လေထုခွဲဖြာခြင်း နည်းသုံးသွယ်
Vol. 30 Ch. 414
မီးခိုးရောင်ကောင်းကင်တွင် မြူခိုးလွှာတစ်ခုရှိနေပြီး ထိုဒေသတွင် တိမ်ပင်လယ်ကြီးတစ်ခု ရှိနေပုံရသည်။ ဤအရာသည် ကောင်းကင်သော မြေပြင်သော တစ်ချက်ကြည့်ရုံမျှဖြင့် မခွဲခြားနိူင်ပေ....
စုမင်သည် သူ့ခန္ဓာကိုယ်အား အာရုံခံ၍ မရပေ။ တိမ်ပင်လယ်ပြင်မှာ လေပြင်းများတိုက်ခတ်နေပြီး ဉီးတည်ရာမဲ့စွာ လွင့်မြောနေရသည်။
နှစ်ပေါင်းများစွာကုန်လွန်ခဲ့ခြင်း ဖြစ်နိုင်သလို တခဏမျှသာ ကြာမြင့်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
စုမင် အနည်းငယ် စိတ်ရှုပ်ထွေးနေချိန်တွင် မီးခိုးရောင်ကောင်းကင်ထက်တွင် ထိုင်နေသော အဖြူရောင်ဆံရှည်များရှိသည် ယောက်ကျားတစ်ဉီးအား တွေ့လိုက်ရလေသည်။
အရပ်ရှည်၍ ပိန်သွယ်သော ထိုလူသည် အစိမ်းရောင်ဝတ်ရုံအား ဆင်မြန်းထားပြီး ရှည်လျားလှသော ဆံပင်များ ပိုင်ဆိုင်ထားသည်။ထိုသူသည် ရုပ်ရည်ချောမောခန့်ညားပုံ မပေါ်ပေမယ့် ရည်မွန်ကြော့ရှင်းသူတစ်ဉီး ဖြစ်ပေသည်။ထိုသူ့ထံတွင် မိန်းမဆန်သော ဖီးနစ်သဏ္ဍာန်မျက်ဝန်းများရှိနေပြီး ထိုမျက်ဝန်းများအား တစ်ခါကြည့်ရုံဖြင့် မေ့မရနိူင်အောင် ဆွဲဆောင်နေကြသည်။
စုမင် ထိုသူအား မြင်လိုက်သည်နှင့် ထိုသူ၏ မျက်လုံးများ ပွင့်လာပြီး ထိုမျက်လုံးများသည် ဉာဏ်ပညာကြီးမြတ်မှုများဖြင့် လင်းလက်တောက်ပနေကြသည်။
"ငါ့ရဲ့ ဆက်ခံသူ ရောက်လာပြီပဲ...."
စုမင် တုန်လှုပ်နေမိသည်။ ရှုပ်ယှက်ခတ်နေသော စိတ်သည် ရုတ်တရက် ရှင်းလင်းသွားကာ ရေခဲမြစ်ထဲတွင် အမွေဆက်ခံခြင်း သလင်းကျောက်အားစုပ်ယူနေသည် ကို သတိရမိလိုက်သည်။ သူသည် မုန်တိုင်းပြီးသည်နှင့် တပြိုင်နက် တိမ်ပင်လယ်ထဲသို့ ရောက်လာခဲ့ပြီး သူ့ဉီးခေါင်းထဲတွက် တိုက်ခတ်နေခဲ့သော မုန်တိုင်းကိုလဲ သတိရလိုက်မိသည်။
"အခုလို အမွေဆက်ခံခြင်းက ပထမမျိုးဆက်အတွက် သီးသန့်ပဲ....မင်းတစ်ယောက်တည်းပဲ ငါ့ကို မြင်နိူင်လိမ့်မယ်...မင်းနောက်က ဆက်ခံသူတွေ ငါ့ကို မြင်နိူင်ကြမှာ မဟုတ်ဘူး..."
