ခေါင်းသုံးလုံး မဟူရာလိပ်.......
Vol. 30 Ch. 415
မျက်စိတစ်မှိတ်အတွင်း အချိန်တွေ ကုန်ဆုံးခဲ့သည်မှာ ခြောက်လတိုင်ခဲ့လေပြီ...ရှာမန်နယ်မြေတွင်း ဟုန်လောကြောင့် ကပ်ဘေးဆိုက်ခဲ့သည်မှာလည်း တစ်နှစ်တာမျှကြာမြင့်ခဲ့ပြီဖြစ်၏.....
ကောင်းကင်မြူခိုးမြို့ပြင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ရန်သူ့နယ်မြေဘက်မှ ကျူးကျော်လာသည့် တိုက်ပွဲငယ်များသည်လည်း အလွန်များပြားနေသည်။
ကောင်းကင်မြူခိုးမြို့တော်၏ ခံစစ်ပိုင်းသည် အားနည်းနေလေပြီ....မာန်မျိုးနွယ်စု၏ အင်အားကြီးမားသော မာန်စွမ်းအားရှင်အများစုသည် မြို့တော်အား စောင့်ရှောက်နေရ၏.....
မာန်မျိုးနွယ်စုများကြားတွင် အရှေ့မြေရိုင်းဒေသနှင့် ပတ်သက်သည့် ကောလဟလတစ်ခု ပျံ့နှံနေပြီး ကြားရသူအပေါင်းအား လေးလံဖိစီးစေခဲ့သည်။
ရှာမန်နယ်မြေတွင်မူ ပင်လယ်သေဒေသအစွန်းပိုင်းတွင် မည်သည့်မျိုးနွယ်စုမျှ ရှိနေကြတော့ပေ....မျိုးနွယ်စု၏ ခုနှစ်ပုံခန့်သည့် ပြောင်းရွေ့နေကြပြီဖြစ်သည်။
သို့သော်လည်း မရွေ့ပြောင်းသေးသည့် မျိုးနွယ်စုအချို့လည်း ရှိနေသေးသည်။ထို မျိုးနွယ်စုများသည် ရွေ့ပြောင်းရန် စွမ်းအားမရှိခြင်း သို့တည်းမဟုတ် အဝေးသို့ ပြောင်းရွေ့ခဲ့ပါကလည်း နေထိုင်ရေးအတွက် အခက်အခဲရှိခြင်းတို့ကြောင့် မူလနေရပ်တွင်သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
နွားသိုးဖြူမျိုးနွယ်စုသည် ဒုတိယအမျိုးအစားထဲတွင် ပါဝင်နေသည်။ယခင် တွေ့ကြုံခံစားခဲ့ရခြင်းများကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သော်လည်း ၎င်းတို့ မျိုးနွယ်စုအနီးအနားတွင် ပြောင်းရွှေ့ရန်အလို့ငှာ ဖြတ်သန်းသွားလာနေသည့် အခြားသော မျိုးနွယ်စုများ ရှိ မရှိ စုံစမ်းခဲ့ကြသည်။ နောက်ဆုံးတွင်မူ ဆုံးဖြတ်ချက်အား လက်လျှော့လိုက်ကြရလေသည်။
ရှာမန် နယ်မြေသည် ကျယ်ပြောလှပေသည်။အကယ်၍ မျိုးနွယ်စုဝင်များ ရွှေ့ပြောင်းသွားလာရင်းဖြင့် အခြားသော မျိုးနွယ်စုများထံခိုလှုံနိုင်မည်ဆိုခြင်းသည် ဖြစ်နိုင်ချေတစ်မျှသာ ဖြစ်သည်။ အကယ်၍များ ခိုလှုံစရာ မျိုးနွယ်စုနှင့် မတွေ့ဘဲ ဖျက်ဆီးမည့်သူများနှင့်သာ တွေ့ခဲ့မည်ဆိုလျှင် မူရင်းနေရပ်တွင် ဆက်လက်နေထိုင်ခြင်းက သာ၍ အဆင်ပြေပေလိမ့်မည်။
