← Chapters

အဲ့အရာပဲ!

Vol. 30 Ch. 418

အဲ့အရာပဲ!

Vol. 30 Ch. 418

နွားသိုးဖြူမျိုးနွယ်စု ဘိုးဘေးသည် စုမင်၏ တည်ငြိမ်မှုပျောက်ဆုံးပုံကြောင့် ဝမ်းမသာနိူင်သေးခင် အရင်ဆုံး ထိတ်လန့်နေခဲ့မိသည်။ မြင့်မြတ်သော ပစ္စည်းအား ပေးလိုက်ရခြင်းအတွက် မည်သည့်နာကျင်မှုမျှ မခံစားရပေ...ထိုအရာသည် မည်သို့ပင် ထူးခြားဆန်းပြားနေပါစေ သူ့နှလုံးသားထဲတွင်မူ ထိုအရာသည် မျိုးနွယ်စုဝင်များ၏အရေးပါမှုနှင့် နှိုင်းယှဉ်မရနိုင်ပေ.....

ဘိုးဘေးစဉ်ဆက် ချန်ရစ်ခဲ့သော ထိုအရာသည် မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်သော ပစ္စည်းဖြစ်နေပါစေ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရမည်မဟုတ်ပေ....ကပ်ဘေးကြီးပြီးဆုံးသွားတဲ့အခါ အသက်ရှင်ကျန်ရစ်ခဲ့မည့် မျိုးနွယ်စုဝင်များသည် ဆံဖြူသွား​ကျိုးချိန်ရောက်သည်အထိ မျိုးနွယ်စုဝင် ကလေးငယ်များ၏ ကြီးပြင်းမှုကို မြင်တွေ့နိုင်ပေလိမ့်မည်....

ထိုသို့သာ ဖြစ်လာနိူင်မည်ဆိုပါက ဘာမဆို စွန့်လွှတ်နိုင်သည်။ သူ့အတွက်တော့ ထိုအရာသည် ဘိုးဘေးအဖြစ် တာဝန်ယူပြီးကတည်းက သူ့ဘဝအတွက် အကြီးမားဆုံး အဓိပ္ပါယ်တစ်ရပ်ဖြစ်၏....

တစ်ချိန်တည်းမှာပင် ပီတိဖြစ်မိသလို စနိုးစနောင့်လည်း ဖြစ်မိနေပြန်သည်။စုမင်တစ်ယောက် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း ပျောက်ရှသွားသည်ကိို ပထမဆုံးအကြိမ်ဖြစ် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ထိုအရာကို စုမင် ဆွဲယူနေချိန် သူသာ လက်ပြန်ရုတ်မိခဲ့ပါလျှင် ကိုယ့်ကိုကိုယ် သတ်သေဖို့မုန်တိုင်းအား ဆင့်ခေါ်သည်နှင့် တူပေလိမ့်မည်....

အဘိုးအိုသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ စုမင်ဘက်သို့  လက်သီးကိုလက်ဖဝါးဖြင့် ဆုပ်ကာ အရိုအသေပြုနေသည်။ စုမင်သည် သူ့မျိုးနွယ်စု၏ အထွတ်အမြတ်ထားရာ ပစ္စည်းကို ကြည့်ရှုနေစဉ် အဘိုးအိုက လေးလေးစားစား ပြောဆိုလိုက်၏....

"အားနည်းလှတဲ့ နွားသုံးဖြူမျိုးနွယ်စုကို အရှင့်ဘက်က ကူညီသည်ဖြစ်စေ မကူညီသည် ဖြစ်စေ ဒီအရာက အရှင့်အပိုင်ပါပဲ....ဒါ့ပေမယ့် မျိုးနွယ်စုဝင် သုံးရာခုနှစ်ဆယ့်ကိုးယောက်ကိုယ်စား တောင်းဆိုပါရစေ....ကျေးဇူးပြုပြီး တစ်ကြိမ်လောက်လေးပဲ ကူညီပေးပါ...."

အဖိုးအိုသည် နောက်ဆုတ်လိုက်ပြီး စုမင်ရှေ့တွင် ဒူးထောက်လိုက်သည်။

သူသည် နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သည့်အတွက် သူ့တွင် မာနရှိ၏...ထို့အပြင် သူသည် အလယ်လတ်အဆင့် ရှာမန််ဉီးလည်း ဖြစ်ပေ၏....သူ၏မျိုးနွယ်စုဝင်များ မရှိလျှင်​တောင် မတ်တပ်ရပ်လျက် သေမည့်လူစားပင်....မည်သူ့ကိုမျှ ဒူးထောက်လိမ့်မည်မဟုတ်.....

