ဧကရာဇ် နှင့် တွေ့ဆုံခြင်း
Vol. 131 Ch. 1309
"အရှေ့ဘက်အစွန်းဧကရာဇ်ရဲ့ လက်အောက်က ချီရှန်းက ကျွန်တော့်ရဲ့ဂျူနီယာညီလေး ထိုက်ရွှီဆီကို အလည်အပတ် လာရောက်ခဲ့ပါတယ်။" နက်ရှိုင်းသောအသံတစ်ခုက လင်းရွှီတောင်တန်းများကြားတွင် ပဲ့တင်ထပ်သွား၏။
နားထင်တွင် ဆံပင်အဖြူအနက်ရောယှက်နေသော လူလတ်ပိုင်းအရွယ်တာအိုကျင့်ကြံသူတစ်ဦးက တစ်ပိုင်းပြိုကမ်းပါးပေါ်သို့ ဖြည်းညှင်းစွာလှမ်းတက်လာပြီး အရှေ့ရှိအကြီးအကဲကို ဦးညွှတ်လိုက်သည်။ "ဂါရဝပြုပါတယ် စီနီယာလင်းရွှီ။"
သာမန်တပည့်များက ရွှေမသေမျိုးတစ်ပါးကို မြင်သောအခါများသောအားဖြင့် ဆရာဦးလေးဟု ခေါ်ဆိုလေ့ရှိသော်လည်း၊ ချီရှန်းက ယင်းအစား စီနီယာဟူသော အသုံးအနှုန်းကိုသာအသုံးပြုခဲ့၏။
လင်းရွှီကျစ်က ၎င်းကိုမသင့်လျော်ဟု မထင်မှတ်ဘဲ ခေါင်းညိတ်ပြလိုက်၏။
တိတိကျကျပြောရမည်ဆိုလျှင် ဤချီရှန်းက အခြားဂျူနီယာများ၏ဂိုဏ်းတူ စီနီယာအစ်ကိုတစ်ဦးအဖြစ် မသတ်မှတ်ခံရပေ။ သူက အရှေ့ဘက်အစွန်းဧကရာဇ်၏ စံအိမ်တော် နှင့် သက်ဆိုင်ပြီး ထိုအချုပ်အခြာအာဏာပိုင်ဧကရာဇ် ထံမှသာ အမိန့်များကို ခံယူ၏။
သူက ပထမအဆင့်ဧရာမ ပုဂ္ဂိုလ်ကြီး တစ်ဦးနှင့် တိုက်ရိုက် တွေ့ဆုံနိုင်ပြီး ရွှေမသေမျိုးများနှင့် များစွာကွာခြားမှု မရှိသော အဆင့်အတန်းတစ်ခု ရှိသည်။
သူ၏အသက်အရွယ်မှာ ယိုယောင်၊ လီရှန်း နှင့်အခြားသူများထက်နှစ်ပေါင်းများစွာ ကျော်လွန်နေ၏။ သူ့ကိုမျိုးဆက်သစ်တပည့်များက ရွယ်တူတစ်ဦးအဖြစ်သတ်မှတ်ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သူ၏တတိယအဆင့် ကျင့်ကြံမှု ကြောင့်နှင့် ဟာကွက်တစ်ခုကိုအခွင့်ကောင်းယူကာ မဟာကပ်ဘေးတွင် မျိုးဆက်သစ် လူငယ်တစ်ဦးအနေဖြင့် ပါဝင်လိုသော သူ၏ဆန္ဒကြောင့် ဖြစ်သည်။
"ငါ့ရဲ့တပည့်က နောက်ဘက်တောင်ပေါ်မှာ ကျင့်ကြံနေတယ်၊ မင်း သူ့ဆီမှာ အရေးတကြီး ကိစ္စ ရှိလို့လား။"
"အရေးတကြီး ကိစ္စတော့ မဟုတ်ပါဘူး။ ဂျူနီယာညီလေးရဲ့ နက်ရှိုင်းတဲ့တာအိုကို ချီရှန်းကြားသိတဲ့အတွက် လမ်းညွှန်မှုတောင်းခံဖို့ လာခဲ့တာပါ။"
ဤဂျူနီယာ၏ယဉ်ကျေးသော စကားများကို နားထောင်ရင်း လင်းရွှီကျစ်က ခေတ္တမျှစဉ်းစားလိုက်ပြီး အနည်းငယ်တုံ့ဆိုင်းနေမှုကိုပြသနေခဲ့၏။
မည်သို့ပင်ဆိုစေ ယခုအခါ ရှန်းယီက အတော်လေး ကျော်ကြားနေပြီဖြစ်ပြီး၊ သူ့ကို ငြိမ်သက်နေစေရန် ဖိနှိပ်ပေးခဲ့သော ချင်းကွမ်းဇီ၏ကျေးဇူးကြောင့် သူကိုယ်တိုင်အနည်းငယ် အနားယူရန် အချိန်ရခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ချီရှန်းပင်လျှင် ကိုယ်တိုင် လာရောက် လည်ပတ်လိုနေ၏။ အကယ်၍ ဤတပည့်ငယ်လေးကို အမှန်တကယ်ပင် မာနထောင်လွှားခွင့် ပြုလိုက်ပါက၊ ဤလင်းရွှီဂူကို ၎င်းဘယ်လိုလုပ်ပြီး ဆက်လက် လေးစားတော့မည်နည်း။
