← Chapters

နတ်ဆိုးတစ်သောင်းခန်းမသို့ နောက်တစ်ကြိမ်

Vol. 131 Ch. 1305

နတ်ဆိုးတစ်သောင်းခန်းမသို့ နောက်တစ်ကြိမ်

Vol. 131 Ch. 1305

၎င်းက သာမန်လူတစ်ယောက်ထက် အရပ်ပိုရှည်ပြီး၊ ပခုံးများ ပိုမိုကျယ်ဝန်းကာ၊ ရှည်လျားပြီး လွင့်လူးနေသော ဖဲကြိုးများက သူ၏ လက်မောင်းများကို ရစ်ပတ်ထားသည်။ ၎င်းတို့ကို အဖြူရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားကြောင်း ရှင်းလင်းနေသော်လည်း ပိုးဖဲကြိုးများအလားလွင့်လူးနေ၏။

သူ၏ကြွက်သားများက သန်မာပြီး ပြီးပြည့်စုံစွာပုံဖော်ထားရာ၊ မိုးမြေက ထွင်းထုထားသည့်အလား မည်သည့် ချို့ယွင်းချက်မျှမရှိပေ။

နောက်ဆုံးအဖြူရောင် ကျောက်စိမ်းလခြမ်းပြားက အထက်သို့တက်သွားပြီး သူ၏အနောက်တွင် တွဲလွဲခိုနေသည်အထိပင်။

ဤနွေးထွေးပြီးသိမ်မွေ့သော ကျောက်စိမ်းပုံရိပ်က နောက်ဆုံးတွင် ရွှေရောင်အလင်းထဲမှ လုံးဝထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သူ၏မျက်လုံးများပင်လျှင် ကျောက်စိမ်းများနှင့် တူပြီး၊ မျက်အိမ်များပင် မရှိဘဲ၊ လူသားမဟုတ်သော မြင့်မြတ်သည့်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

ရှန်းယီက သူ၏အသက်ရှူခြင်းကို အောင့်ထားလိုက်သည်။

သူ၏အမြင်အာရုံထဲတွင် ယခင်က ဖြတ်သန်းသွားသော တာအိုသင်္ကေတများက ပြန်လည်ထွက်ပေါ်လာ၏။ တစ်ချိန်က 'မယိုင်းမယိုင်'ဟူသော စကားလုံးများကိုသာ သူမြင်တွေ့ခဲ့ရသော်လည်း၊ ယခုအခါပုံရိပ်အပြည့်အစုံကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဘုရင်...

မဟာလွတ်လပ်ခြင်းမယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဘုရင်ဗောဓိသတ္တ

ဤအဖြူရောင်ကျောက်စိမ်းဖန်တီးမှုက လောကကြီးတွင် သူလျှောက်လှမ်းမည့် သူ၏မျက်နှာစာအသွင်အပြင်ဖြစ်ပြီး၊ ဤခန္ဓာကိုယ်ထွက်ပေါ်လာသည့် အခိုက်အတန့်က သူက နယ်ပယ်နှစ်ခုကို ကျော်လွန်ကာ သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိသော မဟာလွတ်လပ်ခြင်းနယ်ပယ်သို့ ခြေချလိုက်ပြီဖြစ်ကြောင်း ဆိုလိုသည်။

"ပြဿနာက..."

အလွန်ဝမ်းသာသွားပြီးနောက် ရှန်းယီက ရုတ်တရက် ရပ်တန့်သွား၏။

ဤအသွင်အပြင်ဖြင့် လောကကြီးတွင် လျှောက်လှမ်းရန်ဆိုသည်မှာ ၎င်းက လူတစ်ယောက်နှင့် တူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ မသေမျိုးသုံးပါးဂိုဏ်းအတွင်း သူမည်ကဲ့သို့လုပ်ပြီး ဆက်လက် ရောနှောနေနိုင်မည်နည်း။

ဤအတွေးပေါ်လာသည်နှင့်အမျှ ကျန်ရှိနေသော အမည်းရောင်အလင်းတန်းထဲတွင်လည်း လှုပ်ရှားမှုတစ်ခု ရှိလာခဲ့၏။

ထိုနည်းတူပင် လက်မောင်းတစ်ဖက်က ပထမဆုံး ထွက်ပေါ်လာပြီး၊ကျယ်ဝန်းသော အင်္ကျီလက်အိုးများက လွင့်လူးနေကာ၊ ခမ်းနားသော အနက်ရောင် ဝတ်ရုံက ရှန်းယီ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသကဲ့သို့ ချောမောသောမျက်နှာတွင် နှာတံစင်းစင်း၊ ပါးလွှာသောနှုတ်ခမ်းများနှင့် အေးစက်သော အကြည့်များ ရှိပါသည်။

