ကြက်ပေါက်လေး
Vol. 30 Ch. 412
ရုပ်ထုအပိုင်းအစပေါ် ကိုယ်ပွား လက်တင်လိုက်သည့်အခါ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။ထိုအက်ကွဲကြောင်းများ ပျံ့နှံ့သွားသည့်အခါ ကွဲအက်နေသော အသံများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်က ကြိုးကြာနက်ကြီးသည် ပြင်းထန်လှသော လေပြင်းများနှင့်အတူ ကိုယ်ပွားထံသို့ ဉီးတည်ပျံသန်းလာလေ၏....
" ငါ မင်းကို လမ်းဖွင့်ပေးထားရက်နဲ့ မင်းက ငရဲလမ်းကို လျှောက်ချင်တယ်ပေါ့ ....ငါမင်းကို သတ်မယ်......"
ပေတစ်ထောင်ခန့်ရှည်လျားသောကြိုးကြာနက်ကြီးသည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ကိုယ်ပွားထံသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုးဝင်လာ၏...တောင်ပံတစ်ချက်ခတ်ရုံမျှဖြင့် အားကောင်းလှသော လေပြင်းများတိုက်ခတ်လာစေပြီး မြေပြင်ပေါ်မှလူများအား ပြားပြားဝပ်သွားစေခဲ့သည်။
သို့ပေမယ့် ထိုလေပြင်းများသည် ကိုယ်ပွားအား တခဏမျှတာ ရပ်တန့်စေခဲ့ရုံမျှလွဲ၍ မည်သည့်အရာမျှမဖြစ်စေခဲ့ပေ.....ကိုယ်ပွားသည် ကြိုးကြာနက်ကြီးအား တစ်ချက်လှည့်ကြည့်လိုက်ပြီး ရုပ်ထုအပိုင်းအစအား ရိုက်ချလိုက်တော့သည်။
ရုပ်ထုနှင့် လက်ဖဝါး ထိမိသည်နှင့် တစ်ပြိုင်နက် ကိုယ်ပွား၏ မျက်လုံးများ လင်းလက်လာ၏။ ပြင်းထန်သော စွမ်းအားတစ်ခုသည် လက်မောင်းမှ တဆင့် ရုပ်ထုဆီသို့ တိုးဝင်သွားပြီး မြည်သံကျယ်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။
ရုပ်ထုအပိုင်းအစသည် ချက်ချင်းဆိုသလို အပိုင်းပိုင်းကွဲအက်သွားပြီး အပိုင်းအစများ အရပ်ရပ်သို့ လွင့်စင်သွားသော်လည်း ထိုအထဲတွင် ဘာမျှမရှိပေ။ စုမင် မျက်မှောင်ကြုံ့နေလေပြီ.....
သူ ထိုရုပ်ထုအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်စဉ်တုန်းက ရုပ်ထုထဲတွင် ဖျော့တော့သော စွမ်းအင်လှိုင်းတစ်ခုအား ခံစားမိခဲ့သည်။ ထိုစွမ်းအင်လှိုင်းသည် ပတ်ဝန်းကျင်မှ လောကစွမ်းအားများကို လှုံ့ဆော်ပြီး လေထုထဲက ကြိုးကြာနက်ကြီးအား ဖြစ်ပေါ်စေခဲ့သည်။
" ဟမ့်...ကောင်းပြီလေ....ဒီဖိုးဖိုးကြိုးကြာက မင်းကို အခွင့်ရေးတစ်ခုထပ်ပေးမယ်...မင်းအခုချက်ချင်းထွက်သွားမယ်ဆို ခုနကဖြစ်ခဲ့တာတွေကို ရှော်ပေးလိုက်မယ်....ဒီလိုမှမဟုတ်ရင်တော့ မင်းကို တိုက်ခိုက်တဲ့အတွက် ငါ့ကို အပြစ်လာမတင်နဲ့....ပြောပြလိုက်ဉီးမယ်....ငါက သိပ်အစွမ်းထက်တယ်နော်....."
