← Chapters

သလင်း​ကျောက်ဖြင့် ပေါင်းစည်းခြင်း......

Vol. 30 Ch. 413

သလင်း​ကျောက်ဖြင့် ပေါင်းစည်းခြင်း......

Vol. 30 Ch. 413

ကြိုးကြာနက်မျိုးနွယ်စု ဘိုးဘေး၏ မျက်နှာသည် ဖြူဖျော့ ပြာနှမ်းနေလေပြီ......ကောင်းကင်ပေါ်သို့ ဗလာမျက်ဝန်းများဖြင့် ငေးကြည့်နေသော်လည်း နှုတ်ခမ်းထက်တွင် ချိုမြိန်သော အပြုံးတစ်ခုတည်ရှိနေ၏....ဧကန်မုချ သေဆုံးရမည်အား သိနေသော်လည်း မည်သူ့ကိုမျှ အပြစ်မတင်တော့ပေ....ရှာမန်သလင်းကျောက်များအား မောင်ပိုင်စီးလို၍ နွားသိုးဖြူမျိုးနွယ်စုအား လောဘဇောတိုက်၍ ဖျက်စီးလိုခြင်းကြောင့်သာ မဟုတ်ပါက သူ့ထံသို့ ဤသို့သောဘေးဒုက္ခများ ရောက်လာလိမ့်မည်မဟုတ်ပေ.....

သူ့နံဘေးတွင် နှလုံးထုတ်၍ ယဇ်ပူဇော်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည် မျိုးနွယ်စုဝင် အများအပြားရှိနေသည်။ အသက်ရှင်ကျန်ရစ်သူများမှာလည်း ဖြူဖျော့ အားနည်းနေကြလေပြီ.....

" ဘိုးဘေး.....ကျေးဇူးပြုပြီး ဂါထာကို မြန်မြန်ရွတ်လိုက်ပါတော့ ...ကျုပ်တို့ မျိုးနွယ်စုအတွက် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဂါထာကို မြန်​မြန်ရွတ်လိုက်ပါတော့....ဘိုးဘေး သေလို့  မဖြစ်ဘူး..."

သက်လတ်ပိုင်း အမျိုးသားတစ်ယောက်သည် မျိုးနွယ်စု ဘိုးဘေး ရှေ့တွင် ဒူးထောက်လျက် စိုးရိမ်တကြီး တောင်းပန်နေသည်။

" ငါ သေမှဖြစ်မယ်....ငါ မသေရင်  သူတို့ရဲ့ အငြိုးတွေ ပြေပျောက်နိူင်မှာမဟုတ်ဘူး....အကယ်၍များ ငါ့ရဲ့သေဆုံးခြင်းက မျိုးနွယ်စုအတွက် ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိူင်မယ်ဆို ငါ့ရဲ့သေဆုံးခြင်းက အချည်းနှီးမဖြစ်တော့ဘူးပေါ့...."

" ငါ့ အမှားတွေပါ...ရှာမန်သလင်းကျောက်တွေအပေါ် လောဘမတက်ခဲ့သင့်ဘူး...."

မျိုးနွယ်စု၏ ဘိုးဘေးသည် နာကျင်သော အသံဖြင့် ပြောဆိုနေ၏ ....မျိုးနွယ်စု၏ ဘိုးဘေးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်သဖြင့် သူသည် မိုက်မဲ့သူတစ်ဉီး မဟုတ်ခဲ့ပေ....သူ သေရမည်ကို သေချာပေါက် သိနေခဲ့သည်။

" ဘိုးဘေး......"

သက်လတ်ပိုင်းအမျိုးသားနှင့် မျိုးနွယ်စုဝင်များ၏ မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေ၏.....

