိုက်သည်။ဘိုးဘေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မျက်နှာပေါ်တွင် ခရမ်းရောင်သမ်းနေသော အနီရောင်အစင်းကြောင်းများ ဖြစ်ပေါ်လာပေမယ့် ကျဆင်းလာသည့် ဓားချက်အား လေထဲတွင်ရပ်တန့်နေအောင် ထိန်းထားနိူင်ခဲ့သည်။

ကိုယ်ပွား၏ မျက်နှာအမူအရာ တစ်ချက်လေးမျှ ပြောင်းမသွားဘဲ တစ်ခွန်းတည်းသော စကားကိုသာ ရွတ်ဆိုခဲ့သည်.....

" ပေါက်ကွဲလိုက်စမ်း "

ထိုခဏ၌ စုမင်၏ကိုယ်ပွားသည် ရှေ့တစ်လှမ်းတိုးကာ ပျောက်ကွယ်သွားခဲ့သည်။ ကြိုးကြာနက်မျိုးနွယ်စု၏ ဘိုးဘေးကြီးသည် ဤအရာကို မြင်လိုက်သည်တွင် သူ့နှလုံးသားထဲ၌ ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ သူလှည့်ကြည့်လိုက်သည့်အခါ  စစ်သည်တော်အရေအတွက် လျော့နည်းနေပြီဖြစ်ကြောင်း သိလိုက်ရ၏........ပြန်လှည့်လိုက်သည့်အချိန်တွင် သူ့နဖူးအား ထိတွေ့ရန်  လျင်မြန်စွာတိုးဝင်လာသည့် လက်ချောင်းတစ်ချောင်းအားတွေ့မြင်ခဲ့ရသည်။

ဤကဲ့သို့သော အသက်ဘေး ခြိမ်း​​ခြောက်မှုကြောင့် ဘိုးဘေးကြီးသည် လျှာကိုက်လိုက်ပြီး သွေးများကိုလေထုထဲသို့ ထွေးအန်လိုက်သည်။ ဘိုးဘေး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်သွေ့လာပြီး မျက်နှာထက်တွင်လည်း အရေးအကြာင်းများ တိုးပွားလာလေ၏။ ကိုယ်ပွား၏လက်ချောင်း ထိုးဖောက်သွားသည်နှင့် အဖိုးအို၏ခန္ဓာကိုယ်သည် အနောက်သို့ ပေပေါင်းများစွာ လွင့်စင်သွားခဲ့သည်။

အဖိုးအို၏မျက်နှာသည် ကြောက်စိတ်ကြောင့် ပြာနှမ်းနေလေ၏....သူ့အနီးအနားတစ်ဝိုက်တွင် နာကျင်အော်ဟစ်သံများ ဆူညံနေသည်။ စစ်သည်တော်များ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိူင်သော အနက်ရောင်ပိုးကောင်များကပ်တွယ်နေကြသည်။ညထိုပိုးကောင်များသည် ကျိယွင်ဟိုင် သန့်စင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပိုးကောင်များဖြစ်လေ၏.....ထိုပိုးကောင်များကြောင့် ကျိယွင်ဟိုင်သည် ရှာမန် နယ်မြေတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ဖူးသည်။

ကြိုးကြာနက်မျိုးနွယ်စုလို မျိုးနွယ်စုလေးတစ်ခုအနေဖြင့် ဤပိုးကောင်များအား သတ်ဖြတ်ရန် မလွယ်ကူနိုင်ပေ.....စုမင်ပင်လျှင် ကျိယွင်ဟိုင်၏ ခန္ဓာကိုယ်ထဲကနေ ထိုပိုးကောင်များကို ဆွဲထုတ်ခဲ့သည်တိုင်း အိပ်ပျော်အောင်သာ လုပ်နိုင်ခဲ့၏....