ပေတစ်ထောင်ခန့်ရှည်လျားသော ကြိုးကြာငှက်ကြီးသည် စိတ်သက်သာရာရန် အလို့ငှာ ကိုယ်ပွားအား စိုက်ကြည့်၍ ခပ်တင်းတင်းပြောဆိုနေလေ၏......
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူသည် လျင်မြန်စွာ လှည့်ကြည့်ကာ လျှပ်စီးတမျှသော အရှိန်ဖြင့် ယခင်က ပြိုကျနေသော ရုပ်ထုဆီသို့ သူရောက်ရှိသွားခဲ့သည်။ သူသည် ကျောက်တုံးတစ်တုံးကို ကိုင်လိုက်ပြီးနောက် သူ၏ညာဖက်လက်ပေါ်တွင် လက်ဖဝါးအရိပ်တစ်ခု ပေါ်လာသည်။ တစ်ချက် ညှစ်လိုက်သည်နှင့်၊ ထို ပုံရိပ်ယောင်သည် ထိုကျောက်တုံးနှင့်အတူ ကွဲကြေသွားသည်။ ထိုအထဲတွင်လည်း မည်သည်မျှ ရှိမနေပေ.....
ကိုယ်ပွားသည် ထိုမျှဖြင့် ရပ်မသွားခဲ့ပေ...တစ်နေရာမှ တစ်နေရာဆီ အလင်းတန်းကဲ့သို့ ခုန်ကူးနေပြီး ရုပ်ထုအပိုင်းအစများအား တစ်ခုပြီးတစ်ခု ဖျက်ဆီးနေလေသည်။
"မင်းအနိုင်ကျင့်တာပဲ "
ကောင်းကင်ယံ၌ ပေတစ်ထောင် ကြိုးကြာနက်ကြီး၏ ထိတ်လန့်ကြောက်ရွံ့မှု နှင့်် အမျက်ဒေါသတို့ ပါဝင်နေသော အော်ဟစ်သံဝည်
အတောင်ပံခတ်သံနှင့်အတူ စူးစူးဝါးဝါးထွက်ပေါ်လာသည်။
" အလကားသက်သက် မင်းကို ခြိမ်းခြောက်နေတယ်ထင်ပြီး မကြောက်ဘူးပေါ့...ကောင်းပြီ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ပေးခဲ့တဲ့ ကတိ ဆီပြန်သွားကြတာပေါ့...ငါ မင်းကို ရိုက်တဲ့ အချိန်အထိ မင်းအခုလို ဆက်တွေးနိူင်ဉီးမလား ကြည့်ကြသေးတာပေါ့....."
ပေတစ်ထောင်ကြိုးကြာနက်ကြီးသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး လေထုထဲတွင် အရှိန်ပြင်းစွာလှည့်ပတ်လိုက်သည့်အခါ အနက်ရောင် ငှက်မွှေးများသည် အရှိန်ပြင်းစွာ လွင့်စင်လာလေသည်။
ကိုယ်ပွားသည် ထိုအချိန်တွင် ကျောက်တုံးတစ်တုံးကို လက်ဖြင့် ကိုင်ထားသည်။ ၎င်းကို ချေမှုန်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ့ဆီသို့ အန္တရာယ်ရှိသော အရာတစ်ခုကို တွန်းပို့နေသလို ခံစားလိုက်ရသည်။ နောက်ပြန်လှည့်ကြည့်မဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျောက်သွားသည်။
သူ့အရင်နေရာနဲ့ ပေတစ်ရာဝေးခန့်သေးသော အရပ်တွင် ကိုယ်ပွား ပြန်ပေါ်လာခဲ့သည်။ကောင်းကင်ထက်က ပေါက်ကွဲသံကြောင့် မြေပြင် တုန်ခါသွားကာ မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ဖုန်မှုန့်များည် တောင်ပေါ်မှ လှမ့်ဆင်းလာပြီး အောက်တွင် အလွန်ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ထိုတွင်းကြီးကနေ အနက်ရောင်ငှက်မွှေးများ ထွက်ပေါ်လာပြီး ကိုယ်ပွားထံသို့ လေခွင်းသံနှင့်အတူ တိုးဝင်လာကြသည်။
" ဟဲ ဟဲ...ငါ ဘယ်လောက် အစွမ်းထက်လဲ မင်း အခု သိပြီမလား...အခုနေ ထွက်သွားချင်ရင်တောင် နောက်ကျသွားပြီ....."