သို့သော်ငြင်းဆိုခြင်းက အနည်းငယ် သဘောထားသေးသိမ်ရာ ကျပေလိမ့်မည်။
လင်းရွှီကျစ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ "သွားလေ။"
"ကျေးဇူးတင်ပါတယ် စီနီယာ။"
ချီရှန်းက မတ်တပ်ရပ်လိုက်ပြီး နောက်ဘက်တောင်ဆီသို့ လှမ်းသွားခဲ့သည်။
မကြာမီ၊တိတ်ဆိတ်သော လိုဏ်ဂူစံအိမ်တစ်ခုတွင် ရင်းနှီးနေသောမျက်နှာတစ်ခုကို သူ မြင်လိုက်ရ၏။
လူငယ်လေးက တည်ငြိမ်သောဟန်ပန်ဖြင့် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်ပြီး၊ ရွှေရောင်ဆံထိုးဖြင့် ဆံပင်များကိုထုံးဖွဲ့ထားကာ၊ ခါးတွင် ကျောက်စိမ်း ခါးပတ်တစ်ခုပတ်ထားပြီး အနက်ရောင်ဝတ်ရုံက သူ၏ဖြူဖျော့သောမျက်နှာကို ပိုမို၍ပင်လွှမ်းမိုးနိုင်စွမ်းရှိသကဲ့သို့ ပေါ်လွင်စေ၏။
သူ၏မျက်နှာကို ဖုံးကွယ်ရန်ယခင်က အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်များကိုပင် ကြာမြင့်စွာကတည်းက ရုပ်သိမ်းထားခဲ့ပြီဖြစ်သည်။
ထိုနေရာတွင် ထိုင်နေခြင်းကပင် ကြီးကျယ်ခမ်းနားမှုနှင့် ဂုဏ်သိက္ခာရှိသော အငွေ့အသက်တစ်ခုကို သဘာဝကျကျ ထုတ်လွှတ်နေ၏။
ဟွန့်...
ချီရှန်းက သူ၏ စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။
တောင်းမှာအဝတ် လူမှာအကွတ်ဆိုသလိုပဲ။ သူက အခု တကယ်ကိုသပ်သပ်ရပ်ရပ်ဖြစ်နေတာပဲ။
သို့သော် ဤသည်မှာ အမှန်တကယ်ပင် ကောင်းသောကိစ္စတစ်ခုဖြစ်သည်။
အဝတ်အစားလဲလှယ်ရန် အလျင်စလိုဖြစ်နေခြင်းကို ကြည့်ခြင်းအားဖြင့် သူ၏ယခင်က ချုပ်တည်းမှုမှာမြောက်ပိုင်းတိုက်ကြီးတွင် ရောနှောနိုင်ရန်အတွက်သာဖြစ်ကြောင်း ရှင်းလင်းနေ၏။ ယခုအခါ သူကအာဏာအချို့ကို ရရှိလာသောအခါ၊ သူ၏စစ်မှန်သော သဘောသဘာဝကို ဖိနှိပ်ရန် ခက်ခဲနေပုံရသည်။
အားကောင်းသောစွမ်းအားကို အသေးစိတ်ကျသောအတွေးများနှင့် ပေါင်းစပ်လိုက်ခြင်းက မြောက်ပိုင်းတိုက်ကြီးရှိ ဂိုဏ်းတူများစွာကို အံ့အားသင့်သွားစေခဲ့သော အစစ်အမှန်အရှင် ထိုက်ရွှီကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းအရာအားလုံးကိုဆုံးရှုံးသွားပါက သူ့ကိုခွန်အားသာရှိသော အဆင်အခြင်မဲ့လူတစ်ယောက် ဖြစ်သွားစေလိမ့်မည်။
" ဂျူနီယာညီလေး ထိုက်ရွှီ၊ ငါတို့ ထပ်တွေ့ကြပြန်ပြီ။"
ချီရှန်းက အတင်းအကျပ်ပြုံးလိုက်ပြီး၊ တစ်ဖက်လူကို နှုတ်ဆက်ရန် သူ၏အဆင့်အတန်းကို နှိမ့်ချလိုက်၏။