" မြင့်မြတ်သော ကြိုးကြာနက်နတ်ဘုရားအား အကျွန်ုပ်၏ သွေးဖြင့် ပူဇော်ပါသည်....နိုးထပါလော့....."

မျိုးနွယ်စု၏ စစ်သည်​တော်များ သေဆုံးနေသည်ကိုမြင်သောအခါ အဖိုးအို၏ မျက်ဝန်းများ ချင်းချင်းနီ လာလေ၏......ကိုယ်ပွား၏ တိုက်ခိုက်မှု​ကြောင့် ဖြစ်ပေါ်လာသော အသက်ဓာတ်လျော့ပါးလာခြင်းအား ဂရုစိုက်မနေတော့ဘဲ ရင်ဘတ်ကို ဆုတ်ဖြဲ၍ နှလုံးအား ကိုယ်တိုင်ဆွဲထုတ်လိုက်သည်။ ထိုနှလုံးသည် အဖိုးအို ကိုင်မြှေက်ထားသည့် အချိန်ထိ လှုပ်ခုန်နေဆဲပင်....

စုမင်၏ မျက်နှာပေါ်တွင် စူးရှသော အကြည့်တစ်ခု ပေါ်လာသည်။ ချက်ချင်းပင် သူ့နားထဲတွင် အလားတူ စကားလုံးများစွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။ အနက်ရောင်ပိုးကောင်များကို ဆန့်ကျင်တိုက်ခိုက်နေသူများသည် အဖိုးအို၏ လုပ်ရပ်ကို ရူးသွပ်စွာ တုပကြသည်။ ရင်ဘတ်များကို ဆုတ်ဖြဲကာ နှလုံးသားများကို ဆုတ်ဖြဲကာ လေထဲသို့ မြင့်တင်လိုက်ကြသည်။

" မြင့်မြတ်သော ကြိုးကြာနက်ဘုရား....ကျွန်ုပ်တို့၏ ပူဇော်ပသမှုအားလက်ခံ၍ ထိုသူအပေါ် ပြစ်ဒဏ်ချမှတ်ပါလော့......"

ကြိုးကြာနက်မျိုးနွယ်စု၏ ဘိုးဘေးသည် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ အထက်ပါ စကားစုအား ရွတ်ဆိုပြီးနှင့် တပြိုင်နက် တောင်ထိပ်ရှိ ဧရာမကြိုးကြာရုပ်တုကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏.....ကျယ်လောင်သောအသံများသည် လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ရုပ်ထုပေါ်ရှိ ကျောက်သားအပိုင်းအစများသည် နေရာတိုင်း အနှံ့ငို့ လွင့်စင်သွားကြကုန်သည်။ တစ်ချိန်တည်းမှာပင်၊ ကွဲအက်နေသော ကျောက်ရုပ်ထုကြီးထဲမှ ထိုးထွက်လာသော အနက်ရောင်ပုံရိပ်တစ်ခုသည် ပေတစ်ရာခန့်ရှိသည့် ကြီးမားသော ကြိုးကြာငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

" မင်းက မာန်မျိုးနွယ်စုရဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ.....မင်း ငါ့ကို မတိုက်ခိုက်နိုင်ဘူး....ထွက်သွားမလား ဒါမှမဟုတ် ငါ့အရုပ်အဖြစ် နေမလား..."

ကြိုးကြာနက်ကြီးထံမှ အေးစက်သော စကားသံများ ထွက်ပေါ်လာပြီး မယုံနိုင်စရာကောင်းလောက်သည့် တည်ရှိမှုစွမ်းအားတစ်ရပ်သည် ပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံသွားလေသည်။ထိုစွမ်းအားသည် အားကောင်းလွန်းလှသည့်အတွက် ရာသီဉတုပင် အနည်းငယ်ပြောင်းလဲသွားပြီး တိမ်များအုံ့မှိုင်း လာလေသည်။

ကိုယ်ပွား၏ မျက်ဆံများ ကြုံ့ဝင်သွားပြီး နှလုံးသားထဲတွင် မသေချာ မရေရာမှုများ မြင့်တက်လာခဲ့သည်။

" ဘိုးဘေးအရှင်..သူ့ကို ထွက်သွားခွင့် ပေးလို့မဖြစ်ဘူး.."