လွန်ခဲ့သော ခြောက်လအတွင်း နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးသည် စုမင်နေထိုင်ခဲ့သည် တောင်တန်း အနီးအနားသို့ အကြိမ်ကြိမ် သွားရောက်စစ်ဆေးခဲ့သည်။ ထိုနေရာနှင့် ပတ်သတ်၍ တစ်စုံတစ်ခု လွဲချော်နေပြီဟု ယုံကြည်နေခဲ့မိသည်။ ကြိုးကြာနက်မျိုးနွယ်စု၏ အဖြစ်ဆိုးများကို ကြားသိလိုက်ရသည့် အခါ စုမင်နေထိုင်သည့် တောင်တန်းများအား ပို၍ပင် သံသယဝင်နေမိတော့သည်။
ဘိုးဘေးသည် စုမင် နေထိုင်သည့် တောင်တန်းအနီးအနားဆီသို့ ယဉ်ကျေးပျူငှာသော အမူအရာဖြင့်သာ သွားရောက်ခဲ့သည်။ စုမင်နှင့် တွေ့ဆုံရန် အလို့ငှာ တောင်တန်းအပြင်ကနေ တလေးတစား အော်ပြောခဲ့သော်ငြားလည်း တုံ့ပြန်မှုမရခဲ့ပေ...သို့သော်...ဘိုးဘေးသည် ဇွဲမလျှော့ဘဲ ရက်အနည်းငယ်ကြာတိုင်း ရောက်ရောက်လာပြန်သည်။
ဤသို့ဖြင့် အချိန်များစွာ ကုန်လွန်နေခဲ့သည်။ မီးတောက်မျောက်ဝံသည် ချိတ်ပိတ်ခံခါးရသော တောင်တန်းအတွင်းတွင် လှည့်လည်သွားလာနေပြီး မြွေငယ်လေးသည် လေထုထဲတွင် လှည့်ပတ် ပျံသန်းနေ၏....အဆိပ်အလောင်းကောင်သည်ကား ဂူပေါက်ဝတွင် ခြောက်လလုံးလုံး မလှုပ်မရှားဘဲ မတ်တပ်ရပ်နေခဲ့သည်။
ဗလာဂိတ်တံခါးပေါ်က ရေခဲများသည် ခြောက်လကြာသည်အထိ ဆက်လက်တည်ရှိနေပြီး လုံးဝကို အရည်မပျော်သေးပေ......
စုမင်သည် အနက်ရောင်ပင်လယ်ရေများဝန်းရံထားသော ရေခဲတောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေလေ၏.... သူ့ခန္ဓာကိုယ်သည် လုံးဝ အေးခဲနေပေဝည်။သူ့ကိုယ်ပွားသည် သူ့အား အချိန်နှစ်ဝက်ကြာသည်အထိ ကာကွယ်ပေးနေခဲ့သည်။
စုမင်၏ကျောပြင်တွင် သွေးများ စီးကျမနေတော့ပေ....ဤခြောက်လအတွင်း ကျောဘက်မှ ဒဏ်ရာများသည် တဖြည်းဖြည်းချင်း သက်သာနေခဲ့သည်။ယခုချိန်တွင် လျှပ်စီးအမွေခံ သလင်းကျောက်အား သေးငယ်သော အဖုအထစ် အဖြစ်သာ မြင်တွေ့နိုင်ပြီး လေသလင်းကျောက်အား လုံးဝတွေ့ရတော့မည် မဟုတ်ပေ.....
