အခန်း (၃၂၉-၃၃၀)
Vol. 24 Ch. 329-330
အပိုင်း(၃၂၉)
သွေးမိစ္ဆာငယ် တစ်ကောင်သည် ပင့်ကူအိမ်ကြားရှိ ကွက်လပ်တစ်ခုမှ တိုးဝင်ရန် ၎င်းကိုယ်၎င်း ကျုံ့လိုက်၏။ ယခင်က မည်သည့်အကောင်မှ ထိုသို့ မလုပ်ဖူးသောကြောင့် လင်းတုန်း အံ့သြသွားမိသည်။ သူသည် ၎င်းကို သူ၏ ဓားဖြင့် ထိုးချလိုက်ရာ ၎င်းမှာ အေးခဲသွားပြီးနောက် အပိုင်းပိုင်း ကွဲကြေသွားလေသည်။
ထိုအရာက ထူးဆန်းသည်။ ၎င်းသည် ဓားသွားကို ဖန်တီးရာတွင် ပါဝင်သော မာဒြာ ၏ ဂုဏ်သတ္တိ တစ်ခုခုကြောင့် ဖြစ်နိုင်၏။ ထိုဓားသည် သူ့ကို ရေခဲလို အေးစက်သော ခံစားချက်ကို အမြဲတစေ ပေးစွမ်းခဲ့သည်။
မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ သူ့ကိုယ်ပိုင် မာဒြာ ကို အသုံးမပြုဘဲ သွေးမိစ္ဆာငယ်များကို တိုက်ခိုက်နိုင်သော လက်နက်တစ်ခု ရှိနေခြင်းအတွက် သူ ဝမ်းသာမိ၏။ အဘယ်ကြောင့်ဆိုသော် မာစီ၏ စွမ်းအင်များ ကုန်ခမ်းနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
ထိုဝိညာဉ်များမှာ အဆုံးမရှိသလို ထင်ရပြီး သူ သိထားသလောက် အမှန်တကယ်လည်း အဆုံးမရှိ ဖြစ်နိုင်ပါသည်။ တိုးဝင်လာသော အကောင်များ ပို၍ ပို၍ များလာသဖြင့် သူသည် ဓားကို အသုံးပြုရလေသည်။
မကြာမီမှာပင် သူသည် ဓားကို မနည်း မသယ်ကိုင်ထားရပြီး၊ မာစီမှာလည်း စကားပင် ကောင်းကောင်း မပြောနိုင်လောက်အောင် အသက်ရှူ မဝဖြစ်နေ၏။
"ငါ့မှာ... နောက်ထပ် လှည့်ကွက် တစ်ခု... ရှိသေးတယ်... အဲဒါကို... ကယ်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်... တောင်းပန်ပါတယ်..."
သူမက မောဟိုက်စွာဖြင့် ပြောလိုက်သည်။ လင်းတုန်းသည် သူမ ဘာအတွက် တောင်းပန်နေမှန်း မစဉ်းစားတတ်အောင် ဖြစ်သွားရ၏။ သို့သော် သူမ ဘာမှ မလုပ်ရသေးမီ သွေးမိစ္ဆာငယ်များ အေးခဲသွားကြသည်။
၎င်းတို့သည် ဓားသူတော်စင် ၏ ဓားနှင့် ထိတွေ့ချိန်ကလို ရေခဲအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ချေ။ ၎င်းအစား ၎င်းတို့သည် ရိုးရှင်းစွာပင်... ရပ်တန့်သွားကြခြင်း ဖြစ်သည်။ စွမ်းအင် ကုန်သွားသော မှော်ပစ္စည်း များကဲ့သို့ပင်။
သက်သာရာရစွာဖြင့် သူ လှည့်ကြည့်လိုက်၏။
ယီရင်သည် လက်တစ်ဖက်ကို ဆန့်တန်းထားလျက် တုန်ရီစွာ ရပ်နေသည်။ သူမ၏ အနောက်တွင် အနီရောင် အရိပ်တစ်ခု ရပ်နေ၏။
ဒီတစ်ခါတော့ သွေးအရိပ်က သိပ်မထင်ရှားလှပေ။ မိစ္ဆာ နတ်ဘုရား၏ သွေးရောင် အလင်းကြောင့် ကျလာသော အစစ်အမှန် အရိပ်တစ်ခုနှင့် ပိုတူနေ၏။ သို့သော် ၎င်းသည် သူမ၏ လှုပ်ရှားမှုတိုင်းကို အတုခိုးလျက် သူမနောက် တစ်လက်မအကွာတွင် ရှင်းလင်းစွာ ရပ်နေသည်။
"ငါ အဲဒီ ငါးကို ဗိုက်ခွဲရမယ့် အချိန်တန်ပြီ..."
