← Chapters

ယင်ကိုးကမ္ဘာ.....

Vol. 30 Ch. 417

ယင်ကိုးကမ္ဘာ.....

Vol. 30 Ch. 417

စုမင်သည် အက်ကွဲကြောင်းမှတဆင့် အဖိုးအို၏ အသံနှင့် ထူးဆန်းသော လေယူလေသိမ်းကို ကြားလိုက်သောအခါ နွားသိုးဖြူမျိုးနွယ်စုမှ မျောက်မျက်နှာ အဖိုးအို အကြောင်း ချက်ချင်း တွေးလိုက်မိသည်။

စုမင် ထိုအဖိုးအိုအား သဘောမကျပေမယ့် မုန်းတီးခြင်းမရှိပေ....သို့ပေမယ့် မျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်ဖို့အရေး အမျိုးသမီးသုံးဉီးအား စတေးခဲ့ခြင်းကြောင့် ထိုအဖိုးအိုအပေါ် စုမင် အထင်ကြီးမိခဲ့သည်။

စုမင် အဖိုးအို၏ အသံကိုကြားသည့်အခါ ချက်ချင်း ထွက်မတွေ့သေးဘဲ တခဏမျှစဉ်းစားနေခဲ့၏.....

မြေပြင်သည် ဗလာဟင်းလင်းဖြစ်နေသော်လည်း မည်သို့ကြောင့် ဖြစ်ပေါ်လာမှန်းမသိလေသော ဧရရာမအက်ကွဲကြောင်းကြီးတစ်ခုသည် ကျယ်ပြန့်စွာ ပျံ့နှံ့နေ၏.....

အဖိုးအိုသည် အက်ကွဲကြောင်း နံဘေးတွင် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သော်လည်း အကြောင်းမထူးခဲ့ပေ.....ထို့ကြောင့် အက်ကွဲကြောင်းအတွင်းပိုင်းသို့ ခေါင်းငုံ့ကြည့်ပြီး စူးစမ်းလိုက်သည်။

" သေစမ်းကွာ...."

အဖိုးအိုသည် အက်ကွဲကြောင်းထဲမှ စုမင်၏အသံအား ကြား၍ ရောက်လာခဲ့ခြင်း မဟုတ်ပေ....စုမင် ကြားသည် မကြားသည်ကို မသိသော်လည်း ရက်အနည်းကြာတိုင်း ဤနေရာသို့ ရောက် ရောက်လာကာ ထိုကဲ့သို့ အော်ပြောနေခြင်းဖြစ်သည်။ အက်ကွဲကြောင်းထဲသို့ ငုံ့ကြည့်ရင်း အဖိုးအို၏ အသက်ရှူသံများ မြန်ဆန်လာသည်။

" ဘာကို သေစမ်းပါလဲ...."

အဖိုးအို၏ ငြီးတွားသံမဆုံးခင်မှာ စုမင်၏ အေးစက်နေသော အသံ ထွက်ပေါ်လာသည့်အတွက် အဖိုးအို အံ့အားသင့်သွားခဲ့သည်။လှည့်ကြည့်ပြီးချိန်တွင် အဖိုးအို၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာဖြစ်နေမှုများ ထင်ရှားလာခဲ့၏.....

" ဘာကိုလဲ....ဘယ်သူ့ကို သေခိုင်းရမှာလဲဗျာ...ဒီနေရာမှာ ဘယ်သူမှ မရှိဘဲဟာကို...ထားလိုက်ပါ....စိတ်ဝိဉာဉ်ဖမ်းသူသခင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်ဗျာ......"

အဖိုးအိုသည် လက်သီးနှင့်လက်ဖဝါးကို ထပ်၍ စုမင်အား လေးနက်စွာ ဉီးညွှတ်နှုတ်ဆက်နေသည်။

စုမင် အဖိုးအိုကို တစ်ချက်သာကြည့်လိုက်ပြီး စကားမပြောသေးပေ.....