နှလုံးထုတ်ထားသည့်တိုင် အဖိုးအိုသည် မသေဆုံးသေးဘဲ လဲကျနေရာကနေ ခက်ခဲစွာ စကားဆိုနေသည်။

" ဟမ့်....ကောင်းပြီလေ..ငါမင်းကို ထွက်သွားဖို့  အသက်ဆယ်ကြိမ်ရှို​က်စာ အချိန်ပေးမယ်...အ​ချိနိပြည့်လို့မှ ထွက်မသွားသေးရင် မင်း ဒီမှာဆက်နေရမယ်..... လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ငါနောက်ဆုံးအကြိမ် လူသတ်ခဲ့တာ..."

ကြိုးကြာနက်ကြီးဆီမှ စကားသံနောက်တစ်ကြိမ်

ထွက်ပေါ်လာပြီး ​ထိုကြိုးကြာနက်ကြီးသည် ကိုယ်ပွားအား.အဖက်မတန်လေဟန်ဖြင့် ကြည့်နေပြန်သည်။

ကိုယ်ပွား၏ မျက်ဝန်းများတောက်ပလာပြီး ဧရိယာတစ်ခွင်သို့ နတ်ဘုရားအာရုံများ ဖြန့်ကျန့်လိုက်ပြီး  ​တောင်ထိပ်ပေါ်တွင် ကျန်ရှိနေသေးသည် ကုပ်ထုအပိုင်းအစတစ်ချို့အား စုစည်းလိုက်သည်။

" နတ်ဘုရားအာရုံ....."

ကြိုးကြာနက်ကြီး အမူအရာ ပြောင်းလဲသွားခဲ့သည်။ရုပ်ထုအပိုင်းအစအချို့အား ကိုယ်ပွားစိုက်ကြည့်နေသည်ကို မြင်သည့်အခါ ကြိုးကြာနက်ကြီးသည် ထိတ်လန့်သွားသော်လည်း အခိုးအငွေ့များအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲသွားခဲ့လေသည်။

" ထွက်မသွားဘူးဆိုမှတော့ ဒီမှာပဲနေတော့....."

ကြိုးကြာနက်ကြီး၏ စကားသံအား တဖန်ကြားလိုက်ရချိန်တွင် ၎င်း၏ တည်ရှိမှုသည်လည်း ပိုမိုအားကောင်းလာခဲ့၏...လေထုထဲတွင် ထစ်ချန်းသံများ ပဲ့ထင်ထပ်လာပြီး ရွေ့လျားနေသော တိမ်စိုင်များအထက်တွင် ပေတစ်ထောင်ခန့်ရှည်လျားသော ကြိုးကြာနက်ကြီးတစ်ကောင်အဖြစ် ပိုမို ကြီးထွားနေ၏...၎င်း၏ အော်သံသည် ဒီရေလှိုင်းသဖွယ် ပတ်ဝန်းကျင်အနှံံသို့ ပျံ့လွင့်သွားလေသည်။

ကိုယ်ပွားသည် ထိုအသံများဟာ မကြားဟန်ဖြင့် တစ်ချက်သော်မျှ လှည့်မကြည့်ခဲ့ပေ....သူသည် ရုပ်ထုအပိုင်းအစဆီသို့ လျှောက်သွားကာ ညာလက်ကို မြှောက်ကာ ထိုအပိုင်းအစပေါ်တွင် တင်လိုက်သည်။

" မင်း....မင်း ဘာလုပ်နေတာလဲ....ရပ်လိုက်....ညီအစ်ကိုရေ ငါတို့တွေ စကားအေးဆေးပြောကြမယ်လေ...."

***

All Chapters