ရတနာ လုယက်ခြင်း.....
Vol. 30 Ch. 416
" ဒီကောင်ကြီး ငါတို့ဆီ အာရုံမရောက်တော့ဘူး....ဒါပေမယ့် ရတနာက ရေခဲထဲမှာ ချိတ်ပိတ်ခံထားရတယ်...."
စုမင် မျက်လုံးမှိတ်ထားလိုက်သည်။ ယခုချိန်သည် တင်းပုတ်အား လုယူ၍ သားရဲကြီး၏ ဒေါသအား ဆွရန် အချိန်ကောင်းမဟုတ်သေးပေ....
တခဏတာငြိမ်သက်နေခဲ့ပြီးနောက် ကိုယ်ပွား၏ မျက်လုံးများလင်းလက်လာသည်။ကိုယ်ပွားသည် ရေခဲလွှာပေါ်တွင် စက်ဝိုင်းတစ်ခုရေးဆွဲလိုက်ပြီး ဖိချလိုက်သည့်အခါ အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ကိုယ်ပွားသည် ထိုအပေါ်က်မှ တဆင့် အပြင်ထွက်ရန်အလို့ငှာ ခြေတစ်ဖက် ထုတ်ကြည့်လိုက်သည်။
စုမင်သည် သားရဲကြီးအား သေချာကြည့်နေခဲ့သည်။ အခြေနေမဟန်ပါက အခြေတည်စိတ်ဝိဉာဉ်အား အသုံးပြု၍ ထွက်ပြေးရန် ကြံစည်ထား၏....သို့သော် သားရဲကြီးသည် ကိုယ်ပွားအား တစ်ချက်မျှသာ လှည့်ကြည့်ပြီး စုမင်ကိုတော့ လုံးလုံးလျားလျားပင် လျစ်လျူရှူထားလေ၏.....
' မဟုတ်မှလွဲရော ဒီကောင်ကြီးက ရေခဲတောင်ထဲမှာ ချိတ်ပိတ်ခံထားရတဲ့ဟာကို မထိသ၍ ငါတို့ကို အနှောက်အယှက် မပေးဘူးပေါ့....'
စုမင် အံကြိတ်ကာ ရေခဲတောင်အပြင်ဘက်သို့ တဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ အပြင်ဘက်သို့ လုံးလုံးလျားလျား ထွက်လာနိူင်သည့်အခါ သူ့နှလုံးခုန်သံတွေ ပိုမြန်လာခဲ့၏....သားရဲကြီးသည် စုမင်အား အေးစက်သော အကြည့်များဖြင့် တစ်ချက်မျှသာ လှည့်ကြည့်ပြီး အကြည့်လွှဲသွားတော့မှသာ စုမင် သက်ပြင်းချနိုင်ခဲ့လေသည်။
စုမင်သည် ရှေ့သို့ ခြေလှမ်းအနည်းမျှ လှမ်းပြီးချိန်တွင် မျက်နှာပေါ်၌ ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သော်လည်း တခဏတာမျှသာပင်.... စုမင် မရပ်မနား ရှေ့သို့ လျှောက်လှမ်းနေသည့် အချိန်တွင် ကိုယ်ပွားသည် ရေခဲတောင်ထဲသို့ ပြန်လှည့် ဝင်သွားခဲ့လေ၏.....