" တော်လောက်ပြီ....ဒါက ဆုံးဖြတ်ပြီးသားကိစ္စတစ်ခုပဲ....ငါ သေပြီဆိုတာနဲ့ မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ ငှက်မွှေးသုံးချောင်းကို ထုတ်ပြီး  မျိုးနွယ်စု ဘေးကင်းလုံခြုံဖို့ ဟိုလူ့ကို ကမ်းလှမ်းလိုက်ပါ...ပြီးရင် ငါတို့လူတွေကို အဝေးကို ခေါ်သွားပါတော့...သတ်မှတ်ထားတဲ့ ရက် မရောက်ခင် စောစောပြောင်းရွေ့ကြမယ်...."

" အခုချိန်ကစပြီး မင်းက မျိုးနွယ်စုရဲ့ ဘိုးဘေးဖြစ်သွားပြီ...."

နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျနေသော ဘိုးဘေးသည် သူ့ရှေ့တွင် ဒူးထောက်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားအား ကြည့်နေခဲ့သည်။

ဝမ်းနည်းပူဆွေးမှုသည် ထိုလူ၏ မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေပြီး ထိုသူသည် စကားတစ်ခွန်းမျှ မဆိုခဲ့ပေ.....

" မှတ်ထားပါ....လက်စားချေဖို့ စဉ်းတောင် မစဉ်းစားပါနဲ့....."

ဘိုးဘေးသည် နာကျင်နေသော အပြုံးများဖြင့် လဲကျသွားပြီး သေဆုံးသွားခဲ့လေပြီ......

အသက်ရှင်နိူင်သေးပေမယ့်လည်း ထိုသို့ မလုပ်နိူင်ခဲ့ပါ...အသက်ရှင်နိူင်သေးသော်လည်း မျိုးနွယ်စုအတွက် သေဆုံးရပေမည်......

အဖိုးအို သေဆုံးသည်နှင့် တစ်ပြိုင်နက် နှလုံးထုတ်ခံထားရသူများသည်လည်း နောက်ဆုံးထွက်သက်အား ရှူထုတ်သွားကြလေပြီ.....ကြိုးကြာနက်မျိုးနွယ်စု၏ အစွမ်းထက်စစ်သည်တော်များ သေဆုံးခဲ့လေပြီ.......

စုမင်၏ အ​ခြေတည်စိတ်ဝိဉာဉ် ပြန်ရောက်လာသောအခါ သေဆုံးနေပြီဖြစ်သော ဘိုးဘေး၏ ရှေ့တွင် ဒူးထောက်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နှင့် မျိုးနွယ်စုဝင်များအား မြင်လိုက်ရသည်။

တည်ငြိမ်နေသော အမူအရာဖြင့် စုမင်သည် တွင်းနက်ထဲသို့ ဝင်သွားခဲ့ပြီး ​အမွှေးတိုင်တစ်တိုင် ထွန်းစာမျှ ကြာမြင့်ချိန်မှသာ တွင်းနက်ထဲမှ ဖြည်းညှင်းစွာ ပျံတက်လာခဲ့သည်။

" သခင်...ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ.....မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ရတနာကို သခင့်ကို ပေးဖို့ ဆန္ဒရှိပါတယ်...."

ဝမ်းနည်းပူဆွေးနေသော သက်လတ်ပိုင်းအရွယ်အမျိုးသားသည် စုမင်အား ထိုသို့ ပြောပြီးသည်နှင့် လက်များကို လေထုထဲသို့ မြှောက်လို​က်သည့်အခါ ​ကျောက်ပြားတစ်ချပ်ပေါ်ထွက်လာပြီး ၎င်းပေါ်တွင်  အနက်ရောင် ငှက်မွှေး သုံးချောင်းရှိနေသည်။

ထိုငှက်မွှေးသုံးချောင်းပေါ်တွင် စွမ်းအင်လှိုင်းတချို့ ပျံ့နှံ့နေသည်။ ယခုလေးတင် စုမင်ရရှိခဲ့သော ငှက်မွှေးများဖြင့် ယှဉ်လိုက်ပါက ထိုငှက်မွှေးသုံးချောင်းသည် စာမဖွဲ့လောက်ပေ.....