မာန်တက်နေသော ကြိုးကြာနက်ကြီး၏ စကားသံသည် မှုန်မှိုင်းသော လေထုထဲမှ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လေပွေတစ်ခုဖြစ်ပေါ်လာပြီး ထိုလေပွေထဲကနေ အနက်ရောင် ငှက်မွှေးများ ထွက်လာကြပြန်သည်။
ကောင်းကင်တစ်ခွက်တွင် အနက်ရောင်ငှက်မွှေးများဖြင့် ပြည့်နှက်နေသည်။ ၎င်းအားလုံးသည် မယုံနိုင်လောက်အောင် ထက်ရှပြီး လေခွင်းသံနှင့်အတူ ကိုယ်ပွားနောက်သို့ လိုက်နေကြသည်။
ကိုယ်ပွား၏ မီးခိုးရောင် မျက်လုံးများသည် တောက်ပနေ၏။ သူ့နောက်သို့ လိုက်နေသည့် အ ငှက်မွှေးများကို ကြိမ်ဖန်များစွာ ရှောင်တိမ်းနိုင်ခဲ့သည်။
တကယ်တမ်းတွင်မူ ရှောင်တိမ်းနေရင်းဖြင့်ပင် ငှက်မွှေး ခုနှစ်ု၊ ရှစ်ခုခန့်သည် သူ့ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်နေလေပြီ....ထိုငှက်မွှေးများသည် ချက်ချင်း အရည်ပျော်သွားပြီး အနက်ရောင်အခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ အခြေတည်စိတ်ဝိဉာဉ်ဆီသို့ တိုးဝင်သွားကြသည်။
ကိုယ်ပွားသည် စူးရှစွာအော်ဟစ်လိုက်သည်။ ကိုယ်ပွား သည် မြေပြင်ပေါ်တွင် တဖန်ပြန်ပေါ်လာခဲ့ပြီး အနက်ရောင် ငှက်မွှေးများသည် သူ့နောက်တွင် လိုက်ပါလာကြ၏...လေထုထဲသို့ လက်ဆန့်လိုက်သောအခါ အနက်ရောင်ပိုးကောင်များသည် သူ့ရှေ့တွင် တံတိုင်းသဖွယ် စုဝေးကာကွယ်ကြကုန်၏....
ကိုယ်ပွား၏ ခန္ဓာကိုယ်သို့ ငှက်မွှေးများ မထိုးဖောက်နိူင်မှီအချိန်တွင် အနက်ရောင်ပိုးကောင်များသည် ကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအပ်နေခဲ့လေပြီ......