ယီရင်က ပြောလိုက်၏။ သူမသည် မတ်တတ်ရပ်လျက် ယိမ်းယိုင်နေသော်လည်း အပြုံးကတော့ တောက်ပနေသည်။
"ကျောက်ခဲတစ်လုံးလောက် ရိုးရှင်းပါတယ်... အခု ဘယ်သူက ထိန်းချုပ်ထားလဲ၊ ဟမ်..."
လင်းတုန်းသည် အနီးအနားရှိ အိုးတစ်လုံး၏ အဖုံးပေါ်တွင် ခွေခေါက် ထိုင်ကျသွား၏။ သူ၏ ညာဘက် လက်မောင်းသည် သစ်သားနှင့် ကြိုးများဖြင့်သာ ပြုလုပ်ထားသကဲ့သို့ ပျော့ခွေနေသည်။ သူ၏ စိတ်ဝိညာဉ် ထဲတွင် အမှန်တကယ် ဒဏ်ရာတစ်ခု ပွင့်ထွက်သွားပြီဟု သူ ထင်လိုက်မိသည်။
"နင် လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်..."
သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာစေရန် အလွန် ကြီးမားသော အားထုတ်မှုတစ်ခု ပြုလုပ်ရသကဲ့သို့ သူ ပြောလိုက်၏။
"နင် လုပ်နိုင်မယ်ဆိုတာ ငါ သိပါတယ်..."
နောက်ဆုံးတွင် နွေးထွေးသော အငွေ့အသက် တစ်ခု ချဉ်းကပ်လာပြီး တံခါးဝရှိ ပင့်ကူအိမ်ကို ဟိန်းဟောက်သံနှင့်အတူ ဖြတ်ကျော် ဝင်ရောက်လာသည်။ မာစီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သော်လည်း သူက သူမကို ပြန်ထိုင်ရန် လေထဲတွင် လက်ကို ဝှေ့ယမ်းပြလိုက်၏။
အော်သိုသည် သွေးမိစ္ဆာငယ်များကို နင်းလျှက် ဖြတ်ကျော်လာပြီး လှေကားပေါ်တွင် ၎င်းတို့ကို သွေးစက်များအဖြစ် ပျက်စီးသွားစေလျက် ဟိန်းဟောက်နေသည်။ ၎င်းတို့ထဲမှ နှစ်ကောင်သည် မဟူရာ မီးတောက်များ အဖြစ် ပေါက်ကွဲသွားသော်လည်း ကျန်အကောင်များမှာမူ ရိုးရိုးရှင်းရှင်းပင် ဖျက်ဆီးခံလိုက်ရသည်။
"ထွက်လာတဲ့ နေလုံးကြီးလိုပဲ၊ နင်က အချိန်ကိုက်ပဲ..."
ယီရင်သည် သူမ၏ သွေးအရိပ်ကို ပြန်လည် သိမ်းဆည်းရင်း ပြောလိုက်၏။
အော်သို က ဟိန်းဟောက်လိုက်သော်လည်း သူ စကားမပြောနိုင်ကြောင်း ပြသရန် ခေါင်းခါပြလေသည်။ သူသည် အနီးအနားရှိ အိုးတစ်လုံးကို ကိုက်ခွဲလိုက်ပြီး အထဲရှိ မချက်ရသေးသော ဆန်များကို ပါးစပ်အပြည့် ဝါးစားနေတော့၏။
မာစီသည် မေးစေ့ပေါ် လက်ညှိုးတင်၍ ယီရင်ကို ကြည့်လိုက်သည်။
"အဲဒါက နင့်ကို သွေးမိစ္ဆာငယ်တွေကို အမိန့်ပေးနိုင်အောင် လုပ်ပေးတာလား..."
"သူတို့ကို အမေဆီကနေ ဖြတ်တောက်လိုက်ရုံပါပဲ..."
ယီရင်က ပြောပြီး မျက်နှာမဲ့သွား၏။
"မိစ္ဆာ နတ်ဘုရား လေ..."
သူမ၏ မျက်နှာ ပြန်လည် ဝင်းလက်လာသည်။
"ပြီးတော့ ငါ ဒါကို လုပ်နိုင်တယ်..."