စုမင် သည် ဤအစီအစဥ်များကို လုပ်ဆောင်ရင်း မယုံနိုင်လောက်အောင် တုန်လှုပ်နေခဲ့မိသည်။ သူသည် ထိုသားရဲကြီးအား အဆက်မပြတ် စောင့်ကြည့်နေခဲ့ပြီး ၎င်းဘက်မှ အထူးတလည်တုံ့ပြန်မှုမျိုး မရှိလာသည်ကို မြင်မှသာ ပေရှစ်ရာအကွာရှိ ဗလာဂိတ်တံခါးတည်ရှိရာရေခဲတောင်သို့ ရောက်သည်အထိ ခပ်သွက်သွက် လှမ်းခဲ့လေသည်။
ဗလာဂိတ်တံခါးတည်ရှိရာ ရေခဲတောင်ဆီသို့ ပြန်ရောက်သည်နှင့် စုမင်သည် ရေခဲတောင်၏ ဘေးတွင် ရပ်နေပြီး ဗလာဂိတ်တံခါးအား အချိန်မရွေးဖွင့်နိူင်ရန် ရေခဲများကို ဖယ်ရှားထားလိုက်သည်။
ထိုသို့ လုပ်ဆောင်ပြီးသောအခါ စုမင်သည် အစိမ်းရောင်အကြေးခွံများရှိသည့်လူကြီး ရှိနေသည့် ရေခဲတောင်ထဲတွင် ရောက်နေသာ သူ၏ ကိုယ်ပွားနှင့် ပင်လယ်ထဲတွင် ရှိနေသော သားရဲကြီးအား စိုက်ကြည့်နေခဲ့သည်။
" ငါ ယူသွားသင့်လား ထားခဲ့သင့်လား...'
ခေါင်းသုံးလုံးမဟူရာလိပ်ကြီးသည် ဤနေရာ၏ အစောင့်ရှောက်သားရဲကြီး ဖြစ်ပြီး ထူးခြားသော အရာများအား စောင့်ရှောက်နေခြင်း ဖြစ်သည်။ကြီးမားလှသည့် ရေခဲမြစ်ကြီးအား ထိုသားရဲကြီးတစ်ကောင်တည်း စောင့်ရှောက်နေခြင်း မဟုတ်ဘဲ အခြားသော အစောင့်ရှောက်သားရဲတို့လဲ ရှိနေလိမ့်မည် .....
" ဟိုလူကြီးကို ချိတ်ပိတ်ထားတဲ့ ရေခဲတောက်ကို ခွဲနေတုန်းက ဒီကောင်ကြီးပေါ်မလာဘူးဆိုတာ ငါ့ကြောင့် ပျက်စီးသွားရတာတွေက ပြောပလောက်တဲ့ထိ မဟုတ်လို့ပဲ ဖြစ်ရမယ်...အောင်မြင်ခံနီးတော့မှ ဒီကောင်ကြီး ပေါ်လာတယ်...အခု ငါ့ကို ဒီကောင်ကြီး သတိပေးလိုက်သလိုဖြစ်သွားပြီ...ဒီကောင်ကြီး မရှိတဲ့အချိန်ထပ်လာပြီး ကြိုးစားဉီးမယ်ဆိုရင်တောင် ဟိုပစ္စည်းကိုရဖို့ ခက်ခဲနေဉီးမှာပဲ .."
" ယူသွားမယ်ကွာ....."
စုမင်၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ပြတ်သားမှုများအား မြင်တွေ့နိူင်သည်။
ချက်ချင်းပင်...ကိုယ်ပွား၏မျက်လုံးများ တောက်ပလာပြီး ထိုမျက်လုံးများထဲတွင် အရိပ်တစ်ခုတည်ရှိနေသည်။ကိုယ်ပွားသည် ရေခဲလွှာအား ညာလက်မြှောက်၍ အကြိမ်ကြိမ် ရိုက်ချလိုက်သည့်အခါ ရေခဲလွှာ ကွဲကြေသွားပြီး အတွင်းဘက်တွင်ရှိနေသော တင်းပုတ်နက်ကြီးအား သေချာစွာ မြင်တွေ့ခဲ့ရသည်။
သားရဲကြီးသည် ရူးသွပ်သွားဟန်ဖြင့် အမြှီးအား တလစပ်လှုပ်ယမ်းကာ ဒေါသတကြီး ဟိန်းဟောက်နေလေ၏....ကိုယ်ပွားသည် တင်းပုတ်ကြီးအား ဖိနှိပ်လိုက်ပြီး သိုလှောင်အိတ်ထဲထည့်ဖို့ ကြိုးစားခဲ့သော်လည်း ထည့်၍မရခဲ့ပေ...