အဖိုးအိုသည် သတိကြီးစွာထားပြီး စုမင်ကို မျက်လုံးထောင့်မှ ခိုးကြည့်နေသည်။ စုမင်၏ မျက်ခုံးနှစ်ခုကြားတွင် မက်မွန်ပွင့်သဏ္ဍာန် အမှတ်အသားကို မြင်လိုက်သည်နှင့် အကြည့်ကို အမြန်လွှဲလိုက်ပြီး ကျေနပ်နေသည့်အကြည့်မျာူအဖြစ်ပြောင်းသွားခဲ့သည်။

" အရှင်...ဒီလူအိုကြီးက အရှင့်အတွက် မျိုးနွယ်စုထဲက မိန်းကလေးတော်တော်များများကို ပြင်ဆင်ထားဖို့ ပြောပြီးပါပြီ....အရှင် သူတို့ကို သဘောကျမှာ သေချာပါတယ်....အရှင်သာ သဘောမကျဘူးဆို ရဲ့ အပြစ်တွေပါ...."

"  သေသင့်တဲ့ဒီအဖိုးကြီး ဆိုတဲ့စကားကို ထပ်မပြောစမ်းပါနဲ့တော့...."

စုမင် မျက်မှောင်ကြုံ့နေပြီ.....

" ကောင်းပါပြီ...ကောင်းပါပြီ....လူလေးလို့ ပြောင်းသုံးလိုက်ပါ့မယ်...."

အဖိုးအိုသည် အလျင်အမြန်ခေါင်းညိတ်လိုက်ပြီး မြှောက်ပင့်နေသော အပြုံးတစ်ခုပြုံးပြနေသည်။

အဖိုးအို၏ ထိုအမူအရာကို မြင်သည့်အခါ စုမင် ထိုအဖိုးအိုအား ဆန်းစစ်ကြည့်မိသည်။ ဤအဖိုးအိုသည် အလွန်လိမ္မာပါးနပ်သူဖြစ်ကြောင်း သတိရမိသည်။ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေ့တာပဲဖြစ်ဖြစ်၊ အမျိုးသမီး သုံးယောက်ကို သူ့ဆီပို့ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ် ဒီအချက်တွေက ဒီအဘိုးကြီးဟာ သူထင်တဲ့အတိုင်း မဟုတ်ဘူးဆိုတာ ပြသဖို့ လုံလောက်၏......

" ဘာပြောချင်တာလဲ..ပြောစရာရှိတာပြော...”

စုမင် တည်ငြိမ်စွာပြောလိုက်သည်။

အဘိုးအိုသည် အတော်လေး တုန်လှုပ်သွားသည်။ စုမင် သူ့အား ဆန်းစစ်နေသည်ဟု ခံစားမိချိန်တွင်  တခြားတစ်ယောက်ရှေ့မှာ ကိုယ်လုံးတီးရပ်နေသကဲ့သို့ ခံစားနေရပြီး  စုမင်၏ မျက်လုံးတွေကို မကြည့်မိအောင် ချုပ်ထိန်းနေခဲ့ရသည်။

“ဘာမှမဟုတ်ပါဘူး…”

အဖိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားကာ ထိုစကားကို ပြောလိုက်သည်။ စုမင်သည် အဖိုးအိုအား စိတ်မ၀င်စားတော့ဘဲ အဝေးသို့ လှည့်ထွက်သွားတော့သည်။

အဖိုးအိုသည် တခဏမျှ မှင်သက်နေခဲ့ပြီး စုမင်နောက်သို့ အမြန်လိုက်ကာ ယုတ်မာသော အပြုံးတို့ဖြင့်.......