ယခုတွင်မူ.....သူ၏မျိုးနွယ်စုအတွက်၊ ရင်းနှီးသော မျက်နှာပိုင်ရှင်များအတွက်၊သူ့အား " ဘိုးဘေး" ဟုတလေးတစားခေါ်ကြသော မျိုးဆက်သစ်ကလေးများအတွက် ၊ သူ့မျက်စိအောက်တွင် ကြီးပြင်းလာကြသော ကလေးငယ်များအတွက် ...သူ ဒူးထောက်ခဲ့လေပြီ......

ငယ်ငယ်ကတည်းက ရုပ်ဆိုးလွန်းတဲ့သူ့ကို ကြင်ကြင်နာနာဆက်ဆံပေးခဲ့ဖူးသူတွေကို မမေ့ခဲ့သလို လူငယ်ဘဝက ချစ်ကျွမ်းဝင်ခဲ့မိတဲ့ အလှဆုံးသော မိန်းကလေးကိုလဲ မမေ့ခဲ့ပေ.....

သေဆုံးခံနီးအချိန်တွင် သူ့အားလက်ညှိုးညွှန်၍ ဘိုးဘေးအဖြစ် ခန့်အပ်ခဲ့သော ဆရာသခင်ကိုလည်း ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်​ပေ....ကြင်နာနွေးထွေးလှသောအကြည့်များ၊ မျှော်လင့်နေသော မျက်ဝန်းများ....ဤအရာများအားလုံးသည် သူ့ဘဝ၏ နွေးထွေးမှုများဖြစ်သည့်အပြင် သူ့ဘဝ၏ အရေးကြီးဆုံးသော အရာများလည်း ဖြစ်ပေသည်။

သူ့မျိုးနွယ်စုအတွက်သာဆို ဒူးထောက်တောင်းပန်ရသည်ဖြစ်စေ၊ အထွတ်အမြတ်ထားရာ ပစ္စည်းကို ပေးလိုက်ရသည်ဖြစ်စေ ၊မျိုးနွယ်စုတစ်ခုလုံးက မေးခွန်းဝိုင်းထုတ်လာသည်ဖြစ်စေ အရေးမကြီးတော့ပေ....

တစ်နေ့နေ့မှာ မျိုးနွယ်စုဝင်များက အထွတ်အမြတ်ထားရာ ပစ္စည်းပျောက်သွားခဲ့ပြီး မျိုးနွယ်စုတွင် ရှိသောအရာမှာ ဘိုးဘေးဖြစ်သည့် သူ ပြုလုပ်ထားသော အတုအယောင်တစ်ခုမှန်း သိသွားပါက မျိုးနွယ်စုတစ်ခုလုံးသည် သူ့အား တစ်သက်တာလုံးမုန်းတီးနေကြတော့မည်ဖြစ်ကြောင်း ကြိုတင်မှန်းဆထားခဲ့ပါသည်။

သို့သော်လည်း ဤအရာများကို ခါးစည်းရင်ဆိုင်ရန်သာ ရွေးချယ်ခဲ့သည်။ မျိုးနွယ်စုတစ်ခုလုံး ဘေးကင်းလုံခြုံရန် ထိုအရာများကို ခါးစည်းရင်ဆိုင်ရပေမည်....

စုမင်သည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်တည်း......

စုမင်သည် အကြည့်များအား လက်ဖဝါးထက်မှဘအရာဆီကနေ ဒူးထောက်နေသော အဖိုးအိုထံသို့ လွှဲပြောင်းလိုက်သည်။ အဖိုးအိုသည် သူ့၏ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုများအား ပြသနေသည်။ ယခု ဆုံးဖြတ်ချက်သည် ၎င်း၏ ကိုယ်ရည်ကိုယ်သွေးအား တစိတ်တပိုင်းပြသနေပေသည်။

ဤအဖိုးအိုသည် သူ့မျိုးနွယ်စုအတွက် ဘာတွေလုပ်ပေးခဲ့သလဲ စုမင် မသိသော်ငြားလဲ ဘာတွေလုပ်ပေးနိူင်သလဲ သိခဲ့ရပြီ.......