စုမင်သည် ဆုံးဖြတ်ချက်တစ်ခုအား အလျင်အမြန်ချမှတ်လိုက်ပြီး ရေခဲများကို ထိုးဖောက်ရန် ကိုယ်ပွားအား ခိုင်းစေခဲ့သည်။တင်းပုတ်ကြီးအား တစ်ဝက်လောက်အထိ မြင်ရသောအခါ ကိုယ်ပွားသည် တင်းပုတ်ကြီးအား အပြင်သို့ဆွဲထုတ်လိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံများ ပျံ့နှံ့သွားခဲ့သည်။......
သားရဲကြီး၏ ရေခဲတောင်၏ ထွက်ပေါက်အား ပိတ်ဆို့၍ ဟိန်းဟောက်နေလေ၏...သားရဲကြီးသည် သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်နေသော်လည်း စုမင်သည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပေပေါင်းရာနှင့်ချီသော အကွာအဝေးဆီသို့ ပြေးထွက်သွားခဲ့လေသည်။
ထိုအချိန်တွင် ကိုယ်ပွားသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး ကျင့်ကြံခြင်းစွမ်းအားများကို အကုန်ထုတ်သုံးကာ တင်းပုတ်ကြီးအား ဆွဲယူလိုက်သည်။ကိုယ်ပွား ရှေ့တစ်လှမ်းတိုးလိုက်သည့်အခါ ကိုယ်ပွားနှင့်အတူ တင်းပုတ်ကြီးပါ ရုတ်တရက်ပျောက်ကွယ်သွားလေသည်။
ထိုသို့ပျောက်ကွယ်သွားခြင်းကြောင့် သားရဲကြီး မိန်းမောနေလေ၏....ကိုယ်ပွားသည် ပေငါးရာကျော်အကွာတွင် ပြန်ပေါ်လာခဲ့သည်။ကိုယ်ပွား၏ ပုံပန်းသဏ္ဍာန်သည် ပုံမှန်အတိုင်းဟု ထင်ရသော်လည်း အတွင်းရှိ အခြေတည်အဆင့် စိတ်ဝိဉာဉ်သည် အတော်လေး သေးကျုံ့နေပြီ.....ကြည့်ရသည်မှာ တည်ငြိမ်မှု မရှိတော့ဘဲ အမြူတေတစ်ခုအဖြစ် ပြန်ပြောင်းတော့မည့်ဟု ထင်နေရသည်။
ကိုယ်ပွား ပြန်ပေါ်လာချိန်တွင် စုမင် ကိုယ်ပွားအား လှမ်းဖမ်းလိုက်ပြီး ဗလာဂိတ်တံခါးတည်ရှိရာ ရေခဲတောင်ဆီ အမြန်ဆုံးနည်းဖြင့် အရှိန်မြှင့်ကာ ပြေးလေတော့သည်။
သားရဲကြီးသည် ခေါင်းမော့ကာ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ညာခြေကိုမြှောက်ကာ ရေခဲမြစ်ပေါ် ဆောင့်နင်းလိုက်သည်။ ချက်ချင်းပင် ရေခဲမြစ်ကြီးတစ်ခုလုံး တုန်ခါသွားကာ ရေခဲမြစ်အတွင်းမှ ရေခဲအပ်များ ထွက်ပေါ်လာကြသည်။ ထိုရေခဲအပ်များသည် စုမင်သွားမည့် လမ်းကြောင်းအား တံတိုင်းများသဖွယ် ကာဆီးနေကြသည်။