သည်တစ်ခါတော့ သွေးအရိပ်သည် တိုက်ခိုက်တော့မည့်ဟန်ဖြင့် အပြည့်အဝ ပုံဖော်လာ၏။ လင်းတုန်း မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားပြန်သည်။ ၎င်းသည် ယီရင်၏ ဘေးတွင် ရပ်နေ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့၏ ခြေထောက်များကြားတွင် အနီရောင် မျဉ်းတစ်ကြောင်း ဆက်သွယ်ထားသည်။ အရိပ်သည် ၎င်း၏ လက်များကို ဝှေ့ယမ်းကာ အထက်အောက် ခုန်ပေါက်နေလေသည်။
"ဒါက လက်နက်သစ်ပဲ..."
ယီရင်သည် စိတ်ဝိညာဉ်ကို ပြန်လည် စုပ်ယူရင်း ပြောလိုက်သည်။
"ငါ လေ့ကျင့်ဖို့ လိုဦးမယ်..."
"ဒါ အံ့သြစရာပဲ..."
မာစီက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
"နင် လုပ်နိုင်..."
သူမ၏ စကားသံ ရပ်တန့်သွားပြီး ခေါင်းသည် တစ်ဖက်သို့ ရုတ်တရက် လှည့်သွားသည်။
"အိုး.... မဟုတ်..."
လင်းတုန်း၏ နှုတ်မှ စကားသံမှာ အဆုံးထိအောင်ပင် မရောက်နိုင်ပါချေ။
မာစီသည် မြေကြီးပေါ်သို့ မှောက်ချလိုက်၏။
"သူ ရောက်နေပြီ..."
သူမက အော်ဟစ်လိုက်သည်။
"အောက်ကို ငုံ့နေကြ..."
မျက်လုံးများကို အလင်းရောင် စူးရှသွားသကဲ့သို့ စိတ်ဝိညာဉ် ထဲသို့ အငွေ့အသက်သစ် တစ်ခု ထိုးစိုက်ဝင်ရောက်လာသည်။ လင်းတုန်းလည်း မြေကြီးပေါ်သို့ လှဲချလိုက်၏။
ထိုအခါ သူတို့အပေါ်ရှိ အိမ်သည် ဆွဲခွာခံလိုက်ရသည်။ တောင်လောက်အရွယ်ရှိသော ဂေါ်ပြားကြီး တစ်ခုက မြေကြီးကို တစ်စက္ကန့်အတွင်း ကော်ထုတ်လိုက်သကဲ့သို့ပင်။ တစ်ခဏအတွင်းမှာပင် လင်းတုန်းအပေါ်ရှိ မြင်ကွင်းသည် မြေကြီးမျက်နှာကြက်မှနေ၍ သွေးရောင်လွှမ်းသော ကောင်းကင်ယံအဖြစ် ပြောင်းလဲသွားလေသည်။
သူသည် မှောင်မိုက်သော ခရမ်းရောင် လှိုင်းလုံးကြီး တစ်ခုမှလွဲ၍ ဘာမျှ မမြင်ရတော့ချေ။ လွှမ်းမိုးဖိနှိပ်လာသော၊ ချေမှုန်းပစ်မည့် စွမ်းအားမှလွဲ၍ ဘာကိုမျှ မခံစားရတော့ပေ။
မာစီသည် သူ၏ ဘယ်ဘက် လက်မောင်းကို ဆွဲကာ ထရန်၊ ပြေးရန် တိုက်တွန်းနေ၏။ အော်သို က ရှေ့ဆောင်လမ်းပြနေသော်လည်း သူသည် သူမနောက်သို့ ယိမ်းယိုင်စွာ လိုက်ပါသွားသည်။ အော်သို သည် လန့်ဖြတ်နေသော ယုန်တစ်ကောင်လို လှေကားပေါ်သို့ ပြေးတက်သွားပြီ ဖြစ်သည်။
"ဒီမှာ နေလို့ မရတော့ဘူး..."
လေတိုက်သံများကြားမှ မာစီက အော်ပြောလိုက်၏။
"ငါတို့ နောက်ထပ် တစ်နေရာကို ရှာ..."
ဝုန်း...
သူမ ဘာပြောမည်ကို စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားသော ဝင်တိုက်သံကြီးက ဖျက်ဆီးပစ်လိုက်သည်။ နေမင်းကြီး မှောင်မိုက်သွား၏။
ခရမ်းရောင် အနားကွပ်ထားသော အမှောင်ထု နံရံကြီးတစ်ခုသည် အနောက်ဘက်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ထိုနံရံကြီး၏ အစွန်းတစ်ဖက်မှ ကြည်လင်သော ခရမ်းရောင် သလင်းကျောက် မျှော်စင်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ထို့ထက်ပို၍ မြင့်မားသော အရာတစ်ခုလည်း ရှိနေသေးသည်။ ကောင်းကင်ကြီးကို အမှောင်ကျသွားစေသော အရာတစ်ခု...