ကျယ်လောင်သောအသံများ တစ်ဖန်ပြန်ထွက်ပေါ်လာပြီး ငှက်မွေးများသည် ကိုယ်ပွား၏ကိုယ်ပေါ်ငို့ မိုးရေစက်များသဖွယ် ကျဆင်းသွားသောကြောင့် သူ့ခြေဖဝါးအောက်ရှိ မြေပြင်များ ကွဲအက်သွားခဲ့သည်။ချိုင့်ဝင်သွားသော မြေပြင်ထဲသို့ ကိုယ်ပွားသည်လည်း ကျဆင်းသွားခဲ့လေသည်။ ငှက်မွှေးများသည် သူ့ခန္ဓာကိုယ်တွင်းသို့ ဓားချက်များသဖွယ် စိုက်ဝင်နေကြပြီး အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းသွားကာ အနက်ရောင်ပိုးကောင်များကို ဖြတ်ကျော်၍ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကြသည်။
မျက်စိ တစ်မှိတ်အတွင်းမှာပင် တွင်းထဲမှ အသံကျယ်ကြီး တစ်သံထွက်ပေါ်လာပြီး ငှက်မွှေးများလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအချင်းအရာကို မြင်သည်နှင့် ကြိုးကြာနက်မျိုးနွယ်ဝင်များအားလုံး ပျော်ရွှင်နေကြကုန်၏.....
လေထုထဲရှိ ကြိုးကြာနက်ကြီးသည် ဝမ်းသာပီတဖြစ်နေဟန်နှင့် ချောင်းအနည်းငယ် ဟန့်ပြနေသည်။
" အတိတ်တုန်းက ပေးခဲ့တဲ့ ကတိကြောင့် ငါ သူ့ကို အနာတရမဖြစ်စေချင်ခဲ့ဘူး...ဒါပေမယ့် သူက ငါ့ရဲ့ ကြင်နာမှုကိုမှ အလေးမထားခဲ့ဘဲ.....ငါ့ကို ပူဇော်ပသဖို့ မမေ့ကြနဲ့ဉီး...ငါ ပင်ပန်းနေပြီ....."
စကားမဆုံးသေးခင်မှာတင် ကြိုးကြာနက်ကြီး၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။ ခဏအကြာတွင် ပြူးကျယ်သော မျက်လုံးများဖြင့် တွင်းထဲသို့ ငုံ့ကြည့်လိုက်လေ၏.....
သူ့မျက်စိရှေ့မှာတင် တွင်းထဲက ဖိအားတစ်ခု ပျံ့နှံ့သွားသည်ကို မြင်လိုက်ရပြီး မကြာခင်မှာပင် တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းရောင် တောက်ပလာသည်နှင့်အမျှ လက်ဖဝါးအရွယ်ခန့်ရှိသော လူတစ်ဦးသည် အတွင်းထဲတွင် လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူငယ်လေး၏ မျက်နှာသည် နက်မှောင်နေပြီး ကျီယွင်ဟိုင်နှင့် နည်းနည်းလေးမျှ မတူပေ....ဤဝည်မှာ စုမင်၏ အခြေတည်အဆင့် စိတ်ဝိဉာဉ်ပင် ဖြစ်လေ၏......
ထိုကဲ့သို့သော ဝိဉာဉ်မျိုးအား ကြိုးကြာနက်မျိုးနွယ်စုအဖို့ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ....မြင်လိုက်ရသည့်အခါ နှလုံးရပ်မတန့် ခံစားနေရပြီး ယခုလေးတင် ပျော်ရွှင်နေခဲ့သည့် မျိုးနွယ်စု ဘိုးဘေးသည်ပင် မျက်ပလူးဆန်ပြာဖြစ်နေလေပြီ.....
" အခြေတည်ဝိဉာဉ်....သေစမ်း မင်းက အင်မော်တယ်တစ်ယောက်ပဲ.......အခြေတည်ဝိဉာဉ်အဆင့်လောက်နဲ့ စိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲကနေ ခွဲထုတ်ရဲတယ်...ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ....လေထုထဲက ယင်ဓာတ်က မင်းရဲ့ ဝိဉာဉ်ကို စုတ်ဖြဲနိုင်တာ မသိဘူးလား...မင်း.....မင်း.....မြန်မြန်ပြန်သွားစမ်း..."