" အရှင်....ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဉီး....တကယ်တော့လေ ကျွန်တော်ပြောဖို့ ခက်ခဲနေလို့ပါ...အရှေ့ပိုင်းစွန့်ပသ်မြေရိုင်းဒေသရဲ့ ကပ်ဘေးကြီးက နှစ်အနည်းအတွင်းရောက်လာတော့မှာ အရှင်လည်း သိသားပဲ....ဒါ့ကြောင့် ရှာမန်နယ်မြေထဲက မျိုးနွယ်စုတော်တော်များများ ပြောင်းရွှေ့ကုန်ကြပြီ...."

" ဒါပေမယ့် ကျွန်တော်တို့ နွားသိုးဖြူမျိုးနွယ်စုလေးက သေးငယ်တဲ့အပြင် သာမာန်လူတွေ ( စွမ်းအင်မကျင့်ကြံနိုင်သူတွေ ) သိပ်များတော့ ကျွန်တော်တစ်ယောက်တည်းနဲ့ ဒီမျိုးနွယ်စုကို တခြားရှာမန်မျိုးနွယ်စုတွေ လက်ထဲကလွတ်အောင် ကာကွယ်နိူင်မှာမဟုတ်ဘူး....ဒါ့ကြောင့် အရှင်များ ကာကွယ်ပေးနိုင်မလားလို့ မေးချင်တာပါ...."

အဖိုးအိုသည် စုမင်နောက်သို့ လိုက်လာပြီး တလစပ်ပြောဆိုနေ၏......

စုမင် ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး အဖိုးအိုကို လှည့်ကြည့်လိုက်သည်။

" မင်း ငါ့ကို ဘာပေးပြီး ကမ်းလှမ်းမှာလဲ...မင်းမှာ ကမ်းလှမ်းဖို့ လုံလုံလောက်လောက်ရှိတယ်ဆို မင်း တခြားသူမရှာဘဲ ဘာလို့ ငါ့ကို လာရှာတာလဲ..."

"အရှင် ၊ ဒီဧရိယာတစ်ဝိုက်မှာ မဒမ်ဂျိက  သြဇာအရှိဆုံး ရှာမန်ပါ... ဒါပေမယ့် အခုချိန်မှာ မဒမ်ဂျိ ပျောက်နေတယ်..."

အဖိုးအိုသည်  ထိုစကားကို ပြောသောအခါတွင် ပို၍ပင် သတိထားလာကာ စုမင်၏မျက်ခုံးအလယ်ရှိ မက်မွန်ပွင့်သဏ္ဍာန် အမှတ်အသားကို တစ်ချက်ကြည့်လိုက်သည်။

" ဒီနေရာက ဝေးလံခေါင်သီလွန်းတဲ့အတွက် အစွမ်းထက်တဲ့ ရှာမန်တွေ မရှိ​သလောက်ရှားတယ်...ဒါ့အပြင် အခုချိန်က စစ်ဖြစ်နေတာဆိုတော့ ယုံကြည်ရလောက်တဲ့ စွမ်းအားမြင့် ရှာမန်တွေ ရှာရခက်နေတယ်..."

" အရှင်...အရှင်နဲ့ ကျွန်တော်တို့က အိမ်နီးချင်းတွေဖြစ်နေပြီဆိုတော့ ကျွန်တော် အရှင့်ကို ယုံကြည်တယ်....ပြီးတော့ အဖိုးအခအနေနဲ့ဆို ကျွန်တော်တို့ မျိုးနွယ်စုဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အဖိုးမဖြတ်နိူင်တဲ့ ရတနာကို ပေးပါ့မယ်...ဒီ​ရတနာက မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ အမွေပစ္စည်းပါ..."

အဖိုးအိုသည် ထိုစကားများကို ပြောသောအခါ အတော်လေးနာကျင်နေပုံရသည်။

"အိုး....မင်းတို့ မျိုးနွယ်စုရဲ့ အမွေအနှစ်ကို ငါ့ကိုပေးလိုက်ရင် မင်းတို့ မျိုးနွယ်စုရဲ့ အမြစ်ကို ဖြတ်ပစ်လိုက်သလို ဖြစ်မနေဘူးလား..."