စုမင်၏ကျောရိုးတွင် မာန်အရိုးလေးခုရှိသော်လည်း ထိုအချိန်တွင် ပဉ္စမမြောက်ကျောရိုးသည် အစိမ်းရောင်အလင်းတို့ဖြင့် တောက်ပနေပြီး ၎င်းသည် ပြောင်းလဲနေပြီဟု ထင်ရသည်။ ၎င်း၏အသွင်အပြင်သည် ပြောင်းလဲသွားမည်မဟုတ်သော်လည်း ၎င်းသည် လူတို့အား လေအမွေဆက်ခံခြင်းသလင်းကျောက်နှင့် ဆင်တူသောခံစားချက်ကိုပေးစွမ်းနေသည်။ ပဉ္စမမြောက် မာန်အရိုးသည် လေအမွေဆက်ခံခြင်း သလင်းကျောက်အားစုပ်ယူခဲ့ခြင်းဖြစ်သည်။
နောက်ထပ် အချိန်တစ်လတာ ကုန်ဆုံးခဲ့ပြန်ပြီ....
ခုနှစ်လတာ သီးသန့်ကျင့်ကြံနေခဲ့သော စုမင်သည် ရုတ်တရက်ဆန်စွာ လှုပ်ရှားခဲ့သည်။ သူ့ကိုယ်ပေါ်က ရေခဲလွှာများ အက်ကွဲစပြုလာသော အခါ စုမင်၏ မျက်လုံးများ ပွင့်လာခဲ့သည်။
မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ၎င်းတို့ထဲတွင် နဂိုရှိရင်းစွဲ လေးနက်မှုများအပြင် လေပွေငယ်လေးတစ်ခုပါတည်ရှိနေလေပြီ.....ရေခဲလွှာများ အက်ကွဲသွားသည့်အခါ စုမင် ပြန်လည်လှုပ်ရှားနိုင်ပြီဖြစ်သည်။
သူသည် သူ၏ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများကို တိတ်တဆိတ်ခံစားမိပြီး သူ့ကိုယ်သူ သီးခြားမကျင့်ကြံမီ ပုံစံနှင့် နှိုင်းယှဉ်ပါက ပိုမိုသန်မာလာကြောင်း ရှင်းလင်းစွာ ခံစားမိနေရသည်။
" နေကမ္ဘာတဲ့လား....."
စုမင်ခေါင်းငုံ့ပြီး ညာလက်ကို ကြည့်လိုက်သည် ။ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ရှိနေသည်။လေမာန်နတ်ဘုရား ၏အမွေကိုဆက်ခံခြင်းလုပ်ငန်းစဉ်တစ်ခုလုံးတွင် သူ၏ ပညာရပ်ဆိုင်ရာ အမွေအနှစ်အား ရရှိရန် အခွင့်ရေးတစ်ခုအား အသုံးပြု၍ နေကမ္ဘာပညာရပ်အား အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်။ထိုသို့လေ့ကျင့်ချိန်တုန်း စုမင်တစ်ယောက် လေများနှင့် ပြည့်နှက်နေသော ပုံရိပ်ယောင်လောကတစ်ခုထဲတွင် ပြန်လည်မွေးဖွားလာသလို ခံစားနေခဲ့ရသည်။
စုမင် လက်သီးဆုပ်၍ ပေါ့ပါးစွာ မတ်တပ်ထရပ်လိုက်သည့်အခါ ဘေးနားတွင်ရှိနေသော ကိုယ်ပွားသည်လည်း စုမင်နှက့်အတူ ထရပ်လိုက်သည်။
စုမင် နောက်ပြန်မလှည့်ဘဲ သူ့ရှေ့က ရေခဲတောင်နံရံတွေနဲ့ ရေခဲမြစ်ကို စိုက်ကြည့်နေခဲ့သည်။ တခဏမျှတိတ်ဆိတ်သွားပြီးနောက် ပေရှစ်ရာအကွာတွင် ရှိနေသော ချိတ်ပိတ်ခံထားရသည့် အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီးဆီသို့ သူ့အကြည့်များ ကျရောက်သွားလေတော့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုမင်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး သူ့ရှေ့မှ ရေခဲလွှာကို ထိလိုက်သည့်အခါ ထိုရေခဲလွှာဝည် ချက်ချင်းဆိုသလို အက်ကွဲသွားလေသည်။ တခဏအကြာတွင် ထိုအက်ကွဲရာများမှတဆင့် အနက်ရောင်ပင်လယ်ရေများ စီးဝင်လာကြသည်။ ပင်လယ်ရေများ စီးဝင်လာချိန်တွင် စုမင်သည် ရေခဲတောင်ထဲမှ ထွက်ခွာသွားနှက့်ခဲ့ပြီဖြစ်ပြီး သူ၏ကိုယ်ပွားသည်လည်း သူ့နောက်သို့ လိုက်သွားခဲ့လေပြီ......