မာစီက သူ့ကို ထပ်မံ ဆွဲလိုက်ပြီး ယီရင်ကလည်း ရှေ့သို့ ယိမ်းထွက်သွားသဖြင့် သူ နောက်မှ လိုက်သွားလိုက်သည်။ တစ်ခဏအကြာတွင် နံရံကြီး ပျောက်ကွယ်သွား၏။ လေက သူ့ကို ခြေထောက်မှ မြောက်တက်သွားစေပြီး လမ်းပေါ်တွင် လိမ့်သွားစေသဖြင့် သူ ခဏမျှ အသိစိတ် လွတ်သွားသည်။ သူ ပြန်မော့ကြည့်လိုက်သောအခါ မျှော်စင်ကြီး ပျောက်သွားပြီ ဖြစ်သည်။
မဟုတ်သေး... ထိုအရာက ရွေ့သွားတာ ဖြစ်သည်။
မိစ္ဆာ နတ်ဘုရားသည် ယခုအခါ ပို၍ ဝေးကွာသော ကောင်းကင်ယံသို့ ပျံတက်သွားပြီ ဖြစ်သည်။ သို့သော်လည်း နားလည်၍ မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်နေဆဲပင်။ ၎င်း၏ တံစဉ် ကဲ့သို့သော နှုတ်သီးကြီး ပွင့်ဟသွား၏။ ၎င်း၏ စူးရှသော အော်သံက သူ၏ နားများကို နာကျင်စေဆဲ ဖြစ်သော်လည်း ယခင်ကလောက်တော့ မဆိုးရွားတော့ပေ။ ယခုအခါ ၎င်းသည် ၎င်း၏ ပြိုင်ဘက်ကိုသာ အာရုံစိုက်နေပြီ ဖြစ်သည်။
၎င်း၏ အောက်တွင် လှံတစ်ချောင်းကို ကိုင်ဆောင်ထားသော ဘီလူးကြီး တစ်ကောင် ရပ်နေ၏။ ခေါင်းအစ ခြေအဆုံး အမှောင်ရောင် ခရမ်းရောင် သလင်းကျောက် သံချပ်ကာကို ဝတ်ဆင်ထားသော ဘီလူးကြီး ဖြစ်သည်။ ၎င်း၏ မျက်နှာရှိ ချောမွေ့သော မျက်နှာပြင်များကြားမှ ခရမ်းရောင် အလင်းစက် နှစ်ခု တောက်ပနေ၏။
၎င်းသည် မိုင်ပေါင်းများစွာ ဝေးကွာနေသည်။ ဘယ်လောက် ဝေးသည်ကို လင်းတုန်း မခန့်မှန်းတတ်ပေ။ သို့သော် ၎င်းကို ရှင်းလင်းစွာ မြင်နေရဆဲ ဖြစ်သည်။ ၎င်းသည် မည်မျှ ကြီးမားသနည်း။ ၎င်း၏ ဒူးခေါင်းဘေးတွင် တောင်တစ်လုံး ရှိနေပြီး ၎င်း ကိုယ်ဟန်အနေအထားကို ပြင်လိုက်သောအခါ ထိုတောင်၏ ထက်ဝက်ခန့်သည် ပြိုကျသွားလေသည်။
နောက်ဆုံးတွင် လင်းတုန်း၏ ဦးနှောက်သည် အစိတ်အပိုင်းများကို ပေါင်းစပ် နားလည်သွားပြီး သူ၏ မေးရိုးများ ကျသွားလေသည်။ အနောက်ဘက် တစ်ခုလုံးကို ဖုံးလွှမ်းထားသော နံရံကြီးအဖြစ် သူ ထင်မှတ်ခဲ့သောအရာမှာ ၎င်း၏ ဘွတ်ဖိနပ် တစ်ရံသာ ဖြစ်သည်။ မျှော်စင်ကြီးမှာ ၎င်း၏ ခြေထောက် ဖြစ်ပေသည်။
ဘီလူးကြီး နှစ်ကောင် အပြန်အလှန် တိုက်ခိုက်လိုက်ကြသောအခါ အရောင်အသွေးနှင့် စွမ်းအားများ လင်းလက်သွားသော်လည်း သူ ဘာကိုမျှ မမြင်လိုက်ရချေ။ အပူနှင့် ဖိအား နံရံတစ်ခုသည် လင်းတုန်း၏ မျက်နှာကို တွန်းထုတ်သွား၏။ သူ၏ ဦးရေပြားသည် နောက်သို့ လန်ထွက်သွားပြီး မျက်လုံးများတွင် ပြင်းထန်သော နာကျင်မှု ဝေဒနာကို ခံစားလိုက်ရသည်။
*
အပိုင်း(၃၃၀)