ရှာမန်မျိုးနွယ်စုတစ်ခုစီတွင် မတူညီသော ကိုးကွယ်မှုတစ်ခုရှိသည်ကို စုမင်သိသည်။ ၎င်းတို့ထဲမှ အချို့မှာ ထူးဆန်းသော စွမ်းအားများ ပါ၀င်ကြပြီး အချို့မှာ သာမန်အရာဝတ္ထုများ ဖြစ်ကြသော်လည်း၊ ၎င်းတို့အားလုံးသည် မျိုးနွယ်စု၏ အသက်ဝိညာဉ်များဖြစ်ကြသည်......

တောက်တဲ့မျိုးနွယ်စု၏ တောက်တဲ့ရုပ်ထု၊ ကြိုးကြာနက်မျိုးနွယ်စု၏ ကြိုးကြာနက်ကြီး ၊ ဆောင်းဉီးပင်လယ်မျိုးနွယ်စု၏ မက်ကရယ်ငါးကြီးတို့သည် ထိုသို့သော အမွေအနှစ်များဖြစ်ကြ၏....

" အကယ်၍ ဒီပစ္စည်းကိုသာ မပေးနိုင်ရင် အရှင့်ဆီက အကူအညီရဖို့ ဘယ်လွယ်ပါ့မလဲ...ဒီမှာ ဆက်နေမယ်ဆို ကပ်ဘေးအတွင်းမှာ သေကြေပျက်စီးသွား လိမ့်မယ်...ပြောင်းရွှေ့ပြန်တော့လဲ သေးငယ်တဲ့ မျိုးနွယ်စုတစ်ခုဖြစ်​တဲ့အတွက် အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်....ကျွန်တော်တို့ထဲက ဘယ်နှယောက်များ အသက်ရှင်ကျန်ရစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး..."

" တကယ်ဆို ကျွန်တော်တို့ မျိုးနွယ်စုတစ်ခုလုံး သေနိုင်ချေ ပိုများပါတယ်....ဒါဆို အမွေအနှစ်ပစ္စည်းကို ဘာလုပ်ရတော့မှာလဲ...ဘိုးဘေးတွေပြောခဲ့တဲ့အတိုင်း သိမ်းထားမယ့်အစာ အသက်ရှင်ဖို့ အခွင့်အရေးနဲ့ လဲလှယ်ပစ်ရတော့မှာပေါ့..."

အမှန်အတိုင်းပြောရလျှင် စုမင်ကို အကူအညီတောင်းဖို့ မဆုံးဖြတ်ခင်မှာ သူပြောခဲ့တာတွေကို အချိန်အတော်ကြာအောင် တွေးနေခဲ့ပါသည်။

ခဏတာတွေ့ဆုံမှုအပြီးတွင်  သူ့ကိုဒုက္ခမပေးပါက စုမင်သည်အခြားသူများကို ဒုက္ခရောက်စေမည်မဟုတ်ကြောင်း သူတဖြည်းဖြည်းနားလည်လာခဲ့သည်။

အရေးကြီးဆုံးတစ်ချက်က မျိုးနွယ်စုအမွေပစ္စည်းအား စုမင်သာ လုယူချင်ပါက အခုချိန်ထိ စောင့်နေလိမ့်မည် မဟုတ်ပေ....

" ငါ လက်မခံနိုင်ဘူး....ဒီနေရာကနေ ဘယ်မှ မသွားချင်သေးဘူး...."