"ငါက မင်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်လား"

အချိန်အတော်ကြာပြီးနောက် စုမင်သည် ဖြည်းညှင်းစွာမေးလိုက်သည်။

အဖိုးအိုသည် သည် ရှာမန်မျိုးနွယ်ဖြစ်ပြီး စုမင်သည် မာန်မျိုးနွယ်စု ဆင်းသက်လာသူဖြစ်မေသည့်အပြင် မျိုးနွယ်နှစ်ခုလုံး စစ်ပွဲဖြစ်နေသော်လည်း အဘိုးအို၏ လုပ်ရပ်များက စုမင်ကို အကြီးအကဲအား သတိရစေခဲ့လေသည်။

ဒူးထောက်နေသော အဖိုးအိုသည် ခေါင်းညိတ်ပြနေ၏....

" အကယ်၍ ငါသာ ဒီမှာမရှိရင် မင်း ဘာဆက်လုပ်မှာလဲ..."

စုမင် တခဏမျှ တိတ်ဆိတ်နေပြီး​နောက် မေးခွန်းထုတ်လိုက်လေသည်။

" ပေးဆပ်ရမယ့်တန်ဖိုးကြီးမားမယ်ဆိုရင်တောင် ကြိုးကြာနက်မျိုးနွယ်စုနဲ့ ပူးပေါင်းဖို့ ရွေးချယ်မှာပါ....တကယ်တော့ ကြိုးကြာနက်မျိုးနွယ်စုက ဒီဧရိယာတစ်ဝိုက်မှာ အစွမ်းထက်ဆုံးရှာမန်ဖြစ်တဲ့ မဒမ်ဂျိကို သွားရှာ​မယ်မှန်း သိနေလို့ပါ...အမှန်တိုင်း မဒမ်ဂျိသာ ကျွန်တော်တို့ကို ဒုက္ခလာပေးရင် သူမကို တားဆီးဖို့ နည်းလမ်းရှိ​ပါတယ်...."

အဖိုးအိုသည် ခေါင်းမော့ပြီး စုမင်အား ကြည့်လိုက်သည်။ အဖိုးအို၏  မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ဉာဏ်ပညာရှိပြီး အသက်အရွယ်အိုမင်းနေကြောင်း သက်သေခံပေးနေသည်။ ထိုမျက်နှာ​ပေါ်တွင် အမြစ်တွယ်နေပြီးဖြစ်သော ပင်ပန်းနွမ်းနယ်မှုများကိုလည်း မြင်နေရ၏....

" အကယ်၍ မျိုးနွယ်စုနှစ်ခု ပူးပေါင်းလိုက်တာတောင် ပြောင်းရွှေ့ဖို့ ကူညီပေးနိုင်မယ့် ရှာမန်မျိုး ရှာမတွေ့ရင် ဘာဆက်လုပ်မယ် စဉ်းစားထားလဲ...."

စုမင် တည်ငြိမ်စွာ မေးခွန်းထုတ်နေပြန်သည်။

အဖိုးအိုသည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်တွင် အပြုံးတစ်ပွင့်နှင့် အတူ တိုးလျစွာ ပြန်ဖြေလေ၏.....

" ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ကံတရားလို့ပဲပြောရတော့မှာပေါ့....ဒီလိုသာဆို ကျွန်တော်တို့တွေ ကပ်ဘေးကြီးဆိုက်ရောက်လာတာကို ထိုင်စောင့်နေကြမယ်....ပျက်စီးကိန်းဆိုက်လာပြီဆို မျိုးနွယ်စုရဲ့ ရှေးဟောင်းသံစဉ်တွေ သီကျုးပြီး ကခုန်ကြမယ်...သေခြင်းတရားက ထင်ထားသလောက် ကြောက်ဖို့မ​ကောင်းတော့ဘူးပေါ့...."

စုမင်သည် အဖိုးအိုကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် လေးစားမှုများ တဖြည်းဖြည်း ပေါ်လာသည်။ သူသည် ရှာမန်တစ်ယောက်ဖြစ်လျှင်ပင်လေးစားထိုက်သော ပုဂ္ဂိုလ်ဖြစ်သည်။

ဤစကားမျိုးသည် စိတ်ထဲကမပါဘဲ ပြောဖို့ခက်လှပေသည်။

" ဝိဉာဉ်လမရောက်ခင် အကြိုနေ့လောက်ကျရင် မင်းရဲ့ မျိုးနွယ်စုက ကလေးနှစ်ယောက်ကို ဒီကိုခေါ်လာခဲ့....."