ထိုသူသည် စုမင်အား နူးညံ့သိမ်မွေ့စွာ ရှင်းပြနေ၏.....
" ငါက လေမာန်နတ်ဘုရားပါ...လေရဲ့ စွမ်းအားကို နားလည်သဘောပေါက်ပြီး သူတော်စင်တစ်ပါးဖြစ်လာခဲ့တယ်....မာန်နတ်ဘုရားနဲ့အတူ ကြီးမြတ်တဲ့ နဝမမြောက်လောကကြီးအပါဝင် နယ်မြေတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်....ငါတို့သွားလေရာအရပ်တိုင်းမှာ ငါတို့ကို မကိုးကွယ်ဘဲနေရဲတဲ့သူ မရှိဘူး....အခုဒီနေရာမှာ ကျန်ခဲ့တာက မာန်နတ်ဘုရားနဲ့အတူ နဝမမြောက်ကမ္ဘာကြီးဆီမသွားခင် ချန်ရစ်ထားခဲ့တဲ့ ငါ့ရဲ့ စိတ်ဆန္ဒတစ်ခုပါပဲ....အနာဂတ်မျိုးဆက်သစ်တွေ လေမာန်နတ်ဘုရအဖြစ် ငါ့အမွေကို ဆက်ခံနိုင်ဖို့ အပိုင်းအတချို့ ချန်ထားပေးခဲ့တယ်....."
" လေမာန်နတ်ဘုရားရဲ့စွမ်းအားတွေက အချိန်နဲ့အမျှပြောင်းလဲနေတာကြောင့် မင်း အနေနဲ့ ဒါတွေကို တစ်ထိုင်တည်း အမွေဆက်ခံနိူင်မှာ မဟုတ်ဘူး.....ဒါ့ကြောင့် အဲ့ဒီ့စွမ်းအားတွေကို နတ်ဘုရားစွမ်းရည် ပညာရပ်သုံးခုအဖြစ် ခွဲခြားလိုက်တယ်...မင်းသာ ဒီပညာရပ်သုံးခုစလုံးကို ကျွမ်းကျင်သွားရင် လေမာန်နတ်ဘုရားရဲ့ အဓိပ္ပါယ်ကို ငါးပုံတစ်ပုံစာလောက် နားလည်လာလိမ့်မယ်...."
" လေထုခွဲဖြာခြင်းနည်းသုံးသွယ်ရဲ့ ပထမတစ်ထုကို "နေကမ္ဘာ" လို့ခေါ်တယ်...."
ထိုသူ၏ မျက်ဝန်းများသည် စကားပြောနေစဉ်အချိန်တွင် တလက်လက်တောက်ပနေသည်။ ထို့နောက် သူသည် ညာလက်အား မြှောက်လိုက်ပြီး လေထုထဲတွင် ဝှေ့ယမ်းနေသည်။
" ကောင်းကင်ပေါ်က တိမ်တွေကို တွန်းဖယ်တဲ့အခါ တိမ်ပင်လယ်လှုပ်ခတ်သွားပြီး နေမင်းက သူ့အလိုလို ထွန်းလင်းလာလိမ့်မယ်....နေကမ္ဘာကို ထွန်းလင်းဖို့ တစ်ခုတည်းသောလိုအပ်ချက်က လေ ပဲ......"
ထိုစကားသံများ လေထုထဲတွင် ပဲ့တင်ထပ်သွားချိန်၌ တိမ်ပင်လယ်ကြီးသည် ပြင်းထန်စွာ လှုပ်ရှားလာပြီး ဧရာမဝဲဂယက်အသွင် ပြောင်းလဲသွားခဲ့သည်။ထိုလူ့အား ဗဟိုပြု၍ ဖြစ်တည်လာသော ဝဲဂယက်ကြီးသည် အဆုံးမဲ့စွာ ကြီးမားကျယ်ပြန့်လာပြီး ကျယ်လောင်သော အသံများဖြင့် စတင်လည်ပတ်နေတော့သည်။
စုမင်သည် ဘေးနားတွင်ရပ်ကာ တိမ်ပင်လယ်ကြီးအား ကြည့်နေခဲ့သည်။ ဤ အချိန်တွင် မည်သူမဆို မြေပြင်ကနေ ကောင်းကင်ပေါ်သို့ မျှော်ကြည့်ပါက ကြောက်ရွံထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုအား မြင်တွေ့ရပေလိမ့်မည်။ ကောင်းကင်ပေါ်ရှိ တိမ်တိုက်များအားလုံးသည် ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းအား မြင်ယောင်ကြည့်ပါလေ......