စုမင်၏ အေးစက်နေသော အကြည့်များသည် ငှက်မွှေးများဆီမှ သွေဖယ်ပြီး သက်လတ်ပိုင်းအမျိုးသားအား ကျော်လွန်ကာ ဘိုးဘေး၏ အလောင်းထံသို့ ကျရောက်နေသည်။

သူ့နှလုံးအား ကြိုးကြာနက်ကြီး ဝါးမြိုပြီးချိန်အထိ ထိုအဖိုးအို မသေဆုံးသေးကြောင်း သတိရလိုက်မိသည်။ ကြိုးကြာနက်ကြီးအား နှလုံးဖြင့် ပူဇော်ပသသည့်အခါ ပူဇော်သူတို့ အသက်ဆက်ရှင်နိုင်မည့် လျှို့ဝှက်နည်းလမ်းတစ်ခုရှိနေသည်မှာ ​ထင်ရှားနေပေသည်။

သို့သော်...အဖိုးအိုသည် သေဆုံးနေခဲ့လေပြီ...စုမင် မျက်လုံးများအား မှိတ်ချလိုက်သည်။ ပြန်ဖွင့်လိုက်ချိန်တွင် နားလည်ခြင်းအရိပ်အယောင်တစ်ချို့အား မျက်လုံးများထဲတွင် မြင်နေရသည်။

" သူ တန်ရာတန်ကြေး​ပေးပြီးပြီဆိုတော့ ငါမင်းတို့ကို လွှတ်ပေးမှာပါ..."

စုမင်သည် အကြည့်များအား သာမာန်မျိုးနွယ်စုဝင်များထံသို့ ပို့လိုက်လေသည်။ ထို့နောက် မိုးကုပ်စက်ဝိုင်းဆီသို့ ဉီးတည်ပျံသန်းသွားခဲ့သည်။

စုမင် ငှက်မွှေးသုံး​ချောင်းအား မယူခဲ့ပေ...၎င်းတို့သည် သူ့အတွက် အသုံးမဝင်သော်ငြားလဲ အစွမ်းထက်စစ်သည်တော် အမြောက်အမြားဆုံးရှုံးခဲ့ရသော ထိုမျိုးနွယ်စုအတွက် အဖိုးမဖြတ်နိူင်သော ရတနာများ ဖြစ်နေပေသည်။

စုမင်သည် မည်းမည်းမြင်သမျှ သတ်ဖြတ်တတ်သူ မဟုတ်ခဲ့ပေ...မျိုးနွယ်စုဘိုးဘေးနှင့် စစ်သည်တော်များသေဆုံးသည်ကို မြင်သည့်အခါ အငြိုးအာဃာတများ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

စုမင်သည် တောင်တန်းအတွင်းရှိ ဂူထဲတွင် ထိုင်နေပြီး လက်ထဲတွင် လေမာန်နတ်ဘုရား၏ ​အမွေအနှစ်သလင်းကျောက်အား ကိုင်ဆောင်ထား၏။ သူ၏ လက်မောင်းတွင် ဟက်တက်ကွဲ ဒဏ်ရာကြီးတစ်ခုရှိနေပြီး ထိုဒဏ်ရာမှ စီးကျနေသော သွေးများသည် ​ခြောက်သွေ့နေသည်။ စုမင်၏ မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ယှက်သန်းနေသည်။

အနီးကပ် ကြည့်လိုက်ပါက သလင်းကျောက်၏ အရွယ်အစားသည် အတန်ငယ်လျော့ပါးနေကြောင်း တွေ့ရပေမည်။

" မဒမ်ဂျိက အနီရောင်လက်စွပ်ကို အရိုးထဲကနေ ထုတ်ခဲ့တာဆိုတော့ ဘယ်လိုနည်းလမ်းသုံး​ပြီး လက်စွပ်ကို ထိန်းချုပ်ခဲ့တာလဲ...."