စုမင်သည် မျက်လုံးမှိတ်ထားကာကနေ ထိုစကားကို ပြောရင်း မျက်လုံးပြန်ဖွင့်ကာ ချိတ်ပိတ်ခံထားရသော တောင်တန်းကြီးအား ကြည့်နေခဲ့သည်။ မြေပြင်နေရာလွတ်ကြီးပေါ်သို့ လေတသုတ်တိုက်ခတ်လာသောအခါ စုမင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

အဖိုးအိုသည် စုမင်ထွက်ခွာသွားသည်ကို ကျေးဇူးတင်နေသော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် မပြန်သေးမီအချိန်တွင် စုမင်ရှိရာနေရာသို့မှန်းဆ၍ လေးနက်စွာ အရိုအသေပြုခဲ့သည်။

စုမင် လေထဲတွင် လမ်းလျှောက်၍ တောင်တန်းဆီသို့ ပြန်လာခဲ့သည်။ အဖိုးအိုဆီမှရလာသော အရာလေးအ လက်ထဲတွင် ကိုင်ထားလျှက်ဖြင့် တင်းပုတ်ကြီး၏နံဘေးတွင် တင်ပြင်ခွေထိုင်ချလိုက်သည်။ စုမင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။

"ငါ ဒါမျိုး ထပ်တွေ့ရမယ် ထင်မထားဘူး...ဒါက ဘာလဲ...."

စုမင် အသက်ပြင်းပြင်းရှူလိုက်မိသည်။ လက်ထဲတွင်ရှိသောအရာသည် ကျောက်ပြားဝိုင်းလေးတစ်ချပ်သာဖြစ်၏......

ထိုကျောက်ပြားဝိုင်းလေးသည် သာမာန်ဆန်လွန်းလှသည်။ မျက်နှာပြင်ပေါ်တွင် သပ်ရပ်လှပစွာ ထွင်းထုထားသောအရာတစ်ချို့ရှိသည်မှလွဲ၍ ဘာမျှထူးဆန်းမနေပေ....ထိုအရာသည် ပန်းကန်လုံးတစ်ခုမှ ပဲ့ထွက်လာသည်ဟုထင်ရသော  အပိုင်းအစလေးတစ်ခုသာ ဖြစ်သည်။အပိုင်းအစ၏အရောင်သည် ကျောက်သားပန်းကန်လုံးနှင့် အတော်လေး ကွာခြားသောကြောင့် ၎င်းကိုကြည့်ရသာသည်မှာ တမျိုးထူးဆန်းနေပြန်သည်။

စုမင်အား အဖိုးအိုရှေ့တွင် ထိန်းသိမ်းမရအောင် မူပျက်စေခဲ့သည်မှာ ထိုအပိုင်းအစလေးပေါ်တွင် နစ်မြှုပ်နေသည့် အနက်ရောင်ကျောက်လေး ပင်ဖြစ်၏....ထိုလက်သည်းခွံအရွယ်အစားမျှရှိသော ကျောက်လေးသည် လုံးဝဉသုံနက်မှောင်နေပြီး အနက်ရောင်အလင်းဖျော့ဖျော့ပင် ထုတ်လွှတ်ပေးနေသည်။

ထို အပိုင်းအစလေးသည် စုမင်၏လည်ပင်းတွင် ဆွဲထားသော ထူးဆန်းတဲ့ ကျောက်တုံးအပိုင်းအစနှင့် ထပ်တူညီသော ခံစားချက်ကို ပေးစွမ်းနေ၏....သို့သော် စုမင်၏ ကျောက်တုံးအပိုင်းအစနှင့် နှိုင်းယှဉ်ပါက ၎င်းသည် များစွာသေးငယ်သည်။

ဤအရာသည် စုမင်၏ တည်ငြိမ်မှုကို ဆုံးရှုံးသွားစေနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ ၎င်းကို ဖမ်းမိသောအခါ အဘိုးအိုသည် သူ့အကြောင်း သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုအရာများသည် သူရရှိသောပစ္စည်းနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