" လေက ဘယ်အရပ်ကလာသလဲ..."
ထိုသူ ပြုံးနေ၏.....
" ငါ့လက်ကို ဝှေ့ယမ်းလိုက်တဲ့ဆီကလာတယ်....တိမ်ပင်လယ်ကို ဖယ်ရှားဖို့ ကောင်းကင်ဆီကို လေ ကို လမ်းကြောင်းပေးလိုက်တယ်...တိမ်ပင်လယ်ကြီး ဝဲဂယက်အဖြစ်ပြောင်းသွားတဲ့အခါ လေ ကလည်း အဆပေါင်းများစွာ ပြင်းထန်လာတယ်...."
" တိတိကျကျပြောရင် နေကမ္ဘာ ပညာရပ်ကို အဆင့်သုံးဆင့် ထပ်ခွဲထားတယ်....ပထမအဆင့်က လေထုအားတွန်းကန်ခြင်း....ဒုတိယအဆင့်က လေထုအားချေးငှားခြင်းနဲ့ နောက်ဆုံးအဆင့်ကတော့ နေကမ္ဘာပဲ...."
ထိုလူသည် ညာဘက်အား လက်သီးဆုပ်လိုက်ကာ လေထုထဲသို့ လက်သီးချက် ပစ်သွင်းလိုက်သည်နှင့် တိမ်ပင်လယ်သည် ဝဲဂယက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုသူ၏ လက်သီးထံသို့ တဟုန်ထိုးပြေးဝင်လာခဲ့သည်။စုမင် တုန်လှုပ်နေစဉ်မှာပင် ထို ဝဲဂယက်သည် ထိုလူ၏ လက်သီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေပြီ........
ဖြစ်စဉ်တစ်ခုလုံးအား ခြုံငုံကြည့်ပါက ထိုသူ လက်သီးဆုပ်လိုက်သည်နှင့် အဆုံးမဲ့လေသော တိမ်ပင်လယ်ကြီးသည် ထိုသူ့ဆီသို့ လျင်မြန်စွာစုရုံးလာသလိုပင်......
ဤသည်မှာ အဆုံးမဲ့သော တိမ်ပင်လယ်ကြီးအား လက်ထဲတွင် ဆုပ်ကိုင်ထားသည့်ပုံပမာနှယ်.....
ယခုချိန်တွင် ထိုသူသည် ဤကမ္ဘာလောက၏ အဆုံးစမဲ့သော လေစွမ်းအားများအား ဆုပ်ကိုင်ထားသည်နှင့် အလားသဏ္ဍာန်တူနေပေသည်။
" နေကမ္ဘာ...."
ထိုလူသည် ရှေ့သို့ လက်သီးတစ်လုံး အသာာပစ်သွင်းလိုက်သည်။ ထိုလက်သီးချက်တွင် မည်သည့်ခွန်းအားမျှ မရှိဟု ထင်ရသော်လည်း လက်သီးချက်ပစ်သွင်းလိုက်သည့်အခါ ဖော်ပြခြင်းငှာမစွမ်းစာသော ပြင်းထန်သည့် လေပြင်းများ ဖြစ်ပေါ်လာသည်။ ဤသည်မှာ တိတ်ဆိတ်နေသော အာရုဏ်ဉီးတွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မိုးခြိမ်းသံတစ်ခုကြားလိုက်ရသည့်နှယ် သို့မဟုတ် ငြိမ်သက်နေသော ပင်လယ်ပြင်တွင် ပြင်းထန်သောမုန်တိုင်းတစ်ခုတိုက်ခတ်သွား သည့်ပမာနှယ်.......