ကြိုးကြာနက်ကြီးသည် ချက်ချင်းပင် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
စုမင်၏ အခြေတည်အဆင့် စိတ်ဝိညာဉ်သည် တွင်းထဲမှ လွင့်မျောသွားပြီး တောက်ပသော မျက်လုံးများဖြင့် အော်ဟစ်နေသော ကြိုးကြာငှက်ကို ကြည့်လိုက်သည်။ ကြိုးကြာနက်ကြီးသည် ယခု သူ့မျက်လုံးထဲတွင် အလွန်ခြားနားနေ၏။ ဤသည်မှာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲက အနက်ရောင်ငှက်မွှေးများသည် အစစ်အမှန်ဖြစ်ကြလေ၏.....
ကြိုးကြာနက်အား လျစ်လျူရှုလိုက်ပြီး စုမင်သည် ချက်ချင်း ခေါင်းငုံ့ကာ နက်မှောင်နေသော မျက်လုံးများဖြင့် မြေပြင်သို့ ငေးကြည့်နေသည်။ ထို့နောက် ခြေတစ်လှမ်းဖြင့် ချက်ခြင်း ပြေးထွက်သွားခဲ့သည်။ ပြန်ပေါ်လာသောအခါတွင် သူသည် မဝေးလှသော ကျောက်တုံးတစ်ခုပေါ်တွင် ရပ်နေပြီး သေးငယ်လှသော လက်များအား လေထုထဲသို့ ဖြန့်ထုတ်လိုက်သည့်အခါ ကျောက်တုံးအပိုင်းအစများသည် သူ့လက်ဖဝါးထဲသို့ စုဝေးရောက်ရှိလာကြသည်။
" ညီအစ်ကိုရေ....စကားအေးဆေး ပြောကြရအောင်...မလုပ်..... "
ကြိုးကြာငှက်ကြီးသည် ချက်ခြင်းအော်ဟစ်လိုက်သည်။ စုမင်သည် သူ့လက်ထဲ့သို့ စုပ်ယူနေသော ကျောက်တုံးအား မဖမ်းမိခင် ထိုကျောက်တုံးသည် အလိုလို ပေါက်ကွဲသွားလေသည်။ အတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းထဲတွင် လက်သီးဆုပ်ခန့်အရွယ်အစားရှိသည့် ကြိုးကြာနက် အသေးလေးတစ်ကောင်ရှိနေ၏.....
ကြိုးကြာငှက် အသေးစားလေးသည် အလွန်ချစ်ဖို့ကောင်း၏...သူ့ထံတွင် အမွှေးမျှင်များစွာမရှိသောကြောင့် ကြိုးကြာငှက်နှင့် မတူဘဲ အမွှေးနှုတ်ခံထားရသည့် လည်တံရှည်ကြက်ပေါက်လေးနှင့်တူနေသည်။
ထိုအချိန်တွင် ငှက်ပေါက်လေးသည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးဖို့ လမ်းပေါက်ရှာနေလေသည်။ စုမင်၏ အခြေတည်စိတ်ဝိဉာဉ်သည် တောက်ပသော မျက်လုံးများဖြင့် လိုက်လံဖမ်းဆီးသောအခါ ငှက်ပေါက်လေးသည် သေလုအောင် အော်ဟစ်ပြီး ကောင်းကင်ထက်က ကြိုးကြာနက်ကြီးဆီသို့ အရှိန်တင်ကာ ပြေးလေတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ကြိုးကြာနက်ကြီးသည် တုန်လှုပ်သွားပြီး ၎င်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် မှိန်ဖျော့သွားကာ နောက်ဆုံးတွင် ငှက်မွှေးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကြိုးကြာငှက်ငယ်သည် ၎င်းအား ပါးစပ်ဟ၍ ဖမ်းယူရရန် ဟန်ပြင်နေလေ၏...
စုမင်၏ အခြေတည်ဝိဉာဉ်သည် ပါးစပ်ဟလိုက်သောအခါ အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ အစိမ်းရောင်ဓားမြှောင်လေးသာဖြစ်ပြီး အခြေတည်ဝိဉာဉ်ထက်ပင် မြန်ဆန်သော အမြန်နှုန်းဖြင့် ကြိုးကြာငှက်ငယ်လေး၏ ရှေ့တွင် ပေါ်လာလေ၏....