စုမင် ခေါင်းခါပြလိုက်သည်။

ဒီစကားကြားလိုက်ချိန်မှာ အဖိုးအို အတော်လေး စိတ်ပျက်သွားပုံရပေမယ့် ဒီအဖြေမျိုးအား မျှော်လင့်ထားပြီး ပြင်ဆင်ထားပုံရသည်။ အဖိုးအိုသည် နောက်တစ်ကြိမ် ထပ်ပြောပြန်သည်။

" အရှင့်ရဲ့ အခက်အခဲကို နားလည်ပါတယ်...ဒီလိုဆိုရင်ရော....ပြောင်းရွှေ့တဲ့အခါ ကာကွယ်ပေးစရာမလိုဘဲ ကျွန်​တော်တို့ မျိုးနွယ်စုထဲက နှစ်ယောက်လောက်ကို စိတ်ဝိဉာဉ်ဖမ်းသူတံဆိပ်ကို ဖြတ်ကျော်နိုင်အောင် အချိန်နည်းနည်းပေးပြီး ကူညီပေးပါ....ဒီလိုဆိုရင်တောင် ခုနကပြောထားတဲ့အတိုင်း အမွေအနှစ်ပစ္စည်းကို ပေးဖို့ ဆန္ဒရှိပါတယ်.....အရှင် ဘယ်လို သဘောရလဲ..."

" စိတ်ဝိဉာဉ်ဖမ်းသူတံဆိပ်... အဲ့တာဘာလဲ ...သေချာအသေးစိတ်ပြောပြစမ်း....ဒါပေမယ့်မင်း ခုနပြောတာတွေကို ငါ့ဘက်က သဘောမတူနိုင်ဘူး...."

ဤ အသုံးနှုန်းအား စုမင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

"ဟမ်? အရှင်ကစိတ်ဝိဉာဉ်ဖမ်းသူ လေဗျာ..စိတ်ဝိဉာဉ်ဖမ်းသူတံဆိပ်ကို ဖြတ်ကျော်ဖူးသင့်တယ်…”

နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုသည် ရုတ်တရက် အံ့အားသင့်သွားပြီး သူ့မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။

"ငါ အရင်က  စိတ်ဝိဉာဉ်ဖမ်းသူတံဆိပ်ကို ဖြတ်ကျော်ဖူးပေမယ့် ငါ့ကို ကူညီမယ့်သူ မရှိသလို အရင်ကလည်း ဘယ်သူ့ကိုမှ မကူညီခဲ့ဖူးဘူး...."

စုမင်သည် မရေရာသော ရှင်းလင်းချက်တစ်ခုပေးလိုက်သည်။

" အရှင်က မျိုးနွယ်စုကြီးတစ်ခုက ဆင်းသက်လာသူဖြစ်ရမယ်...ဒီလို ကူညီနည်းမျိုးကို အရှင် မသိတာ မထူးဆန်း​တော့ပါဘူး....ကျွန်တော့်စကားကို ဟာသတစ်ခုလို့ပဲ သဘောထားလိုက်ပါဗျာ...ကျွန်တော်တို့လို မျိုးနွယ်စုလေးတွေမှာ သိတ်ဝိဉာဉ်ဖမ်းသူ တစ်ယောက် ပေါ်ထွန်းလာဖို့ အခွင့်အရေး အင်မတန်နည်းပါးပါတယ်....အကယ်၍ ပေါ်လာခဲ့မယ်ဆိုရင်တောင် စိတ်ဝိဉာဉ်ဖမ်းသူတံဆိပ်ရဲ့ ချိပ်စည်းတစ်ခုကို ရှင်းလင်းပြီး စိတ်ဝိဉာဉ်ဖမ်းသူ အမွေနှစ်ကို ရဖို့ ခက်ခဲနေသေးတယ်...ဒါ့ကြောင့် အကူအညီပေးနိူင်မယ့် အင်အားကြီးရှာမန်တွေကို ငှားရမ်းနေရ​တာပေါ့ဗျာ...."

အဖိုးအိုသည် စိတ်ရှုပ်နေဟန်ဖြင့် ရှင်းပြနေ၏.....