ပြင်းထန်သော လေပြင်းများသည် လေနဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ၎င်း၏ ဟိန်းဟောက်သံသည် ကောင်းကင်ကြီးအား ဆုတ်ဖြဲသွားပြီး ကြီးမားသည် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်စေခဲ့သည်။ထိုနဂါးကြီးသည် ဟိန်းဟောက်သံတစ်ချက်ပြုကာ အပေါက်ကြီးထဲသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။
" ဒုတိယ ပညာရပ်....လမင်းအားမြှပ်နှံခြင်း..."
လေမာန်နတ်ဘုရားသည် မျက်ဝန်းများအား မှေးကျဉ်းလိုက်သည့်အခါ အစိမ်းရောင်အလင်းတစ်ချက် ထွက်ပေါ်လာလေ၏.....
" ငါ ဒီပညာရပ်ကို တကယ်သဘောကျတယ်...ဒီပညာရပ်ကို ငါ တီထွင်ထားတာမဟုတ်ပါဘူး....ငါ ဒါကို ရှေးဟောင်း ဒဏ္ဍာရီတစ်ခုကနေ အမွေရခဲ့တာ....ငါ ဒီဒဏ္ဍာရီကို အဓိပ္ပါယ်ကောက်နိူင်ဖို့ ရှေးဟောင်းနယ်မြေတွေဆီ ခရီးထွက်ခဲ့ရတယ်..."
" ဒီပညာရပ်က တည်ရှိခဲ့တာ ကြာပြီဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်လာပြီ.... ဒီပညာရပ်ကို ကျုပ် နည်းနည်း ပြုပြင်ခဲ့တယ်....ရှေးခေါတ်တုန်းက နတ်ဘုရားတွေ သေဆုံးတဲ့အခါ ကောင်းကင် ဒါမှမဟုတ် မြေပြင်မှာ မမြှုပ်နှံရဘူးဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိခဲ့တယ်....အဲ့အစား သူတို့ကို လေထဲမှာပဲ မြှုပ်နှံကြတယ်...သူတို့အတွက် လေဟာ အခေါင်းတလားပဲ...."
ထိုလူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ၎င်းသည် ဆိုးရွားလှသည်။ထို့နောက် ညာလက်နှစ်ချောင်းဖြင့် မြေပြင်သို့ ညွှန်ပြနေသည်။
စုမင် ငုံ့ကြည့်လိုက်သည့်အခါ မြေပြင်သည် တနည်းတဖုံထူးဆန်းနေပေသည်။ သိပ်မကြာခင်မှာပင် မြေပြင်သည် တဖန် ရှင်းလင်းသွားပြီး ဤသည်မှာ မြင်ဖူးနေကြ မြေပြင်မဟုတ်တော့ဘဲ လူများဖြင့် ပြည့်နှက်နေသည့် နေရယတစ်ခု ဖြစ်နေလေသည်။
ဝတ်စားဆင်ယင်ပုံနှင့် ပုံပန်းသဏ္ဍာန်တို့အား သဲကွဲစွာ မမြင်နိုင်သော်ငြားလည်း မြောက်မြားစွာ လူတို့သည် မြေပြင်ထက်တွင် ရှိနေကြ၏...ထိုသူတို့သည် မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး စုမင် နားမလည်နိုင်သော ဘာသာစကားများအား ကျွက်ကျွက်ညံအောင် ရေရွတ်နေကြသည်။ လူဉီးရေသည် သောင်းချီ ခန့်မျှ ရှိပေမည်။
ထိုသူတို့သည် သစ်သားယာဇ်တိုင်ကြီးအား ဧရာမစက်ဝိုင်းကြီးသဖွယ် ဝိုင်းရံထားကြ၏...ထိုသစ်သားယဇ်တိုင်ပေါ်တွင် အသွေးအသားခြောက်ခမ်းနေသော အလောင်းတစ်ခုအား ချိတ်ဆွဲထားသည်။
" သေချာ အနီးကပ် ကြည့်ကြည့်ပါ...."