စုမင်သည် နောက်ဘက်တွင် ကျန်ခဲ့သော ရေခဲတောင်ကြီးအား အာရုံထားမနေတော့ပေ....ထိုအနက်ရောင်ပင်လယ်ရေများထဲတွင် ရှိနေသော ဖိအားတစ်ခုကြောင့် စုမင် နစ်မြှုပ်သွားသော်လည်းဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းနေဆဲပင်....
သူသည် ရေခဲတောင်မှ ပေရှစ်ရာအကွာအထိ လျှောက်လှမ်းခဲ့သည်။ အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီးအား ချိတ်ပိတ်ထားသည့်နေရာသို့ ရောက်သွားသောအခါ၊ စုမင်သည် အတိတ်ကာလတုန်းက အခြေနေနှင့် လက်ရှိအခြေနေကြားရှိ
ခြားနားချက်ကို ခံစားမိလိုက်သည်။ သူသည် လေအမွေဆက်ခံခြင်းသလင်းကျောက်နှင့် မပေါင်းစည်းခင်က ပေရှစ်ရာ လမ်းလျှောက်ခြင်းသည် သူ၏ ကန့်သတ်ချက် ဖြစ်နေပြီဖြစ်သော်လည်း ယခုတွင်မူ ရှေ့သို့ ခြေလှမ်းများစွာ လှလှမ်းနိုင်ဆဲဟု ခံစားမိနေသည်။
အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီးအား ပိတ်လှောင်ထားသော ရေခဲတောင် ရှေ့တွင် စုမင်သည် လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကိုယ်ပွားသည်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပင်လယ်ရေများကို ထွင်းဖောက်၍ ထိုရေခဲတောင်ဆီသို့ လက်ညှိုးညွှန်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် စုမင်၏ လက်သီးချက်ကြောင့် ရေခဲတောင်၏ မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ကိုယ်ပွားဆီမှ ထွက်ပေါ်လာသော အစိမ်းရောင်အလင်းတန်းသည် ဓားမြှောင်တစ်လက်အဖြစ် အသွင်ပြောင်းသွားကာ ထိုအက်ကွဲကြောင်းများထဲသို့ ထိုးစိုက်သွားခဲ့သည်။ ထိုအချိန်တွင် စုမင် လက်မြှောက်လိုက်သော အခါ ဓားမြှောင်သည် ပြန်လည် ဆုတ်ခွာလာပြီး စုမင်သည် ရေခဲတောင်ပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ထိုဖြစ်စဉ်သည် အကြိမ်အရေအတွက် အနည်းငယ်ခန့်ဆက်လက်ဖြစ်ပွားနေပြီး နောက်ဆုံးတွင် ရေခဲတောင်ကြီးမှ ရေခဲအပိုင်းအစများ ပြုတ်ကျလာခဲ့၏.....
စုမင် စိတ်ဓာတ်တက်ကြွစွာဖြင့် အရှိန်မြှင့်လိုက်သည်။ ကိုယ်ပွားနှင့်အတူ အတွဲညီညီ အလုပ်လုပ်ရင်းရေခဲတောင်ကြီးတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်လာသည်အထိ တူးထုတ်နေခဲ့ကြသည်။ထိုအပေါက်ကြီး၏နောက်တွင် အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီးကိုင်ဆောင်ထားသည့် အသွားကိုးခိုးပါရှိသော တင်းပုတ်နက်ကြီးတစ်ခု ရှိနေသည်။
ရေခဲလွှာ ပါးလျလာသည်မှာ တင်းပုတ်၏ထိပ်ဖျားနှင့် သုံးလက်မခန့်သာ ကွာခြားတော့သောအချိန်တွင် အနက်ရောင်ပင်လယ်ရေများသည် ရုတ်တရက်စီးဝင်လာကြကုန်၏...တစ်ချိန်တည်းမှာပင် တိုးလျလှသော ဟိန်းဟောက်သံတစ်သံအား စုမင် ကြားခဲ့ရ၏....