စုမင်သည် ထိုအပိုင်းအစလေးကို စိုက်ကြည့်နေပြီး သူ့မျက်နှာသည် ရံဖန်ရံခါ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေပြီး အခြားအချိန်များတွင် လွမ်းဆွတ်တမ်းတနေဟန်ရသည်။ နက်မှောင်တောင်တန်းတွင်  ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်များသည်  အမှတ်ရစရာမျအဖြစ်  မသိစိတ်ထဲတွင် ပေါ်လာခဲ့ပြန်သည်။

အနက်ရောင်ကျောက်တုံးအပိုင်းအစကို ရရှိပြီးချိန်တွင် မာန်မျိုးနွယ်စု၏ နတ်ဘုရားရုပ်တုကို လှည့်စားခဲ့ပြီး မာန်စွမ်းအားရှင်များ၏နည်းလမ်းများကို နက်မှောင်တောင်ဖျက်ဆီးခံရသည့်အချိန်ထိ လိုက်နာကျင့်သုံးနိုင်စေခဲ့ပြီး လေမာန်နတ်ဘုရားနှင့် လျှပ်စီးမာတ်နတ်ဘုရားတို့၏အမွေများကို ဆက်ခံနိူင်ခဲ့သည်။

အနက်ရောင် ကျောက်တုံးအပိုင်းအစသည်  သူ့နှင်ပြတ်သတ်သမျှအရာရာတိုင်းအား ပြောင်းလဲ​ပေးနိူင်၏.....

စုမင်သည် ကျောက်ပြားလေးကို ကြည့်ရင်း အကြာကြီး မှင်သက်နေခဲ့မိသည်။ ကောင်းကင်တွင် နေဝင်သောအခါတွင် ရှုပ်ထွေးသောအကြည့်ဖြင့် သက်ပြင်းချမိပြန်သည်။ ထိုအမှတ်တရများက သူ့ကို ပထမဆုံးအကြိမ် သက်ပြင်းချစေခဲ့သည်။

စိတ်ငြိမ်သွားသည့်အခါ စုမင် လည်ပင်းတွင် ဆွဲထားသော ကျောက်နက်လေးအား ထုတ်ယူလိုက်သည်။ထိုကျောက်နက်လေးအား ကျောက်ပြားလေးထဲ ထည့်လိုက်သည့်အခါ နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခုရောင်ပြန်ဟပ်နေသကဲ့သို့ အနက်ရောင်အလင်းများ တောက်ပလာသည်။

ခဏအကြာတွင်တစ်စုံတစ်ခုသည် စုမင်အား အသက်ရှုကြပ်သွားစေခဲ့သည်။ ကျောက်ပြားအပိုင်းအစပေါ်ရှိ ထွင်းထုထားသော ထွင်းထုရာများသည် အဖြူရောင် အလင်းတို့ဖြင့် စတင်တောက်ပလာကာ၊ ထိုထွင်းထုရာများသည် စုမင်၏ မျက်လုံးများထဲတွင် အသက်ဝင်လာသကဲ့သို့ လည်ပတ်နေတော့သည်။

သို့သော် သုံးကြိမ်လည်ပတ်ပြီးသည်နှင့် ၎င်းတို့၏အလင်းရောင်သည် ချက်ချင်းမှိန်သွားခဲ့သည်။ ကျောက်ပြားပေါ်တွင် အက်ကြောင်းများ ချက်ချင်းပေါ်လာပြီး ​ကျောက်ပြားသည် ကွဲအက်တော့မည့်ပုံပေါ်သည်။ စုမင်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ကိုယ်ပိုင်ကျောက်နက်လေးကို ဖယ်ထုတ်လိုက်မှသာ ဒီကျောက်ပြားကို လုံးဝကွဲမသွားစေအောင် ထိန်းနိုင်ခဲ့၏.....

"ကျောက်က ကျောက်ပြားဝိုင်းပေါ်မှာ မြုပ်နေတယ်....ဒါပေမယ့် ဒီကျောက်ပြားဝိုင်းရဲ့အထဲမှာ ဘယ်လိုမျိုးအံ့သြစရာတွေရှိနေမလဲ မသိဘူး...နွားဖြူမျိုးနွယ်စုက ဘိုးဘေးကြီး နောက်တစ်ခါလာမှပဲ မေးကြည့်တော့မယ်..."