လေမာန်နတ်ဘုရားသည် စုမင်အား ရုတ်တရက် ပြောလိုက်လေသည်။ စုမင် တုန်လှုပ်ခြောက်ခြားစွာဖြင့် မြေပြင်ထက်သို့ အကြည့်မလွှဲဘဲ စိုက်ကြည့်နေခဲ့သည်။
သစ်သားယဇ်တိုင်ကြီးအား ဝန်းရံထားသည့် ထောင်ပေါင်းများစွာသော လူများသည် တဖြည်းဖြည်းချင်းရွေ့လျားနေကြပြီး အားလုံးသည် ကောင်းကင်အား မော့ကြည့်နေကြ၏....လူသားစက်ဝိုင်းကြီးသည် လည်ပတ်နေသလိုပင်....ထိုမြင်ကွင်းသည် စုမင်အား စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာစေသည်။
"လမင်းအားမြှုပ်နှံခြင်း " နှင့် မြေပြင်ပေါ်ကလူများ မည်သို့ ဆက်စပ်နေမှန်း စုမင် မသိပေ....သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုလူများသည် လမ်းလျှောက်နေရာကနေ ပြေးကုန်ကြလေသည်။ သောင်းနှင့်ချီသော လူများ ပြေးလွှားကြသည့်အခါ စက်ဝိုင်း၏ လည်ပတ်နှုန်းသည် အရှိန်ပိုမြန်လာခဲ့လေပြီ.....
" လူတွေ စက်ဝိုင်းပုံသဏ္ဍာန် ပြေးကြတဲ့အခါ လေပွေတစ်ခုဖြစ်လာတယ်....ဒါဟာ လေကို ဖန်ဆင်းတာများဖြစ်နေမလား...."
စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက်တောက်ပလာသည်။
ထောင်သောင်းချီသော လူများ ပြေးလွှားကြသည့်အခါ ထိုလူများဆီမှ အပူလှိုင်းများ ပျံ့လွင့်လာပေမည်။ ထိုအပူလှိုင်းသည် ခန္ဓာကိုယ်အတွင်း ချီဓာတ်အား လှည့်ပတ်ရာမှ ဖြစ်ပေါ်လာခြင်းပေတည်း....တစ်ဉီးတစ်ယောက်တည်းဆီမှ ထွက်ပေါ်လာသော အပူလှိုင်းသည် အားနည်းနေပေမည်။ သို့သော် ထောင်သောင်းချီသော လူများဆီမှ ထွက်ပေါ်လာသော အပှုလှိုင်းသည်ကား မယုံနိူင်လောက်အောင် ကွဲပြားနေပေလိမ့်မည်။
လေပူများ ထွက်ပေါ်လာသောအခါ ထိုလူတို့သည် လေထဲတွင် ဖြည်းညှင်းစွာ စတင် မျောလွှင့်ကြကုန်သည်။
တဆက်တည်းမှာပင် ပြေးလွှားနေသော လူများထဲမှ ရာဂဏန်းအနည်းငယ်ခန့်မျှသော လူများသည် ယဇ်တိုင်ထက်တွင် ချိတ်ဆွဲခံထားကသော အလောင်းကောင်၏ အထက်၌ ရပ်နေနိုင်ရန် ကောင်းကင်ထက်သို့ ဆန်တက်သွားကြလေသည်။ ထိုလူများသည် လေထုထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေကြ၏....ထိုအငွေ့အသက်ကြောင့် အနီးအနားတစ်ဝိုက်သည် ချက်ချင်းပင် အေးခဲသွားလေသည်။
နောက်ဆက်တွဲ မြင်ကွင်းများကြောင့် စုမင် အံ့သြနေခဲ့ရသည်။ အထက်က စုန်ဆင်းလာသည့် လေအေးများနှင့် မြေပြင်ထက်မှ ဆန်တက်လာသော လေပူများ ထိပ်တိုက် တွေ့ဆုံကြလေပြီ.....