" နောက်လက ဝိဉာဉ်တွေရဲ့လလေ...အရှင်...ဝိဉာဉ်လဆိုတာ ရှာမန်နတ်ဘုရားကျောင်းတော်က သိတ်ဝိဉာဉ်ဖမ်းသူတွေ အမွေအနှစ်ဆက်ခံဖို့ သတ်မှန်ပေးထားတဲ့ လဆိုတာ အရှင် သိလား....အဲ့ဒီလပိုင်းအတွင်းမှာ စိတ်ဝိဉာဉ်ဖမ်းသူဖြစ်ဖို့ အလားအလာရှိတဲ့ သူတွေအကုန်လုံးကို ရှာမန်နတ်ဘုရားကျောင်းတော်က ဆင့်ခေါ်မှာ....ပြီးတော့ စိတ်ဝိဉာဉ်ဖမ်းသူရဲ့ တည်နေရာရွှေ့ခြင်းကို ရှာမန်နတ်ဘုရားစွမ်းအင်သုံးပြီး အသက်သွင်းကြလိမ့်မယ်...."

" အခုလောလောဆယ် ကျွန်တော်တို့မျိုးနွယ်စုမှာ စိတ်ဝိဉာဉ်ဖမ်းသူ ဖြစ်လာနိုင်ဖို့ အလားအလာရှိတဲ့သူနှစ်ယောက် ရှာတွေ့ထားတယ်...သူတို့ကို ရှာမန်နတ်ဘုရားကျောင်းတော်ရဲ့ စွမ်းအားနဲ့ ယင်ကိုးကမ္ဘာဆီ စေလွှတ်ရမယ်...အကယ်၍ သူတို့မှာသာ ကံကြမ္မာရှိခဲ့ရင် ဖယောင်းနဂါးဆီကနေ အသိအမှတ်ပြုခံရပြီး စိတ်ဝိဉာဉ်ဖမ်းသူတွေ ဖြစ်လာမယ့် လမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ကြမယ်...."

"အရှင် ၊ နေရာပြောင်းခြင်းရဲ့ စွမ်းအားကို ဆွဲယူပြီး သူတို့နဲ့ အတူလိုက်သွားပြီးစိတ်ဝိဉာဉ်ဖမ်းသူတွေ ဖြစ်လာအောင် ကူညီပေးဖို့ မျှော်လင့်ပါတယ်"

နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုသည် စကားပြီးသည်နှင့် စုမင်အား စိုးရိမ်တကြီး ကြည့်နေလေသည်။ ဤသည်မှာ သူစဉ်းစားနိုင်သည့် နောက်ဆုံးနည်းလမ်းဖြစ်သည်။ စုမင်သာ သဘောမတူပါက  နွားသိုးဖြူမျိုးနွယ်စုကို အတင်းအကြပ် ရွှေ့ပြောင်းရပေလိမ့်မည်....

စုမင် ခေါင်းခါမပြခင် ခဏလောက် ငြိမ်နေလိုက်သည်။ ဒီအကြောင်းနှင့်ပတ်သတ်ပြီး သူ့တွင် ဗဟုသုတမရှိပေ....ဒီအကြောင်းကို ကြားပြီးတာနဲ့ သူ့အတွက် သိပ်ဆွဲဆောင်မှုမရှိကြောင်း နားလည်လိုက်သည်။

“အရှင်၊ ဒါက တစ်စုံတစ်ယောက်ကို စိတ်ဝိဉာဉ်ဖမ်းသူ ဖြစ်လာအောင် ကူညီပေးတာ ဒါပထမဆုံးအကြိမ်မဟုတ်လား....ရိုးရိုးသားသားပြောရရင်၊ ကျွန်တော်သိတာက ဝိညာဉ်လအတွင်းမှာ စိတ်ဝိဉာဉ်ဖမ်းသူဖြစ်လာဖို့ အလားအလာရှိသူတွေနဲ့ ယင်ကိုးကမ္ဘာကို သွားဖို့ အခွင့်အရေးလိုချင်နေကြတဲ့ စိတ်ဝိဉာဉ်ဖမ်းသူတွေ အများကြီးရှိတယ်တဲ့...."