သူက ရှန်းယီကို စကားပြောရန်အခွင့်အရေးပင် မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်အကယ်၍ ဤသူက ကောင်းကင်မျှော်စင်တောင်တွင် ဖြစ်ပွားခဲ့သော နောက်ဆုံးအဖြစ်အပျက်ကို ပညာမဲ့စွာဖြင့် ထုတ်ဖော်ပြောဆိုခဲ့ပါက၊ သူ့ကို သေချာပေါက် မျက်နှာပျက်စေမည် ဖြစ်သောကြောင့်ဖြစ်သည်။
"မင်း ဒီတောင်ပေါ်မှာ တွေးတောဆင်ခြင်နေခဲ့တာ လအတော်ကြာပြီပဲ၊ ဒါက ယိုယောင်ရဲ့ အမှားပါ၊ ကိုယ့်ကိုယ်ကိုယ်အရမ်းကြီး အပြစ်တင်နေစရာ မလိုပါဘူး။ မြောက်ပိုင်းတိုက်ကြီးမှာ ဟိုဘက်ကအခြေအနေတွေက ပိုပြီးလှိုင်းထန်လာနေတယ်၊ ဒီနေ့ မင်းကိုအပြင်ထွက်ရင်း စကားပြောဖို့ ငါ လာဖိတ်တာပါ။"
"..."
ရှန်းယီက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
ကိစ္စရပ်များစွာကို ဖြတ်သန်းပြီးနောက်၊ သူက ဆင်းရဲနွမ်းပါးသော ဇာစ်မြစ်ရှိသည့် ထိုပိုးကောင်နတ်ဆိုးတပည့် မဟုတ်တော့ဘဲ၊ မသေမျိုးသုံးပါးဂိုဏ်း၏ အဖွဲ့ဝင်များနှင့် ဆက်လက်ရောနှောနေခြင်းမှာ ရှောင်လွှဲ၍မရသော အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဂိုဏ်းအတွင်း သတင်းအချက်အလက်များစုဆောင်းရန်အတွက် လူသားဧကရာဇ်၏ လမ်းကြောင်း တစ်ခုတည်းကိုသာ သူ အားကိုး၍မရနိုင်ပေ။
"ကျေးဇူးပြုပြီး" ရှန်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
"ဂျူနီယာညီလေးက ပွင့်လင်းတာပဲ။"
ချီရှန်းက တစ်ပိုင်းပြိုကမ်းပါးရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ယနေ့ဆွေးနွေးမှုကို ထိုအဘိုးအိုအား ကြားခွင့်ပြု၍ မရနိုင်ပေ။
ဤအချက်ကို စိတ်ထဲထားလျက် သူက အပြုံးတစ်ခုဖြင့် နောက်သို့လှည့်ကာ မင်္ဂလာတိမ်တိုက် တစ်ခုကိုခေါ်ယူပြီး ရှန်းယီနှင့်အတူ လင်းရွှီတောင်တန်းများမှ လျင်မြန်စွာထွက်ခွာသွားတော့သည်။
"..."
အချိန်အတော်အတန်ရခဲ့သဖြင့်၊ ရှန်းယီက ဒုတိယအဆင့်သို့ တက်လှမ်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့သောပုံမှန်မဟုတ်မှုများကို တဖြည်းဖြည်းလက်ခံနိုင်ခဲ့ပြီ ဖြစ်သည်။
သေချာပေါက် စိတ်ပျက်မှုအချို့တော့ ရှိပါသေးသည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံသူတစ်ဦးအတွက် သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိဖြစ်တည်မှု၏ ဆွဲဆောင်မှုမှာ လွယ်ကူစွာပယ်ဖျက်၍ရနိုင်သော အရာမျိုး မဟုတ်ဘဲ၊ သူပင်လျှင် မလွတ်မြောက်နိုင်ခဲ့ပေ။
သို့သော် ၎င်းက အမှန်တရားတစ်ခုဖြစ်နေပြီဖြစ်ရာ သူက ၎င်းကို လက်ခံရုံသာတတ်နိုင်တော့သည်။
မည်သို့ပင်ဖြစ်စေ သူ့တွင် ဒုတိယအဆင့်နယ်ပယ် နှင့် ကျင့်ကြံခြင်းရှိနေပြီဖြစ်၏။ ယခင်တုန်းက တာ့လော်မသေမျိုးတစ်ပါးအနေနှင့် မည်သည့်အရာကိုမျှကြောက်ရွံ့မနေခဲ့ရာ ယခု ရွှေမသေမျိုး၏ နည်းလမ်းများကိုပိုင်ဆိုင်ထား၍ပိုပြီးတော့ကြောက်လန့်မနေသင့်တော့ပေ။