" မဟုတ်ရင်... လက်မှာပဲ စွပ်ထားလို့ရရဲ့သားနဲ့သူ ဒီလောက်အထိ အနာခံပြီး အရိုးထဲမှာ ဘာလို့သိမ်းထားတာလဲ....."

စုမင် တီးတိုးရေရွတ်နေသည်။

" ငါ ဒီသလင်းကျောက်ကို လက်မောင်းက ဒဏ်ရာထဲထည့်ပြီး ချီဓာတ်ကို ဖြန့်လိုက်တုန်းက ဒီဟာကို နည်းနည်းပဲ စုပ်ယူနိူင်ခဲ့တယ်....ဒီသလင်းကျောက်က အထူးတလည်အသုံးဝင်မနေဘူးပဲ...."

စုမင် သလင်းကျောက်အား ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး အံကြိတ်နေခဲ့မိသည်။

" ကောင်းပြီ..ငါ့ရဲ့ အရင်အကြံစည်တိုင်းပဲ ဆက်လုပ်တော့မယ်...ဒါပေမယ့် ဒီနေရာမှာ လုပ်လို့မဖြစ်ဘူး....တခြားနေရာတစ်ခုရှာရမယ်...ဒီနေရာက အပူချိန်မြင့်တော့ သွေးတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်...."

စုမင် အသက်ပြင်းပြင်းရှူလိုက်ပြီး နံရံထောင့်တွင် ကုပ်ကုပ်လေးထိုင်နေသည့် မီးတောက်မျောက်ဝံအား ကြည့်လိုက်သည်။

မီးတောက်မျောက်ဝံသည် စုမင်အား ပြုံးပြနေသကဲ့သို့ သွားဖြဲပြနေသည်။ သူသည် စိတ်လှုပ်ရှားနေပုံရသည်။

စုမင် ​မျောက်ဝံ၏ ခေါင်းအား တစ်ချက်ပုတ်လိုက်ပြီး ဂူထဲမှ ထွက်လာခဲ့သည်။

စုမင် ထွက်လာသည်နှင့် အလောင်းကောင်၏ ဉီးခေါင်းပေါ်တွင် ခွေနေသော မြွေငယ်လေးသည် စုမင်အား ခေါင်းထောင်ကြည့်နေသည်။

စုမင်သည် တခဏမျှ ငြိမ်သက်နေပြီး ခရီးစဉ်တွင် အလောင်းကောင်အား ခေါ်ယူသွားမည့်အကြံအား စွန့်ပစ်လိုက်လေသည်။ အတွေးတစ်ခုဖြင့် မြွေငယ်လေးအား နှစ်သိမ့်ချော့မော့ပြီး အေးခဲနေသော ဂိတ်တံခါးဆီသို့ လျှောက်လှမ်းခဲ့သည်။

ဗလာဂိတ်တံခါးရှေ့တွင် ရပ်နေသော စုမင်သည် တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသကဲ့သို့ မျက်လုံးမှိတ်ထားခဲ့သည်။ တခဏအကြာတွင် လေထုထဲတွင် အက်ကြောင်းတစ်ခုပေါ်လာပြီး ထိုအက်ကြောင်းထဲမှ ကိုယ်ပွား ပေါ်ထွက်လာပြီး စုမင်၏ နောက်တွင် ရပ်နေလေသည်။

စုမင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ညာလက်ကို မြှောက်ကာ အေးခဲနေသော ဂိတ်တံခါးအား ဖိလိုက်သည်။ ထိုအခါ ဂိတ်တံခါးပေါ်ရှိ ရေခဲလွှာများ ကွဲကြကုန်ပြီး အက်ကြောင်းတစ်ခုပေါ်လာခဲ့သည်။စုမင် ထိုအက်ကြောင်းထဲသို့ တိုးဝင်သွားသည့်အခါ ကိုယ်ပွားသည်လည်း စုမင်နှင့်အတူ လိုက်ပါသွားခဲ့သည်။ ဗလာဂိတ်တံခါးသည် စုမင်တို့နှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ......