" ဘာလို့ဆိုတော့ စိတ်ဝိဉာဉ်ဖမ်းသူတိုင်းက ယင်ကိုးကမ္ဘာကို တစ်သက်မှာတစ်ခါပဲ တရားဝင်သွားခွင့်ရှိကြတယ်...နောက်ထပ် ထပ်သွားချင်ရင် တည်နေရာရွှေ့ပြောင်းဖို့ သတ်မှတ်ခံထားရသူတွေဆီကနေ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်ကို ယူသုံးမှပဲရမယ်...."

" တကယ်တော့ ဒီလိုသွားချင်နေကြတာ စိတ်ဝိဉာဉ်ဖမ်းသူတွေချည်းပဲ မဟုတ်ဘူး...စိတ်တစ္ဆေတူညီတွေ၊ ရှေ့ဖြစ်သောသူတွေနဲ့ တခြားတခြားသော ရှာမန်တွေကလဲ သွားဖို့ အခွင့်အရေးရှာနေကြတယ်...ဘာလို့ဆိုတော့ ယင်ကိုးကမ္ဘာမှာ မြှုပ်နှံထားတဲ့ ဖယောင်းနဂါးရဲ့ အလောင်းကြောင့်ပဲ...."

" တကယ်တော့ ယင်ကိုးကမ္ဘာဆိုတာ လျှို့ဝှက်ဆန်းကြယ်တဲ့ကျိန်စာတစ်ခုကြောင့် ဖြစ်လာတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်....ယင်ကိုးကမ္ဘာကိုရှာမန်မျိုးနွယ်ဟုတွေ ရှာတွေ့ပြီးကတည်း အခုထိ မစူးစမ်းရသေးတဲ့နယ်မြေတွေ ကျန်နေသေးတယ်...စိတ်ဝိဉာဉ်ဖမ်းသူဖြစ်လာအောင် ကျင့်ကြံနိူင်မယ့်နည်းလမ်းကို ရှာဖို့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက သိပ်ကို ကျဉ်းလွန်းပါတယ်...."

" ကျုပ်တို့ ယင်ကိုးမ္ဘာကို ရှာတွေ့ပြီးကတည်းကညကျိန်စာတွေကို စတင်လေ့လာခဲ့ကြတာ...."

အဖိုးအိုသည် သိသမျှတွေကို စုမင်အားညအသေးစိတ်ရှင်းပြနေ၏...အခြားသူသာဆို သူဤမျှလောက်အထိ ရှင်းပြနေမည်မဟုတ်ပေ....တကယ်တော့...ဤအကြောင်းအရာများသည် ရှာမန်များအတွက် လျှို့ဝှက်ချက်များမဟုတ်ပေ.....

အဖိုးအိုသည် စုမင်အား တစ်စုံတစ်ရာလမ်းကြောင်းပြလို၍သာ ဤမျှအသေးစိတ်ရှင်းပြနေခြင်းဖြစ်သည်။ စုမင်၏ မူလဇာတ်မြစ်သည် အဖိုးအိုအတွက်အရေးမကြီးပေ....သူ့အတွက်အရေးကြီးဆုံးအရာမှာ မျိုးနွယ်စု၏ရှင်သန်မှုသာဖြစ်၏.....

ထို့အပြင် စုမင်၏ စွမ်းအားနှက့် ပတ်သတ်ပြီး အဖိုးအိုသည် သဲလွန်စအနည်းငယ်သိသွားသော်လည်း မသိဟန်ဆောင်နေခဲ့၏...သူသည် ထိုအကြောင်းများကို အခြားသူများကို ပြောပြလိုက်ပါက နွားသိုးဖြူမျိုးနွယ်စုအတွက် ဘေးဉပဒ်ရှာလိုက်သလို ဖြစ်နေပေမည်.....