တစ်ချိန်တည်းမှာပင်...ခေါင်းသုံးလုံးမဟူရာလိပ်ကြီးသည် အမြှီးအား လှုပ်ခါလိုက်သည့်အခါ ချောက်ခြားဖွယ်ရာ လှိုင်းလုံးများ ဖြစ်ပေါ်လာပြီး ပင်လယ်ရေများကို ကွဲထွက် သွားစေခဲ့သည်။ စုမင်အား မထိနိုင်ခဲ့သော ရေခဲအပ်များသည်ပင် အပိုင်းပိုင်းအစစ ကွဲကြကုန်လေပြီ....ရေခဲအပ်များနှင့် ထိမိသည့်တိုင် အမြှီး၏ အရှိန်သည် လျော့မသွားဘဲ စုမင်ထံသို့ လျင်မြန်စွာ တိုးဝင်သွားလေတော့သည်။
စုမင်အပေါ် မဟူရာလိပ်ကြီး၏ အမုန်းတရားသည် အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ....လိပ်ကြီးသည် စုမင်အား အမြှီးဖြင့်ရိုက်ရုံသာမကဘဲ ပါးစပ်ဟကာ အဖြူရောင်လေငွေ့များကို စုပ်သွင်းပြီး ထိုအဖြူရောင်လေငွေ့များဖြင့် မှုတ်ထုတ်ခဲ့၏.....ထိုအငွေ့များကြောင့် ပင်လယ်ရေသည် ချက်ချင်းပင် အေးခဲသွားကာ အေးခဲမှုပြန့်နှံ့နှုန်းသည် အလွန်လျင်မြန်လွန်းလှပေသည်။
စုမင်သည် သူ့နောက်တွင်ရှိနေသော ကိုယ်ပွားခန္ဓာကိုယ်အား ဆွဲယူ၍ ရေခဲအပ်များကို ကာဆီးလိုက်သော်လည်း အရှိန်မလျှော့ခဲ့ပေ.....တချိန်တည်းမှာပင် စုမင် အရှိန်မြှင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲ၌ရှိသော လေအရင်းမြစ်အား သွေးကြောများထဲသို့လျင်မြန်စွာ ပျံ့နှံ့စေလိုက်သည့်အခါ အဆပေါင်းစွာ အရှိန်မြန်လာပြီး အတားအဆီးများကို ဖောက်ထွင်နိူင်ခဲ့လေသည်။
ဗလာဂိတိတံခါးရှိသော ရေခဲတောင်နှင့် ပေသုံးဆယ်မျှသာ ကွာဝေးတော့သည့်အချိန်တွင် အနောက်ဘက်မှ လေတိုးသံတစ်သံကြားလိုက်ရပြီး စုမင်၏ကျောပြင်မှ အရေပြားများပေါ်တွင် စသ်နတိဘုရားချပ်ဝတ်နှင့်အတူ ဟန်တောင်တန်းခေါ်င်းလောင်းပါ ပေါ်လာခဲ့သည်။
ကိုယ်ပွားခန္ဓာကိုယ်ထဲတွင်ရှိနေသော အခြေတည်စိတိဝိဉာဉ်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ခြင်းကြောင့် စုမင်၏ ကျောပြင်ပေါ်သို့ ကျရောက်လာသော သားရဲကြီး၏အမြှီး ရိုက်ချက်ကျရောက်လာသည့်အချိန်တွင် စုမင်သည် သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့လေပြီ......
စုမင်နှင့် ကိုယ်ပွားတို့သည် ဗလာဂိတ်တံခါးဘေးတွင် ပြန်ပေါ်လာကြသည်။ စုမင် ချောင်းဆိုးရင်းသွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ ဟန်တောင်တန်းခေါင်းလောင်းသည် အရွယ်အစားကျုံ့သွားပြီး စစ်နတ်ဘုရားချပ်ဝတ်သည်လည်း ကွဲကြေသွားလေပြီ..သို့သော် အကြပ်အတည်းမှ မလွန်မြောက်နိူင်သေးပေ....