အနက်ရောင်ပင်လယ်၏ နက်ရှိုင်းသောနေရာတွင် တည်ရှိနေသော ရေခဲမြစ်သည် ယခင်အတိုင်း မှောင်မိုက်နေဆဲပင်......ထိုရေခဲမြစ်ထဲတွင် ချိတ်ပိတ်ခံထားရသော သတ္တဝါအမြောက်အမြားရှိနေပြီး ၎င်းတို့သည် ရုန်းကန်နေပုံရသည်။

ထိုနေရာတစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဟု ထင်ရသည်။ ထိုအနက်ရောင်ပင်လယ်ရေထဲတွင် ပေါ်လာမည့် တစ်ခုတည်းသော အရာများမှာ ရံဖန်ရံခါ ပင်လယ်ရေပြင်တွင် ကူးခတ်နေသည့် သတ္တဝါများပင် ဖြစ်သည်။

ရေခဲမြစ်၏ အထက်ရှိ ရေခဲတောင်ထဲတွင် အေးခဲနေသော ဂိတ်တံခါးတစ်ခုရှိနေသည်။ ယခုတွင် ထိုဂိတ်တံခါးဆီမှ အလင်းရောင်တစ်ချို့ပေါ်ထွက်လာပြီး အရိပ်နှစ်ခုပေါ်လာခဲ့သည်။

ထိုအရိပ်နှစ်ခုသည် စုမင်နှင့် သူ၏ ကိုယ်ပွားတို့ဖြစ်ကြလေ၏......

ပေါ်လာပြီးသည်နှင့် ထိုသူနှစ်ဉီးသည် မလှုပ်ရှားနိူင်အောင် အေးခဲနေကြပေသည်။ ရေခဲများအက်ကွဲသွားသည်အထိ ရက်အနည်းငယ်ကြာသည့်တိုင် ၎င်းတို့နှစ်ဉီး လှုပ်ရှားနိူင်ဉီးမည်မဟုတ်ပေ.....

အေးခဲနေသော လေထုသည် စုမင်၏ အရိုးများထဲထိ စိမ့်ဝင်ကာ အသွေးအသားများကိုပါ အေးခဲစေခဲ့သည်။သူ့နံဘေးရှိ ကိုယ်ပွားသည် အနက်ရောင်ပိုးကောင်များ ပြည့်နှက်နေသည့် ခန္ဓာကိုယ်ရှိသည့်အပြင် သေဆုံးပြီးသား ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည့်အတွက် အအေးဒဏ်အား စုမင်လောက် မခံစားခဲ့ရပေ.....ထို ကိုယ်ပွား၏ သေဆုံးခြင်းအငွေ့အသက်များသည် အေးခဲနေသောလေထုနှင့် ရောနှောသွားကြသဖြင့် စုမင်ထက်စာလျှင် ပို၍သက်တောင့်သက်သာလှုပ်ရှားနေနိုင်ခဲ့သည်။

ကိုယ်ပွား၏မျက်လုံးများသည် မူရင်းခန္ဓာကိုယ်ပိုင်ရှင်အား ကာကွယ်လိုစိတ်များဖြင့် တောက်ပနေ၏....

စုမင်သည် သက်တောင့်သက်သာလှုပ်ရှားနိူင်သည့် ဧရိယာအတွင်းတွင် တင်ပြင်ခွေထိုင်ချလိုက်ပြီး မျက်လုံးမှိတ်ကာ နာရီအနည်းငယ်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူ့တစ်ကိုယ်လုံးအေးခဲလုနီးပါးဖြစ်လာသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ညာလက်အား မြှောက်လိုက်သည်တွင် လေမာန်နတ်ဘုရားပေးအပ်ခဲ့သော လေ​သလင်းကျောက် ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပွားသည် ပါးစပ်ကိုဖွင့်ကာ ဓားငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသော အစိမ်းရောင်အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်သည်။ ထိုဓားသည် အခြေတည်ဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် စုမင်ထံသို့ တည့်တည့်ကြီး တိုးဝင်သွားခဲ့သည်။