ထိုသို့ ထိပ်တိုက်တွေ့ကြရာဝယ် ပြင်းထန်သော လေပြင်းများနှင့် စူးရှသော လေတိုးသံများ ဖြစ်ပေါ်လာလေသည်။ ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ထောင်ပေါင်းများစွာသော လူများသည် စကားတစ်ခွန်းအား သံပြိုင် ဟစ်အော်လိုက်ကြသည်။
" မြှုပ်နှံခြင်း....."
ထိုအသံသည် ကောင်းကင်ကို လှုပ်ခါစေပြီး ထောင်သောင်းချီသော လူများအား ပို၍ လျင်မြန်စွာ ပြေးနိုင်စေကာ ၎င်းတို့၏ ခန္ဓာကိုယ်မှ လေပူများ ပိုမို ပျံ့နှံ့သွားစေခဲ့သည်။ ကောင်းကင်တွင် တင်ပျဉ်ခွေထိုင်နေကြသည့် ရာနှင့်ချီသော လူတွေကလည်း အဲထိုအချိန်တွင် မျက်လုံးဖွင့်ပြီး တပြိုင်နက် ဟစ်အော်ကြလေသည်။
" လမင်း....."
အထက်ဘက်ရှိ ထိုလူများ အော်ဟစ်လိုက်သည့်အခါ အေးစက်နေသော လေများသည် အောက်ဘက်သို့ပျံ့နှံ စုန်ဆင်းသွားလေသည်။လေပူများနှင့် ထပ်မံတွေ့ဆုံသည့်အခါ ၎င်းတို့အား စုပ်ယူပြီး ပိုမိုပြင်းထန်အားကောင်းသော လေထုတစ်ခု ဖြစ်ပေါ်လာသည်။ထိုလေများသည် သစ်သားယဇ်တိုင်ပေါ်ရှိအလောင်းအားတိုက်ခတ်သည့်အခါ ထိုအလောင်း၏ သွေးသားများသည် လျင်မြန်စွာခမ်းခြောက်လာပြီး နောက်ဆုံးတွင် အရိုးနှင့်အရေသာ ကျန်ရစ်တော့၏....
ဤမျှဖြင့် အဆုံးမသတ်သေးပေ....." မြှုပ်နှံခြင်း " နှင့် " လမင်း " ဟူသော စကားလုံးတို့အား ထပ်တလဲလဲ ရွတ်ဆိုနေကြသည့်အခါ လေများသည် ပိုမိုပြင်းထန်လာကြ၏....အချိန်ကြာလာသည်နှင့်အမျှ စုမင်၏ စိတ်နှလုံးသားသည်လည်း သည်းအူလှိုက်မျှ တုန်လှုပ်နေလေပြီ.....နောက်ဆုံးတွင် အလောင်းသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လေပြင်းများနှင့် အတူ စုမင် မြင်တွေ့နေရသည့် မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ....
" ဒါက လမင်းအား မြှုပ်နှံခြင်းပဲ...."
လေမာန်နတ်ဘုရား၏ စကားသံထွက်ပေါ်လာ၏...