ငှက်ငယ်လေး၏ ကိုယ်ပေါ်ရှိ အမွှေးအတောင်အနည်းငယ် ပြတ်ထွက်ခဲ့လေသည်။ ငှက်လေးသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး အမွှေးများကို ဂရုစိုက်မနေဘဲ တစ်ချက်လှည့်ကြည့်ကာ အလင်းတန်းတစ်ခုသဖွယ် အရှိန်မြှင့်လိုက်ပြီး သဲလွန်စမကျန်အောင် ထွက်ပြေးခဲ့လေသည်။
စုမင်၏ အခြေတည်စိတ်ဝိညာဉ်သည် အနက်ရောင် ငှက်မွှေးကို ဖမ်းကိုင်လိုက်ပြီး ငှက်ငယ်လေး ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်ကာ အမြန်လိုက်ရှာသည်။
" သေစမ်းကွာ...ငါက ကောင်းကက်ဘုံတာအိုရဲ့ မြင့်မြတ်တဲ့ သားရဲကွ....မင်းလို အခြေတည်ဝိဉာဉ်အဆင့် ကျင့်ကြံသူမျိုးကို အသက်တစ်ရှိုက်စာအတွင်း သတ်ပစ်ခဲ့ဖူးတယ်....အခု ငါတို့ ကြိုးကြာတွေ အားနည်းနေချိန်မှာ မင်းတို့ရဲ့ မာန်မျိုးနွယ်စုတွေက တက်နင်းကြတယ်ပေါ့....မင်း..မင်း...စောင့်နေလိုက်...."
ငှက်ငယ်လေးသည် ရှေ့သို့ ပျံသန်းနေရင်း အစိမ်းရောင် အလင်းတန်းများကိုလဲ ရှောင်တိမ်းနေရသည်။ ယခုချိန်တွင် ငှက်ငယ်လေး၏ ပုံသဏ္ဍာန်သည် အမွှေးကျွတ်နေသော လည်တံရှည်ကြက်ပေါက်လေး သဖွယ် သနားစရာကောင်းနေပေသည်။ သို့ပေမယ့်လည်း အရှိန်နှုန်းသည်ကား ပို၍ မြန်ဆန်လာလေ၏....
စုမင်၏ အခြေတည်စိတ်ဝိဉာဉ်သည် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ငှက်ပေါက်လေးအား လိုက်လံဖမ်းဆီးနေသည်။ ထိုငှက်ပေါက်လေး၏ ထူးခြားမှုကို သိပြီးနေပြီ....ထိုငှက်ပေါက်လေးသည် အင်မော်တယ်မျိုးစုနှင့် သက်ဆိုင်သည့် သားရဲဖြစ် သဖြင့် လွတ်မြောက်သွားပါက စုမင်အား အလွတ်ပေးမည် မဟုတ်ပေ.....
" မင်းက ငါ့ကို ပြန်တိုက်ခိုက်ဖို့ ဖိအားပေးနေတာပဲ...ငါမင်းကို ပြန်တိုက်ခိုက်မယ် ...."
စုမင်နှင့် နီးကပ်လာသည်နှင့်အမျှ အစိမ်းရောင်အလင်းတန်း၏ တိုက်ခိုက်မှု အရေအတွက်လည်း ပိုစိပ်လာခဲ့သည်။ ကျွတ်ထွက်သွားသော အမွှေးများကြောင့် ကြက်ပေါက်လေး ခင်မျာ တွေးလေ ဝမ်းနည်းလာလေ ဖြစ်နေပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ ၎င်း၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ထင်ဟပ်လာလေသည်။
" ကောင်းကင်ဘုံတာအို...မြင့်မြတ်သော အလင်းရောင်....."