စုမင်သည် ဗလာဂိတ်တံခါးထဲသို့ ဝင်ရန် ကိုယ်ပွားအား ဆွဲခေါ်နေစဉ်တွင် အနောက်မှ လိုက်လာသော လိပ်ကြီး မှုတ်ထုတ်လိုက်သည့် အဖြူရောင်အငွေ့များသည် စုမင်၏ ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်များ စိမ့်ဝင်သွားစေခဲ့သည်။မျက်နှာဖြူဖျော့နေသော်လည်း စုမင်၏ခန္ဓာကိုယ်သည် မရပ်တန့်ခဲ့ပေ....စုမင်သည် တင်းပုတ်ကြီးနှင့်အတူ ကိုယ်ပွားကို ဆွဲခေါ်၍ ဗလာဂိတ်တံခါးတွင်းသို့ ဝင်ရောက်သွားခဲ့လေပြီ.....
စုမင် ပျောက်ကွယ်သွားသောအခါ ဗလာဂိတ်တံခါးအား တည်ရှိနေသည့် ရေခဲတောင်ကြီးအား ရေခဲများ ထပ်မံဖုံးလွှမ်းသွားပြန်သည်။ရေခဲတောင်ကြီးသည် အရင်ကထက်ပင် အရွယ်အစား ပိုကြီးလာခဲ့သည်။လိပ်ကြီးသည် ထိုရေခဲတောင်ရှေ့တွင် လူးလာခေါက်တုံ့ ကူးခတ်နေပြီး ရူးသွပ်စွာ ဟိန်းဟောက်နေရှာသည်။
နောက်ဆုံးတွင် လိပ်ကြီးသည် ထိုနေရာတွင် လှဲလျောင်းနေခဲ့ပြီး ရေခဲတောင်အတွင်းရှိ ဗလာဂိတ်တံခါးကိုသာ စိုက်ကြည့်နေရှာတော့သည်။
ရှာမန်နယ်မြေအတွင်းရှိ တောင်တန်းတစ်ခုတွင် ရှိသော ဗလာဂိတ်တံခါးသည် ယခုချိန်တွင် အနက်ရောင်အလင်းများ စတင်တောက်ပလာပြီး ထိုထဲမှ စုမင်နှင့် ကိုယ်ပွားတို့ ထွက်လာကြ၏....
အပြင်ရောက်သည့်အခါ ကိုယ်ပွားခန္ဓာကိုယ်သည် ဘေးသို့ ပုံကနဲပြုတ်ကျသွားလေသည်။ အခြေတည်စိတ်ဝိဉာဉ်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေလေပြီ...ထို့ကြောင့် ကိုယ်ပွား ခန္ဓာကိုယ်အတွင်းရှိ အခြေတည်စိတ်ဝိဉာဉ်သည် ပြန်လည်ကုသရန် ချီဓာတ်များကို စတင် လည်ပတ်နေခဲ့သည်။
စုမင်၏ မျက်နှာသည်လည်း ဖြူဖျော့နေသည်။သူသည် ခေါင်းလှည့်၍ ဗလာဂိတ်တံခါးအား တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ရှိနေ၏..... သူ အခုတင် လုပ်ခဲ့သမျှတွေကိုသတိရမိတဲ့အခါ သူ့လုပ်ရပ်များသည် ရူးသွပ်လွန်းသည်ဟုသာ တွေးလိုက်တော့သည်။
စုမင် အသက်ပြင်းပြင်းရှူပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ထံရောက်လာသော မြွေငယ်လေးနှင့် မီးမျောက်ဝံတို့ကို အဖက်မလုပ်နိုင်သေးဘဲ ချီဓာတ် ပြန်လည်ကောင်းမွန်လာစေရန် လျင်မြန်စွာ ကျင့်ကြံနေလိုက်တော့သည်။
ရက်အနည်းငယ်ကြာသည့်အခါ စုမင်၏ မျက်လုံးများပြန်ပွင့်လာပြီး အသားအရောင်သည်လည်း သွေးရောင်လွှမ်း၍ အဆင်ပြေလာခဲ့ပြီဖြစ်သည်။စုမင်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကိုယ်ပွား၏ဘေးတွင် ရှိနေသော အနက်ရောင်တင်းပုတ်ကြီးအား တစ်ချက်ကြည့်လိုက်မိသည်။ ထိုတင်းပုတ်ကြီးပေါ်တွင် အသွားကိုးချောင်းရှိနေလေ၏.....