လင်းတုန်း နောက်သို့ လဲကျသွား၏။ မျက်လုံးများကို ထိတွေ့ရန် အတွက် သူ လက်ချောင်း နှစ်ချောင်းကို မြှောက်လိုက်သည်။ မျက်ရည်များလို သွေးများ စီးကျလာ၏။ သူ၏ သံမဏိ ကိုယ်ခန္ဓာ က မျက်လုံးများကို ကုသရန် နောက်ဆုံး ကျန်ရှိနေသော မာဒြာ များကို ဆွဲယူနေစဉ် မြေကြီးထဲမှ သွေးမိစ္ဆာငယ်များ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ ယီရင်က လက်တစ်ဖက် ဆန့်တန်းကာ ၎င်းတို့ကို ဘာမျှမကျန်အောင် ဖျက်ဆီးပစ်လိုက်ချိန်အထိပင်။
ပထမတော့ သူ့နား၊ ပြီးတော့ သူ့မျက်လုံး။ သူ၏ သွေးရည်ကြို သံမဏိ ကိုယ်ခန္ဓာ က သူ့ကို ယခုအချိန်အထိ ကုသပေးနေသော်လည်း ၎င်းက သူ့အတွက်တော့ ကောင်းမည် မဟုတ်ပေ။ အနက်ရောင် ပင့်ကူအိမ် တစ်ခုက သူ့ကို ဖမ်းဆွဲကာ မြေကြီးလမ်းတစ်လျှောက် တရွတ်တိုက် ဆွဲခေါ်သွား၏။ မာစီနှင့် ယီရင်တို့က သူ့ကို ဆွဲသွင်းကာ မြေအောက်ခန်း တံခါးထဲသို့ ထိုးထည့်လိုက်ကြသည်။ သူတို့ကို သူ ပြန်လည် ရုန်းကန်နေသော်လည်း ယခုအချိန်တွင် မည်သူ့ထံတွင်မျှ ခွန်အား သိပ်မရှိတော့ပေ။
"ကျေးဇူးပြုပြီး..."
သူက တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး၊ ငါ ကြည့်ရမှ ဖြစ်မယ်..."
ထိုအရာက အစစ်အမှန် စွမ်းအား ဖြစ်သည်။ ထိုအရာက တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည့် ကျင့်ကြံခြင်း သိုင်းပညာတွေ ဖြစ်သည်။
"ငါတို့ အောက်ကို မဆင်းရင် ငါတို့ သေလိမ့်မယ်... ငါ့ကို ယုံစမ်းပါ..."
မာစီက နောက်သို့ ကြောက်လန့်တကြား ကြည့်ရင်း သူ့ကို အထဲသို့ ပို၍ နက်ရှိုင်းစွာ တွန်းပို့လိုက်၏။ သူက ဆက်လက် ရုန်းကန်နေဆဲ ဖြစ်သည်။
"ငါ နင့်ကို တောင်းပန်ပါတယ်... ငါ ဒါကို ကြည့်ရမှ ဖြစ်မယ်..."
လေက သူမ၏ ဆံပင်မြီးချည်ကို ဆွဲယူကာ လွှင့်ပစ်နေချိန်တွင် သူမက တစ်စက္ကန့်မျှ ရပ်တန့်လိုက်သည်။
"သူ ရက်ပေါင်းများစွာ တိုက်ခိုက်နေရလိမ့်မယ်..."
လင်းတုန်းသည် မာစီကို စိုက်ကြည့်လိုက်၏။ ခန္ဓာကိုယ် အစိတ်အပိုင်း အများစု လှေကားအောက်သို့ ရောက်နေပြီဖြစ်သော ယီရင်သည် မော့ကြည့်ကာ အပြင်သို့ ခိုးကြည့်လိုက်သည်။
"နင် ဘယ်လို သိတာလဲ..."
သူမက မေးလိုက်၏။ သံချပ်ကာက ထိုပုံရိပ်ကို အပြည့်အဝ ဖုံးကွယ်ထားသဖြင့် ယောကျာ်း၊ မိန်းမ ခွဲခြားရန် မဖြစ်နိုင်ချေ။
လင်းတုန်းကလည်း မာစီ၏ မျက်နှာအမူအရာကို ထူးဆန်းစွာ ကြည့်လိုက်သည်။
"ငါ သိသင့်တာပေါ့..."
သူမက ပြန်ဖြေလိုက်၏။
"အဲဒါ ငါ့အမေလေ..."