များမကြာမီတွင် ဧရာမအသွင်သဏ္ဍာန်ကြီးတစ်ခုသည် အနက်ရောင်ပင်လယ်ရေထဲမှ ထွက်ပေါ်လာခဲ့သည်။ထိုအရာကြီးနီးကပ်လာသည်နှင့်အမျှ ဟိန်းဟောက်သံများသည် ပိုမိုကျယ်လောင်လာပြီး ရေခဲမြစ်အား လှုပ်ခတ်သွားစေခဲ့သည်။ ထိုမှ ထွက်ပေါ်လာသော ဖိအားသည် စုမင်၏ နှလုံးသားအား တုန်လှုပ်သွားစေခဲ့သည်။
စုမင်ရဲ့မျက်လုံးတွေ တောက်ပနေတယ်..ရေခဲတောင်ပေါ်ရှိ တွင်းပေါက်သည် လူတစ်ကိုယ်ဝင်စာ အရွယ်အစားရှိနေပြီဖြစ်သည်။တင်းပုတ်၏ထိပ်ဖျားနှင့် ထိမိရန် သုံးလက်မခန့်သာ ကွာခြားနေသေးသည်။ သိပ်မကြာမီတွင် အပြီးသတ်တူးထုတ်နိုင်မည်ဖြစ်သော်လည်း ကြားလိုက်ရသည့် ဟိန်းဟောက်သံကြောင့် စုမင် ခတ္တတုံ့ဆိုင်းသွားခဲ့ပြီး တခဏတွင်းမှာပင် စုမင်၏ မျက်နှာပေါ်တွင် တိကျပြတ်သားသော အရိပ်အယောင်များ ဖြစ်ပေါ်လာလေတော့သည်။
စုမင် ညာလက်အား လက်သီးဆုပ်လိုက်၍ ရေခဲလွှာအား ထိုးချလိုက်လေသည်။ ကိုယ်ပွားသည်လည်း အမည်မသိသတ္တဝါ မရောက်လာမှီ အပြီးသတ်ရန် ရည်ရွယ်ချက်ဖြင့် စုမင်အား ကူညီနေ၏.....
စုမင် တိုက်ခိုက်ရန် မပြင်ဆင်ရသေးမှီအချိန်တွင် တိုးလျသော ဟိန်းဟောက်သံသည် သူနား နားတွင်ကပ်၍ ဟိန်းဟောက်လိုက်သကဲ့သို့ တိုးဝင်လာခဲ့သည်။နံဘေးမှ ပင်လယ်ရေများသည်လည်း ပုံသဏ္ဍာန်ပျက်ယွင်းစပြုလာကာ မယုံနိုင်စရာကောင်းလောက်သော အင်အားတစ်ခုအဖြစ် စုမင်ထံသို့ တိုးဝင်လာကြသည်။
စုမင် တုံ့ဆိုင်းမနေဘဲ တူးထားသော တွင်းပေါက်ထဲသို့ ချက်ချင်းတိုးဝင်လိုက်သည်။ ကိုယ်ပွားသည်လည်း စုမင်ကဲ့သို့ လိုက်ပါတိုးဝင်ခဲ့လေသည်။
ဝင်ပေါက်ကို ပိတ်ဆို့ပြီးချိန်တွင် ရေခဲမြစ်ကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်နေကြောင်း စုမင် သိလိုက်ရသည်။ပင်လယ်ရေထဲတွင် အံ့အားသင့်ဖွယ်တည်ရှိနေသည့် ဧရာမသားရဲကြီးအား မြင်လိုက်ရသည့်အခါ စုမင်၏ မျက်ဆံများပင် ကြုံ့ဝင်သွားကြလေသည်။
ဤသည်မှာ ခေါင်းနှစ်လုံးမဟူရာလိပ် ဖြစ်သည်။
၎င်း၏ကြီးမားသောဦးခေါင်းနှစ်ခုသည် အခွံအပြင်ဘက်သို့ ပြူထွက်နေပြီး စုမင်တို့ ပုန်းအောင်းနေသည့် ရေခဲလွှာကို အေးစက်စွာ စိုက်ကြည့်နေသည်။ ၎င်း၏မျက်လုံးထဲတွင် ပြင်းထန်သော အရိပ်တစ်ခု ပေါ်လာသည်နှင့် အမြီးဘက်သို့လှည့်လိုက်ရာ ချက်ချင်းပင် နောက်ထပ် ဉီးခေါင်းတစ်ခုက အမြီး၏အပေါ်ဘက်တွင် ပေါ်ထွက်လာလေ၏....