စုမင် စိတ်လှုပ်ရှားမှုများကို ​ဖြေဖျောက်ပြီး ကျောက်ပြားဝိုင်းလေးကို သိုလှောင်အိတ်ထဲ ထည့်လိုက်လေ၏.....

" ယင်ကိုးကမ္ဘာ....ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု...ဟမ့်....အသူရာကိုးပါးပန်းပွင့်က မာန်ဝိဉာဉ်အဆင့်ရောက်တဲ့အခါ ကြုံရမယ့် အခက်အခဲတွေကို လျှော့​ချပေးနိုင်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး....ဒါပေမယ့် ဟိုအဖိုးကြီးကြည့်ရတာ လိမ်နေပုံမရဘူး...."

" အဲ့နေရာကနေ ဆင်းသက်လာတဲ့ ကျိန်စာတွေကို ရှာမန်တွေက ထိန်းချုပ်နိုင်တယ်ဆိုတော့ ယင်ကိုးကမ္ဘာမှာ ရတနာတစ်ခုခုတော့ရှိရမယ်...."

စုမင် တွေးတောနေရင်းကနေ လက်ချောင်းပေါ်က အနီရောင်လက်စွပ်လေးအား ပွတ်သပ်နေမိသည်။ထိုအရာအား စစ်ဆေးရန် အချိန်မရှိခဲ့ပေ....

" မာန်စွမ်းအားရှင်တွေလဲ အဲ့ကိုဝင်ဖို့ နည်းလမ်းရှာနေကြတယ်ဆိုတော့ ဟိုရောက်ရင် ရှာမန်တွေအပြင် ရင်းနှီးပြီးသားမျက်နှာတွေကိုလဲ ပြန်တွေ့ရတော့မှာပေါ့..."

ရှာမန်များအကြောင်း သူတွေးလိုက်သောအခါ စုမင် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ ဟုန်လော့ကြောင့်  ဖြစ်ပေါ်လာသော ပြသာနာများကြောင့် ဝမ်ချိုးနှင့် အခြားသူများကို မည်သို့ရှင်းပြရမည်မှန်းမသိတော့ပေ....

တခဏအကြာတွင် ခေါင်းရှုပ်စရာများအား စုမင် ဖယ်ထုတ်လိုက်လေပြီ....လောလောဆယ်တွင် ပင်လယ်သေ​ဒေသသို့ ပြန်သွား၍မရသေးပေ....အမွေအနှစ်ဆက်ခံခြင်းသလင်းကျောက်နှင့်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်သည် အချိန်တစ်ခုကြာသည်အထိ ပြီးနိုင်ဉီးမည်မဟုတ်ပေ....

နွားသိုးဖြူမျိုးနွယ်စုမှ လူများ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေစဉ် စုမင်သည် ကျိန်စာအား စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် လေမာန်နတ်ဘုရားဆီမှ အမွေမှရရှိခဲ့သော လေထုခွဲဖြာခြင်းနည်းသုံးသွယ် ပညာရပ်အားတည်ငြိမ်လာသည်အထိ လေ့ကျင့်ခဲ့သည်။

ထို့အပြင် အန္တရာယ်များကြားမှ ခိုးယူခဲ့သော အနက်ရောင်တင်းပုတ်ကြီး၏ အသုံးဝင်မှုများကိုလည်း ရှာဖွေနေခဲ့၏.....

ထို့အပြင်၊ သူ၏ကိုယ်ပွားခန္ဓာကိုယ်အတွင်းရှိ အခြေတည်အဆင့်စိတ်ဝိဥာဉ်သည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ပြန်ကောင်းမွန်လာစေရန် အထူးဂရုစိုက်ရပေမည်။ သို့သော် ဤနေရာ၌ ကမ္ဘာကြီး၏ စွမ်းအားသည် ထူထပ်သည်။ စုမင်ထံတွင် ဝိညာဉ်ဆေးမရှိသည့်တိုင် ဒဏ်ရာများကို ဖြည်းညှင်းစွာ သက်သာစေနိုင်၏....

လအနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ထိုနှစ်ဆယ့်တစ်ရက်အတွင်းတွင် အခြေတည်အဆင့်စိတ်ဝိဉာဉ်၏ ဒဏ်ရာများမှာ အနည်းငယ်သက်သာလာသည်။စုမင် ၏ အခြေတည်အဆင့်စိတ်ဝိညာဉ်သည် အဆက်မပြတ် လွင့်မြောနေသည့် အခြေအနေတွင် မရှိတော့ပေ.ယ.. အားနည်းနေသေးသော်လည်း အသက်ဝင်မှု ပြန်လည်ရရှိလာပြီဖြစ်သည်။

အနက်ရောင်တင်းပုတ်အတွက်မူ....စုမင် သည် ၎င်းအား သိုလှောင်အိတ်ထဲထည့်ရန် နည်းလမ်းမရှာနိုင်သော်လည်း တင်းပုတ်၏အလေးချိန်ကို မိမိဆန္ဒအလျောက်ပြောင်းလဲနိုင်ရုံသာမက အရွယ်အစားကိုလည်း ပြောင်းလဲနိုင်သည်ကို သိရှိခဲ့သည်။ အနည်းငယ် လွှဲရမ်းပြီးသည်နှင့် သူနှင့်အတူ ယူဆောင်လာနိုင်ပြီဖြစ်သည်။

အနီရောက်လက်စွပ်တွင် ပြသာနာတစ်ချို့ရှိနေ၏....၎င်းထဲတွင် စွမ်းအားတစ်ခုတည်ရှိနေပြီး စုမင် ထိုစွမ်းအားကို စစ်ဆေးကြည့်သည့်အခါတိုင်း ကြည်နူးမိနေခဲ့သည်။ကျိန်စာ၏ စွမ်းအားသည် မယုံနိုင်လောက်အောင် ကြီးမားသောကြောင့် စုမင်သည် သူ့စိတ်ရှုပ်ထွေးမှုများကြားတွင်အဖြေမထုတ်နိုင်သေးပေ။သို့သော် ထိုလက်စွပ်ထဲသို့ စိတ်နှစ်လိုက်သည့် အခါတိုင်း မူးဝေလာတတ်သည်။

“ကျိန်စာရဲ့စွမ်းအား …”

စုမင် တီးတိုးလေး ရေရွတ်နေ၏... ရုတ်တရက် သူ့အမူအရာ ပြောင်းသွားကာ ချိတ်ပိတ်ထားသည့် အပြင်ဘက်နေရာကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ခဏအကြာတွင် နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအို၏ အသံသည် အပြင်ဘက် ဧရိယာမှ ခပ်တိုးတိုးပေါ် ထွက်လာသည်။

" စိတ်ဝိဉာဉ်ဖမ်းသူအရှင်..... နွားသိုးဖြူမျိုးနွယ်စုရဲ့ ဘိုးဘေး ကျွန်တော်က အရှင့်ကို တွေ့ခွင့်တောင်းပါတယ်....ကျွန်တော် ကလေးနှစ်ယောက်ကို ခေါ်လာခဲ့ပြီ..."

စုမင် မတ်တပ်ထရပ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ခြင်းပင် မြွေငယ်လေးသည် သူ့ဆီသို့ ပျံသန်းလာပြီး သူ့အပေါ်မှ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် အဆိပ်အလောင်းသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင်က သူ့ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူ၏အခြေတည်စိတ်ဝိညာဉ်သည် သူ့ကိုယ်ပွားထံမှ ချက်ချင်း ပျံထွက်လာပြီး သူ့ဦးခေါင်းခွံထဲသို့တိုးဝင်သွားလေ၏

တစ်ဖန် အိပ်ပျော်သွားသော အနက်ရောင် ပိုးကောင်များကို  ကျိယွင်ဟိုင်၏ခန္ဓာကိုယ်ထဲမှဖယ်ထုတ်လိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်ကာ ရှေ့သို့ ညွှန်လိုက်လေသည်။

လှိုင်းဂယက်များသည် ချက်ချင်းပင် သူ့ရှေ့က လေထဲတွင် ပေါ်လာပြီး နေရာလပ်တစ်ခု ပေါ်လာခဲ့သည်။ နွားသိုးဖြူမျိုးနွယ်စုမှ အဖိုးအိုသည် ယောက်ျားလေးတစ်ဉီးနှင့် မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာကာ နှစ်ယောက်စလုံးသည် ကြောက်ရွံ့ထိတ်လန့်နေဟန်နှင့် လျှောက်လှမ်းလာနေကြသည်။

All Chapters