ဤအရာက ကံဆိုးမှုထဲက ကံကောင်းမှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်လေ၏။
ယခုအခါ ဤအရှေ့ဘက်အစွန်းဧကရာဇ်၏ လက်အောက်ရှိ ချီရှန်း သူ၏ထံသို့ အဘယ်ကြောင့် ရုတ်တရက်ရောက်လာခဲ့ကြောင်းကို သူ အမှန်တကယ် သိချင်နေခဲ့၏။
"ဂျူနီယာညီလေး၊ မကြာသေးခင်က မြောက်ပိုင်းတိုက်ကြီးမှာကမောက်ကမဖြစ်မှုတွေ ပိုမို မကြာခဏဖြစ်ပွားလာနေတယ်ဆိုတာ မင်း သိလား။"
လင်းရွှီတောင်ကို ကျော်လွန်လာပြီးနောက် ချီရှန်း ကနောက်ဆုံးတွင် အရှိန်လျှော့လိုက်ပြီး ရှန်းယီကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်၏။ "ဂိုဏ်းဝင်တွေကြားကပဋိပက္ခတွေက ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆိုရင် သဘောထားကွဲလွဲမှုတွေကြောင့် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုတောင် ဖြစ်ပွားခဲ့သေးတယ်။"
ဤသို့ပြောရင်း သူက အပြုံးတစ်ခုဖြင့် နောက်ပြောင်လိုက်သည်။ "ဒီကိစ္စတွေက မင်းနဲ့ မသက်ဆိုင်ဘူးလို့မဆိုနိုင်ဘူးနော် ဂျူနီယာညီလေး။"
"ငါတို့နှစ်ယောက်စလုံးက ဂိုဏ်းထဲမှာ ထင်ရှားကျော်ကြားသူတွေဆိုတော့၊ ငါတို့ရဲ့လှုပ်ရှားမှုတိုင်းက သိသာထင်ရှားတဲ့လွှမ်းမိုးမှုတွေရှိနေတယ်။ မကောင်းတဲ့အစဉ်အလာတစ်ခု စတင်လာနိုင်ခြေကနေ ငါတို့ကိုယ်ငါတို့ကာကွယ်ရမယ်၊ ပြီးတော့ စိတ်ဓာတ်တွေကိုပြုပြင်ပြောင်းလဲဖို့တာဝန်ယူရမယ်။"
"ပြတ်သားတဲ့ ခေါင်းဆောင်လိုမှုမရှိဘဲ အခြေအနေတွေက ဒီလိုဖြစ်နေရင်၊ ဗောဓိဂိုဏ်းက ဘုန်းကြီးတွေကိုယှဉ်ပြိုင်ဖို့ ဂိုဏ်းဝင်တွေရဲ့စွမ်းအားတွေကို ငါတို့ ဘယ်လိုလုပ်စုစည်းနိုင်မှာလဲ။"
ဤသို့ပြောပြီးနောက် ချီရှန်းက ရှန်းယီကို တည့်တည့် စိုက်ကြည့်နေခဲ့၏။
မမျှော်လင့်ဘဲ လူငယ်လေး၏ မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲမျှမရှိဘဲ၊ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်းဘာပြောနေလဲဆိုတာ ငါ သိပ်နားမလည်ဘူး။"
"ကျွတ်.."
ချီရှန်းက ဒေါသထွက်မသွားဘဲ ယင်းအစား ရယ်မောလိုက်၏။ "ငါဆိုလိုတာက၊ စီနီယာလင်းရွှီ က မင်းကိုတပည့်တစ်ယောက်လို ဆက်ဆံမနေဘူးဆိုတာ မင်း မမြင်ဘူးလား။"
"ပြီးခဲ့တဲ့အကြိမ် ကောင်းကင်မျှော်စင်တောင်မှာတုန်းက၊ စီနီယာချင်းကွမ်းက မင်းကိုဒီလို ဆက်ဆံခဲ့တယ်၊ပြီးတော့ စီနီယာလင်းရွှီရဲ့ အမူအကျင့်က... ခပ်ရိုင်းရိုင်းပြောရရင်၊တကယ်လို့ မသေမျိုးချီယွင်က ကူညီဖို့ရောက်မလာခဲ့ဘူးဆိုရင်၊ သူက မင်းကိုကာကွယ်ဖို့သတ္တိတောင်ရှိမှာတောင် မဟုတ်ဘူး။"