ပေါက်ကွဲသံနှင့်အတူ ဓားသည် စုမင်၏ နောက်ကျောပြင်၌ စိုက်ဝင်နေသည်။ အေးခဲနေသာ့်အတွက် စုမင်သည် ထုံထိုင်းနေပြီး နာကျင်မှုအား မခံစားခဲ့ရပေ....အနည်းငယ် မျက်မှောင်ကြုံ့မိသော်လည်း အသံမထွက်ခဲ့ပေ....

နောက်ကျောတွင် ထိုးစိုက်နေသော ဓားလေးသည် အောက်ဘက်သို့ စုန်ဆင်းသွားပြီး ကျောရိုးမကြီးပေါ်လာသည်အထိ စုမင်၏ ကျောပြင်အား ထိုးခွဲနေသည်။

စီးကျလာသော သွေးများသည် လျင်မြန်စွာဖြင့် အေးခဲကုန်လေသည်။ အေးခဲနေသော လေများကြောင့် သွေးထွက်မများသော်လည်း နာကျင်မှုသည် စုမင်အား အသက်ရှူနှုန်း မြန်စေခဲ့သည်။

စုမင်၏ ကျောရိုးမကြီးတွင် အပြာရောင်တောက်ပနေသည့် ကျောရိုးဆစ် လေးခုရှိနေသည်။ ၎င်းတို့သည် စုမင်၏ မာန်အရိုးများဖြစ်ကြသည်။ ဓားလေး၏ ထိုးခွဲမှု ပြီးဆုံးသည့်အခါ ကိုယ်ပွား၏မျက်လုံးများ အေးစက်လာပြီး စုမင်၏လက်ထဲမှ သလင်းကျောက်အား ပျံဝဲလာစေကာ စုမင်၏ ကျောရိုးထဲသို့ ထိုးထည့်လိုက်သည်။ ထိုသလင်းကျောက်သည် ငါးဆစ်မြောက် ကျောရိုးအနီးသို့ အလိိုလို တိုးကပ်သွားလေ၏.....

စုမင်၏ မျက်နှာသည် ဖြူဖျော့နေသည်။ တစ်ကိုယ်လုံး အေးခဲနေသည့်တိုင် နဖူးပေါ်တွင် ချွေးစက်များ ခိုသီးနေ၏....စုမင်၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ပြတ်သားမှုများ ထင်ဟပ်နေသည်။ တုန်ရီနေသော ညာလက်အား မြှောက်လိုက်သောအခါ လက်ထဲတွင် တစ်ဝက်မျှသာ ရှိသည့် လျှပ်စီးသလင်းကျောက်အပိုင်းအစတစ်ခု ပေါ်လာခဲ့သည်။

တခဏမျှ တုံ့ဆိုင်းနေပြီးနောက် စုမင် အံကြိတ်ကာ လျှပ်စီးသလင်းကျောက်အား ခြောက်ဆစ်​မြောက်ကျောရိုးထဲသို့ ပို့လွှတ်လိုက်လေသည်။စုမင်သည် အမွေဆက်ခံခြင်း သလင်းကျောက်နှစ်ခုစလုံးအား ခန္ဓာကိုယ်ထဲသို့ သွတ်သွင်းပြီးသည်နှင့် အအေးဓာတ်အား ခုခံရန် စွမ်းအားများအား တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လိုက်သည်။ တဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်အား ရေခဲလွှာများ ဖုံးလွှမ်းလာပြီး ရေခဲရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

စုမင်၏ကိုယ်ပွားသည် ဘေးနားတွင်ထိုင်ကာ မူရင်းခန္ဓာကိုယ်ပိုင်ရှင်အား ကာကွယ်ရင်း ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်နေခဲ့သည်။

အချိန်များသည် ​တရွေ့ရွေ့ကုန်ဆုံးနေ၏.....