သွေးရောင် အလင်းတန်း တစ်ခုသည် တောက်ပနေသော ခရမ်းရောင် ဝေဝါးဝါး ပုံရိပ်တစ်ခုဆီသို့ ပြင်းထန်စွာ ဝင်တိုက်သွားပြီး မာစီက လင်းတုန်းကို အထဲသို့ အတင်း တွန်းသွင်းလိုက်သည်။ သူ နောက်ဆုံး မြင်လိုက်ရသည်မှာ တံခါး မပိတ်ခင် သူတို့ဆီသို့ ဦးတည်လာနေသော ဖုန်မှုန့်များနှင့် အပျက်အစီး နံရံကြီး တစ်ခုသာ ဖြစ်သည်။
...
ပျက်စီးနေသော ရွာ၏ မြေအောက်ခန်းတွင် သူတို့ သုံးရက်တိုင်တိုင် ပုန်းအောင်းနေခဲ့ကြသည်။
ဤနေရာရှိ နေအိမ်အများစုတွင် စားနပ်ရိက္ခာ အချို့ကို သိုလှောင်ထားသဖြင့် သူတို့ လွယ်ကူစွာ စားသောက်နိုင်ခဲ့ကြ၏။ အနည်းဆုံးတော့ အစပိုင်းတွင် ရေက ပို၍ ရှားပါးခဲ့သည်။ အပြင်သို့ ထွက်ကြည့်ပြီး အဝေးမှ တိုက်ပွဲကြောင့် စိမ့်စမ်းတစ်ခု ပေါက်ထွက်လာသည်ကို သူတို့ သတိထားမိချိန်အထိပင်။ သူတို့သည် သယ်နိုင်သမျှ အိုးများကို ရေဖြည့်ကာ သွေးမိစ္ဆာငယ်များကို တတ်နိုင်သမျှ ရှောင်ရှားရင်း မြေအောက်ခန်းဆီသို့ ပြန်လည် သယ်ဆောင်လာခဲ့ကြသည်။
ပထမနေ့ အလွန်တွင် တိုက်ပွဲအသံများသည် မိုးကြိုးမုန်တိုင်း အသံများအဖြစ်သို့ မှေးမှိန်သွားခဲ့၏။ ဒုတိယနေ့ အကုန်တွင်မူ လုံးဝ ပျောက်ကွယ်သွားပြီး နေမင်းကြီးထံမှ အနီရောင် မြူခိုးများလည်း ပျောက်ကွယ်သွားလေသည်။ ထိုအချိန်ရောက်မှသာ သွေးမိစ္ဆာငယ်များသည် အလုံးစုံ ပျောက်ကွယ်သွားကြသည်။ သူတို့ထဲမှ အများစုမှာ ဧရာမ တိုက်ပွဲကြီး၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်း စုတ်ပြတ်သတ်သွားခဲ့သော်လည်း အနီရောင် အော်ရာ မဆုတ်ခွာမချင်း ကျန်ရှိနေသေးသော အကောင်များက ဆက်လက် ဖြစ်တည်နေဆဲ ဖြစ်သည်။
ထိုအရာက အကောင်းဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လင်းတုန်း တိုက်ခိုက်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။ သူ ကျင့်ကြံခြင်း ပင် မပြုလုပ်နိုင်တော့ပေ။ အပြာလေး က သူ့ကို ကုသပေးနေခဲ့သည်။ သူမ၏ မီးပွားလေးတိုင်းက သူ၏ ဖရိုဖရဲ ဖြစ်နေသော စိတ်ဝိညာဉ် ကို တိုးတက်ကောင်းမွန်လာစေသော်လည်း သူမ၏ အထိအတွေ့တိုင်းက သူ့ကို ပြင်းထန်သော နာကျင်မှုကို ဖြစ်စေ၏။ အကြိမ်တိုင်းသည် ကျိုးနေသော လက်မောင်းကို ဆက်နေရသကဲ့သို့ ဖြစ်နေသည်။
သူ နာကျင်နေရသည်ကို သူမ မုန်းတီးသော်လည်း သူမ အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့သော် သူသည် သူမ၏ တစ်ဦးတည်းသော လူနာ မဟုတ်ပေ။ ယီရင်နှင့် အော်သို တို့လည်း သူ့နည်းတူ အကူအညီ လိုအပ်နေကြသည်။ သူမ၏ စွမ်းအားများသည် အားနည်းနေပြီ ဖြစ်ပြီး သူ၏ အိတ်ထဲရှိ သန့်စင်သော မာဒြာပြား များမှာလည်း အဆုံးမရှိသည် မဟုတ်ချေ။ နောက်ဆုံးတွင် သူမသည် ဖြူရော်သွားပြီး ပြန်လည် ခွေခေါက်နေရလေသည်။ သူမ၏ အပေါ်တွင် အက်ကွဲကြောင်း တစ်ခုက အေးခဲနေသော လျှပ်စီးကြောင်းတစ်ခုလို ဝဲပျံနေ၏။