တင်းပုတ်ကြီးသည် စုမင် တစ်ရပ်စာမျှခန့် ရှည်လျားပြီး ရက်စက်ကြမ်းကြုတ်မှုများဖြင့် ထုံမွှမ်းနေ၏....စုမင် မတ်တပ်ရပ်လိုက်ပြီး ထိုတင်းပုတ်ကြီး ရှိရာဆီသွားကာ သေချာအနီးကပ်ကြည့်လိုက်သည်။တို့နောက် ပေါ့ပေါ့ပါးပါး အသက်ရှူလိုက်ပြီး ထိုတင်းပုတ်ကြီးအား မ လိုက်လေသည်။
' ဘာနဲ့လုပ်ထားလို့ ဒီလောက်လေး နေတာလဲ မသိဘူး....နည်းနည်းလေးသာ ပေါ့မယ်ဆို ကောင်းမယ်....'
စုမင် ထိုတင်းပုတ်အား ရိုးရှင်းစွာ လွှဲရမ်းလိုက်သော်လည်း ထိုလှုပ်ရှားမှုကြောင့် တုန်လှုပ်စရာကောင်းသည့် အသံများထွက်ပေါ်လာသာ့်အတွက် ပြန်ချထားလိုက်ရသည်။စုမင်၏ ခန္ဓာကိုယ်သည် ရုတ်ချည်းတုန်လှုပ်သွားခဲ့ပြီး ထိုတင်းပုတ်ကြီးအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့မိသည်။
နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည့်အခါတွင်မူ စုမင် အံ့အားသင့်ခဲ့ရပြန်သည်။
" ဒါက ပေါ့လာတာလား..."
" ပေါ့လာတယ်...နည်းနည်းလေး ပေါ့လာတယ်.."
စုမင်သည် ထိုကြီးမားလှသော အနက်ရောင်တင်းပုတ်ကြီးကို လက်ထဲတွင်ကိုင်ထားပြီး အလျင်အမြန် လှုပ်ယမ်းလိုက်ရာ ၎င်း၏အလေးချိန်သည် ပိုမိုပေါ့ပါးလာသည်။ နောက်ဆုံးတွင် စုမင် ၎င်း၏အလေးချိန်ကို လုံးဝ မခံစားရတော့ပေ။ စုမင် လေထဲသို့ ခုန်တက်ကာ တင်းပုတ်ကြီးအား မြေပြင်ပေါ်သို့ ရိုက်ချကြည့်လိုက်သည်။
တင်းပုတ်ကြီး မြေပြင်နှင့် ထိမိသွားသည့်အခါ မြေပြင်သည် ပြင်းထန်စွာတုန်ခါသွားကာ ပြင်းထန်သော တုန့်ပြန်မှုတစ်ခုသည် တင်းပုတ်မှ တဆင့် စုမင်၏လက်ထဲသို့ စီးဝင်လာခဲ့သည်။ထို တုန့်မြန့်အားကြောင့် စုမင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး မျက်မှာသည်လည်း ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေလေပြီ....
အချိန်အတော်ကြာမှသာ စုမင် ပြန်သက်သာလာခဲ့သည်။
" ပေါ့ပါးသွားရင် ဒီတင်းပုတ်ရဲ့ အဖိုးတန်မှုတွေ လျော့သွားတယ်...."