စုမင်သည် သရဲသဘက်ဆန်စွာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ အဖိုးအိုအား စိုက်ကြည့်နေ၏....

အဖိုးအိုသည် ချောင်းဟန့်လိုက်ပြီး ဆက်ပြောပြန်သည်။

" မာန်မျိုးနွယ်စုတွေလဲ ယင်ကိုးကမ္ဘာကို သွားသင့်တယ်...အဲ့မှာ အသူရာကိုးပါးပန်းပွင့်ရှိတယ်...အဲ့ပန်းပွင့်က ရိုးရေစတေးအဆင့်ကို ကြီး​ကျယ်စွာအောင်မြင်ပြီးလို့ မာန်ဝိဉာဉ်အဆင့်ကို တက်လှမ်းတဲ့အခါ ကြုံတွေ့ရမယ့် သေခြင်းရှင်ခြင်း ဘေးဒုက္ခတွေကို လျှော့ချပေးနိုင်တယ်...."

" ယင်ကိုးကမ္ဘာမှာ မရေမတွက်နိုင်တဲ့ ကံကောင်မှုတွေရှိနေသေးတယ်...."

အဖိုးအိုသည် ဆက်ပြောနေသော်လည်း စုမင်၏အပြုံးကြောင့် သေလုအောင် ထိတ်လန့်နေလေပြီ....

“မင်းရဲ့ ရည်ရွယ်ချက်အမှန်ကို ပြောပါ”

စုမင် ဖြည်းညှင်းစွာပြောလိုက်သည်။

". .....မဖုံးကွယ်ဝံ့ပါဘူး အရှင်....ကျွန်တော့်ရည်မှန်းချက်က ဒီကလေးနှစ်ယောက် အမွေအနှစ်တွေရလာပြီး စိတ်ဝိဉာဉ်ဖမ်းသူတွေဖြစ်လာတဲ့အခါ အလယ်အလတ်တန်းစားမျိုးနွယ်စုတွေဆီပို့ပြီး ကျွန်တော်တို့တွေ ရွှေ့ပြောင်းတဲ့အခါ ကူညီခိုင်းမလို့ပါ....အကယ်၍ တွေးထားသလို ဖြစ်မလာဘူးဆို ဒီနှစ်ယောက်ကို မျိုးနွယ်စုမှပဲထားပြီး ဒီလိုပဲ ဖြတ်သန်းရတော့မှာပေါ့ဗျာ...."

" အဆိုးဆုံး အခြေနေရောက်လာခဲ့ရင် ဒီနှစ်ယောက်က အင်အားကြီးရှာမန်တွေကို ရှာပြီး ကျွန်တော်တို့အတွက် အပေးအယူလုပ်ပေးနိူင်မယ်ဆို လက်ရှိအခြေနေထက်တော့ ပိုကောင်းလာမှာအမှန်ပဲ...."

အဖိုးအိုသည် ခါးသီးစွာပြုံးကာ ပြောလိုက်သည်။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့ရင်ခွင်ထဲက တစ်ခုခုကို ဆုပ်ကိုင်လိုက်သည်။ မှောင်နေသော အလင်းတန်းတစ်ခု လင်းလက်သွားသောအခါ သူ့လက်ထဲတွင် ဝိုင်းစက်သည့် အရာတစ်ခု ပေါ်လာသည်။

"ဒီပစ္စည်းက ကျွန်တော်တို့မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းပါ၊ ကျေးဇူးပြုပြီး အရင်ယူထားလိုက်ပါ"

ထိုပစ္စည်းကို မြင်လိုက်သည့်အခါ စုမင်၏ မျက်ဆံများ ကြုံ့ဝင်သွားပြီး နှလုံးသားထဲတွင် မုန်တိုင်းထန်နေခဲ့သည်။

“ဒါက…”

စုမင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ့လက်ထဲရှိ အရာဝတ္တုကို သိမ်းလိုက်လေတော့သည်။

***

All Chapters