သူ၏ဆံပင်များကို ရွှေရောင်ဆံထိုးဖြင့် ထုံးဖွဲ့ထားပြီး သူ၏ခါးတွင် ကျောက်စိမ်း ခါးပတ်တစ်ခု ရှိနေ၏။

၎င်းက မူလဖရိုဖရဲအတွင်းလက်များကို အောက်သို့ချလျက်ရပ်နေရင်း၊ တာအိုသင်္ကေတများကလည်း ထွက်ပေါ်နေသည်။

ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ...

မူလဖရိုဖရဲတာ့လော်ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာရွှေမသေမျိုး..

ပုံရိပ်နှစ်ခုက ကျောချင်းကပ်ရပ်နေကြပြီး၊ ကျောက်စိမ်းပုံရိပ်က ရွှေရောင်အလင်းဖြင့် လွှမ်းချုံနေစဉ်၊ တာအိုကျင့်ကြံသူက အမှောင်ထုထဲတွင် ပုန်းကွယ်နေကာ၊ခွဲခြား၍မရသော တစ်ခုတည်း၏ မျက်နှာစာနှစ်ခုဖြစ်နေ၏။

"ဟမ်"

ရှန်းယီက အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက်၊ နောက်ဆုံးတွင် သူ၏အကြည့်ကို လွှဲဖယ်ကာ သူ၏ပတ်ဝန်းကျင်ရှိ တာအိုအသီးအပွင့် နှင့် ဓမ္မအသီးအပွင့်များကို ကြည့်လိုက်သည်။

သူ၏ထက်မြက်သော အာရုံခံစားမှုဖြင့်၊ မျက်နှာစာအသွင်အပြင်များကို ပြန်လည်ပုံဖော်ရန် အခြေခံအုတ်မြစ်ဖြစ်သော ဤအရာများအတွင်း၌ပါဝင်နေသည့် မတူညီသောကပ်ဘေးစွမ်းအား ပမာဏများကို သူ သဘာဝကျကျခံစားနိုင်ခဲ့သည်။

အသေးဆုံးမှာပင် သူကိုင်ဆောင်ထားသော နှစ်သိန်းသော ကပ်ဘေးစွမ်းအားထက် များစွာ သာလွန်နေသေး၏။

အကယ်၍ အဲဒါတွေကိုထုတ်ယူဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုခုများ ရှိမယ်ဆိုရင်...

ရှန်းယီက တွေးတောနေစဉ်၊ သူက တစ်ခုခု မှားယွင်းနေကြောင်းကို ရုတ်တရက် ခံစားလိုက်ရ၏။ မူလဖရိုဖရဲအတွင်းမှာပင် အရိပ်တစ်ခု ၏လွှမ်းခြုံခြင်းခံရနိုင်သည်လော။

သူက သံသယဖြင့်မော့ကြည့်လိုက်၏။

သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ အလွန် ရင်းနှီးကျွမ်းဝင်နေသော အနက်ရောင်မြို့ကြီးငါးမြို့ဖြစ်ပြီး၊ သူ့ဆီသို့ မိုးခြိမ်းသံအလား ကျဆင်းလာနေသည်။

နတ်ဆိုးတစ်သောင်း ခန်းမ...

"မဟုတ်ဘူးလေ ငါက မသေမျိုးဖြစ်နေပြီလေ ပြဿနာမရှာနဲ့"

ရှန်းယီမှာ မှင်တက်သွားပြီးထိုစဉ်က တံဆိပ်တုံးဖြင့်သာ သူရုန်းကန်ခဲ့ရသော အရာတစ်ခုက ကောင်းကင်တာအို မူလဖရိုဖရဲထဲသို့ သူ၏နောက်မှ ဘယ်လိုလုပ်ပြီးလိုက်လာနိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။

သူက အလိုအလျောက်တားဆီးရန် လက်ဆန့်ထုတ်လိုက်သော်လည်း၊ မျက်တောင်တစ်ခတ်အတွင်း ထိုမြို့ကြီးငါးမြို့က သူ၏တာအိုအသီးအပွင့်များ နှင့် ဓမ္မအသီးအပွင့်များကို ဖိနှိပ်လိုက်ပြီး သေမျိုးလောကသို့ တိုက်ရိုက်ပြုတ်ကျဆင်းသွားသည်ကို သူ ကြည့်နေခဲ့ရသည်။

အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိခဲ့ပေ။

လင်းရွှယ်တောင်တန်းများတွင်၊ ခမ်းနားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအို

အရှင်တစ်ပါးက မတ်တပ်ရပ်လာပြီး အရှေ့ရှိ လေဟာနယ်ကို မှင်တက်စွာစိုက်ကြည့်နေခဲ့၏။

ချောမောသောမျက်နှာပေါ်တွင် အေးစက်မှု အရိပ်အယောင် လုံးဝမရှိတော့ဘဲ နက်ရှိုင်းသော ဝမ်းနည်းမှုနှင့် နာကြည်းမှုများသာရှိနေသည်။

ရှန်းယီက သူ၏ရှေ့ရှိ အနက်ရောင်ခန်းမကို လက်သီးဖြင့် ထိုးချေပစ်ချင်နေ၏။

နတ်ဆိုးတစ်သောင်းကို ဖိနှိပ်ရန်မူလက အသုံးပြုခဲ့သော မြို့ကြီးငါးမြို့က၊ သူ၏တာအို အသီးအပွင့် နှင့် ဓမ္မအသီးအပွင့်များမှ ပြောင်းလဲလာသော ရွှေရောင်အလင်းတန်းများကိုပါ သိမ်းယူသွားခဲ့သည်။

ကောင်းကင်တာအိုတွင် လူတစ်ယောက်၏ကျင့်ကြံခြင်းကို ထားရှိခြင်းမှာ သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိသောဘဝနှင့် လဲလှယ်ရန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံး၏ဂိုဏ်းချုပ်များပင်လျှင် အတွင်းရှိ ကျင့်ကြံသူ၏မူလရင်းမြစ်များကို အန္တရာယ်ပြုရန် ကောင်းကင်တာအိုကို ခွဲခြမ်းဖွင့်နိုင်စွမ်း မရှိသောကြောင့်ဖြစ်၏။

အခု ဒါက ဘယ်လို အခြေအနေမျိုးလဲ။

"မင်းက ငါ့ကိုစုပ်ယူသွားတာလား။ မင်းကိုယ်မင်း ကောင်းကင်တာအို လို့ ထင်နေတာလား။"

ရှန်းယီက အသက်ပြင်းပြင်းရှူလိုက်၏။ သူ တောင့်တခဲ့သော သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိ ဘဝမှာ ဤကဲ့သို့ရှုပ်ထွေးမှုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အခြားသူများအနေဖြင့် နတ်ဆိုးတစ်သောင်းခန်းမ ကို ခွဲဖွင့်ရန်နည်းလမ်းရှိမရှိကို မဆိုထားနှင့်

အကယ်၍ သူ၏လက်ရှိ ခန္ဓာကိုယ်ဖျက်ဆီးခံရပါက သူ့ကိုယ်သူပြန်လည်ပုံဖော်ရန် ကပ်ဘေးဒုက္ခစွမ်းအားကို အားကိုးနိုင်မလားဆိုသည်ကိုပင် သူ မသိရှိပေ။

"စုပ်ယူတာက ထားလိုက်၊ ဘာလို့ငါ့ကိုပဲ စုပ်ယူတာလဲ။"

ရှန်းယီက အချိန်အတော်ကြာယူခဲ့သော်လည်း ဤအမှန်တရားကို လက်မခံနိုင်သေးပေ။ သူက ဒေါသတကြီးဖြင့် လက်သီးတစ်ချက် ထိုးလိုက်၏။

ပတ်ဝန်းကျင်ရှိ ထိုတာအိုအသီးအပွင့်များတွင်လည်း ကပ်ဘေးစွမ်းအားများစွာ ပါဝင်နေရာ၊ နောက်ထပ် အနည်းငယ်မျှယူလိုက်ရုံဖြင့် သူ့အတွက် လုံလောက်ပေလိမ့်မည်။

ရှန်းရွှီဘိုးဘေး နှင့် တောင်ပိုင်း ဧကရာဇ်တို့က အခြား နတ်ဆိုးများနှင့်အတူ၊ သခင်ဖြစ်သူ ကောင်းကင်တာအိုသို့ တက်လှမ်းကာ ဒုတိယအဆင့် မဟာလွတ်လပ်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ပြုရန် မူလကပြင်ဆင်ထားခဲ့ကြ၏။

ယခု အခြေအနေကို မြင်သောအခါ သူတို့အားလုံးမှာတိတ်ဆိတ်နေကြပြီး အသက်ပြင်းပြင်း ရှူရန်ပင် မရဲဝံ့ကြပေ။