စုမင် ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းပြီး တင်းပုတ်အား နောက်တစ်ကြိမ် ကောက်ကိုင်လိုက်သည်။ အသွားကိုးချောင်းကို ကြည့်လိုက်မိသည့်အခါ ထပ်မလှုပ်ရှားခင် ခဏလောက် တုံ့ဆိုင်းနေခဲ့မိသည်။ဤအကြိမ်တွင် မခုန်တော့ဘဲ မြေကြီးပေါ် တိုက်ရိုက် ရိုက်ချလိုက်သည်။
" ပိုလေးလာတယ်ဟ...."
တင်းပုတ်ကြီး မြေပြင်ပေါ်သို့ ကျသွားသည့်အခါ အထက်ပါစကားလုံးများသည် စုမင်၏ နှုတ်ဖျားမှ ထွက်ကျလာခဲ့သည်။ တင်းပုတ်ကြီး၏ အလေးချိနိသည် အဆမတန်တိုးပွားလာသည့်အတွက် ကျယ်လောင်သော အသံများနှင့်အတူ မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာလေသည်။ ထိုအက်ကြောင်းများသည် ဟုန်လော့ချိတ်ပိတ်ထားသော တောင်တန်းနယ်မြေကို ကျော်လွန်ပြီး ပေပေါင်းသောင်းချီကွာဝေးသည့် အရပ်သို့တိုင်အောင် ပျံ့သွားခဲ့လေသည်။
စုမင်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏...စုမင် ထိုတင်းပုတ်ကြီးအား ကိုင်မထားနိုင်တော့သာ့်အတွက် တင်းပုတ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ကျယ်လောင်သော အသံများ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
စုမင်၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူသည် အဝေးမှ တင်းပုတ်ကြီးအား လှမ်းကြည့်ပြီးနောက် မြေကြီးပေါ်ရှိ အက်ကွဲကြောင်းကြီးကို လည်းလှမ်းကြည့်လိုက်သည်။ သူ ရုတ်တရက် ရယ်မောလိုက်မိသည်။
" ကျွန်တော်က နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးပါ...စိတ်ဝိဉာဉ်ဖမ်းစားသူသခင်ကြီး ကို တွေ့ချင်လို့ပါ...ကျွန်တော်မျိုးကို မှတ်မိတယ်မလား...သခင်ကြီးအတွက် မိန်းမပျိုးသုံးယောက် ဆက်သဖူးတဲ့တစ်ယောက်လေ...."
စုမင် ရယ်မောနေချိန်တွင် တိုးလျလှသော တောင်းဆိုသံတစ်ချို့သည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်း အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
အသံသည် အက်ကွဲကြောင်းအတွင်းမှ ထွက်လာသော်လည်း အမှန်မှာ ချိတ်ပိတ်ခံထားရသည့် တောင်တန်း၏အပြင်ဘက်ရှိ မြေပြင်ထက်မှ ထွက်လာခြင်းဖြစ်သည်။နွားသိုးဖြူမျိုးနွယ်မှ မျောက်မျက်နှာ အဘိုးအိုသည် သူ့နှင့် ပေသုံးဆယ်အကွာတွင်ရှိနေသော အက်ကွဲကြောင်းကို ရုတ်တရက်ကြည့်လိုက်ရာ မျက်နှာဖြူဖျော့သွားပြီး ချွေးအေးများက သူ့ခန္ဓာကိုယ်ပေါ်သို့ စီးကျလာသည်။
" သေစမ်းကွာ...ဘယ်စောက်ရူးက ဒီအက်ကြေင်းပေါ်လာအောင်လုပ်လိုက်တာလဲ မသိဘူး....ဒင်း ငါ့ကို စိတ်အနှောက်ယှက်ပေးလွန်းတယ်...."
အဘိုးအိုသည် ချွေးများကို သုတ်လိုက်လေသည်။
***