ထိုသားရဲသည် ခေါင်းနှစ်လုံးမဟူရာလိပ် မဟုတ်ဘဲ ခေါင်းသုံးလုံးမဟူရာလိပ် သာပင်.....
၎င်း၏ခန္ဓာကိုယ်အရွယ်အစားသည် သိပ်မကြီးမားဘဲ ပေတစ်ထောင်မျှသာ ရှည်လျားပေသည်။၎င်းသည် ရေခဲမြစ်ပေါ်တွင် ရပ်နေပြီး ၎င်းထံမှ မမြင်နိုင်သော အော်ရာများ ပျံ့လွင့်နေသည်။ ထိုသားရဲကြီး၏ ချီဓာတ်ကြောင့် စုမင်ပင်လျှင် ကြောက်ရွှံ့နေရ၏....
ထိုလိပ်မည်းကြီး၏ ခေါင်းသုံးလုံးသည် စုမင်အားတစ်ပြိုင်နက် ဟိန်းဟောက်နေကြသည်။ သို့သော် မတ်တပ်ရပ်ပြီး ဟောက်ရုံမှလွဲ၍ အခြားဘာမျှ မလုပ်ခဲ့ပေ.....စုမင်သည် ရေခဲလွှာထဲတွင် ပုန်းနေခဲ့ပြီး သူ၏ကိုယ်ပွာားနှင့်အတူ ရေခဲလွှာများ ပြန်လည်ဖုံးအုပ်သွားသည့် ရေခဲတောင်ထဲတွင် ပိတ်မိနေလေပြီ.....စုမင်တစ်ယောက် အပြင်ဘက်က သားရဲကြီးအား ကြည့်လိုက်ပြီး တိတ်တဆိတ်ငြီးတွားနေမိတော့သည်။
သို့သော် ထိုသားရဲကြီး၏ ထူးဆန်းနေမှုအား စုမင် သတိပြုလိုက်မိသည်။ ထိုသားရဲသည် ဟိန်းဟောက်ရုံသာ ဟိန်းဟောက်၍ တိုက်ခိုက်ခြင်းမပြုသည်မှာ စုမင်အား ထိတ်လန့်နေစေသည်။
စုမင် တိတ်ဆိတ်စွာ ပြန်လည်တွေးတောနေလေပြီ....စုမင် လက်မြှောက်လိုက်ပြီး သူ့နောက်တွင်ရှိသည့် သုံးလက်မသာထူတော့သည့် ရေခဲလွှာအားထိုးချလိုက်သည်။ပဲ့တင်သံတစ်ချို့ပျံ့လွင့်သွားသည့်အခါ ထိုရေခဲလွှာ၏အထူသည် နှစ်လက်မခန့်သာရှိပေတော့သည်။
ထိုအချိန်တွင် သားရဲကြီးသည် ရူးသွပ်သွားသည့်နှယ် ဒေါသတကြီး ဟိန်းဟောက်လေတော့သည်။ ထိုသားရဲကြီးသည် ခြေတစ်လှမ်းတည်းဖြင့် ရေခဲတောင်အနားသို့ နီးကပ်လာပြီး ၎င်း၏အမြှီးကြီးသည် အရှိန်ပြင်းစွာဖြင့် ရေခဲတောင်ဆီသို့ တိုးဝင်သွားသော်လည်း မထိမိခဲ့ပေ....ရေခဲတောင်အနီးသို့ ရောက်လာသည်နှင့်အမျှ သားရဲကြီးသည် ပိုမို ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ ၎င်းသည် ခပ်တိုးတိုး ဟိန်းဟောက်၍ စုမင်အား စူးရဲစွာစိုက်ကြည့်နေလေ၏.....