ဤရူးသွပ်သော လုပ်ငန်းစဉ်အား ပြီးမြောက်ရန် အချိန်မည်မျှ ကြာမည်မှန်း မသိန်ိူင်ခဲ့ပေ...ကိုယ်ပွားသာ အနီးကပ်စောင့်ကြပ်မပေးပါက စုမင် ဤလုပ်ရပ်အား လုပ်ရဲလိမ့်မည် မဟုတ်ပေ....ဤ လုပ်ငန်းစဉ်တွင် အသိတစ်ချက်လွတ်သွားပါက အေးခဲ၍ သေဆုံးရပေမည်.......

အခြေတည်စိတ်ဝိဉာဉ်ကြောင့် ကိုယ်ပွားသည် စုမင်၏အခြေနေအား သိနေခဲ့သည်။ တခဏကြာတိုင်း စုမင်၏ ခန္ဓာကိုယ်ထဲသို့ အနွေးဓာတ်ပို့လွှတ်ပြီး စုမင်အား ရေခဲထုထဲတွင် အသက်ဆက်နိူင်အောင် ကူညီပေးနေခဲ့သည်။ စုမင်သည် သလင်းကျောက်များထဲမှ စွမ်းအားများကိုစုပ်ယူရင်း ထိုထဲမှ အမွေအနှစ်များကိုပါ စုပ်ယူနေရသည့်အတွက် သေခြင်း ရှင်ခြင်း အခြေနေနှင့်ရင်ဆိုင်နေရသည်။

ထိုအချိန်တွင် စုမင်၏ ကျောပြင်သည် ထိတ်လန့်စရာကောင်းနေ၏....​အသားစများ ပဲ့ကျနေသည့်အပြင် ကျောရိုးမကြီးအား အထင်းသားမြင်နေရသည်။သွေးအနည်းငယ် စီးကျနေသော်လည်း အသွေးအသားများသည် တဖြည်းဖြည်းခြင်း ပြန်လည်ဖွဲ့စည်းနေကြလေပြီ.....

အသွေးအသားများ ပြန်လည်ဖွဲ့စည်းနေသည့်တိုင် ကျောရိုးထဲတွင် ပြူးထွက်နေသည့် သလင်းကျောက်နှစ်ခုအား ကြည့်ရသည်မှာ အသည်းထိတ်ဖွယ်ကောင်းလှပေသည်။

အချိနိကြာလာသည်နှင့်အမျှ အသွေးအသားများ ပြန်လည်ဖွဲ့စည်းခြင်းနှင့်အတူ ပြူးထွက်နေသော သလင်းကျောက်များသည်လည်း တဖြည်းဖြည်းပါးလျကုန်လေပြီ....

စုမင် မျက်လုံးမှိတ်ထားဆဲပင်...ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်အတွင်း စုမင်သည်  နာကျင်နေပုံရပြီး တစ်ခါတစ်ရံတွင် စိတ်ရှုပ်ထွေးနေပြန်သည်။ တစ်ခါတစ်ရံ တစ်စုံတစ်ခုအား ခက်ခဲစွာတွေးတောနေဟန်ရပြီး အချို့အချိန်များတွင် ကျေနပ်ဝမ်းသာနေပြန်သည်။

လေသလင်းကျောက်သည် တဖြည်းဖြည်းသေးငယ်လာခဲ့သည်။ သတိထား၍ မကြည့်မိပါက စုမင်၏ ကျောရိုးထဲတွင် ထိုအရာ တည်ရှိနေကြောင်း မသိနိူင်သည်အထိ ပါးလျသေးငယ်နေ​သည်။

ယနေ့တွင်မူ စုမင်၏စိတ်ထဲတွင် မုန်တိုင်းထန်နေလေပြီ....ထိုမုန်တိုင်းသည် အမွေအနှစ်ဆက်ခံခြင်းကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းဖြစ်သည်။

***

All Chapters