ကံကောင်းထောက်မစွာဖြင့် ရှန်းယီက မြေပြင်ပေါ်တွင် ခေတ္တမျှသာမှင်တက်စွာထိုင်နေပြီးနောက် မကြာမီတွင် မှုန်ကုပ်သောမျက်နှာဖြင့် မတ်တပ်ရပ်လာကာ ယိမ်းယိုင်လျက် ရှေ့သို့လျှောက်သွား၏။

"သခင်ကြီး၊ ကျွန်တော်တို့ မြောက်ပိုင်းတိုက်ကြီး ကနေ ထွက်ခွာတော့မလို့လား။"

ရှန်းရွှီဘိုးဘေး က ရဲဝံ့စွာဖြင့် အားတင်းကာ မေးလိုက်သည်။ မည်သို့ပင်ဆိုစေ သခင်ဖြစ်သူ၏ ယခင်က အစီအစဉ်များအားလုံးမှာ ဒုတိယအဆင့် သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက်သာ ဖြစ်ခဲ့ပြီး၊ မည်မျှပင်ခက်ခဲပါစေ ထိုးဖောက်ဝင်ရောက်မှု အောင်မြင်သွားသည်နှင့် အရာအားလုံး အဆင်ပြေသွားမည် ဖြစ်၏။

သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိသော နတ်ဘုရား စွမ်းရည်များကို ပိုင်ဆိုင်ခြင်းကသာ၊ ထို နတ်ဘုရား၊ ဗုဒ္ဓ နှင့် မသေမျိုးအရှင်သခင်များ၏ မျက်စိအောက်တွင် ဆက်လက်ပြဿနာရှာနိုင်ရန် သူ့ကို ပံ့ပိုးပေးနိုင်မည့်တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယခု ဤကဲ့သို့သော အပြောင်းအလဲကြောင့် မည်သည့် အကာအကွယ်မျှမရှိတော့ပေ။ ဆက်နေမည်ဆိုပါက လူတစ်ယောက်၏အဆင့်အတန်း မြင့်တက်လာသည်နှင့်အမျှ ထိုဂိုဏ်းချုပ်များ နှင့် ဧကရာဇ်များကို ထိတွေ့ဆက်ဆံရမည်မှာ မလွဲမသွေပင်ဖြစ်ပြီး၊ တစ်နေ့တွင် ပြဿနာများ ဖြစ်ပေါ်လာမည်မှာ သေချာလှ၏။

"တောင်ပေါ် ပြန်မယ်၊တံခါးပိတ် ကျင့်ကြံမယ်။"

ရှန်းယီက နောက်သို့လှည့်မကြည့်ခဲ့ပေ။ သူ၏ အသံတွင် နာကြည်းမှုအရိပ်အယောင်များ ရှိနေသေးသော်လည်း၊ မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ တစ်ပိုင်းပြိုကမ်းပါးဆီသို့ ဒေါသတကြီး ဦးတည်သွားတော့သည်။

...

မြောက်ပိုင်းတိုက်ကြီး၊ ရွှမ်ဝေ့ဂူ..

ရွှမ်ဝေ့ဂူ၏ ထိပ်တန်းတပည့် တစ်ယောက်အနေဖြင့်၊ လီရှန်းက မကြာသေးမီ နှစ်များအတွင်း ထူးခြားသော စွမ်းဆောင်ရည်များကို ပြသခဲ့ပြီး၊ သူ၏ကိုယ်ပိုင် လမ်းကြောင်းတစ်ခုကို တိတ်တဆိတ် ဖန်တီးနိုင်ခဲ့ကာ မူလသုံးဦးအနက် အလားအလာ အကောင်းဆုံးဖြစ်လာခဲ့သည်။

ထို့ကြောင့် သူက ဆရာဖြစ်သူထံမှ အကူအညီ တောင်းခံခဲလှသည်။

မည်သို့ပင်ဆိုစေ မိုးမြေ၏သခင် ဖြစ်လာရန်အတွက်၊ ပုခက်ထဲက ကလေးလေးတစ်ယောက်ကဲ့သို့ ကိုယ့်ကိုယ်ကိုမည်သို့ထားရှိနိုင်မည်နည်း။

ယနေ့သည် သူ့ပြန်လာပြီးနောက် သူ့ဆရာရွှမ်ဝေ့နှင့် စကားစမြည်ပြောသော ရှားပါးသည့် အခါသမယတစ်ခုဖြစ်သည်။

"ဆရာ၊ ဘာဖြစ်လို့လဲ။" အဘိုးအိုမှာ ခေတ္တမျှအတွေးလွန်နေသည်ကို သူ သတိပြုမိသွား၏။

All Chapters