' ဒီသားရဲရဲ့ ချီဓာတ်က မယုံနိူင်လောက်အောင် အားကောင်းတယ်...ဒီလို ပြင်းထန်တဲ့ စွမ်းအားမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး....ဒီစွမ်းအားက နတ်ဘုရားစွမ်းရည်ပညာရပ်ကြောင့် ဖြစ်လာတဲ့စွမ်းအားနဲ့မတူဘူး...'
' စောနက ပုံစံကို ကြည့်ရတာ ဒီကောင်ကြီး ရေခဲတောင်ကို မဖျက်ဆီးနိုင်တဲ့ပုံပဲ....ဒါမှမဟုတ် ဒီကောင်ကြီးက အစောင့်အရှောက်သားရဲကြီးများ ဖြစ်နေမလား..."
အတွေးတစ်ခု ပေါ်ထွက်လာသည့်အခါ စုမင်သည် ရေခဲလွှာအနီးသို့ တိုးသွားလိုက်သည်။ ထိုအခါ သားရဲကြီးသည် အမြှီးလှည့်လိုက် ခေါင်းလှည့်လိုက်ဖြင့် စူးစူးဝါးဝါးဟိန်းဟောက်နေတော့သည်။
စုမင် ရေခဲလွှာနှင့် အနည်းငယ်ကွာဝေးသောနေရာသို့ ပြန်ရွှေ့လိုက်သည်အခါ သားရဲကြီးသည် တဖန်ငြိမ်သက်သွားခဲ့ပြီး စုမင်၏အနောက်ဘက်တွင်ရှိနေသော အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီးအား စိုက်ကြည့်နေခဲ့သည်။
စုမင် မယုံနိူင်လောက်အောင် စိတ်လှုပ်ရှားနေသော်လည်း ခေါင်းအေးအေးထားပြီး ငြိမ်သက်နေခဲ့သည်။သားရဲကြီး၏ အပြုအမူအရ သူ ဤနေရာတွင် ကြာကြာနေလေ အန္တရာယ်ရှိလေ ဖြစ်မှန်း နားလည်လာသည့်အတွက် ကိုယ်ပွားထံသို့ အတွေ့တစ်ခု ပို့လွှတ်လိုက်လေသည်။
ကိုယ်ပွားသည် လက်ချောင်းနှစ်ချောင်းဖြင့် ရေခဲလွှာအားဖိနှိပ်လိုက်သည့်အခါ သေးငယ်သော တွင်းပေါက်လေးတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင်ပိုးကောင်လေးတစ်ကောင်သည် ထိုတွင်းထဲသို့တိုးဝင်သွားခဲ့သည်။
ထိုပိုးကောင်အား စုမင် စိုက်ကြည့်နေခဲ့သည်။ထိုပိုးကောင်ကို မြင်သည်နှင့် သားရဲကြီးသည် စုမင်တို့အား ဂရုမစိုက်နိူင်တော့ပေ.....ထိုပိုးကောင်သည် ပေရှစ်ရာကျော်အကွာအဝေးတွင် ရှိနေသည့် ဗလာဂိတ်တံခါးတည်ရှိရာ ရေခဲတောင်ဆီသို့ ဉီးတည်ပျံသန်းသွားလေတော့သည်။
***