ကြက်ပေါက်လေးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လေတစ်သုတ်အား စုမင်ထံ မှုတ်ထုတ်လိုက်သည်။ ထိုလေတစ်သုတ်ထဲတွင် မမြင်နိူင်သော စွမ်းအားတစ်ရပ် ကိန်းဝပ်နေပြီး ၎င်းအား မှုတ်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အလင်း တစ်ချက် လင်းလက်သွားခဲ့သည်။
ထိုအလင်းတန်းသည် ပတ်ဝန်းကျင်ရှိ လောကစွမ်းအားများအား စုပ်ယူ၍ နေမင်းကဲ့သို့ ပေထောင်ချီသော အလင်းတန်းများ ထုတ်လွှင့်နေ၏။ ထိုအလင်းတန်းသည် စုမင်ထံသို့ တိုးဝင်မသွားဘဲ နှစ်ဉီးသားကြားရှိ လေထုထဲတွင် ပေါက်ကွဲခဲ့လေသည်။
ပေါက်ကွဲမှုသည် ပြင်းထန်သော လေပြင်းများကိုသာ ဖြစ်ပေါ်စေပြီး အသံတစ်သံမျှ ထွက်မလာခဲ့ပေ...ထိုလေပြင်းများထဲတွင် ပါသည့် ပြင်းထန်သော တွန်းကန်အားကြောင့် စုမင်၏ အခြေတည်စိတ်ဝိဉာဉ်သည် နောက်သို့ လွင့်စက်သွားပြီး ကြက်ပေါက်လေးသည် တွန်းကန်အားကြောင့် အမြန်နှုန်း အဆမတန်တိုးပွားသွားကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
" ကောင်းကင်ဘုံတာအို... မြင့်မြတ်သောအလင်းတန်းက ဘယ်တုန်းကများ အားနည်းသွားတာလဲကွာ...ငါကြွားပြောခဲ့တာ မဟုတ်ဘူး...ဟိုတုန်းကဆို အသက်တစ်ချက်ရှူလိုက်ရုံနဲ့တင် တစ်လောကလုံးကို ဖျက်ဆီးပစ်နိူင်ခဲ့တာပါ...အခုများကြတော့ အခြေတည်ဝိဉာဉ်အဆင့်လေးကိုတောင် မသတ်နိုင်တော့ဘူး...စောင့်နေလိုက်စမ်း..."
" ငါက အငြိုးကြီးတဲ့ ငှက်တစ်ကောင်....အရမ်း အရမ်းကို အငြိုးကြီးတယ်ကွ....."
ကြက်ပေါက်လေး ထွက်သွားသည်နှင့်အမျှ သူ့အသံသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ စုမင်၏ အခြေတည်ဝိဉာဉ်သည် တွန်းကန်အားကြောင့် ပေပေါင်းထောင်ချီ သော အကွာအဝေးတွင် ကျန်ရစ်ခဲ့လေ၏.....ပြင်းထန်လှသော တွန်းကန်အားအား ခုခံနိူင်ရန် အတော်လေး အားထုတ်ခဲ့ရသည်။ ထိုပေါက်ကွဲမှုကြောင့် အခြေတည်စိတ်ဝိဉာဉ်ပင်လျှင် အတော်လေး ဖျော့တော့ပါးလျနေလေပြီ.....
ပါးလျဖျော့တော့နေသော အခြေတည်စိတ်ဝိဉာဉ်ကြောင့် စုမင် ဆက်မလိုက်တော့ဘဲ လေထုထဲတွင် ရပ်တန့်နေခဲ့သည်။ ထိုအစား ငှက်ပေါက်လေး သွားရာ လမ်းကြောင်းအား တစ်ချက်ကြည့်လိုက်ပြီး အေးစက်သော အသံတစ်ခုပြုကာ လှည့်ထွက်သွားခဲ့လေသည်။
***