အရင်တိုင်းပြန်ဖြစ်သွားသော မြေပြင်အား စိုက်ကြည့်ရင်း စုမင်၏ စိတ်နှလုံးသည် ပြင်းထန်စွာ ခုန်ပေါက်နေ၏...သူသည် လမင်းအားမြှုပ်နှံခြင်း ပညာရပ်အတွင် တုန်လှုပ်ခြင်း မရှိသော်ငြားလဲ ထိုလူများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် လေဖန်ဆင်းခြင်း အတတ်ပညာတို့ကြောင့် အံ့အားသင့်နေမိခဲ့သည်။
' ဒါက လေဖန်ဆင်းခြင်းပဲ.....အပူဓာတ်နဲ့ အအေးဓာတ် ထိပ်တိုက်တွေ့ကြတာပဲ....ဒါက အပူနဲ့အအေး ကူးပြောင်းရာကနေ လေဖြစ်ပေါ်လာတယ်လို့ ဆိုရမှာပဲ.....ဟုတ်တယ်....လက်သီးချက် ထုတ်ရင် လေလဲ လှုပ်ရှားလာမယ်....ဒါပေမယ့် ငါ ဒါကို တစ်ခါမှ မတွေးမိခဲ့ဘူး....ဒီလောကမှာ လေက ဘယ်အရာကနေ ဖြစ်တည်လာတာလဲ....လေဆိုတာ အငွေ့အသက်နှစ်ခု ထိပ်တိုက်တွေ့ရာကနေ ဖြစ်ပေါ်လာတာပဲ....."
စုမင်ကို ကြည့်ရသည်မှာ အမွေအနှစ်အား ဆက်ခံနိုင်ခဲ့ဟန်တူသည်။
" ငါ့ရဲ့ အမြင်ရဆို လေက လောကတစ်ခွင် နေရာအနှံ့မှာ ရှိနေတယ်....မင်းသာ နယ်မြေတစ်ခုရဲ့ လေထုကို ခွဲခြားထားနိုင်မယ်ဆို မင်းက အဲ့ဒီ့နယ်မြေရဲ့ အရှင်သခင် ဖြစ်လာနိုင်မယ်...."
လေမရှိရင် အော်ရာမရှိနိုင်ဘူး...အော်ရာမရှိရင် စွမ်းအားမရှိဘူး....လောကစွမ်းအားတွေကို ချိတ်ပိတ်လိုက်တဲ့အခါ အမျိုးမျိုးသော အော်ရာတွေမရှိတော့တဲ့အတွက် မင်းရှိနေတဲ့အရပ်က သက်ရှိအားလုံးအတွက် တားမြစ်နယ်မြေတစ်ထုဖြစ်သွားပြီး လေထုကို ခွဲဖြာနိုင်လာလိမ့်မယ်...."
" ဒါက လေထုခွဲဖြာခြင်း နည်းသုံးသွယ်နဲ့ ပတ်သတ်ပြီး ငါ့ရဲ့ နားလည်မှုအကုန်ပဲ.....ငါ ဒါကို မင်းဆီပေးခဲ့မယ်....လေရဲ့ မူလအရင်းအမြစ်ပေါ် ဘယ်လောက်အတိုင်းအတာထိ နားလည်နိူင်မယ်ဆိုတာ မင်းအပေါ်မူတည်သွားပြီ...."
" လေထုခွဲဖြာခြင်း နည်းလမ်းသုံးသွယ်အပြင် မြင့်မြတ်တဲ့အမွေနှစ်တစ်ခုရဖို့အတွက် ငါ့ရဲ့ ကျန်ရှိနေတဲ့ စိတ်ဆန္ဒကို သုံးကြိမ်သုံးခွင့်ပေးမယ်...စိတ်ဆန္ဒသုံးခွင့် တစ်ကြိမ်ကကို နတ်ဘုရားစွမ်းရည်ပညာရပ်တစ်ခုပဲ နားလည်စေနိူင်လိမ့်မယ်....ဒါက မင်းအတွက် စိတ်ဆန္ဒသုံးခွင့် ပထမဆုံးအကြိမ်ပဲ ....ရော့.....နေကမ္ဘာပညာရပ်အတွက် အမွေအနှစ်ကို ယူလိုက်...."
လေမာန်နတ်ဘုရားဆိုသူသည် စကားသံဆုံးသည်နှင့် ပျောက်ကွယ်သွားလေ၏.....မကြာခင်မှာပင် ပြင်းထန်အားကောင်းသော လေတစ်သုတ်သည် စုမင် တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားလေတော့သည်။
***