သူ၏ မာဒြာ လမ်းကြောင်းများသာ ပို၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေပါက သူ၏ စွမ်းအားများကို သူမအား မျှဝေပေးနိုင်မည် ဖြစ်သည်။ ယခု အခြေအနေတွင်မူ သူမက သူ့ကို ကူညီစေချင်ပါက သူက သူမကို အရင် ကျွေးမွေးရန် လိုအပ်ပြီး သူမက သူ့ကို မကုသနိုင်ခင် သူက သူမကို အရင် ကုသပေးရန် လိုအပ်နေသည်။
ထို့ကြောင့် သူတို့ အကူအညီမဲ့စွာ စောင့်ဆိုင်းနေခဲ့ရသည်။
တတိယနေ့တွင် တစ်စုံတစ်ယောက်က တံခါးကို အတင်း ဆွဲဖွင့်လိုက်သဖြင့် သူ နိုးလာခဲ့၏။ သူသည် သူ၏ အာရုံခံနိုင်စွမ်းကို ချဲ့ထွင်ရန် ကြိုးစားလိုက်သော်လည်း ကျိုးနေသော လက်ချောင်းဖြင့် တစ်ခုခုကို သွားထိသကဲ့သို့ ဖြစ်နေသည်။ သူ နောက်သို့ တွန့်ဆုတ်သွား၏။
‘ဒါ အရေးမကြီးပါဘူး၊ အဲဒါ ဘယ်သူလဲဆိုတာ ငါ သိတယ်...’ ဟု သူ တွေးလိုက်သည်။
သူတို့ကို ရှာတွေ့နိုင်မည့်သူ တစ်ယောက်တည်းသာ ရှိ၏။ ထို့ပြင် သူတို့ကို လိုက်ရှာမည့်သူ ဆို၍လည်း တစ်ယောက်တည်းသာ ရှိသည်။
အီသန်သည် သူ ဝင်ခွင့်ပြုထားသော နေရောင်ခြည်တန်းအောက်တွင် ဆံပင်များ တောက်ပနေလျက် ခေါင်းကို အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူသည် ရွံရှာသွားသည့်ဟန်ဖြင့် နှုတ်ခမ်းကို တွန့်လိမ်ကာ နောက်သို့ ဆုတ်သွား၏။
"ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးက ရေမချိုးဖို့ ဆင်ခြေ မဟုတ်ဘူးနော်..."
သူက ပြောလိုက်သည်။ လင်းတုန်းသည် တောင်းပန်စကား ဆိုရင်း မတ်တတ်ရပ်လိုက်သော်လည်း မာစီကတော့ စိတ်သက်သာရာရသွားသော လေသံဖြင့် ရယ်မောလိုက်၏။ ယီရင်က မျက်လုံးကို လှန်ပြလိုက်ပြီး အော်သို ကမူ သူ၏ အခွံထဲမှ လည်ပင်းကို ဆန့်ထုတ်ကာ နှာမှုတ်ပြီးနောက် ပြန်ရုပ်သိမ်းသွားလေသည်။
အနံ့ဆိုးနေသော်လည်း သူသည် လှေကားပေါ်မှ ခုန်ဆင်းလာပြီး လက်နှစ်ဖက်ကို ခါးထောက်လျက် သူတို့ကို စစ်ဆေးကြည့်ရှုလိုက်၏။ သူက ယီရင်ကို အရင်ဆုံး စကားပြောလိုက်သည်။
"နောက်ဆုံးတော့ နင် ငါ့ အကြံပေးချက်ကို လိုက်နာနိုင်ခဲ့ပြီပဲ..."
"ရွေးချယ်စရာ မရှိဘူးလေ..."
သူမက ပြန်ပြောလိုက်သည်။
"ကံဆိုးမှုက ကျွန်မကို ထောင့်ကျဉ်းလေးထဲ တွန်းပို့လိုက်တာပဲ...”
"ရွေးချယ်စရာ မရှိတော့တဲ့အခါ လူတွေက ငါ့စကားကို ဘယ်လောက်တောင် နားထောင်ကြသလဲဆိုတာ သိရင် မင်း အံ့သြသွားလိမ့်မယ်... ငါ ကတိပေးထားတဲ့ ဆုလာဘ်တွေထဲက တစ်ခုကို ဖြည့်ဆည်းပေးရတော့မှာပေါ့..."
"ပျော်ရွှင် ဂုဏ်ပြုစရာပဲပေါ့..."
သူမက တိုးတိတ်စွာ ရေရွတ်လိုက်၏။
ထို့နောက် သူက လင်းတုန်းဘက်သို့ လှည့်လာသည်။
"ဘာလို့ မင်းကို မှောင်မိုက်တဲ့ နေရာတွေမှာ ပိတ်မိနေပြီး၊ ညစ်ပတ်၊ ပင်ပန်းနွမ်းနယ်၊ သွေးတွေပေကျံနေတဲ့ ပုံစံမျိုးနဲ့ချည်း ခဏခဏ တွေ့နေရတာလဲ..."
"အဲဒီလို ခဏခဏ ဖြစ်တတ်လို့လား..."
မာစီက မေးလိုက်၏။ သူမ၏ မှတ်ချက်က အီသန်၏ အာရုံကို ဆွဲဆောင်သွားပြီး သူ၏ အပြုံးက ပို၍ ကျယ်ပြန့်သွားလေသည်။
"ဒီလို ဂုဏ်ကျက်သရေမျိုး ငါ မရဖူးသေးပါဘူး..."
လင်းတုန်းက ခေါင်းခါရင်း ဆိုလိုက်သည်။ ဘယ်လိုလုပ်ပြီးမှန်း လင်းတုန်း သေချာ မသိသော်လည်း၊ အီသန် လိမ်ပြောနေသည်ဟု သူ ခံစားလိုက်ရသည်။ တစ်နည်းနည်းနှင့်ပေါ့လေ။
မာစီသည် မတ်တတ်ရပ်ကာ သူမ၏ တောင်ဝှေးကို ပခုံးတစ်ဖက်ပေါ်တွင် တင်လိုက်ပြီးနောက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။
"အာကူရာ မာစီ ပါ... ကျွန်မတို့ကို လာကယ်တဲ့အတွက် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး..."
လင်းတုန်းအနေဖြင့် ထိုအမည်၏ အဓိပ္ပာယ်ကို အီသန် သိမည်မှာ သေချာသည်ဟု တွေးမိသော်လည်း၊ အီသန်က သူမ၏ မိသားစု အမည်ကို အရေးတယူ မလုပ်ခဲ့ချေ။ စကိုင်းဆွန်း သင်တန်းသားများထဲရှိ ကလန် အဖွဲ့ဝင်များ အားလုံး သိကြသော်လည်း အောက်ခြေအဆင့် ကျောင်းသားများကတော့ မသိကြချေ။ ထို အဆင့်နိမ့် ရွှေအဆင့် များတောင် သိသည့် အချက်အလက်ကို အီသန် မသိဘူးဆိုသည်မှာ မဖြစ်နိုင်ဟု သူ ထင်မိသည်။
"ရပါတယ် မိန်းကလေးရယ်၊ ရပါတယ်... ငါ့လူတချို့ကို လာပြန်ခေါ်ရုံပါပဲ..."
သူက လင်းတုန်းနှင့် ယီရင်တို့ကို ပြုံးရွှင်စွာ ကြည့်လိုက်၏။
"မင်းတို့ သဘောကျမယ့် သတင်းတချို့ရယ်၊ သဘောမကျမယ့် သတင်းတချို့ရယ် ငါ့မှာ ရှိတယ်... ဘယ်ဟာကို အရင် ကြားချင်လဲ..."
"စိတ်ရွှင်လန်းစရာလေးတော့ ကြားချင်သား..."
ယီရင်က ပြန်ပြော၏။
"ဒါဆို သတင်းဆိုးကို အရင် ပြောမယ်... မင်းတို့ ပျောက်နေတဲ့အပေါ် စကိုင်းဆွန်း က ဘယ်လို တုံ့ပြန်မလဲဆိုတာ ငါ မသိဘူး... မင်းတို့ကို ဖမ်းဆီးဖို့ အလိုရှိနေတာလည်း ဖြစ်နိုင်တယ်..."
ဖမ်းဆီးခြင်း...
နောက်တစ်ကြိမ်...
လင်းတုန်းသည် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သိုင်းပညာ များတွင် အဆင့်တက်ရန် ဤမျှ ပြင်းပြစွာ ဆန္ဒမရှိခဲ့ဖူးချေ။ သူ ပို၍ အင်အားကြီးလာလေ၊ သူ့ကို အကျဉ်းချထားရန် ပို၍ ခက်ခဲလာလေ ဖြစ်မည်။
မာစီ၏ မိခင်ကို သေတ္တာတစ်လုံးထဲတွင် ပိတ်လှောင်ထားနိုင်မည့်သူကို သူ စိတ်ကူးပင် မယဉ်နိုင်ပေ။
*